Sunday 13 January 2013

ဆောင်းလုလင်- ပုလင်းထဲကဥစ္စာစောင့် (၀တ္ထုတို)



ဆောင်းလုလင်
ပုလင်းထဲက ဥစ္စာစောင့်

ထူးဆန်းသောထိုပုလင်းလေးကို ကျွန်တော်၏တပည့်တစ်ယောက် က မြစ်ထဲမှဆယ်ယူလာခြင်းဖြစ်ပါသည်။
ပုလင်းမှာ ဟောလစ်ပုလင်းကဲ့သို့ ပုလင်းအကျယ်နှင့်ပုလင်းအဝ အတူတူဖြစ်သော ဆလင်ဒါပုံပုလင်းတစ်လုံးဖြစ်ပါသည်။ ပုလင်းတွင် ရေညှိ များတက်နေသည်မှာ ကာလအတော်ကြာနေပုံရသည်။ ပုလင်းပတ်ပတ်လည်၌ ရေညှိစိမ်းများက ထူပိန်းနေကာ ဓားဖြင့်ခြစ်ချမှပင် ကွာကျလေ၏။
ထိုသို့ ဓားဖြင့်ခြစ်ချလိုက်သောကြောင့်ပင် ပုလင်းအတွင်းမှ စက္ကူ တစ်ထပ်ကို ကျွန်တော်တို့မြင်လိုက်ရခြင်းဖြစ်ပါသည်။ အစပိုင်းက ပြင်ပမှာ ကပ်ငြိနေသောရေညှိများကြောင့် အတွင်းတွင် ဘာပါသည်ကို မမြင်ခဲ့ရပေ။
]မင်း ဘယ်လိုလုပ်ပြီး ဒီပုလင်းကိုရလာတာလဲ တင်လှိုင်}
ကျွန်တော်က ပုလင်းယူလာသော ကျွန်တော့်တပည့်ကိုမေးလိုက် သည်။
]နောက်ဖေးက ဒိုက်တွေကိုရှင်းရင်းက ဒိုက်တွေအောက်က ထွက် လာတာဆရာ၊ ကျွန်တော်လည်း ပုလင်းကထူးခြားပါတယ်ဆိုပြီး ဆရာ့ဆီ ယူလာတာ}
ကျွန်တော့်ခြံမှာ ဧရာဝတီမြစ်ကမ်းဘေး၌ရှိပါသည်။ မြစ်နှင့်ခြံမှာ မည်မျှထိ နီးကပ်နေသနည်းဆိုသော် ဝါဆိုဝါခေါင် ရေတက်သောကာလ များတွင် ခြံ၏အတွင်းဖက်တစ်ဝက်လောက်အထိ ရေမြုပ်သွားတတ်လေ၏။ အလွန်ရေတက်သောနှစ်များဆိုလျှင် နွားခြံများပင် ရေမြုပ်ပါသည်။

ကျွန်တော်သည် နို့စားနွားများကို အကြီးအကျယ်မွေးမြူသော လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော့်နွားခြံကြီးသည် မြစ်ကမ်း ဘေး၌ ကျယ်ပြောစွာရှိနေသည်။
မြစ်ရေက အနိမ့်ဖက်ကျသော ကျွန်တော့်ခြံစပ်သို့ ဦးတိုက်စီးဆင်း နေရာ ခြံအစပ်ရှိ ကမ်းပါးအကွေ့၌ အမှိုက်များ၊ ဒိုက်သရောများ ကပ်ငြိ တင်ကျန်နေတတ်သည်။ ရေတက်ပြီး ရေပြန်ကျသည့်အခါကျမှ ဒိုက်သရော များ မျောပါသွားတတ်လေသည်။
ဒီနှစ်တော့ ကျွန်တော်က မြေနိမ့်ပိုင်း ချိုင့်ဝှမ်းထဲဝင်နေသော အမှိုက်များကို တပည့်များအား ရှင်းခိုင်းလိုက်သည်။ ထိုအမှိုက်များမှာ ချိုင့်ထဲတွင် ကျန်နေသောကြောင့် ရေကျသည့်အခါတွင်လည်း ပါမသွား။ အမှိုက်ပုံကြီးသဖွယ်ဖြစ်နေသည်။ နှစ်ကာလကြာသောအခါ အမှိုက်ပုပ်နံ့များ ထောင်းထောင်းထလာသည့်အတွက် ရှင်းခိုင်းလိုက်ရခြင်းဖြစ်၏။
မောင်တင်လှိုင်ယူလာသောပုလင်းမှာ ထိုအမှိုက်ထုထည်ကြီးထဲ မှထွက်လာခြင်းဖြစ်သည်။
ကျွန်တော်သည် ပုလင်းထဲတွင် စာရွက်တစ်ထပ်ကို ခေါက်ရက် ထည့်ထားပုံကိုမြင်လိုက်ရသည့်အခါ အံ့ဩသွားသည်။ စိတ်လည်းဝင်စား သွားသည်။ ပုလင်းထဲ၌ စာထည့်၍ရေထဲမျှောသောဝတ္ထုဇာတ်လမ်းများ ဖတ် ဖူးထား၍လည်း ထိုသို့စိတ်ဝင်စားမိခြင်းဖြစ်သည်။
ကျွန်တော်က ပုလင်းကိုသေချာလေ့လာကြည့်ရာ¼¼ ပုလင်းအဖုံး ကို ဖယောင်းဖြင့်မံပြီး ရေမဝင်အောင် သေချာပိတ်ထားသည်ကိုတွေ့လိုက် ရ၏။
စံနစ်တကျစီမံထားသည့်ပုလင်းနှင့် အတွင်းမှစာရွက်ထပ်ကြောင့် စိတ်ဝင်စားမှုမှာ ပိုတိုးလာသည်။
ကျွန်တော်က ပုလင်းအဖုံးကိုလှည့်ဖွင့်ရန်ကြိုးစား၏။ ဖယောင်း ဖြင့်မံထားသည့်တိုင် အဖုံးတွင် သံချေးများကိုက်နေသည့်အတွက် လှည့်လို့ မရတော့ချေ။
သို့ဖြင့် ပုလင်းကို ခပ်သာသာဆတ်၍ခွဲလိုက်ရ၏။
ထိုအခါအတွင်းမှ စာခေါက်ကိုရလိုက်လေသည်။
ပုလင်းထဲ စာထည့်ထားသည့်သက်တမ်းမှာ မည်မျှကြာလေပြီ မသိ။ စာရွက်ခေါက်သည် ပုလင်း၏အတွင်းသားအတိုင်း ဝိုင်းဝိုင်းစက်စက်လိပ် လျှက်ရှိသည်။ စာရွက်များကလည်း ကျွတ်ဆတ်နေသည်။
စာရွက်များကို သည်အတိုင်းဆွဲဖြန့်လိုက်ပါက ကျိုးကြေသွားမည် မှာ သေချာပေ၏။
ကျွန်တော်က စာရွက်ထပ်ကို ခပ်သာသာလေးနှင့် အတော်ပင် တယုတယ စိတ်ရှည်လက်ရှည်ထားကာ ဆွဲခွာလိုက်ပါသည်။ သို့တိုင်အောင် စာရွက်အလိပ်က ပြည်မသွား။ စာရွက်များကို အလိပ်အတိုင်း တစ်ရွက် ချင်းစိတ်ရှည်လက်ရှည် ခွဲထုတ်ယူရသည်။ ထိုအခါ ရုံးသုံးလျှောက်လွှာစာ ရွက်အရွယ်စာရွက်ပေါင်း ၂၈ရွက်ကို ခွဲထုတ်ရရှိလိုက်လေသည်။
အလိပ်အတိုင်းဖြစ်နေသောစာရွက်များကို ဖြန့်မပစ်ရဲသေး။ အပြန့် လိုက်အတိုင်းဖြစ်အောင်ဖြန့်လိုက်သည်နှင့် ကြေမွသွားမည့်ပုံမျိုးရှိနေသည်။  စက္ကူကိုအလိပ်အတိုင်း အလင်းရောင်တွင် ထောင်ကြည့်သည့်အခါ မျက်နှာ စာဖက်၌ မင်ဖြင့်ရေးထားသောစာများကို တွေ့ရလေသည်။ ကျွန်တော့်စိတ် ဝင်စားမှုမှာ ပိုတိုးလာပြန်၏။
နောက်ဆုံး၌ လိပ်နေသောစာရွက်များကိုမဖြန့်လျှင် အတွင်းဖက် မှစာသားများကို မဖတ်ရရုံရှိမည်မို့ စာရွက်များကို တစ်ရွက်ချင်း သေချာ စွာ ဖြန့်လိုက်ရလေသည်။ စာရွက်အတော်များများပင် အလည်နားဆီမှ ကျိုးသွားကြ၏။ အချို့စာရွက်များပင် သုံးလေးပိုင်းပင်ပြတ်ထွက်သွားလေ သည်။
ကျွန်တော်က စာရွက်ထပ်အတိုင်း တန်းစီ၍ အပေါ်မှအလေးနှင့် ဖိကာ စားပွဲပေါ်တွင်ဖြန့်ထားလိုက်ရာစာကြည့်စားပွဲတစ်ခုလုံး ပြည့်သွား လေသည်။
ကျွန်တော်သည် စားပွဲပေါ်ဖြန့်ထားသောစာရွက်များပေါ်မှစာသား များကို စာရွက်များအားလက်နှင့်မထိပဲ စားပွဲပေါ်ကို ကိုယ်ကိုငုံ့ကိုင်းကာ ဖတ်ရလေ၏။
စာရွက်များပေါ်၌ မင်အပြာဖြင့်ရေးထားသောစာများကိုတွေ့ရသည်။ ဗမာစာများပင်ဖြစ်ပါသည်။ ကာလကြာမြင့်လှပြီဖြစ်ဟန်တူသည်။ မင်ရောင်မှာ ဖျော့နေပြီ။ ရေမဝင်အောင်စီစဉ်ထားသော်လည်း ကာလကြာ၍ရေစိမ့်ဝင်ခဲ့ ဟန်တူ၏။ အချို့နေရာ၌ ရေများကွက်နေ၍ မင်များက ဖတ်မရအောင်ပြန့် နေသည်။
မည်သို့ပင်ဆိုစေ…. ကျွန်တော်သည် စာမျက်နှာ၂၈မျက်နှာစလုံးပေါ် မှစာသားများကို မရçရအောင် ဖတ်နိုင်ခဲ့ပါသည်။ ဖတ်ရင်းမှအလွန်အကြူး စိတ်ဝင်စားလာသည်။
ကျွန်တော့်သားကိုခေါ်၍ စာရွက်ပေါ်မှဖတ်ရသမျှအကြောင်းအရာ များကို ကျွန်တော်ကဖတ်ပြကာ သားကိုနောက်မှလိုက်ရေးခိုင်းခဲ့သည်။
ထိုအခါ…. ထူးဆန်းအံ့ဩဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ကို သိရှိခဲ့ရလေတော့သည်။
အောက်ဖော်ပြပါအကြောင်းအရာမှာ ပုလင်းထဲမှရသော စာရွက် ၂၈ရွက်ပေါ်မှ ဖတ်လို့ရသမျှစာသားများအတိုင်းဖြစ်ပါ၏။
+ + + + + + + + +
ကျွန်ုပ်တို့ရွာကလေးမှာ ရိုးမတောင်တန်းများအနီး သစ်တောထူထပ် သောကုန်းတွင်းပိုင်း၌ရှိပါသည်။ ဧရာဝတီမြစ်ကြီးသည် ကျွန်ုပ်တို့ရွာနှင့် ငါး မိုင်ခန့်ဝေးပါ၏။
ရွာအနီး၌ ချောင်းများ၊မြောင်းများမရှိပါ။ ရေကန်ကြီးတစ်ခုသာ ရွာထိပ်၌ရှိလေသည်။ သောက်သုံးရေနှင့်ချိုးရေအတွက် ထိုရေကန်ကြီးကိုသာ အားကိုးရလေ၏။ သို့ရာတွင်¼¼ ထိုရေကန်ကြီးမှာ နွေအခါတွင်ရေခန်းလေ့ရှိ ပါသည်။ ထို့ကြောင့် နွေရာသီဆိုလျှင် ရွာဦးဘုန်းကြီးကျောင်းထဲမှ ရေတွင်းကြီး နှင့် ကျွန်ုပ်တို့အိမ်ဝိုင်းထဲမှ ရေတွင်းကြီးကိုသာ တစ်ရွာလုံး အားကိုးရလေ တော့သည်။
ကျွန်ုပ်တို့ခြံထဲမှရေတွင်းကြီးမှာ ကျွန်ုပ်၏အဘိုးလက်ထက်ကတည်း က တူးဖော်ထားခဲ့ခြင်းဖြစ်ပါသည်။ အလွန်ကြီးမားသောရေတွင်းကြီးဖြစ်ပြီး အုတ်အများအပြားဖြင့် ထုထည်ကြီးမားစွာတည်ဆောက်ထားခြင်းဖြစ်ပါသည်။
နွေအခါဆိုလျှင် အိမ်ဝင်းထဲ၌ရေခပ်လာသူများဖြင့် မပြတ်မလပ် ရှိနေလေတော့၏။
 ကျွန်ုပ်တို့အိမ်မှာ မိခင်ကြီးနှင့်ကျွန်ုပ်သာလျှင် အမေတစ်ခုသား တစ်ခုအဖြစ်ရှိကြပြီး¼¼ ခြံထဲမှသီးပင်စားပင်များကိုရောင်းချစားသောက်ခြင်း ဖြင့် အသက်မွေးဝမ်းကျောင်းပြုသောကြောင့် မတောင့်မတနေနိုင်ကြပါပေ သည်။ သီးပင်စားပင်တို့မှာနှစ်ရှည်ခံပင်များဖြစ်၍ ရာသီအလိုက်ရရှိသော အသီးအနှံများကို ဆွတ်ခူးရောင်းချရုံသာဖြစ်သည်။ အထူးတလည် လုံ့လ စိုက်စရာမလိုချေ။ ရေတွင်းကြီးရှိနေသည်မှာလည်း ကျွန်ုပ်တို့ခြံအတွက် အဆင်ပြေလှပေ၏။ သစ်ပင်များမှာ ရေ၀၀ရနေသည့်အတွက် စိုစိုပြေပြေ နှင့်ဝေဝေဆာဆာရှင်သန်နိုင်ပေသည်။
ကျွန်ုပ်၏ဘ၀သည် ထူးခြားမှုမရှိသော သာမန်ဘ၀တစ်ခုသာ    ဖြစ်ခဲ့ပါသည်။ ငယ်စဉ်က ရွာဦးဘုန်းကြီးကျောင်းတွင် စာပေသင်ကြားရ သည်။ ကျွန်ုပ်အသက်၈နှစ်အရွယ်တွင် မိဘနှစ်ပါးက ကျွန်ုပ်ကိုရှင်ပြုပေး သည်။ ကျွန်ုပ်အသက်၁၂နှစ်အရွယ်၌ ကျွန်ုပ်၏ဖခင်ကြီးဆုံးပါးခဲ့လေသည်။  ဖခင်ကွယ်လွန်ပြီးနောက်ပိုင်း အိမ်၏စီးပွားရေးဖြစ်သောခြံလုပ်ငန်းကို ကျွန်ုပ် ပင်ဦးဆောင်လုပ်ကိုင်ခဲ့ပေသည်။
ဤအကြောင်းအရာများကိုမှတ်တမ်းတင်နေသည့်အချိန်တွင်¼¼ ကျွန်ုပ်အသက်မှာ ၂၀ပြည့်ခဲ့ပြီးလေပြီ။
မိခင်ကြီးက ကျွန်ုပ်အား အသက်၁၈နှစ်ပြည့်ချိန်မှစ၍ အိမ်ထောင် ပြုရန်တိုက်တွန်းခဲ့လေ၏။ ကျွန်ုပ်၌ရည်းစားသနာမရှိပေရာ အိမ်ထောင်ပြု လိုစိတ်လည်း မရှိခဲ့ပါပေ။ မိခင်ကြီးစပ်ဟပ်ပေးသော ရွာထဲမှမိန်းကလေး အချို့ကိုလည်း ကျွန်ုပ်နှစ်သက်မှုမရှိ၍ ငြင်းပယ်ခဲ့ပေသည်။ မိခင်ကြီးက သူမမှာအသက်အရွယ်ကြီးရင့်လာရုံမက¼¼ မျက်စိကမှုံ၊ ကျန်းမာရေးကလည်း မကောင်းသဖြင့် ကျွန်ုပ်အားအိမ်ထောင်ပြုစေချင်လှပေသည်။ သူမရှိတော့ လျှင် ကျွန်ုပ်အတွက် စိတ်မချနိုင်ဟု မကြာခဏဆိုရှာလေသည်။ ကျွန်ုပ်မှာ လည်း ကြိုက်နှစ်သက်စရာမိန်းကလေးမရှိပေရာ လူပျိုဘ၀ဖြင့်ပင် ကြာရှည် ခဲ့လေသည်။
ကျွန်ုပ်တို့ကျေးလက်တောရွာများ၌ အသက်၁၆^၁၇လောက်ဆိုလျှင် အိမ်ထောင်ပြုကြမြဲဖြစ်ရာ ကျွန်ုပ်မှာအရွယ်လွန်၍ လူပျိုကြီးစာရင်းဝင်နေ ခဲ့ပေပြီ။ ကျွန်ုပ်၏သူငယ်ချင်းများမှာ အိမ်ထောင်ကျ၍ သားသမီးများပင် ချီနေရပြီဖြစ်ပေ၏။
ကျွန်ုပ်ကား ကိုယ်နှစ်သက်သူကိုမှ အိမ်ထောင်ပြုမည်ဆိုသော အစွဲဖြင့် ခေါင်းမာနေခဲ့လေသည်။
မည်သို့ဆိုစေ…. ကျွန်ုပ်သည်လည်း နှလုံးသားရှိသောပုထုဇဉ် လူသားတစ်ဦးပင်ဖြစ်ပေရာ အချိန်တန်သည်၌ ကျွန်ုပ်နှစ်သက်သောသူကို တွေ့ခဲ့ရလေတော့သည်။
 + + + + + + + + +
 ကျွန်ုပ်၏ချစ်သူမှာ လူသားတစ်ဦးတော့မဟုတ်ပါပေ။ ကျွန်ုပ်၏ ချစ်သူသည် ရေအောက်သိုက်နန်းကိုစောင့်ရှောက်ရသော သိုက်နန်းရှင် ဥစ္စာစောင့်မလေးတစ်ဦးဖြစ်ပေ၏။
မြစ်ချောင်းပင်လယ်နှင့်ဝေးကွာလှသောရွာမှကျွန်ုပ်နှင့် ရေအောက် သိုက်နန်းမှသိုက်နန်းရှင်လေးတို့ တွေ့ဆုံရပုံမှာ ဆန်းကြယ်လှပေသည်။ မယုံ နိုင်ဖွယ်လည်း ကောင်းလှပေသည်။ ကျွန်ုပ်သာလျှင် ကာယကံရှင်ဖြစ်၍ ကျွန်ုပ်၏ဆန်းကြယ်သောကံကြမ္မာကို လက်ခံယုံကြည်လိုက်ရသည်။ မိခင် ကြီးနှင့်တကွ ရွာသူရွာသားအားလုံးနှင့် ရွာဦးကျောင်းဆရာတော်ကြီးပါမကျန် ကျွန်ုပ်ပြောပြသောအကြောင်းများကို မယုံကြည်ခဲ့ကြပါပေ။
လူအများမယုံလောက်အောင်လည်း ကျွန်ုပ်နှင့်ကျွန်ုပ်ချစ်သူတို့ တွေ့ဆုံပုံက ဆန်းကြယ်လှလေ၏။
တစ်နေ့သ၌ ကျွန်ုပ်သည် လုပ်ရိုးလုပ်စဉ်အတိုင်း ခြံအတွင်းမှ သစ်ပင်များအား ရေလောင်းသည့်အလုပ်ကို လုပ်ကိုင်လျှက်ရှိလေသည်။ သစ်ပင်များအားရေလောင်းရာတွင် အပင်အနီးအထိ သွားလောင်းရန်မလို ပါ။ သစ်ပင်ခြေများအထိ မြောင်းများဖောက်ထားပြီး ထိုမြောင်းများ၏အစ သည် ရေတွင်းကြီး၏အခြေမှစလေသည်။ ရေတွင်းပတ်ပတ်လည်၌ သစ်ပင် အမြစ်များအထိ ကျွန်ုပ်ကိုယ်တိုင်တူးထားသောရေမြောင်းလေးများကိုတွေ့ ရနိုင်လေသည်။
ညနေစောင်း၍ ရေခပ်လာသူများရှင်းလင်းသွားပြီဆိုလျှင် ကျွန်ုပ် သည် တွင်းထဲမှရေကို တစ်ပုံးပြီးတစ်ပုံးငင်ကာ ရေတွင်းဘေးမှမြောင်းက လေးများထဲသို့လောင်းထည့်ပေးခြင်းဖြင့် သစ်ပင်များအားရေလောင်းခြင်း ကိုပြုလုပ်မြဲဖြစ်ပေသည်။
ထိုနေ့ညနေကလည်း ကျွန်ုပ်သည် နေ့စဉ်ထုံးစံအတိုင်း ရေငင်လိုက် မြောင်းများထဲသို့ရေလောင်းချလိုက်ဖြင့် အလုပ်များနေခဲ့ပေ၏။
ကျွန်ုပ်က တွင်းထဲမှရေများကို စက်သီးကြိုးဖြင့် တစ်ပုံးပြီးတစ်ပုံး ငင်နေခဲ့ရာ¼¼ တစ်ကြိမ်တွင် ကျွန်ုပ်ငင်လိုက်သောရေပုံးထဲ၌ ရေများပါမ လာပဲ ကျောက်ခဲများချည်း ပုံးအပြည့်ပါလာခဲ့လေသည်။ ကျွန်ုပ်သည် အံ့ဩ သွားမိလေ၏။ ရေတွင်းထဲမှကျောက်ခဲများသည် အဘယ်ကြောင့်ရေပုံးထဲ သို့ရောက်လာရပါသနည်း။ ပုံးထဲသို့ အစိုင်အခဲမဟုတ်သောရေများဝင်ရန် သာအကြောင်းရှိသည်။ ကျောက်ခဲကဲ့သို့အစိုင်အခဲများသည် အလိုအလျှောက် ဝင်ရောက်လာဖို့မဖြစ်နိုင်ချေ။
ကျွန်ုပ်သည် ပါလာသောကျောက်ခဲများကို ရေတွင်းဘေးတွင် ပုံချ လိုက်ကာ ရေတွင်းထဲသို့ငုံ့ကြည့်လိုက်လေသည်။
ထိုအခါ…. ရေတွင်းထဲ၌ မိန်းမတစ်ယောက်၏ဦးခေါင်းပိုင်းပေါ်နေ သည်ကို ထူးဆန်းစွာတွေ့မြင်လိုက်ရလေ၏။ အလွန်တရာနက်ရှိုင်းသော ကျွန်ုပ်တို့ရေတွင်းကြီးအောက်ခြေသို့ မိန်းမတစ်ယောက်ရောက်နေခြင်းမှာ မဖြစ်နိုင်သောကြောင့် ကျွန်ုပ်သည် စိတ်ထင်လို့များလားဟုတွေးလိုက်မိသေး သည်။ ညနေခင်းဖြစ်၍ ရေတွင်းအောက်ခြေသည် မှောင်နေပေရာ ကျွန်ုပ် စိတ်ထင်ယောင်ထင်မှားဖြစ်သွားတာလည်း ဖြစ်နိုင်ပေ၏။
ကျွန်ုပ်က သေချာအောင် နောက်တစ်ကြိမ် စိုက်ကြည့်လိုက်ပြန် သည်။ ကျွန်ုပ်၏စိတ်ကထင်နေလို့များလားမဆိုနိုင်ပေ။ မိန်းမတစ်ယောက် သည် ခေါင်းကိုမော်က ရေတွင်းအထက်သို့မော်ကြည့်နေသည်ကိုတွေ့နေရ ပြန်ပါ၏။
ထိုအခိုက်ရယ်မောလိုက်သောအသံသည် ရေတွင်းအောက်ခြေ မှ လိုဏ်သံပေါက်၍ထွက်ပေါ်လာပြန်လေသည်။ ရယ်သံမှာလည်း မိန်းမအသံ ဖြစ်ပေ၏။
ကျွန်ုပ်သည် ကြက်သီးဖြန်းဖြန်းထသွားမိလေ၏။ သရဲတစ္ဆေများ ချောက်လှန့်ခြင်းပေလော။
]စိတ်ဆိုးသွားသလား ဟင်}
ရေတွင်းအောက်ခြေမှ မိန်းမအသံဖြင့် စကားသံထွက်ပေါ်လာပြန် သည်။
]ဟေးအောက်ကဘယ်သူလဲ၊ ဘာလုပ်နေတာလဲ}
ကျွန်ုပ်က မေးလိုက်ရသော်လည်း ပေတစ်ရာကျော်နက်ရှိုင်းသော ရေတွင်းအောက်ခြေသို့ လူတစ်ယောက်ရောက်နေဖို့အကြောင်းမှာ ဖြစ်နိုင်ခဲ  ကြောင်း တွေးလိုက်မိလေသည်။
]စိတ်မဆိုးပါနဲ့နော်၊ ရေပုံးထဲကို ခဲလုံးတွေ ကျွန်မထည့်လိုက်တာ ပါ၊ ကျွန်မပျော်ချင်လို့ သက်သက်ကျီစယ်လိုက်တာပါ}
]ဘာကွ၊ မင်းကဘယ်သူလဲ၊ မင်းရေတွင်းထဲကိုကျနေတာလား}
ရယ်သံထွက်လာပြန်သည်။
]ရေတွင်းထဲကျနေတာမဟုတ်ပါဘူးရှင်၊ ကျွန်မက ရေထဲမှာနေတဲ့ သူပါ၊ ပျင်းလို့လျှောက်သွားရင်းက ဟောဒီရေတွင်းအောက်ခြေကိုရောက်လာ တာ}
]ဘာ- ပျင်းလို့၊ ဟုတ်လား၊ မင်းက ရေထဲမှာနေတယ်}
ကျွန်ုပ်သည် ဘာကိုမှနားမလည်နိုင်တော့ပေ။
]ခစ်-ခစ်-ခစ်- ရှင် ကျွန်မနဲ့တွေ့ချင်လားဟင်၊ တွေ့ချင်တယ် ဆိုရင် ရှင့်ရေပုံးကြိုးကိုချလိုက်လေ၊ ကြိုးကိုဆွဲပြီး ကျွန်မလိုက်ခဲ့မယ်၊ ကျွန်မ ဟာကျွန်မတော့ မတက်နိုင်ဘူးနော်၊ ရှင် အပေါ်ကနေဆွဲယူမှဖြစ်မှာ၊ ဘဲ့နဲ့ လဲ၊ ရှင်ဆွဲနိုင်ရဲ့လား}
]ဘာလို့မဆွဲနိုင်ရမှာလဲဗျ၊ ယောက်ျားပဲ}
]ဒါဖြင့်- ရှင် ကျွန်မကို တွေ့ချင်တယ်ပေါ့}
]မင်းဘယ်လိုလူဆိုတာ ငါသိချင်လို့ပါ၊ ကဲ-ပြောနေကြာတယ်ကွာ၊ ရေပုံးကိုချလိုက်ပြီဟေ့}
ကျွန်ုပ်ချပေးသောရေပုံး တွင်းအခြေသို့ကျသွားချိန်တွင် သူမထံမှ အသံထွက်လာပြန်သည်။
]ကျွန်မ ရေပုံးကိုအားပြုပြီး ဆွဲလိုက်ခဲ့မယ်၊ ရှင်သာ အပေါ်က နေဆွဲပေတော့}
ကျွန်ုပ်လည်း စက်သီးကြိုးအား အားစိုက်၍ဆွဲတင်လိုက်လေသည်။ လူတစ်ကိုယ်စာမို့ အတော်ပင်အားသုံး၍ဆွဲယူရလေ၏။
သူမသည် တဖြည်းဖြည်းဖြင့် အပေါ်ကိုရောက်လာလေသည်။ သူမ ၏အသွင်အပြင်ကိုလည်း ထင်ရှားစွာမြင်လိုက်ရလေ၏။
သူမ၏ရင်သားအထက်ပိုင်းကိုမြင်လိုက်ရသည့်အချိန်တွင် ကျွန်ုပ် မှာမှင်တက်မိကာ ကြိုးကိုဆက်မဆွဲပဲ သူမကို ငေးကြည့်နေမိလေ၏။ သူမ ၏ဆံပင်များမှာ နက်မှောင်ပြီး တင်ပါးကျော်သည်ထိရှည်လျားနေပေသည်။ ရင်လျားထားသောထမီစမှာ ငွေရောင်တပြောင်ပြောင် လက်နေပေ၏။ (စင်စစ်- အကြောင်းစုံမသိသေး၍ ကျွန်ုပ်က သူမကို ရင်လျားထားသည် ဟုထင်ခဲ့မိခြင်း ဖြစ်သည်။ အမှန်က ထမီရင်လျားထားခြင်းမဟုတ်ပါ)
]အို-  ကျွန်မကိုဒီအတိုင်းထားတော့မှာလား၊ ရေတွင်းဘောင်ပေါ် ကျွန်မတက်ထိုင်ပါရစေ၊ ကျွန်မလက်ကိုလှမ်းဆွဲလိုက်ပါအမောင်}
သူမကပြောလိုက်မှ ကျွန်ုပ်အသိဝင်လာကာ သူမကမ်းပေးသော လက်ကိုဖမ်းကိုင်ကာ ကျွန်ုပ်ဖက်သို့ရောက်အောင်ဆွဲယူလိုက်ရလေသည်။
သူမ၏တစ်ကိုယ်လုံးက ရေတွင်းဘောင်ပေါ်တွင် တက်ထိုင်မိရက် သားဖြစ်သွားလေ၏။ 
သူမ၏တစ်ကိုယ်လုံးကို မြင်လိုက်ရမှပင် ကျွန်ုပ်သည် အံ့ဩမှု အထွဋ်အထိပ်သို့ရောက်ကာ ထိတ်လန့်ချောက်ခြားသွားရလေ၏။
သူမကား လူစင်စစ်တစ်ယောက်မဟုတ်။ အောက်ပိုင်းတွင် ငါးအမြီး  နှင့်ဆက်ထားသော ရေသူမတစ်ကောင်သာပါတကား။ အစပိုင်းက ရင်လျား ထားသောငွေရောင်ထမီစဟု ကျွန်ုပ်ထင်ခဲ့သည်မှာ သူမကိုယ်ပေါ်မှာ အကြေး ခွံများဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။ ရေတွင်းပေါင်ပေါ်တက်ထိုင်နေရင်း မှ သူမ၏အောက်ပိုင်းမှာ ငါးအမြီးပိုင်းသည် ရေတွင်း၏အတွင်းနံရံကို တဖြတ် ဖြတ်ရိုက်ခတ်လျှက်ရှိပေသည်။
]ဟင်- မင်း- မင်း- ရေသူမ}
]ဟုတ်ပါတယ်အမောင်၊ ကျွန်မဟာ လူသားမိန်းမတစ်ယောက် မဟုတ်ပါဘူး၊ ရေအောက်သိုက်နန်းက သိုက်နန်းရှင်တစ်ယောက်ပါအမောင်}
]ဘာ- သိုက်နန်းရှင်၊ ဟုတ်လား၊ မင်းဟာ လူတစ်ပိုင်း ငါးတစ်ပိုင်း ရေသူမမဟုတ်ဘူးလား}
]လူတစ်ပိုင်း ငါးတစ်ပိုင်း သတ္တဝါတစ်ကောင်မဟုတ်ပါ၊ ရေထဲမှာ ကျင်လည်ရလို့ ငါးအသွင်ကိုဆောင်ယူထားခြင်းဖြစ်ပါတယ်အမောင်}
]ဒါဖြင့် မင်းကဘာလဲ}
]ရေအောက်သိုက်နန်းရဲ့ သိုက်နန်းရှင်တစ်ယောက်ပါလို့ ပြောပြီ ကောအမောင်ရယ်}
]ဒီလိုဆို-  ဒီနေရာကို မင်းဘယ်လိုရောက်လာတာလဲဟင်၊ မင်း တို့သိုက်က ဟောဒီရေတွင်းကြီးအောက်မှာလား}
ကျွန်ုပ်၏အမေးကို သူမက ရယ်မောနေသေးသည်။
]ကျွန်မတို့သိုက်နန်းက ဧရာဝတီမြစ်ကြီးရဲ့မြစ်ကြမ်းပြင်အောက် မှာပါအမောင်ရယ်}
]ဧရာဝတီမြစ်၊ ဧရာဝတီမြစ်က ဒီနေရာနဲ့အဝေးကြီးပဲ}
]…. အမောင်ရယ်၊ ရေကြောတွေဟာ မြေလွှာအောက်မှာ လိုဏ်ခေါင်းပေါက်တွေဖြစ်ပြီး တစ်နေရာနဲ့တစ်နေရာဆက်နေတာရှင့်}
]ဟင်-}
]အဲဒီလို ရေကြောတွေတစ်ခုနဲ့တစ်ခုဆက်နေလို့လည်း အမောင် တို့ ဟောဒီလိုရေတွင်းမျိုးတူးဖော်လို့ရတာပေါ့အမောင်၊ ကျွန်မက ရေအောက် သိုက်နန်းထဲမှာနေရတာပျင်းလွန်းလို့ ရေကြောရှိတဲ့လိုဏ်ခေါင်းတွေအတိုင်း လျှောက်သွားရင်းက ဒီနေရာကိုရောက်လာတာပါအမောင်၊ ကျွန်မ ဟောဒီ ရေတွင်းကြီးအောက်ခြေကို လာလည်တာ သုံးရက်ဆက်တိုက်ပါပဲ၊ အမောင့် ကိုမြင်ပါတယ်၊ အမောင်နဲ့ခင်မင်ချင်လို့ ခုလို အသိပေးပြီးမိတ်ဖွဲ့ရတာပါ အမောင်}
ကျွန်ုပ်သည် မမျှော်လင့်ပဲ ကျွန်ုပ်တို့ရေတွင်းထဲမှပေါ်လာသည့် ရေသူမအသွင်ဆောင်ယူထားသော မိန်းကလေးကိုကြည့်ကာ အံ့လည်းအံ့ဩ မယုံကြည်နိုင်အောင်လည်း ရှိနေမိသည်။ မည်သို့မယုံကြည်သည်ဖြစ်စေ¼¼ သူမကား ကျွန်ုပ်ရှေ့မှောက်၌မျက်ဝါးထင်ထင်ရောက်ရှိနေပြီတည်း။ ရောက်ရှိ ရုံမက ကျွန်ုပ်အားလူသားများသုံးနှုန်းသည့်စကားများဖြင့်ပင်ပြောကြားလျှက် ရှိလေပြီ။
]ဘဲ့နဲ့လဲအမောင်၊ သိပ်အံ့ဩနေသလားဟင်၊ ကျွန်မနဲ့ခုလိုသိကျွမ်း ရတာကို ဘယ်သူမှမသိစေချင်ဘူးကွယ်}
]ဘာ- ဘာဖြစ်လို့လဲဟင်}
]ကျွန်မတို့ရဲ့ရေအောက်သိုက်နန်းကြီးရှိနေတာကို လူတွေသိကုန် မှာစိုးလို့ပေါ့အမောင်}
]ဒါဖြင့်- ကျွန်ုပ်ကိုတော့ ဘာကြောင့်အသိပေးရသလဲ}
]ပြောပါကော၊ အမောင့်ကိုခင်လို့ပါလို့၊ အမောင်သာနှုတ်လုံမယ် ဆိုရင် ကျွန်မ အမောင်နဲ့မကြာခဏလာတွေ့ချင်ပါတယ်အမောင်}
]ဟာ-စိတ်ချ၊ ကျွန်ုပ်ဘယ်သူ့ကိုမှပြန်မပြောပါ၊ ကျွန်ုပ်လည်း သင့်ကို ခင်ပါတယ်၊ သင့်နာမည်..}
]ကျွန်မရဲ့အမည်က မြနဒီလို့ခေါ်ပါတယ်၊ ရေအောက်သိုက်နန်းရဲ့ သိုက်နန်းရှင်မလေးမြနဒီပါအမောင်}
]ကျွန်ုပ်အမည်ကို မောင်ကောင်းမွန်လို့ခေါ်ပါတယ် မြနဒီ၊ ကျွန်ုပ် ဖြင့် မြနဒီကိုတွေ့ရတာ ဝမ်းလည်းသာတယ်၊ အံ့လည်းအံ့ဩမိတယ်ဗျာ}
]အမောင်ရယ်၊ ဒီလောကကြီးမှာ မျိုးမတူဇာတ်ခြားတဲ့သတ္တဝါ အနန္တရှိပါတယ်၊ ဘာမှအံ့ဩစရာမဟုတ်ပါ}
မြနဒီက သူမတို့၏ရေအောက်သိုက်နန်းကြီးအကြောင်းကိုပြောပြ ခဲ့ပေသည်။ သူမတို့၏သိုက်နန်းသည်  . . . .
(ဤနေရာ၌ စာရွက်တွင်ရေစိုကာ မင်များပြန့်နေသောကြောင့် ဖတ်မရခဲ့ပေ။ နောက်ဆက်လက်ဖတ်ရှုရသည့်စာများအရ ရေအောက်သိုက် နန်းအကြောင်းကို အသေးစိတ်ပြောပြချက်များ ဖြစ်ပုံရပေသည်။ စာကြောင်းရေ၂၀ခန့် ပျက်နေပေသည်။)
....မြနဒီက ကျွန်ုပ်ကိုနှုတ်ဆက်ကာ ရေတွင်းထဲသို့ခုန်ဆင်းပြီး ပျောက်ကွယ်သွားလေပြီ။
ကျွန်ုပ်သည် မှောင်နေသောရေတွင်းအောက်ခြေကိုငေးကြည့်ကာ ကျွန်ုပ်တွေ့ကြုံခဲ့ရသည်များမှာ အမှန်တကယ်မှဟုတ်ပါလေစ၊ အိပ်မက်များ လေလားဟုတွေးကာ အံ့ဩတွေဝေနေမိတော့သည်။ မည်သို့ပင်ဆိုစေ နောက်နေ့တွင်လည်း မြနဒီက ကျွန်ုပ်ထံလာရောက်လည်ပတ်ဦးမည်ဟု ကတိပေးသွားလေရာ ကျွန်ုပ်စောင့်မျှော်ရပေတော့မည်။
+ + + + + + + + +
မြနဒီသည် သူမ၏ကတိအတိုင်း နောက်တစ်နေ့တွင်လည်း ကျွန်ုပ် ထံသို့ရောက်ရှိလာခဲ့ပေသည်။ ကျွန်ုပ်သည် သူမရောက်လာကြောင်း အချက် ပြလိုက်သည်နှင့်ရေငင်ပုံးကိုချပေးကာ မြနဒီအား အထက်သို့ရောက်အောင် ဆွဲတင်လိုက်လေသည်။
ကျွန်ုပ်နှင့်မြနဒီကား စကားများပြောမကုန်နိုင်အောင်ရှိတော့၏။ မြနဒီက သူမ၏ရေအောက်သိုက်နန်းကြီးအကြောင်းကိုပြောပြသလို¼¼ ကျွန်ုပ် တို့လူ့လောကမှ အကြောင်းခြင်းရာများကိုလည်း မေးမြန်းလေသည်။ 
]မြနဒီဟာ လူ့ဘ၀ကိုစွန့်လွှတ်ခဲ့ရတာ နှစ်ပေါင်းများစွာကြာပါပြီ အမောင်၊ ကြာလွန်းလို့ နှစ်ကာလဘယ်လောက်ရှိပြီဆိုတာတောင် မမှတ်မိ တော့ပါဘူးကွယ်၊ ဒါကြောင့်လည်း လူသားများကိုတွေ့မြင်ချင်လွန်းလို့ အမောင် ရှိတဲ့နေရာကို လာနေမိတာပါအမောင်}
]ကျွန်ုပ်ဆီကိုလာရောက်လည်ပတ်တာဟာ မြနဒီရဲ့စိတ်အပျင်းပြေ ဖို့တစ်ခုတည်းကြောင့်ပဲလားမြနဒီ၊ ဒါဆိုရင်တော့¼¼ မြနဒီဟာ ကိုယ့်ရဲ့ အတ္တစိတ်ပြေပျောက်ဖို့အတွက် ကျွန်ုပ်ကို ဒုက္ခဝေဒနာတွေလာပေးသလို ဖြစ်နေပါပြီကောမြနဒီ}
]အလိုဘာကိုဆိုလိုတာပါလိမ့်အမောင်}
]ဘာဖြစ်လို့လဲဆိုတော့ ကျွန်ုပ်က မြနဒီကိုချစ်နေလို့ပါပဲမြနဒီ၊ ကျွန်ုပ် မြနဒီကို အသည်းပေါက်မတတ်ချစ်နေမိပါပြီ}
]မတော်ပါဘူးအမောင်ရယ်၊ အမောင်နဲ့မြနဒီဟာ မျိုးမတူဇာတ်ခြား ပါတယ်အမောင်}
]ခုမှတော့ ဒါတွေကိုမတွေးနိုင်တော့ဘူးမြနဒီရယ်¼¼ ကျွန်ုပ်ရဲ့ နှလုံးသားက အလိုလိုပေါ်လာတဲ့အချစ်စိတ်ပေပဲ၊ ကျွန်ုပ်ကို မြနဒီတို့ရဲ့ သိုက်နန်းကိုခေါ်သွားပါတော့}
]အို…….}
ကျွန်ုပ်၏တောင်းဆိုချက်ကြောင့် မြနဒီမှာ အလွန်ပင်တုန်လှုပ် ချောက်ခြားသွားပေတော့သည်။
]ဘ၀ချင်းကဖြင့် ဘယ်လိုမှပေါင်းစပ်လို့မရပါဘူးအမောင်ရယ်}
]မြနဒီ ကျွန်ုပ်ကို မေတ္တာမမျှနိုင်ဘူးလားဟင်}
]မြနဒီ အမောင့်ကိုသံယောဇဉ်ရှိပါတယ်၊ ချစ်ပါတယ်အမောင်၊ သို့ပေတဲ့- တစ်ဦးနဲ့တစ်ဦးမပေါင်းဖက်နိုင်တဲ့ဘ၀များမို့ အမောင့်အချစ်စိတ် ကိုလည်း မြိုသိပ်လိုက်ပါ၊ မြနဒီချစ်စိတ်ကိုလည်း မြိုသိပ်ထားပါ့မယ်အမောင် ရယ်}
]အချစ်ဆိုတာ မြိုသိပ်ဖို့မဟုတ်ပါဘူးမြနဒီ၊ အချစ်ဆိုတာ ချစ်ဖို့ ပါပဲကွယ်}
]အိုမြနဒီ အမောင့်ကိုဆက်သွယ်မိတာ မှားပြီထင်ပါရဲ့၊ ခွင့်လွှတ် ပါအမောင်ရယ်}
]ဘ၀ချင်း တူတူ-မတူတူ၊ ပေါင်းလို့ ရရ-မရရ၊ မြနဒီ ကျွန်ုပ်ကို ချစ်တယ်ဆိုတဲ့အဖြေပေးရင် ကြေနပ်ပါပြီမြနဒီ}
]ချစ်ပါတယ်အမောင်၊ မြနဒီ အမောင့်ကိုချစ်ပါတယ်ရှင်}
 + + + + + + + + +
ကျွန်ုပ်၏ ယခင်နှင့်မတူ မူပျက်နေသောအဖြစ်ကို မိခင်ကြီးက ရိပ်စားခဲ့မိလေသည်။
]သား- ညတိုင်း ညတိုင်း ရေတွင်းဘေးမှာ ကြာလှချည်လား၊ အမှောင်ထဲမှာ ခြင်ကကိုက်နဲ့ မင်းဘာလုပ်နေတာလဲ}
]ကျွန်တော် သစ်ပင်တွေရေလောင်းနေတာပါအမေ}
]သစ်ပင်ရေလောင်းတာ ဒီလောက်မကြာပါဘူး၊ အမေလာကြည့် တော့ မင်းတစ်ယောက်တည်း စကားပြောနေတဲ့အသံကိုကြားရတယ် ငါ့သားရဲ့}
]အမေစိတ်ထင်လို့ပါအမေ}
ထိုအကြောင်းကို ကျွန်ုပ်က မြနဒီကိုပြန်ပြောပြလိုက်သည်။
]အမေက မျက်စိမှုန်တော့ မြနဒီကို မမြင်ရဘူးပေါ့၊ အမေ့ကို ကျွန်ုပ်နဲ့မြနဒီအကြောင်းတွေ ဖွင့်ပြောလိုက်ရမလားဟင်}
]စောပါသေးတယ်အမောင်၊ မြနဒီအကြောင်းကို ဘယ်သူမှမသိစေ ချင်ဘူး}
]ကျွန်ုပ်တို့ ဒီလိုပဲနေသွားရတော့မှာလားမြနဒီ၊ မြနဒီနဲ့ကျွန်ုပ်နဲ့ နီးဖို့အရေးကို ကြံစည်စမ်းပါဦး}
]အင်း အမောင့်ကို မြနဒီတို့ရဲ့ရေအောက်သိုက်နန်းကြီးဆီ ခေါ်သွားပါဦးမယ်လေ၊ သိုက်နန်းကိုလေ့လာပြီးမှ အမောင် နေနိုင်-မနေနိုင် ဆုံးဖြတ်ပါလေ}
]မြနဒီနဲ့အတူလိုက်ရရင် ရေထဲကနေလိုက်လာရမှာလား၊ ကျွန်ုပ် အသက်ရှူလို့ရပါ့မလားမြနဒီရယ်}
]မြနဒီနဲ့အတူတူဆိုရင်ဖြင့် စိတ်ပူစရာမလိုပါဘူး၊ အမောင်အန္တရာယ် ကင်းကင်းနဲ့လိုက်ပါနိုင်ပါတယ်၊ ဒါပေမယ့်¼¼ ဒီအကြောင်းကို အမောင် နှုတ်လုံဖို့လိုတယ်နော်အမောင်}
]စိတ်ချပါမြနဒီ}
သို့ဖြင့်- မြနဒီက လာမည့်လပြည့်နေ့တွင် ကျွန်ုပ်အား သူမနေ ထိုင်သည့် ရေအောက်သိုက်နန်းသို့အလည်အပတ်ခေါ်ဆောင်သွားမည့်အ ကြောင်း၊ သိုက်နန်းမှ သိုက်ချုပ်မယ်တော်ကြီးနှင့်မိတ်ဖွဲ့ပေးမည့်အကြောင်း ကတိပေးလေသည်။
+ + + + + + + + +
နောက်တစ်ကြိမ်လပြည့်နေ့တွင် မြနဒီက ကတိအတိုင်း ကျွန်ုပ်အား သူမတို့၏သိုက်နန်းသို့ခေါ်ဆောင်သွားခဲ့လေ၏။
ကျွန်ုပ်သည် မြနဒီရောက်လာကြောင်း ရေတွင်းအောက်မှအသိ ပေးလိုက်သည်နှင့် ခါးတောင်းကိုမြှောင်အောင်ကျိုက်ကာ ရေတွင်းထဲသို့ ခုန်ချလိုက်လေသည်။ မြနဒီက ကျွန်ုပ်၏လက်အား ဖမ်းဆွဲလိုက်လေသည်။
အံ့ဩဖွယ်ကောင်းပေစွ။ ကျွန်ုပ်သည် အရှိန်ဖြင့်ရေအောက်သို့ နစ်မြုပ်သွားသော်လည်း ရေတွင်းအောက်ခြေမှနက်မှောင်သောရေအောက် မြင်ကွင်းများကို နေ့အလင်းတွင်မြင်ရသည့်အလား ထင်ရှားစွာမြင်နေရ ပေသည်။
မြနဒီသည် ကျွန်ုပ်လက်ကိုဆွဲကာ ဦးဆောင်၍ခေါ်ငင်သွားလေသည်။ ကျွန်ုပ်သည် ရေအောက်တွင်လုံးလုံးရောက်နေသော်လည်း အသက်ရှူလို့ လည်းရနေသည်။ မြနဒီနှင့်စကားပြောလို့လည်းရနေသည်။
မြနဒီက ရေအပြည့်ဖြစ်နေသောလိုဏ်ခေါင်းလမ်းတလျှောက် ကျွန်ုပ် လက်အားဆွဲခေါ်ကာ ကူးခတ်လျှက်ရှိလေသည်။ ကျွန်ုပ်သည် ကျွန်ုပ်တို့ အိမ်ခြံဝင်းထဲမှ ရေတွင်းကြီးအောက်ခြေတွင် ဤမျှရှည်လျားသောလိုဏ် ခေါင်းကြီးရှိနေသည်ကို အံ့ဩစွာဖြင့် မြနဒီခေါ်ဆောင်ရာသို့လိုက်ပါလာခဲ့  လေသည်။
]ကျွန်ုပ်တို့ ဘယ်ကိုသွားနေတာလဲ မြနဒီ}
]ဧရာဝတီမြစ်ကြီးဆီဦးတည်ပြီး အရောက်သွားနေတာလေအမောင်}
]အိုး-ဧရာဝတီမြစ်က အဝေးကြီးပဲ၊ ကျွန်ုပ်တို့ရွာကနေ ငါးမိုင် တောင်ဝေးတာပဲမြနဒီ}
]ဒီလိုဏ်ခေါင်းကြီးက ဧရာဝတီမြစ်အထိပေါက်ပါတယ်အမောင်၊ မြေလွှာအောက်မှာ လိုဏ်ခေါင်းများ၊ ရေကြောများဖြစ်ပေါ်ပြီး တစ်နေရာနဲ့ တစ်နေရာ ဆက်သွယ်နေတယ်လို့ မြနဒီပြောခဲ့ပါရောအမောင်ရယ်}
]ထူးဆန်းပါဘိတော့တယ်၊ မြေအောက်မှာကျတော့  ရေတွေ အတိပြီးတဲ့နေရာမှာတောင် မြင်လည်းမြင်ရတယ်၊ အသက်ရှူလို့ စကားပြော လို့လဲရတယ်နော်}
ကျွန်ုပ်အပြောကိုမြနဒီက ရယ်လိုက်လေသည်။
]အမောင့်လက်ကို မြနဒီခဏလွှတ်လိုက်မယ်နော်}
မြနဒီက သူမလက်ဖြင့်ဆုပ်ကိုင်ထားသော ကျွန်ုပ်၏လက်အား လွှတ်ချလိုက်လေသည်။ ချက်ချင်းမှာပင် ကျွန်ုပ်သည် ပိန်းပိတ်နေသော ရေထုထဲ၌ အမှောင်ကျသွားကာ ဘာကိုမှမမြင်ရတော့ပဲ ဝူးဝူးဝါးဝါးဖြစ်နေ ပေတော့သည်။ အသက်ရှူလို့လည်း မရတော့။ မြနဒီကိုဟစ်အော်ခေါ်သော် လည်း ခေါ်လို့မရတော့ပေ။ ကျွန်ုပ်သည် ရေနစ်နေသောလူတစ်ယောက်အဖြစ် ချက်ချင်းပင် ဘ၀ပြောင်းသွားလေတော့၏။
ခဏကြာမှမြနဒီ၏ပျော့ပြောင်းသောလက်ဖဝါးလေးက ကျွန်ုပ် ကိုလာ၍ထိတွေ့လိုက်လေရာ ကျွန်ုပ်သည် အမြင်ဓာတ်ကိုလည်း ပြန်ရလိုက် သည်။ အသက်ရှူလို့လည်းရသွားသည်။ စကားလည်း ပြန်ပြောနိုင်သွား လေ၏။
]သိပြီလားအမောင်၊ မြနဒီက အမောင့်အသားကိုထိတွေ့ထားလို့ ရေအောက်ထဲမှာ အမောင် လွတ်လွတ်လပ်လပ်နေလို့ရနေတာပါ၊ မြနဒီ သာမပါရင် အမောင်ဟာသာမန်လူသားတစ်ယောက်မို့ ရေအောက်ခရီးကို မလာနိုင်ပါဘူးအမောင်}
]…. ဒီလိုလား}
]ဟော- ပြောရင်းဆိုရင်း ဧရာဝတီမြစ်ထဲကိုတောင်ရောက်လာပြီ အမောင်၊ မြစ်ရေပြင်ပေါ်ကို အမောင့်ကိုလိုက်ပြပါဦးမယ်}
မြနဒီက ရေပြင်အထက်သို့ ကျွန်ုပ်အားဆွဲခေါ်သွားလေသည်။ ရေပြင်အထက်ကိုခေါင်းဖော်လိုက်သည်နှင့် ကျွန်ုပ်သည် မြစ်အလည်သို့ ရောက်ရှိနေသည်ကိုတွေ့လိုက်ရကာ တစ်ဖက်တစ်ချက်ဆီမှ မြစ်ကမ်းစပ် များကိုလည်းကောင်း၊ ရေထဲတွင်သွားလာနေသော လှေသင်္ဘောများကို လည်းကောင်း မြင်လိုက်ရလေသည်။ လပြည့်ညဖြစ်လေရာ လရောင်သည် မြစ်ပြင်ပေါ်သို့ဖြာကျနေပြီး မြစ်၏ညရှုခင်းကို သာယာရှုမောဖွယ်မြင်တွေ့ လိုက်ရလေ၏။
]ရေထဲကိုပြန်ငုတ်ကြစို့အမောင်၊ လူတွေ မြနဒီတို့ကိုမြင်သွားလို့ မဖြစ်ဘူး}
မြနဒီက ကျွန်ုပ်ကို ရေအောက်ထဲသို့ပြန်လည်ဆွဲခေါ်သွားလေရာ မြစ်ကြမ်းပြင်အောက်သို့ ဒုတ်ဒုတ်ထိရောက်ရှိသွားလေ၏။
မြနဒီသည် မြစ်ကြမ်းပြင်မှ ကြီးမားသောကျောက်ဖြူတုံးကြီးတစ်ခု ကိုဆွဲလှန်လိုက်လေသည်။ ထိုအခါ ကျောက်ဖြူတုံးကြီးအောက်တွင် အပေါက် တစ်ခုပေါ်လာလေ၏။ မြနဒီက ထိုအပေါက်မှတစ်ဆင့် မြစ်ကြမ်းပြင်၏ အောက်ခြေသို့ကျွန်ုပ်အားဆွဲခေါ်သွားပြန်သည်။ လိုဏ်ခေါင်းပေါက်အတွင်း ထဲရောက်သည်နှင့် မြနဒီက ဖယ်ရှားထားသောကျောက်တုံးကြီးကို နဂိုအတိုင်း ပြန်လည်စေ့ပိတ်လိုက်လေသည်။
ကျွန်ုပ်တို့သည် မြစ်ကြမ်းပြင်၏အောက်ခြေဖက်သို့ရောက်ရှိနေလေ ပြီ။ အောက်၌ကား လူတို့နေရာကမ္ဘာလေးတစ်ခုသဖွယ် အဆောက်အအုံ များ၊ သစ်ပင်ပန်းမာလ်များကိုမြင်တွေ့နေရလေသည်။ သို့သော် ပတ်ဝန်းကျင် တစ်ခုလုံးကာ ရေများပြည့်၍နေပေ၏။
မြနဒီက ကျွန်ုပ်အား ကြီးမားသောကျောက်ဖြူအဆောက်အအုံ ကြီးဆီသို့ခေါ်သွားလေသည်။ ကျယ်ပြန့်ခမ်းနားလှသော ရေအောက်ကမ္ဘာ ကြီးပင်တည်း။
အဆောက်အအုံခန်းမကြီးထဲသို့ရောက်သည်နှင့် အောင်မြင်ခန့် ညားသောအသံတစ်သံကိုကြားလိုက်ရလေသည်။
]သယ်- မိုက်လိုက်ပါဘိ၊ ဘောက်မဲ့ကြောင့် လူသားသူငယ်ကို မယ်မယ်တို့ရဲ့ရေအောက်သိုက်နန်းအရောက် ခေါ်ဆောင်လာရသလဲ သမီးတော်မြနဒီ}
ကျွန်ုပ်က အသံကြားရာသို့လှည့်ကြည့်လိုက်ရာ အသက်အရွယ် ကြီးမားသော်လည်း လှပခန့်ညားသည့် အမျိုးသမီးကြီးတစ်ယောက်ကိုတွေ့ လိုက်ရလေ၏။ ထိုအမျိုးသမီးကြီးမှာလည်း ရေသူမသဏ္ဍာန် လူတစ်ပိုင်း ငါးတစ်ပိုင်းအသွင်ဆောင်ယူထားသူဖြစ်နေပေသည်။
ကျွန်ုပ်သည် မြနဒီပြောပြထား၍ ထိုအမျိုးသမီးကြီးအား သိုက်ချုပ် မယ်တော်ကြီးအဖြစ် သိရှိလိုက်လေသည်။ မယ်တော်ကြီး၏မျက်နှာကား ကျွန်ုပ် ကိုမလိုလားသည့်အသွင်ဆောင်ယူနေပေ၏။ ကျွန်ုပ်သည် မယ်တော်ကြီးကို ကြည့်ကာ ကြောက်ရွံ့ထိတ်လန့်မိပေတော့သည်။
]သည်းခံပါမယ်မယ်၊ သမီးတော် မယ်မယ့်ထံခွင့်မပန်ပဲ လူသား ယောက်ျားပျိုတစ်ယောက်ကို ချစ်ကြိုက်မိပါတယ်၊ သူ့ကို မယ်မယ့်ထံမှောက် ခေါ်လာပြီး မယ်မယ့်ထံမှခွင့်ပြုချက်ကို အသနားခံတောင်းခံဖို့ …..}
]တော်- တန်- တိတ်-}
]မိုက်ပါဘိမြနဒီ .....
(ဤနေရာမှစတင်၍ စာမျက်နှာလေးပုံသုံးပုံခန့်ရေစိုနေပြန်ရာ ဖတ်ရှု၍မရနိုင်အောင် စာများပျက်ပျယ်နေပေသည်။ နောက်ပိုင်းတွင် ဆက် လက်ဖော်ပြထားသောအကြောင်းအရာများအရ သိုက်ချုပ်မယ်တော်ကြီးက လူသားနှင့်ချစ်သူရည်စားထားခြင်းကို ဆူပြောကန့်ကွက်ကာ မောင်ကောင်း မွန်အား လူ့ရပ်ရွာသို့ပြန်လည်ပို့ဆောင်ရန်စေခိုင်းခြင်းဖြစ်ကြောင်း ခန့်မှန်းရ ပေသည်။)
ကျွန်ုပ်သည် ရေတွင်းပေါင်တလျှောက် ပဲ့ကျနေသောအုတ်ကျိုးအုတ် ပဲ့များထဲသို့ ခြေလျှိုနင်းကာ ရေတွင်းအထက်သို့တက်ခဲ့လေသည်။
အထက်သို့မရောက်မီ ကျွန်ုပ်က အောက်ခြေသို့ပြန်ငုံ့ကာ ညှိုးနွမ်း သောမျက်နှာဖြင့် ကျွန်ုပ်အားမော်ကြည့်နေသောမြနဒီကိုကြည့်လိုက်လေသည်။
]မြနဒီ…. နောက်ညတွေမှာလည်း အရင်လို ကျွန်ုပ်ဆီကိုလာခဲ့ပါ ဦးနော်}
]အကျိုးတော့နည်းကုန်ပါပြီအမောင်၊ မယ်တော်ကြီးရဲ့ တစ်ချက် လွှတ်အမိန့်စကားကို အမောင်ကိုယ်တိုင်ကြားခဲ့ရပြီးပြီပဲ၊ အမောင်နဲ့မြနဒီ ဒီဘ၀တော့ ဝေးပါပြီအမောင်ရယ်}
]မယ်တော်ကြီးဘာပြောပြော မြနဒီရောက်အောင်လာရင်ဖြစ်တာပဲ မဟုတ်လား}
]မဖြစ်ပါဘူးအမောင်၊ သိုက်ချုပ်မယ်တော်ကြီးရဲ့အမိန့်ကို မြနဒီ တို့လိုသိုက်နန်းရှင်များဟာ မြေဝယ်မကျနာခံရပါတယ်၊ မပယ်ရှားဝံ့ပါ}
]ဒါဖြင့် မြနဒီနဲ့ကျွန်ုပ် ...}
]မြနဒီလည်း ရင်ကွဲလုပါပြီအမောင်ရယ်}
]ဘာပဲဖြစ်ဖြစ် ကျွန်ုပ်ကတော့မျှော်နေမှာပဲမြနဒီ၊ မြနဒီ ကျွန်ုပ် ဆီကိုရောက်အောင်လာခဲ့ပါနော်}
]သွားပေတော့အမောင်၊ မြနဒီလည်းပြန်ချိန်သင့်ပါပြီ၊ မြနဒီကို ခွင့်ပြုပါတော့}
မြနဒီက ကျွန်ုပ်အားမျက်ရည်ဝေသောမျက်လုံးများဖြင့် ငေးစိုက် ကြည့်ကာ ရေထဲသို့ငုတ်လျှိုးပျောက်ကွယ်သွားလေသည်။
+ + + + + + + + +

မြနဒီက မလာတော့ဘူးဟုပြောခဲ့သော်လည်း ကျွန်ုပ်ကား ညစဉ် ညတိုင်း ရေတွင်းဘောင်ပေါ်ထိုင်ရင်း မျှော်နေမိလေသည်။ မြနဒီ၏ ကျွန်ုပ် အပေါ်ထားရှိသောမေတ္တာကိုယုံကြည်သည့်အတွက် တစ်နေ့နေ့တွင် မြနဒီ ရောက်လာမည်ဟုကျွန်ုပ်က မျှော်လင့်နေခဲ့မိပေ၏။
သို့ရာတွင် ရက်ရှည်လများသာကုန်လွန်သွားခဲ့သည် မြနဒီကား ပေါ်မလာခဲ့ချေ။ မြနဒီကိုယ်တိုင်ပင် ကျွန်ုပ်အား စိမ်းကားခဲ့လေပြီလော။ သိုက်ချုပ်မယ်တော်ကြီးကပင် ချုပ်ချယ်ထားလေသလော…. မတွေးတတ် နိုင်ပါပြီ။
ကျွန်ုပ်၏အလွမ်းစိတ်များက တစçတစရင့်သန်လာကာ မစားနိုင် မသောက်နိုင် မအိပ်နိုင်အောင်ဖြစ်ခဲ့ရလေပြီ။ ကျွန်ုပ်သည် ညအချိန်သာမက နေ့အချိန်မှာပါ ရေတွင်းဘေးမှမခွာပဲ ရေတွင်းအောက်ခြေသို့ငုံ့ကြည့်ကာ မှိုင်တွေနေမိလေတော့၏။ နေ့တွင်ရေခပ်လာသူအပေါင်းက ကျွန်ုပ်၏သောက ဖိစီးသောအမူအရာကိုရိပ်စားမိခဲ့ကြလေပြီ။
ကျွန်ုပ်၏မိခင်ကြီးသည်လည်း မစားနိုင်မအိပ်နိုင်ဖြစ်နေသော ကျွန်ုပ် ၏ဖြစ်အင်ကို ရိပ်မိသိရှိသွားခဲ့လေသည်။
မိခင်ကြီးက မေးမြန်းသောကြောင့် ကျွန်ုပ်က ကျွန်ုပ်နှင့်မြနဒီတို့ အဖြစ်အား မချွင်းမချန်ပြောပြလိုက်လေသည်။ သို့ရာတွင် မိခင်ကြီးကား ယုံကြည်ခြင်းမရှိခဲ့ပေ။
]ကောင်းမွန်၊ ငါ့သား၊ မင်းဘာတွေပြောနေတာလဲသားရယ်၊ မင်း စိတ်တွေမဟုတ်တော့ဘူး၊ မင်းကိုရေတွင်းဘေးမှာ တစ်ယောက်တည်း စကား ပြောနေတာကို ငါမြင်မြင်နေရတာ ဒါကြောင့်ကိုး၊ မင်းဟာ ကိုယ့်စိတ်ကိုယ်  လှည့်စားပြီး ထင်မိထင်ရာတွေ တွေးနေတော့တာကိုး}
]အမေမြနဒီကိုမမြင်ရတာ မျက်စိမှုန်လို့ပါအမေ၊ မြနဒီဟာ တစ်လ တိတိ ကျွန်တော့်ဆီကိုလာခဲ့ပါတယ်၊ ကျွန်တော်လည်း သူတို့ရဲ့ရေအောက် သိုက်နန်းကြီးကို လိုက်လည်ပြီးပါပြီအမေ}
မိခင်ကြီးက ကျွန်ုပ်အားစိတ်ပျက်စွာကြည့်၍ ခေါင်းကိုခါလိုက်လေ သည်။ မိခင်ကြီးသည် ကျွန်ုပ်စကားကိုမယုံပဲ ကျွန်ုပ်အား စိတ်ဝေဒနာစွဲကပ် နေပြီဟု အထင်ရှိခဲ့လေသည်။
နောက်တစ်နေ့မှာပင် မိခင်ကြီးက ပယောဂဆရာတစ်ယောက်ကို ပင့်ဖိတ်ကာ ကျွန်ုပ်အားကုသစေခြင်းဖြင့် သူမ၏အထင်အမြင်ကိုဖော်ပြ လိုက်လေသည်။
ကျွန်ုပ်သည် ကျွန်ုပ်အားအစွဲချွတ်မည်တကဲကဲဖြင့် ကြိမ်လုံးကြီး နှင့်ရွယ်နေသော ပယောဂဆရာလက်ထဲမှကြိမ်လုံးကိုလုယူကာ ပယောဂ ဆရာကို သူ့ကြိမ်လုံးဖြင့်ပင် ပြန်ရိုက်လွှတ်လိုက်လေသည်။
ကျွန်ုပ်က ကျွန်ုပ်အား အရူးတစ်ယောက်သဖွယ်သဘောထားခံရ ခြင်းကို ခံပြင်း၍ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း .. ထိုအပြုအမူအတွက်ပင် ကျွန်ုပ်အား ရူးသွပ်နေသူတစ်ယောက်ဟု စွတ်စွဲခြင်းခံရပြန်လေသည်။
ရွာဦးကျောင်းဆရာတော်ကြီးသည်လည်း ကျွန်ုပ်တို့အိမ်သို့ကြွလာ ကာ ကျွန်ုပ်အား တရားပြဟောကြားခဲ့သေးသည်။ ကျွန်ုပ်က ကျွန်ုပ်နှင့် မြနဒီအကြောင်းကို ခရေစေ့တွင်းကျတင်လျှောက်လိုက်သည့်အခါ ဘုန်းတော် ကြီးသည်လည်း သက်ပြင်းကိုချရင်း ပြန်ကြွသွားလေတော့သည်။
ကျွန်ုပ်၏ရင်တွင်း၌ မြနဒီကိုလွမ်းဆွတ်စိတ်၊ မြနဒီနှင့်တွေ့ချင်စိတ် များ အုံကြွလာခဲ့ရာ ကျွန်ုပ်သည် အချိန်ပြည့် ရေတွင်းဘေးသို့သွားနေကာ ရေတွင်းထဲငုံ့ကြည့်ရင်း- ]]မြနဒီရေ ..မြနဒီ}}-ဟုအကြိမ်ကြိမ်အခါခါ အော် ခေါ်မိလေတော့သည်။
ကျွန်ုပ်၏ခံစားမှုများကို နားလည်မလည်၊ ကိုယ်ချင်းလည်းမစာ တတ်သောရွာသူရွာသားများသည် ကျွန်ုပ်အိမ်မှရေတွင်းသို့ ရေခပ်ရန်ပင် မလာရောက်ကြတော့ချေ။ ဝေးလံသော ဘုန်းကြီးကျောင်းထဲမှရေတွင်းအထိ သွားခပ်ကြတော့၏။
တစ်ရွာလုံးက ကျွန်ုပ်အား ရူးသွပ်နေသူဟုထင်မှတ်နေကြလေပြီ တည်း။
 + + + + + + + + +
နောက်တစ်လခန့်အကြာတွင် နဂိုက မကျန်းမမာရှိနေသော ကျွန်ုပ် ၏မိခင်ကြီးသည် ကျွန်ုပ်စိတ်ဖြင့်ပင် ကွယ်လွန်သွားလေ၏။
မိခင်ကြီးမရှိတော့သောအခါ ကျွန်ုပ်လည်း မြနဒီကိုလွမ်းဆွတ် သတိရသောစိတ်ဖြင့် လူ့လောကကြီး၌ မနေချင်တော့ပေ။ တစ်ရွာလုံးက လည်း ကျွန်ုပ်ကိုဖဲကျဉ်ထားကြလေပြီ။
ကျွန်ုပ်သည် ဖြစ်လိုရာဖြစ်စေတော့ မြနဒီရှိရာသိုက်နန်းသို့ သွား ရောက်ရန်ဆုံးဖြတ်လိုက်လေသည်။ မြနဒီတို့ရေအောက်သိုက်နန်းကြီးသို့ ကျွန်ုပ်ရောက်ခဲ့ဖူးပြီးမဟုတ်ပါလား။
ရေတွင်းထဲမှတစ်ဆင့် မြစ်ရှိရာဖက်သို့ ရေကြောင်းလိုဏ်ခေါင်း အတိုင်းကူးခတ်သွားလျှင် မြနဒီတို့သိုက်နန်းကြီးရှိရာသို့ရောက်ပေမည်။ မြနဒီ နှင့်အတူသွားစဉ်ကလို ခရီးစဉ်ချောမွေ့မှုရှိမည်မဟုတ်သော်လည်း စွန့်စား ရပေတော့မည်။
မသွားရောက်မီ ကျွန်ုပ်၏ဖြစ်စဉ်အား စာဖြင့်ရေးသားမှတ်တမ်း တင်ခဲ့ပါသည်။
ဤမှတ်တမ်းအား ကျွန်ုပ်နှင့်အတူ ရေအောက်သို့ယူဆောင်သွား မည်ဖြစ်သည်။ မြနဒီတို့သိုက်နန်းသို့ ရောက်သည်ဖြစ်စေ၊ မရောက်သည် ဖြစ်စေ၊ ဤမှတ်တမ်းအား နောင်လာနောက်သားများတွေ့ရှိပါက မြစ်နှင့် ငါးမိုင်ဝေးသောကျွန်ုပ်တို့ရွာမှ ဧရာဝတီမြစ်အထိ မြေအောက်ဥမင်လိုဏ် ခေါင်းမှ လမ်းပေါက်သည်ကို သိရှိကြစေလို၍ဖြစ်ပါသည်။
ဤမှတ်တမ်းအား တွေ့ရှိခြင်းအားဖြင့် ကျွန်ုပ်နှင့် ရေအောက် သိုက်နန်းရှင်မလေးတို့၏ အချစ်ဇာတ်လမ်းအား လက်ခံယုံကြည် နိုင်ပါစေသတည်း။
+ + + + + + + + +


ပုလင်းထဲမှရရှိသောစာရွက်များပေါ်တွင် ရေးသားထားသော မှတ်တမ်းကား အထက်ပါအတိုင်းဖြစ်ပေသည်။
ကျွန်တော်သည် မောင်ကောင်းမွန်ဆိုသူ၏မှတ်တမ်းကိုဖတ်ရှုပြီး အတွေးနယ်ချဲ့နေမိသည်။ ပုလင်းထဲမှရသောမှတ်တမ်းသည် အမှန်တကယ် လား။ မောင်ကောင်းမွန်ဆိုသူသည် ရေတွင်းထဲမှတစ်ဆင့် ဧရာဝတီမြစ် တွင်းသို့ကူးခတ်ရာတွင် မှတ်တမ်းကိုပုလင်းထဲထည့်ယူဆောင်လာရာမှ မြစ် ထဲတွင်မျောလာခြင်းလား။
ဤအဖြစ်အပျက်များသည် မည်သည့်ခေတ်အခါက ဖြစ်ပျက်ခဲ့ သောအဖြစ်အပျက်များဖြစ်လေမည်နည်း။ မှတ်တမ်းထဲတွင် အချိန်ကာလ ကိုဖော်ပြမထားသည့်အတွက် သဲလွန်စရှာရန်မတတ်နိုင်ပါပေ။
ထို့အပြင် စာထဲမှအကြောင်းအရာများမှာ တကယ်ရောဟုတ်ရဲ့ လား။ တစ်ဦးတစ်ယောက်က လှည့်ဖျားလို၍ လုပ်ကြံလီဆယ်ရေးလိုက်ခြင်း လား။ မောင်ကောင်းမွန်ဆိုသူ အမှန်တကယ်ရေးခြင်းဖြစ်လျှင်လည်း¼¼ မောင်ကောင်းမွန်သည် သူ့စာထဲမှာပါသလို ရူးသွပ်နေသူတစ်ဦးဖြစ်၍ စိတ်ရူး ပေါက်ကာ ရေးခဲ့ခြင်းများလေလား။
မြနဒီဆိုသည့် ရေသူမအသွင် လူတစ်ပိုင်းငါးတစ်ပိုင်းသိုက်နန်းရှင် ဥစ္စာစောင့်ဆိုသည်မှာ တကယ်မရှိပဲ မောင်ကောင်းမွန်စိတ်ထဲတွင် ထင်ယောင် ထင်မှားဖြစ်နေခြင်းလား။
ပြီးတော့ မောင်ကောင်းမွန်တို့ရွာကို အမည်နာမဖော်ပြမထား၊ မည်သည့်မြို့နယ်အတွင်းရှိကြောင်းလည်း ဖော်ပြမထား။ ယုတ်စွအဆုံး ဧရာဝတီမြစ်၏ အရှေ့ဖက်ခြမ်းလား၊ အနောက်ဖက်ခြမ်းလား၊ မည်သည့် ဖက်ခြမ်း၌ရှိသည်ကိုပင်ဖော်ပြမထားပေရာ သဲလွန်စလိုက်ဖို့ ခဲယဉ်းလှပေ တော့သည်။
ရေထဲမှဆယ်ယူရရှိသော ပုလင်းနှင့် စာရွက်များကိုမူ ကျွန်တော်၏ အိမ်တွင် ယခုတိုင် သိမ်းဆည်းထားပါသေးသည်။ မှန်ဘီရိုထဲတွင် အများ ကြည့်ရှုနိုင်ရန် ပြသထားပါသည်။ လာရောက်လေ့လာနိုင်ပါသည်။
ထိုအကြောင်းအရာများအား စိတ်ဝင်စားသည်ဆိုလျှင် ...
ဇာတ်ကြောင်းအရင်းအမြစ်အထိ လိုက်လံစုံစမ်းလိုက စုံစမ်းနိုင်ရန် (သို့တည်းမဟုတ်) အများပြည်သူသိအောင် ဖြန့်ဝေလိုက ဖြန့်ဝေနိုင်ရန် ရည်ရွယ်၍¼¼ ကျွန်တော့်သားလက်ရေးဖြင့်လိုက်ရေးထားသော လက်ရေး စာမူအား ဂမ္ဘီရဆန်းကြယ်ဝတ္ထုများရေးသားလေ့ရှိသော စာရေးဆရာ ဆောင်းလုလင်…. ထံသို့ လိပ်မူ၍ ပေးပို့လိုက်ပါသည်။
+ + + + + + + + +
                                                                ဆောင်းလုလင်

No comments: