Thursday, 9 August 2012

ဆောင်းလုလင် - ထူးဆန်းသောလက်တစ်ဖက် (မဂ္ဂဇင်းဝတ္ထုရှည်)

ဆောင်းလုလင်

ဒေါက်တာစိုးထိုက် နှင့်
ထူးဆန်းသောလက်တစ်ဖက်
..............

မနောဝိညာဉ်သုတေသီတစ်ဦးဖြစ်သူ ကျွန်ုပ်ဒေါက်တာစိုးထိုက်သည် မြန်မာနိုင်ငံအတွင်းရှိ သဘာဝလွန်ဖြစ်ရပ် ဆန်းကြယ်များကို လေ့လာသုတေသနပြုလျှက်ရှိပေသည်။ အနယ်နယ်အရပ်ရပ်မှ ကျွန်ုပ်အားဖိတ်ကြား၍၎င်း၊ တစ်ဆင့် သတင်းကြားဖြင့်၎င်း ကျွန်ုပ်သည် သဘာဝလွန်ဖြစ်ရပ် များကို လေ့လာရန် မြန်မာနိုင်ငံအနှံ့သို့ရောက်ရှိခဲ့ပေ၏။
ယခုဖော်ပြမည့်ဇာတ်လမ်းမှာ မြန်မာနိုင်ငံ၏ အထက်ပိုင်းအရပ်မှ မြို့ကြီးတစ်မြို့တွင်တွေ့ ရှိခဲ့ရသည့်ဖြစ်ရပ် ဆန်းကြယ်ပင်ဖြစ်ပါသည်။ ဇာတ်လမ်းတွင်ပါဝင်သော အထောက် အထားပစ္စည်း မှာ ယခုတိုင်မျက်မြင်ထင်ရှားရှိနေသေးခြင်း၊ ထိုပစ္စည်း မည်သည့်နေရာတွင်ရှိ ကြောင်း ဤစာမူကို ဖတ်၍သိရှိသွားပါက ပစ္စည်းအတွက် မသမာသူများအန္တရာယ်ကို စိုးရိမ်ရခြင်းတို့ကြောင့် မည်သည့် မြို့ ဖြစ်သည်ကို မဖော်ပြတော့ပါ။
နောက်တစ်ကြောင်းမှာလည်း ကျွန်ုပ်သည် ဤပစ္စည်းလေးနှင့်ပတ်သက်၍ ဗဟုသုတ သဖွယ် မှတ်သားရုံမျှသာ မှတ်သားခဲ့ခြင်းဖြစ်သည်။ လမ်းကြုံ၍ ကြားသိခဲ့ရခြင်းဖြစ်ပြီး ထို အကြောင်းအရာနှင့်ပတ်သက်၍ လေ့လာသုတေသနပြုခြင်း မပြုလုပ်ခဲ့ရပါ။ သုတေသန ပြုလုပ် ရန်လည်း မလိုအပ်တော့ပါ၍ ဆန်းကြယ်သောဇာတ်လမ်းဇာတ်ကွက်တစ်ခုကို သိစေလိုသော သဘောဖြင့် တင်ပြခြင်းသာဖြစ်ပေသည်။
+ + + + + + + + +

ထိုမြို့သို့ ကျွန်ုပ်အားဖိတ်ကြားသူမှာ မြို့မိမြို့ဖတစ်ဦးဖြစ်သည့် ဦးရာမောင်ဆိုသူ ဖြစ် သည်။ ဦးရာမောင်က သူ၏ဆွေမျိုးသားချင်းထဲမှ မိန်းမပျိုတစ်ဦး၏ ဝိညာဉ်ဆိုင်ရာဆန်းကြယ် သည့်ကိစ္စတစ်ခုကို ကျွန်ုပ်အားဖိတ်ခေါ်ပြသခဲ့ခြင်းဖြစ်ပါသည်။
ကျွန်ုပ်သည် ဦးရာမောင်ဖိတ်ခေါ်ပြသသည့်ကိစ္စအား လေးရက်တိုင်တိုင်လေ့လာ သုတေ သနပြုခဲ့ရာ ပြီးဆုံးခဲ့ပေပြီ။
]ဆရာကြီး ကျွန်တော်တို့မြို့ကို ရောက်တုန်းရောက်ခိုက် ထူးခြားဆန်းကြယ်တဲ့ ပစ္စည်း တစ်ခုကို ပြရဦးမယ်၊ မပြန်ခင် လေ့လာသွားပါဦးဆရာကြီး}
]ဘာများလဲဦးရာမောင်}
]ဖုတ်သွင်းမင်းသမီးလက်တော်ပါ}
]ဗျာ}
]ဖုတ်သွင်းမင်းသမီးလက်တော်က ရာဇဝင်နဲ့ဗျ၊ သူယောင်မယ်ဆိုတာ ဆရာကြီး သိမှာပေါ့}
]သူယောင်မယ်၊ သူယောင်မယ်ဆိုတာ သူယောင်သီးကနေ လူဖြစ်လာတဲ့မိန်းမပဲ၊ ဇော်ဂျီ တွေက ဆေးတောင်ဝှေးနဲ့တို့မှ အသက်ဝင်လာပြီး ဇော်ဂျီနဲ့ပေါင်းသင်းတယ်ဆို တာမျိုး ပုံပြင်ထဲမှာပါ တာတော့ သိပါတယ်ဦးရာမောင်၊ ဦးရာမောင်က ကျွန်တော့်ကို     တကယ့်သူယောင်မယ် ကိုပြမလို့လား}
]တကယ့်သူယောင်မယ်ကတော့ မရှိတော့ဘူးဆရာကြီး၊ ကျွန်တော်ပြမှာက သူယောင် မယ်လို့ဆိုရမယ့်မိန်းမရဲ့ ညာဖက်လက်ပါ}
]ဗျာ}
]အသေကောင်ရဲ့ အကြွင်းအကျန်လက်တစ်ဖက်ဆိုပါတော့}
]စိတ်ဝင်စားစရာကောင်းလှချေလားဗျာ၊ ဘယ်မှာရှိတာလဲ၊ သူယောင်မယ်လက် ဖြစ်တယ် ဆိုတာကော အထောက်အထားရှိသလား}
]ဆရာကြီးလေ့လာနိုင်အောင် ကျွန်တော်စီစဉ်ထားပြီးပါပြီ၊ ပိုင်ရှင်ဖြစ်တဲ့သူတွေက ဒီ အကြောင်းကို ဘယ်သူမှမသိစေချင်တော့ဘူး၊ ဇာတ်မြှုပ်ထားတာ တော်တော်ကြာပြီ၊ ရှေးလူကြီး တွေသိပေမယ့် နောင်လာနောက်သားတွေက မသိကြတော့ဘူး၊ ကျွန်တော်တောင် ပိုင်ရှင်ရဲ့အဆက် အနွယ်က ကျွန်တော့်သူငယ်ချင်းမို့လို့ သိနေတာ၊ အခုလည်း ဆရာကြီးကို ပြချင်တယ်ဆိုတာ တော်တော်ပြောယူရတယ်၊ ဆရာကြီးလုပ်နေတဲ့လုပ်ငန်းနဲ့ ဆရာကြီးရဲ့ ဂုဏ်ပုဒ်တွေကိုပြောပြမှ ခွင့်မပြုချင်ပြုချင်နဲ့ပြုတော့တာဆရာကြီး}
]အားနာစရာများဖြစ်နေမလားဗျာ}
]အို.. အားနာရတာထက် ထူးဆန်းတဲ့အကြောင်းအရာတစ်ခုကို သိရမြင်ရတာ ပိုပြီး တန်ဖိုးရှိပါတယ်ဆရာကြီး၊ ကျွန်တော်က ဆရာကြီးမြင်စေချင်လို့ သူငယ်ချင်းအဖေကို ဇွတ်တောင်း ဆိုထားတာ}
]’Dလောက်တောင်ပဲလားဗျာ}
]သူတို့က ခွင့်ပြုတယ်ဆိုတာတောင် တစ်ခုတော့ ကန့်သတ်လိုက်သေးတယ်ဗျ၊ ဖုတ်သွင်း မင်းသမီးလက်ကို ဓာတ်ပုံရိုက်ခွင့်မပြုနိုင်ဘူးတဲ့}
]ဓာတ်ပုံမရိုက်ရတာ ကိစ္စမရှိပါဘူးဗျာ၊ ထူးဆန်းတဲ့အကြောင်းအရာတစ်ခု သိခွင့် ကြုံရရင်ပဲ ကြေနပ်ပါပြီ}
]ဒီနေ့ လပြည့်နေ့ဖြစ်တာ သိပ်ဟန်ကျတာပဲ ဆရာကြီး၊ နို့မို့ဖြင့် လပြည့်နေ့ ရောက်အောင် ဆရာကြီးစောင့်နေရဦးမယ်}
]လပြည့်နေ့နဲ့ သူယောင်မယ်ရဲ့လက်က သက်ဆိုင်လို့လားဗျာ}
]ဟိုရောက်တော့ သိရမှာပေါ့ဆရာကြီး}
+ + + + + + + + +

ညနေခြောက်နာရီခန့်တွင် ဖုတ်သွင်းမင်းသမီးလက်တော်ရှိသည်ဆိုသည့် ဦးရာမောင်၏ သူငယ်ချင်းအိမ်သို့ထွက်ခဲ့ကြလေသည်။ အိမ်ချင်းမဝေးလှ၍ ခြေလျင်ပင်လျှောက်ခဲ့ ကြသည်။
ဦးရာမောင်အိမ်က ကမ်းနားလမ်းတွင်ရှိရာ ကျွန်ုပ်နှင့်ဦးရာမောင်သည် ဧရာဝတီ မြစ်ကမ်း ဘေး ကမ်းနားလမ်းအတိုင်း လျှောက်ခဲ့ကြလေ၏။ ညနေခင်းအချိန် မြစ်ကမ်းနဖူး အတိုင်း လမ်း လျှောက်ရသည်မှာ လေကောင်းလေသန့်ရ၍ အေးအေးလူလူရှိလှပေသည်။
ကျွန်ုပ်တို့သည် တောင်ဖက်သို့လျှောက်လာခဲ့ရာ ၂မိုင်ခန့်လျှောက်မိသည်တွင် ဦးရာမောင် က မြစ်ကမ်းဘေးမှ ခြံကျယ်ကြီးတစ်ခုကို လက်ညှိုးညွှန်ပြလိုက်လေ၏။
]ကျွန်တော်တို့သွားမှာ အဲဒီခြံပဲဆရာကြီး}
ကျွန်ုပ်က ဦးရာမောင်ညွှန်ပြသောခြံကျယ်ကြီးကို လှမ်းမျှော်ကြည့်လိုက်ရာ အတော်အတန် ကျယ်ဝန်းပြီး ခြံထဲ၌ အဆောက်အဦးများစွာကိုတွေ့မြင်ရလေသည်။ တစ်ခုသော အဆောက်အဦး ၏မီးခိုခေါင်းတိုင်မှမီးခိုးများထွက်နေသည်ကိုမြင်ရရာ စက်ရုံတစ်ခုဖြစ်ကြောင်း ခန့်မှန်းမိလေသည်။ ထရပ်ကားအသေးစားသုံးလေးစီးရပ်ထားသည်ကိုလည်း တွေ့ရ၏။
]ဘာစက်ရုံလဲဗျ}
]နို့ချက်စက်ရုံပါ၊ ဟောဟိုကမြင်ရတဲ့ တဲတန်းရှည်က နွားတွေမွေးထားတဲ့ခြံ လေ၊ နွား ကောင်ရေတစ်ထောင်ကျော်ရှိတယ်၊ အားလုံး နို့စားနွားချည်းပဲ၊ နို့လုပ်ငန်းကို အ ထက်မြန်မာပြည်မှာ သူတို့အတွင်ကျယ်ဆုံးလုပ်နေတာပေါ့}
]ဦးရာမောင် သူငယ်ချင်းက တော်တော်ချမ်းသာတာပဲ}
]ချမ်းသာတာတော့မပြောနဲ့၊ အိမ်ဝင်းထဲမှာတင် သစ်စက်ရှိသေးတယ်၊ ဒီကနေ လှမ်းမမြင် ရလို့၊ မြို့ထဲက စူပါမားကက်ကလည်း သူတို့ပိုင်တာပဲ}
]ဪ.. ဪ..}
]’gတွေအားလုံးဟာ ဖုတ်သွင်းမင်းသမီးလက်တော်ရဲ့ အကျိုးပေးကြောင့်လို့ သူတို့က ယုံကြည်ကြတယ်ဗျ}
ဖုတ်သွင်းမင်းသမီးလက်က မည်သို့အကျိုးပေးသည်ကို စိတ်ဝင်စားမိသော်လည်း ခြံနှင့်နီး လာပြီဖြစ်၍ ဆက်မမေးဖြစ်တော့ပေ။
+ + + + + + + + +

လူနေအိမ်မှာ စက်ရုံများ၊ အလုပ်ရုံများ၊ အရောင်းခန်းမများ၏နောက်ဖက်ခပ်ကျကျတွင်ရှိ သော ကြီးမားသည့်သုံးထပ်တိုက်ကြီးဖြစ်လေသည်။
ကျွန်ုပ်တို့ သုံးထပ်တိုက်ရှေ့သို့အရောက်တွင် ဦးရာမောင်၏သူငယ်ချင်းက ကြို ဆိုနေ လေ၏။ ဦးရာမောင်က ကျွန်ုပ်နှင့်၎င်း၏သူငယ်ချင်းဦးထွဋ်ခေါင်ကို မိတ်ဆက်ပေးလိုက် သည်။
]အလည်ထပ်ကိုကြွပါဆရာကြီး၊ ကျွန်တော့်အဖေနဲ့တွေ့လိုက်ပါဦးခင်ဗျာ၊ ဖေဖေ စောင့်နေ ပါတယ်}
ကျွန်ုပ်တို့အလည်ထပ်ကိုရောက်သည့်အခါ ဧည့်ခန်း၌ထိုင်နေသော အတော်အိုမင်းနေ သည့် အဘိုးကြီးတစ်ယောက်ကိုတွေ့ရလေသည်။
]ဖေဖေ၊ ဒါ- ရာမောင့်ရဲ့ဧည့်သည် ဒေါက်တာစိုးထိုက်ဆိုတာပါ၊ ဖုတ်သွင်းမင်းသမီး လက်တော်ကိုကြည့်ဖို့ ခွင့်တောင်းထားတဲ့ဧည့်သည်ပါဖေဖေ}
အဘိုးကြီးမှာ နားလေးဟန်တူပါသည်။ ဦးထွဋ်ခေါင်က စကားခပ်ကျယ်ကျယ် ပြောသည် ကိုတွေ့ရ၏။
]ကျွန်တော့်အဖေဦးဘုံပျံပါဆရာကြီး၊ ဖေဖေက အသက်၉၈နှစ်ရှိပါပြီ}
]တွေ့ရတာဝမ်းသာပါတယ် ဦးကြီးခင်ဗျာ}
ကျွန်ုပ်က ဦးဘုံပျံကိုလက်အုပ်ချီကာ နှုတ်ဆက်ဂါရ၀ပြုလိုက်လေသည်။
]ဒေါက်တာစိုးထိုက်ဆိုတော့ ဆေးဆရာဝန်လား}
]ဟုတ်ပါတယ်ခင်ဗျာ}
]ဖုတ်သွင်းမင်းသမီးလက်ကို ကြည့်ချင်တယ်ဆိုတာ တကယ့်လူရဲ့လက် ဟုတ်-မဟုတ် ဆေးပညာနဲ့စစ်ဆေးချင်လို့လား}
]မဟုတ်ပါဘူးအဘရယ်၊ ဆရာကြီးက ဝိညာဉ်နာနာဘာဝကိစ္စတွေကို သုတေသနလုပ်နေ တဲ့ သုတေသီတစ်ယောက်ပါ၊ ဖုတ်သွင်းမင်းသမီးလက်ကို ကျွန်တော်က မြင်စေချင်လို့ ဆရာကြီးကို ခေါ်လာပြီး ပြတာပါ}
ဦးရာမောင်က ဝင်ရှင်းပြလိုက်သည်။
]ဪ..ဟုတ်လား၊ တကယ့်လူသားရဲ့လက် ဟုတ်-မဟုတ်စစ်ဆေးမယ်ဆိုရင်တော့ စစ်လို့မရနိုင်ဘူးလို့ အဘကပြောမလို့ပါ၊ မျက်မြင်အတိုင်းကတော့ သစ်သားအပိုင်း အစတစ်ခုပဲလေ၊ ရာဇဝင်ကိုသိရမှသာစိတ်ဝင်စားစရာကောင်းမှာကိုး၊ ရာမောင်က ဖုတ်သွင်း မင်းသမီးရာဇဝင်ကို ပြောပြပြီးပလား}
]မပြောရသေးပါဘူးအဘ၊ လက်ကိုပြရင်းကမှ ပြောမလို့ပါ}
]အေး..ကောင်းတယ်၊ ထွဋ်ခေါင်၊ ယူပြလိုက်ပါကွယ်}
ဦးထွဋ်ခေါင်က ထိုင်ရာမှထပြီး အိမ်အတွင်းဖက်သို့ဝင်သွားလေသည်။
ဦးထွဋ်ခေါင်ပြန်ဝင်လာသည့်အခါ လက်ထဲတွင် ငွေလင်ပန်းလေးတစ်ချပ်နှင့်အတူ လင်ပန်းထဲတွင် ကတ္တီပါအနီစခံ၍ထည့်ထားသောလက်တစ်ဖက်ကိုတွေ့ရလေသည်။
ဦးထွဋ်ခေါင်က ငွေလင်ပန်းလေးကို ဆက်တီစားပွဲပေါ်သို့ချလိုက်လေ၏။
ကျွန်ုပ်က လင်ပန်းပေါ်မှလက်ကလေးကိုကြည့်လိုက်ရာ လက်မှာ လက်ကောက် ဝတ် အောက်နားဆီမှပြတ်နေသည်ကို မြင်ရလေ၏။ လက်၏သေးသွယ်ညွှတ်ပျောင်းပုံမှာ မိန်းမ တစ်ယောက်၏လက်ဖြစ်ကြောင်း သိသာလှပါသည်။ လက်သီးဆုပ်ထားသည့်သဏ္ဍာန်အတိုင်း တည်ရှိနေပေသည်။
]သဘာဝအတိုင်း ‘Dပုံစံဖြစ်နေတာလားဗျာ}
ကျွန်ုပ်က စားပွဲဆီသို့ငုံ့ကိုင်း၍ကြည့်ရင်း မေးလိုက်လေသည်။
]မဟုတ်ပါဘူး၊ သစ်သားကို ထုထားတာပါ၊ သစ်သားကို မိန်းမပုံထုထားရာက အရုပ် ကိုမီးရှို့လို့ ကျန်တဲ့အပိုင်းအစပါဆရာကြီး၊ ကိုင်ကြည့်နိုင်ပါတယ်၊ ကိုင်ကြည့်ပါ}
ကိုင်ကြည့်ခွင့်ပြုလိုက်သည့်အတွက် ကျွန်ုပ်က လက်ပြတ်ကလေးကို လင်ပန်းပေါ်မှ အသာမယူလိုက်လေသည်။
]အို..တော်တော်လက်ရာမြောက်တာပဲ၊ လက်ဆစ်ကလေးတွေ၊ အကြောလေး တွေကအစ ပါအောင်ထုထားတာပဲနော်၊ လက်သည်းတွေကလဲ တကယ့်လက်သည်းအတိုင်း ပါလားဗျာ၊ အရုပ် တစ်ခုလုံးများကြည့်ရရင် ဘယ်လောက်လက်ရာမြောက်လိုက်မလဲ၊ အရုပ်က ဘာလို့ မီးလောင်သွား တာလဲ}
]မီးလောင်သွားတာမဟုတ်ဖူးကွဲ့၊ တမင်ရှို့ပစ်လိုက်တာ၊ အဲ..အရှို့ခံရတာ ဆိုပါတော့}
ဦးဘုံပျံက ပက်လက်ကုလားထိုင်တွင်ထိုင်နေရာမှ ကျွန်ုပ်ကိုလှမ်းပြောလိုက်သည်
]ဪ.. ဒီလိုလား}
]လက်ပြတ်ရဲ့ရာဇဝင်ကိုကြားရရင် မောင်ရင်ရှင်းသွားပါလိမ့်မယ်၊ ထွဋ်ခေါင်က ပြောပြပါ လိမ့်မယ်၊ အဘတော့ နားဦးမယ်ကွယ်၊ အသက်ကြီးတော့ ကြာကြာထိုင်လို့မရဘူး၊ ခါးက နာတယ်ကွဲ့}
]ဟုတ်ကဲ့၊ နားပါအဘ၊ နားပါ}
]ထွဋ်ခေါင်၊ ငါ့ကိုအခန်းထဲလိုက်ပို့စမ်း၊ ပြီးရင် ဆရာဝန်ကို ဖုတ်သွင်းမင်းသမီး အကြောင်း ပြည့်စုံအောင်ပြောပြလိုက်}
ဦးထွဋ်ခေါင် အဘိုးကြီးကို အခန်းထဲလိုက်ပို့စဉ် ကျွန်ုပ်က လက်ပြတ်ကလေးကို အပြန်ပြန်အလှန်လှန်ကြည့်နေမိလေသည်။ လက်ကောက်ဝတ်အရင်းနားဆီမှ ပြတ်နေရာ မီး လောင်ထားသောအစအနများကိုမြင်ရလေ၏။
]ဟင်..လက်ဝါးမှာ လက္ခဏာအရေးအကြောင်းလေးတွေပါ ထည့်ထုထားတာပဲ၊ အသေး စိတ်လိုက်တာဦးရာမောင်ရယ်}
]လက်သူကြွယ်ကိုသတိထားကြည့်ပါဦး ဆရာကြီး၊ အရင်းနားမှာ နည်းနည်းသိမ်နေတာ သတိထားမိလား}
]အင်း..ဟုတ်ပါရဲ့}
]အဲဒါ လက်စွပ်ဝတ်ထားလို့သိမ်နေတာလေ}
]ဟင်.. အရုပ်ကိုထုတော့ လက်စွပ်ဝတ်တဲ့ပုံစံထုတာလား၊ ဒီလိုဆိုလက်စွပ်က ဘယ် ရောက်သွားလဲ၊ လက်ပုံစံချည်းထုပြီးမှ လက်စွပ်ကိုစွပ်ပေးတာလား၊ ဒီလိုဆိုလည်း သစ်သားဆိုတာ လူ့အသားအရည်လို သိမ်သွားတဲ့အရာမျိုးမှမဟုတ်ပဲ}
]သစ်သားပန်းပုရုပ်ဘ၀မှာ လက်စွပ်ဝတ်တာမဟုတ်ပါဘူးဆရာကြီး၊ အသက်ဝင်လာမှ လက်စွပ်ဝတ်လို့ လက်စွပ်နေရာမှာ သိမ်နေတာပါ}
]ဦးရာမောင်ဆိုလိုတာက သစ်သားပန်းပုရုပ်ဟာ အသက်ဝင်လာခဲ့တယ်ဆိုတဲ့ သဘော ပေါ့}
ကျွန်ုပ်က အံ့ဩစွာနှင့်မယုံသင်္ကာစွာမေးလိုက်မိလေသည်။
]’gတွေကို ကိုထွဋ်ခေါင်ပြောပြရင် ရှင်းသွားပါလိမ့်မယ်}
ဦးထွဋ်ခေါင်ပြန်ရောက်လာလေသည်။
ဦးထွဋ်ခေါင်က ကျွန်ုပ်နှင့်မျက်နှချင်းဆိုင်ကုလားထိုင်တွင် ဝင်ထိုင်လိုက်၏။
]ကဲ- ကိုထွဋ်ခေါင်၊ ဒေါက်တာစိုးထိုက်ကတော့ ဖုတ်သွင်းမင်းသမီးအကြောင်းကို သိပ်စိတ်ဝင်စားနေပြီ၊ ပြောပြပေတော့}
+ + + + + + + + +

ဦးထွဋ်ခေါင်ပြောပြသည့်အကြောင်းများ၌ မည်သည့်ခေတ်ကာလ၊ မည်သည့်မင်း လက် ထက်၊ မင်းနေပြည်တော်တည်နေရာ စသည်များ တိကျစွာပါဝင်ပါသည်။ သို့ရာတွင် ကာယကံ ရှင်များမှ ဖုတ်သွင်းမင်းသမီးလက်ကို ဓာတ်ပုံရိုက်ခွင့်မပြုရုံမက၊ လူထုပရိသတ် သိရှိအောင် ကြေငြာခြင်းမပြုရန် ကတိတောင်းခံလိုက်သည့်အတွက် ဇာတ်အသွားအလာလောက်ကိုသာ ပြန်လည်ဖော်ပြလိုက်ပါသည်။
ထူးဆန်းသောဖြစ်ရပ်ဖြစ်ပွားရာမြို့မှာ ထိုခေတ်က မြန်မာနိုင်ငံအထက်အညာအ ရပ်တွင် ထင်ရှားသည့်မြို့တစ်မြို့ဖြစ်ပါသည်။ ယခုခေတ်တွင် ထိုမြို့ကြီးမှာ တိမ်ကောသွားပြီ ဖြစ်၍ ကျေးရွာအဆင့်သာတည်ရှိပါတော့သည်။
မြို့ကြီးတွင် ငနက်ကျော်ဆိုသူမင်းမှုထမ်းတစ်ဦးက မြို့စားမင်းအဖြစ်အုပ်ချုပ်နေချိန်ဖြစ် ပေသည်။ ငနက်ကျော်မှာ ရက်စက်ကြမ်းကြုတ်ပြီး မြို့သူမြို့သားများအား ကြမ်းတမ်းစွာအုပ်ချုပ် စီရင်တတ်သူဖြစ်ပေသည်။ မည်မျှပင်ကြမ်းကြုတ်ရက်စက်သူဖြစ်သော်လည်း ရပ်ရွာငြိမ်ဝပ်ပိပြား အောင် အုပ်ချုပ်နိုင်သူဖြစ်၍ ဘုရင်းမင်းမြတ်ကိုယ်တိုင်ပင် ငနက်ကျော်အား ဘွဲ့ထူးဂုဏ်ထူး များချီးမြှင့်ကာ မြှောက်စားထားလေသည်။ နေပြည်တော်နှင့်အလှမ်းဝေးသောမြို့ဖြစ်၍ နိုင်နင်းစွာ အုပ်ချုပ်နိုင်သူကို မင်းပရိယာယ်ဖြင့် မြှောက်စားခိုင်းစေရခြင်းဖြစ်ဟန် တူပေသည်။ ငနက်ကျော် ကလည်း အခွန်တော်များ တိကျစွာကောက်ခံပေးခြင်း၊ ပုန်ကန်ထကြွသူများကို ရက်စက်စွာ နှိမ်နင်းပေးခြင်းအပြင် ဘုရင်မင်းမြတ်အတွက် လက်ဆောင်ပဏ္ဏာများဆက်သကာဖြင့် မင်းအလိုကျ ဆောင်ရွက်ပေးလျှက်ရှိရာ သူမြို့သူ့ရွာ၌ ငနက်ကျော်သည် ဘုရင်တစ်ဆူသဖွယ် မင်းမူလျှက်ရှိ လေသည်။
မြို့နှင့်ခရီးနှစ်တိုင်ခန့်ဝေးသောအရပ်၌ ရွာငယ်တစ်ခုရှိပေသည်။ ရွာကလေးမှာ အိမ်ခြေ ငါးဆယ်ခန့်သာရှိပြီး လယ်ယာကိုင်းကျွန်းလုပ်ငန်းဖြင့် အသက်မွေးသူများနေထိုင်ကြ ပေသည်။
ထိုရွာမှ ဦး’dဗ္ဗဆိုသူ လူတစ်ဦးရှိလေသည်။ ဦ္လိဗ္ဗသည် လယ်ယာလုပ်ငန်းကို မလုပ်ကိုင်ပဲ ထူးခြားစွာပင် ပန်းပုလုပ်ငန်းဖြင့် အသက်မွေးလျှက်ရှိပေ၏။ မျိုးရိုးစဉ်ဆက် ပန်းပုပညာရှင်များဖြစ်ရာ အဘိုးအဖေတို့၏ပညာများကို ကောင်းမွန်စွာသင်ယူနိုင်ခဲ့သူဖြစ်ပေ ၏။ ဦး’dဗ္ဗ၏ပန်းပုလက်ရာများမှာ ကောင်းလွန်းလှ၍ မြို့အရပ်မှပင် မှာယူခြင်း၊ အလုပ်အပ် ခြင်းများပြုလုပ်ရလေသည်။ ဦးဒိဗ္ဗကလည်း သူထုလုပ်ထားသောပန်းပုရုပ်များကို တစ် လတစ်ကြိမ် မြို့ပေါ်သို့သွားပို့လေ့ရှိလေသည်။
ဦး’Dဗ္ဗသည် သူ၏ပန်းပုပညာဖြင့်မြို့ပြတွင်အခြေတကျနေထိုင်နိုင်သော်လဲ တောရွာဇနပုဒှ် ခွာလို့မဖြစ်သည့် အကြောင်းတစ်ရပ်ရှိပေသည်။ ဦးဒိဗ္ဗ၏ဇနီးဖြစ်သူမှာ ရပ်ရွာမှ -စုန်း-အဖြစ် စွပ်စွဲခံ ထားရသော မိန်းမကြီးတစ်ယောက်ဖြစ်လေသည်။ လွန်ခဲ့သောနှစ်ပေါင်း များစွာက ရပ်ရွာထဲတွင် ကပ်ရောဂါသင့်၍ လူအများအပြားသေလွန်ခဲ့ရာ ရှေးကျသော တောအရပ်၏ထုံးစံအတိုင်း ဦးဒိဗ္ဗ ၏ဇနီးကပြုစားသည်ဆိုကာ စုန်းဟုယိုးစွပ်ကြလေတော့ သည်။
ဦးဒိဗ္ဗ၏ဇနီး ဒေါ်အိုဇာမှာလည်း မဟုတ်မခံဇတ်ဇတ်ကြဲဖြစ်ပေရာ သူမအပေါ် အထင်မှား၊ အမြင်မှားရှိသည်များကိုမဖြေရှင်းပဲ ]ငါဟာစုန်းပဲ၊ဘာဖြစ်သေးလဲ}-ဟု အရွဲ့တိုက်ကာ ပြောဆိုခဲ့ပေ သည်။ ဒေါ်အိုဇာ တကယ်စုန်းဟုတ်-မဟုတ်ကို မည်သူမျှမသိကြပေ။ မရှိ ခိုးနိုး မလှ စုန်းရိုး... ဆိုသည့်စကားအတိုင်း မရှိလည်းမရှိ၊ မလှလည်းမလှရှာသော ဒေါ်အိုဇာသည် ရပ်ရွာ၏ တစ်ဖက်သတ်စွတ်စွဲခြင်းကိုခံခဲ့ရသည်။ ပြန်၍လည်း မဖြေရှင်းခဲ့ပေ။
နောက်ဆုံး a’:အိုဇာတို့လင်မယားအား ရွာထဲတွင်မထားတော့ပဲ ရွာအပြင်သို့ နှင်ထုတ် လိုက်ကြလေတော့သည်။ စုန်းများကို ရွာထဲအဝင်မခံပဲ ရွာပြင်တွင်သာနေခွင့်ပေး သည့်ထုံးစံမှာ ထိုခေတ်အခါကစခဲ့သောထုံးစံတစ်ခုဖြစ်ပေသည်။
ဤဇာတ်လမ်းဖြစ်ပေါ်ချိန်၌ အသက်ကြီးလှပြီဖြစ်သောဒေါ်အိုဇာကြီးသည် မျက်စိကွယ် လျှက် ရှိလေပြီ။
ဦးဒိဗ္ဗမှာမူ ပန်းပုပညာတွင်အောင်မြင်ပေါက်မြောက်ပြီး မြို့ပြ၌သွားရောက်စီးပွား ရှာနိုင်ပါ လျှက် မျက်မမြင်ဇနီးကိုငဲ့ကာ တောအရပ်၌ပင် နေထိုင်ခဲ့ခြင်းဖြစ်ပေ၏။
ရွာရှိလူများသည် လယ်ယာလုပ်ငန်းခွင်သို့ဝင်သည့်အခါ ရွာပြင်ဖက်တွင်နေထိုင်သည့် ဦးဒိဗ္ဗနှင့်ဒေါ်အိုဇာတို့လင်မယားတဲရှေ့မှ ဖြတ်သွားရမြဲဖြစ်လေသည်။ ထိုအခါ တဲရှေ့တွင် ဦးဒိဗ္ဗ ပန်းပုထုနေသည့်မြင်ကွင်းကို၎င်း၊ ဦးဒိဗ္ဗထုလုပ်ပြီးသည့် ပန်းပုရုပ်များချထားသည်ကို၎င်း မြင်တွေ့နေ ရတတ်ပေ၏။ ဒေါ်အိုဇာကြီးသည်လည်း ခင်ပွန်းဖြစ်သူအလုပ်လုပ်သည့်အနီးတွင် တောင်ဝှေးကြီး ထောက်လျှက်ထိုင်နေတတ်လေသည်။
ဦး’dဗ္ဗ၏ပန်းပုလက်ရာများမှာ လှပ၍အသက်ဝင်နေတတ်ရာ မနေနိုင်သူအချို့က ပန်းပု လက်ရာများကို အနီးကပ်လာရောက်ကြည့်ရှုကြလေသည်။ ဦးဒိဗ္ဗ၏လက်ရာများမှာ မချီးမွန်းပဲ မနေနိုင်လောက်အောင်ပင် ကောင်းမွန်သေသပ်၍ အသက်ဝင်လှပေ၏။
တစ်နေ့သ၌ မြို့စားမင်းငနက်ကျော်၏ မင်းမှုထမ်းများ ဦးဒိဗ္ဗ၏တဲသို့ ရောက်လာကြလေ သည်။ လာကြသည့်အကြောင်းရင်းမှာ ဦးဒိဗ္ဗအား ပန်းပုရုပ်တစ်ခု အပ်နှံရန်ဖြစ်ပေ၏။ မြို့စားမင်း ငနက်ကျော်ကိုယ်တိုင်က ဦးဒိဗ္ဗ၏ပန်းပုလက်ရာများ ကောင်းမွန်ကြောင်း သတင်းကိုကြားသိရကာ ဦး’dဗ္ဗဆီသို့ အလုပ်အပ်ရန်စေလွှတ်လိုက် ခြင်းဖြစ်လေသည်။ 
မင်းမှုထမ်းများသည် အသင့်ခုတ်ယူလာပြီးဖြစ်သော သစ်သားတုံးကြီးကို လှည်းဖြင့် တင်ဆောင်လာကာ ဦး’dဗ္ဗအား ပန်းပုရုပ်ထုပေးရန်အပ်နှံလေသည်။
]မောင်မင်းရဲ့ပန်းပုလက်ရာများကို မြို့စားမင်းကိုယ်တိုင်နှစ်သက်လို့ ဤသစ်တုံးအား ပန်းပုရုပ်ထုလုပ်ရန် စေလွှတ်လိုက်ခြင်းဖြစ်ပေတယ်၊ မောင်မင်းရဲ့လက်ရာ ပန်းပုရုပ်များဖြင့် မြို့စားမင်း၏နေအိမ်၌ အလှအပဆင်ယင်ထားပြီးလည်းဖြစ်တယ်၊ အခုဆောင်ယူလာတဲ့ သစ်တုံးကို မိန်းမလှရုပ်တစ်ခုထုလုပ်ပေးဖို့ မြို့စားမင်းက အမိန့်တော်ချမှတ်လိုက်တယ်မောင်မင်း၊ မိန်းမလှ ရုပ်ကို ဘုရင်မင်းတရားကြီးအား လက်ဆောင်ပဏ္ဏာအဖြစ်အပ်နှင်းဖို့ ရည်ရွယ်ထားတယ်မောင်မင်း၊ သည်တော့ကာ မြို့စားမင်းသာမက ဘုရင်မင်းမြတ်နှစ်သက်တော်မူရန် ပါ ကြိုးစားထုလုပ်ပေတော့}
မင်းမှုထမ်းများက လက်ခအဖြစ် ရေဒင်္ဂါးအနည်းငယ်ကြိုတင်ပေးခဲ့ကာ ဦးဒိဗ္ဗအား မိန်းမလှရုပ်ထုလုပ်ရန် အပ်နှံခဲ့ပေသည်။
+ + + + + + + + +

ထိုနေ့ နောက်ပိုင်းမှစ၍ ဦးဒိဗ္ဗတစ်ယောက် မြို့စားမင်းအပ်နှံလိုက်သည့် သစ်သားတုံးအား မိန်းမလှရုပ်ဖြစ်အောင်ထုလုပ်နေသောမြင်ကွင်းကို ရွာသူရွာသားများမြင်တွေ့ နေရတော့သည်။
သစ်သားတုံးမှာ လူတစ်ရပ်စာရှိ၍ လုံးပတ်မှာလည်း လူကြီးတစ်ဖက်စာမျှကျယ်လေရာ ပကတိလူအရွယ်အစားရှိသည့် မိန်းမရုပ်ကို ထုလုပ်ရန် လုံလောက်နေပေသည်။ ဦးဒိဗ္ဗက သူတတ် ကျွမ်းသောပညာဖြင့် ပန်းပုရုပ်အားအကြမ်းထည်ထုလုပ်လိုက်လေ၏။ တစ်ပတ်မျှကြာချိန်တွင် မိန်းမတစ်ယောက်၏ကိုယ်ဟန်အနေအထားကို ခန့်မှန်းနိုင်သော အကြမ်းထည်ပြီးစီးသွားလေသည်။ 
မိန်းကလေးတစ်ယောက်သည် ညာဖက္လ်ူးကိုခွေ့၍ရပ်နေကာ.. ဘယ်ဖက်လက်ကို ရင်ပတ် ပေါ်၌ တင်ထားလေသည်။ ညာဖက်လက်ဖြင့် ပခုံးမှကျလာသောပုဝါကို မခို့တရို့ ကိုင်ထားဟန်မှာ အကြမ်းထည်ပန်းပုရုပ်ကိုကြည့်ခြင်းဖြင့် ပုံပေါ်နေလေ၏။
ထို့နောက် ဦးဒိဗ္ဗသည် အရုပ်ကို အထက်ပိုင်းမှစ၍ အသေးစိတ်ချယ်မှုန်းလေတော့သည်။ ဦးခေါင်းပိုင်းအား အသေးစိတ်စတင်ထုလုပ်ရာ တစ်ပတ်ခန့်အကြာတွင် နတ်တမျှ လှပသော မိန်းကလေး တစ်ယောက်၏ဦးခေါင်းပိုင်းမှာ ရုပ်လုံးပေါ်လာလေတော့၏။
ဦး’dဗ္ဗတို့အိမ်ရှေ့မှဖြတ်သွားသူများသည် မိန်းမငယ်၏မျက်နှာအလှကို နှစ်ခါပြန် မကြည့်ပဲ မနေနိုင်။ ဒေါ်အိုဇာကို စုန်းအဖြစ်ကြောက်ရွံ့၍... အဝင်အထွက်မပြုရဲသူများပင် ကြောက်သည် ကိုအသာထား၍ အိမ်ဝင်ထဲဝင်လာကာ ငေးမောကြည့်ရှုကြလေသည်။ ချီးမွန်း ကြလေသည်။
ခင်ပွန်းသည်အားချီးမွန်းသံများကို ကြားနေရသည့်ဒေါ်အိုဇာသည် တပြုံးပြုံးဖြင့် ကြေနပ်နေ ရှာလေ၏။
နောက်တစ်ပတ်ခန့်ကြာသည့်အခါ ခန္ဓာကိုယ်အထက်ပိုင်းကို ချယ်မှုန်းပြီးစီးသွားပြန်လေ သည်။ ဦးဒိဗ္ဗသည် မိန်းမလှရုပ်ကို စတင်ထုလုပ်သည့်နေ့မှစ၍ အခြားအရုပ်များကို မကိုင်တော့ပဲ မိန်းမလှရုပ်ကိုသာ တစ်နေ့လုံးထုလုပ်နေတော့သည်။ လသာသောညများဆိုလျှင် ညအချိန်ကိုပါ အအားမထားပဲ ပန်းပုထုခြင်းဖြင့်သာ အချိန်ကုန်လွန်ခဲ့လေ၏။
တစတစနှင့်ရုပ်လုံးပေါ်လာသောမိန်းမလှရုပ်မှာ မိန်းမမြတ်တို့ကြန်အင်လက္ခဏာနှင့်ပြည့်စုံ ရုံမက လှပချောမောကာ နန်းဆန်သောမြို့ကြီးသူတစ်ယောက်ဟန်ပန်ဖြင့် မြင်သူတကာကို အံ့ဩ မင်သက်စေလေတော့သည်။
ဦးဒိဗ္ဗကိုယ်တိုင်လည်း မိမိထုလုပ်သည့်မိန်းမလှရုပ်၏ လှပချောမွေ့မှုကိုကြည့်ကာ မိန်းမလှ ရုပ်အား သမီးလေးတစ်ယောက်ကဲ့သို့ ချစ်ခင်မြတ်နိုးစိတ်များ တဖွားဖွားပေါ်ပေါက်လာရလေ တော့၏။
မနက်ခင်းများတွင် အိမ်ရှေ့မှဖြတ်သွားသူများသည် အိမ်ဝင်းထဲသို့ဝင်လာကာ မိန်းမလှ ရုပ်ကိုကြည့်ရှုလေသည်။
]လှပါဘိ၊ ချောပါဘိတော့၊ အသက်များရှိရင် လူလို့တောင်ထင်စရာမရှိ၊ နတ်သမီးတစ်ပါး လို့ထင်မိရမှာပဲကွယ်ရို့}
]ဟုတ်ပါရဲ့၊ ဒီအရုပ်မလေးကို အသက်ရှင်ရက်နဲ့ မြင်ချင်စမ်းပါဘိတော့တယ်}
]ဦးဒိဗ္ဗရယ်၊ အရုပ်အပေါ်မှာ မေတ္တာယိုဖိတ်ပြီးထုလုပ်လို့ ဒါလောက်လှနေတာ များလားဗျာ}
အများသူငါချီးမွန်းပြောဆိုသည့်စကားများကိုကြားနေရသည့်ဒေါ်အိုဇာသည်..
]ငါ့ယောက်ျားထုထားတဲ့ အရုပ်ကလေးဟာ အဲ့သလောက်တောင်လှသလားဟဲ့၊ မြင်ချင် စမ်းပါဘိတော့တယ်}
]သိပ်လှတာပဲရီးအိုဇာ၊ ရီးအိုဇာသာမြင်ရရင်တော့ ငါ့သမီးလေးသာဖြစ်လိုက်ပါတော့လို့ တွေးမိမှာပဲဗျို့}
]ငါကလဲ သမီးချောသမီးလှလေးတစ်ယောက်လိုချင်နေတာ ကြာပါပြီကွယ်၊ ဒီ မိန်းမလှ ရုပ်လေးသာ အသက်ဝင်လာရင် ဘယ်လောက်ကောင်းလိုက်မလဲဟေ့}
]အသက်ဝင်လာအောင် ရီးအိုဇာက လုပ်လိုက်ပေါ့}
]ဘာဟဲ့၊ ငါက အရုပ်ကိုအသက်ဝင်အောင်လုပ်ရမယ်၊ ဟုတ်လား}
]ရီးအိုဇာရဲ့ပညာနဲ့ အသက်ဝင်အောင်လုပ်ပြီး အရုပ်မလေးကို သမီးအဖြစ်မွေးစားလိုက် ပေါ့ရီးအိုဇာ}
ထိုအခါ စုန်းမဟုစွပ်စွဲခံထားရသော မျက်မမြင်မိန်းမအိုကြီးက ကျယ်လောင်စွာ အော်ဟစ် ရယ်မောလိုက်လေတော့သည်။
]ကောင်းတယ်ဟေ့၊ ကောင်းတယ်၊ အရုပ်မလေးအသက်ဝင်လာရင်သိပ်ကောင်းမှာပဲ၊ ငါသမီးတစ်ယောက်ရတာပေါ့၊ ဟား..ဟား..ဟား..ဟား........}
+ + + + + + + + +

ဦးဒိဗ္ဗထုလုပ်သည့် မိန်းမလှရုပ်၏သတင်းကို ကြားသိသော မင်းချင်းများသည် အရုပ်ကို ဆောင်ယူရန်အတွက် ရွာသို့ရောက်လာကြလေသည်။
မင်းချင်းများအား ဦးဒိဗ္ဗ၏ အိမ်ဝင်းထဲတွင် မတ်တပ်ရပ်နေသော မိန်းမလှရုပ်ကလေးက ဆီးကြိုနေလေသည်။
]အို.. လှပါဘိ၊ ချောပါဘိ၊ ကြက်သရေရှိပါဘိ၊ အရုပ်သာဆိုတယ်၊ လူမက နတ်တမျှ လှပါကလားကွယ်ရို့၊ သဟာဖြင့် မောင်မင်းကို ဆုတော်လာဘ်တော်များ မြို့စားမင်းကချီးမြှင့်မှာ မြင်ယောင်သေးတယ်မောင်မင်း}
မင်းချင်းများက ပန်းပုရုပ်ကိုကြည့်ရင်း ချီးမွန်းခန်းဖွင့်လိုက်လေသည်။
]ဟုတ်ပါဘိ၊ အရုပ်ဖြစ်တာတောင် တောရွာဇနပုဒ်နဲ့မတန်၊ နန်းဆန်လှပါဘိ၊ မြို့စားမင်း စိတ်ကြိုက်တွေ့ဦးမှာပ}
]မိန်းမလှပန်းပုရုပ်ကို ငါတို့ဆောင်ယူသွားတော့မယ်မောင်မင်း}
]သည်းခံပါမင်းချင်းတို့၊ ပန်းပုရုပ်ဟာမပြီးဆုံးသေးပါ၊ လက်စမသတ်သေးပါ၊ အလုံးစုံပြီး မြောက်အောင် ကျွန်တော်မျိုး ထုလုပ်ပါရစေဦး}
]အို..ဒါလောက်တောင်လှပနေတဲ့ပန်းပုရုပ်ကို မပြီးစီးသေးဘူးလို့ မောင်မင်းဆိုချင်သလား}
]မှန်လှပါ၊ ဒီ့ထက်ပြီးပြည့်စုံအောင် မွမ်းမံပြင်ဆင်ပါရစေဦး၊ မြို့စားမင်းထံ မျက်နှာပန်း လှလှအပ်နှံချင်လို့ပါ}
စင်စစ် ဦးဒိဗ္ဗသည် ပန်းပုရုပ်အား ပေးလိုက်ရမည်ကိုနှမျောလွန်းလှသောကြောင့် ဥပယ် တမျဉ်ဖြင့်ဆင်ခြေပေးလိုက်ခြင်းဖြစ်လေသည်။ သူသည် ပန်းပုရုပ်မိန်းကလေးကို မစွန့်လွှတ်နိုင် အောင်ပင် ချစ်ခင်လျှက်ရှိလေပြီ။
မင်းချင်းများကမူ ဦး’dဗ္ဗစကားကိုယုံကြည်ကာ ပြန်သွားကြလေတော့၏။
+ + + + + + + + +

နောက်တစ်နေ့မနက်တွင်... ဦးဒိဗ္ဗထုလုပ်ထားသော မိန်းမလှပန်းပုရုပ် ပျောက်ဆုံးသွား သော သတင်းမှာ ရွာအတွင်းသို့ပျံ့နှံ့သွားလေတော့၏။
ဦး’dဗ္ဗသည် ကြီးမားသောပန်းပုရုပ်များကို ၎င်းတို့တဲကလေးအတွင်းသို့ မသွင်းပဲ အိမ်ခြံဝင်း ထဲ၌ပင် ထားလေသည်။ ဦးဒိဗ္ဗ၏ပန်းပုရုပ်များ အိမ်အပြင်ဖက်တွင် သည်အတိုင်း ထားသော်လည်း ပျောက်ဆုံးသွားသည်ဟု မရှိခဲ့ဖူးပေ။
မိန်းမလှရုပ်ကိုလည်း ဦးဒိဗ္ဗအိမ်ရှေ့မှဖြတ်သွားသူတိုင်းက မြင်နေရမြဲဖြစ်လေ၏။ မိန်းမလှ လေးသည် လမ်းသွားလမ်းလာများကို နှုတ်ခွန်းဆက်နေသည့်သဖွယ် နေ့စဉ်မြင်တွေ့နေရခြင်းဖြစ် သည်။
ယနေ့မနက်တွင် လယ်တောသို့ အဦးဆုံးထွက်ခွာလာသောလူတစ်စုသည် မြင်နေကျ ပန်းပုရုပ်ကိုမမြင်တွေ့သည့်အခါ ဦးဒိဗ္ဗ၏တဲသို့ဝင်၍မေးမြန်းကြလေသည်။
ထိုအခါမှ ဦးဒိဗ္ဗကိုယ်တိုင်လည်း ပန်းပုရုပ်ပျောက်ဆုံးနေကြောင်း သိရလေတော့သည်။
]လူဆိုးသူခိုးတွေ ခိုးဝှက်ယူငင်သွားပြီထင်ပါရဲ့ကွယ်}
တစ်ရွာလုံးမှာ ပန်းပုရုပ်ပျောက်ဆုံးမှုအတွက် ဝမ်းပန်းတနည်း ခံစားကြရလေ သည်။
] ဦးဒိဗ္ဗ မင်းပြစ်မင်းဒဏ်သင့်နေပါဦးမယ်ဗျာ}
]မတတ်နိုင်ဘူး၊ ပျောက်ဆုံးသွားတဲ့အကြောင်း မြို့စားမင်းကို သံတော်ဦးတင်ရ တော့မှာပဲ}
ဦးဒိဗ္ဗသည် ထိုနေ့မှာပင်မြို့သို့သွားကာ အဖြစ်အပျက်ကို မြို့စားမင်းအား တင်လျှောက် လိုက်လေတော့၏။
+ + + + + + + + +

