Wednesday 16 January 2013

တစ်သောင်းပြည့် နှုတ်ခွန်းဆက်စကား



နွေမိုးဆောင်းဝက်ဆိုက် 

တစ်သောင်းပြည့် နှုတ်ခွန်းဆက်စကား

ကျွန်တော်ဖန်တီးထားတဲ့ နွေမိုးဆောင်းဝက်ဆိုက်ကလေးကို ဒီနေ့(၁၇-၁-၂၀၁၃)မှာ ဖွင့်လှစ်ကြည့်ရှုတဲ့ အကြိမ်ပေါင်း တစ်သောင်း(၁၀၀၀၀)ပြည့်သွားပြီဖြစ်ပါတယ်။
နွေမိုးဆောင်းဝက်ဆိုက်ကို ၂၀၁၂ခုနှစ်၊ မတ်လမှာ စတင်ဖန်တီးခဲ့ပါတယ်။
စတင်ဖွင့်လှစ်စဉ်က ကျွန်တော့်ရဲ့ (ဆောင်းလုလင်) (နွေတမာန်).. ကလောင်အမည်များနဲ့ ရေးသားခဲ့တဲ့ စာတွေကိုသာ တင်ပြဖို့ စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ ဆောင်းလုလင်… နွေတမာန်… ကလောင်အမည်များနဲ့ ရေးသားခဲ့တဲ့ ၀တ္ထုတို/ရှည်၊ လုံးချင်းဝတ္ထုများကို တင်ပြခဲ့ပါတယ်။
စာပေနဲ့ဆက်နွှယ်နေတဲ့ ရုပ်ရှင်/ဗီဒီယိုကဏ္ဍအဖြစ်… ဆောင်းလုလင်/နွေတမာန်ရဲ့ ၀တ္ထုများကို ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဇာတ်ကားများကို တင်ပြခဲ့ပါတယ်။
ဆောင်းလုလင်/နွေတမာန်ရဲ့ အနုပညာရပ်များကိုသာ တင်ပြနေရာက နောက်ပိုင်းမှာ… ကျွန်တော် ၀ါသနာအလျောက် ပြုလုပ်ထားတဲ့ အသံထွက်ဝတ္ထုများကို တင်ပြခဲ့ပါတယ်။ အသံထွက်ဝတ္ထုကဏ္ဍဟာ အခြားအနုပညာရှင်များရဲ့ အနုပညာရပ်ကိုတင်ပြတဲ့ နွေမိုးဆောင်းဝက်ဆိုက်ရဲ့ကဏ္ဍတစ်ခုဖြစ်ခဲ့ပါတယ်။
Facebook ၊ ဒို့မြန်မာ… စတဲ့ ၀က်ဆိုက်များမှတစ်ဆင့်… နွေမိုးဆောင်းဝက်ဆိုက်မှ အနုပညာများကို ဖြန့်ဝေခဲ့တဲ့အတွက် လူသိပိုများပြီး ကြည့်ရှုခံစားသူအရေအတွက် တိုးမြင့်လာခဲ့ခြင်းဖြစ်ပါတယ်။ အသံထွက်ဝတ္ထုများကို ပရိဿတ်များနှစ်သက်တာတွေ့ရပါတယ်။ ဒါပေမယ့်… အသံထွက်ဝတ္ထုတွေကို ၀က်ဆိုက်ပေါ်တင်တဲ့နေရာမှာ အချိန်၁၀မိနစ်ကျော်လွန်ရင် တင်လို့ခက်ခဲတာကြောင့် ၂ပိုင်း/၃ပိုင်းခွဲပြီး တင်ပြတာမျိုး လုပ်ခဲ့ရပါတယ်။
နောက်ပိုင်းမှာ… ပေါ့ပါးတဲ့ကဏ္ဍတစ်ခုလည်းဖြစ်အောင်၊ ဖျော်ဖြေမှုလည်းပါအောင်၊ Uploadလုပ်ရာမှာလည်း လွယ်ကူအောင်ဆိုပြီး… ဟာသအတိုအထွာ(Jokes)များကို ဗီဒီယိုအဖြစ်ဖန်တီးပြီး Audio Joke အသံထွက်ဟာသလို့ နာမည်ပေးကာ တင်ပြခဲ့ရာမှာလည်း ကြိုက်နှစ်သက်ကြတာကိုတွေ့ရတဲ့အတွက် ၀မ်းမြောက်ရပါတယ်။
အခုလို Page Veiw ဖွင့်လှစ်ကြည့်ရှုတဲ့အကြိမ်ရေ ၁၀၀၀၀(တစ်သောင်း)ပြည့်ရတာဟာ Face book ၊ ဒို့မြန်မာ စတဲ့ဝက်ဆိုက်များမှတစ်ဆင့် ဖြန့်ဝေနိုင်လို့ဖြစ်တဲ့အတွက်… Face book နဲ့ ဒို့မြန်မာဝက်ဆိုက်များကို ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်လိုပါတယ်။
ဆက်လက်ပြီးတော့… ပရိဿတ်စိတ်ဝင်စားမယ့်အစီအစဉ်များကို တင်ပြသွားမှာဖြစ်တာကြောင့်… လိုအပ်သော ဝေဖန်အကြံပြုချက်များ ပေးနိုင်ပါကြောင်း ခင်မင်ရင်းနှီးစွာဖိတ်ခေါ်လိုက်ပါတယ်။

No comments: