Monday 21 January 2013

Audio Joke 34 ခေါင်းညိတ် ခေါင်းခါ

Audio Joke 34

 ခေါင်းညိတ် ခေါင်းခါ


ဇနီးဖြစ်သူရဲ့အသုဘမှာ 
အသုဘရှုလာကြတဲ့ပရိဿတ်ထဲက 
မိန်းမတွေကိုတော့ ခေါင်းတွင်တွင် ညိတ်ပြပြီး၊
 ယောကျာ်းတွေကိုတော့ ခေါင်းချည်းခါပြနေတဲ့ 
ပူပူနွေးနွေးမုဆိုးဖိုကြီးရဲ့ဖြစ်အင်။

Audio Joke 33 ဒါမှမဟုတ်

Audio Joke 33 

ဒါမှမဟုတ်

  
အိမ်ထောင်ရေးသုခအတွက် ပြဿနာရှိနေတဲ့လင်မယားနှစ်ယောက်ဟာ
အမျိုးသမီးဆရာဝန်ဆီ ကုသခံဖို့ရောက်လာပါတယ်။
ဆရာဝန်က လူနာကို ကုသပေးလိုက်သလား?
လူနာကို ဆရာဝန်က ကုသခိုင်းသလား?
ဆရာဝန်မလေးက ဘယ်လိုဆုံးဖြတ်ပေးလိုက်သလဲ?
သိချင်ရင် နားဆင်ကြည့်ပါ။

Audio Joke 32 ရှောင်မရ တိမ်းမရ

Audio Joke 32

 ရှောင်မရ တိမ်းမရ

အတင်းပြောမယ်ဆိုရင် သတိနဲ့ပြောပါ။
နေ့ပြော နောက်ကြည့်
ညပြော အောက်ကြည့်...တဲ့။

Audio Joke 31 သေသွားတဲ့ယုန်

Audio Joke 31

 သေသွားတဲ့ယုန်

ဆရာဝန်က ပြောပါတယ်။
မုဆိုးတစ်ယောက်ဟာ ထီးကိုယူလာရမယ့်အစား
ထီးကောက်ကြီးကိုယူလာပြီး အမဲပစ်ဖို့ ထွက်ခဲ့ပါတယ်တဲ့။
ဒါပေမယ့်... အဲဒီထီးကောက်ကြီးနဲ့ပဲ
ယုန်တစ်ကောင်ကို
သေနတ်ပစ်သလို 
ပါးစပ်က ဒိုင်း... ဒိုင်း...လို့အော်ပြီး ပစ်လိုက်တာ
ယုန်ဟာ သေနတ်ဒဏ်ရာရပြီး တကယ်သေသွားပါသတဲ့။
ဆရာဝန်ပြောတာ ဖြစ်နိုင်ပါ့မလား?

Audio Joke 30 ကျွမ်းကျင်ရာလိမ္မာ

Audio Joke 30 

ကျွမ်းကျင်ရာလိမ္မာ

လည်စည်းစည်းဖို့ အခက်တွေ့နေတဲ့ လူတစ်ယောက်က
တခြားတစ်ယောက်ကို အကူအညီတောင်းရာမှာ
ထိုသူက ကုတင်ပေါ်လှဲအိပ်ခိုင်းပြီး
လည်စည်းကို ကောင်းကောင်းစည်းပေးလိုက်ပါတယ်။
သူက လဲလျောင်းနေတဲ့သူတွေကိုပဲ လည်စည်းကောင်းကောင်းစည်းပေးတယ်ပါတယ်တဲ့။
ဘာကြောင့်ပါလိမ့်?

Sunday 20 January 2013

ဆောင်းလုလင်၏အသံထွက်ဝတ္ထု- စက်ရုပ်ဖုတ်ကောင်

ဆောင်းလုလင်၏အသံထွက်ဝတ္ထု

စက်ရုပ်ဖုတ်ကောင်

စာရေးဆရာဆောင်းလုလင်၏ 
စက်ရုပ်ဖုတ်ကောင် 
သိပ္ပံဝတ္ထုတိုကို 
အသံထွက်ဝတ္ထုအဖြစ် ဖန်တီးထားခြင်းဖြစ်ပါသည်။
စီစဉ်တင်ဆက်သူ- နွေတမာန်
နောက်ခံအသံ- နွေတမာန်

ဆောင်းလုလင်- စက်ရုပ်ဖုတ်ကောင် (သိပ္ပံဝတ္ထုတို)


ဆောင်းလုလင်
စက်ရုပ်ဖုတ်ကောင်

 
           စိန်သူဌေးဦးဘိုဘိုစိန်သည် ယနေ့မနက်တွင် ကလေးတစ်ယောက် ကို ကောက်ရလာခဲ့သည်။ယနေ့မနက် သူ၏ စိန်အရောင်းခန်းမသို့ အလုပ်ဆင်း ရန် အိမ်မှထွက်အလာတွင် လမ်းထိပ်အရောက်၌ ပလက်ဖောင်းပေါ်တွင် ငိုယိုနေသော အသက် ၂ နှစ်အရွယ် ကလေးလေးတစ်ယောက်ကို တွေ့ရလေ သည်။ ကလေးလေးမှာ ဖြူဖြူစင်စင်နှင့် ချစ်စဖွယ်ကလေးဖြစ်ပြီး လူ အများက ကလေးကို ဝိုင်းကြည့်နေကြ၏။ ကလေးချစ်တတ်ပြီး သားသမီး မရှိသောကြောင့် ကလေးရူး ရူးနေသူ ဦးဘိုဘိုစိန်သည် ကားကိုရပ်ကာ စုံစမ်းကြည့်ခဲ့သည်။
            မနက်ခင်းစောစောကတည်းက ထိုကလေးလေးမှာ လမ်းဘေး၌ ငိုယိုနေသည်ကို တွေ့ရကြောင်း၊ မိဘများက စွန့်ပစ်ခဲ့ဟန်တူကြောင်း၊ လူသွား လူလာ ရှင်းလင်းသည့်နေရာဖြစ်၍ ကလေးမျက်စိလည်ပြီး မိဘနှင့် ကွဲသွား ခြင်းမျိုး မဖြစ်နိုင်ကြောင်း ဘေးလူများက ပြောပြလေသည်။
            ကလေးလေးမှာ ယောက်ျားလေးဖြစ်ပြီး ပါးဖောင်းဖောင်း၊ မျက်လုံး ပြူးပြူး၊ နှာတံပေါ်ပေါ်နှင့် ဆံပင်လိမ်ကောက်ကောက်လေးများက ခေါင်းပေါ် ဝဲနေသော ကြောင့် ကစားစရာအရုပ်ကလေးနှင့် တူလှလေသည်။
            ]]ဒီလောက်သန့်ပြန့်ပြီး ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုမိဘမျိုးကများ စွန့်ပစ်သွားပါလိမ့်}}
            စိန်သူဌေးဦးဘိုဘိုစိန်က တွေးကာ ကားပေါ်မှဆင်းပြီး ကလေးကို ပွေ့ချီ လိုက်သည်။
            ]]သားသား၊ သားသားမိဘတွေ ဘယ်သူလဲ}}
            စိန်သူဌေး ဦးဘိုဘိုစိန်က မေးကြည့်သည်။
            ]]မသိဘူး}}
            ]]သူ စကားကောင်းကောင်း ပြောတတ်နေပြီပဲ။ သားသား ဘယ်က လာသလဲ}}
            ]]သားသား မသိဘူး}}
            သူ့ကို သားသား-သားသားဟု ဦးဘိုဘိုစိန်က ခေါ်သည့်အတွက် နောက်ဆုံး ပြန်ဖြေသည့်အဖြေတွင် သားသားဟု ထည့်ပြောလာသည်။

ဆောင်းလုလင်- မနုဿတိရစ္ဆာန် (သိပ္ပံဝတ္ထုတို)


ဆောင်းလုလင်
မနုဿတိရစ္ဆာန်
]]ထူးဆန်းသောတိရစ္ဆာန်တစ်ကောင် ဖမ်းဆီးရမိခြင်း}}
]]တိရစ္ဆာန်ရုံ၌ တိရစ္ဆာန်အမျိုးအစားသစ် တစ်ကောင်အား ပြသ ထားခြင်း}}
]]ဂြိုဟ်တစ်လုံးပေါ်မှ ဖမ်းဆီးရမိခဲ့သော ထူးခြားသည့် တိရစ္ဆာန် တစ်ကောင်}}
]]ထူးဆန်းသောတိရစ္ဆာန်တစ်ကောင်အား တိရစ္ဆာန်ရုံ၌ ကြည့်ရှုနိုင် ပြီ}}
အထက်ပါသတင်းများသည် ဘုမ္မိဂြိုဟ်ထုတ်သတင်းစာများ၌ သတင်းထူး အဖြစ် တစ်ပြိုင်တည်း ပါလာလေသည်။ ဘုမ္မိဂြိုဟ်သည် ကိစ္စထူးထွေ များပြား လှသော ဂြိုဟ်တစ်လုံးမဟုတ်သည့် အားလျော်စွာ အထက်ပါ သတင်းလေးသည်ပင် ဂြိုဟ်တစ်ခုလုံးအား အုံးအုံးကျွက်ကျွက် ဖြစ်သွားစေပါ၏။ ဘုမ္မိဂြိုဟ်သည် ထူးခြား ဆန်းသစ်သော အဖြစ်များ ဖြစ်လေ့ဖြစ်ထ မရှိသည့် ဂြိုဟ်သေးသေးလေးတစ်လုံး ဖြစ်ရုံမက အသက်ရှင်နေထိုင်ကြသော ဂြိုဟ်သားများလည်း နည်းပါးလှသည့် ဂြိုဟ်ငယ်လေးတစ်လုံး ဖြစ်လေသည်။ ဂြိုဟ်သားများအတွက် အထက်ပါကဲ့သို့သော အကြောင်းအရာလေးမှာပင် ထူးခြားဆန်းကြယ်လှ၍ စိတ်ဝင်စားဖွယ်ဖြစ်နေကြ လေ၏။
သတင်းစာများ၌ ဂြိုဟ်တစ်လုံးမှ ဖမ်းဆီးရမိခဲ့သည် ဆိုသော တိရစ္ဆာန်ကြီး၏ပုံကိုလည်း မျက်နှာဖုံး၌ပင် ဖော်ပြထားလေသည်။ ဓာတ်ပုံထဲမှ ထိုတိရစ္ဆာန်ကြီးမှာ ဂြိုဟ်သားများအမြင်တွင် အလွန်ပင်ဆန်းကြယ်နေပါသည်။ ဂြိုဟ်သားများအဖို့ ဤသို့သောအသွင်သ္ဌဏာန်ရှိသည့် သက်ရှိသတ္တဝါမျိုးကို မမြင်ဖူးရုံမက စိတ်ကူးပင် ယဉ်မကြည့်ခဲ့ဖူးပါပေ။ သတ္တဝါကြီးမှာ ဆန်းကြယ် လှလေသည်။ သတ္တဝါကြီးတွင် ခြေနှစ်ဖက်ရှိ၍ ထိုခြေနှစ်ဖက်နှင့် မြေပေါ်တွင် မတ်တပ်ရပ်နေနိုင်သည်ကို တွေ့ရပေ၏။ ထို့အပြင် လက်နှစ်ဖက်လည်း ပါလိုက်သေးသည်။ သတ္တဝါကြီး၏သွင်ပြင်သည် ဘုမ္မိဂြိုဟ်သားများအဖို့ ဆန်း ကြယ်ရုံမက ရယ်စရာလည်း ကောင်းလှလေသည်။
သတ္တဝါကြီးမှာ ကိုယ်လုံးနှင့်တွဲရက် ခြေလက်များပါသည့်အပြင် ဦးခေါင်းမှာ ကိုယ်လုံး၏အထက်ပိုင်းတွင် သီးခြားပေါက်နေပေ၏။ ထိုအဖြစ် သည်ပင် ဘုမ္မိဂြိုဟ်သားများအဖို့ ရယ်စရာကောင်းနေခြင်းဖြစ်ပါသည်။
သတ္တဝါကြီးသည် ဘုမ္မိဂြိုဟ်သားများနှင့် သွင်ပြင်ကွဲပြားပုံမှာလည်း စာဖွဲ့လောက်ပါသည်။
ဘုမ္မိဂြိုဟ်သားများ၏ပုံသ္ဌဏာန်မှာ ရှုပ်ထွေးမှုမရှိ။ အလွန်ရှင်းလင်း လှပေ၏။ ဘုမ္မိဂြိုဟ်သားတို့၏ ကိုယ်လုံးကိုယ်ထည်မှာ လုံးဝန်းဝိုင်းစက်သော အဖြူရောင် အလုံးတစ်လုံးဖြစ်သည်။ ထိုအလုံးပေါ်၌ပင် သူတို့၏မျက်စိနှစ်လုံး၊ အပေါက်ရာသာပါသော နှာခေါင်းပေါက်နှစ်ပေါက်နှင့် ပါးစပ်တစ်ပေါက်တို့ ရှိကြလေသည်။ လုံးဝန်းသော အဖြူရောင်အလုံးကြီးမှာ သူတို့၏မျက်နှာ ဖြစ်သလို သူတို့၏ကိုယ်လုံးကိုယ်ထည်လည်း ဖြစ်ပါပေသည်။ သူတို့၏ လက် နှစ်ဖက်နှင့်ခြေနှစ်ဖက်မှာ ထိုအလုံးကြီးထဲမှ အတက်များသဖွယ် ဖြာထွက် နေပေ၏။ အမွေးအမျှင် ပေါက်ရောက်မှုမရှိပါ။


ဆောင်းလုလင်- မိတ္တူကမ္ဘာ (သိပ္ပံဝတ္ထုတို)


ဆောင်းလုလင်
မိတ္တူကမ္ဘာ

 
ကမ္ဘာပေါ်မှ အာကာသသိပ္ပံပညာရှင်များသည် စကြာဝဠာအတွင်း၌ ဂြိုဟ်အသစ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့လေသည်။ ၎င်းဂြိုဟ်သည် ကမ္ဘာမှ ကီလိုမီတာသန်းပေါင်း ၇၄ ဒသမ ၆၅ သိန်းအကွာ၌ တည်ရှိနေသော ဂြိုဟ်ငယ်လေးတစ်ခု ဖြစ်လေသည်။ ထူးခြားသည်မှာ ထိုဂြိုဟ်ငယ်နှင့် ကမ္ဘာတို့ ကြားတွင် အခြားမည်သည့် ကြယ်တာရာဂြိုဟ်နက္ခတ်မှ ကြားခံရှိမနေဘဲ ကမ္ဘာနှင့်အသစ်တွေ့ရှိသော ဂြိုဟ်ငယ်လေးမှာ တန်းလျက်ရှိနေခြင်းပင်။
သိပ္ပံပညာရှင်များသည် ကြားခံအဟန့်အတားမရှိဘဲ ယခင်က ထို ဂြိုဟ်ငယ်ကိုမတွေ့ရှိခဲ့ကြသဖြင့် အံ့အားသင့်ခဲ့ရလေသည်။ ဂြိုဟ်ငယ်သည် ယခုမှပေါ်ပေါက်လာသော ဂြိုဟ်ငယ်လေးတစ်လုံးလော၊ သို့မဟုတ် ဥက္ကာပျံ အပိုင်းအစတစ်ခုလော သိရှိနိုင်ရန် လေ့လာစူးစမ်းမှုများ ပြုလုပ်ခဲ့ကြလေ သည်။
ထိုအခါ ပို၍ထူးဆန်းအံ့ဩဖွယ်ကောင်းသော အချက်အလက်များကို တွေ့ရှိရပြန်လေသည်။ ဂြိုဟ်ငယ်ပေါ်မှ တောတောင်ရေမြေ အနေအထား များမှာ ကမ္ဘာဂြိုဟ်နှင့် ပုံစံတူထပ်တူထပ်မျှ ရှိနေခြင်းပင်။ အားကောင်းသော နက္ခတ်တာရာကြည့်မှန်ပြောင်းများဖြင့် ကြည့်ရှုရာမှ ဖမ်းယူရရှိသော ပုံရိပ်များ တွင် ဂြိုဟ်ငယ်ပေါ်ရှိ ရေမြေဒေသ၊ တောတောင်အနေအထား၊ ပင်လယ် သမုဒ္ဒရာ၊ မြစ်ချောင်းအင်းအိုင်များ တည်နေပုံမှာ ကမ္ဘာနှင့်တစ်ထပ်တည်း ဖြစ်နေလေသည်။

Friday 18 January 2013

Audio Joke 29 သူခိုးဆိုသည်မှာ...

Audio Joke 29 

သူခိုးဆိုသည်မှာ...

တရားမရှိသူအတွက်
ဥစ္စာပျောက်တိုင်း ငရဲရောက်ရ၏။
တရားရှိသူအတွက်မူကား
ဥစ္စာပျောက်တိုင်း ကုသိုလ်ရရ၏။


ဆရာတော်ဘုရားကြီး(၃)ပါးရဲ့
ဟာသသဘောပါသော ဆုံးမစကားများကို
အသံထွက်ဟာသအဖြစ်
ဓမ္မဒါနပြု တင်ဆက်လိုက်ပါတယ်။

Thursday 17 January 2013

ဆောင်းလုလင်- နဂါးတိုင်းပြည် (လုံးချင်းဝတ္ထု)

ဆောင်းလုလင်

နဂါးတိုင်းပြည်

 

 နဂါးတိုင်းပြည်ဝတ္ထုတွင် အဓိကဇာတ်ကောင်အဖြစ်ပါဝင်သည့်
သရက်မြို့မှ ရွှေသက်လွတ်မယ်တော်ကြီး
 နဂါးတိုင်းပြည်.... လုံးချင်းဝတ္ထုသည်
စာရေးဆရာ ဆောင်းလုလင်...၏
ပထမဦးဆုံး ထုတ်ဝေခဲ့သော လုံးချင်းဝတ္ထုဖြစ်ပါသည်။
၂၀၀၅ခုနှစ်၊ စက်တင်ဘာလတွင်
လောကနတ်စာပေမှ
ရောင်းဈေး ၆၀၀ကျပ်ဖြင့် ဖြန့်ချီခဲ့ပါသည်။
မျက်နှာဖုံးပန်းချီ- ကောင်းစံ

နဂါးတိုင်းပြည် လုံးချင်းဝတ္ထုကိုဖတ်ရန် ဤနေရာကို နှိပ်ပါ။

Audio Joke 28 ပြန်မပြောကြေး

Audio Joke 28

 ပြန်မပြောကြေး

မင်း ဟိုဖက်လှည့်ပြီး ဘောင်းဘီကိုအောက်လျှောချလိုက်။  
လက်ကို အုတ်ခုံလေးမှာထောက်ထားပြီး ဖင်ကုန်းလိုက်.. ငါလုပ်ပေးမယ်။
ငါ တစ်ခါမှ အတွေ့အကြုံမရှိဘူးကွ၊ မင်း ဘယ်သူ့မှ ပြန်မပြောနဲ့နော်။
မပြောပါဘူးကွာ.. ကုန်းမှာ ကုန်းစမ်းပါ။

Wednesday 16 January 2013

တစ်သောင်းပြည့် နှုတ်ခွန်းဆက်စကား



နွေမိုးဆောင်းဝက်ဆိုက် 

တစ်သောင်းပြည့် နှုတ်ခွန်းဆက်စကား

ကျွန်တော်ဖန်တီးထားတဲ့ နွေမိုးဆောင်းဝက်ဆိုက်ကလေးကို ဒီနေ့(၁၇-၁-၂၀၁၃)မှာ ဖွင့်လှစ်ကြည့်ရှုတဲ့ အကြိမ်ပေါင်း တစ်သောင်း(၁၀၀၀၀)ပြည့်သွားပြီဖြစ်ပါတယ်။
နွေမိုးဆောင်းဝက်ဆိုက်ကို ၂၀၁၂ခုနှစ်၊ မတ်လမှာ စတင်ဖန်တီးခဲ့ပါတယ်။
စတင်ဖွင့်လှစ်စဉ်က ကျွန်တော့်ရဲ့ (ဆောင်းလုလင်) (နွေတမာန်).. ကလောင်အမည်များနဲ့ ရေးသားခဲ့တဲ့ စာတွေကိုသာ တင်ပြဖို့ စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ ဆောင်းလုလင်… နွေတမာန်… ကလောင်အမည်များနဲ့ ရေးသားခဲ့တဲ့ ၀တ္ထုတို/ရှည်၊ လုံးချင်းဝတ္ထုများကို တင်ပြခဲ့ပါတယ်။
စာပေနဲ့ဆက်နွှယ်နေတဲ့ ရုပ်ရှင်/ဗီဒီယိုကဏ္ဍအဖြစ်… ဆောင်းလုလင်/နွေတမာန်ရဲ့ ၀တ္ထုများကို ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဇာတ်ကားများကို တင်ပြခဲ့ပါတယ်။
ဆောင်းလုလင်/နွေတမာန်ရဲ့ အနုပညာရပ်များကိုသာ တင်ပြနေရာက နောက်ပိုင်းမှာ… ကျွန်တော် ၀ါသနာအလျောက် ပြုလုပ်ထားတဲ့ အသံထွက်ဝတ္ထုများကို တင်ပြခဲ့ပါတယ်။ အသံထွက်ဝတ္ထုကဏ္ဍဟာ အခြားအနုပညာရှင်များရဲ့ အနုပညာရပ်ကိုတင်ပြတဲ့ နွေမိုးဆောင်းဝက်ဆိုက်ရဲ့ကဏ္ဍတစ်ခုဖြစ်ခဲ့ပါတယ်။
Facebook ၊ ဒို့မြန်မာ… စတဲ့ ၀က်ဆိုက်များမှတစ်ဆင့်… နွေမိုးဆောင်းဝက်ဆိုက်မှ အနုပညာများကို ဖြန့်ဝေခဲ့တဲ့အတွက် လူသိပိုများပြီး ကြည့်ရှုခံစားသူအရေအတွက် တိုးမြင့်လာခဲ့ခြင်းဖြစ်ပါတယ်။ အသံထွက်ဝတ္ထုများကို ပရိဿတ်များနှစ်သက်တာတွေ့ရပါတယ်။ ဒါပေမယ့်… အသံထွက်ဝတ္ထုတွေကို ၀က်ဆိုက်ပေါ်တင်တဲ့နေရာမှာ အချိန်၁၀မိနစ်ကျော်လွန်ရင် တင်လို့ခက်ခဲတာကြောင့် ၂ပိုင်း/၃ပိုင်းခွဲပြီး တင်ပြတာမျိုး လုပ်ခဲ့ရပါတယ်။
နောက်ပိုင်းမှာ… ပေါ့ပါးတဲ့ကဏ္ဍတစ်ခုလည်းဖြစ်အောင်၊ ဖျော်ဖြေမှုလည်းပါအောင်၊ Uploadလုပ်ရာမှာလည်း လွယ်ကူအောင်ဆိုပြီး… ဟာသအတိုအထွာ(Jokes)များကို ဗီဒီယိုအဖြစ်ဖန်တီးပြီး Audio Joke အသံထွက်ဟာသလို့ နာမည်ပေးကာ တင်ပြခဲ့ရာမှာလည်း ကြိုက်နှစ်သက်ကြတာကိုတွေ့ရတဲ့အတွက် ၀မ်းမြောက်ရပါတယ်။
အခုလို Page Veiw ဖွင့်လှစ်ကြည့်ရှုတဲ့အကြိမ်ရေ ၁၀၀၀၀(တစ်သောင်း)ပြည့်ရတာဟာ Face book ၊ ဒို့မြန်မာ စတဲ့ဝက်ဆိုက်များမှတစ်ဆင့် ဖြန့်ဝေနိုင်လို့ဖြစ်တဲ့အတွက်… Face book နဲ့ ဒို့မြန်မာဝက်ဆိုက်များကို ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်လိုပါတယ်။
ဆက်လက်ပြီးတော့… ပရိဿတ်စိတ်ဝင်စားမယ့်အစီအစဉ်များကို တင်ပြသွားမှာဖြစ်တာကြောင့်… လိုအပ်သော ဝေဖန်အကြံပြုချက်များ ပေးနိုင်ပါကြောင်း ခင်မင်ရင်းနှီးစွာဖိတ်ခေါ်လိုက်ပါတယ်။

Audio Joke 27 လက်တွေ့စာမေးပွဲ

Audio Joke 27 

လက်တွေ့စာမေးပွဲ


ဆေးတက္ကသိုလ်တစ်ခုမှာ နောက်ဆုံးနှစ်ဆေးကျောင်းသားများကို စာမေးပွဲစစ်ဆေးရာက တွေ့ကြုံရတဲ့ အဖြစ်ကလေးပါ....

Audio Joke 26 အကောင်းဆုံးအသား

Audio Joke 26 

အကောင်းဆုံးအသား


လူသားစား လူရိုင်းသားအဖနှစ်ယောက် အစာရှာထွက်ကြရာက ကြုံရပုံကလေးပါ....

Audio Joke 25 အ၀ယ်တော်

Audio Joke 25 

အ၀ယ်တော်



ဟိုဖက်အိမ်က လူပျိုကြီးက မေမေ့ကို ၀ယ်တော့မလို့ထင်တယ် ဖေဖေ.....

Audio Joke 24 ကြက်တူရွေးဗေဒင်

Audio Joke 24 

ကြက်တူရွေးဗေဒင်

 မိန်းကလေးတွေ ကြက်တူရွေးရှေ့မှာ လမ်းဖြတ်လျှောက်ရင် သတိထားနိုင်ဖို့ပါ။
တချို့ကြက်တူရွေးတွေက ဗေဒင်ဟောတတ်တယ်နော်...
တော်ကြာ... ကိုယ့်အကြောင်းတွေ အကုန်ပေါ်ကုန်မယ်....

မင်းသုဝဏ်၏အသံထွက်ဝတ္ထု- သားသက်ဝေ

မင်းသုဝဏ်

သားသက်ဝေ

စာရေးဆရာကြီး မင်းသုဝဏ်


စာရေးဆရာကြီး မင်းသုဝဏ်
၁၉၃၂ခုနှစ်က ဂန္ထလောကမဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့
သားသက်ဝေ... အမည်ရှိဝတ္ထုတိုလေးဖြစ်ပါတယ်။
စာကောင်းပေကောင်းတို့မည်သည် 
အချိန်ကာလရဲ့စိန်ခေါ်မှုကို အံတုနိုင်တယ်ဆိုတဲ့အတိုင်း...
နှစ်ပေါင်း၈၀ကျော်သည့်တိုင်
ခံစားလို့ရသေးတဲ့ ရသ၀တ္ထုတိုကောင်းလေးတစ်ပုဒ်ပါ။
အသံထွက်ဝတ္ထုအဖြစ် ဖန်တီးတင်ဆက်လိုက်ပါတယ်။

Sunday 13 January 2013

နွေတမာန်- ဥပါဒါန် (၀တ္ထုတို)



နွေတမာန်
ဥပါဒါန်

သမီးကို ကျွန်မတို့လက်လွတ်ဆုံးရှုံးရတော့မည်။ သမီး၏ အခြေအနေမှာ နောက်ဆုံးအခြေအနေသို့ရောက်ခဲ့ပြီ။
ဆရာဝန်ကြီးကိုယ်တိုင်က မျှော်လင့်ချက်မထားတော့ဖို့၊ တရားနှင့်ဖြေသိမ့်ဖို့ ကျွန်မတို့မိသားစုကို နှစ်သိမ့်ခဲ့ပြီးပါပြီ။
]တကယ်တော့... မွေးရာပါနှလုံးရောဂါသည်တစ်ယောက်အတွက် လူ့လောကမှာနေရချိန်ဟာ ၁၈နှစ်ကနေ အနှစ် ၂၀အလွန်ဆုံးပါပဲ၊ သမီးအတွက် ခင်ဗျားတို့တာဝန်ကျေပါတယ်၊ သူ ဘ၀ကူးကောင်းအောင်သာ ကြိုးစားကြပါတော့ဗျာ}
သမီးရယ်...၊ သမီးသွားတော့မယ်ဆိုတာ အမေကြိုသိထားပေမယ့် တကယ်ကြုံရတော့ အမေခံစားရပါတယ်သမီး။ သမီးကို အမေမခွဲချင်ဘူးကွယ်...‘ဒါပေမယ့် သမီးလေးက အမေတို့ဆီမလာခင်ကတည်းက ၁၈နှစ်ပဲနေခွင့်ပြုဖို့တောင်းဆို ထားတော့ သမီးပြန်ချိန်တန်ပြီပေါ့။ အမေခွင့်မပြုချင်ပေမယ့် ဘာမှမတတ်နိုင်တော့ပါလားသမီးလေး...
ကျွန်မသည် ကုတင်ထက်တွင် ဖြူဖျော့နွမ်းလျစွာ လဲလျောင်းနေသည့် ဝေဒနာရှင်သမီးကိုကြည့်ရင်း ကြေကွဲစွာ တွေးလိုက်မိသည်။ ရောဂါဝေဒနာခံစားနေရသော်လည်း သမီးမျက်နှာလေးကတော့ ဖူးညွန့်လန်းစွင့်၍ လှပနေမြဲသာ။ ကျွန်မနှင့်ပထမဆုံးတွေ့ဆုံစဉ်ကအတိုင်း လှပကျော့ရှင်း လျှက်ရှိလေသည်။ ကျွန်မနှင့်အတူလာနေပါရစေဟု ခွင့်တောင်းစဉ်ကပင် ကျွန်မသည် သမီး၏အလှအပကို ငေးကြည့်ခဲ့ရသည်။ သမီးဤမျှလှပနေခြင်းမှာ သူလာခဲ့ရာဘ၀၏ အထုံရေစက်မပျယ်သေး လို့ပဲဖြစ်လိမ့်မည်။ သမီးပြန်သွားခဲ့ရင်ကော... အရင်ဘ၀ဟောင်းကိုပဲ ပြန်ရောက် သွားလေမလား။ ကျွန်မသိချင်မိသည်။
ကျွန်မသည် ကျွန်မတို့မိသားစုထဲသို့ သမီးရောက်လာပုံကို ပြန်လည်သတိ၇မိကာ အတွေးထဲနစ်မျောသွားလေသည်။
+ + + + + + + + +
မောင်နှင့်ကျွန်မ မင်္ဂလာဆောင်ပြီးမကြာမီ ထွက်ခဲ့သောခရီးမှ စခဲ့သည့်ဇာတ်လမ်း ဖြစ်ပါသည်။
တကယ်တော့... ထိုခရီးသည် ကျွန်မတို့ကြင်စဦးဇနီးမောင်နှံ၏ ဆွေပြမျိုးပြခရီးပင် ဖြစ်ပါ၏။

ဆောင်းလုလင်- ပုလင်းထဲကဥစ္စာစောင့် (၀တ္ထုတို)



ဆောင်းလုလင်
ပုလင်းထဲက ဥစ္စာစောင့်

ထူးဆန်းသောထိုပုလင်းလေးကို ကျွန်တော်၏တပည့်တစ်ယောက် က မြစ်ထဲမှဆယ်ယူလာခြင်းဖြစ်ပါသည်။
ပုလင်းမှာ ဟောလစ်ပုလင်းကဲ့သို့ ပုလင်းအကျယ်နှင့်ပုလင်းအဝ အတူတူဖြစ်သော ဆလင်ဒါပုံပုလင်းတစ်လုံးဖြစ်ပါသည်။ ပုလင်းတွင် ရေညှိ များတက်နေသည်မှာ ကာလအတော်ကြာနေပုံရသည်။ ပုလင်းပတ်ပတ်လည်၌ ရေညှိစိမ်းများက ထူပိန်းနေကာ ဓားဖြင့်ခြစ်ချမှပင် ကွာကျလေ၏။
ထိုသို့ ဓားဖြင့်ခြစ်ချလိုက်သောကြောင့်ပင် ပုလင်းအတွင်းမှ စက္ကူ တစ်ထပ်ကို ကျွန်တော်တို့မြင်လိုက်ရခြင်းဖြစ်ပါသည်။ အစပိုင်းက ပြင်ပမှာ ကပ်ငြိနေသောရေညှိများကြောင့် အတွင်းတွင် ဘာပါသည်ကို မမြင်ခဲ့ရပေ။
]မင်း ဘယ်လိုလုပ်ပြီး ဒီပုလင်းကိုရလာတာလဲ တင်လှိုင်}
ကျွန်တော်က ပုလင်းယူလာသော ကျွန်တော့်တပည့်ကိုမေးလိုက် သည်။
]နောက်ဖေးက ဒိုက်တွေကိုရှင်းရင်းက ဒိုက်တွေအောက်က ထွက် လာတာဆရာ၊ ကျွန်တော်လည်း ပုလင်းကထူးခြားပါတယ်ဆိုပြီး ဆရာ့ဆီ ယူလာတာ}
ကျွန်တော့်ခြံမှာ ဧရာဝတီမြစ်ကမ်းဘေး၌ရှိပါသည်။ မြစ်နှင့်ခြံမှာ မည်မျှထိ နီးကပ်နေသနည်းဆိုသော် ဝါဆိုဝါခေါင် ရေတက်သောကာလ များတွင် ခြံ၏အတွင်းဖက်တစ်ဝက်လောက်အထိ ရေမြုပ်သွားတတ်လေ၏။ အလွန်ရေတက်သောနှစ်များဆိုလျှင် နွားခြံများပင် ရေမြုပ်ပါသည်။

ဆောင်းလုလင်- ခေါစာ (၀တ္ထုတို)



ဆောင်းလုလင်

ခေါစာ

ကိုမြင့်ဇော်က ကျွန်တော့်ကို စကားလည်းအေးအေးဆေးဆေးပြော ချင်သည်၊ ပြုလည်းပြုစုချင်သည်ဆိုကာ¼¼¼ သူ့အိမ်ကိုလာဖို့ဖိတ်ကြားထားသော ကြောင့် ကိုမြင့်ဇော်အိမ်ကိုရောက်လာခဲ့ခြင်းဖြစ်ပါသည်။
သူ့အိမ်ကိုရောက်တော့ ကိုမြင့်ဇော်က မရှိ။ အိမ်ကိုတော့ ကျွန်တော် ကိုဖိတ်ထားတယ်ဆိုတာ မှာသွားသည်။
သူ့အိမ်ကလူတွေက ကျွန်တော့်ကို ဖော်ဖော်ရွေရွေကြိုဆိုပါသည်။
]]လာ- ဆရာ- လာ၊ ဆရာလာလိမ့်မယ်လို့ မောင်မြင့်ဇော်က  ကျွန်မတို့ကို မှာသွားပါတယ်၊ သူလည်း ကိစ္စလေးပေါ်လာလို့ ထွက်သွားတာပါ ဆရာ၊ မကြာပါဘူး၊ ပြန်လာပါလိမ့်မယ်}}
ကိုမြင့်ဇော်ယောက္ခမကြီးက ကျွန်တော့်ကိုကြိုဆိုရင်း ဧည့်ခန်းတွင် နေရာထိုင်ခင်းပေးသည်။
ဧည့်ခန်းဆိုသော်လည်း ဘုရားခန်းနှင့်ဧည့်ခန်းတွဲထားသော အိမ် ၏ရှေ့ဆုံးဖက်အခန်းလေးသာဖြစ်ပါသည်။ ကျွန်တော်ဝင်သွားတော့ သူတို့ မိသားစုတီဗွီကြည့်နေကြသည်။
တီဗွီက ဘုရားစင်အောက်မှာ။ သူတို့က ကြမ်းပြင်ပေါ်မှာထိုင်၍ ဘုရားခန်းဖက်လှည့်ကာ တီဗွီကြည့်နေသည်။ ကျွန်တော့်ကို ခြေရင်းဖက်မှာ ချထားသော တစ်လုံးတည်းသောခုံပေါ်မှာထိုင်စေပါ၏။ ခုံကလည်း တီဗွီရှိ သည့်ဘုရားစင်ဖက်ကိုပင် မျက်နှာပြုထား၏။

Saturday 12 January 2013

Audio Joke 23 ကိန်းဂဏန်းများကပြောသော လူတို့အကြောင်း

Audio Joke 23 

ကိန်းဂဏန်းများကပြောသော လူတို့အကြောင်း

၁-၂-၃-၄ ကိန်းဂဏန်းတွေဟာ 

လူတို့အကြောင်းကို ပြောပြနေပါတယ်။

ဘယ်လိုပြောပြနေတာလဲ.....

Audio Joke 22 သစ်ခုတ်သမားနှင့်သက်မွန်မြင့်

Audio Joke 22 

သစ်ခုတ်သမားနှင့်သက်မွန်မြင့်

သင်သာ တန်ခိုးရှိတဲ့နတ်မင်းကြီးဖြစ်ခဲ့ရင်.... 

သက်မွန်မြင့်နဲ့ သစ်ခုတ်သမားတို့ရဲ့ ပြဿနာကို 

ဘယ်လိုဖြေရှင်းပေးမလဲ?

Audio Joke 21 မူးရင်မမောင်းနဲ့

Audio Joke 21 

မူးရင်မမောင်းနဲ့



အဝေးပြေးလမ်းမကြီးပေါ်မှာ ကားတွေကိုတားပြီး 
ဒရိုင်ဘာတွေ အရက်မူး-မမူး စစ်ဆေးနေပါတယ်။
စစ်ဆေးတဲ့နည်းက ဘူဘောင်းတစ်လုံးပေးပြီး မှုတ်ခိုင်းတဲ့နည်းပါ။
ဒါပေမယ့်... ဘူဘောင်းကို ကောင်းကောင်းမှုတ်နိုင်တဲ့ဒရိုင်ဘာတွေအားလုံးကို 
အရက်မူးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းလိုက်ပါတယ်။
ဘာဖြစ်လို့ပါလိမ့်?

Audio Joke 20 ကောင်းဘွိုင်နှင့်မြင်း

Audio Joke 20

 ကောင်းဘွိုင်နှင့်မြင်း

 ကောင်းဘွိုင်တစ်ယောက်က သူ့မြင်းကို ဆေးသုတ်သွားတဲ့ပြဿနာကို ဖြေရှင်းမပေးရင်...
သူ့အဖေ လွန်ခဲ့တဲ့၁၀နှစ်က လုပ်သလို လုပ်ပစ်လိုက်မယ်တဲ့...
အဲဒီလိုချိန်းချောက်လိုက်တော့ ဘားထဲကလူတွေအကုန်လုံး ကြောက်သွားကြတယ်....

Audio Joke 19 ပထမဦးဆုံးအတွေ့အကြုံ

Audio Joke  19

ပထမဦးဆုံးအတွေ့အကြုံ

မိန်းကလေးတစ်ယောက်က 
သူ့ဘ၀ရဲ့ပထမဦးဆုံးအတွေ့အကြုံအကြောင်းကို 
ပြောပြထားတာပါ။

Wednesday 9 January 2013

ဆောင်းလုလင်- ဆင်ဝင်စား(ရုပ်ပြဇာတ်လမ်း)

ဆောင်းလုလင်

ဆင်ဝင်စား

(ရုပ်ပြဇာတ်လမ်း)

 စာရေးဆရာ ဆောင်းလုလင်...၏
ဆင်ဝင်စားလုံးချင်းဝတ္ထုကို
ရုပ်ပြဇာတ်လမ်းအဖြစ် ပြန်လည်ရေးဆွဲထားခြင်းဖြစ်ပါသည်။

ပန်းချီ- မင်းစိုးရာဇာ
ရုပ်ပြဇာတ်ညွှန်း- အောင်သင်းခိုင်

၂၀၁၀ခုနှစ်၊ သြဂုတ်လတွင် ဆုပြည့်စုံထွန်းစာပေမှ ထုတ်ဝေခဲ့ပါသည်။

 

 ဆင်ဝင်စားရုပ်ပြဇာတ်လမ်း(ပထမပိုင်း)ကိုဖတ်ရှုရန်

ဤနေရာကိုနှိပ်ပါ။

 

 ဆင်ဝင်စားရုပ်ပြဇာတ်လမ်း(ဒုတိယပိုင်း-ဇာတ်သိမ်း)ကိုဖတ်ရှုရန်

ဤနေရာကိုနှိပ်ပါ။

Sunday 6 January 2013

Audio Joke 18 ကလေးအဖေ

Audio Joke 18 

ကလေးအဖေ


ဒီကလေးကို ကိုယ်ဝန်ဆောင်ချိန်ကတည်းက
မင်းတို့ ဒီကလေးကို မမွေးနဲ့..
ဒီကလေးက ဂြိုဟ်ကောင်။
သူ့ပါးစပ်က ခေါ်လိုက်တဲ့နာမည်ပိုင်ရှင်ဟာ သေရလိမ့်မယ်...
အဲဒီလို ဗေဒင်ဆရာက ဟောခဲ့ပါရက်နဲ့.....

Thursday 3 January 2013

Audio Joke 17 မျက်စိစမ်းသပ်ခြင်း

Audio Joke 17

မျက်စိစမ်းသပ်ခြင်း

မျက်စိကုဆရာဝန်ဆီကို မျက်စိလာစမ်းသပ်တဲ့
လူနာတစ်ဦးရဲ့ဖြစ်အင်လေးပါ.....

Wednesday 2 January 2013

Audio Joke 16 လက်ထပ်တော့မှာလား?

Audio Joke 16 

လက်ထပ်တော့မှာလား?

မေမေ... ဦးလေးက ဟိုဖက်အိမ်က အန်တီလေးကို ဖက်နမ်းတယ် မေမေ
ကိစ္စမရှိပါဘူးကွယ်... သူတို့က လက်ထပ်တော့မှာပဲ
ဒါဆို... ဖေဖေလည်း လက်ထပ်တော့မယ်ထင်တယ် မေမေ....

Audio Joke 15 ၀သောဇနီး ပိန်သောချစ်သူ

Audio Joke 15

ဝသောဇနီး ပိန်သောချစ်သူ

ကျွန်မသေရင်... ရှင် နောက်မိန်းမယူချင်ယူပါ။
ဒါပေမယ့်.... ကျွန်မအ၀တ်အစားတွေကိုတော့
ရှင့်နောက်မိန်းမကို ပေးမ၀တ်ပါနဲ့ရှင်.....

Audio Joke 14 ကောင်းကင်ဘုံသို့ သွားရာလမ်း

Audio Joke 14

 ကောင်းကင်ဘုံသို့ သွားရာလမ်း



လူတစ်ဖက်သားကို လမ်းညွှန်ပြမယ့်သူဟာ 
ကိုယ်တိုင်လည်း လမ်းသိတဲ့လူ ဖြစ်ဖို့လိုပါတယ်။

ကိုကြီးဆွေ- မသိလို့ပါ (အတိုဆုံးအသံထွက်ဝတ္ထု)

ကိုကြီးဆွေ

မသိလို့ပါ



၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလထုတ်
ကလျာမဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့်
ကိုကြီးဆွေ...၏

မသိလို့ပါ.....

တစ်မျက်နှာဝတ္ထုတိုကို 
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။