မိန်းမလှပန်းပုရုပ်ကို အမှန်တကယ်ပင်ပျောက်ဆုံးသွားသည်ဟု ရွာသူရွာသားများက အစပိုင်းတွင် ယုံကြည်ကြလေ၏။
သို့သော် တစ်ပတ်ခန့်ကြာသည့်အခါ ဦးဒိဗ္ဗအိမ်မှ အပြောင်းအလဲများကို မြင်တွေ့ရ သောရွာသားများအဖို့ သံသယဖြစ်ဖွယ်များ တွေ့လာရတော့သည်။
ထိုလ၏ လပြည့်ညတွင် ဦးဒိဗ္ဗ၏အိမ်ဝိုင်းထဲ၌ ဦးဒိဗ္ဗ၊ ဒေါ်အိုဇာတို့နှင့်အတူ မိန်း ကလေးတစ်ဦး အိမ်ရှေ့ကွပ်ပြစ်ပေါ်၌ ထိုင်နေသည့်မြင်ကွင်းကိုလည်းကောင်း၊ ထိုမိန်းကလေးက ဗိုင်းငင်ရင်း သုံးယောက်သားစကားပြောနေသည့်မြင်ကွင်းကိုလည်းကောင်း မြင်တွေ့ရလေသည်။ ဦးဒိဗ္ဗ၊ ဒေါ်အိုဇာနှင့်မိန်းကလေးတို့သည် ချစ်ခင်ရင်းနှီးစွာ ရှိနေကြပေသည်။
နေ့ပိုင်းတွင်မူ မည်သည့်ထူးခြားမှုမှမရှိပဲ အခြားသောပန်းပုရုပ်အငယ်စားများကို ထုလုပ် နေသည့် ဦးဒိဗ္ဗနှင့် ဘေးမှထိုင်နေသောဒေါ်အိုဇာတို့ကိုသာ မြင်ကြရလေသည်။
မသင်္ကာသောရွာသားများက ညအချိန်တွင် ဦးဒိဗ္ဗအိမ်အနီးမှ ချောင်းမြောင်း ကြည့်ရှုကြရာ ညစဉ်ပင် ဦးဒိဗ္ဗတို့လင်မယားနှင့်မိန်းကလေးတစ်ဦးတို့ ချစ်ချစ်ခင်ခင်ရှိနေသည့်မြင်ကွင်းကို တွေ့ မြင်ကြရလေတော့သည်။ ထိုမိန်းကလေးသည် ဦးဒိဗ္ဗနှင့်ဒေါ်အိုဇာကို မိဘသဖွယ်ပြုစုပေးနေ သည့်မြင်ကွင်းကိုလည်း တွေ့မြင်ရလေသည်။
ရဲတင်းသောကာလသားများက အိမ်အနီးအထိချဉ်းကပ်၍ ချောင်းမြောင်းကြည့်ရှု ကြရာ.. မိန်းကလေးမှာ ပန်းပုရုပ်နှင့်ချွတ်စွတ်တူညီသော မိန်းကလေးတစ်ယောက်ဖြစ်နေသည်ကို တွေ့ကြရ လေတော့သည်။
]သည်အတိုင်းဖြင့် ဦး’dဗ္ဗထုလုပ်တဲ့ပန်းပုရုပ်က အသက်ဝင်လာတာဖြစ်မယ်}
]အလိုလိုအသက်ဝင်လာတာ ဟုတ်နိုင်ပါ့မလား၊ သူ့မိန်းမစုန်းမကြီးက အသက်ဝင်အောင် ဖုတ်သွင်းပေးထားတာဖြစ်မှာပေါ့}
ဦးဒိဗ္ဗတို့တဲသို့ မိန်းမတစ်ယောက်ရောက်ရှိနေသည့်အကြောင်းမှာ တစ်နေ့တခြား မဖုံးနိုင် မဖိနိုင် ပေါ်လွင်လာလေတော့သည်။
သတင်းကိုကြားသိသောသူကြီးမင်းမှာ မနေနိုင်တော့ပဲ ဦးဒိဗ္ဗအိမ်သို့သွားရောက်ကာ စုံစမ်း စစ်ဆေးရတော့၏။
]ဦးဒိဗ္ဗ၊ သင်တို့အိမ်မှာ လူပိုမိန်းမတစ်ယောက်ရောက်ရှိနေတယ်လို့ ကြားရတယ်၊ ငြင်းကွယ်လိုသလား၊ ငြင်းကွယ်လျှင်ဖြင့် ကျုပ်ကိုယ်တိုင် သင်တို့တဲအတွင်း ဝင်ရောက်ရှာ ဖွေရလိမ့်မည်}
]မငြင်းကွယ်ပါသူကြီးမင်း၊ အောက်ပြည်အောက်ရွာက ကျွန်တော်မျိုးရဲ့ တူမလေးဖြစ်ပါ တယ်၊ မိဘများကွယ်လွန်တိမ်းပါးသွားလို့ ကျွန်တော်မျိုးထံ လာရောက်ခိုလှုံခြင်း ဖြစ်ပါတယ် သူကြီးမင်း}
]အောက်ပြည်အောက်ရွာက၊ ဟုတ်စ၊ အဲဒီမိန်းကလေးကို ကျုပ်ကြည့်ချင်တယ်၊ ကျုပ်ရှေ့ ကို ခေါ်ပါဘိ}
ဦးဒိဗ္ဗက သူ၏တူမဆိုသူကို တဲထဲမှခေါ်ထုတ်လာခဲ့လေသည်။
]အို]  
]ဟင်}
]ဟာ}
သူကြီးမင်းနှင့်တကွ လိုက်ပါလာသူအားလုံး အံ့အားသင့်သွားကြလေသည်။
ဦး’dဗ္ဗ၏တူမဆိုသောမိန်းကလေးမှာ ပျောက်ဆုံးသွားသောပန်းပုရုပ်နှင့် တစ်ထေရာထဲပါ တကား။
]ဦးဒိဗ္ဗ၊ ဒီမိန်းကလေးဟာ သင်ပျောက်ဆုံးသွားတဲ့ ပန်းပုရုပ်ဖြစ်သည်၊ ဘာငြင်းချင် သေးသလဲ}
]ပန်းပုရုပ်က လူသားဘယ်လိုဖြစ်နိုင်မှာလဲ သူကြီးမင်း၊ ကျွန်တော်မျိုးရဲ့တူမလေးသာဖြစ် ပါတယ်}
]မပြေးသော်လည်း ကန်ရာက ရှိချေပြီ၊ သင်ပျောက်ဆုံးသွားတဲ့ပန်းပုရုပ်နဲ့ ဒီ မိန်းကလေး တို့ရုပ်ချင်းချွတ်ဆွတ်တူနေကြတယ်၊ ပန်းပုရုပ်ကို ကျုပ်ကိုယ်တိုင်လာရောက်လေ့လာခဲ့ဖူးလို့ ရုပ်ရည် သွင်ပြင်ကိုအသေအချာမှတ်မိနေတယ်၊ ပန်းပုရုပ်ဟာလည်း နှယ်နှယ်ရရ မဟုတ်၊ မြို့စားမင်း ကိုယ်တိုင်က ထုလုပ်မည့်သစ်သားစပေးပြီး သင့်ကိုအပ်နှံထားခြင်းဖြစ် တယ်၊ သင်တော့ ရာဇဝတ် ဘေးသင့်တော့မှာပဲ ဦးဒိဗ္ဗ}
]မဟုတ်ပါသူကြီးမင်း၊ အောက်အရပ်က အမျိုးတွေက အညာဆန်လှေကြုံနဲ့ တူမလေးကို ထည့်ပေးလိုက်လို့ ရောက်နေခြင်းဖြစ်ပါတယ်}
]မိန်းကလေး၊ သူပြောတာအမှန်ပဲလား၊ ငါကြေနပ်အောင် လျှောက်တင်စမ်း}
]သူကြီးမင်း ကျွန်တော့်တူမလေးဟာ စကားမပြောတတ်တဲ့ အ-အမလေးတစ်ယောက် ဖြစ်ပါတယ်၊ သူ့ကိုမေးလို့ ထူးခြားမည်မဟုတ်ပါ}
]ဦးဒိဗ္ဗ၊ သင်ပြောတဲ့အချက်အလက်တွေကအံချော်လွဲမှားနေတယ်၊ သင့်အနေနဲ့ အောက် အရပ်ကဆွေမျိုးတစ်ဦး မှီခိုဖို့လာရောက်နေတာမှန်ရင် အစကတည်းက ကျုပ် သူကြီးမင်းကို အကြောင်းကြားအသိပေးဖို့ကောင်းတယ်၊ ခုလို တိတ်တိတ်ပုန်းလက်ခံထားတာဟာ မရိုးသားလို့ပဲ၊ သင့်ရဲ့မရိုးသားတဲ့လုပ်ရပ်ကို ဖုံးကွယ်ချင်လို့ပဲလို့ ကျုပ်ယူဆတယ်}
]သူကြီးမင်း၊ ကျွန်တော်မျိုးတို့ဇနီးမောင်နှံဟာ အပယ်ခံပါ၊ ကျွန်တော်မျိုးရဲ့ဇနီးကို တစ်ရွာ လုံးက စုန်းလို့ယိုးစွပ်ပြီး ရွာအပြင်နှင်ထုတ်ထားတာ သူကြီးမင်းအသိပါ၊ ကျွန်တော်ဟာ အနှိမ်ခံ အပယ်ခံ ရွာအပြင်ဖက်မှာနေထိုင်သူတစ်ယောက်မို့ ဘာမဟုတ်တဲ့ကိစ္စလေးကိုလည်း သူကြီးမင်း အား အကြောင်းမကြားခဲ့ခြင်းဖြစ်ပါတယ်}
သူကြီးမင်းက ခေါင်းကိုခါယမ်းလိုက်လေသည်။
]သင့်တူမနဲ့ ပျောက်သွားတဲ့ပန်းပုရုပ် တူနေတာကတော့ သံသယဖြစ်ဖွယ်ပဲ ဦးဒိဗ္ဗ၊ သင်ပြောတဲ့စကားများကို ကျုပ်မယုံ၊ ယုံလောက်ဖွယ်လည်းမရှိ၊ မိန်းကလေးဟာ လူအများ ပြောသလို အရုပ်ကို အသက်ဝင်အောင် စုန်းအတတ်နဲ့ ဖုတ်သွင်းခံထားရခြင်း ဖြစ်တယ်၊ ဒါဟာ လည်း တခြားလူက ဆောင်ရွက်ပေးတာမဟုတ်၊ မောင်ရင့်ဇနီး စုန်းမကြီး ဒေါ်အိုဇာကိုယ်တိုင် ပန်းပုရုပ်ကို ဖုတ်သွင်းပြီး အသက်ဝင်အောင်လုပ်ထားတာဖြစ်လိမ့်မယ်၊ အိမ်း- ဘယ်သို့ရှိစေ၊ ကျုပ်ကတော့ သူကြီးတစ်ယောက်ဝတ္တရားအတိုင်း အထက်ကို သတင်းပို့အကြောင်းကြားရလိမ့်မယ် ဦးဒိဗ္ဗ}
+ + + + + + + + +

သူကြီးမင်း သတင်းပေးပို့လိုက်သည့်အတွက် နောက်တစ်နေ့တွင် မြို့စားမင်း ကိုယ်တိုင် နောက်ပါအခြွေအရံများနှင့် ရွာသို့ရောက်ရှိလာလေသည်။
မြို့စားမင်းငနက်ကျော်သည် ကြားရသောသတင်းစကားများကြောင့် ဒေါသအမျက်ထွက် လျှက်ရှိလေသည်။
ဦးဒိဗ္ဗတို့တဲရှေ့ရောက်သည်နှင့် ..
]ပန်းပုဆရာရဲ့ တူမဆိုသူကို ငါ့ရှေ့တော်မှောက် ခစားစေ}
ဦးဒိဗ္ဗ၏တူမချောလေး မြို့စားမင်းရှေ့သို့ရောက်လာသည့်အခါ မြို့စာမင်း ငနက်ကျော် ကိုယ်တိုင် အံ့အားသင့်သွားလေသည်။
]အလို.. နန်းဆန်ဆန် အထက်တန်းဟန်ပန်နဲ့ တောအရပ်နှင့်မတန် လှပချောမော လှချေကလားကွယ်ရို့၊ မင်းချင်းတို့ သူငယ်မရဲ့ရုပ်သွင်ဟာ ပျောက်ဆုံးသွားတယ်ဆိုတဲ့ ပန်းပုရုပ်နဲ့ တူတယ်ဆိုတာ ဟုတ်သလားမောင်မင်းများ}
]မှန်လှပါ၊ ချွတ်စွတ်တူကြောင်းပါ၊ သူငယ်မဟာ ပန်းပုရုပ်ကနေ အသက်ဝင်လာတဲ့ သူဖြစ်ကြောင်း ကျမ်းကျိန်ပြီး ရဲရဲဝံ့ဝံ့ တင်လျှောက်ဝံ့ပါတယ် မြို့စားမင်း}
]အိမ်း.. အရုပ်ကအသက်ဝင်လာတာ အသာထား၊ ပန်းပုဆရာဟာ ဒီလိုချောမောလှပပြီး နန်းဆန်တဲ့ မိန်းမမြတ်ကြန်အင်လက္ခဏာပြည့်စုံသူတစ်ယောက်ကို ငါ့အားမဆက်သပဲ သူ့သဘော နှင့်သူအိမ်မှာသိုဝှက်ထားပြီဆိုကတည်းက ရာဇဝတ်မှုသင့်လှပေပြီ၊ သူငယ်မသည် တောအရပ်နှင့် လည်းမတန်၊ ပန်းပုဆရာနေအိမ်နှင့်လည်းမထိုက်၊ ကုန်ကုန်ပြောရရင် မြို့စားမင်းဖြစ်သော ငါကိုယ်တော်မြတ်နှင့်ပင် မထိုက်တန်ပါလေ၊ သူငယ်မ၏အလှသည် နေပြည်တော်နန်းမဆောင်၌ အပျိုတော်အဖြစ်ခစားရမည့် အလှပိုင်ရှင်မျိုးဖြစ်ပေသည်၊ ဤ မိန်းမလှအား ဘ၀ရှင်မင်းတြားကြီးထံ ဆက်သပေအံ့၊ မင်းချင်းများ.. မိန်းမလှကို ဝေါ ယာဉ်ဖြင့် ဆောင်ယူခဲ့ပေလော့}
]သည်းခံပါမြို့စားမင်း၊ မိန်းကလေးဟာ ကျွန်တော်မျိုးတို့ဇနီးမောင်နှံဆီမှာ ခိုလှုံရန် ရောက်ရှိလာသူမို့...}
]တော်- တန်- တိတ်}
]ပြီးတော့ သူဟာ စကားမပြောတတ်တဲ့ အ-အမလေးတစ်ယောက်သာဖြစ်ပါတယ်၊ အင်္ဂါမစုံသူမို့ နန်းတော်ကြီးနဲ့မထိုက်ပါ}
]သယ်.. ဆင်ခြေစကားများကို ငါမကြားလို၊ မောင်မင်းပန်းပုဆရာ၊ ငါဟာ မောင်မင်းကို ပန်းပုရုပ်အပ်နှံစဉ်က အလွတ်အပ်နှံခဲ့ခြင်းမဟုတ်၊ ငါ့စိတ်ကြိုက် သစ်သားစကို ရှာဖွေကာ သစ်သား ကို သင့်ထံပို့၍ ပန်းပုထုလုပ်စေခြင်းသာဖြစ်တယ်၊ သင်က ပန်းပုရုပ်ကို ပျောက်အောင် ဖျောက်ဖျက် ပစ်ခဲ့တယ်၊ မိန်းမငယ်ဟာ ပန်းပုရုပ်အဖြစ်က ဘ၀ပြောင်းလာသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ..  ပန်းပုရုပ်ကိုပျောက်ဆုံးအောင်ပြုလုပ်တဲ့ရာဇဝတ်မှု က သင့်အပေါ်မှာတင်ရှိနေပြီးဖြစ်တယ်၊ သည်တော့ကာ စကားမရှည်လင့်တော့၊ ငါကိုယ် တော်မြတ် စိတ်အခန့်မသင့်အောင် မပြုနှင့်တော့၊ သင့်တူမဆိုသူကို ဆောင်ယူသွား၍ ဘုရင်မင်းတြားကြီးအား ဆက်သပေအံ့၊ မင်းချင်းများ... မိန်းမငယ်ကို ယခုပင် မနှေးအ မြန်ဆောင်ယူခဲ့စေဗျား}
+ + + + + + + + +

မြို့စားမင်းငနက်ကျော်နှင့် အစေအပါးများသည် ဦးဒိဗ္ဗ၏တူမဖြစ်သူ မိန်းမငယ်အား ဝေါယာဉ်ပေါ်တွင်တင်ဆောင်၍ ခေါ်ဆောင်သွားကြလေ၏။
သို့ရာတွင် မြို့ကိုရောက်၍ ဝေါယာဉ်အား ခြုံလွှမ်းထားသောကန့်လန့်ကာကို လှပ်၍ ကြည့်လိုက်သည့်အခါ.. သူတို့ခေါ်ဆောင်လာသောမင်းသမီးငယ်မှာ ပန်းပုရုပ်ဘ၀သို့ ပြန်လည် ရောက်ရှိနေသည်ကိုတွေ့ရလေတော့၏။
မြို့စားမင်းငနက်ကျော်မှာ a’gသူပုန်ထသွားလေသည်။
ချက်ချင်းပင် ရွာသို့ပြန်စေကာ ဦး’dဗ္ဗနှင့် သူ့ဇနီးအား ဖမ်းချုပ်ခေါ်ဆောင်စေလိုက်၏။
မင်းချင်းများ ဦး’dဗ္ဗတို့လင်မယားကို ဖမ်းဆီးခေါ်ဆောင်လာသည့်အခါ..
]မောင်မင်း၊ မောင်မင်းရဲ့တူမဟာ တို့လက်ထဲမှာ ပန်းပုရုပ်ဘ၀ကို ပြန်လည် ပြောင်းလဲ သွားခဲ့ပြီ၊ ဒီတော့ မောင်မင်းပြောခဲ့သလို ဒီမိန်းကလေးဟာ အောက်ပြည်အောက်ရွာက ရောက် လာတဲ့မိန်းကလေးမဟုတ်ဖူးဆိုတာ ထင်ရှားနေပြီ၊ ပန်းပုရုပ်ကနေ အသက်ဝင်အောင် ဖုတ်သွင်း ထားတဲ့ လူသားတစ်ယောက်ပဲ၊ ဒီတော့ကာ ပန်းပုရုပ်ဖြစ်နေတဲ့ မိန်းမငယ်ကို အသက်ပြန်ဝင် လာအောင် လုပ်ဆောင်ပေးပေတော့}
]မြို့စားမင်းခင်ဗျား၊ မြို့စားမင်းဟာ ကျွန်တော်မျိုးကို ပန်းပုရုပ်ထုလုပ်ရန်အပ်နှံခဲ့ခြင်းဖြစ် ပါတယ်၊ အခုအခါ မြို့စားမင်းအလိုရှိတဲ့အတိုင်း ပန်းပုရုပ်အဖြစ်ကိုပြန်လည်ရောက်ရှိနေပြီဖြစ်တဲ့ အတွက် အရုပ်အတိုင်းရယူလိုက်ရန်သာရှိပါတော့တယ်၊ အရုပ်ကိုအသက်သွင်းရန် ကျွန်တော်မျိုး မတတ်နိုင်ပါ}
]သယ်.. ကျေးတောသား၊ လူပါးဝလှချေလား၊ ငါဟာ မင်းသမီးကို သက်ရှိလူဘ၀နဲ့ မြင်တွေ့ပြီးဖြစ်တယ်၊ ဖုတ်သွင်းမင်းသမီးကို သက်ရှိလူအဖြစ်နဲ့ ဘုရင်မင်းမြတ်ကို အပ်နှံဖို့ ဆုံးဖြတ် ထားပြီးပြီ၊ ဒီတော့ ပန်းပုရုပ်ကို အသက်ဝင်အောင် ပြန်လုပ်ပေးပေတော့}
]မြို့စားမင်း၊ ပန်းပုရုပ်ဘ၀ကနေ သက်ရှိလူအဖြစ်ရောက်အောင် ကျွန်တော်မျိုး လုပ်ဆောင် ထားခြင်းမဟုတ်ပါ၊ သူ့အလိုအလျောက်အသက်ဝင်လာခြင်းသာဖြစ်ပါတယ်၊ အသက်ဝင်လာပြီးမှ ကျွန်တော်မျိုးတို့ရဲ့ သမီးလေးအဖြစ်နဲ့မွေးစားထားခြင်းဖြစ်ပါတယ်၊ သူဟာ ကျွန်တော်မျိုးတို့ နေအိမ်မှာသာ အသက်ဝင်လှုပ်ရှားနိုင်သူမျိုးဖြစ်ပါလိမ့်မယ်၊ အရုပ်ဘ၀ ပြန်ပြောင်းသွားခြင်းအပေါ် ကျွန်တော်မျိုး နားမလည်ပါ၊ အရုပ်ကို အသက်ဝင်လာအောင် လုပ်ဆောင်တဲ့အတတ်ပညာ မျိုးလည်း ကျွန်တော်မျိုး မတတ်ကျွမ်းပါ}
]မောင်မင်းမတတ်ကျွမ်းရင် မောင်မင်းရဲ့ဇနီးကတော့ တတ်ကျွမ်းမှာပေါ့၊ မောင်မင်းရဲ့ ဇနီးဟာ စုန်းမကြီးတစ်ယောက်ဖြစ်ကြောင်း ငါသိထားပြီးပြီ၊ စုန်းမကြီးက သူ့အတတ်ပညာနဲ့ ဖုတ်သွင်းထားခြင်းပဲဖြစ်မယ်၊ ဒီတော့ စုန်းမအမယ်အို၊ သင့်ရဲ့အတတ်ပညာနဲ့ ပန်းပုရုပ် မိန်းကလေးကို အသက်ပြန်ဝင်အောင် လုပ်ပေးပေတော့}
]ငါမလုပ်တတ်၊ ငါဟာစုန်းလည်းမဟုတ်}
]သယ်.. ငါလိုမြို့စားမင်းအမိန့်ကို မနာခံဘူးလား၊ ငါ့အမိန့်ကို လွန်ဆန်ရင် သင်တို့ လင်မယား ဒုက္ခကြုံသွားရလိမ့်မယ်၊ ဒီတော့ ငြင်းဆန်မနေနှင့်၊ မနှေးအမြန် အသက်သွင်းပေး ပေတော့}
]အသက်သွင်းသည့်ပညာကို ငါမတတ်၊ ငါဟာ မျက်မမြင်ဒုက္ခိတတစ်ယောက်သာဖြစ် တယ်၊ စုန်းမဟုတ်}
ဦးဒိဗ္ဗတို့လင်မယား ခေါင်းမာနေကြခြင်းအပေါ်တွင် မြို့စားမင်းငနက်ကျော်၏ ဒေါသမှာ အထွဋ်အထိပ်သို့ရောက်ရှိသွားလေသည်။
ငနက်ကျော်က ဦးဒိဗ္ဗနှင့်ဒေါ်အိုဇာအား သတ်စေအမိန့်ချမှတ်လိုက်လေ၏။ အသက်ဝင် လာရန်မျှော်လင့်ချက်မရှိတော့သော မင်းသမီးရုပ်ကိုလည်း တပြိုင်တည်းမီးရှို့စေရန် အမိန့်ပေး လိုက်၏။
တောင်စွယ်နေကွယ်ချိန်တွင် သူသတ်ကုန်း၌ မင်းသမီးရုပ်ကို ဦးဒိဗ္ဗ၊ စုန်းမကြီး ဒေါ်အိုဇာ တို့နှင့်အတူတွဲ၍ ကြိုးချည်ကာ မီးရှို့ကွပ်မျက်လိုက်ကြလေတော့သည်။
+ + + + + + + + +

ဦးထွဋ်ခေါင်ပြောပြသ္လောဏ္ဍာရီက ပြီးဆုံးသွားပေပြီ။
ကျွန်ုပ်က စားပွဲပေါ်မှသစ်သားလက်ပြတ်ကလေးကို နောက်တစ်ဖန်ပြန်ကောက်ယူပြီး စေ့စေ့စပ်စပ်ကိုင်ကြည့်လိုက်ပြန်၏။
]ဒါဟာ.. ဦးထွဋ်ခေါင်ပြောခဲ့တဲ့ပုံပြင်ထဲက မင်းသမီးပန်းပုရုပ်ရဲ့ မီးမလောင်ပဲ ကျန်ရစ်ခဲ့ တဲ့လက်ပြတ်ပဲပေါ့နော်}
]ဟုတ်ပါတယ်ဆရာကြီး}
]မင်းသမီးပန်းပုရုပ်ရဲ့ လက်ပြတ်အမှန်ဖြစ်တယ်လို့ ဘာကြောင့်ပြောနိုင်ရတာလဲ ဦးထွဋ် ခေါင်၊ ဦးထွဋ်ခေါင်ပြောသလိုဆိုရင် ဒါတွေဖြစ်ပျက်ခဲ့တဲ့ခေတ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးရာကျော်က မဟုတ်လား၊ အထောက်အထား တိတိကျကျရှိသလား}
]ရှိပါတယ်ဆရာကြီး၊ ဦးဒိဗ္ဗတို့ကိုမီးရှို့ရတဲ့ အာဏာပါးကွက်သားက ဒီလက်ပြတ်ကို မင်း သမီးပန်းပုရုပ် ပြာမကျခင်မှာ မီးပုံထဲက ဆွဲထုတ်ယူထားတာဖြစ်ပါတယ်၊ အဲဒီ အာဏာပါးကွက်သား ဟာ တခြားလူမဟုတ်ပါဘူး၊ ကျွန်တော့်နေရာကတွက်ရင် ကျွန်တော့်ရဲ့ အထက် ၁၂ဆက်မြောက် အဘိုးတစ်ဦးဖြစ်ပါတယ်}
]ဪ..}
]အာဏာပါးကွက်သားအဘိုးက သားစဉ်မြေးဆက် လက်ဆင့်ကမ်းခဲ့တဲ့အတွက် အခုအချိန် ထိ ရှိနေရခြင်းဖြစ်ပါတယ်}
]ဒဏ္ဍာရီဟာ အမှန်တကယ်ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့အထောက်အထားတစ်ခုပေါ့လေ၊ ဒါပေမယ့် သစ်သားပန်းပုရုပ်က အသက်ဝင်ပြီးလူဖြစ်လာတယ်ဆိုတဲ့အချက်ကတော့ ပုံပြင်ဆန်လွန်းနေတယ်၊ နှစ်ပေါင်းရာနဲ့ချီကြာခဲ့ပြီဆိုတော့လည်း နောက်ကြောင်းပြန်စုံစမ်းဖို့ မဖြစ် နိုင်တော့ဘူးပေါ့}
]ပုံပြင်ဆန်တာတော့ မှန်ပါတယ်၊ ပန်းပုရုပ်က အသက်ဝင်တယ်ဆိုတာတော့ စုံစမ်းဖို့ မခက်ပါဘူးဆရာကြီး၊ မကြာခင်ပဲ သက်သေရတော့မှာပါ၊ ဒါကိုပြချင်လို့လည်း ဆရာကြီးကို လပြည့်ညနဲ့အချိန်ကိုက်ပြီး ဒီကိုခေါ်လာခဲ့တာပါဆရာကြီး}
]ဘာကိုဆိုလိုတာလဲ ဦးရာမောင်}
]ပန်းပုရုပ်ရဲ့အပိုင်းအစတစ်ခုဖြစ်တဲ့ ဟောဒီလက်ဟာ လပြည့်ညတိုင်းမှာ အသက်ဝင် လာတတ်ပါတယ်ဆရာကြီး}
]ဗျာ}
]ဟုတ်ပါတယ်၊ အခုဆရာကြီးမြင်နေရတဲ့လက်က လက်သီးဆုပ်ဟန်ပြုနေတဲ့ပုံစံနော်၊ ဒါ ဟာ ပုဝါကိုကိုင်ထားတဲ့ညာဖက်လက်ဖြစ်တယ်လို့ ကျွန်တော်တို့အဘိုးက ပြောခဲ့ပါတယ်၊ လက် ကလေးကိုဆုပ်ဟန်ပြုပြီး လက်မနဲ့လက်ညှိုးကပ်ထားပုံဟာ တစ်စုံတစ်ခုကိုညှပ် ကိုင်ထားတဲ့အနေ အထား ပေါ်မနေဘူးလားဗျာ၊ မြင်ယောင်ကြည့်ရင် ပုဝါစကိုကိုင်ထားတဲ့ ဟန်တစ်ခုဖြစ်ကြောင်း ခန့်မှန်းနိုင်ပါတယ်}
ဦးထွဋ်ခေါင်ရှင်းပြသောကြောင့် ကျွန်ုပ်က လက်ပြတ်ကလေးကို နောက်တစ်ဖန် မယူလိုက် ကာ ပြန်စစ်ဆေးကြည့်လိုက်သည်။
]ဟုတ်ပါတယ်၊ တစ်ခုခုကို လက်မနဲ့လက်ညှိုးကြားမှာ ညှပ်ကိုင်ထားတဲ့ဟန်ပဲ ဦးထွဋ်ခေါင်၊ အသက်ဝင်လာတယ်ဆိုတာက ဘယ်လိုလဲ}
]လပြည့်ညတွေရောက်ရင် သန်းခေါင်အချိန်မှာ ဒီလက်ကလေးဟာ ဆုပ်ထားရာက ဖြန့် လာပါတယ်ဆရာကြီး}
]ဟင်}
]လက်ဟာ မိနစ်ပိုင်းလောက်ဖြန့်လာပြီး နဂိုပုံစံအတိုင်းပြန်ဖြစ်သွားပါတယ်}
]လပြည့်နေ့မှဖြစ်တာလား}
]ဟုတ်ပါတယ်၊ ဒီလက်ကလေးကို ရရှိပြီးနောက်ပိုင်းမှာ ကျွန်တော့်အဘိုး အာဏာပါးကွက် သားကြီးဟာ နည်းလမ်းအမျိုးမျိုးနဲ့ ချမ်းသာကြွယ်ဝလာခဲ့တယ်လို့ ဆိုပါတယ်၊ အဘိုးက ပန်းပုရုပ် မင်းသမီးရဲ့လက်ပြတ်က အကျိုးပေးတာလို့ တစ်ထစ်ချမှတ်ယူထားခဲ့ပါတယ်ဆရာကြီး၊ ဒါကြောင့် လည်း ကျွန်တော်တို့ဆွေစဉ်မျိုးဆက်တလျှောက်လုံး မင်းသမီးလက်ပြတ်ကို လာဘ်ကောင်းတဲ့ အဆောင်တစ်ခုအဖြစ် ဆောင်ထားခဲ့ကြတာပါ}
]မျိုးဆက်၁၂ဆက်တောင် တိုင်ခဲ့ပြီဆိုတော့ ပွားများလာတဲ့အမျိုးတွေထဲမှာ မင်းသမီး လက်ပြတ်ကိုထိမ်းသိမ်းဖို့ အငြင်းပွားတာမျိုးရောမဖြစ်ခဲ့ဘူးလား၊ လက်ပြတ်က လာဘ်ကောင်းတဲ့ အဆောင်တစ်ခုအနေနဲ့ တန်ဖိုးရှိနေတယ်ဆိုလို့ပါ}
]ကျွန်တော်တို့အဘိုး ပါးကွက်အာဏာသားကြီးက ဒီပြသနာမျိုးမပေါ်အောင် သူ မသေခင် ကတည်းက စီစဉ်ခဲ့ပါတယ်၊ ဖုတ်သွင်းမင်းသမီးလက်ပြတ်ကို အကြီးဆုံးသားသမီးတွေကသာ အမွေ ဆက်ခံခွင့်ရှိပါတယ်၊ အမွေဆက်ခံခွင့်ရတဲ့ အကြီးဆုံးသားသမီးများဟာ သူတို့ကမွေးဖွားလာတဲ့ အကြီးဆုံးသားသမီးများကို တစ်ဆင့်ပြီးတစ်ဆင့်လက်လွှဲပြီး ပိုင်ဆိုင်ရပါတယ်၊ ကျွန်တော့်ဖခင် ဦးဘုံပျံကွယ်လွန်ရင် ကျွန်တော်ကဆက်ခံရမှာပါဆရာကြီး}
]ဒါပေမယ့် ဖုတ်သွင်းမင်းသမီးလက်ပြတ်ကိုရယူချင်လို့ လုယက်ခံရတာ၊ ဓားပြတိုက်ခံရ တာတွေလည်း ရှိခဲ့သေးတယ်လေ၊ ပြောပြလိုက်ပါဦး ကိုထွဋ်ခေါင်}
]ဟုတ်ပါတယ်ဆရာကြီး၊ မင်းသမီးလက်ပြတ်ဟာ လာဘ်ကောင်းတဲ့အဆောင် တစ်ခုလို ဖြစ်နေတာကိုသိတဲ့လူတချို့က အိမ်ကိုလာပြီး ဓားပြတိုက်လုယက်ခဲ့ဖူးပါတယ်၊ လက်ပြတ်ကိုလည်း အပါယူသွားနိုင်ခဲ့ပါတယ်}
]ဪ..}
]ဓားပြတွေက လက်ပြတ်ကိုယူပြီး လှေနဲ့မြစ်ကိုဖြတ်အကူးမှာ လှေမှောက်ခဲ့ပါတယ်၊ လှေမှောက်ပုံကလည်း မြစ်ထဲကနေ လက်ကြီးတစ်ဖက်ပေါ်လာပြီး လှေကိုဆွဲနှစ်တာတဲ့၊ ရေထဲက ပေါ်လာတဲ့လက်ကြီးဟာ လှေကိုလက်ဝါးထဲထည့်ထားလို့ရလောက်အောင်ကြီး မားတဲ့လက်ကြီးတဲ့ ဆရာကြီး၊ မင်းသမီးလက်ပြတ်နဲ့တစ်ထေရာထဲတူတဲ့လက်ပြတ်ကြီးလို့ပြောပါတယ်၊ လှေသမား ပြန်ပြောပြလို့သိရတာပါ၊ လှေသမားကအပ ဓားပြ၆ယောက်လုံး ရေနစ်ပြီးသေသွားခဲ့တယ်၊ မင်းသမီး လက်ပြတ်ကတော့ အိမ်ကဘုရားစင်ပေါ်မှာတင်ထားတဲ့အတိုင်း ဟောဒီလင်ပန်းထဲကို ပြန်ရောက် နေခဲ့ပါတယ်}
]ထူးဆန်းလိုက်တာ၊ အ္လဲါက ဘယ်အချိန်တုံးကဖြစ်ခဲ့တာလဲ}
]ဂျပန်ခေတ်မှာပါ၊ ကျွန်တော့်အဖေဦးဘုံပျံလက်ထက်မှာကြုံခဲ့ရတဲ့အဖြစ်ပါ ဆရာကြီး၊ အဲဒီအဖြစ်ကြောင့် ကျွန်တော်တို့လည်း ဖုတ်သွင်းမင်းသမီးရဲ့လက်ပြတ်အကြောင်းကို မပြောတော့ပဲ ဇာတ်မြှုပ်ထားခဲ့လိုက်ပါတယ်၊ ခုခေတ်မှာတော့ အတွင်းသိလူတစ်ချို့ပဲ သိကြပါတော့တယ်}
]အဲဒါကြောင့် ကိုထွဋ်ခေါင်တို့က ဖုတ်သွင်းမင်းသမီးရဲ့လက်ပြတ်ကို ဓာတ်ပုံရိုက်တာ၊ အများပြည်သူသိအောင် ကြေငြာတာမျိုး ခွင့်မပြုချင်တာပါဆရာကြီး}
]သဘောပေါက်ပါပြီ}
]ကဲ- ကိုရာမောင်ရေ၊ မိုးလည်းချုပ်လာပြီ၊ သန်းခေါင်တိုင်ရင် လက်တော်ဖြန့်တာ ကောင်းကောင်းမြင်နိုင်ဖို့ ကျွန်တော်တို့ အမိုးပေါ်ကိုနေရာရွှေ့ကြစို့ဗျာ}
+ + + + + + + + +

ဦးထွဋ်ခေါင်တို့၏ သုံးထပ်တိုက်ခေါင်မိုးမှာ အနားယူအပန်းဖြေရန် အမိုးပြန့်အဖြစ် ဆောက်လုပ်ထားခြင်းဖြစ်ပေ၏။
ကျွန်ုပ်တို့သည် ညဆယ်နာရီခန့်တွင် အမိုးပေါ်သို့တက်ခဲ့ကြ၏။
ဖုတ်သွင်းမင်းသမီး၏လက်ပြတ်ကလေးပါသော လင်ပန်းကို ဦးထွဋ်ခေါင်က ကိုင်လာခဲ့ သည်။
အမိုးအလည်တည့်တည့်၌ ဆက်တီတစ်စုံချထားပြီးဖြစ်လေသည်။ ဦးထွဋ်ခေါင်က လင်ပန်း ကို စားပွဲအလည်တည့်တည့်၌ ချထားလိုက်လေ၏။
ခြံဝင်းကြီးမှာ ဧရာဝတီမြစ်ကမ်းနဘေး၌တည်ရှိခြင်းဖြစ်လေရာ မြင့်မားသောအမိုးပေါ်မှနေ ၍ မြစ်၏ညမြင်ကွင်းကို သာယာလှပစွာမြင်နေရပေသည်။ လကလည်း သာလွန်းမကသာနေပေရာ လရောင်အောက်၌ မြစ်ပြင်သည် ငွေရောင်တောက်နေပြီး လှေသင်္ဘောများ ဖြတ်သန်း သွားလာနေပုံသည် လွမ်းမောဖွယ်ပန်းချီကားတစ်ချပ်နှယ်ဖြစ်နေပေ၏။
အိမ်ဖော်မလေးက ကျွန်ုပ်တို့အတွက် ရေနွေးကြမ်းနှင့်လက်ဖက်သုတ်များ လာချပေး ထားသည့်အတွက် ကျွန်ုပ်တို့သည်ထွေရာလေးပါးစကားများပြောရင်း ညသန်းခေါင်ချိန် ရောက်သည် ထိ အချိန်ဖြုန်းနေခဲ့ကြလေသည်။ ကျွန်ုပ်က ဦးထွဋ်ခေါင်နှင့်ဦးရာမောင်အား ကျွန်ုပ်လေ့လာ ခဲ့သောအမှုတွဲများအား ပြောပြလျှက်ရှိလေသည်။
လသည် တစ..တစ မြင့်တက်လာခဲ့ရာ အကာအရံမရှိသောအမိုးပြင်ပြန့်ပြန့်ပေါ်သို့ အဆီး အတားမရှိ လရောင်ဆမ်းကျလျှက်ရှိပေသည်။ စားပွဲပေါ်တင်ထားသော လင်ပန်းလေးထဲမှ ဖုတ်သွင်းမင်းသမီး၏လက်သည်လည်း လရောင်အောက်တွင် ထင်ရှားစွာပေါ်လျှက်ရှိလေသည်။
သို့ဖြင့် ညသန်းခေါင်အချိန်သို့ နီးကပ်လာခဲ့လေသည်။
ဦးထွဋ်ခေါင်က စားပွဲပေါ်မှ ရေနွေးကြမ်းကရား၊ ခွက်များနှင့် လက်ဖက်သုတ် ပန်းကန် များကို ဖယ်ရှားစေလိုက်သည်။
]ကဲ-သန်းခေါင်နီးပြီဆရာကြီး၊ ကျွန်တော်တို့ကတော့ မြင်တွေ့ဖန်များလို့ ရိုးနေပါပြီ၊ ည၁၂နာရီနီးတာနဲ့ လက်ဟာတဖြည်းဖြည်းပြန့်လာပြီး ၁၂နာရီတိတိအချိန်မှာ လက်ဝါး အပြန့်ဆုံး အနေအထားကို မြင်ရတတ်ပါတယ်၊ ခုအချိန်ကစပြီး မင်းသမီးလက်တော်ကို လေ့လာကြည့်ပါ ဆရာကြီး}
ကျွန်ုပ်တို့ကုလားထိုင်သုံးလုံးအား စားပွဲ၏အနားသုံးဖက်တွင် နေရာပြုပြင်ချထား လိုက်၏။
လသည် တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ကျွန်ုပ်တို့၏ခေါင်းပေါ်သို့ ရောက်လာ ခဲ့လေပြီ။
ဖုတ်သွင်းမင်းသမီးလက်အား ကျွန်ုပ်က မမှိတ်မသုန်စူးစိုက်ကြည့်နေခဲ့ရာ လက်မှာ သွေးရောင်လျှမ်း၍ လူပကတိ၏အသားအရောင်မျိုးပေါ်လွင်လာသည်ဟုထင်မိလေသည်။
ထို့နောက် တစ..တစဖြင့် ဆုပ်ထားသောလက်သည် တဖြည်းဖြည်းချင်း ပြည်၍လာ လေ၏။ ဆုပ်ကိုင်ထားသောလက်အနေအထားအတိုင်း လင်ပန်းထဲ၌ ပက်လက်အနေအထားဖြင့် ချထားခြင်းဖြစ်ရာ တဖြည်းဖြည်း လက်ဆုပ်ထားရာမှ ပြည်လာပုံကို လက်ဝါးဖြန့်ပြသည့်သဖွယ် မြင်နေရပေသည်။
လက်သည် ဆုပ်ထားရာမှ ပြည်လာသည်နှင့်အမျှ လက်ဝါးပြင်ကို လရောင်အောက်၌ ထင်ထင်ရှားရှားမြင်နေရလေရာ.. လက်ဝါးပေါ်မှ လက္ခဏာအရေးအကြောင်းများပင် ပေါ်လွင်လာ လေ၏။
ကျွန်ုပ်သည် မျက်နှာကို မင်းသမီး၏လက်ဖဝါးနှင့် နီးကပ်စွာထားကာ အသေးစိတ် မှတ်သားနေလေ၏။
ဖုတ်သွင်းမင်းသမီး၏လက်ဖဝါး ပြန့်လာသည်မှာ တစ်ခဏမျှသာကြာလေသည်။ သို့သော် အမှန်တကယ်ပင် ဖြန့်ပြခဲ့ခြင်းဖြစ်ပါသည်။ ကျွန်ုပ်၏စိတ် ထင်ယောင်ထင်မှားဖြစ် ခြင်းမဟုတ်ပါ။ လက်ဖဝါးသည် ဆုပ်ထားရာမှ တဖြည်းဖြည်းချင်းပြည်လာပြီး အပြန့်ဆုံးအနေအထားအထိ ရောက် သွားသည်။ ချက်ချင်းပင် လက်ဖဝါးကိုပြန်၍ဆုပ်လိုက်သည်မှာ လက်ဖဝါးပြည်လာစဉ်က အမြန်နှုန်း အတိုင်းပင်ဖြစ်၏။
လက်ဖဝါးပြန့်လာပုံကို ခေတ္တခဏသာမြင်တွေ့လိုက်ရသော်လည်း အသေးစိတ် အလုံးစုံ ကိုမူ မြင်တွေ့ခွင့်ရလိုက်ပါသည်။ ထိုအခါမှပင် ကျွန်ုပ်သည် ဖုတ်သွင်းမင်းသမီး၏ လက်ဖဝါးအား ဓာတ်ပုံဖြင့်မှတ်တမ်းတင်ခွင့်မရခြင်းအပေါ် စိတ်မချင့်မရဲဖြစ်မိပေတော့သည်။ ဗီဒီယိုကင်မရာဖြင့်သာ လက်ဖဝါးပြန့်လာပုံအဆင့်ဆင့်ကို ရိုက်ကူးထားပါက အလွန်အသုံးဝင်သောမှတ်တမ်းတစ်ခုဖြစ်ပေ လိမ့်မည်။
လက်ဝါးပြန့်လာခြင်း၊ အစွမ်းကုန်ပြန့်လာပြီးနောက် ပြန်၍ နဂိုအနေအထားသို့ ရောက် သွားခြင်းများမှာ တစ်မိနစ်ခန့်မျှသာကြာပါသည်။
ဖြစ်ရပ်အားလုံးပြီးစီးသည်နှင့် သွေးရောင်လွှမ်းနေသောအနေအထားလဲ ပျောက်ကွယ်သွား ကာ သစ်သားပန်းပုရုပ်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားလေ၏။
]ကဲ- ဒါပါပဲဆရာကြီး၊ ဖုတ်သွင်းမင်းသမီးလက်တော်ရဲ့ဆန်းကြယ်မှုဟာ ဒါလောက်ပါပဲ}
]လက်တော်ဖြန့်တာကို မိနစ်ပိုင်းလောက်မြင်လိုက်ရပေမယ့် တန်ဖိုးရှိလှပါတယ် ဦးထွဋ် ခေါင်}
]ဆရာကြီး၊ အခုမြင်ရတဲ့ဖြစ်ရပ်အပေါ်မှာ သိပ္ပံနည်းကျအမြင်အနေနဲ့ ဘယ်လို မြင်သလဲ ဆရာကြီး}
ဦးရာမောင်က မေးလိုက်၏။
]ပြောရခက်သားပဲဗျာ}
ကျွန်ုပ်က တွေးတွေးဆဆပင် ပြန်ဖြေလိုက်သည်။
ဦးထွဋ်ခေါင်က ဝင်ရောက်ဆွေးနွေးသည်။
]အစဉ်အဆက်ပြောစကားအရ မြို့စားငနက်ကျော်ဟာ ပန်းပုထုဖို့ တောထဲက သစ်ပင် ကိုရွေးချယ်ခုတ်ယူရာမှာ ခုတ်ယူမိတဲ့အပင်ဟာ အမှတ်မထင် သူယောင်ပင်ဖြစ်နေတယ်လို့ ဆိုကြပါ တယ်ဆရာကြီး}
]သူယောင်ပင်၊ သူယောင်ပင်ရယ်လို့ သတ်သတ်မှတ်မှတ်ရှိနိုင်သလား ဦးထွဋ်ခေါင်}
]ဇော်ဂျီတွေ တောင်ဝှေးနဲ့တို့ပြီးပျော်ပါးတဲ့ သူယောင်မယ်တွေဟာ သူယောင်သီးက ဖြစ်လာတာလို့ နိပါတ်တော်ပုံပြင်တွေက ဆိုထားတာကိုး၊ သူယောင်သီးရှိရင် သူယောင်ပင် ရှိရမှာ ပေါ့၊ အဲ.. သာမန်လူများတွေ့ဖို့တော့ ခဲယဉ်းတဲ့အပင်မျိုးဖြစ်မှာပေါ့ဆရာ ကြီး}
]ဟုတ်ကဲ့၊ ဖြစ်နိုင်ပါတယ်}
]သူယောင်ပင်ရဲ့အသားကိုပန်းပုထုမိလို့ ပန်းပုရုပ်ဟာ သူယောင်ပင်ရဲ့အာနိသင် အတိုင်း အသက်ဝင်လာရတယ်လို့ ထင်ကြေးပေးကြပါတယ်တဲ့၊ စုန်းမကြီးဒေါ်အိုဇာ ဆိုတာကလည်း ဖြစ်ရပ် ထဲမှာပါနေသေးတယ်လေ၊ စုန်းမကြီးကိုယ်တိုင် အသက်သွင်းပေးတာမျိုးလည်း ဖြစ်နိုင်တာ ပဲမဟုတ်လား}
]နှစ်ကာလကြာလာတော့ ယုံတမ်းစကားတွေဖြစ်ကုန်ပြီပေါ့ဦးထွဋ်ခေါင်၊ ကျွန်တော်တို့ ကလည်း ကိုယ်မသိမီတဲ့ခေတ်ကအဖြစ်အပျက်ကို ဘယ်လိုလုပ်ပြီး ဝေဖန်နိုင်တော့မှာလဲဗျာ၊ ဒါပေမယ့် အရုပ်ရဲ့လက်ပြတ်က လက်ဖြန့်ပြတာကို မျက်မြင်မြင်ရပြီမို့ ထူးခြားဆန်းကြယ်တဲ့ဖြစ်ရပ် ဆိုတာတော့ လက်ခံရမှာပါပဲဦးထွဋ်ခေါင်}
]ကျွန်တော်မေးထားတာလေးလဲ ဖြေပါဦး၊ သိပ္ပံနည်းကျတဲ့ အတွေးအခေါ်နဲ့ဆိုရင် ဘယ်လိုတွေးခေါ်လို့ရနိုင်မလဲဆရာကြီး}
]အင်း.. အပင်တွေမှာ အသက်ရှိတာကိုတော့ ကျောင်းစာမှာ ကျွန်တော်တို့ သင်ခဲ့ရပြီးပြီလေ၊ ဒါပေမယ့် ရုက္ခဗေဒပညာရှင်တွေဆိုလိုတဲ့ အပင်မှာ အသက်ရှိတယ်ဆိုတာက မြေဩဇာကိုစားသုံးတာ၊ လေထဲက အောက်ဆီဂျင်ဓာတ်ကိုရယူတာ၊ နေရောင်ရဲ့သဘာဝဓာတ် ကိုခံယူတာတွေကြောင့် သစ်ပင်တစ်ပင် ရှင်သန်လာတာမျိုးကိုပဲ ဆိုလိုတာလေ၊ သစ်ပင်က လမ်းထလျှောက်တာမျိုးကို ဆိုလိုတာမဟုတ်ဖူးဆိုတာတော့ရှင်းပါတယ်နော်}
]ဒါတော့ဟုတ်ပါတယ်ဆရာကြီး}
]နေကြာပင်တို့ ကုမုဒြာကြာပန်းတို့ရဲ့ သဘောသဘာဝကိုကြည့်ရအောင်၊ နေကြာပန်းပွင့် ဟာ နေသွားရာနောက်ကို ပန်းရဲ့မျက်နှာလိုက်လှည့်ကြတယ်၊ ကုမုဒြာကြာတွေဟာ လရောင်နဲ့မှ ပွင့်ကြတယ်၊ အဲဒီသဘောသဘာဝတွေကတော့ အပင်တချို့ရဲ့ ရှင်သန်မှုဟာ နေရောင်၊ လရောင် ဆိုတဲ့ သဘာဝဓာတ်တွေအပေါ်မှာ တည်မှီနေတာကို တွေ့ရ ပြန်ရော}
]ဟုတ်ပါတယ်}
]ပိုးကောင်မွှားကောင်တွေကိုစားတဲ့ သစ်ပင်မျိုးရှိတာလည်း ကြားဖူးမှာပေါ့၊ တောင်အမေ ရိကမှာပေါက်တဲ့ နွယ်ပင်တစ်မျိုးဟာ သူ့အပေါ်ကိုလာနားတဲ့ ခြင်လို၊ လိပ်ပြာလိုအကောင်မျိုးကို နွယ်ပင်ကိုလိပ်ဖမ်းပြီး စားလိုက်တယ်၊ စားပြီးရင်တော့ နွယ်ပင်အတိုင်း ပြန်ပြီးပြန့်နေပြန်ရော၊ ဒါကိုကြည့်ရင် တစ်ချို့အပင်များဟာ သူ့အလိုလို လိပ်နိုင်ဖြန့်နိုင်တဲ့စွမ်းအားရှိတာကို သိသာတာ ပေါ့}
]ဟုတ်သားပဲ}
]ဖုတ်သွင်းမင်းသမီးလက်က ဆုပ်တာဖြန့်တာဟာ ကျွန်တော်နမူနာပေးခဲ့တဲ့ အပင်တွေ ရဲ့သဘာဝနဲ့များ ဆက်နွှယ်နေမလားလို့စဉ်းစားမိတယ်}
]ဆိုပါဦးဆရာကြီး၊ စိတ်ဝင်စားစရာပဲ}
]ဖုတ်သွင်းမင်းသမီးလက်ရဲ့ပြောင်းလဲမှုဟာ လပြည့်ညမှသာ ဖြစ်တယ်ဆိုလို့ပါ၊ လရဲ့ ကမ္ဘာလောကပေါ်က သက်ရှိသက်မဲ့တွေအပေါ် ဩဇာသက်ရောက်မှုဟာလည်း ထူး ခြားလှတယ် မဟုတ်လား၊ ပင်လယ်ထဲက ဒီရေတွေဟာ လအဆန်းအဆုတ်အတိုင်း အတက် အကျဖြစ်ကြတယ်၊ လရဲ့ဆွဲငင်အားကြောင့်ပေါ့၊ လူတွေရဲ့စိတ်တွေတောင် လရောင်အောက်မှာ တစ်မျိုးပြောင်းတတ်ကြ တယ်လေ၊ စိတ်ကြည်နူးတာကနေ စိတ်ဖောက်ပြန်တာအထိ ဖြစ်ပေါ်တတ်ပါတယ်၊ မင်းသမီး လက်ဟာလည်း ကျွန်တော်နမူနာပေးခဲ့တဲ့ အပင်တွေလို လရောင်ကြောင့် အပြောင်းအလဲဖြစ်တဲ့ အပင်တစ်မျိုးနဲ့ ထုလုပ်ထားမိလို့များလားဆိုတာ စဉ်းစားမိတာပါ}
]ဆရာကြီးရဲ့အတွေးအခေါ်က သဘာဝကျပါတယ်}
]ကျွန်တော်က ဖြစ်နိုင်ချေလောက်ကိုတွေးပြီး စိတ်အထင်နဲ့ပြောတာပါ၊ တကယ်တော့ ကျွန်တော့်စိတ်အထင် အတွေးတွေဟာ မင်းသမီးလက်ရဲ့ တကယ့်ပြောင်းလဲမှုတွေအပေါ်မှာ မလွှမ်း မိုးနိုင်ပါဘူးဦးရာမောင်၊ ဖုတ်သွင်းမင်းသမီးလက်ဟာ အမှန်ကိုထူးခြားလှပါတယ်၊ ဂမ္ဘီရဆန်လှပါ တယ်၊ တကယ်တော့ ရှေးပဝေသဏီက ရှိခဲ့ပြီးဖြစ်တဲ့ ထူးဆန်းအံ့ဩ ဖွယ်အကြောင်းအရာတစ်ခုကို ဝေဖန်တာ ဆန်းစစ်တာတွေ လုပ်ကိုမလုပ်သင့်ပါဘူးလေ၊ ရှိပြီးသား ထူးဆန်းအံ့ဩဖွယ်ဖြစ်ရပ် တစ်ခုကို သေးသိမ်အောင်လုပ်ရာကျပါတယ်၊ ဂမ္ဘီရဆန်လှတဲ့ ဖုတ်သွင်းမင်းသမီးလက်တော် ရဲ့ရာဇဝင်ကို သူ့အတိုင်းလက်ခံလိုက်တာ အကောင်းဆုံး ပါပဲဗျာ}
ကျွန်ုပ်က လင်ပန်းထဲရှိကတ္တီပါစပေါ်မှ ဖုတ်သွင်းမင်းသမီး၏ ကြွင်းကျန်ရစ်သော လက်ဖဝါး လေးကိုကြည့် ရင်း လေးနက်စွာ ပြောလိုက်မိလေတော့သည်။
+ + + + + + + + +
                                                      ဆောင်းလုလင်







No comments: