Friday 31 August 2012

နွေတမာန်- လူမိတ္တူ (၀တ္ထုတို)



နွေတမာန်
လူမိတ္တူ

အမျိုးသမီးတစ်ယောက်က စိတ်ကုဆရာဝန်တစ်ဦး၏ ဆေးခန်းရှေ့တွင်ရပ်ကာ ဆရာဝန်ဆိုင်းဘုတ်ကို ငေးကြည့်နေသည်။ သူမစိတ်ထဲတွင် စိတ်ကုဆရာဝန်၏ဆေးခန်းထဲကို ဝင်ရကောင်းနိုး၊ မဝင်ရကောင်းနိုး ဝေခွဲမရဖြစ်နေပုံရသည်။ တကယ်တော့ မစ္စလီလီယန်သည် အိမ်မှထွက်လာကတည်းက စိတ်ကုဆရာဝန် ‘ဒေါက်တာစမစ်’နှင့် ဆွေးနွေးတိုင်ပင်ရန် ဆုံးဖြတ်ပြီးမှ ထွက်လာခဲ့ခြင်းဖြစ်သည်။
လီလီယန်သည် လွန်ခဲ့သောတစ်လကပင် သူမ၏ပြသနာကို စိတ်ကုဆရာဝန် ဒေါက်တာစမစ်နှင့်တိုင်ပင်ရန် ဆုံးဖြတ်ချက် ချခဲ့ပြီးဖြစ်သည်။ ဆေးခန်းရှေ့သို့လက်တွေ့ရောက်ပါမှပင် စိတ်၌ ချီတုံချတုံဖြစ်နေရခြင်းဖြစ်ပါ၏။
ကံအားလျှော်စွာပင်… နေ့လည်ခင်းဖြစ်၍ လူနာတစ်ယောက်မျှမရှိပဲ ဒေါက်တာစမစ်သည် အားလပ်နေခဲ့သည်။ သူသည် သူ၏ဆိုင်းဘုတ်ရှေ့တွင် ငိုင်၍ရပ်နေသောအမျိုးသမီးကို မှန်တံခါးများအားဖောက်ထွင်း၍ မြင်နေရလေ၏။ သူ၏များစွာသောအတွေ့ အကြုံများအရ ထိုအမျိုးသမီး သူ့ဆေးခန်းထဲဝင်ဖို့ မဝံ့မရဲဖြစ်နေသည်ကို ရိပ်မိလိုက်သည်။
တကယ်တော့လည်း စိတ္တဇဆရာဝန်တစ်ယောက်ဆီသို့ လာရောက်ခြင်းသည်ပင် မိမိကိုယ်မိမိ စိတ္တဇဝေဒနာသည်ဟု ဖော်ထုတ်ရာကျနေပြီဖြစ်သောကြောင့် လူနာများအနေဖြင့် မဝံ့မရဲဖြစ်တတ်ခြင်းမှာ မဆန်းပါပေ။
ဒေါက်တာစမစ်က မှန်တံခါးကိုဖွင့်ကာ အပြင်သို့ထွက်လိုက်သည်။
]]ဟယ်လို… …  ကောင်းသောနေ့လည်ခင်းပါမိန်းကလေး}}

ဒေါက်တာစမစ်က အချိုသာဆုံးပြုံးကာ နှုတ်ဆက်လိုက်လေသည်။
လီလီယန်က အားတက်သွားကာ ဆရာဝန်ကို မော်ကြည့်လိုက်သည်။
]]ကျွန်တော့်ဆေးခန်းကို ကျွန်တော်နဲ့တွေ့ဖို့လာတာမဟုတ်လား၊ ကျွန်တော်က ဒေါက်တာစမစ်ပါ}}
]]ဟုတ်ကဲ့}}
လူနာမိန်းကလေးထံမှ အားလျော့စိတ်ပျက်ဟန်နှင့် ဘ၀ကိုငြီးငွေ့နေဟန်များကို ဒေါက်တာစမစ်တွေ့လိုက်ရသည်။
]]ဝင်ခဲ့လေ}}
ဒေါက်တာစမစ်က မှန်တံခါးရှေ့မှ ကိုယ်ကိုတိမ်းပေးရင်း ဖိတ်ခေါ်လိုက်သည်။
လီလီယန်သည် စိတ်ပေါ့ပါးစွာဖြင့် ဆေးခန်းထဲသို့ ခပ်သွက်သွက် လှမ်းဝင်လိုက်လေသည်။
+ + + + + + + + +
]]ကျွန်မနာမည် လီလီယန်ပါ၊ မစ္စလီလီယန်}}
]]ခင်ဗျားကိုကြည်ရတာ အချစ်ရေးအတွက် ဒါမှမဟုတ် အိမ်ထောင်ရေးအတွက် စိတ်ပျက်ဝမ်းနည်းနေပုံပဲ}}
]]ဒေါက်တာဟာ သိပ်တော်တာပဲနော်၊ ဒါကြောင့်လည်း အကျော်ကြားဆုံး စိတ်ကုဆရာဝန်ဖြစ်နေတာကိုး၊ ဟုတ်ပါတယ် ဒေါက်တာ၊ ကျွန်မဟာ အိမ်ထောင်ဖက်နဲ့ပတ်သက်ပြီး စိတ်ဒုက္ခခံစားနေရပါတယ်}}
]]ဘယ်လိုဖြစ်တာလဲဗျ၊ ခင်ဗျားယောက်ျားအိမ်ကထွက်သွားလို့လား၊ တခြားမိန်းမတစ်ယောက်နဲ့ ဖောက်ပြန်နေလို့လား၊ သူနဲ့ကွဲဖို့ကွာဖို့ ဆုံးဖြတ်ရခက်နေလို့လား၊ ဒါမှမဟုတ်… မပြောကောင်းမဆိုကောင်း ခင်ဗျားယောက်ျား သေများသွားလို့လားဗျာ}}
]]တစ်ခုမှမဟုတ်ပါဘူးဒေါက်တာ၊ ကျွန်မယောက်ျား ပြန်ရောက်လာလို့ပါ}}
]]ဘာဗျ}}
]]ဒီလိုပါ၊ ကျွန်မယောက်ျားဟာ ပျောက်ဆုံးသွားတာ ၇-နှစ်လောက်ရှိပြီရှင့်၊ လွန်ခဲ့တဲ့ ၇-နှစ်လောက်က သူဟာ သာမန်လုပ်ရိုး လုပ်စဉ်အတိုင်း အိမ်ကနေ အလုပ်ကိုထွက်သွားလိုက်တာ ပြန်မလာတော့ပါဘူးရှင်၊ အဲဒါ ၇-နှစ်နီးပါးရှိပါပြီ၊ အခုတော့ရှင်… … ပျောက်ဆုံးနေတဲ့ကျွန်မယောက်ျားဟာ ရုတ်တရက်ကြီး အိမ်ကိုပြန်ရောက်လာတယ်ရှင့်}}
]]ဒါ ခင်ဗျားအတွက် ဝမ်းသားစရာမဟုတ်ဘူးလားဗျ}}
]]မဟုတ်ဘူးရှင့်၊ ဘာဖြစ်လို့လဲဆိုတော့… …  သူ့ကိုယ်သူ ကျွန်မ ယောက်ျားပါဆိုပြီး ရောက်လာတဲ့လူဟာ တကယ်တော့ ကျွန်မယောက်ျားအစစ်မဟုတ်ပါဘူး၊ ဟန်ဆောင်ထားတဲ့ တခြားလူတစ်ယောက်ပါ}}
]]ဒါမျိုးက ကျွန်တော်လို စိတ်ကုဆရာဝန်နဲ့မဆိုင်ဘူးဗျ၊ ခင်ဗျား ရဲစခန်းကိုသွားရမှာ}}
]]ရဲတွေလည်း အားမကိုးရပါဘူးရှင်၊ ရဲတွေက ကျွန်မကို အဲဒီလူဟာ ကျွန်မယောက်ျားအစစ်ပါလို့ အတည်ပြုကြတယ်လေ}}
]]ရဲတွေက ခင်ဗျားယောက်ျားကို နဂိုကတည်းက သိနေလို့လား၊ ဘယ်လိုစစ်ဆေးပြီး ခင်ဗျားယောက်ျားအစစ်ပါလို့ အတည်ပြုကြတာလဲ}}
]]သူတို့ကတော့ နည်းရိုးကြီးအတိုင်းပေါ့ရှင်၊ သွေးအုပ်စုကိုစစ်တယ်၊ လက်ဗွေကိုစစ်တယ်၊ ဒီအန်အေကိုတောင် စစ်သေး တယ်ရှင့်၊ အဲဒါတွေစစ်ပြီး ဒီလူဟာ ပျောက်ဆုံးနေတဲ့ကျွန်မယောက်ျား မစ္စတာဟီးလ်မင်း အစစ်ပါလို့ ပြောလိုက်တာပဲ}}
]]ဒါဟာ လျော်ကန်ပါတယ်၊ လူတစ်ယောက်ကိုစစ်ဆေးတဲ့နေရာမှာ လက်ဗွေတွေ၊ သွေးအုပ်စုတွေက အဓိကပဲလေ၊ လက်ဗွေချင်းပါ တူနေပြီဆိုမှတော့ ရဲတွေက ခင်ဗျားယောက်ျားအစစ်ပါလို့ပြောတာကို ခင်ဗျားက ဘာလို့ငြင်းချင်နေရတာလဲ}}
]]ခက်တာပဲရှင်၊ သူဟာ ကျွန်မယောက်ျားမဟုတ်မှန်း ကျွန်မစိတ်ထဲက သေချာပေါက်သိနေတယ်၊ သူ ကျွန်မယောက်ျား မဟုတ်ဘူး၊ ဟုတ်လို့လည်း မဖြစ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့¼¼ ဘာဖြစ်လို့လဲဆိုတော့… }}
အမျိုးသမီးသည် စိတ်ဂနာမငြိမ်စွာ သူမလက်များဖြင့် စားပွဲခုံကို ခေါက်နေလေသည်။ သူမ အပြောရခက်နေပုံရသည်။
]]ပြောပါ၊ စိတ်ကုဆရာဝန်တစ်ယောက်ကို အကြောင်းစုံပွင့်ပွင့်လင်းလင်းဖွင့်ပြောမှ အဆင်ပြေမယ်}}
]]ဟုတ်ကဲ့၊ ပြောပါ့မယ်၊ ဒီလိုပါ၊ ကျွန်မ…  ကျွန်မ… ကျွန်မယောက်ျားအတွက် အသက်အာမခံငွေ တော်တော် များများရဖို့ရှိတယ်ရှင့်}}
]]ဟင်… … }}
]]ကျွန်မတို့မင်္ဂလာဆောင်ပြီးမကြာခင်မှာ ကျွန်မယောက်ျားက တန်ဖိုးတော်တော်များများအသက်အာမခံထားခဲ့တယ်လေ၊ ရပိုင်ခွင့်အားလုံးကို ကျွန်မကိုလွှဲခဲ့တယ်၊ အာမခံတန်ဖိုးက တော်တော်ကိုများပါတယ်ရှင်၊ ဒေါ်လာသန်းနဲ့ချီလို့ဆိုပါစို့}}
]]အင်း-}}
]]ဒါပေမယ့် သူပျောက်သွားတဲ့အချိန်မှာ ကျွန်မ အာမခံလျော်ကြေးကိုမရခဲ့သေးဘူး}}
]]ဘာဖြစ်လို့လဲ}}
]]အသက်အာမခံစာချုပ်တစ်ခုရဲ့ စည်းကမ်းချက်တွေကလည်း အများသားရှင့်၊ လူတစ်ယောက်ဟာ အသက်အာမခံထားပြီး တစ်နှစ်အတွင်းမှာ ကိုယ့်ကိုကိုယ်သတ်သေရင် အာမခံလျော်ကြေးမရနိုင်ဘူးဆိုတာတော့ ဒေါက်တာသိမှာပေါ့}}
]]သိပါတယ်၊ သဘောက ကိုယ့်ကိုကိုယ်သတ်သေဖို့ရည်ရွယ်ချက်ရှိတဲ့လူတစ်ယောက်ဟာ အသက်အာမခံကြိုတင်ထားပြီး အမြတ်ထုတ်တာမျိုးမဖြစ်အောင် ရည်ရွယ်ထားတာပါ၊ ဒါ ကောင်းတဲ့အချက်ပဲ၊ ဒီစည်းကမ်းချက်မျိုးသာမထားရင် အသက်အာမခံထား၊ ကိုယ့်ကိုကိုယ်သတ်သေပြီး မိသားစုကိုအာမခံလျော်ကြေးနဲ့လုပ်ကျွေးတာမျိုးတွေ သောက်သောက်လဲ ဖြစ်လာနိုင်တယ်၊ ဒီကန့်သတ်ချက်ဟာ ကိုယ့်ကိုကိုယ်သတ်သေဖို့အကြံအစည်ကိုလည်း ကာကွယ်ရာရောက်တယ်၊ ကျွန်တော်တော့ကြိုက်တယ်၊ ဘာလဲ၊ ခင်ဗျားယောက်ျားဟာ အသက်အာမခံထားပြီး တစ်နှစ်မပြည့်ခင် ကိုယ့်ကိုကိုယ်သတ်သေသွားလို့လား}}
]]အဲ့လိုမဟုတ်ပါဘူး၊ သူပျောက်သွားတဲ့အချိန်မှာ အသက်အာမခံထားပြီးလို့ တစ်နှစ်တောင်ကျော်နေပါပြီ၊ ကျွန်မပြောချင်တာက အသက်အာမခံစာချုပ်တွေရဲ့ တိကျတဲ့စည်းကမ်းချက်တွေအကြောင်းပါ}}
]]ဆိုပါဦး}}
]]ကျွန်မယောက်ျားက ပျောက်သွားတာလေ၊ သူ့အလောင်းကို ရှာမတွေ့ခဲ့ဘူး၊ အာမခံထားတဲ့သူတစ်ယောက်သေဆုံးလို့ အလောင်းရှာမတွေ့တဲ့အမှုတွဲမျိုးအတွက်လည်း စည်းကမ်းချက်တစ်ခုက ရှိနေပြန်တယ်၊ အလောင်းမတွေ့တဲ့အမှုတွဲတွေမှာ လျော်ကြေးရဖို့ ၇-နှစ်စောင့်ရတယ်}}
]]ဒါလည်း သင့်လျော်တာပဲ၊ ပင်လယ်ထဲမှာပျောက်ဆုံးတဲ့လူမျိုးတွေဟာ သေပြီလို့သတ်မှတ်ထားပြီးနောက်မှ ပြန်ပေါ် လာတတ်လို့ ဒီစည်းကမ်းချက်ကိုချမှတ်ထားတာတဲ့ဗျ၊ လျော်ကြေးကို မှားယွင်းပြီးမလျော်မိအောင်လို့ပေါ့ဗျာ၊ သေပြီအမှတ်နဲ့ လျော်ကြေးပေးပြီးနောက်မှ လူပြန်ပေါ်လာလို့ လျော်ကြေးကိုပြန်တောင်းရတာမျိုးမဖြစ်အောင် ကန့်သတ်ထားတာပဲ}}
]]ဟုတ်ပါတယ်၊ ကျွန်မယောက်ျားကိုလည်း ပျောက်သွားပြီး ပြန်မပေါ်လာတော့ သေပြီလို့ သတ်မှတ်လိုက်ပါတယ်၊ သူတကယ်သေပြီဆိုတာလည်း ကျွန်မစိတ်က သိနေတယ်ရှင့်၊ ဒါနဲ့ပဲ အသက်အာမခံလျော်ကြေးရဖို့ ကျွန်မဟာ စောင့်ဆိုင်းခဲ့ရတာပေါ့၊ ခုဆို ခုနစ်နှစ်တောင် ပြည့်ခါနီးပါပြီ}}
]]ခုနစ်နှစ်ပြည့်လုနီးအချိန်ကျမှ ခင်ဗျားယောက်ျားပြန်ပေါ်လာလို့ ခင်ဗျား မခံချိမခံသာဖြစ်နေတာမဟုတ်လား မစ္စလီလီ}}
]]ပြန်ပေါ်လာတဲ့လူဟာ ကျွန်မယောက်ျားအစစ်အမှန်ဆိုရင်တော့ ဘာအရေးလဲရှင့်၊ ခုဟာက… }}
]]ဒီမယ် မစ္စလီလီ၊ ရဲတွေက လက်ဗွေကအစတူပါတယ်လို့ ထောက်ခံထားတဲ့လူတစ်ယောက်ကို ခင်ဗျားက ခင်ဗျားယောက်ျား မဟုတ်ပါဘူးလို့ငြင်းကွယ်နေရင်တော့ ခင်ဗျားအမှားပဲ၊ လူတစ်ယောက်နဲ့တစ်ယောက်ဟာ သွေးအုပ်စုတူချင်တူမယ်၊ ဒီအန်အေလည်း တူချင်တူနိုင်တယ်၊ လက်ဗွေကတော့ ဘယ်နည်းနဲ့မှမတူနိုင်ဘူးဗျ၊ ရဲက ခင်ဗျားအိမ်ရောက်နေတဲ့လူကို ခင်ဗျားယောက်ျားအစစ်ပါလို့ အတည်ပြုပေးနေတာကို ခင်ဗျားဘာ့ကြောင့် ငြင်းဆန်နေတာလဲမစ္စလီလီ}}  
]]ဘယ်သူဘယ်လိုထောက်ခံထောက်ခံ အဲဒီလူဟာ ကျွန်မယောက်ျား ဟုတ်ကိုမဟုတ်ဘူး၊ ကျွန်မစိတ်ထဲက သိနေတယ်၊ ပြီးတော့- ကျွန်မ ယောက်ျားသေသွားပြီဆိုတာလည်း ကျွန်မယုံတယ်ရှင့်}}
]]ဒါဖြင့် ရှင်းပါတယ်၊ ခင်ဗျားယောက်ျားကို ခင်ဗျားကိုယ်တိုင် သတ်လိုက်လို့ ဒါလောက်ယတိပြတ်ပြောနိုင်နေတာပေါ့၊ ခင်ဗျားဟာ အသက်အာမခံလျော်ကြေးငွေကို ရလိုဇောနဲ့ ခင်ဗျားယောက်ျားကိုသတ်လိုက်တယ်၊  သတ်ပြီးမှအလောင်းကိုဖျောက်ဖျက် ထားချိန်မှာ အလောင်းမပြနိုင်လို့ အာမခံလျော်ကြေးကိုမရခဲ့ဘူး၊ ဒါနဲ့ပဲ ခင်ဗျားဟာ ၇နှစ်ပြည့်အောင် အောင့်အည်းပြီးစောင့်ခဲ့ရတယ်၊ အဲဒါကြောင့်လည်း ခင်ဗျားယောက်ျားပါဆိုပြီး ရောက်လာတဲ့လူကို ခင်ဗျားယောက်ျားမဟုတ်မှန်း ယတိပြတ်ပြောနိုင်နေတာပေါ့၊  ၇နှစ်ပြည့်အောင်သည်းခံစောင့်ခဲ့ရပြီးမှ ပြည့်ခါနီးမှ ခင်ဗျားရည်ရွယ်ချက်တွေ သဲထဲရေသွန်ဖြစ်ရလို့ ခင်ဗျားယူကြုံးမရဖြစ် နေတာမဟုတ်လား}}
မစ္စလီလီယန်က ဒေါက်တာစမစ်ကို အလိုမကျစွာကြည့်လိုက်သည်။ ဟန်ပန်အမူအရာများလည်း တုန်လှုပ်ဟန်ရှိလာသည်။ ကြောက်ရွံ့၍တုန်လှုပ်ခြင်းလော၊ မခံချင်စိတ်ဖြင့်တုန်လှုပ်ခြင်းလော…  ဆိုသည်ကိုမူ ခွဲခြားရခက်လှသည်။
]]ဒေါက်တာ၊ အဲဒါတွေက ရိုးအီနေတဲ့ နှစ်ဆယ်ရာစုအစပိုင်းက လျှို့ဝှက်သည်းဖိုဇာတ်လမ်းကြီးရှင့်၊ ဒီလိုလှည့်ကွက်မျိုးကို ကလေးတောင် သိတယ်၊ ရဲတွေကလည်း ခပ်တုံးတုံးလူတွေဆိုတော့ ဒေါက်တာတွက်သလိုပဲတွက်ခဲ့ကြတယ်လေ၊ ကျွန်မအိမ်နဲ့ခြံထဲများ ရှာလိုက်တာ နှံ့နေတာပဲ၊ မြေကြီးတွေတောင် တူးဆွပြီးရှာလို့ ရစရာတောင်မရှိတော့ဘူးရှင့်၊ လူ့ငတုံးတွေလို ဒေါက်တာလည်း မတုံးချင်စမ်းပါနဲ့၊ ကျွန်မက ဒေါက်တာ့ကို အထင်ကြီးလို့လာခဲ့တာပါ၊ ကျွန်မကိုကြည့်စမ်းပါ၊ လူသတ်မယ့်မိန်းမလားလို့၊ ဒီလို ကြောက်စရာအလုပ်မျိုးကို တွေးမိရုံနဲ့ကျောချမ်းလွန်းလို့ရှင်၊ ပညာတတ်ပီပီ တွေးခေါ်စမ်းပါဒေါက်တာရဲ့}}
အမျိုးသမီး၏ ချက်ကျသောစကားကြောင့် ဒေါက်တာစမစ် မျက်နှာပျက်သွားသည်။
]]ထားပါတော့၊ ဒီတော့ ကျွန်တော်က ဘာလုပ်ပေးရမှာလဲ၊ ခင်ဗျား အိမ်မှာရောက်နေတဲ့ယောက်ျားကို ခင်ဗျားယောက်ျားအစစ် ပါလို့ လက်ခံလာအောင် စိတ်ညှို့ပြီး ခင်ဗျားကိုကုပေးရမှာလား}}
]]ကျွန်မဆေးကုစရာမလိုပါဘူး၊ ကျွန်မလူကောင်းပါ၊ အိမ်ကယောက်ျားကိုလည်း ကိုယ့်လင်သားလို့ မထင်မှတ်ချင်ပါဘူး၊ သူဟာ ကျွန်မယောက်ျားမဟုတ်မှန်း အခိုင်အမာသိနေတာပဲဟာ၊ သူဟာ အယောင်ဆောင်အတုမှန်းသိလို့ ကျွန်မက အနား တောင်အကပ်မခံဘူးရှင့်၊ သူ့သက်သေပြချက်တွေခိုင်လုံလို့ အိမ်ပေါ်မှာလက်ခံထားရပေမယ့် ကျွန်မ သူနဲ့ခပ်ကင်းကင်းနေတယ်၊ သူနဲ့အတူအိပ်ဖို့ဆိုတာဝေးရော၊ ကျွန်မက သူဟာ အယောင်ဆောင်အတုဖြစ်တယ်ဆိုတာကို ရအောင်ဖော်ထုတ်မှာပါ}}
]]နေပါဦးဗျာ၊ လုံးဝတူနိုင်စရာမရှိတဲ့ လက်ဗွေတောင် တူနေမှ ခင်ဗျားက ဘာလို့ငြင်းနေရတာလဲ၊ တန်တော့- ခင်ဗျားဟာ ရမယ့်အသက်အာမခံလျော်ကြေးတွေကို လက်လွှတ်ရတော့မယ်ဆိုတဲ့စိတ်နဲ့ ဒီလူကို ခင်ဗျား ယောက်ျားမဟုတ်ပါဘူးလို့ငြင်းနေ တာပဲဖြစ်ရမယ်}}
]]ခက်ပါလားဒေါက်တာရယ်၊ ခုလို အစစအရာရာတိုးတက်နေတဲ့ခေတ်ကြီးမှာ လက်ဗွေကိုလည်း တူအောင်လုပ်နိုင်တဲ့အတတ် ပညာမျိုး ပေါ်ချင်ပေါ်နေမှာပေါ့ရှင့်}}
]]ပေါ်တော့ရော၊ ဘယ်သူက ခင်ဗျားယောက်ျားနဲ့တူတဲ့လူအတုလုပ်ပြီး ခင်ဗျားဆီလွှတ်လိုက်မှာလဲ}}
]]ဘယ်သူရမှာလဲရှင့်၊ အသက်အာမခံကုမ္ပဏီကပေါ့၊ လျော်ကြေး လျော်ရမှာစိုးလို့၊ အာမခံကုမ္ပဏီက သူတို့လူတစ်ယောက်ကို အတုလုပ်ပြီး ကျွန်မဆီ ပုံမှားရိုက်လွှတ်လိုက်တာလေ}}
]]ဗျာ-}}
]]ကဲ- ကျွန်မပြောတာ မဖြစ်နိုင်ဘူးလား}}
]]အဲဒီလိုဖြစ်နိုင်တယ်ထင်ရင်လည်း ခင်ဗျားကျွန်တော့်ဆီလာစရာ မလိုဘူးဗျ၊ ခင်ဗျား စုံထောက်အေဂျင်စီတစ်ခုခုကိုသွားရမှာ၊ အလွတ်စုံထောက်တစ်ယောက်ယောက်ဆီဖြစ်ဖြစ် သွားရမှာ}}
]]စုံထောက်တွေကိုလည်း ကျွန်မအထင်မကြီးပါဘူး၊ ရဲတွေနဲ့ သူမသာကိုယ်မသာတွေပါ၊ ဝတ္ထုထဲတွေမှာသာ အထင်ကြီးစရာ ကောင်းတာ၊ အပြင်က တကယ့်စုံထောက်တွေကတော့ အူတူတူတွေရှင့်}}
]]ခင်ဗျားကိစ္စက တော်တော်ခက်တာပဲ၊ ကဲ- ဒါဖြင့် ကျွန်တော့်ကိုပြောပြစမ်းဗျာ၊ ခင်ဗျားအိမ်မှာရောက်နေတဲ့လူကို ခင်ဗျားယောက်ျား ဟန်ဆောင်ထားတယ်လို့ ဘာကြောင့်ထင်ရတယ်ဆိုတာကို ပြောပြစမ်းပါ}}
]]ရုပ်ရည်၊ အရပ်အမောင်း၊ ဟန်ပန်အမူအရာကတော့ ချွတ်စွတ်တူပါတယ်ဒေါက်တာ၊ ဒီလူကို အယောင်ဆောင်လို့ ကျွန်မအတွင်းစိတ်ထဲက သိနေတာပါ၊ အဲ… အသေးစိတ်အချက်အလက်တွေ ပြောရမယ်ဆိုရင်တော့… }}
အမျိုးသမီးက ပြန်လည်စဉ်းစားဟန်ဖြင့် ခေတ္တမျှငြိမ်သက်သွားသည်။
]]ကျွန်မတို့ဟာ သုံးနှစ်သုံးမိုး ချစ်ကြိုက်ခဲ့ပြီးမှ ယူခဲ့ကြတာပါ၊ ဒီခေတ်ထဲမှာ သုံးနှစ်သုံးမိုး စောင့်စားပြီးမှလက်ထပ်တယ်ဆိုတာ အတော် ရှားနေပြီမဟုတ်လား၊ ကျွန်မတို့ဟာ စံပြစုံတွဲပါရှင်၊ တစ်ယောက်နဲ့တစ်ယောက်လည်းသိပ်ချစ်ကြတယ်၊ ကျွန်မတို့ဟာ ကျွန်မတို့အတွက် ထူးခြားတဲ့အထိမ်း အမှတ်နေ့တွေကိုလည်း မှတ်မှတ်သားသားရှိကြတယ်ရှင့်၊ အခုရောက်လာတဲ့လူအတုကတော့ ဒါတွေကို တစ်ခုမှမမှတ်မိဘူး၊ သူနဲ့ကျွန်မ တရုတ်ပြည်က မဟာတံတိုင်းကြီးကို ဟန်းနီးမွန်းထွက်ခဲ့တဲ့အကြောင်းကိုလည်း မမှတ်မိဘူး၊ အိန္ဒိယပြည်က တပ်ခ်ျမဟာကို သွားလည်ကြတာကိုလည်း မသိတော့ဘူးတဲ့၊ ယုတ်စွအဆုံးရှင်- သူ့ကို ကျွန်မ ချစ်အဖြေပေးတဲ့နေ့ကိုလည်း မမှတ်မိပြန်ဘူး၊ သေသွားတဲ့ကျွန်မယောက်ျားအစစ်ကတော့ သူ့ကို ကျွန်မချစ်အဖြေပေးတဲ့နေ့ ရောက်တိုင်း လက်ဆောင်ပန်းစည်းကို မပျက်မကွက်ဝယ်လာတတ်တယ်၊ အဲဒီလိုပေါ့ရှင်၊ ကျွန်မတို့နှစ်ယောက်တည်းသိတဲ့ အသေးစိတ်အချက်အလက်တွေကို သူသိမနေဘူး၊ သူသိတာက အများတကာသိနိုင်တဲ့ မိဘဆွေမျိုးနာမည်တို့၊ မှတ်ပုံတင်နံပါတ်တို့၊ ယာဉ်မောင်းလိုင်စင်နံပါတ်တို့၊ သွေးအုပ်စုတို့၊ မွေးသက္ကရာဇ်တို့၊ ဒါပဲရှင့်၊ ဒါကိုကြည့်ခြင်းအားဖြင့် သူဟာ ကျွန်မယောက်ျား မစ္စတာဟီးလ်မင်းရဲ့ ကိုယ်ရေးအထုပ္ပတ္တိကိုကျက်မှတ်ပြီး အယောင်ဆောင်နေတယ်ဆိုတာ ထင်ရှားမနေဘူးလား}}
]]မတော်တဆမှုတစ်ခုခုကြောင့် ခင်ဗျားပြောတဲ့ အမှတ်တရကိစ္စတွေကို မေ့သွားတာဆိုရင်ကော}}
]]သူကလည်း အဲဒီအတိုင်းအကြောင်းပြတယ်လေ၊ ကျွန်မက ကျွန်မယောက်ျားသေပြီးပြီဆိုတာ သေချာသိနေတယ်၊ သူ့ကိုလည်း အယောင်ဆောင်ဆိုတာ သိနေတယ်၊ ဒါပေမယ့် ကျွန်မမှာ သက်သေပြစရာမရှိဘူး}}
]]ခင်ဗျားကိစ္စက ခက်သားပဲ၊ ဒီလူကို ဟန်ဆောင်သမားလို့ စွပ်စွဲနေတာက ခင်ဗျားတစ်ယောက်တည်း၊ ဒီလူဟာ ခင်ဗျားယောက်ျားပါလို့ အတည်ပြုနေတဲ့သူတွေက အများကြီး၊ တစ်ကမ္ဘာလုံးနဲ့ ခင်ဗျားတစ်ယောက်တည်းလိုဖြစ်နေတယ် မစ္စလီလီ၊ ကျွန်တော်က ဘာလုပ်ပေးနိုင်မှာလဲ}}
]]ဒေါက်တာလုပ်ပေးနိုင်တာရှိပါတယ်၊ ဒေါက်တာ့အကြောင်းကို ကျွန်မ သေသေချာချာစုံစမ်းပြီးမှ လာခဲ့တာပါ၊ ဒေါက်တာဟာ စိတ်ညှို့ကုထုံးနဲ့ လူနာတွေကိုကုသတဲ့နေရာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တယ်လေ၊ ဒေါက်တာ အိပ်မွေ့ချ၊ စိတ်ညှို့ပြီး စေခိုင်းလိုက်ရင် အတိတ်မေ့နေတဲ့လူတွေတောင် သူတို့အတိတ်ကို မသိစိတ်နဲ့ပြန်ပြောနိုင်တယ်မဟုတ်လား}}
]]ဟုတ်ပြီ၊ ဟုတ်ပြီ}}
ဒေါက်တာစမစ်က သူ့ပေါင်သူ လက်ဝါးနှင့်ပုတ်ကာ အမျိုးသမီးပြောစကားကိုထောက်ခံလိုက်သည်။
]]ခင်ဗျားဆိုလိုရင်းကို ခုမှ ကျွန်တော်သဘောပေါက်တော့တယ်ဗျို့၊ ကျွန်တော် စိတ်ညှို့အိပ်မွေ့ချလိုက်ရင် ဘယ်လောက်မေ့ နေတဲ့ကိစ္စမျိုးဖြစ်ဖြစ် လူနာဟာ အလိုလိုပြန်မှတ်မိပြီး အသေးစိတ်ပြန်ပြောတော့တာပဲဗျို့၊ ခင်ဗျားယောက်ျားဆိုတဲ့လူကိုလည်း စိတ်ညှို့အိပ်မွေ့ချလိုက်တာနဲ့ သူဟာ သူ့အကြောင်းတွေကို တစ်လုံးမကျန်ပြန်ပြောစေရမယ်ဗျာ၊ တကယ်လို့ သူဟာ အယောင်ဆောင်သမားဆိုရင် စိတ်ညှို့အိပ်မွေ့ချကုသနည်းနဲ့ သူ့ရဲ့ဟန်ဆောင်သမားဘ၀ကို ပေါ်စေရမယ်ဗျာ}}
]]အရိပ်ပြမှ အကောင်ထင်တော့တယ်ဒေါက်တာရယ်၊ သူ့ကို အိပ်မွေ့ချပြီး သူဘယ်သူ၊ ဘာကြောင့်ဟန်ဆောင်နေ တယ်ဆိုတာတွေ ပေါ်အောင်မေးပေးပါဒေါက်တာ၊ ကျွန်မ ဒေါက်တာ့ကျေးဇူးကိုမမေ့ပါဘူး၊ ကျွန်မယောက်ျားအတွက် အသက်အာမခံလျော်ကြေးငွေရရင် ဒေါက်တာ့ကို တစ်ဝက်ခွဲပေးပါ့မယ်ဒေါက်တာ}}
]]အဲဒီလောက်မလိုပါဘူးလေ၊ ဒါပေမယ့် သူဟာ တကယ်အယောင်ဆောင်သမားဖြစ်မှသာ အမှန်ပေါ်မှာနော်၊ သူ့ကို အိပ်မွေ့ချစစ်ဆေးကြည့်လို့ သူဟာ ခင်ဗျားယောက်ျားအစစ်အမှန်လို့ ပေါ်လွင်လာရင်လည်း ခင်ဗျား လက်ခံရလိမ့်မယ်}}
]]လက်ခံပါ့မယ်ဒေါက်တာ၊ အဲဒီလိုလည်းဖြစ်လာမှာမဟုတ်ပါဘူး၊ ဒေါက်တာ့ပညာနဲ့စစ်ဆေးလိုက်ရင် သူအယောင်ဆောင်ဆိုတာ ဗူးပေါ်သလို ပေါ်လာပါလိမ့်မယ်၊ တစ်ခုတော့ရှိတယ်ဒေါက်တာ၊ သူ့ဆီက ဝန်ခံချက်တွေကိုတော့ အထောက်အထားအတိအကျ နဲ့လိုချင်ပါတယ်၊ ဒါမှ အသက်အာမခံကုမ္ပဏီကို သူဟာကျွန်မယောက်ျားမဟုတ်ကြောင်း သက်သေပြနိုင်မှာလေ}}
]]ဒါတော့ စိတ်ချပါ၊ ဒီလူကို အိပ်မွေ့ချကုသနေတဲ့တလျှောက်လုံး အစကနေအဆုံးအထိ ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ထား မယ်ဗျာ၊ အိပ်မောကျနေတုံး သူဝန်ခံတဲ့စကားတွေကို သူပြန်ငြင်းလို့မရအောင်ပေါ့၊ အဲဒီ ဗီဒီယိုခွေကို ခင်ဗျားပေးပါ့မယ်}}
]]ကျေးဇူးတင်လိုက်တာဒေါက်တာရယ်}}
]]ဒါနဲ့ ခင်ဗျားလူကရော၊ ကျွန်တော့်ဆီကို လျှောလျှောရှူရှူ လာပါ့မလားဗျ}}
]]ဒါတော့ စိတ်ချပါဒေါက်တာ၊ ကျွန်မသူ့ကို ချော့မော့ပြီး ဒေါက်တာ့ဆီအရောက် လွှတ်လိုက်ပါမယ်}}
]]ဒါဖြင့် ရှေ့အပတ်ထဲမှာပဲ လွှတ်လိုက်ပါဗျာ}}
ဒေါက်တာစမစ်က မစ္စတာဟီးလ်မင်းဆိုသူအား သူ့ဆီလာရောက် ရမည့်နေ့ရက်ကို သတ်မှတ်ပေးလိုက်လေသည်။
+ + + + + + + + +
ချိန်းဆိုထားသည့်နေ့တွင် ဟီးလ်မင်းဆိုသူသည် စိတ်ကုဆရာဝန်၏ဆေးခန်းထဲသို့ ကုပ်ချောင်းချောင်းဖြင့် ဝင်လာလေ၏။
]]မစ္စတာဟီးလ်မင်း မှတ်တယ်}}
]]ဟုတ်-ဟုတ်ကဲ့ဒေါက်တာ}}
]]လာဗျာ၊ ဆေးခန်းထဲသွားကြစို့}}
]]ဟုတ်-ဟုတ်ကဲ့ဒေါက်တာ}}
ဆေးခန်းအတွင်းသို့အရောက်တွင် စိတ်ကုဆရာဝန်က မစ္စတာဟီးလ်မင်းအား လူနာကုတင်ပေါ်တွင် လဲလျောင်းခိုင်းလိုက fသည်။
]]ကျွန်တော်မကုသခင် ခင်ဗျားကို အနည်းငယ်စမ်းသပ်ကြည့်ပါရစေ}}
]]ဟုတ်-ဟုတ်ကဲ့ဒေါက်တာ}}
ဆရာဝန်က မစ္စတာဟီးလ်မင်းဆိုသူအား အမျိုးမျိုးစမ်းသပ်စစ်ဆေးလေသည်။
စစ်ဆေးအပြီးတွင် ဆရာဝန်က ပြောလိုက်၏။
]]အိပ်မွေ့ချစိတ်ညှို့စရာတောင်မလိုဘူး၊ ခင်ဗျားဟာ လူမှမဟုတ်ပဲ၊ လူအတုတစ်ယောက်ပဲဗျ၊ ခင်ဗျားဟာ ပုံတူမျိုးပွားထားတဲ့ ]ကလုံး}လူသားတစ်ယောက်ပဲ၊ မစ္စတာဟီးလ်မင်းအစစ်ရဲ့ ခန္ဓာကိုယ်အပိုင်းအစတစ်ခုခုကနေ ပုံတူမျိုးပွားနည်းနဲ့ပွားထားတဲ့ လူတူ-လူအတုတစ်ယောက်ပဲ}}
ဟီးလ်မင်းဆိုသူက ပြူးကြောင်သောမျက်လုံးများဖြင့် ကုတင်ထက်မှ ကြည့်နေသည်။
]]ခင်ဗျားဟာ မစ္စတာဟီးလ်မင်းနဲ့တော့တူပါရဲ့၊ တူတာမှ လက်ဗွေပါတူတယ်ဆို၊ တူမှာပေါ့၊ ပုံတူမျိုးပွား ကလုံးတစ်ကောင်ပဲကိုး၊ တူတာ ဘာဆန်းသလဲ၊ အဲ- ကျုပ်စမ်းသပ်ကြည့်တော့ ခင်ဗျားရဲ့ အရိုးအရေတွေဟာ လတ်ဆတ်နေတယ်ဗျ၊ အသက်လေးဆယ်ကျော် လူတစ်ယောက်ရဲ့ရင့်ရော်မှုကို ခင်ဗျားရဲ့အရိုးအရေတွေမှာ မတွေ့ရဘူး၊ ဘယ်တွေ့ရမလဲ၊ ခင်ဗျားဟာ လွန်ခဲ့တဲ့တစ်လလောက်ကမှ လူအတုတစ်ယောက်အဖြစ် ဖန်တီးခံထားရတာကိုး၊ ကျုပ်အနေနဲ့ အိပ်မွေ့ချပြီး စိတ်ညှို့စရာတောင် မလိုတော့ပါဘူးဗျာ၊ ဘဲ့နဲ့လဲ၊ ခင်ဗျားကို ဘယ်သူတွေက ကလုံးလုပ်လွှတ်ပြီး ဟန်ဆောင်ခိုင်းလိုက်တယ်ဆိုတာကိုပါ ပြောရဦးမလား၊ တခြားမဟုတ်ဘူးဗျို့၊ အသက်အာမခံကုမ္ပဏီပဲ၊ မစ္စတာဟီးလ်မင်းရဲ့အသက်အာမခံလျော်ကြေးကို လျော်ရမှာစိုးလို့ အတုလုပ်ပြီး ထည့်ထားတာလေ၊ ဟဲ-ဟဲ-}}
ကုတင်ပေါ်မှလူသည် လျှင်မြန်စွာ ထလိုက်သည်။
]]အာမခံကုမ္ပဏီအနေနဲ့လည်း ခင်ဗျားကိုအတုလုပ်ဖို့မခက်ဘူးလေ၊ မစ္စတာဟီးလ်မင်းအာမခံထားစဉ်က မစ္စတာဟီးလ်မင်းရဲ့ သွေးနမူနာကိုထုတ်ယူထားတာရှိနေတာကို၊ အဲဒီသွေးကတစ်ဆင့် ခင်ဗျားကို ပုံတူမျိုးပွားပေးလိုက်တာပဲ}}
]]ဩော- ခင်ဗျားက အကြောင်းစုံကိုသိနေပြီကိုး၊ သိနေမှတော့ မထူးတော့ပါဘူးဗျာ၊ ခင်ဗျားကို အပြတ်ရှင်းရတော့မယ် ဆရာဝန်ရေ့}}
ကလုံးလူသားက အင်္ကျီအတွင်းဖက်မှ ပစ္စတိုသေနတ်ကိုထုတ်ယူကာ ဆရာဝန်ကိုချိန်လိုက်သည်။
]]ဟေ့-ဟေ့- မလုပ်နဲ့၊ မှားကုန်လိမ့်မယ်၊ ကျုပ်ဟာလည်း ဆရာဝန် ဒေါက်တာစမစ်အစစ်မဟုတ်ဘူးဗျ၊ ခင်ဗျားလို ကလုံးတစ်ကောင်ပဲ}}
]]ဘာ-}}
]]မစ္စလီလီယန်က ဒေါက်တာစမစ်ဆီမှာ ခင်ဗျားအမှုတွဲအမှန်ပေါ်အောင်လာအပ်မှန်းသိတော့ အသက်အာမခံကုမ္ပဏီက ဒေါက်တာစမစ်ကိုဖမ်းပြီး သတ်ပစ်လိုက်တယ်လေ၊ ကျုပ်ကတော့ ဒေါက်တာစမစ်ရဲ့ ဦးနှောက်အပိုင်းအစတစ်ခုကနေ ပွားထားတဲ့ ပုံတူမျိုးပွား ကလုံးလူသားပဲဗျ၊ ဟား-ဟား-ဟား-}}
မစ္စတာဟီးလ်မင်းဟန်ဆောင် ကလုံးလူသားက သေနတ်ကို အင်္ကျီအတွင်းဖက်ထဲပြန်ထည့်လိုက်သည်။
]]အစကတည်းက ပြောရောပေါ့ဗျာ}}
]]မစ္စလီလီယန်ယုံကြည်အောင် ဆေးခန်းထဲခေါ်ပြီး ကုသသယောင် လုပ်ပြရသေးတာပေါ့ဗျာ၊ အင်း- ခင်ဗျားကတော့ ကံကောင်းပါ့ဗျာ၊ ကလုံးထဲမှာတော့ ခင်ဗျားကံအကောင်းဆုံးပါပဲ၊ ကလုံးဘ၀နဲ့ မိန်းမလှလေးကို ပေါင်းဖက်ခွင့်ရတော့မှာပေါ့ဗျာ၊ ခင်ဗျားကို သူ့ယောက်ျားလို့လက်ခံပြီးတာနဲ့ လီလီယန်က သူနဲ့အတူအိပ်ခွင့်ပေးတော့မှာလေ၊ ဟဲ-ဟဲ-}}
]]ကျေးဇူးတင်လိုက်တာဒေါက်တာကလုံးရယ်}}
]]ခင်ဗျား ကျုပ်ကိုကျေးဇူးတင်ရမှာမဟုတ်ဖူးဗျ၊ ကျုပ်တို့ကို ပုံတူမွေးဖွားပေးလိုက်တဲ့ ကုမ္ပဏီကလူကြီးတွေကို ကျေးဇူးတင်ရမှာ၊ ကျုပ်တို့ဟာ ကျုပ်တို့ကိုဖန်တီးပေးတဲ့ လူကြီးတွေရဲ့ သစ္စာကို စောင့်သိဖို့လိုတယ် မဟုတ်လား}}
]]ဒါတော့ဒါပေါ့ဗျာ၊ ခင်ဗျားကိုလည်း ကုမ္ပဏီတစ်ခုတည်းရဲ့ အကျိုးတူကိစ္စအတွက် ဖန်တီးထားတဲ့ ကလုံးအချင်းချင်းအနေနဲ့ လေးစားပါတယ်}}
ကလုံးနှစ်ယောက်က လက်ဆွဲနှုတ်ဆက်လိုက်သည်။
]]ကျွန်တော့်ကို ခွင့်ပြုပါဦးဒေါက်တာကလုံး- အဲ- ဒေါက်တာစမစ်}}
]]ကံကောင်းပါစေဗျာ}}
မစ္စတာဟီးလ်မင်းအယောင်ဆောင်ကလုံးက နှုတ်ဆက်ပြီး ဆေးခန်းထဲမှ ထွက်သွားလေသည်။
ဆရာဝန်က ပြုံး၍ကြည့်ရင်း ကျန်ခဲ့သည်။
ဟီးမင်းကလုံး အခန်းထဲမှထွက်သွားသည်နှင့် စားပွဲပေါ်မှ တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။
+ + + + + + + + +
မစ္စတာဟီးလ်မင်းအယောင်ဆောင်ကလုံးသည် ဆေးခန်းထဲမှ ထွက်လာခဲ့လေသည်။
အပြင်မှာရပ်ထားသော ကားပေါ်သို့တက်ရန်အပြင်တွင် ကားကိုကွယ်၍ရပ်နေသောရဲများ ပေါ်ထွက်လာကာ ဟီးလ်မင်းအယောင် ဆောင်ကလုံးကို လက်ထိပ်ခတ်ဖမ်းဆီးလိုက်လေသည်။
ဒေါက်တာစမစ်သည် ဆေးခန်းအဝ မှန်တံခါးချပ်ကိုဖွင့်၍ထွက်လာကာ မြင်ကွင်းကိုကြည့်နေသည်။ သူ့ကြည့်နေစဉ်မှာပင် ဟီးလ်မင်းအတုကို ဖမ်းဆီးခေါ်ဆောင်သွားသောအချုပ်ကားသည် သူ့မြင်ကွင်းထဲမှပျောက်ကွယ်သွားလေသည်။
ဒေါက်တာစမစ်က ဆေးခန်းထဲသို့ပြန်ဝင်ခဲ့သည်။
အခန်းထဲမှတယ်လီဖုန်းဖြင့် လီလီယန့်ဆီသို့ဆက်သွယ်လိုက်၏။
တကယ်တော့ ဒေါက်တာစမစ်သည် လီလီယန်လာရောက်ဆွေးနွေးစဉ်ကတည်းက လီလီယန့်ထံသို့ရောက်နေသူသည် ပုံတူ မျိုးပွားနည်းဖြင့် ဖန်တီးထားသော လူအတုတစ်ယောက်ဖြစ်နိုင်ကြောင်း စဉ်းစားမိခဲ့လေသည်။ သူသည် ရဲကိုအကျိုးအကြောင်း ပြောပြကာ ဟီးလ်မင်းနှင့်ချိန်းဆိုထားသော ယနေ့တွင် ရဲများကို ဆေးခန်းရှေ့၌ ပုန်းကွယ်စောင့်ခိုင်းထားခြင်းဖြစ်သည်။
စမ်းသပ်ကြည့်၍ ကလုံးဖြစ်ကြောင်းသေချာသည့်အခါ ကလုံးပြန်ထွက်အသွား၌ အပြင်မှရဲများကို ဖုန်းဆက်၍ အကြောင်းကြားလိုက်ခြင်းဖြစ်ပါသည်။
ကလုံးကို သူကိုယ်တိုင်လည်း ဒေါက်တာစမစ်ကိုသတ်၍ဖန်တီးထားသောကလုံးအဖြစ် အယုံသွင်းခဲ့ခြင်းသာဖြစ်ပါသည်။
ဒေါက်တာစမစ်သည် လီလီယန့်ထံဖုန်းဆက်၍ သည်ဖက်မှဖြစ်စဉ်များကို ပြောပြလိုက်သည်။
ထို့နောက် ဖုန်းကိုပြန်ချထားလိုက်ကာ မကြာမီရောက်လာပြီး ကျေးဇူးတင်စကားပြောမည့်မစ္စလီလီယန်ကို စောင့်မျှော်နေလေ တော့သည်။
+ + + + + + +
( မှတ်ချက်။   ။ ဤဝတ္ထုသည် ဘာသာပြန်ဝတ္ထုမဟုတ်ပါ။ )
                                                                                          နွေတမာန်

No comments: