နွေတမာန်
ဥပါဒါန်
သမီးကို
ကျွန်မတို့လက်လွတ်ဆုံးရှုံးရတော့မည်။ သမီး၏ အခြေအနေမှာ
နောက်ဆုံးအခြေအနေသို့ရောက်ခဲ့ပြီ။
ဆရာဝန်ကြီးကိုယ်တိုင်က
မျှော်လင့်ချက်မထားတော့ဖို့၊ တရားနှင့်ဖြေသိမ့်ဖို့ ကျွန်မတို့မိသားစုကို
နှစ်သိမ့်ခဲ့ပြီးပါပြီ။
]တကယ်တော့...
မွေးရာပါနှလုံးရောဂါသည်တစ်ယောက်အတွက် လူ့လောကမှာနေရချိန်ဟာ ၁၈နှစ်ကနေ အနှစ်
၂၀အလွန်ဆုံးပါပဲ၊ သမီးအတွက် ခင်ဗျားတို့တာဝန်ကျေပါတယ်၊ သူ ဘ၀ကူးကောင်းအောင်သာ
ကြိုးစားကြပါတော့ဗျာ}
သမီးရယ်...၊
သမီးသွားတော့မယ်ဆိုတာ အမေကြိုသိထားပေမယ့် တကယ်ကြုံရတော့ အမေခံစားရပါတယ်သမီး။
သမီးကို အမေမခွဲချင်ဘူးကွယ်...‘ဒါပေမယ့် သမီးလေးက အမေတို့ဆီမလာခင်ကတည်းက
၁၈နှစ်ပဲနေခွင့်ပြုဖို့တောင်းဆို ထားတော့ သမီးပြန်ချိန်တန်ပြီပေါ့။
အမေခွင့်မပြုချင်ပေမယ့် ဘာမှမတတ်နိုင်တော့ပါလားသမီးလေး...
ကျွန်မသည်
ကုတင်ထက်တွင် ဖြူဖျော့နွမ်းလျစွာ လဲလျောင်းနေသည့် ဝေဒနာရှင်သမီးကိုကြည့်ရင်း
ကြေကွဲစွာ တွေးလိုက်မိသည်။ ရောဂါဝေဒနာခံစားနေရသော်လည်း သမီးမျက်နှာလေးကတော့
ဖူးညွန့်လန်းစွင့်၍ လှပနေမြဲသာ။ ကျွန်မနှင့်ပထမဆုံးတွေ့ဆုံစဉ်ကအတိုင်း
လှပကျော့ရှင်း လျှက်ရှိလေသည်။ ကျွန်မနှင့်အတူလာနေပါရစေဟု ခွင့်တောင်းစဉ်ကပင်
ကျွန်မသည် သမီး၏အလှအပကို ငေးကြည့်ခဲ့ရသည်။ သမီးဤမျှလှပနေခြင်းမှာ သူလာခဲ့ရာဘ၀၏
အထုံရေစက်မပျယ်သေး လို့ပဲဖြစ်လိမ့်မည်။ သမီးပြန်သွားခဲ့ရင်ကော...
အရင်ဘ၀ဟောင်းကိုပဲ ပြန်ရောက် သွားလေမလား။ ကျွန်မသိချင်မိသည်။
ကျွန်မသည်
ကျွန်မတို့မိသားစုထဲသို့ သမီးရောက်လာပုံကို ပြန်လည်သတိ၇မိကာ
အတွေးထဲနစ်မျောသွားလေသည်။
+
+ + + + + + + +
မောင်နှင့်ကျွန်မ
မင်္ဂလာဆောင်ပြီးမကြာမီ ထွက်ခဲ့သောခရီးမှ စခဲ့သည့်ဇာတ်လမ်း ဖြစ်ပါသည်။
တကယ်တော့...
ထိုခရီးသည် ကျွန်မတို့ကြင်စဦးဇနီးမောင်နှံ၏ ဆွေပြမျိုးပြခရီးပင် ဖြစ်ပါ၏။
ကျွန်မသည် ရွှေဘိုသူတစ်ဦးဖြစ်ပါသည်။ မန္တလေးသားမောင်နှင့်အိမ်ထောင်ကျခဲ့ရာတွင်
ကျွန်မအသိုင်းအဝိုင်းက မောင့်ကိုမမြင်ဖူးသေးချေ။ မန္တလေးမှာပြုလုပ်သည့် ကျွန်မတို့
မင်္ဂလာဆောင်ကိုရောက်လာသော ဆွေရင်းမျိုးရင်းတစ်သိုက်သာ မောင့်ကိုမြင်ဖူး ရင်းနှီး
ဖူးသေးသည်။ သည်လိုနှင့် ပိတ်ရက်လေးရက်ဆက်တိုက်ကြုံရသည့် ဒီဇင်ဘာလထဲတွင် ရွှေဘိုသို့
သွားလည်ဖြစ်ခဲ့လေသည်။
ထိုနှစ်က
‘ဒီဇင်ဘာလထဲတွင် သောကြာနေ့သည် ကရင်နှစ်သစ်ကူးနေ့ဖြစ်ကာ တနင်္လာနေ့သည်
ခရစ္စမတ်နေ့ဖြစ်တာကို ကျွန်မသတိရနေသေးသည်။ မောင်ရော ကျွန်မရောဝန်ထမ်းများဖြစ်လေရာ
သောကြာနှင့် တနင်္လာရုံးပိတ်ရက်နှစ်ရက်ညှပ်လိုက် သောကြောင့်
စနေ၊တနင်္ဂနွေနှင့်ပေါင်းလျှင် လေးရက်ဆက်တိုက်အားလပ်သည်ကို အကြောင်းပြုပြီး
ကျွန်မတို့မြို့သို့ ဆွေပြမျိုးပြသဘော အလည်အပတ်ထွက်ခဲ့ခြင်းဖြစ်ပါသည်။
သီတင်းကျွတ်လကမှ မင်္ဂလာဆောင်ထားသည်မို့ ကျွန်မတို့အိမ်ထောင် သက်မှာ
၂လသာရှိပါသေးသည်။
ကျွန်မတို့သည်
နောက်တစ်နေ့ရုံးဖွင့်အမီ တနင်္လာနေ့နေ့ခင်းမှာ ရွှေဘိုမှပြန်လာခဲ့ကြသည်။
အပြန်ခရီးစဉ်ကား ထူးခြားမှုရှိပါသည်။
မန္တလေးတွင်
ရွှေဆိုင်ဖွင့်ထားသည့် ကျွန်မတို့ရွှေဘိုမှ ကျွန်မ၏သူငယ်ချင်းညီအစ်မနှင့်အတူ
ပြန်ခဲ့ကြခြင်းဖြစ်သည်။ သွယ်သွယ်နှင့် နွယ်နွယ်တို့အသိုင်းအဝိုင်းမှာ
ချမ်းသာကြွယ်ဝကြပြီး ဆွေစဉ်မျိုးဆက် ပန်းထိမ်ပညာဖြင့်အသက်မွေးခဲ့ကြခြင်းဖြစ်သည်။
သွယ်သွယ်နှင့်နွယ်နွယ် အရွယ်ရောက်ချိန်တွင် သူတို့ဖခင်က
စီးပွားရေးလုပ်ငန်းကိုချဲ့ထွင်ကာ မန္တလေး၌ ပန်းထိမ်ဖိုလည်းထောင်၊
ရွှေဆိုင်လည်းဖွင့်ခဲ့ခြင်းဖြစ်ပါ၏။
ရွှေဘိုမှ
ကျွန်မတို့ပြန်မည့်နေ့တွင် သွယ်သွယ်တို့ညီအစ်မလည်း
မန္တလေးသို့ပြန်မည်နှင့်ကြုံသောကြောင့် သူတို့၏ကားကြုံဖြင့် လိုက်ပါ
ခွင့်ရခဲ့ခြင်းဖြစ်ပါသည်။
သွယ်သွယ်တို့က
ရွှေဘိုပြန်ရောက်နေတာ တစ်ပတ်ပင်ရှိပြီဟု သိရသည်။
]မင်းတို့ရွှေဘိုပြန်မယ်ဆိုတာသိရင်
အလာကတည်းက တို့ကားနဲ့တပါတည်းခေါ်ခဲ့ပါတယ်ဟယ်}
]သွယ်တို့လို
လွတ်လွတ်လပ်လပ် သွားချင်းတိုင်းမသွားနိုင်ပါဘူး သွယ်ရယ်၊ တို့ကဝန်ထမ်းတွေဆိုတော့
ရုံးပိတ်ရက် မှလာနိုင်တာလေ၊ အပြန်ကားကြုံလိုက်ရတာပဲ ကျေးဇူးတင်လှပါပြီဟာ}
ထိုစဉ်က
ကျွန်မမှာ မူလတန်းပြကျောင်းဆရာမတစ်ဦးဖြစ်ကာ၊ မောင်က ဆည်မြောင်းဌာနမှ
စာရင်းစစ်ဖြစ်ပါသည်။ သွယ်သွယ်ကတော့ ကျွန်မနှင့်အတူတစ်နှစ်တည်းဘွဲ့ရခဲ့သော်လည်း
ဝန်ထမ်းဝင်မလုပ်၊ မိဘရွှေဆိုင်ကိုပဲကြီးကြပ်နေသည်။
ထိုစဉ်က
သွယ်သွယ်အိမ်ထောင်မကျသေး။ ရည်းစားလည်းမရှိသေး။
ရွှေဆိုင်ပိုင်ရှင်သွယ်သွယ့်ကိုလိုချင်တပ်မက်သူ တွေကတော့ ဝိုင်းဝိုင်းလည်နေပေသည်။
နွယ်နွယ်က
မန္တလေးတက္ကသိုလ်မှာ ပထမနှစ်တက်ရောက်နေချိန် ဖြစ်ပါ၏။ နွယ်နွယ်သည် ကျွန်မနှင့်သွယ်သွယ်တို့ထက်
လေးနှစ်ငယ်သည်။
သွယ်သွယ်တို့ကားမှာ
လင့်ရိုဘာကားဖြစ်ပါသည်။
တနင်္လာနေ့
နေ့လည်ခင်းတွင် ကျွန်မတို့ရွှေဘိုမှထွက်ခဲ့ကြ၏။
ကားကို
သွယ်သွယ်တို့အိမ်မ္လှရိုင်ဘာ ဦးဘတူက မောင်းပါသည်။
မောင်က
ဦးဘတူနှင့်အတူ ကားရှေ့ခန်း၌စီးကာ ကျွန်မတို့မိန်းကလေးသုံးယောက်က နောက်ခန်းမှလိုက်ပါလာကြ၏။
ကျွန်မသည် သူတို့ညီအစ်မအလည်မှ စီးလာခဲ့သည်။
ရွှေဘိုနှင့်မန္တလေးမှာ
ဝေးကွာလှသောခရီးမဟုတ်၊ ကိုယ်ပိုင်ကားနှင့်ဖြစ်၍ အေးအေးလူလူပင် မောင်းလာခဲ့လေသည်။
စစ်ကိုင်းမှာ ကောင်းမှုတော်စေတီကိုဝင်၍ဖူးမျှော်ခဲ့သေး၏။
စစ်ကိုင်းမြို့မှထွက်၍
စစ်ကိုင်းတံတားကြီးကိုကျော်ဖြတ်ပြီးချိန်တွင် ညနေစောင်းသွားပေပြီ။
တောင်သမန်အင်းကိုလည်း
ကျွန်မတို့ ဝင်ခဲ့သေး၏။ တောင်သမန်မှာတော့ ညနေစောင်းနေပြီဖြစ်၍ တံတားပေါ်ပင်
တက်မလျှောက်တော့ပဲ မယ်ဇယ်ပင်တန်းအောက်မှ အကြော်ဆိုင်တွင် အကြော်စားပြီး
ပြန်ထွက်ခဲ့ကြလေ၏။
ဆောင်းရာသီဖြစ်သောကြောင့်
နေ့တာတိုကာ ညနေ၆နာရီလောက်နှင့် အမှောင်ထုလွှမ်းလာလေ၏။
တောင်သမန်မှ
ပြန်ထွက်အလာတွင် နွယ်နွယ်က လမ်းရိုးအတိုင်းမပြန်ပဲ
တံခွန်တိုင်ဖက်မှပတ်ပြန်ဖို့တောင်းဆိုလိုက်သည်။ တောင်သမန်မှ
မန္တလေးသို့အပြန်ခရီးကို... လမ်းရိုးဖြစ်သောစစ်ကိုင်း-မန္တလေး
လမ်းအတိုင်းပြန်လိုကပြန်၊ အရှေ့ဖက်အရပ်ဖြစ် သည့် ညာဖက်သို့ကွေ့ချိုးကာ
တံခွန်တိုင်ဖက်မှတစ်ဆင့် ရန်ကုန်-မန္တလေးလမ်းအတိုင်း ပြန်လို့လည်းရပေသည်။
နွယ်နွယ်က
ဘာစိတ်ကူးပေါက်သည်မသိ။ တောင်သမန်အင်း၏ ကန်ပေါင်အတိုင်းဖောက်လုပ်ထားသော တောလမ်း
မှပြန်လိုသည်ဟု ပူဆာလေသည်။ ထိုစဉ်က ရတနာပုံတက္ကသိုလ်မတည်ဆောက်ရသေးသည့်အတွက်
တံခွန်တိုင်နှင့်အမရပူရ ဆက်သွယ်သောလမ်းမှာ မချောမွေ့သေးချေ။
အားလုံးက
နွယ်နွယ့်ဆန္ဒကိုမငြင်းပယ်ကြပဲ လိုက်လျောခဲ့လေသည်။
ဦးဘတူသည်
ကားကိုအရှေ့ဖက်သို့ချိုးကာ မောင်းနှင်ခဲ့သည်။
ထိုအချိန်တွင်
ကောင်းကင်၌ဆည်းဆာရီသန်းကာ နေဝင်ရီတရောအချိန်ဖြစ်နေပေပြီ။ ဦးပိန်တံတားဆီသို့လှမ်းကြည့်
လိုက်လျှင် အင်းအလည်မှဦးပိန်တံတားကို လွမ်းမောဖွယ် ခပ်ရေးရေးလှမ်းမြင်ရ၏။
တံခွန်တိုင်ဖြတ်လမ်းကို
ထိုစဉ်က သိပ်ပြီးမသုံးစွဲကြသေးချေ။ လမ်းတွင် လမ်းမီးတိုင်များလည်း မရှိသေးဟု
ကျွန်မ စိတ်ထဲထင်မိသည်။ ထိုလမ်းပေါ်တွင် စစ်တပ်များသာရှိလေရာ အရပ်သားများ
အသွားအလာနည်းကြလေ၏။
လမ်းခရီး၏တဝက်လောက်မှာ
ညာဖက်ခြမ်း၌တောင်သမန်အင်း၊ ဘယ်ဖက်ခြမ်း၌ ရှေးဟောင်းဘုရားပျက်များသာရ Sdလေသည်။
ရှေးဟောင်း ဘုရားပျက်များမှာ အုတ်များပေါ်ပြီး ပျိုပျက်ကျနေသည့် စေတီငုတ်တို
များဖြစ်လေသည်။ ပြုပြင် မည့်သူမရှိသေး။ ခြုံနွယ်ပိတ်ပေါင်းများကြားတွင် စေတီပျက်၊
ပုထိုးပျက်များကိုမြင်ရသည်မှာ စိတ်ချောက်ချားဖွယ်ကောင်း လှပါ၏။
ကျွန်မတို့သည်
နွယ်နွယ့်အလိုကျ ထိုလမ်းပေါ်ကလာမိခြင်းအတွက် နောင်အခါတွင်
စဉ်းစားစရာအချက်အလက်များဖြစ်ပေါ် ခဲ့ရပါသည်။ ထိုလမ်းကသွားဖို့တောင်းဆိုခဲ့ခြင်းသည်
နွယ်နွယ့်အတွက်ကြမ္မာငင်ခြင်းလေလားဟု ကျွန်မရော၊ သွယ်သွယ်ပါ တစ်သက်လုံး
တွေးနေခဲ့မိ၏။
ကျွန်မတို့စီးနင်းလာသော
ကားလေးသည် ဖြတ်လမ်းအတိုင်း မောင်းလာခဲ့ရာ ဘေးနှစ်ဖက်တွင် စေတီပျက်များ
ခြံရံထားသောနေရာသို့ ရောက်လာလေသည်။
ထိုနေရာအရောက်တွင်...
အရှိန်မှန်မှန်ပြေးနေသောကားမှာ ရုတ်တရက် ညာဖက်သို့ချိုးကွေ့သွားလေ၏။ လမ်းက
တည့်တည့်မတ်မတ်ရှိနေပါလျှက် ကားကိုညာဖက်သို့ချိုးလိုက်သည့်အတွက် ကျွန်မတို့
အားလုံးအကြည့်က ဒရိုင်ဘာဦးဘတူ ဆီသို့ရောက်ရှိသွားလေသည်။
]ဟင်...
ဟင်... ဘယ်လိုဖြစ်တာလဲ}
ဦးဘတူနှုတ်မှ
အသံထွက်၍ရေရွတ်လိုက်သည်။
]ဘယ်လိုဖြစ်တာလဲဦးဘတူ}
မောင်က
ဦးဘတူကိုလှည့်မေးလိုက်သည်။
]ဟာ-ဟာ-မရတော့ဘူး၊
ကားညာဖက်ဆွဲသွားပြီ}
ဦးဘတူ၏စကားပင်မဆုံးလိုက်ရပါ။
ကားသည် ညာဖက်သို့ ချိုးကွေ့ကာ အရှိန်မထိန်းနိုင်တော့ပဲ တောင်သမန်အင်းစပ်သို့
ထိုးဆင်းသွားပါသည်။ အင်းဘောင်မှာ ဆယ်ပေကျော်မြင့်လေရာ ကားသည် အင်းအစပ်အထိ
‘ဒလိမ့်ကောက်ကွေးလိမ့်ကျသွား ပါသည်။
ကျွန်မနှင့်သွယ်သွယ်က
ကြောက်လန့်တကြားဖြင့် ငယ်သံပါအောင် အော်လိုက်လေသည်။ နွယ်နွယ့်ထံမှအော်သံကိုမူ
မကြားမိပါ။
ကားသည်
နှစ်ပတ်သုံးပတ်လိမ့်ကာ အင်းရေအစပ်တွင် ပက်လက်လန်လျှက်ရပ်တန့်သွားလေသည်။
ကျွန်မတို့လည်း
ကားထဲ၌ဇောက်ထိုးမိုးမျှော်ဖြစ်နေကြလေသည်။
ကံကောင်းထောက်မစွာပင်
ကျွန်မတို့သတိလစ်မသွား။
ခပ်လှမ်းလှမ်းမှ
စစ်သားတချို့ပြေးလာတာကိုပင် ကားထဲမှာ ဂျွမ်းထိုးမှောက်ခုံဖြစ်နေရင်းမှ
ကျွန်မမြင်လိုက်ရသေးသည်။
စစ်သားများက
ပက်လက်လန်နေသောကားဆီအရောက် ပြေးလာကြကာ ကျွန်မတို့ကိုကားထဲမှဆွဲထုတ်ပါသည်။
]ဝေဝေ
ဘာဖြစ်သွားသေးလဲ၊ သွယ်သွယ်နဲ့နွယ်နွယ်ကော}
မောင်က
သူကိုယ်တိုင္လ်ုက္ခကြုံနေရက်မှ ကျွန်မတို့ မိန်းမသားသုံးယောက်အား
စိုးရိမ်တကြီးလှမ်းမေးရှာလေသည်။
ကျွန်မတို့ကို
စစ်သားများက ကားထဲမှာ ခက်ခက်ခဲခဲ ဆွဲထုတ်ပေးကြပါသည်။
ကားထဲတွင်
ကားရှေ့ခန်းမှာ မောင်၊ ဦးဘတူနှင့် ကားနောက်ခန်းမှ ကျွန်မ၊ သွယ်သွယ်တို့သာရှိတော့သည်။
ညာဖက်အစွန်တွင် ထိုင်လိုက်လာသော သွယ်သွယ်သည် ကားလိမ့်သွားစဉ်ကပင် ကားအပြင်သို့
ထွက်ကျသွားဟန်ရှိလေသည်။
ကျွန်မတို့အားလုံး
ကားအပြင်ရောက်ချိန်၌ အနီးရှိရွာမှ ရွာသူ ရွာသားများပါရောက်လာကြကာ
ကားမှောက်သည့်ဖြစ်ရပ်ကို ဝိုင်းအုံကြည့်နေသည်ကိုတွေ့ရလေ၏။
]နွယ်နွယ်၊
နွယ်နွယ်ရော...}
သွယ်သွယ်က
နွယ်နွယ့်အမည်ကိုအော်ခေါ်ရင်း မေးလိုက်သည်။
လူအများက
ဝိုင်းနေရာမှရှဲပေးလိုက်ကာ . .
]ဟိုမှာ
မိန်းကလေးတစ်ယောက်၊ သူကတော့ ကားထဲကထွက်ကျလို့ အခြေအနေဆိုးမယ်ထင်တယ်}
ကျွန်မတို့အားလုံး
နွယ်နွယ်လိမ့်ကျနေသည့်နေရာသို့ အပြေးသွားကြသည်။
သွယ်သွယ်က
နွယ်နွယ့်ကိုပွေ့ရန်ပြင်သည်တွင်...
]သူ
အသက်မရှိတော့ဘူးကွဲ့၊ မိန်းကလေး မကိုင်နဲ့}
ရွာထဲမှအသက်ကြီးကြီးအဘိုးအိုတစ်ဦးက
ပြောလိုက်သည်။
]ဟင်...
ညီမလေး၊ နွယ်နွယ်၊ ဖြစ်ရလေညီမလေးရယ်}
သွယ်သွယ်က
အော်ဟစ်ငိုယိုလိုက်လေသည်။
]ဘာဒဏ်ရာမှလည်း
မရှိပါလား}
မောင်က
နွယ်နွယ့်အလောင်းကိုငုံ့ကြည့်ရင်း ပြောလိုက်လေသည်။
မှန်ပါသည်။
နွယ်နွယ်သည် အိပ်ပျော်နေသည့်အလား အင်းစပ် သဲပြင်ပေါ်၌လဲလျှက်ရှိလေသည်။
ရုပ်ပျက်ဆင်းပျက်မရှိ။ မျက်လုံးများလည်း ပိတ်ကာ ပကတိအိပ်ပျော်နေသည့်သဖွယ်။
ကွေးကွေးလေးလဲကျနေလေသည်။
]သေတာဟုတ်ရဲ့လား၊
ကြည့်ကြပါဦး}
]ဟုတ်ပါတယ်ကွယ်၊
အသက်မရှိတော့ပါဘူး}
ဦးဘတူက
လက်ကောက်ဝတ်ကိုစမ်းကြည့်ခြင်း၊ ရင်ခုန်သံကို နားထောင်ကြည့်ခြင်းများဖြင့်
သေပြီဖြစ်ကြောင်း အတည်ပြု လိုက်သည်။
ကျွန်မသည်
အဖြစ်အပျက်ကိုနားမလည်နိုင်ပဲကြောင်အနေမိသည်။ ကားမှောက်သည့်ဖြစ်စဉ်သည်
ဖြစ်ရိုးဖြစ်စဉ်မဟုတ်။ ရှင်းလင်းနေသော လမ်းမကြီးတွင် ကားက
အင်းထဲသို့ကွေ့၍ထိုးကျသွားခြင်းဖြစ်သည်။
+
+ + + + + + + +
ကားတိုက်မှုနှင့်ပတ်သက်၍
ဒရိုင်ဘာဦးဘတူက ပြန်လည် ပြောပြရာတွင်... ကားစတီယာရင်သည် ရုတ်တရက် ညာဖက်သို့
လည်သွား ခြင်းဖြစ်ကြောင်း၊ စတီယာရင်ကို ပြန်လည်တည့်မတ်အောင်လုပ်လို့မရ
ကြောင်းနှင့် ချောက်ကမ်းပါးထဲသို့ အင်အားတစ်ခုဖြင့် တွန်းချလိုက်သည့်သဖွယ်
ထိုးကျသွားခြင်းဖြစ်ကြောင်း ပြောပြသည်။
ကား၏စက်ကိရိယာပိုင်းကို
စစ်ဆေးကြည့်သည့်အခါတွင်လည်း မည်သည့်ချွတ်ယွင်းမှုမှမတွေ့ခဲ့ရပေ။
ကျွန်မတို့သည်
နွယ်နွယ့်သေမှုသေခင်းကိစ္စအတွက် ထိုနေရာသို့ သုံးလေးခေါက်ထပ်ရောက်သေးသည်။
]ဒီနယ်မြေက
ရှေးဟောင်းစေတီတွေနဲ့ ရာဇဝင်သမိုင်းရှိတဲ့နေရာကွဲ့၊
စေတီကျောက်စာတွေမှာကျိန်စာတွေရှိတတ်သလို၊
မကျွတ်မလွတ်တဲ့ပုဂ္ဂိုလ်တွေလည်းရှိနိုင်တာပဲ၊ ဦးလေးအထင်တော့
မမြင်နိုင်တဲ့ပရလောကသားတွေက ကားကိုမှောက်အောင် လုပ်လိုက်တာလို့ ထင်မိတယ်ကွယ်}
ဦးဘတူ၏အယူအဆအပေါ်တွင်
မောင်က ကားတိမ်းမှောက်မှုမှာ သူ့အပြစ်မပါသလိုရှောင်လွဲချင်လို့ အကြောင်းပြသည်ဟု
ဝေဖန်ခဲ့လေသည်။
နွယ်နွယ့်အတွက်
ကောင်းမှုကုသိုလ်လုပ် အမျှအတန်းပေးဝေဖို့ အခင်းဖြစ်သည့် နေရာကိုပြန်ရောက်သည့်အခါ
ထိုအနီးရှိရွာမှ လူကြီးများက တစ်မျိုးတည်းသော ထင်ကြေးကိုပေးကြလေသည်။
]အဲဒါ
လူလဲတာ}
]သိုက်စောင့်ဖို့အတွက်
သိုက်စောင့်နေရာလဲတာပေါ့ကွယ်}
]ဒီအနီးတဝိုက်မှာ
ဥစ္စာစောင့်သိုက်တွေ အများကြီးရှိတယ်၊ အားလုံးသာသနာသိုက်တွေချည်းပဲ၊
မြနန်းနွယ်ဆိုတဲ့ဥစ္စာစောင့် မလေးရှိတယ် ကြားတယ်၊ မြနန်းနွယ် ကျွတ်ချိန်တန်လို့
သေသွားတဲ့မိန်းကလေးနဲ့ လူချင်းလဲတာပေါ့ကွယ်}
]သေတဲ့မိန်းကလေးနာမည်ကလည်း
နွယ်ပါတယ်မဟုတ်လား၊ သိုက်ဆက်ဖြစ်ပုံရတယ်၊ အဲဒါကြောင့် ‘ဒီနားရောက်အလာမှာ
ခေါ်လိုက်တာ}
ရှေးဆန်သောရွာသူရွာသားကြီးများ၏
ထင်ကြေးက ကျွန်မတို့ ကြားဖူးနားဝရှိပြီးဖြစ်သော ဥစ္စာစောင့်ပုံပြင်များ၏
ဇာတ်အသွားအလာ အတိုင်းဖြစ်နေသည်။
]အလကား၊
ဥစ္စာစောင့်ဆိုတိုင်း မြနန်းနွယ်လို့ပြောလိုက်ကြတာပဲ၊ မြနန်းနွယ်ဆိုတဲ့ဥစ္စာစောင့်က
တစ်နိုင်ငံလုံးမှာ နေရာအနှံ့ရှိနေတာ ဖြစ်နိုင်ပါ့မလား၊ ဒါရိုးရာအစွဲအလန်းတွေပါ ဝေ၊
ယုံမနေစမ်းပါနဲ့}
မောင်က
လက်တွေ့ကျသူပီပီ လူကြီးများ၏အပြောကို ရယ်သွမ်းသွေးကာ ချေဖျက်ပစ်လိုက်သည်။
သို့သော်...
နွယ်နွယ်ဆုံးပြီးမကြာမီ ကျွန်မမက်သည့်အိပ်မက်က
လူအများပြောသည့်ဥစ္စာစောင့်ပုံပြင်ကို အတည်ပြု လိုက်သကဲ့သို့ဖြစ်နေသည်။
ကျွန်မသည်
နွယ်နွယ်ကွယ်လွန်ပြီး ဆယ်ရက်တိတိကြာသည့်နေ့၌ ထိုအိပ်မက်ကိုမက်ခဲ့ခြင်းဖြစ်ပါသည်။
+
+ + + + + + + +
အိပ်မက်ထဲ၌
ကျွန်မသည် အလွန်တရာကြီးကျယ်ခန်းနားသော ခန်းမကြီးတစ်ခု၏အဝ၌ရောက်နေပေသည်။
ခန်းမကြီးမှာ ရွှေအတိပြီး သောနံရံများဖြင့်ကာရံထားပြီး ခန်းမတစ်ခုလုံး
ရွှေငွေကျောက်သံပတ္တမြား များဖြင့်ပြည့်နှက်နေပေသည်။ ကျွန်မသည် ခန်းမ၏ထိပ်အဝမှနေ၍
ရွှေရောင်ခန်းမကြီးထဲသို့ ငေးမောကြည့်နေပါသည်။
ထိုခန်းမကြီးထဲ၌
နွယ်နွယ့်ကို ကျွန်မမြင်တွေ့ရလေသည်။ နွယ်နွယ်သည် ရှေးဘုရင်ခေတ်အဝတ်အစားများဖြစ်သော
ခါးတောင်အင်္ကျီ၊ ထိုင်မသိမ်းထမီနှင့်ဖြစ်ကာ ပြိုးပြက်သောရတနာများကို ဝတ်ဆင်ထား
လေသည်။ နွယ်နွယ်သည် မြကျောက်များစီချယ်ထားသော ညောင်စောင်းတစ်ခုအထက်၌
ထိုင်လျှက်ရှိလေ၏။ ညောင်စောင်းအထက်တွင်ထိုင်နေရင်းမှ နွယ်နွယ်သည်
အခန်းဝမှကျွန်မကို ငေးကြည့်လျှက်ရှိလေသည်။
ကျွန်မသည်
နွယ်နွယ့်ကိုမြင်လိုက်သည့်အတွက် ဝမ်းသာအားရ နှုတ်ဆက်မည်ဟု ကြံလိုက်သော်လည်း
နွယ်နွယ်နှင့်ကျွန်မမှာ အတော်ဝေးကွာနေပေသည်။
ထိုစဉ်
ရွှေခန်းမကြီးထဲမှ မိန်းကလေးတစ်ယောက်ထွက်ပေါ်လာလေသည်။ ထိုမိန်းကလေးမှာလည်း
နွယ်နွယ့်ကဲ့သို့ပင် ခါးတောင်အင်္ကျီ၊ ထိုင်မသိမ်းထမီများကိုဝတ်ဆင်ထားလေ၏။
ထိုမိန်းကလေးမှာ အလွန်တရာ ပင်ချောမောလှပပြီး နုနယ်နေပုံမှာ
သူ့အသားများကိုထိကိုင်ပါက ကြွေကျမည်ကဲ့သို့ပင်ထင်ရလေသည်။
]ကျွန်မ
အစ်မနဲ့လိုက်ခဲ့ပါရစေ၊ ကျွန်မနေရာမှာ သူ့ကို ခေတ္တထားခဲ့ပါမယ်၊ ကျွန်မကို
အစ်မနဲ့လိုက်ခွင့်ပြုပါ၊ အစ်မနဲ့အတူ ကျွန်မကို ၁၈နှစ်နေထိုင်ခွင့်ပြုပါ၊
၁၈နှစ်ပြည့်တာနဲ့ ကျွန်မ ‘ဒီနေရာကိုပြန်လာမှာပါ၊ ကျွန်မကို လိုက်ခွင့်ပြုပါအစ်မ}
သူမ၏စကားဆုံးသည်နှင့်...
ကျွန်မသည် လက်နှစ်ဖက်ကို ဆန့်တန်းကာ သူမ ကိုကြိုဆိုမိရက်သားဖြစ်သွားလေသည်။
ထိုမိန်းကလေးက ကျွန်မဆန့်တန်းထားသော လက်နှစ်ဖက်ကြားသို့တိုးဝင်လာကာ
ကျွန်မရင်ခွင်ထဲသို့ခိုဝင်လိုက်လေသည်။
အိပ်မက်မှာ
ရှင်းလွန်းလှသည့်အတွက် လန့်နိုးပြီးချိန်အထိ အိပ်မက် ထဲက မြင်ကွင်းများကို
မြင်ယောင်နေမိပါသည်။
အိပ်မက်အကြောင်းကို
မောင့်အားပြန်ပြောပြသည့်အခါ..
]ဝေ့စိတ်ထဲမှာ
လူတကာပြောတဲ့ ဥစ္စာစောင့်လူလဲတယ်ဆိုတဲ့ ဇာတ်လမ်းကို ယုံနေတာကိုး၊ ‘ဒီတော့
စိတ်စွဲပြီး အိပ်မက်မက်တော့လည်း ဥစ္စာစောင့်အကြောင်းပဲမက်တာပေါ့}
မောင်က
သူ့အကြောင်းပြချက်ကို ယုတ္တိဗေဒဆန်သည်ဟုယူဆသည်။ ကျွန်မကတော့ မောင့်ကို
တယူသန်ဆန်လွန်း သည်လို့ပဲ ထင်ပါသည်။
ကျွန်မသည်
ကျွန်မစကားကိုလက်ခံယုံကြည်မည့် သွယ်သွယ့်ဆီကိုပဲ ပြေးရပါတော့သည်။
ကျွန်မအိပ်မက်ကိုပြန်ပြောပြလိုက်တော့
သွယ်သွယ်က ရင်ပတ်ကိုဖိကာ...
]အိပ်မက်ထဲမှာ
နင်တွေ့တာ မြနန်းနွယ်ပဲဖြစ်မယ်၊ ‘ဒီအတိုင်းဆို ဟုတ်နေပြီပေါ့၊ မြနန်းနွယ်က
နင့်ဆီမှာဝင်စားချင်လို့ များလားဟယ်}
]အိပ်မက်အတိုင်းဆို
မြနန်းနွယ်က နွယ်နွယ်နဲ့လူလဲလိုက်တာ၊ ဒါပေမယ့် မြနန်းနွယ်က ငါ့ဆီမှာ
၁၈နှစ်ပဲနေမှာလို့ ပြောသေးတယ်}
]ဟုတ်တာပေါ့လေ၊
ဥစ္စာစောင့်တွေက လူ့ပြည်ကို လူအနေနဲ့ ခဏလာနေတတ်တယ်ဆိုတာ ဇာတ်တော်တွေထဲမှာပါတာပဲ၊
အဲဒီလိုပဲ ဖြစ်မှာပေါ့}
အိပ်မက်မက်ပြီးမကြာမီ
ကျွန်မမှာကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရသည်။ အိပ်မက်မက်ခြင်းနှင့်
ကိုယ်ဝန်ရှိခြင်းတို့ အချိန်မကွာဟပဲ ဆက်စပ်နေခြင်းက ကျွန်မတို့အထင်အမြင်ကို
ခိုင်မြဲစေခဲ့သည်။ သည်အတိုင်းဆိုပါက ကျွန်မဗိုက်ထဲကကလေးဟာ မြနန်းနွယ်ပဲပေါ့။
+
+ + + + + + + +
ကျွန်မ၏ကိုယ်ဝန်မှမွေးဖွားခဲ့သည့်ကလေးမှာ
သမီးလေးဖြစ်နေ သည်။
သမီးသည်
မွေးစကပင် ချောမောလှပမှုများပေါ်လွင်နေ၏။ အခြားသော မွေးစကလေးများလို မွေးစမှာ
ရုပ်ရည်မပီမပြင်ဖြစ်မနေပဲ... မွေးကတည်းကပင် နှာတံပေါ်လွင်၍ မျက်ဝန်းများမှာ
ထင်ရှားနက်မှောင fနေပေသည်။
နှစ်ဖက်မိဘများက
သမီးကို ]သိုက်ကလာတဲ့ကလေး}-ဟုယုံကြည် fကြသည်။ ဗေဒင်မေး၊ဇာတာဖွဲ့တော့လည်း
သည်အတိုင်းပင်ဟောပြောခဲ့ လေသည်။ မောင်တစ်ယောက်သာ အများ၏ယုံကြည်မှုကို ရယ်သွမ်းသွေး
သရော်ခဲ့လေသည်။
မည်သို့ပင်ဆိုစေ
မောင်သည် သူ၏သမီးဦးလေးကိုတော့ တုန်နေ အောင်ချစ်ရှာပေသည်။ ကျွန်မအဖို့လည်း
သိုက်ကလာလာ၊ ဘယ်ကလာလာ၊ ကလေးမှာ ကျွန်မကိုယ်တိုင်လွယ်မွေးရသောရင်သွေးမို့
သဲလှိုက်အူလှိုက် ချစ်မြတ်နိုးရပေသည်။
ကျွန်မတို့သည်
သမီးအတွက် ရည်ရွယ်ချက်၊ မျှော်လင့်ချက်များ များစွာထားခဲ့ပေသည်။ သမီးသည်
လိမ္မာရေးခြားရှိရမည်။ သမီးသည် ပညာတတ်ကြီးဖြစ်ရမည်။ သမီးသည် မိဘများထက်သာလွန်သော
အခြေကို ရောက်ရမည်။ ထိုသို့ဖြစ်လာအောင်လည်း ကျွန်မတို့မိဘများက
သမီးကိုပြုစုပျိုးထောင်မည်...စသဖြင့်...၊ သားဦး၏မိဘများ စိတ်ကူးယဉ်
လေ့ရှိသည့်အတိုင်း ကျွန်မတို့စိတ်ကူးယဉ်ခဲ့ကြပါသည်။
သို့သော်...
သမီး ၈လသားအရွယ်အရောက်တွင် ကျွန်မ တို့၏စိတ်ကူးယဉ်ကမ္ဘာကြီးပြိုကွဲခဲ့ရပါတော့သည်။
ထိုနေ့က
ကျွန်မသည် မီးဖိုခန်းထဲ၌ လှဲကျင်းသုတ်သင်နေသည်။ ရုံးပိတ်ရက်
တနင်္ဂနွေနေ့လည်းဖြစ်ပါသည်။
နေ့လည်ခင်းထမင်းစားပြီးချိန်ဖြစ်၍
အိုးခွက်ပန်းကန်များ ဆေးကြောပြီးပါပြီ။
မီးဖိုခန်းထဲ၌သန့်ရှင်းရေးပြုလုပ်နေခြင်းဖြစ်ပါ သည်။ သမီးကို
ပုခက်ထိုင်ခုံလေးအတွင်းထည့်ထားကာ မီးဖိုခန်းဒေါင့်၌ ချထား ပါသည်။ သမီးသည်
ထိုင်ခုံလေးရ္လှေ့၌တပ်ထားသော ပုတီးလုံးလေးများကို လက်ဖြင့်ပုတ်ခတ်ရင်းဆော့ကစားနေ၏။
ထိုစဉ်...
ကျွန်မနံရံမှာချိတ်ထားသော သံဒယ်ပြားကြီးမှာ ပြုတ်ကျလာလေ၏။
ဒယ်ပြားကိုင်းမှအပေါက်ကလေးကို သံတွင်လျှိုကာချိတ်ထား ခဲ့ခြင်းဖြစ်ပါသည်။ ကျွန်မနမော်နမဲ့ချိတ်မိ၍ပဲဖြစ်မည်။
သံအစွန်တွင် ချိတ်မိကာ လေတိုက်လိုက်ချိန်တွင် ပြုတ်ကျလာခြင်းဖြစ်လေ၏။
ဒယ်အိုးကို
လက်ခုပ်တစ်ဖောင်အမြင့်လောက်တွင် ချိတ်ထားသည့် အတွက်
သံမံတလင်းပေါ်သို့ပြုတ်ကျလာသောအသံမှာ အတော်ပင်ကျယ် ပါသည်။ လူကြီးဖြစ်သောကျွန်မပင်
ပြုတ်ကျလာသည်ကိုမြင်လိုက်ပါလျှက် ကြမ်းပြင်ပေါ်ကျသံထွက်လာသည့်အခါ လန့်သွားမိသည်။
‘ဒယ်အိုးကလည်း သံမံတလင်းပေါ်တွင် တုန်ခါလျှက် အမြင့်မှကျသံရော၊ လိုဏ်သံရော...
အတန်ကြာထွက်ပေါ် နေ၏။
သမီးကို
ဒယ်အိုးပြုတ်ကျသည့်ဖက်ကို နောက်ကျောခိုင်းလျှက် ချထားခြင်းဖြစ်ပါသည်။
သာမန်အတိုင်းဆိုလျှင်
ရုတ်တရက် ထွက်ပေါ်လာသော ‘ဒယ်အိုးပြုတ်ကျသံကြောင့် လန့်သွားရမည်မဟုတ်ပါလား။ သမီးသည်
ဣနြေ္ဒလုံးဝမပျက်ပဲ ဆော့ကစားလျှက်ပင်ရှိပေ၏။
]သမီး}
ကျွန်မက
သမီးကို အလန့်တကြားခေါ်လိုက်သည်။ သမီးသည် ကစားစရာပုတီးလုံးလေးများကိုလှည့်ကာ
ဆော့ကစား လျှက်ပင်ရှိလေသည်။
ကျွန်မက
စင်ပေါ်တင်ထားသော ဒန်အိုးတစ်အိုးကိုကောက်ကာ ဇွန်းဖြင့်တီးခတ်လိုက်လေသည်။ သမီးသည်
ခေါင်းငုံ့ဆော့ ကစားနေသောကြောင့် ကျွန်မယောက်ယက်ခတ်နေသည်ကိုလည်းမမြင်၊ ဒန်အိုးကို
ကျယ်လောင်စွာတီးခတ်နေသံကိုလည်း ကြားဟန်မတူချေ။
ထိုစဉ်
မောင် မီးဖိုခန်းထဲသို့ဝင်လာလေ၏။
]ဆူဆူညံညံနဲ့
ဘာတွေဖြစ်နေသလဲ ဝေ}
]မောင်၊
မောင်}
ကျွန်မသည်
မောင့်ဆီသို့ပြေးသွားကာ ရင်ခွင်ထဲခေါင်းထိုးဝင်ရင်း ငိုသံပါဖြင့် ပြောလိုက်လေသည်။
]မောင်၊
ဝေတို့သမီးလေး၊ ဝေတို့သမီးလေးဟာ နားမကြားဘူးမောင်ရဲ့}
]ဘာ}
]သမီးနားဟာ
လုံးဝမကြားဘူးမောင်}
ကျွန်မက
ဒန်အိုးပြုတ်ကျပုံအဖြစ်အပျက်နှင့် ကျွန်မ၏စမ်းသပ်မှုများကို ပြောပြလိုက်သည်။
]သမီးလေးလူဖြစ်ရှုံးပါပြီ
မောင်ရယ်၊ သမီးဟာ နားပင်းနေတဲ့ အပင်းမလေး မောင်ရဲ့}
ကျွန်မက
ကြေကွဲစွာငိုရှိုက်လိုက်မိလေတော့သည်။
+
+ + + + + + + +
သမီး၈လအရွယ်တွင်
နားမကြားကြောင်းကို အမှတ်မထင်သိခဲ့ရ ခြင်းဖြစ်ပါသည်။
ကျွန်မတို့
အမျိုးမျိုးစမ်းသပ်ကြည့်ခဲ့ပါသေးသည်။ ဆရာဝန်ဆီလည်းခေါ်သွားခဲ့သည်။ အဖြေက သမီးသည်
မွေးရာပါအကြားအာရုံချို့တဲ့သည့်ကလေးဖြစ်နေပါသတည်း။
မောင်ရော
ကျွန်မပါ ရင်ကွဲမတတ် နာကြင်ခဲ့ရပါသည်။
နားမကြားသောသမီးလေးသည်
စကားလည်းပြောတတ်တော့မည် မဟုတ်။ နှုတ်မှစကားပြောနိုင်စွမ်းသည် အကြားအာရုံနှင့် ဆက်စပ်နေပေသည်။
ပတ်ဝန်းကျင်၏အသံဗလံများကိုကြားခွင့်မရှိသောသမီးလေးကို စကားပြောတတ်အောင် မည်သို့
သင်ပေးမည်နည်း။ နားပင်းနေသောကလေးများသည် လောကတွင်
အသံဆိုသောစွမ်းအင်တစ်မျိုးရှိသေးကြောင်းကိုနားလည် မည်မဟုတ်။ သည်သို့ဖြင့်...
နားမကြားခြင်းနှင့်ဆွံ့အခြင်းမှာ ဆက်စပ်ပေါ်ပေါက်လာသော
ချွတ်ယွင်းမှုများဖြစ်ပေတော့သည်။
သမီးသည်လည်း
ဆွံ့အနားမကြားကလေးတစ်ယောက်အဖြစ် ရှင်သန်ခဲ့ရလေတော့သည်။
သမီးလေး
ထိုကဲ့သို့ ‘ဒုက္ခိတဖြစ်ရခြင်းအပေါ်တွင်လည်း ဥစ္စာစောင့် နှင့်ဆက်စပ်သည့်
အထင်အမြင်များ၊ ဝေဖန်ချက်များ ပေါ်ပေါက်လာရပြန်လေသည်။
]ဥစ္စာစောင့်တွေ
လူ့ပြည်ကိုလာရင် သိုက်က မိဘတွေ၊ သိုက်ချုပ် ဘိုးတော်မယ်တော်တွေက
လူစဉ်မမီအောင်လုပ်ပြီးမှ လူအဖြစ်ကိုပို့ပေး တတ်ကြတယ်၊ တချို့လည်း...
အဆွံ့အçအဖြစ်နေတတ်တယ်၊ တချို့က... ဦးနှောက်ကျပ်မပြည့်ဘူး၊ အဲဒါတခြားကြောင့်
မဟုတ်ဖူး၊ သူတို့ရဲ့သိုက် ဘယ်မှာရှိတယ်၊ သိုက်ကိုဖွင့်တဲ့ သိုက်စာ၊ သိုက်လမ်းညွှန်က
ဘယ်လို ဆိုတာတွေကို မှတ်မိနေမှာစိုးလို့ပဲ၊ သိုက်တူးသမားတွေကို သိုက်အကြောင်း
ဖွင့်ပြောလို့မရအောင် လူစဉ်မမီတဲ့သူတွေအဖြစ်နဲ့ ဖန်တီးလွှတ် လိုက်ကြတာ}
]ဒါပေမယ့်...
သိုက်ကလာတဲ့ကလေးတွေဟာ မိဘတွေကို အကျိုး ပြုကြပါတယ်၊ သူ့ကိုမွေးပြီးတာနဲ့ မိဘတွေဟာ
အလိုလိုစီးပွားတက်လာ တတ်ကြတယ်၊ ကြီးပွားချမ်းသာလာကြတယ်၊ ကလေးက မိဘတွေကို
ကျေးဇူးပြုတဲ့သဘောပေါ့}
ထိုအယူအဆများကို
လက်ခံသည်ဖြစ်စေ၊လက်မခံသည်ဖြစ်စေ... သမီးမွေးပြီးနောက်တွင် ကျွန်မတို့စီးပွား
တရှိန်ထိုး တက်လာခဲ့သည်မှာတော့ အမှန်ပါပင်။
ကျွန်မသည်
သမီးကိုခေါ်ကာ ထီဆိုင်များသို့သွားခဲ့သည်။ ထိုးမည့် ထီလက်မှတ်ကို
သမီးအားရွေးခိုင်းခဲ့သည်။ သမီးလေးသည် နားလည်၍လား၊ သူထင်ရာလုပ်လေသလားမသိ။
သူ့စိတ်ကြိုက်ထီလက်မှတ်များကို လက်ညှိုးဖြင့်ထိုးပြလေသည်။
လက်လှမ်းမီရာထီလက်မှတ်အချို့ကို ဆွဲဖြုတ်လေသည်။ ကျွန်မကလည်း
သမီးရွေးပေးသောထီလက်မှတ်အားလုံးကို ရွေး၍ ထိုးခဲ့လေသည်။
အံ့ဩဖွယ်ကောင်းစွာပင်
ပထမဆုံးအကြိမ် သမီးရွေးပေးခဲ့သော ထီလက်မှတ် အစောင်တစ်ရာခန့်ထဲမှ ၂စောင်မှာ
ထီဆုကြီးပေါက်ခဲ့လေသည်။ ဒါဟာ တိုက်ဆိုင်မှုလား။
တိုက်ဆိုင်မှုဟုတ်မဟုတ်ကို
ကျွန်မကဆက်လက်စမ်းသပ်ခဲ့ပါသေးသည်။ လစဉ် ထီထိုးမည်ကြံတိုင်း သမီးကို ထီဆိုင fခေါ်သွားကာ
ထီလက်မှတ်များရွေးခိုင်းခဲ့သည်။ သမီးကလည်း တွေ့သမျှထီလက်မှတ်များကို
ရွေးယူနေသည်မဟုတ်။ အချို့ဆိုင်များမှာ အလိုမကျသလို တစ်စောင်တလေမှမရွေးပဲနေတတ်သည်။
ကျွန်မကလည်း သမီးညွှန်ပြသောထီလက်မှတ်မဟုတ်ပါက မထိုးခဲ့ပါချေ။
သမီးလက်ညှိုးညွှန်ပြသောဆိုင်ကိုသာသွားသည်။ သမီးရွေးပေးသောလက်မှတ်ကိုသာဖြတ်သည်။
ကျွန်မတို့သည်
သမီးအသက်ဆယ်နှစ်အရွယ်အထိ ထီ အကြိမ်၂၀မကပေါက်ခဲ့ပါသည်။ ထီဆုကြီး
ငါးကြိမ်ပေါက်ခဲ့ပါသည်။ ဆုကြီးဆိုသည်မှာ သိန်းရာဂဏန်းကျော်သောဆုငွေကိုဆိုလိုပါသည်။
လူတစ်ယောက်ထီပေါက်ဖို့အခွင့်အရေးမှာ
အနှစ်ငါးရာကြာမှ တစ်ကြိမ်ပေါ်ပေါက်သည်ဟု ကျွန်မစာထဲမှာဖတ်ဖူးပါသည်။ လူတစ်ယောက်သည်
အသက်ရှင်သန်နေစဉ်အတွင်း ထီပေါက်ဖူးချင်မှပေါက်ဖူးမည်။ တစ်ကြိမ်တစ်ခါပေါက်ဖူးသူပင်
ကံထူးလှသူဖြစ်ပါသည်။ သမီးရွေးပေးသောထီလက်မှတ်များဖြင့်
ထီအကြိမ်ကြိမ်အခါခါပေါက်ခဲ့သောကျွန်မအဖို့ ဒါဟာ သမီးရဲ့အကျိုးပေးကြောင့်ဆိုတာကို လက်မခံလို့မဖြစ်တော့။
သမီးအဖေသည်လည်း သမီးရဲ့ ထူးခြားမှုကို ငြင်းပယ်နိုင် စွမ်းမရှိတော့ပါပေ။
+
+ + + + + + + +
ကျွန်မတို့သည်
သမီးကိုမွေးဖွားပြီးနောက် နောက်ထပ်သားနှစ်ဦး ထွန်းကားခဲ့ပါသည်။
သမီးကိုသက်ဆိုးရှည်မည်ဟု မထင်ခဲ့သောကြောင့် သားသမီးခြားခြင်း၊ သနေ–တားခြင်းမပြုခဲ့ကြပါ။
]မတော်တဆ
သမီးတိမ်းပါးသွားရင် ကိုယ်တို့စိတ်ဖြေသိမ့်နိုင်ဖို့ သားသမီးရှိထားဖို့လိုတယ်ဝေ၊
ကလေးသုံးလေးယောက် မွေးထားမှဖြစ်မယ်}
ကျွန်မစိတ်ထဲမှာလည်း
အိပ်မက်ကိုယုံကြည်နေသည်။ သမီးသည် ၁၈နှစ်ပြည့်တာနှင့်
ကျွန်မတို့ကိုခွဲသွားလိမ့်မည်ဟု ထင်နေသည်။ မောင်ကတော့ သမီး၏ဖြူဖျော့သောအသားအရည်၊
လှုပ်ရှားမှုနည်းသောဟန်ပန်များကိုကြည့်၍ သက်ဆိုးမရှည် နိုင်ဟု
တွက်ခဲ့ခြင်းဖြစ်ပါသည်။
နောက်မွေးလာသောကလေးနှစ်ယောက်မှာ
ယောက်ျားလေးများဖြစ်သည်။ သားနှစ်ယောက်သည် သာမန်ကလေးများ အတိုင်း
မွေးဖွားကြီးပြင်းလာကြ၍ ဝမ်းသာရပါသေးသည်။ သားနှစ်ယောက်လုံး ဉာဏ်ရည်ထက်မြက်ကာ
ကျန်းမာရေး ကောင်းမွန်ကြပါသည်။
သမီးကတော့
ဘ၀တလျှောက်လုံး ကျွန်မတို့ကို ‘ဒုက္ခမပေးခဲ့ပါ။ ဒုက္ခမပေးခဲ့ခြင်းကပင်
ကျွန်မတို့ရင်ကို နာကြင်စေ ခဲ့ခြင်းဖြစ်ပါသည်။ ငယ်ကတည်းက ငိုခြင်း ဂျီကျခြင်းမရှိ၊
ထားသည့်နေရာမှာပင် ထားသည့်အတိုင်းငြိမ်သက်စွာနေသည်။ ကြီးပြင်းလာသည့်အခါမှာလည်း
တစ်နေရာတည်းမှာထိုင်ကာ ငေးနေတတ်သည်။ အိမ်သည် အငယ်သားနှစ်ယောက်တို့ အသံဖြင့်သာ
ဆူညံလှုပ်ရှားနေသည်။ မသိသူများက သမီးကို ရှိသည်ဟုပင်မထင်ကြပေ၊
ကျွန်မတို့သည်
သမီးကို အသက်၇နှစ်အရွယ်ရောက်မှ နားမကြားသောကလေးများကျောင်းသို့
ပို့ဆောင်အပ်နှံခဲ့ပါသည်။ သမီးသည် ဘ၀တူကလေးများကြား၌
ထူးပြီးရွှင်လန်းသွက်လက်မလာခဲ့ပေ။ ဆွံ့အနားမကြားသူများကိုသင်ပေးသည့်စာများကိုတော့
အလွယ်တကူတတ်ကျွမ်းပါသည်။
ကျွန်မတို့သည်
နားမကြားသောကလေးများကျောင်း၌ သမီးကို၃နှစ်ပဲထားခဲ့သည်။
+
+ + + + + + + +
ထီအကြိမ်ကြိမ်ပေါက်၍ကြွယ်ဝချမ်းသာလာသော
ကျွန်မတို့မိသားစုသည် ယခင်ကထက် များစွာချောင်လည်လာပါသည်။ ဝန်ထမ်းများသာဖြစ်သော
ကျွန်မတို့လင်မယားအတွက် အသက်၆၀ပြည့်
သည်ထိအလုပ်လုပ်ပြီးရရှိမည့်လစာငွေများကိုပေါင်းသော်မှ ထီဆုငွေများကို
မီမည်မဟုတ်ပါ။
ကျွန်မတို့သည်
ကြွယ်ဝချမ်းသာရန်လမ်းစမရှိသောဝန်ထမ်းဘ၀ကိုစွန့်လွှတ်ခဲ့လေသည်။ ထီဆုငွေများက
ကျွန်မတို့တည် ဆောက်မည့် အနာဂတ်ဘ၀အတွက် အထောက်အကူများဖြစ်ခဲ့လေ၏။
]ဒီအတိုင်းမနေနဲ့လေ၊
ဈေးချိုနားမှာ ဆိုင်ခန်းတစ်ခန်းဝယ်လိုက်၊ ဒါမှမဟုတ် ငှားလိုက်၊ အစပိုင်းတော့
ကိုယ့်ဆီက ရွှေထည်တွေယူပြီး တင်ရောင်းပေါ့၊ ကံပေးတုန်းမှာ လုပ်လိုက်စမ်းပါဝေဝေရယ်၊
မင်းတို့ကံက ဝန်ထမ်းဘ၀နဲ့အရိုးထုတ်ရ မယ့်ကံမျိုးမဟုတ်ဖူး၊
ကြီးပွားချမ်းသာမယ့်လမ်းပေါ်ကိုလျှောက်လိုက်စမ်းပါကွယ်}
သွယ်သွယ်က
ကျွန်မတို့ကိုအစစကူညီခဲ့လေသည်။
သွယ်သွယ်သည်
ကျွန်မတို့ဘ၀တွင် နေရာတော်တော်များများ၌ ပတ်သက်နေခဲ့သည်။ ကျွန်မသမီးလေးကို
သူ့ညီမနွယ်နွယ်ကိုယ်စား လူ့လောကသို့ရောက်လာသည့်
သိုက်နန်းရှင်မလေးဟုယုံကြည်စိတ်ဖြင့် ကျွန်မတို့မိသားစုနှင့်
မျက်ခြည်မပြတ်ရှိနေသည်။
သွယ်သွယ့်အကူအညီများကြောင့်
ကျွန်မတို့ ရွှေဆိုင်ပိုင်ရှင်ဖြစ်ခဲ့ရသည်။ ထိုမှတစ်ဆင့် မောင်သည် သွယ်သွယ်
တို့ရွှေပန်းထိမ်လုပ်ငန်းကို လေ့လာကာ ကိုယ်ပိုင်ပန်းထိမ်ဖိုထောင်နိုင်ခဲ့သည်။
ကိုယ်ပိုင်ပန်းထိမ်ဖိုနှင့် ရွှေဆိုင်ပိုင်ရှင်ဖြစ်ခဲ့ရခြင်းမှာ
သွယ်သွယ်၏ဖေးမမှုများစွာပါပါသည်။ သွယ်သွယ်ကတော့ အားလုံးဟာ
သိုက်ကလာတဲ့သမီးကပေးတာတွေဟု ဆိုလေ၏။
သွယ်သွယ်သည်
အသက်၃၀ကျော်မှ အိမ်ထောင်ကျခဲ့သည်။ ကြွယ်ဝချမ်းသာသောလုပ်ငန်းရှင်အင်ဂျင်နီယာတစ်ဦးနှင့်
အိမ်ထောင်ပြုခဲ့ခြင်းဖြစ်ပါသည်။ သွယ်သွယ်တို့မှာ အိမ်ထောင်သက်အတော်ရသည်အထိ
သားသမီးမထွန်းကားခဲ့ချေ။ ဆရာဝန်နှင့်စစ်ဆေးကြည့်သည့်အခါ
သွယ်သွယ့်ဖက်မှလိုအပ်ချက်ဟုသိရသည်။ ကလေးရရန်မလွယ်ကူဟုဆိုလေသည်။
သွယ်သွယ်က
ကျွန်မတို့မိသားစုသိုက်သိုက်ဝန်းဝန်းရှိပုံကိုကြည့်ကာ အားကျနေရှာလေသည်။
]ဝေတို့မိသားစုကိုကြည့်ရတာ
သိပ်စိတ်ချမ်းသာစရာကောင်းတာပဲ ကွယ်၊ စီးပွားရေးလည်းအောင်မြင်နေပြီ၊ သားသမီးတွေ
သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာပဲ၊ တကယ်တော့ ‘ဒါတွေအားလုံးဟာ သိုက်ကလာတဲ့သမီးက
ပေးတာတွေပဲဝေ}
+
+ + + + + + + +
သမီးအပျိုဖော်ဝင်လာသည့်အရွယ်တွင်
ကျွန်မ၏အိပ်မက်ကို ပြန်လည်သတိရစရာတွေဖြစ်ပေါ်လာလေသည်။
အပျိုဖော်ဝင်လာသောသမီးလေး၏အလှအပက အိပ်မက်ထဲတွင် ကျွန်မနောက်သို့
လိုက်ပါခွင့်တောင်းခဲ့သောမိန်းကလေးနှင့် တစ်ထေရာထဲပါကလား။ ကျွန်မသည် စိတ်ကို
လှည့်စား၍ ထင်မြင်နေခြင်းမဟုတ်ပါ။ အိပ်မက်ထဲကမိန်းကလေးရုပ်သွင်ကို
ကျွန်မသေချာမှတ်မိသည်။ သမီးဟာ တကယ်ကို မြနန်းနွယ်ပဲလား။
သမီးအရွယ်ရောက်လာလေ
အိပ်မက်၏ချောက်လှန့်မှုက ကြီးမားလာလေဖြစ်ခဲ့ပြီ။ အရွယ်လေးရလာသည်နှင့်အမျှ
ကျွန်မတို့ကိုခွဲခွာသွား ဖို့အချိန်ကလည်း နီးကပ်လာပြီမဟုတ်ပါလား။
အသက်၁၅နှစ်အရွယ်တွင်
သမီး၏လှုပ်ရှားမှုများက နှေးကွေးလေးလံလာသည်။ သမီးမျက်နှာမှာမှိုင်တွေလာသည်။ သမီးသည်
အသက်ကိုလုရှူနေရသည့်သဖွယ် မောဟိုက်ဟန်များပါလာသည်။ အစားအသောက်ကိုလည်း ဟက်ဟက်ပက်ပက်
မစားတော့ချေ။
သမီးသည်
ဝေဒနာတစ်ခုကိုခံစားနေရသည်မှာ သေချာ၏။ စကားမပြောတတ်သောသမီးသည် သူ့ဝေဒနာသူ
ဖွင့်ဟနိုင်မည် မဟုတ်ပေ။
ကျွန်မတို့သည်
ဆေးတိုက်ကြီးတစ်ခုကို ခေါ်သွားကာ သမီးကိုစမ်းသပ်စစ်ဆေးရတော့သည်။
ထွက်လာသောအဖြေက
နှလုံးရောဂါတဲ့၊ သမီးသည် မွေးရာပါနှလုံးရောဂါကို ခံစားနေရသည့်ကလေးတစ်ယောက်ဖြစ်နေ
တော့သည်။
]သူ့ကိုစိတ်ချမ်းသာအောင်ထားပါ}
သမီးစိတ်ချမ်းမယ့်အနေအထားဟာ
ဘယ်လိုဆိုတာကျွန်မတို့ မသိပါ။ သမီးသည် စိတ်ဆင်းရဲနေသူတစ်ယောက်လည်း ဖြစ်မည်
မဟုတ်ပါ။
]သူ့ဆန္ဒတွေအားလုံးကို
လိုက်လျောလိုက်ပါ}
သမီး၏ဆန္ဒ၊
သမီး၏လိုအင်များကို ကျွန်မတို့ ဘာမှမသိရ။ သမီးအတွက် ကျွန်မနာကြင်ရပြန်ပါပြီ။
သမီးတွက်လည်း
လူ့လောကမှာ လူလာဖြစ်ရခြင်းသည် အဓိပ္ပါယ်မဲ့လွန်းပေစွ။
+
+ + + + + + + +
သည်လိုနှင့်
သမီး ကျွန်မတို့ကိုခွဲခွာသွားမည့်ကာလအပိုင်းအခြားကို တရွေ့ရွေ့ ရောက်လာလေတော့သည်။
သမီး၏ရောဂါအခြေအနေမှာ
တစစဆိုးလာ၍ ဆေးရုံတင်လိုက်ရသည်။
ဆရာဝန်က
နောက်ဆုံးအချိန်ဖြစ်ကြောင်းအတည်ပြုလိုက်ပြီ။
သမီးဟာ
သာမန်လူသားတစ်ယောက်အနေနဲ့ ရောဂါဝေဒနာ ကြောင့် လူ့ဘ၀က ထွက်ခွာရမှာလား။
အချိန်စေ့လို့ သိုက်ကိုပြန်ရမှာလား။ ကျွန်မအတွေးထဲ၌ သမီးအတွက် နာကြင်ရမှုနှင့်
ရိုးရာအစွဲအလမ်းတို့ လွန်ဆွဲနေသည်။ မည်သို့ဆိုစေ ကျွန်မတို့
သမီးကိုစွန့်လွှတ်ရတော့မည်။
ဆေးရုံကုတင်ပေါ်၌
သမီးသည် ငြိမ်သက်စွာလဲလျောင်းနေ၏။
သူ့အတွက်စိတ်ဆင်းရဲမှုကို
ကြိတ်မှိတ်မြိုသိပ်ထားရသည်ကိုသိနေသည့်အလား သမီးက ကျွန်မကိုရယ်ပြကာ လက်ကလေး
ကာ၍ပြလေသည်။ ဪ... စကားမပြောတတ်တဲ့သမီးလေးရဲ့ မိခင်အပေါ်မှာထားတဲ့ဂရုဏာပါလား။
ကျွန်မကို သူ့အတွက် စိတ်ဆင်းရဲမနေပါနဲ့လို့ ပြောနေခြင်းပင်ဖြစ်ပါသည်။
သမီးဆိုလိုရင်းကို မိခင်ဖြစ်သောကျွန်မက နားလည်နေသည်။
သမီးကွယ်လွန်မည့်ည
သမီးသည် ကျွန်မလက်ကို သူ၏လက်ဖြင့် အင်အားဖျော့တော့စွာ ဆုပ်ကိုင်ထားလေသည်။
ကျွန်မသည် သမီးကို စောင့်နေရင်းမှ ကုတင်ကို ခေါင်းတင်မှိန်းရင်း မှေးကနဲ
အိပ်ပျော်သွားလေသည်။
ခဏကလေးမှေးစက်မိစဉ်မှာ
အိပ်မက်ကိုမက်လေသည်။
အိပ်မက်ထဲ၌သမီးသည်
နန်းဝတ်နန်းစားများကိုဝတ်ဆင်ထားသည်။ အိပ်မက်ထဲတွင် သမီးသည် စကားပြောတတ်နေပါ၏။
တကယ်တော့
အိပ်မက်ထဲကမိန်းကလေးသည် သမီးမဟုတ်ပါ။ လွန်ခဲ့သော၁၈နှစ် သမီးကိုမမွေးခင်က
ကျွန်မနှင့် အတူနေပါရစေဟု အိပ်မက်ထဲတွင်ခွင့်တောင်းခဲ့သောမိန်းကလေးသာဖြစ်ပါသည်။
ရုပ်ချင်းမှာ တူလွန်းလှ သောကြောင့် သမီးဟုပင် ကျွန်မကထင်မှတ်မှားခဲ့ခြင်းဖြစ်ပါ၏။
]ကျွန်မသွားတော့မယ်၊
ကျွန်မကိုဆယ့်ရှစ်နှစ်တာခိုလှုံခွင့်ပေးခဲ့တဲ့အတွက် ကျွန်မကျေးဇူးတင်ပါတယ်၊
ကျွန်မကိုခွင့်ပြုပါတော့}
ကျွန်မအိပ်ပျော်နေရာမှ
လန့်နိုးသွားပါသည်။
]သမီး}
ဆတ်ကနဲထကာ
သမီးကိုကြည့်လိုက်သည်။
သမီး၏လက်များက
ကျွန်မကိုဆုပ်ကိုင်ထားဆဲ။
သမီးကထွက်ခွာသွားနှင့်လေပြီ။
ကျွန်မကိုနှုတ်ဆက်ပြီးမှ ခွဲခွာသွားခြင်းပါတကား။
]စိတ်ကိုဖြေပါဝေရယ်..
ကိုယ်တို့မှာ သားနှစ်ယောက်ရှိပါသေးတယ်၊ တကယ်တော့ သမီး ဒီအချိန်မှာပြန်မယ်ဆိုတာ
ဝေသိပြီးသားမဟုတ်လားကွယ်}
မောင့်ရဲ့နှစ်သိမ့်မှုက
ကျွန်မအတွက် အရာမထင်ခဲ့ပါ။ သားနှစ်ယောက်ရှိသေးသော်လည်း သမီးသည် ကျွန်မဝမ်းနှင့်
လွယ်မွေးခဲ့ရသော ရင်သွေးဖြစ်သည်။ ရင်သွေးတစ်ယောက်ဆုံးရှုံးရခြင်းကို
မည်သည့်အရာနှင့်မျှအစားထိုးမဖြေသိမ့်နိုင်ပါ။ ကျွန်မနှလုံးသားများ
နာကြင်ခဲ့ရပါသည်။
သမီးကွယ်လွန်တော့
၁၈နှစ်ပြည့်ဖို့ ၂လပင်လိုပါသေးသည်။
+
+ + + + + + + +
သမီး၏ရက်လည်နေ့တွင်
သွယ်သွယ်က ကျွန်မကိုထူးခြားသော စကားတစ်ခွန်း ပြောခဲ့လေ၏။
]ကိုယ်အိပ်မက်မက်တယ်၊
တစ်နေ့ကပဲ ဝေ၊ အိပ်မက်ထဲမှာ ညီမလေးနွယ်နွယ့်ကိုတွေ့ရတယ်၊ ညီမလေးက ဘာပြောသလဲ သိလား၊
သူ ကိုယ်နဲ့အတူလာနေမယ်တဲ့၊ သူ့တာဝန်ကျေပြီတဲ့၊ သူ အိမ်ကိုပြန်လာလို့ရပြီတဲ့}
]ဟင်...}
ကျွန်မတို့သည်
မောင်စွတ်စွဲသလို ဥပါဒါန်အစွဲအလမ်းဖြင့် ရူးသွပ်နေကြသူများ ဖြစ်နေလေပြီလား။
မောင်က
ကျွန်မတို့ကို ရိုးရာအစွဲအလမ်းများကိုယုံကြည်လွယ်သည့် စိတ်ထားနုသောမိန်းမများဟု
စွပ်စွဲခဲ့ဖူးလေသည်။
ယခု
သွယ်သွယ်မက်တဲ့အိပ်မက်ကိုတော့ အမှန်တကယ်ဟု ကျွန်မ မယုံကြည်မိပါ။
သွယ်သွယ်အိပ်မက်မမက်ပဲ ညာပြောနေတယ်ဟု ဆိုလိုခြင်းမဟုတ်။ သွယ်သွယ့်အိပ်မက်မှာ
စိတ်စွဲလမ်း၍မက်ခြင်းသာဖြစ်မည်။ အိပ်မက်သည် ဖြစ်လာ စရာအကြောင်းမရှိတော့ပေ။
သွယ်သွယ်သည်
ကလေးမရနိုင်သောမိန်းမတစ်ယောက်သာဖြစ်သည်မဟုတ်ပါလား။ ပြီးတော့... သွယ်သွယ့်အသက်သည်
၄၂နှစ်ပင်ရှိနေပါပြီ။
+
+ + + + + + + +
တိုက်တိုက်ဆိုင်ဆိုင်ပင်
သမီးကွယ်လွန်ပြီး ၂လပြည့်သည့်အချိန်၊ သမီးသာဆက်ရှိသေးပါက သမီး၏၁၈နှစ်ပြည့်မွေးနေ့
ဖြစ်သောရက်။ ထိုရက်တွင် သွယ်သွယ် ကျွန်မဆီရောက်လာခဲ့သည်။
သွယ်သွယ်က
ကြည်နူးရွှင်ပျစွာဖြင့် ကျွန်မကိုသတင်းကောင်း ပေးလိုက်သည်။
]ကိုယ့်မှာ
ကိုယ်ဝန်ရှိနေပြီဝေ}
]အို...}
ကျွန်မသည်
သွယ်သွယ့်ကိုစိုက်ကြည့်နေမိပြီး ဘာမှပြန်မပြောမိ။ အသက်၄၂နှစ်အရွယ်၊
ကလေးမရနိုင်သောမိန်းမဟု သားဖွားမီးယပ်ပါရဂူ ကိုယ်တိုင်က မှတ်ချက်ချထားခံရသောသူသည်
ကိုယ်ဝန်ရှိနေပြီတဲ့။ ဟုတ်ပါ့မလား။
]ဝေ
မယုံနိုင်ဖြစ်နေတယ်မဟုတ်လား၊ ကိုယ်လည်းသေချာအောင် အိုဂျီဆီမှာကို သွားစမ်းခဲ့တာဝေ၊
အဖြေရရချင်း ဝမ်းသာလွန်းလို့ ဝေ့ကို လာပြောတာ၊ ‘ဒီမှာလေ၊ ဆီးစစ်ထားတဲ့အဖြေတွေ၊
အိုဂျီက ဆီးအဖြေတစ်ခုတည်းအားမရလို့ ကိုယ့်ကိုအမျိုးမျိုးစမ်းသပ်ကြည့်လိုက်သေးတယ်}
သွယ်သွယ်က
ကျွန်မနားမလည်သော ဆေးစာရွက်များကိုထုတ်ပြနေလေသည်။
]ဟုတ်တယ်ဆိုရင်တော့
ဝမ်းသာပါတယ်သွယ်သွယ်}
]ဟုတ်နေပြီပဲဝေရဲ့၊
‘ဒီပုံအတိုင်းဆို နွယ်နွယ် ကိုယ့်ဆီကိုပြန် လာတော့မှာပေါ့နော်၊
ကိုယ်မွေးမယ့်ကလေးဟာ နွယ်နွယ်ဖြစ်မှာပါပဲဝေရယ်}
]မင်းအသက်
၄၀ကျော်မှကလေးမွေးရမှာဆိုတော့ ဂရုစိုက်ဖို့လိုတယ်သွယ်သွယ်}
]ဒါပေါ့ကွာ၊
ဂရုစိုက်ရမှာပေါ့၊ ကိုယ့်ညီမလေးနွယ်နွယ် ပြန်လာမယ့်လမ်းဟာ ဖြောင့်ဖြူးချောမောဖို့
ကိုယ့်မှာတာဝန်ရှိ တယ်လေ}
]သူဟာ
နွယ်နွယ်ဖြစ်မယ်လို့ မင်းယုံကြည်သလား သွယ်သွယ်}
]ယုံတာပေါ့၊
ကိုယ့်ကိုအိပ်မက်ပေးထားတာပဲ၊ မြနန်းနွယ်ဟာ သိုက်ထဲကိုပြန်ရောက်သွားပြီဆိုတော့
နွယ်နွယ့်တာဝန fကျေပြီလေ၊ နွယ်နွယ် လူ့ဘ၀ကိုပြန်လာလို့ရပြီပေါ့ကွာ}
+
+ + + + + + + +
သွယ်သွယ်သည်
သမီးမိန်းကလေးတစ်ယောက်ကို လွယ်ကူချောမောစွာပင် မွေးဖွားခဲ့လေသည်။
ကျွန်မသည်
သွယ်သွယ်မွေးသည့်ကလေးနီတာရဲလေးကိုကြည့်ရင်း အတွေးပွားမိသည်။
ကျွန်မတို့
ဗမာမိန်းမများသည် ရိုးရာအစွဲအလမ်းကိုယုံကြည်လွယ်သူတွေဟုတ်ပါသလား။ ထိုယုံကြည်မှု
ဥပါဒါန်များကပင် ကျွန်မတို့ဘ၀ကို ပဲ့ကိုင်နေလေသလား။
သွယ်သွယ်မွေးလိုက်သောသမီးလေးသည်
အမှန်တကယ် နွယ်နွယ်ဖြစ်သည်ဆိုပါစို့။ သိုက်တွင်နေထိုင်ခဲ့ဖူးသောနွယ်နွယ့်ကို
သိုက်ချုပ်ဘိုးတော်မယ်တော်များက သိုက်အကြောင်းပြန်မပြောနိုင်အောင်
လူစဉ်မမီသောကလေးတစ်ယောက်အဖြစ် ဖန်တီး လိုက်ကြလေဦးမလား။
သို့မဟုတ်...
နွယ်နွယ်သည် သိုက်ထဲကိုခေတ္တခဏ လူစားဝင်ရသူဖြစ်သည့်အတွက် လူ့ဘ၀ကိုပြန်လာရာတွင်
သာမန်လူ အဖြစ်သာ ပြန်ရောက်လာလေမည်လား။
အဖြေပေါ်လာဖို့တွက်
ဤကလေးလေး အရွယ်ရလာသည်အထိ ကျွန်မတို့ စောင့်ကြည့်ရပါလိမ့်မည်။
+
+ + + + + + + +
နွေတမာန်
No comments:
Post a Comment