Wednesday 8 August 2012

ဝိမုတ္တိ Short Film ရိုက်ကူးခြင်း မှတ်တမ်းဓာတ်ပုံများ

ဝိမုတ္တိ Short Film ရိုက်ကူးခြင်း မှတ်တမ်းဓာတ်ပုံများ

ဇာဂနာနှင့် မင်းထင်ကိုကိုကြီးတို့ ဦးစီးကျင်းပသည့်   လွတ်လပ်ခြင်းအနုပညာ- ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲ အတွက် ဒါရိုက်တာ- နိုင်မျိုးထွန်း(ရန်ကုန်တက္ကသိုလ်)က ၀ိမုတ္ထိ-အမည်ရှိ ဇာတ်ကားတိုတစ်ကား တင်သွင်း ခဲ့ရာ... ထိုဇာတ်ကားတွင် သူငယ်ချင်းများဖြစ်သော စာရေးဆရာ မောင်လှမျိုး(ချင်းချောင်းခြံ)နှင့် စာရေး ဆရာ နွေတမာန်တို့အား ပါဝင်သရုပ်ဆောင်စေခဲ့ပါသည်။
အဆိုပါ ရိုက်ကူးခဲ့သည့် မှတ်တမ်းဓာတ်ပုံအချို့အား တင်ပြလိုက်ပါသည်။

ငှက်လွှတ်ခန်း
 
 လူအုပ်စုထဲမှာ ပုဆိုးအပြာနဲ့မျက်မှန်နဲ့ ကင်မရာကိုင်ပြီးရပ်နေသူဟာ ဒါရိုက်တာ နိုင်မျိုးထွန်း(ရန်ကုန်တက္ကသိုလ်)ဖြစ်ပါတယ်။


ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ လွတ်ငြိမ်းစံဘုရားဝင်းအတွင်းမှာ ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။

ဘုန်းကြီးဝတ်နဲ့သရုပ်ဆောင်မယ့် မောင်လှမျိုး(ချင်းချောင်းခြံ)

အလယ်လူက ဒါရိုက်တာ နိုင်မျိုးထွန်း(ရန်ကုန်တက္ကသိုလ်)၊ 
ညာအစွန်လူက ကဗျာဆရာ၊ ဇာတ်ညွှန်းရေးဆရာ အကယ်ဒမီ မြင့်ဦးဦးမြင့် ဖြစ်ပါတယ်။ ၀ိမုတ္တိဇာတ်ကားအတွက် ဇာတ်ညွှန်းကို မြင့်ဦးဦးမြင့်က ရေးပေးပါတယ်။

 
ငှက်လွှတ်ခန်းရိုက်ဖို့ ရီဟာဇယ်လုပ်နေတဲ့ နွေတမာန်
 
အဆိုပါ ၀ိမုတ္တိဇာတ်ကားအား ဤ၀က်ဆိုက်တွင် တင်ပြထားပါသည်။

No comments: