Sunday 13 January 2013

ဆောင်းလုလင်- ခေါစာ (၀တ္ထုတို)



ဆောင်းလုလင်

ခေါစာ

ကိုမြင့်ဇော်က ကျွန်တော့်ကို စကားလည်းအေးအေးဆေးဆေးပြော ချင်သည်၊ ပြုလည်းပြုစုချင်သည်ဆိုကာ¼¼¼ သူ့အိမ်ကိုလာဖို့ဖိတ်ကြားထားသော ကြောင့် ကိုမြင့်ဇော်အိမ်ကိုရောက်လာခဲ့ခြင်းဖြစ်ပါသည်။
သူ့အိမ်ကိုရောက်တော့ ကိုမြင့်ဇော်က မရှိ။ အိမ်ကိုတော့ ကျွန်တော် ကိုဖိတ်ထားတယ်ဆိုတာ မှာသွားသည်။
သူ့အိမ်ကလူတွေက ကျွန်တော့်ကို ဖော်ဖော်ရွေရွေကြိုဆိုပါသည်။
]]လာ- ဆရာ- လာ၊ ဆရာလာလိမ့်မယ်လို့ မောင်မြင့်ဇော်က  ကျွန်မတို့ကို မှာသွားပါတယ်၊ သူလည်း ကိစ္စလေးပေါ်လာလို့ ထွက်သွားတာပါ ဆရာ၊ မကြာပါဘူး၊ ပြန်လာပါလိမ့်မယ်}}
ကိုမြင့်ဇော်ယောက္ခမကြီးက ကျွန်တော့်ကိုကြိုဆိုရင်း ဧည့်ခန်းတွင် နေရာထိုင်ခင်းပေးသည်။
ဧည့်ခန်းဆိုသော်လည်း ဘုရားခန်းနှင့်ဧည့်ခန်းတွဲထားသော အိမ် ၏ရှေ့ဆုံးဖက်အခန်းလေးသာဖြစ်ပါသည်။ ကျွန်တော်ဝင်သွားတော့ သူတို့ မိသားစုတီဗွီကြည့်နေကြသည်။
တီဗွီက ဘုရားစင်အောက်မှာ။ သူတို့က ကြမ်းပြင်ပေါ်မှာထိုင်၍ ဘုရားခန်းဖက်လှည့်ကာ တီဗွီကြည့်နေသည်။ ကျွန်တော့်ကို ခြေရင်းဖက်မှာ ချထားသော တစ်လုံးတည်းသောခုံပေါ်မှာထိုင်စေပါ၏။ ခုံကလည်း တီဗွီရှိ သည့်ဘုရားစင်ဖက်ကိုပင် မျက်နှာပြုထား၏။
]]မောင်မြင့်ဇော်ဆရာရောက်လာပြီဟေ့၊ ကြည်ကြည်ရေ¼¼¼ ဟောဒီ မှာ}}
ကိုမြင့်ဇော်ယောက္ခမကြီးက တီဗွီထိုင်ကြည့်နေသောသူ့သမီးကို ပြော လိုက်သည်။
တီဗွီရှေ့မှာ မိန်းမနှစ်ယောက်။ တစ်ယောက်က ကလေးကိုရင်ခွင် ပိုက်ရင်း နို့တိုက်နေသည်။ ထိုတစ်ယောက်သည်ပဲ ကိုမြင့်ဇော်မိန်းမကြည် ကြည်ဖြစ်ပါလိမ့်မည်။
]]¼¼¼ ဆရာရောက်လာပြီလား၊ ထိုင်ပါဆရာ၊ ထိုင်ပါ၊ ကိုမြင့် ဇော်မကြာပါဘူး၊ အရက်ရော အမြည်းရော တစ်ခါတည်းဝယ်လာခဲ့မယ်တဲ့၊ ဟဲ့- အရီ၊ ဆရာ့အတွက်လက်ဖက်သုပ်ပါဟဲ့}}
ကလေးနို့တိုက်နေသောကြည်ကြည်က သူ့ညီမအရီဆိုသူကို ပြော လိုက်ခြင်းဖြစ်သည်။
အရီက တီဗွီရှေ့က ထလိုက်၏။ ထလိုက်မှ အရီမှာ ခြေတစ်ဖက် မသန်သူမှန်းသိလိုက်ရသည်။ ညာဖက်ခြေထောက်သိမ်နေကာ မတ်တပ်ရပ် လိုက်သည်တွင် တစောင်းဖြစ်နေသည်။
အရီက စောင်းငန်းစောင်းငန်းနှင့် အိမ်အတွင်းဖက်ထဲဝင်သွား၏။
အဘွားကြီးက ကျွန်တော့်ကုလားထိုင်ဖက်တွင်လှည့်ထိုင်ကာ တီဗွီ ကိုကျောပေးရင်း ကျွန်တော့်ကို ဧည့်ခံစကားပြောနေသည်။ ကြည်ကြည်က တော့ တီဗွီကိုစိတ်မပြတ်သေးပုံနှင့် ကျွန်တော့်ဖက်ခပ်စောင်းစောင်းလှည့် ထိုင်လိုက်ကာ တီဗွီကိုတစ်လှည့်၊ ကျွန်တော်နှင့်သူ့အမေစကားပြောနေပုံကို တစ်လှည့်ကြည့်ရင်း ခေါင်းမှာဟိုဖက်လှည့်လိုက်၊သည်ဖက်လှည့်လိုက်ဖြစ်နေ၏။
]]ကျွန်မက ဒီသမီးနှစ်ယောက်ရှိတာလေ၊ ကြည်ကြည်က မောင် မြင့်ဇော်နဲ့အိမ်ထောင်ကျတယ်၊ အငယ်မကတော့ အိမ်ထောင်မကျသေးဘူး၊ အပျိုပဲ}}
အငယ်မအရီအိမ်ထောင်ကျဖို့တော့ တော်တော်ခဲယဉ်းမယ်ဟု ကျွန်တော်ကတွေးမိသည်။ ခမျာမှာ ခြေတစ်ဖက်ဆာနေတဲ့အပြင် သွားက ခေါသေးသည်မဟုတ်ပါလား။
]]သူတို့အဖေသေကတည်းက ကျွန်မမှာလုပ်ကျွေးလာလိုက်ရတာ၊ ကြည်ကြည် မောင်မြင့်ဇော်နဲ့အိမ်ထောင်ကျတော့မှ အသက်ရှူချောင်တော့ တယ်၊ ဒါတောင် လုံးလုံးနားရတယ်တော့ မဟုတ်သေးပါဘူးဆရာရယ်}}
အဘွားကြီးသည် ဘာအလုပ်ဖြင့်လုပ်ကိုင်ကျွေးမွေးခဲ့တယ်တော့ မသိ၊ လူမှာပိန်ချောက်ကာ အရိုးပေါ်အရေတင်ဖြစ်နေသည်။ ဆံပင်က တစ် ဝက်ဖြူ တစ်ဝက်မည်း ကျိုးတိုးကျဲတဲ။ ပါးပြင်မှာခွက်ဝင်နေကာ ဆင်းရဲ ခြင်းဒဏ်ကိုတော်တော်တွန်းလှန်ခဲ့ရသည့် သရုပ်သဏ္ဍာန်တွေပေါ်လွင်နေပေ သည်။
ထိုစဉ် အရီပြန်ထွက်လာသည်။ လက်ထဲမှာ လက်ဖက်သုပ်ပန်းကန် ပါလာ၏။ ဇွန်းတပ်ထားပြီးသည့်ပန်းကန်ကို ကျွန်တော့်လက်ထဲကမ်းပေး သည်။ လက်ဖက်ပန်းကန်တင်စရာခုံမရှိ၍ လက်ထဲကိုတိုက်ရိုက်ထည့်လိုက် ခြင်းဖြစ်သည်။ ကျွန်တော်ယူထားလိုက်သည်။
]]အဲဒါဆရာရယ်၊ ကျွန်မတို့မှာ မောင်မြင့်ဇော်ကိုပဲ အားကိုးနေရ တာ၊ အခုဖြစ်နေတဲ့ကိစ္စလေး၊ မောင်မြင့်ဇော်လွတ်အောင် လုပ်ပေးပါဦး ဆရာ၊ ကူပါဦးဆရာရယ်}}
အဘွားကြီးက ကျွန်တော့်ကို အသနားခံသလိုပြောလိုက်သည်။
]]ဟဲ့- အရီ၊ နင့်ဆရာခြင်တွေကိုက်နေမယ်၊ ခြင်ဆေးလေးထွန်း ပေးပါဦးဟဲ့}}
ကျွန်တော့်ကိုပြောနေရာမှ အရီ့ဖက်လှည့်ခိုင်းလိုက်ပြန်၏။
]]ကိုမြင့်ဇော်တို့ပြဿနာကပြီးနေပါပြီ၊ ဆုံးဖြတ်ချက်ချဖို့ပဲလိုတော့ တာပါ၊ ဘာမှဖြစ်စရာအကြောင်းမရှိပါဘူး}}
]]အဲဒါပေါ့ဆရာရယ်၊ ပြီးကာနီးမှ တန်းလန်းဖြစ်နေမှာစိုးလို့ပါ၊ ဆုံးဖြတ်ချက်ဆိုတာ မြန်မြန်ထွက်သွားလဲ ပြီးရော၊ ဒီကြားထဲ ဟိုလူတွန်း ဒီလူတိုက်နဲ့ တစ်မျိုးပြောင်းသွားမှာစိုးလို့ပါ၊ ဟဲ့-အရီ၊ ခြင်ဆေးယူခဲ့လေ}}
]]ခြင်ဆေးကကုန်နေတယ်အမေရဲ့၊ ရော့-ရော့- အရီ၊ ဒီဟာပဲ ဆရာ့ခုံအောက်မှာ ချပေးလိုက်}}
ကြည်ကြည်က သူ့ဘေးမှ ထွန်းထားလက်စခြင်ဆေးခွေကိုယူပေး ရင်းပြောလိုက်သည်။
]]နေပါစေမကြည်ကြည်၊ ကလေးခြင်ကိုက်နေပါ့မယ်}}
]]ရပါတယ်၊ ဆရာ့ခုံအောက်တည့်တည့်မှာ ချဟဲ့အရီ၊ ခုံက ကြိမ် ထိုးဆိုတော့ အောက်ကနေ ခြင်တွေကကိုက်တာဆရာရဲ့၊ ခြင်ဆေးရှိမှ၊ ပြီး ရင် နင်ခြင်ဆေးတစ်ဗူးသွားဝယ်လိုက်ဦးအရီ}}
အရီက ကုလားထိုင်အောက်ကုန်းကာ ခြင်ဆေးကိုထည့်မည်လုပ် နေ၍ ကျွန်တော်ကပဲ ခြင်ဆေးခွေကိုလှမ်းယူကာ ခုံအောက်ထည့်လိုက်ရ လေသည်။
]]ကိုမြင့်ဇော်ကိစ္စက စိတ်မပူပါနဲ့အဒေါ်၊ ဘာမှမဖြစ်လောက်ပါဘူး၊ ကျွန်တော်တာဝန်ယူပါတယ်}}
တကယ်လည်း ကိုမြင့်ဇော်တို့ဖြစ်ကြသည့်ကိစ္စမှာ ဘာမှကြီးကြီး ကျယ်ကျယ်မဟုတ်။ ပြဿနာထဲမှာ ကိုမြင့်ဇော်လည်းမပါ။ စက်ရုံကပစ္စည်း ပျောက်သည့်ကိစ္စတွင် ထိုညက ကိုမြင့်ဇော်ဂျူတီကျသော်လည်း ကိုမြင့် ဇော်မစောင့်ဖြစ်၊ ကလေးနေမကောင်းလို့ဆိုကာ နောက်တစ်ရက်ခြားမှာ ဂျူတီ ကျသည့်အလုပ်သမားတစ်ယောက်နှင့်လဲလိုက်သည်။ နှစ်ဦးသဘောတူ လဲ ခြင်းဖြစ်သည်။ အရာရှိနှစ်ယောက်ကိုလည်း အသိပေးထားသည်။ ကျွန်တော် ပင် သဘောတူကြောင်းလက်မှတ်ထိုးပေးလိုက်သေးသည်။
ဂျူတီခြင်းချိန်းသည့်ထိုညမှာ စက်ရုံထဲက ပစ္စည်းတစ်ချို့ပျောက် သည်။ ကိုမြင့်ဇော်နှင့်မဆိုင်၊ အနေသာကြီး။ သို့သော်¼¼¼ အစစ်အဆေးတော့ ခံရသည်။ ကိုမြင့်ဇော်တရားဝင်ဂျူတီလဲသည့်စာကို ပြနိုင်သည်။ လက်မှတ် ထိုးထားသောကျွန်တော်ကလည်း ထောက်ခံထားပြီးဖြစ်သည်။ အမှုက ပြီး နေပါပြီ။
ကြောက်တတ်သောကိုမြင့်ဇော်က အပြစ်ကျလာမှာကိုတွေးကြောက် နေပုံပေါ်သည်။ အိမ်ကိုလည်း ထိုအကြောင်းရင်ဖွင့်ထားဟန်တူပါသည်။ ကို မြင့်ဇော်ယောက္ခမကြီးက ထိုပြဿနာကိုရည်ရွယ်ကာ အကူအညီတောင်းနေ ခြင်းဖြစ်ပါသည်။
]]ပြီးပြီ ပြတ်ပြီ အပြစ်မကျတော့ဘူးဆိုရင် ကျေးဇူးတင်လိုက်တာ ဆရာရယ်၊ ဆရာကောင်းလို့သာပေါ့}}
လုပ်ငန်းသဘောသဘာဝကို မသိနားမလည်သူများမို့ ကျွန်တော့် ကိုကြံဖန်ကျေးဇူးတင်နေကြခြင်းဖြစ်ပါသည်။ တကယ်တော့¼¼¼ ကိုမြင့်ဇော် အပြစ်လွတ်အောင် ကျွန်တော်ဆောင်ရွက်ပေးလိုက်ခြင်းမဟုတ်ပါ။ နဂို ကတည်းကပင်အပြစ်မရှိသူကို ထိုနေ့က တာဝန်မရှိကြောင်း အမှန်အတိုင်း ထောက်ခံပေးခြင်းသာဖြစ်သည်။
ကိုမြင့်ဇော်ယောက္ခမကြီးက ကျွန်တော့်ကို ကျေးဇူးရှင်တစ်ယောက် သဖွယ် ရိုသေလေးစားသောစကားတွေပြောနေ၍ အနေရခက်သွားရသည်။ ကိုမြင့်ဇော်ကိုသာ ပြန်လာစေချင်ပါပြီ။ သူနှင့်ကျွန်တော် ညခုနစ်နာရီ ချိန်းထား ခြင်းဖြစ်သည်။ ယခု¼¼¼ ခုနစ်နာရီခွဲပြီးနေပြီ၊ ပေါ်မလာသေး။
ကိုမြင့်ဇော်ဘယ်သွားတာလဲ¼¼¼ မေးမည်ကြံဆဲတွင် လျှပ်စစ်မီးက ဖျတ်ကနဲပျက်သွားလေသည်။
]]ဟောတော့¼¼¼ အရေးထဲဆို သောက်မီးက လုပ်ပြီ}}
အဘွားကြီးက မီးပျက်သွားသည့်အတွက် သက်ဆိုင်ရာဋ္ဌာနကို ပစ်ပစ်နှစ်နှစ်ဆဲရေးလိုက်လေသည်။ နောက်မှ ကျွန်တော်ရှိသည်ကို သတိရ ကာ¼¼¼
]]ဆရာတို့ဖက်ကော မီးမှန်လားဟင်}}
¼¼¼ဟု မေးလိုက်၏။
]]တစ်မြို့တည်းအတူတူပဲအဒေါ်ရယ်၊ ဒီလိုပါပဲ၊ လာတစ်ချက် မလာတစ်ချက်ပေါ့}}
]]ဟုတ်ပါ့ဆရာရေ၊ ညပိုင်းလေးတော့ မှန်မှန်ပေးဖို့ကောင်းပါတယ်၊ နေ့ခင်းဖြတ်ရင်ဖြတ်ပေါ့၊ ဟဲ့-ကြည်ကြည်၊ တီဗွီခလုတ်ပိတ်ဖို့မေ့ဦးမယ်၊ အဲဒီ နားက ဘက်ထရီအိုးကို စမ်းကြည့်စမ်း၊ ရလား၊ ကလေးတစ်ဖက်နဲ့မှီရဲ့လား၊ ကဲပါအေ- ငါ့ဟာငါ လုပ်ပါတော့မယ်}}
အဘွားကြီးက ကရားရေလွှတ်သလိုပြောရင်း လုပ်စရာရှိတာတွေ ကို ဇယ်ဆက်သလိုလုပ်သွားသည်။
ဘက်ထရီမီးကိုဂျိုင်းလိုက်ရာ ငါးတိုင်အားမီးပွင့်လေးတစ်ခု လင်း လာ၏။
ကလေးက အဲ့ကနဲတစ်ချက်အော်ကာ လူးလွန့်လိုက်သည်။ မကြည် ကြည်က တကျွတ်ကျွတ်စုပ်သပ်ရင်း ကလေးကိုချော့နေ၏။
မီးပျက်သွားမှ ရုတ်တရက်ပူအိုက်သွားတာကို သတိထားမိသည်။ မီးလာနေတုံးက ကြမ်းပြင်ပေါ်ချထားသည့်ပန်ကာလေး လည်ပတ်နေသော ကြောင့် အပူသက်သာနေခြင်းဖြစ်သည်။ မီးပျက်လိုက်တော့ မှောင်လည်း မှောင်သွားရာ ပို၍ပူလာသယောင်ထင်ရပေသည်။
ပူသောကြောင့် ထင်သည်။ ကလေးက တအီအီအော်ငိုနေလေ၏။
]]ကလေးကိုယပ်ခပ်ပေးလိုက်စမ်းကြည်ကြည်၊ ဆရာ့ကိုယပ်တောင် ပေးဦးမှ၊ ယပ်တောင်တွေဘယ်နားမှာလဲကြည်ကြည်၊ ညီးလည်းသိမှာမဟုတ် ပါဘူးအေ၊ အရီသိမ်းထားတာမဟုတ်လား၊ ငါ့ဟာငါ ရှာမှပါ}}
အဘွားကြီးက ယပ်တောင်ရှာရန်အတွက် ကုန်းကုန်း-ကုန်းကုန်း ဖြင့် အတွင်းခန်းထဲဝင်သွားလေ၏။ လမ်းထလျှောက်မှ အဘွားကြီးမှာ အတော် ပင်ခါးကုန်းနေကြောင်းသိရသည်။ အဘွားကြီးမှာ အသက်ကြီးသော်လည်း တစ်အိမ်လုံးကို သူပဲဦးဆောင်နေပုံရပေသည်။
ကလေးငိုသံက ပို၍ဆူညံလာသည်။
]]အေ¼¼¼ အေ¼¼¼ သားသားရယ်၊ တိတ်ပါကွယ်၊ ဖေဖေကြီးပြန်လာ တော့မယ်နော်၊ တိတ်¼¼¼ တိတ်¼¼¼ တိတ်¼¼¼}}
မကြည်ကြည်က ကလေးအငိုတိတ်အောင် ထိုင်ရာမှထပြီး ကျောကို ပုတ်ပေးကာ ဟိုလျှောက်ဒီလျှောက်လုပ်နေ၏။
]]¼¼¼ ကလေးက ယောက်ျားလေးလား}}
]]ဟုတ်တယ်ဆရာရေ့၊ ကလေးက ချူချာတယ်ဆရာ}}
မကြည်ကြည်ကပြန်ဖြေခြင်းမဟုတ်။ ယပ်တောင်နှစ်ချောင်းကိုင် ၍ထွက်လာရင်း အဘွားကြီးက ပြောလိုက်ခြင်းဖြစ်သည်။
ကျွန်တော့်ကိုယပ်တောင်တစ်ချောင်းကမ်းပေးသည်။ သူ့မြေးကို သူကိုယ်တိုင်ယပ်ခပ်ပေးနေသည်။
]]မောင်မြင့်ဇော်ကလည်း ကြာလိုက်တာအေ၊ ဆရာ့အားနာစရာ}}
]]အကြော်အလှော်တွေစောင့်နေရလို့ထင်ပါရဲ့အမေ၊ လာတော့မှာ ပါ၊ ဆရာ¼¼¼ ခဏစောင့်ပါဦးနော်}}
]]ရပါတယ်မကြည်ကြည်}}
လာမိမှတော့ စောင့်ရတော့မည်ပင် မဟုတ်ပါလား။
ကျွန်တော်က ယပ်တောင်ကို အအိုက်ပြေရုံသာမဟုတ်၊ ခြင်ပြေး အောင် နှင်ထုတ်သည့်ကိရိယာသဖွယ်လည်း အသုံးပြုနေရသည်။ မီးပျက် အသွားတွင် မှောင်သွား၍ ခြင်တွေအလုံးအရင်းနှင့်လှိမ့်ဝင်လာသည်။ ပန်ကာ လေကလည်း မရှိတော့၍ ခြင်တွေလူဘေးမှာ တဝီဝီမြည်ရင်းပျော်မြူးနေ ကြပေသည်။
ကလေးက အငိုတိတ်မသွား။ မကြည်ကြည်ကိုယ်ပေါ်တွင် ကော့ ကော့ထိုးကာ ငိုနေသည်။ အခုနက မိခင်နှင့်အတူ တီဗွီကိုငေးကြည့်နေသော ကလေးက မီးပျက်သွားမှ ထငိုခြင်းဖြစ်လေ၏။
ထိုစဉ်¼¼¼ ခြင်ဆေးဗူးသွားဝယ်သောအရီ ပြန်ရောက်လာသည်။
]]အရီတောင်ရောက်လာပြီ၊ နင့်အစ်ကိုကမလာသေးဘူးဟေ့၊ ဆရာ စောင့်ရတာ အားနာစရာကောင်းနေပြီ၊ ဖယောင်းတိုင်ရော ဝယ်ခဲ့ရဲ့လား အရီ}}
]]ဖယောင်းတိုင်တွေရှိသေးတယ်လေအမေ၊ ဘုရားစင်ပေါ်မှာ}}
]]ဒါဖြင့်¼¼¼ ပြီးရော၊ ဆရာတို့စားရင်သောက်ရင် ထွန်းပေးဖို့ လိုမှာ လေ}} 
သူတို့က ကျွန်တော့်ကိုဧည့်ခံဖို့ တကူးတကလုပ်ထားတာပါလား။ ကိုမြင့်ဇော်ကလည်း ဘာတွေသွားဝယ်နေလို့ ဒါလောက်ကြာနေပါလိမ့်။
]]ကလေးက ငိုလှချည်လားအစ်မ}}
]]အေးအေ¼¼¼ ဘယ်လိုဖြစ်တယ်မသိပါဘူး}}
]]ညီး နေ့လည်က ရေတိုက်တော့ ငါလုပ်ထားတဲ့ရေကျက်အေး တိုက်ရဲ့လားဟဲ့အရီ}}
]]တိုက်ပါတယ်အမေ}}
]]ငါ့မြေး ဗိုက်နာလို့များငိုသလားလို့}}
တကယ်တော့ ပူအိုက်ပြီး ခြင်ကိုလို့ငိုခြင်းသာဖြစ်ပါသည်။
ထိုစဉ်¼¼¼ စက်ဘီးဘဲလ်သံ ကလင်-ကလင်ပေးကာ ကိုမြင့်ဇော်ပြန် ရောက်လာလေသည်။
]]မောင်မြင့်ဇော်လာပြီ၊ မင်းနှယ်ကွယ်၊ ကြာလိုက်တာ၊ ဆရာစောင့် နေတာ အားနာစရာ}}
]]ခေါက်ဆွဲကြော်က စောင့်နေရလို့အမေ၊ ဆိုင်လူကျနေလို့}}
]]အေး-အေး- ပေး၊ အထုတ်တွေ ငါ့ကိုပေး၊ အမေပြင်လိုက်မယ်၊ ဆရာနဲ့စကားပြောချေဦး}}
အဘွားကြီးက ကိုမြင့်ဇော်လက်ထဲက အထုတ်များကို လက်လွှဲယူ သွားသည်။
ခေါက်ဆွဲကြော်နံ့၊ ဝက်သားနံ့၊ ဟင်းရည်နံ့များက သင်းပျံ့သွား သည်။ ရေခဲတုံးလေးများကိုကြွတ်ကြွတ်အိတ်နှင့်ထည့်လာတာလည်း တွေ့ရ၏။ ကလေးသည် ငိုနေရင်းမှ အစားအသောက်အထုတ်များကို လှမ်းကြည့်နေ၏။
]]ဆရာရောက်နေတာကြာပြီလား၊ ဆောရီးဆရာ၊ ခုနစ်နာရီချိန်း ထားပြီး သွားစရာကိစ္စလေးပေါ်လာလို့သွားလိုက်တာ၊ အပြန် ခေါက်ဆွဲဆိုင် မှာလည်း နည်းနည်းစောင့်ရလို့ကြာသွားတယ်}}
]]ဒါတွေ ဘာလို့ဝယ်နေလဲဗျာ၊ အိမ်မှာရှိတာနဲ့လုပ်လည်း ရတာပဲ၊ ကျွန်တော်က ခင်ဗျားဖိတ်လို့ အိမ်ရောက်ဖူးအောင် လာလိုက်တာ}}
]]ဘယ်ဟုတ်မလဲဆရာ၊ တစ်ခါတစ်လေဆုံရတာ ကောင်းကောင်း လေးချတာပေါ့}}
မကြည်ကြည်လက်ထဲက ကလေးက ငိုနေဆဲ။ ကလေးက ငိုရင်းမှ သူ့အဘွားသယ်သွားသော ဟင်းထုတ်များဆီ လှမ်းလှမ်းကြည့်နေသည်။
]]သားသားက ငိုလှချည်လားအကြည်}}
]]ဟုတ်တယ်အစ်ကို၊ ဘယ်လိုဖြစ်သွားတယ်မသိပါဘူး၊ ခုနကတော့ ငြိမ်လို့၊ အိပ်တော့မယ်တောင် ထင်တာ}}
ကလေးက အဘွားရှိရာ တကဲကဲလှမ်းကြည့်ရင်း ငိုနေသည်။
]]ကဲ- မောင်မြင့်ဇော်ရေ၊ ဆရာ့ကိုခေါ်ခဲ့တော့ ပြင်ပြီးပြီ}}
]]လာ-ဆရာ၊ စကြစို့}}
ကျွန်တော်တို့ ထမင်းစားခန်းထဲသို့ဝင်ခဲ့ကြသည်။ ထမင်းစားခန်း နှင့်မီးဖိုခန်းမှာ တစ်ဆက်တည်းဖြစ်၏။ ခေါက်စားပွဲတစ်လုံးနှင့်ကုလားထိုင် နှစ်လုံးချထားသည်။ စားပွဲရော ကုလားထိုင်နှစ်လုံးမှာ အသစ်စက်စက်ဖြစ် သည်။ ငှားထားခြင်းပဲဖြစ်ပါလိမ့်မည်။ သူတို့ထမင်းစားလျှင် စားပွဲဝိုင်းအပု လေးနဲ့ပဲစားနေကျဖြစ်မည်။ စားပွဲဝိုင်းလေး နံရံမှာထောင်ထားတာမြင်နေ ရ၏။
]]မန္တလေးရမ် နှစ်ပြားဝယ်ထားတယ်ဆရာ၊ လောက်ပါတယ်နော်}}
]]လောက်ပါတယ်ကိုမြင့်ဇော်}}
]]လိုရင် လမ်းထိပ်ကစတိုးဆိုင်မှာဝယ်လို့ရပါတယ်}}
]]ကျွန်တော် အမြဲတမ်းသောက်နေကျမဟုတ်ပါဘူး၊ လေးပက် လောက်ဆိုတော်ပြီ၊ ကျွန်တော့်အတွက်တော့ ပိုတောင်ပိုနေသေးတယ်}}
ကိုမြင့်ဇော်က ဖန်ခွက်နှစ်လုံးထဲတွင် ရမ်ကို လက်နှစ်လုံးလောက် စီထည့်သည်။ ရေခဲတုံးများကို လက်နှင့်ကိုင်၍ထည့်လိုက်ပြန်သည်။ ပြီးတော့ ဘိုဆန်ဆန် ဖန်ခွက်ချင်းထိလိုက်ပြီး ကျွန်တော်တို့စသောက်ကြသည်။
]]အမြည်းတွေများလှချည်လားဗျာ}}
]]စားပါဆရာ၊ ထမင်းပါတစ်ခါတည်းစားပြီးမှပြန်}}
]]စားနော်ဆရာ၊ အားမနာနဲ့၊ မောင်မြင့်ဇော်က ဆရာ့ကို သိပ် ကျေးဇူးတင်နေတာ}}
အဘွားကြီးက ဘေးမှဝင်၍ လောကွတ်လုပ်လိုက်ပြန်သည်။
ထိုစဉ်¼¼¼ ကလေးငိုသံက စူးစူးဝါးဝါးထွက်လာ၏။
]]ငါ့မြေးကလည်း ငိုလှချည်လားဟေ့၊ ဘာဖြစ်လို့ပါလိမ့်မလဲရယ်}}
အဘွားကြီးက အိမ်ရှေ့ခန်းသို့ထွက်သွားသည်။
ကျွန်တော်တို့စားသောက်နေသည့်နေရာမှ အိမ်ရှေ့ခန်းကို မြင်နေ ရပါသည်။
အဘွားကြီးက မကြည်ကြည်လက်ထဲမှကလေးကို ပွေ့ယူလိုက်သည်။ ချော့သည်။ ကလေးက ငိုနေဆဲ။
အဘွားကြီး ကလေးချီရင်း ထမင်းစားခန်းထဲဝင်လာ၏။
]]မောင်မြင့်ဇော်၊ မင်း ဘယ်လမ်းက ပြန်လာလဲ}}
]]ထုံးစံအတိုင်းပေါ့အမေ၊ ကြားလမ်းက}}
]]အေး- ဟိုအပင်ကြီးရှိတဲ့ကြားလမ်းမဟုတ်လား၊ အဲဒီလမ်းက ကြပ်ကြပ်ပြန်၊ ဝက်သားတွေဝယ်လာပြီး အပင်အောက်ကဖြတ်လာတာကိုး ကွဲ့}}
]]ဘာဖြစ်လို့လဲအမေ}}
]]ဘာဖြစ်ရမလဲ၊ မင်းနောက်မှာ သရဲကပ်ပါလာတယ်လေ၊ အဲဒါ ကြောင့် ငါ့မြေးဒါလောက်ငိုနေတာ}}
]]ဟင်-}}
ကျွန်တော်က ကလေးကိုကြည့်လိုက်သည်။ ကလေးကငိုနေဆဲ။ ကျွန်တော်တို့စားတာသောက်တာကိုကြည့်ပြီး ငိုနေခြင်းဖြစ်ပါသည်။
]]မဖြစ်ပါဘူး၊ ခေါစာပစ်မှပါ၊ အရီ- ဟဲ့- နင့်အစ်ကိုနဲ့ဆရာကို ယပ်ခပ်ပေးစမ်း၊ ကြည်ကြည်- ကလေးလာယူလှည့်၊ ငါ ခေါစာပစ်ဖို့လုပ် လိုက်ဦးမယ်}}
ခေါစာဆိုပါလား။ ကြားသာကြားဖူးသော်လည်း ကျွန်တော်ကောင်း ကောင်းမသိချေ။
မကြည်ကြည်က ကလေးကိုအပြင်ခန်းပြန်ခေါ်သွားချိန်မှာ အဘွား ကြီးက ခေါစာပစ်ဖို့ပြင်ဆင်လေတော့သည်။
မြေစလောင်းဖုံးတစ်ချပ် အဘွားကြီးလက်ထဲပါလာသည်။
]]ကန်တော့နော်ဆရာ၊ ကျွန်မခေါစာပစ်ဖို့ လုပ်လိုက်ဦးမယ်}}
အဘွားကြီးက ကျွန်တော်တို့စားနေသောအစားအသောက်များထဲ မှ နည်းနည်းစီနှိုက်ကာ စလောင်းဖုံးထဲထည့်နေသည်။ ခေါက်ဆွဲကြော်နည်း နည်း၊ ဝက်ခေါင်းသုပ်နည်းနည်း၊ ဝက်အူချောင်းနည်းနည်း၊ ဟင်းချိုရည် နည်းနည်းကိုလည်း ဆမ်းလိုက်သေး၏။
]]အဲဒီလမ်းက သိပ်ဆိုးတာဆရာရေ့၊ လမ်းမဘေးကထနောင်းပင် ကြီးမှာ သရဲတစ္ဆေတွေပေါမှပေါ၊ အဲဒီနား ကားကလည်း ခဏခဏတိုက် မဟုတ်လား၊ ကျွန်မတို့ငယ်ငယ်က ကားတိုက်တာ တစ်စီးလုံးပါသမျှလူ သေရော၊ ထနောင်းပင်ကြီးမှာ တစ္ဆေတွေဖြစ်ပြီး နေနေကြတာပေါ့၊ မကျွတ် မလွတ်တဲ့ပြိတ္တာတွေက အစားအသောက်ပါရင် နောက်က လိုက်လာကြ တာလေ}}
အဘွားကြီးက ကျွန်တော့်ကိုရှင်းပြပြီး အိမ်ရှေ့ထွက်သွားသည်။ အိမ်ရှေ့ခန်းကွပ်ပျစ်ကလေးပေါ်တက်လိုက်သည်။
]]ကြည်ကြည်ရေ ကလေးခေါ်ခဲ့}}
ကျွန်တော်က အဘွားကြီး ခေါစာပစ်မည့်ပုံကို စိတ်ဝင်တစားကြည့် နေမိလေ၏။ ခေါစာပစ်ဖို့က စလောင်းဖုံးထဲထည့်သွားတဲ့အတိုင်း ပြီးသေး ဟန်မတူ။
အဘွားကြီးသည် စလောင်းဖုံးထဲတွင် ဖယောင်းတိုင်ကိုထွန်းလိုက် သေးသည်။ အမွှေးတိုင်တစ်တိုင်ကိုစိုက်လိုက်သေးသည်။
ပြီးနောက်¼¼¼ ကလေးကို ကွပ်ပျစ်ပေါ်တွင်ပက်လက်ချစေသည်။
စလောင်းဖုံးကို ကလေးကိုယ်ပေါ်တွင်ဝဲကာ-ဝဲကာ သုံးလေးပတ် ပတ်လိုက်သည်။ ကလေးသည် ထိုအချိန်တွင် ထူးထူးခြားခြားတိတ်သွား လေ၏။ ကလေးမျက်လုံးက စလောင်းဖုံးပေါ်မှဖယောင်းတိုင်လေးကိုလိုက် ကြည့်နေသည်။ စလောင်းဖုံးထဲက ဟင်းနံ့ကျွေးနံ့များရလိုက်၍ ကလေးက လန်းဆန်းသွားပုံပေါ်ပါသည်။
အဘွားကြီးက ကလေးတစ်ကိုယ်လုံးပေါ်တွင်ပတ်ဝိုင်းကာ စလောင်း ဖုံးကို မွှေ့ယမ်းရင်း ဝဲရင်းမှ နှုတ်မှလည်းရွတ်ဆိုလိုက်လေသည်။
]]ခြေဦးကပါတဲ့တစ္ဆေ၊ လက်ဦးကပါတဲ့တစ္ဆေ၊ ဟဲ့- ကျားကိုက်လို့ သေတဲ့တစ္ဆေ၊ ကားတိုက်လို့ သေတဲ့တစ္ဆေ၊  ကြိုးပေးခံရလို့ သေတဲ့တစ္ဆေ၊ မယားနှစ်ယောက်ကြား ဗျာများပြီး သေတဲ့တစ္ဆေ၊ လင်တရူးပြီး သေတဲ့တစ္ဆေ၊  သူများသားသမီးကို မဖမ်းရဘူး၊ မဆီးရဘူး၊ မိမွေးတိုင်း ဖမွေးတိုင်းရှိပေစေ၊ လာကြ-လာကြ- နင်တို့ကို ကျွေးမယ်၊ ကျွေးမယ်}}
အဘွားကြီးလုပ်နေပုံမှာ ကြောက်စရာကောင်းလှသည်။ ပိန်လှီလှီ မည်းခြောက်ခြောက်အဘွားအိုတစ်ယောက် သရဲတစ္ဆေတွေကိုစကားပြောနေ ပုံမှာ သရဲဇာတ်ကားထဲမှစုန်းမကြီးကို မြင်ရသည့်အတိုင်းရှိလေသည်။
အဘွားကြီးက နောက်တစ်ဖန် ရွတ်လိုက်ပြန်သည်။
]]ခြေဦးကပါတဲ့တစ္ဆေ၊ လက်ဦးကပါတဲ့တစ္ဆေ၊ ကားတိုက်လို့ သေတဲ့တစ္ဆေ၊ ရေနစ်လို့ သေတဲ့တစ္ဆေ၊ ကြိုးဆွဲချလို့ သေတဲ့တစ္ဆေ၊ မယား နှစ်ယောက်ကြားဗျာများပြီး သေတဲ့တစ္ဆေ၊ လင်တရူးပြီး သေတဲ့တစ္ဆေ၊  သူများ သားသမီးကို မဖမ်းရဘူး၊ မဆီးရဘူး၊ မိမွေးတိုင်း ဖမွေးတိုင်းရှိပေစေ၊ လာကြ-လာကြ- နင်တို့ကို ကျွေးမယ်၊ ကျွေးမယ်}}
အဘွားကြီးသည် ကိုယ်ကိုယိမ်းရင်းနွဲ့ရင်း ကလေးအပေါ်တွင် စလောင်းဖုံးကိုပတ်ဝိုင်းကာ သုံးခေါက်တိတိရွတ်ဆိုနေလေသည်။ ကျွန်တော့် အဖို့တော့ တကယ့်သရဲကိုမြင်ရလျှင် ဤမျှကြောက်စရာကောင်းလိမ့်မည် မထင်။ အဘွားကြီးလုပ်နေပုံ ပြောဆိုနေပုံများက ကြက်သီးထစရာကောင်း လှပေ၏။
ကလေးသည်အငိုတိတ်ကာ စလောင်းဖုံးပေါ်မှဖယောင်းတိုင်လေး ကို စပ်စုသောမျက်လုံးဖြင့်လိုက်ကြည့်နေလေ၏။
အဘွားကြီးက ထိုင်ရာမှထလိုက်သည်။
]]ငါအပြင်ကို သွားပစ်လိုက်မယ်၊ ညီးလိုက်မလာနဲ့နော်ကြည်ကြည်၊ အိမ်ထဲမှာပဲနေခဲ့}}
အဘွားကြီးက ခေါစာထည့်ထားသောစလောင်းဖုံးကိုကိုင်ကာ အိမ် အပြင်ဖက်ထွက်သွားလေ၏။
အပြင်ဖက်တွင် စလောင်းဖုံးကိုချကာ အခုနကစကားလုံးများကို ပို၍အသံကျယ်အောင်ရွတ်ဆိုပြန်လေ၏။ သရဲတစ္ဆေတွေကြားအောင် ရွတ်ဆို ရခြင်းဖြစ်ပုံရသည်။
]]ခြေဦးကပါတဲ့တစ္ဆေ၊ လက်ဦးကပါတဲ့တစ္ဆေ၊ ဟဲ့- ကျားကိုက်လို့ သေတဲ့တစ္ဆေ၊ ကားတိုက်လို့ သေတဲ့တစ္ဆေ၊ ရေနစ်လို့ သေတဲ့တစ္ဆေ၊ ကြိုးဆွဲ ချလို့ သေတဲ့တစ္ဆေ၊ ကြိုးပေးခံရလို့ သေတဲ့တစ္ဆေ၊ မယားနှစ်ယောက်ကြား ဗျာများပြီး သေတဲ့တစ္ဆေ၊ လင်တရူးပြီး သေတဲ့တစ္ဆေ၊  သူများသားသမီးကို မဖမ်းရဘူး၊ မဆီးရဘူး၊ မိမွေးတိုင်း ဖမွေးတိုင်းရှိပေစေ၊ လာကြ-လာကြ- နင်တို့ကို ကျွေးမယ်၊ ကျွေးမယ်၊ စားကြဟဲ့၊ သောက်ကြဟဲ့၊ အိမ်ထဲကို လိုက်မလာနဲ့၊ ဖွ- ဖွ- ဖွဟဲ့- ဖွ}}
ခေါစာပစ်ခြင်းကို စိတ်တိုင်းကျပြုလုပ်နေခြင်းဖြစ်လေသည်။ ထူး ဆန်းပေစွ။ ကျွန်တော်သည် တစ်ခါမျှမမြင်ဖူးသောခေါစာပစ်ပုံကိုကြည့်ကာ အံ့ဩနေမိပေသည်။
]]ကြည်ကြည်ရေ¼¼¼ သားသားကို ဒီခေါ်ခဲ့ပါဟေ့}}
ကိုမြင့်ဇော်က လှမ်းခေါ်လိုက်သည်။
မကြည်ကြည်က ကလေးကိုချီရင်း ထမင်းစာခန်းထဲဝင်လာသည်။ ကလေးက အငိုတိတ်နေပေပြီ။ အခန်းထဲရောက်တော့ ကျွန်တော်တို့မြည်း နေသည့်အမြည်းများကိုလက်ညှိုးထိုးပြသည်။
]]လာ- သားသား၊ ဖေဖေ့ဆီလာ}}
ကိုမြင့်ဇော်က ကလေးကိုယူ၍ ပေါင်ပေါ်တင်ထားလိုက်သည်။
ကလေးက အစားအသောက်ပန်းကန်များကိုလက်ဖြင့်လှမ်းနှိုက် ၏။ ကိုမြင့်ဇော်က ကလေးလက်ကိုဖမ်းဆွဲထားကာ ခေါက်ဆွဲကြော်ပန်းကန် ထဲမှ ဝက်သားဖတ်သေးသေးတစ်ဖတ်ကို ပါးစပ်ထဲထည့်ပေးလိုက်သည်။
ကလေးသည် ဝက်သားဖတ်ကိုတမြုံ့မြုံ့လုပ်ရင်း မျက်နှာလေး ရွှင်လာသည်။ အဖေကိုမော်ကြည့်ကာ ရယ်ပြလိုက်သည်။
]]တိတ်သွားပြီမဟုတ်လားဟဲ့၊ တော်သေးတာပေါ့၊ ငါ့မှာလုပ်လိုက် ရတာ}}
အဘွားကြီးအိမ်ထဲပြန်ဝင်လာပြီး ပြောလိုက်ခြင်းဖြစ်သည်။
]]နောင် အဲဒီကြားလမ်းကိုရှောင်ပေတော့ မောင်မြင့်ဇော်ရေ၊ လမ်း မကြီးကသာပြန်ဟဲ့၊ ထနောင်းပင်ကတစ္ဆေတွေက သိပ်သောင်းကျန်းတာ၊ ငါ ခေါစာပစ်ပြီး နှင်ထုတ်လိုက်လို့သာပေါ့}}
]]သရဲတွေပါလာလို့ ကလေးငိုတာလားအဒေါ်}}
ကျွန်တော်က မနေနိုင်ပဲ ဝင်မေးလိုက်မိသည်။
]]ဟုတ်တာပေါ့ဆရာ၊ မောင်မြင့်ဇော်က အစားအသောက်တွေ ဝယ်လာတာတော့ သူတို့တွေလိုက်လာတာပေါ့၊ ဝယ်လာတာလည်း ဝက်သား ချည်းပဲကိုး၊ သရဲတစ္ဆေဆိုတာ ဝက်သား၊ အမဲသား သိပ်ကြိုက်တာလေ}}
ကိုမြင့်ဇော်နောက်မှာ သရဲပါလာတာ မပါလာတာက ထားပါတော့။ ကလေးငိုတာကတော့ ကိုမြင့်ဇော်မပြန်ခင်ကတည်းက ငိုနေခြင်းသာဖြစ်ပါ သည်။ ကျွန်တော့်စိတ်ထင် မီးပျက်သွားလို့အိုက်တာတစ်ကြောင်း၊ ခြင်ကိုက် တာတစ်ကြောင်းတို့ကြောင့် ကလေးငိုတာလို့ထင်မိသည်။
အငိုတိတ်သွားတာကလည်း တခြားကြောင့်မဟုတ်။ သူ့အဘွား ခေါစာပစ်ဖို့လုပ်နေပုံကို အမြင်အပြောင်းအလဲဖြစ်ကာ ကလေးပီပီ စိတ်ဝင် စားရာမှ အငိုတိတ်သွားခြင်းဖြစ်သည်။ ပြီးတော့¼¼¼ ကလေးက ဆာနေပုံရပါ သည်။ ဟင်းနံ့ကိုစိတ်ဝင်စားသွားသည်။ ခုလည်း ဝက်သားဖတ်ကလေးများ ကိုစားကာ စိတ်ကြည်ကြည်လင်လင်ဖြစ်ပြီး ရယ်မောနေပြီမဟုတ်ပါလား။
သို့သော်¼¼¼ ဒါတွေကို ပြောနေစရာမလိုပါ။ သူ့အရပ်နှင့်သူ့ဇာတ် အံဝင်ဂွင်ကျဖြစ်နေသည်ပဲ။ ကျွန်တော်ဝေဖန်စရာမလို။
 ]]ကျွန်မတို့ငယ်ငယ်ကများဆို ဒါ့ထက်တောင်ဆိုးသေးတယ်ဆရာ၊ သရဲတွေက သစ်ပင်ပေါ်ကဆင်းလာပြီးတော့ကို လုစားတာ}}
]]ဗျာ- သရဲကိုအကောင်လိုက်မြင်ရတာလား}}
]]မြင်ရတာပေါ့ဆရာရဲ့}}
]]အဒေါ်မြင်ခဲ့ဖူးတာလားဗျာ}}
]]ကျွန်မတော့မမြင်ဖူးပါဘူး၊ ကျွန်မက နေဝင်တာနဲ့အဲဒီနားကို မဖြတ်တော့ဘူး၊ ကျွန်မသူငယ်ချင်း မိတောရယ်လေ၊ တစ်ခါ¼¼¼ နေဝင်ရီ တရောကြီး အမဲသားတွဲကြီးဆွဲလာတာ သရဲနှစ်ကောင်လိုက်လုလို့တဲ့}}
]]ကြောက်စရာကြီးဗျာ}}
]]ကျွန်မမောင်တစ်ယောက်တုန်းကလည်း မောင်မြင့်ဇော်လိုပဲ၊ ခေါက်ဆွဲဝယ်ပြီး စက်ဘီးနဲ့ပြန်လာတာ၊ ထနောင်းပင်ကြီးအောက်ရောက် တော့ စက်ဘီးက လေးသွားတာတဲ့၊ ဘယ်လိုလေးလို့လေးမှန်းမသိဘူး၊ နင်း လို့မရအောင်ကို လေးသွားတာဆိုပဲ၊ ဟော¼¼¼ အိမ်ပြန်ရောက်လို့ ခေါက်ဆွဲထုတ် ကလေးလည်း ဖြည်လိုက်ပါရော၊ အထုတ်ထဲမှာ ဘာမှမပါတော့ဘူးတဲ့ဆရာ}}
]]ဟင်-}}
]]ဒီလိုလေ၊ ကျွန်မတို့ငယ်ငယ်က ခေါက်ဆွဲကြော်ကို ခုလို ကြွပ် ကြွပ်အိတ်နဲ့ထည့်ပေးတာမဟုတ်ဘူးဆရာ၊ ကြွပ်ကြွပ်အိတ်လည်း မပေါ်သေး ဘူးကိုး၊ အင်ဖက်ထဲထည့်ပြီး နှီးနဲ့ချည်ပေးတာလေ၊ ဝါးနှီးကို ကွင်းကလေး လုပ်ပေးလိုက်တော့ အထုတ်ကလေးကို နှီးကွင်းလေးက ဆွဲလာရုံရယ်}}
]]ဟုတ်ကဲ့၊ ကျွန်တော်လည်း အဲဒါမျိုး တွေ့ဖူးပါတယ်}}
]]သရဲက အထုတ်ထဲကခေါက်ဆွဲကြော်ကို အထုပ်မပျက်နှိုက်စား လိုက်တာလေ၊ အိမ်ရောက်လို့ဖြည်ကြည့်မှ သိရတော့တာပဲ၊ အခု ဒါလောက် မဆိုးတော့ဘူးဆိုပေမယ့် ဒီညလိုမီးပျက်တဲ့ရက်ကျတော့ သရဲတစ္ဆေတွေ အကြိုက်ပေါ့ဆရာရယ်}}
]]ဗျာ- မီးပျက်တာနဲ့ သရဲတစ္ဆေနဲ့ ဘာဆိုင်လို့လဲ}}
]]ဆိုင်တာပေါ့ဆရာ၊ မီးပျက်နေတော့ သူတို့တွေအတင့်ရဲတာပေါ့၊ ဒီနေ့မောင်မြင့်ဇော်နောက်က ပါလာတာပဲကြည့်လေ}}
¼¼¼ သရဲတစ္ဆေသောင်းကျန်းခြင်းမှာ မီးပျက်ခြင်းနဲ့လည်း ဆိုင်တယ်ဆိုပါလား။
]]အဲဒါကြောင့် သူတို့ကြေနပ်အောင်ခေါစာပစ်ပေးရတာပေါ့ဆရာ၊ နို့မို့¼¼¼ ကလေးကိုဒုက္ခပေးနေမှာလေ၊ သရဲတစ္ဆေဆိုပေမယ့် ဒီတိုင်းနှင်ထုတ် လို့မကောင်းဘူး၊ သူတို့ကို ကျွေးလိုက်မွေးလိုက်တော့ သူတို့လည်း ကြေနပ် တာပေါ့၊ လူကိုလည်း ဒုက္ခမပေးတော့ဘူးပေါ့}}
အဘွားကြီး သရဲအကြောင်းများပြောပြနေစဉ် ဘယ်အချိန်က အပြင်ထွက်သွားမှန်းမသိလိုက်သောအရီသည် အိမ်ထဲသို့ အပြေးကလေး ဝင်လာလေ၏။
ထမင်းစားခန်းထဲသို့ စောင်းငန်း-စောင်းငန်းပြေးဝင်လာကာ ပြော လိုက်လေ၏။
]]အမေ¼¼¼ အမေ¼¼¼ အမေပစ်လိုက်တဲ့ခေါစာတွေကို သရဲကြီး တစ်ကောင် လာစားသွားတယ်တော့}}
အရီ့စကားကြောင့် ကျွန်တော်အံ့အားသင့်သွားရပြန်ပါသည်။
]]အရီ၊ သရဲလာစားတာ အရီမြင်လိုက်ရတာလား}}
]]မြင်လိုက်တာပေါ့ဆရာ၊ သရဲက ခွေးယောင်ဆောင်ပြီးလာစား တာလေ}}
ဖြစ်မှဖြစ်ရလေ။
]]အဲဒီခွေးက ဒီအနီးအနားကခွေးပဲမဟုတ်ဘူးလား}}
]]မဟုတ်ဘူးဆရာရဲ့၊ တစ်ခါမှမမြင်ဖူးဘူး၊ ခွေးက အမည်းကြီး၊ အမွှေးအရှည်ကြီးတွေနဲ့၊ ကြောက်စရာကြီး၊ လျှာကြီးများဆို နီရဲနေတာပဲ}}
အဘွားကြီးက သူ့အောင်မြင်မှုအတွက် ပြုံးနေလေသည်။
]]ခုမှပဲ ငါ့မြေးလေးလည်း ပြုံးနိုင်ရယ်နိုင်တော့တယ်ဟေ့၊ ဆရာ စားနော်ဆရာ၊ ထပ်သောက်ပါဦး၊ ထမင်းတွေလည်းအများကြီးချက်ထား တယ်နော်ဆရာ}}
သရဲကိစ္စနိဂုံးချုပ်သွားပါပြီ။ ကျွန်တော့်ကိုဧည့်ခံပြုစုရေးဖက်လှည့် လာလေပြီ။
]]မင်းမရှိတုန်း စိုးရိမ်လို့ အမေက မေးနေတာကွဲ့၊ မင်းဆရာက စိုးရိမ်စရာမရှိပါဘူးတဲ့၊ မင်းအတွက် သူတာဝန်ယူတယ်တဲ့မောင်မြင့်ဇော်၊ ဆရာ့ကျေးဇူးကိုမမေ့နဲ့နော်၊ ဆရာ¼¼¼ ထပ်ထည့်ဦးလေဆရာ၊ မောင်မြင့်ဇော် ကိုလည်း တပည့်ရင်းလိုသဘောထားပြီးဆုံးမပါဆရာ၊ ဟဲ့-မောင်မြင့်ဇော် မင်းဆရာဖန်ခွက်ထဲ အရက်ထည့်ပါဦးဟဲ့}}
အဘွားကြီးက ရွှန်းရွှန်းဝေအောင်လောကွတ်တွေပြုနေသည်။
ကျွန်တော်လည်းမူးနေပြီ။
ကျွန်တော်တစ်ခုစဉ်းစားမိသည်။
ခုလို ကျွန်တော့်ကို ပြုစုကျွေးမွေးနေတာဟာ သရဲတစ္ဆေတွေကို ခေါစာပစ်သလို ခေါစာပစ်နေတာလားလို့။
]]ဖန်ခွက်ထဲကို ရေခဲတုံးလေးထည့်လိုက်မယ်နော်ဆရာ၊ ¼¼¼ ဆရာ၊ ပြန်ရင် ကြားလမ်းကမပြန်နဲ့နော်၊ လမ်းမကြီးကပဲပြန်နော်ဆရာ}}
]]ဟုတ်ကဲ့၊ လမ်းမကြီးကပဲပြန်ပါ့မယ်အဒေါ်၊ ကျွန်တော် သရဲ ကြောက်တတ်လို့ပါ၊ တော်ကြာ¼¼¼ ကျွန်တော့်နောက်သရဲပါလာလို့ ဒုက္ခရောက် နေပါဦးမယ်၊ ကျွန်တော်က ခေါစာမပစ်တတ်ဘူးအဒေါ်ရဲ့}}
အိမ်ကိုပြန်လျှင်¼¼¼ တကယ်ပဲ လမ်းမကြီးကပြန်မှ ဖြစ်ပါမည်။ ကြားလမ်းကိုရှောင်ရပါမည်။ ဘာဖြစ်လို့လဲဆိုတော့¼¼¼ လျှပ်စစ်မီးက အခုထိ ပျက်နေတုံးမဟုတ်လား။
+ + + + + + + + +
                                                                ဆောင်းလုလင်

No comments: