Thursday 30 August 2012

ကြူကြူသင်း ၏ အသံထွက်ဝတ္ထု- မုဒိတာစိမ်း

ကြူကြူသင်း

မုဒိတာစိမ်း
စာရေးဆရာမကြီး ကြူကြူသင်း


စာရေးဆရာမ ကြူကြူသင်းရဲ့ လူ့သဘာဝအဖွဲ့အနွဲ့ ပီပြင်လွန်းလှတဲ့
မုဒိတာစိမ်း ဆိုတဲ့ ၀တ္ထုတိုလေးကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါတယ်။
စီစဉ်တင်ဆက်သူ- နွေတမာန်
နောက်ခံအသံ- နွေတမာန်

1 comment:

Anonymous said...

facebook မှ...
ဒီနေ့ အမျိုးသားစာပေဆုရ စာရေးဆရာမကြီး ကြူကြူသင်းနဲ့ ဖုန်းထဲကတစ်ဆင့် စကားပြောခွင့်ရလိုက်လို့ ကျွန်တော့်အတွက် ထူးခြားတဲ့နေ့ပါပဲ။
ဒီနေ့ နေ့လည်က စာရေးဆရာမ ယဉ်ယဉ်နု(မန္တလေး)အိမ်ကို ရောက်သွားပါတယ်။ ဆရာမယဉ်ယဉ်နုရဲ့ ၀တ္ထုတို(၂)ပုဒ်ကို အသံထွက်ဝတ္ထုအဖြစ် ဖန်တီးထားလို့ ဆရာမကို အသိပေးရင်း ၀က်ဆိုက်ပေါ်တင်ဖို့ ခွင့်တောင်းဖို့အတွက် ရောက်သွားတာပါ။
အသံထွက်ဝတ္ထုတိုလေးတွေ ဖန်တီးခဲ့တာ တော်တော်လေး များသွားပါပြီ။ ကျွန်တော့်
ရဲ့နွေမိုးဆောင်းဝက်ဆိုက် ပေါ်မှာလည်း တော်တော်လေးရောက်ပြီးပါပြီ။ ဒါပေမယ့်… ကျွန်တော်လုပ်ထားသမျှ အသံထွက်ဝတ္ထုတွေဟာ မူရင်းစာရေးသူများဆီက ခွင့်ပြုချက်တောင်းထားတာမဟုတ်ပါဘူး။ ရင်းနှီးသူ ဆရာ ဆရာမ လေးငါးယောက် ကိုသာ အသိပေးခွင့်တောင်းဖြစ်ပါတယ်။
အဲဒါကလည်း မလေးစားလို့ မဟုတ်ပါဘူး။ အသံထွက်ဝတ္ထုများကို ဖန်တီးခဲ့စဉ်က စာအုပ်နဲ့စီဒီတွဲထုတ်မယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာပါ။ ဒါပေမယ့်.. လက်ရှိ ကျွန်တော့်ထုတ်ဝေသူက စိတ်မ၀င်စားတဲ့အပြင် အခြားထုတ်ဝေသူများနဲ့လည်း ညှိနှိုင်းမရခဲ့ပါဘူး။ တကယ်လို့ စာအုပ်နဲ့စီဒီတွဲထုတ်မယ့်ကိစ္စ အဆင်ပြေခဲ့ရင်တော့ သက်ဆိုင်ရာဆရာဆရာမများကို ခွင့်တောင်းဖို့ပါပဲ။ စာမူခလည်း သတ်မှတ်ချီးမြှင့်ဖို့ပါပဲ။
ထုတ်ဝေဖို့အဆင်မပြေတာနဲ့ပဲ ဒီအတိုင်းပစ်ထားလိုက်ရာက.. ကွန်နက်ရှင်အခြေအနေကောင်းတာနဲ့ ၀က်ဆိုက် ပေါ်တင်ဖြစ်ပါတယ်။ ဖေ့စ်ဘုတ်ကနေလည်း ရှဲဖြစ်ပါတယ်။
ဒါပေမယ့်.. စီးပွားဖြစ်လုပ်တာမဟုတ်တဲ့အတွက် သက်ဆိုင်ရာ စာရေးဆရာများကို ခွင့်မတောင်းနိုင်ခဲ့ပါဘူး။ ဖေ့စ်ဘုတ်ပေါ်မှာတွေ့ရတဲ့ ဆရာဆရာမတချို့ကိုတော့ ဖေ့စ်ဘုတ်နေတစ်ဆင့် ခွင့်တောင်းနိုင်ခဲ့ပါတယ်။
ဒါပေမယ့်.. ဆရာမကြီးဒေါ်ခင်နှင်းယုတို့လို ကွယ်လွန်ပြီးတဲ့စာရေးဆရာတွေ၊ ဆရာမကြီးကြည်အေးလို ရေခြား မြေခြားမှာနေတဲ့ စာရေးဆရာတွေ၊ ဖေ့စ်ဘုတ်မသုံးတဲ့စာရေးဆရာတွေကိုတော့ ခုထိ ခွင့်မတောင်းနိုင်ခဲ့ပါဘူး။ အဲဒီအတွက်လည်း စီးပွားဖြစ်လုပ်တာမဟုတ်ပဲ စာကိုကြိုက်လို့ ကျွန်တော့်ရဲ့ဝါသနာအရဖန်တီးတာဖြစ်လို့ ခွင့်လွှတ်ပေးပါလို့ ဆရာ ဆရာမများအားလုံးကို ဒီနေရာက တောင်းပန်လိုက်ပါတယ်။ (ဆရာဆရာမများနဲ့ နီးစပ်သူများကလည်း ထပ်ဆင့်အသိပေးပေးဖို့ တောင်းဆိုပါတယ်။ )
စာအုပ်ထုတ်ဖြစ်ခဲ့ရင်တော့ မဖြစ်မနေ သက်ဆိုင်ရာစာရေးဆရာများကို လူကိုယ်တိုင်လာရောက်တွေ့ဆုံပြီး ခွင့်ပြုချက်ယူပါ့မယ်ခင်ဗျား…
ဒီနေ့ ဆရာမယဉ်ယဉ်နုအိမ်ကိုရောက်ပြီး အဲဒီအကြောင်းပြောဖြစ်တော့.. ဆရာမကြီးကြူကြူသင်းနဲ့ ဆရာမနဲ့ ခင်တယ်။ ဖုန်းနံပါတ်လည်းရှိတယ်။ သူ ဆက်ပေးမယ်ဆိုတာနဲ့ ဆရာမကြူကြူသင်းဆီဖုန်းဆက်ပြီး ကျွန်တော်နဲ့ မိတ်ဆက်ပေးပါတယ်။
ဒါနဲ့ ကျွန်တော်လည်း ဆရာမကြီးနဲ့ ဖုန်းထဲမှာ စကားပြောဖြစ်ခဲ့ပါတယ်။ ဆရာမကြီးဆီမှာ ဆရာမကြီးရဲ့ မုဒိတာစိမ်း-၀တ္ထုတိုကို အသံထွက်ဝတ္ထုလုပ်ထားကြောင်းနဲ့ ၀က်ဆိုက်ပေါ်တင်ထားပြီးဖြစ်ကြောင်း ပြောပြတော့ ဆရာမကြီးက ကြည်ကြည်ဖြူဖြူပဲခွင့်ပြုချက်ပေးပါတယ်။ ၀က်ဆိုက်ကိုလည်း ဖွင့်ကြည့်မယ်လို့ အားရ၀မ်းသာ ပြောရှာပါတယ်။
ဆရာမကြီးကြူကြူသင်းကို အထူးပဲကျေးဇူးတင်ကြောင်းပြောရင်း… ဆရာမကြီးရဲ့အသံထွက်ဝတ္ထုလေးကို ထပ်မံတင်ပြလိုက်ပါတယ်။
၂၅-၁၀-၂၀၁၂။ ည ၁၀း၄၅နာရီ