Sunday, 20 January 2013

ဆောင်းလုလင်- စက်ရုပ်ဖုတ်ကောင် (သိပ္ပံဝတ္ထုတို)


ဆောင်းလုလင်
စက်ရုပ်ဖုတ်ကောင်

 
           စိန်သူဌေးဦးဘိုဘိုစိန်သည် ယနေ့မနက်တွင် ကလေးတစ်ယောက် ကို ကောက်ရလာခဲ့သည်။ယနေ့မနက် သူ၏ စိန်အရောင်းခန်းမသို့ အလုပ်ဆင်း ရန် အိမ်မှထွက်အလာတွင် လမ်းထိပ်အရောက်၌ ပလက်ဖောင်းပေါ်တွင် ငိုယိုနေသော အသက် ၂ နှစ်အရွယ် ကလေးလေးတစ်ယောက်ကို တွေ့ရလေ သည်။ ကလေးလေးမှာ ဖြူဖြူစင်စင်နှင့် ချစ်စဖွယ်ကလေးဖြစ်ပြီး လူ အများက ကလေးကို ဝိုင်းကြည့်နေကြ၏။ ကလေးချစ်တတ်ပြီး သားသမီး မရှိသောကြောင့် ကလေးရူး ရူးနေသူ ဦးဘိုဘိုစိန်သည် ကားကိုရပ်ကာ စုံစမ်းကြည့်ခဲ့သည်။
            မနက်ခင်းစောစောကတည်းက ထိုကလေးလေးမှာ လမ်းဘေး၌ ငိုယိုနေသည်ကို တွေ့ရကြောင်း၊ မိဘများက စွန့်ပစ်ခဲ့ဟန်တူကြောင်း၊ လူသွား လူလာ ရှင်းလင်းသည့်နေရာဖြစ်၍ ကလေးမျက်စိလည်ပြီး မိဘနှင့် ကွဲသွား ခြင်းမျိုး မဖြစ်နိုင်ကြောင်း ဘေးလူများက ပြောပြလေသည်။
            ကလေးလေးမှာ ယောက်ျားလေးဖြစ်ပြီး ပါးဖောင်းဖောင်း၊ မျက်လုံး ပြူးပြူး၊ နှာတံပေါ်ပေါ်နှင့် ဆံပင်လိမ်ကောက်ကောက်လေးများက ခေါင်းပေါ် ဝဲနေသော ကြောင့် ကစားစရာအရုပ်ကလေးနှင့် တူလှလေသည်။
            ]]ဒီလောက်သန့်ပြန့်ပြီး ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုမိဘမျိုးကများ စွန့်ပစ်သွားပါလိမ့်}}
            စိန်သူဌေးဦးဘိုဘိုစိန်က တွေးကာ ကားပေါ်မှဆင်းပြီး ကလေးကို ပွေ့ချီ လိုက်သည်။
            ]]သားသား၊ သားသားမိဘတွေ ဘယ်သူလဲ}}
            စိန်သူဌေး ဦးဘိုဘိုစိန်က မေးကြည့်သည်။
            ]]မသိဘူး}}
            ]]သူ စကားကောင်းကောင်း ပြောတတ်နေပြီပဲ။ သားသား ဘယ်က လာသလဲ}}
            ]]သားသား မသိဘူး}}
            သူ့ကို သားသား-သားသားဟု ဦးဘိုဘိုစိန်က ခေါ်သည့်အတွက် နောက်ဆုံး ပြန်ဖြေသည့်အဖြေတွင် သားသားဟု ထည့်ပြောလာသည်။

            ]]သားသားနာမည် ဘယ်လိုခေါ်သလဲ}}
            ]]သားသားနာမည် သားသား}}
            ကလေးက မျက်ရည်များကို လက်ခုံနှင့် သုတ်ပစ်ရင်း ပြောလိုက်သည်။
            ]]ခက်တာပဲ}}
            စိန်သူဌေးဦးဘိုဘိုစိန်က ခေါင်းကိုကုတ်လိုက်သည်။ သူချီထားသော ကလေးကို စေ့စေ့ပြန်ကြည့်လိုက်သည်။ ကလေးလေးက ချစ်စရာလေး။ မျိုးရိုးလည်း သန့်ပြန့်ပုံရသည်။ ဘယ်လိုဖြစ်ပြီး ဒီနေရာကို တစ်ယောက်တည်း ရောက်နေပါလိမ့်။
            စိန်သူဌေးဦးဘိုဘိုစိန်က ဆုံးဖြတ်ချက်ချလိုက်သည်။ ဘေးရှိလူများကို ပြောလိုက်သည်။
            ]]ဒီကလေးကို လောလောဆယ် ကျွန်တော့်အိမ်ခေါ်သွားမယ်ဗျာ။ သူ့မိဘတွေ ပြန်တွေ့တဲ့အထိ ကျွန်တော် ထိန်းသိမ်းထားပါ့မယ်}}
            ]]ကောင်းပါတယ် သူဌေးမင်း၊ သူဌေးမင်းကိုယ်တိုင် တာဝန်ယူထား တော့ စိတ်ချရတာပေါ့}}
            ]]အေးဗျာ၊ ကလေးလေးက ချစ်စရာလေးဆိုတော့ ကျုပ်လည်း သံယောဇဉ် တွယ်သွားပြီ။ ကျွန်တော် ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထား မှာပါ။ ခင်ဗျားတို့က သက်သေပေါ့။ ပိုပြီးသေချာအောင် ဟိုလက်ဖက်ရည်ဆိုင် မှာပါ ကျွန်တော် မှာထားခဲ့မယ်။ သူ့မိဘတွေလာစုံစမ်းရင် ကျွန်တော့်ဆီကို လမ်းညွှန်နိုင်တာပေါ့}}
            စိန်သူဌေးဦးဘိုဘိုစိန်က လက်ဖက်ရည်ဆိုင်ရှင်ကို တွေ့ဆုံကာ မှာကြားလိုက်၏။
            ]]ကျွန်တော် စိန်သူဌေးဦးဘိုဘိုစိန်ပါ။ ဒီလမ်းကြားထဲက စိန်ရတနာ ခြံကြီးကပါ။ ဒီကလေးကို ကျွန်တော်ခေါ်သွားပြီး ထိန်းသိမ်းထားမလို့၊ သူ့ မိဘတွေလာစုံစမ်းရင် ကျွန်တော့်တိုက်ကြီးကိုသာ လမ်းညွှန်လိုက်ပါဗျာ}}
            ]]ဟုတ်ကဲ့ပါ သူဌေးမင်း။ သူဌေးမင်းကို ကျွန်တော် သိပါတယ်။ သူဌေးမင်းကိုယ်တိုင် ထိန်းသိမ်းထားမယ်ဆိုတော့ ကလေးအတွက် စိတ်ချ ရတာပေါ့။ ကလေးက မနက်လင်းကတည်းက လမ်းပေါ်မှာ ငိုနေတာခင်ဗျ}}
            ဒီလိုနှင့် စိန်သူဌေးဦးဘိုဘိုစိန်သည် စိန်အရောင်းခန်းမသို့ မသွား တော့ဘဲ ကလေးငယ်ကို အိမ်သို့ အားရဝမ်းသာ ခေါ်သွားလေတော့သည်။
………
           
အိမ်ရောက်တော့ စိန်သူဌေးကတော် ဒေါ်ခင်မိမိစိန်ကလည်း ဆွေ့ ဆွေ့ခုန်အောင် ပျော်နေလေသည်။ သူတို့လင်မယားမှာ အိမ်ထောင်သက် ကြာသည့်တိုင် ကလေးမရခဲ့ချေ။ တတ်ကျွမ်းသည့်ဆရာဝန်များ၊ ပါရဂူများကို ပြသပြီး အမျိုးမျိုး ကြိုးစားခဲ့သော်လည်း မထူးခြားခဲ့ချေ။
            စိန်သူဌေးဦးဘိုဘိုစိန်နှင့် သူဌေးကတော် ဒေါ်ခင်မိမိစိန်တို့မှာ စိန် လုပ်ငန်းဖြင့် ကျိကျိတက်အောင် ချမ်းသာကြွယ်ဝနကြသူများဖြစ်သည်။ သား သမီးမရှိ၍ အမွေပေးရန် အခက်ကြုံနေကြသည်။
            အမျိုးတွေက သူတို့ သားသမီးများကို မွေးစားဖို့လာပေးသော်လည်း စိန်သူဌေး ဦးဘိုဘိုစိန်တို့ လင်မယားက လက်မခံချေ။ အကြောင်းသိနေသော အမျိုးများကို မမွေးစား လို။ သူတို့မွေးစားချင်တဲ့ ကလေးမျိုးက မျိုးရိုးလည်း သန့်ရမည်။ နောက် ကြောင်းလည်း ရှင်းရမည်။ လိမ္မာရေးခြားလည်း ရှိရမည်။ ဉာဏ်လည်းကောင်း ရမည်။ ကျေးဇူးလည်း သိတတ်ရမည်။ သူတို့ကိုလည်း မိရင်းဖရင်းသဖွယ် ချစ်ခင်တွယ်တာရမည်။ လိုချင်တဲ့အချက်တွေက များလွန်းတော့ မွေးစားရ မယ့် စိတ်ကြိုက်ကလေး ရှာလို့မတွေ့။
            ယခုကောက်ရလာသော ကလေးကတော့ ရုပ်ရည်သန့်ပြန့်သည်။ မျက်နှာထားချိုသည်။ ချစ်ဖို့ကောင်းသည်။ မျိုးရိုးကို မသိရသော်လည်း မျိုးကောင်းရိုးကောင်းထဲက ဖြစ်ပုံရသည်။ ဒါတွေထက် အရေးကြီးတဲ့ အချက် ကတော့ လင်မယားနှစ်ယောက်စလုံး ကလေးလေးကို မြင်မြင်ချင်းချစ်ကြခြင်း ဖြစ်လေသည်။ ဒါ့ထက် အရေးကြီးတဲ့အချက် ဘာရှိတော့မှာလဲ။
            ကလေးလေးကို သူတို့ကိုယ်ပိုင်ကလေးအဖြစ် မွေးစားတော့မည်ဟု ဆုံးဖြတ်ကြသည်။ မိဘရင်းတွေပေါ်မလာကြပါစေနဲ့ဟုပင် ဆုတောင်းမိကြ သည်။
            ကြည့်ပါဦး။ ကလေးလေးကလည်း ချစ်စရာကောင်းလိုက်တာ၊ သွက်လိုက်တာ။
            ]]သားသား၊ ဒီအိမ်မှာနေမလား}} ဟု မေးတော့ ...
            ]]သားသား ဒီအိမ်မှာနေမယ်}} ဟု ပြန်ဖြေသည်။
            ]]ဟောဒါက ဖေဖေကြီး၊ ဟောဒါက မေမေကြီး မှတ်ထားနော်}} ဟု သင်ပေးရာ ဦးဘိုဘိုစိန်နှင့် ဒေါ်ခင်မိမိစိန်တို့၏ ရင်ဘတ်များကို သူ့လက် ကလေးနှင့် ပုတ်ရင်း ...
            ]]ဒါက သားသားဖေဖေကြီး၊ ဒါက သားသားမေမေကြီး}} ဟု ပြန်ပြောလေသည်။
            ]]ကြည့်ပါဦး ကိုကိုစိန်ရယ်။ သားသားလေးက လိမ္မာလိုက်တာ}}
            ]]ကိုကိုစိန်တို့နဲ့ထိုက်လို့ ကိုကိုစိန်တို့ လက်ထဲရောက်လာတာပဲ မိမိစိန်။ မင်း ဝမ်းမသာဘူးလား မိမိစိန်}}
            ]]ဝမ်းသာတာပေါ့ ကိုကိုစိန်ရယ်။ ဘုရားသိကြားမလို့ သူမိဘအရင်း တွေ ပေါ်မလာကြပါစေနဲ့တော်}}
            ထိုနေ့က စိန်သူဌေးဦးဘိုးစိန်သည် မြို့ထဲရှိ စိန်အရောင်းခန်းမကိုပင် မသွားဖြစ်တော့ပေ။ လင်မယားနှစ်ယောက် ကလေးကို အရိပ်တကြည့်ကြည့် နှင့် ရူးနေမိကြသည်။
            ]]သားသားလေး ဆာနေပလားမသိဘူး မိမိစိန်ရယ်။ သားသားလေး ကို စားစရာကျွေးပါဦး။ သားသား ဆာနေပလားကွ}}
            ]]သားသားဆာနေပြီ ဖေဖေကြီး}}
            စိန်သူဌေးဦးဘိုဘိုစိန် မေးသည့်အတိုင်း ကလေးကလည်း မဆိုင်းမတွ ပြန်ဖြေလေသည်။
            ]]သားသား ဘာမုန့်ကြိုက်သလဲ}}
            ]]သားသား ဘာမုန့်ကြိုက်တယ်}}
            ]]ဟင် ...}}
            ]]အို ...ကိုကိုစိန်ကလည်း ကလေးက ဘာပြောတတ်မှာလဲ။ သားသားအတွက် ကလေးစားတဲ့ အကောင်းဆုံးမုန့်တွေ ဒရိုင်ဘာကို သွားဝယ် ခိုင်းလိုက်မယ်။ ဟော ...ကိုကိုစိန် သားသားလေးမှာ နှပ်ချေးတွေထွက်နေပြီ သုတ်ပေးလိုက်ဦး။ ကျွန်မ ဒရိုင်ဘာကို ဈေးလွှတ်လိုက်ဦးမယ်}}
            ]]နှပ်ချေးတင်မဟုတ်ဘူးကွ၊ သေးတွေပါ ပေါက်ချနေပြီ}}
            ]]ဟင် ...ဒီလိုဆို အိမ်ဖော်မလေးကို လုပ်ခိုင်းမှပဲ။ ကျွန်မ ကောင်မလေးကို လွှတ်လိုက်မယ်နော်}}
            လင်မယားနှစ်ယောက် ကလေးဗာဟီရတွေအတွက် အလုပ်များ နေကြသည်။ သို့သော် လင်မယားနှစ်ယောက်စလုံး ပျော်နေကြ၏။
            မုန့်ကျွေးတော့လည်း ပလုတ်ပလောင်း အားရပါးရစားနေပုံကို ကြည့် ကာ ပီတိတွေ ဖြစ်နေကြသည်။
            ]]သားသားလေးကို နာမည်မှည့်ဖို့ စဉ်းစားပါဦး ကိုကိုစိန်}}
            ]]ကိုယ်က စိန်သူဌေး၊ ကိုယ်တို့နှစ်ယောက်နာမည်မှာလည်း စိန်ပါ တော့ သားသားနာမည်ကိုလည်း စိန်ပါအောင်မှည့်ရမှာပေါ့ မိမိစိန်}}
            ]]အို ...ဒါပေမဲ့ ကိုယ့်စိတ်ကူးနဲ့ကိုယ် မှည့်လို့မဖြစ်သေးပါဘူး ကိုကိုစိန်ရယ်။ တတ်ကျွမ်းနားလည်တဲ့ ဗေဒင်ဆရာကို မေးမြန်းတွက်ချက် ခိုင်းပြီး မှည့်မှဖြစ်မယ်။ ကျွန်မသားလေးကို အပြစ်ကင်းတဲ့နာမည်ပဲ ပေးချင် တယ်}}
            ]]ဟုတ်တာပေါ့ မိမိစိန်}
            ]]အို ...ဒါနဲ့ သားသားလေးမှာ နာမည်ရှိပြီးသားဖြစ်မှာပေါ့ ကိုကို စိန်။ သူ့နာမည်ကို သူ မှတ်မိချင်မှတ်မိမှာ}}
            ]]ဟုတ်သားပဲ။ မေးကြည့်ဦးမှ။ သားသားရေ၊ ဖေဖေကြီးကို ပြောပါ ဦးကွယ်။ သားသားနာမည် ဘယ်လိုခေါ်သလဲ}}
            ]]သားသားနာမည် သားသားပါ ဖေဖေကြီး}}
            ]]ဟိုက် ...}}
………
           
 စိန်သူဌေးဦးဘိုဘိုစိန်နှင့် သူဌေးကတော် ဒေါ်ခင်မိမိစိန်တို့ လင် မယားမှာ ကလေးတစ်ယောက်နှင့် အလုပ်များနေကြသည်။ စီးပွားရေးလုပ်ငန်း များကိုပင် လှည့်မကြည့်ဖြစ်တော့။ မန်နေဂျာနှင့် လွှဲထားလိုက်သည်။
            တတိယနေ့တွင် သားသားလေး နှာရည်တရွှဲရွှဲဖြစ်နေပြီး နှာစေးလေ ရာ လင်မယားနှစ်ယောက်လုံး ပျာပျာသလဲ ဖြစ်သွားကြသည်။
            ]]ကိုကိုစိန်၊ အဲဒါ ရှင် အဲယားကွန်းကြီးကို တစ်ညလုံးဖွင့်ထားလို့ ဖြစ်ရတာ။ ကျွန်မသားလေး တစ်ခုခုဖြစ်သွားလို့ကတော့ ရှင်နဲ့ကျွန်မနဲ့ အတွေ့ပဲ}}
            ]]အိမ်ဖော်မလေးနဲ့ ခြံထဲမှာကစားတုန်းက သားသားမှာ ရေတွေစို ကုန်တယ်ကွ။ အဲဒါ အိမ်ဖော်မလေးကြောင့်ပဲ}}
            အိမ်ဖော်မလေးကိုခေါ်ကာ ဆူပြောပစ်လိုက်သည်။
            ]]မဖြစ်ဘူး ...မဖြစ်ဘူး၊ သားလေးကို မျက်စိအောက်က အ ပျောက်ခံလို့ မဖြစ်ဘူး}}
            နောက်တော့ ကလေးဝေယျာဝစ္စတွေကို သူဌေးကတော် ဒေါ်ခင် မိမိစိန်က သူကိုယ်တိုင် လုပ်တော့သည်။
            ကလေးကို ကိုယ်တိုင် ထမင်းကျွေးသည်။ ချေးသေးကအစ ကိုယ် တိုင်သုတ်သင်သန့်ရှင်းပေးသည်။ သည်ကလေးကို သူတို့အတွက် ဘုရား ပေးတဲ့ ကလေးဟု မှတ်ယူကြ၏။
            ကလေးကလည်း ချစ်စဖွယ်ကောင်းလွန်းလှသည်။ တီတီတာတာ စကားလေးတွေ ပြောသည်။ လူကြီးတွေပြောသမျှစကားကို နောက်မှ လိုက် နင်း၍ ပြောတတ်သည်။
            ]]သားသားလေးကို အဝတ်အစားအသစ်တွေ ဝယ်ပေးဦးမှပါပဲ}}
            ]]သားသားကို အဝတ်အစားအသစ်တွေ ဝယ်ပေးပါ ဖေဖေကြီး}}
            ]]ကစားစရာလေးတွေလည်း သူ့စိတ်ကြိုက်ရွေးနိုင်အောင် အရုပ် ဆိုင်ကို ခေါ်သွားရဦးမယ်}}
            ]]ကစားစရာလေးတွ သားသား စိတ်ကြိုက်ရွေးနိုင်အောင် အရုပ် ဆိုင်ကို ခေါ်သွားပါ}}
            ]]သူ့မိဘတွေ ပေါ်မလာပါစေနဲ့}}
            ]]သားသားမိဘတွေ ပေါ်မလာပါဘူး}}
            ထိုကဲ့သို့ လူကြီးလေးတစ်ယောက်သဖွယ် စကားများကို လိုက်ပြော တတ်လေ၏။
            စိန်သူဌေး ဦးဘိုဘိုစိန်နှင့်သူဌေးကတော် ဒေါ်ခင်မိမိစိန်တို့သည် ကလေးကို တစ်နေ့တခြား အချစ်ပိုလာကြလေသည်။
            တစ်ပတ်ပြည့်သည့်အချိန်တွင် လမ်းထိပ်က လက်ဖက်ရည်ဆိုင်ကို သွားစုံစမ်းလိုက်သည်။ ကလေးနှင့် ပတ်သက်၍ ဘယ်သူမှ လာမမေးကြဘူး တဲ့။
            ဒီလိုနှင့် တရားရုံးကိုသွားကာ မိဘမဲ့ကလေးကို တရားဝင်စာချုပ် စာတမ်းဖြင့် မွေးစားလိုက်ကြလေ၏။
………
           
စိန်သူဌေးဦးဘိုဘိုစိန်၏ စိန်ရတနာခြံကြီးမှာ ကြီးမားလှသည်။ ခြံထဲက သုံးထပ်တိုက်ကြီးမှာလည်း ဟိန်းနေသည်။
            ခြံကြီးအိမ်ကြီးကြီးမားသလို အလုပ်သမားတွေ၊ အိမ်ဖော်တွေလည်း အများအပြား ရှိလေ၏။      
            စိန်သူဌေးဦးဘိုဘိုစိန်နှင့် သူဌေးကတော် ဒေါ်ခင်မိမိစိန်တို့က ကလေး အပေါ် သဲသဲလှုပ်နေသော်လည်း အလုပ်သမားများ၊ အိမ်ဖော်များက ကလေးကို သံသယဝင်နေကြသည်။
            ကလေးနှင့်ပတ်သက်၍ သင်္ကာမကင်းဖြစ်စရာအကြောင်းကို ပထမ ဆုံး သတင်းပေးသူမှာ အိမ်ဖော်မလေး ဖြစ်သည်။
            ]]ညတုန်းက သန်းခေါင်အချိန်ကြီးမှာ သားသားကို မီးဖိုခန်းထဲမှာ တွေ့ရတယ် အန်တီ။ သားသားက မီးဖိုထဲက အိုးခွက်တွေကို လိုက်လှန်ကြည့် နေတယ်}}
            ]]မဖြစ်နိုင်တာအေ။ အသက် ၂ နှစ်အရွယ်ကလေးလေးက ညသန်း ခေါင်ကြီး မီးဖိုထဲရောက်ပါ့မလား။ အပေါ်ထပ်မှာ ငါတို့နဲ့အတူတူ အိပ်နေတာ အေ့။ ညည်း အိပ်မက်မက်တာ ဖြစ်ပါလိမ့်မယ်}}
            ခြံညစောင့်အလုပ်သမားကြီးကလည်း တစ်မနက်တွင် စိန်သူဌေး ဦးဘိုဘိုစိန်ကို ပြောပြန်သည်။
            ]]ညက ကျွန်တော် ကင်းလိုက်စစ်ရင်း အိမ်အမိုးပေါ်ကို ကြည့်လိုက်     တော့ သားသားရယ် အိမ်အမိုးပေါ်မှာ လျှောက်သွားနေတာ တွေ့လိုက်တယ် ဆရာ}}
            ]]ကြံကြံဖန်ဖန်ကွာ၊ သားသားက အိမ်အမိုးအမြင့်ကြီးပေါ် ဘယ်လို တက်မှာလဲ။ အမိုးပေါ်ကို တက်တဲ့တံခါးသော့က ငါ့ဆီမှာကွ}}
            ]]တကယ်ပါဆရာ၊ ကျွန်တော်က ဓာတ်မီးနဲ့ထိုးပြီး လှမ်းအော်လိုက် တော့ သူက အမိုးအစွန်းကို လက်ထောက်ပြီး ကျွန်တော့်ကို ငုံ့ကြည့်သေး တယ်။ ကျွန်တော့်မှာ ကလေးပြုတ်ကျမှာစိုးလို့ ရင်ထိတ်လိုက်ရတာ}}
            ]]ဟေ့ ...ဟေ့ မင်းအရက်မူးမူးနဲ့ ထင်မိထင်ရာ လျှောက်မြင်တာ တွေ လာ ပြောမနေနဲ့။ မင်း ညတိုင်း ဒီလိုရူးကြောင်မူးကြောင် ဖြစ်နေရင် မင်းကို အလုပ်ဖြုတ်ပစ်မယ်}}
            ညစောင့်ဒရဝမ်မှာ ဆက်မပြောရဲတော့ချေ။
            မာလီကြီးကလည်း တစ်ညတွင် ကလေးက သူ့တဲလေးထဲသို့ ဝင်လာ ကာ သူအလုပ်လုပ်သည့် ပစ္စည်းများကိုကိုင်တွယ်ကြည့်နေတာကို အိပ်စုံမှုန်မွှား ဖြင့် လှမ်းမြင်လိုက်ရသည်။ သူ အိပ်ရာက ထ၍ကြည့်လိုက်သည့်အခါ ကလေး က ထွက်ပြေးသွားလေသည်။
            ထိုအကြောင်းကို ညစောင့်ကောင်လေးအားပြောပြတော့ ညစောင့် က သူ အဆူခံရသည့် အကြောင်းကို ပြန်ပြောပြသည်။ မာလီကြီးလည်း သူ့အတွေ့အကြုံကို ပြန်မပြောရဲတော့ပေ။ ဒီအတိုင်းနေလိုက်သည်။
………
           
ညသန်းခေါင်အချိန်။
            သုံးထပ်တိုက်၏ အလယ်ထပ်၌ စိန်သူဌေးဦးဘိုဘိုစိန်၊ သူဌေး ကတော် ဒေါ်ခင်မိမိစိန်တို့ အိပ်မောကျနေကြသည်။ စိန်သူဌေးဦးဘိုဘိုစိန်နှင့် သူဌေးကတော် ဒေါ်ခင်မိမိစိန်တို့က တစ်ခုတင်၊ သားသားလေးက သူတို့ဘေး တွင် ခုတင်သေးသေး လေးဖြင့် အိပ်နေ၏။
            နာရီကြီးသည် ည ၂ နာရီရောက်၍ ဒင်ခနဲ ဒင်ခနဲ ထိုးလိုက်သည့် အခါ သားသားလေးသည် ငေါက်ခနဲ ထထိုင်လိုက်လေ၏။ ထို့နောက် သားသားလေးက သူ့ခုတင်ပေါ်မှ ဖျတ်လတ်စွာ ခုန်ဆင်းလိုက်လေသည်။
            သားသားလေးသည် စိန်သူဌေးဦးဘိုဘိုစိန်၊ သူဌေးကတော် ဒေါ်ခင် မိမိစိန်တို့ အိပ်နေသည်ကို လှမ်းကြည့်လိုက်လေသည်။
            ထို့နောက်စိန်သူဌေးဦးဘိုဘိုစိန်၊ သူဌေးကတော် ဒေါ်ခင်မိမိစိန်တို့ အနီးသို့ကပ်သွားကာ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်လေသည်။ လက်နှစ်ဖက် မှ လက်ညှိးများဖြင့် စိန်သူဌေးဦးဘိုဘိုစိန်၊ သူဌေးကတော် ဒေါ်ခင်မိမိစိန်တို့ထံ ချိန်ရွယ်လိုက်လေသည်။ သားသားလေး၏ လက်ညှိုးနှစ်ချောင်းဆီမှ အခိုး အငွေ့များ ထွက်လာလေသည်။ ဘယ်ဘက်လက်ညှိုးမှ ထွက်လာသော အခိုး အငွေ့များက စိန်သူဌေးဦးဘိုဘိုစိန်၏ နှာခေါင်းပေါက်တည့်တည့်သို့ ဝင်သွား လေသည်။ ညာဘက်လက်ညှိုးမှ ထွက်လာသော အခိုးအငွေ့များက သူဌေး ကတော် ဒေါ်ခင်မိမိစိန်၏ နှာခေါင်းပေါက်တည့်တည့်သို့ ဝင်သွားလေသည်။
            စိန်သူဌေးဦးဘိုဘိုစိန်၊ သူဌေးကတော် ဒေါ်ခင်မိမိစိန်တို့သည် အိပ် ပျော်နေသည်ထက် ပိုမိုအိပ်ပျော်သွားကာ ဟောက်သံများပင်ထွက်၍ နှစ်နှစ် ခြိုက်ခြိုက်ကြီး ဆက်လက်အိပ်မောကျနေကြလေ၏။
            သားသားလေးက စိတ်ချလက်ချ ဖြစ်သွားဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။
            ထို့နောက် သားသားလေးသည် မီးခလုတ်ရှိရာသို့ သွားလေသည်။ မီးခလုတ်ခုံရှေ့တွင် ရပ်လိုက်ပြီးနောက် သူ့ပါးစပ်ထဲမှ တစ်စုံတစ်ခုကို အန် ထုတ်လိုက်လေသည်။
            သားသားလေးပါးစပ်ထဲမှ တစ်တောင်ခန့်ရှည်လျားသော ဝါယာ ကြိုးခွေကြီး ထွက်လာလေသည်။ ဝါယာကြိုး၏ထိပ်တွင် ပလပ်ခေါင်းတစ်ခုကို တွေ့ရလေသည်။ ထိုးရန်အချောင်းနှစ်ချောင်းပါသော တူးပင်ပလပ်ခေါင်းတစ်ခု ဖြစ်သည်။ ဝါယာကြိုး၏ အဆုံးပိုင်းကတော့ သားသားလေး၏ ပါးစပ်ထဲမှာပင် ရှိနေ၏။
            သားသားလေးသည် ပလပ်ခေါင်းကိုကိုင်ကာ မီးခလုတ်ခုံမှ တူးပင် ပလပ်ပေါက်ဆီသို့ သူ့ပါးစပ်ထဲမှ ထွက်နေသော ဝါယာကြိုး၏ထိပ်ပိုင်းမှ ပလပ်ခေါင်းနှင့် ထိုးလိုက်လေ၏။
            ပလပ်ပေါက်ထဲသို့ ပလပ်ခေါင်းထိုးလိုက်သည်နှင့် သားသားလေး၏ မျက်လုံးနှစ်လုံးဆီမှ မီးရောင်များ ဖျတ်ခနဲ ဖျတ်ခနဲ ဝင်းတောက်စွာ ပေါ်လာ လေ၏။ သားသားလေး၏ဆံပင်များသည် ထောင်တက်ကုန်ကာ မြွေများ သဖွယ် ယိမ်းထိုးလှုပ်ရှားနေကြလေသည်။ သားသားလေး၏ တစ်ကိုယ်လုံးဆီမှ လည်း အလင်း ဓာတ်များ ထွက်လာလေသည်။
            သားသားလေးသည် ထိုအတိုင်း နာရီဝက်တိတိ သူ့ကိုယ်ကို ပါးစပ် ထဲမှ ထွက်လာသော ဝါယာကြိုးမှတစ်ဆင့် ဓာတ်အားများ သွင်းယူနေလေ၏။
            နာရီဝက်ပြည့်သည်နှင့် ရပ်နားလိုက်ကာ ပလပ်ခေါင်းကို ဖြုတ်လိုက် လေသည်။ ပလပ်ခေါင်းပါသော ဝါယာကြိုးကို ပါးစပ်ထဲသို့ ပြန်မျိုချလိုက်သည်။
            ထို့နောက် သားသားလေးသည် အခန်းထိပ်ရှိ မီးခံသေတ္တာဆီသို့ လျှောက်ကာ မီးခံသေတ္တာကို လျှို့ဝှက်နံပါတ်များအတိုင်း ကျွမ်းကျင်စွာ ဖွင့်လိုက်လေသည်။
            ပြီးနောက် မီးခံသေတ္တာထဲမှ စာရွက်စာတမ်းများကို ထုတ်ယူကာ ဖတ်ရှုနေလေတော့သည်။
………
           
သားသားလေး ရောက်လာပြီး တစ်လတိတိပြည့်သည့်နေ့။
            စိန်သူဌေးဦးဘိုဘိုစိန်နှင့် သူဌေးကတော်ဒေါ်ခင်မိမိစိန်တို့ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်နေရာမှ လန့်နိုးလာကြသည်။ သူတို့၏ပါးများကို အတင်း ရိုက်ပုတ်ကာ အနှိုးခံရသည့်အတွက် နိုးလာကြခြင်း ဖြစ်ပါသည်။
            မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ သူတို့သည် ခုတင်ပေါ်တွင် အိပ်စက်နေခြင်း မဟုတ်တော့ဘဲ ကြမ်းပြင်ပေါ်၌ ရောက်နေကာ ခြေလက်များ ကို ကြိုးဖြင့် အတုပ်နှောင်ခံထားရတာကို တွေ့မြင်ရလေသည်။
            သူတို့ရှေ့တွင် လူစိမ်းသုံးဦးက မတ်တတ်ရပ်နေကာ ထိုသူများ အားလုံးခေါင်း၌ အဝတ်နက်ကိုယ်စီစွပ်ထားတာကို တွေ့ရလေ၏။ ခေါင်း ဆောင်ဖြစ်သူ၏ လက်ထဲ၌ ပစ္စတိုသေနတ်တစ်လက်ကို တွေ့ရလေသည်။ ဘယ်လိုတွေ ဖြစ်သွားတာလဲ။
            ဒီလောက်လုံခြုံတဲ့အိမ်ထဲကို လူဆိုးသုံးယောက် ဘယ်လိုဝင်လာတာ လဲ။ သူတို့ကိုလည်း ကြိုးဖြင့် ဘယ်အချိန်က တုပ်နှောင်လိုက်တာလဲ။
            ထူးဆန်းသည်မှာ လူဆိုးသုံးဦးနှင့်အတူ သူတို့မွေးစားထားသည့် သားသားလေးကိုပါ အတူမတ်တတ်ရပ်နေတာကို တွေ့ရခြင်း ဖြစ်လေသည်။
            အိပ်ချင်မူးတူးဖြင့် နိုးထလာသည့် စိန်သူဌေးဦးဘိုဘိုစိန်နှင့် သူဌေး ကတော် ဒေါ်ခင်မိမိစိန်တို့ကိုကြည့်ကာ လူဆိုးခေါင်းဆောင်က ရယ်လိုက်လေ သည်။
            ]]မင်းတို့ ဘယ်သူတွေလဲ}}
            ]]ကျုပ်တို့က စိန်ဓားပြတွေပဲ။ စိန်ကို သီးသန့်ဓားပြတိုက်တဲ့အဖွဲ့ ပေါ့။ ခင်ဗျားဆီက စိန်တွေကို ဓားပြတိုက်ဖို့ လာတာပါ ဦးဘိုဘိုစိန်}}
            ]]မင်းတို့ ဒါလောက်လုံခြုံတဲ့ အိမ်ထဲကို ဘယ်လိုဝင်လာကြတာလဲ}}
            ]]ဟဲ ...ဟဲ ...ဟဲ ...ဒီမှာလေဗျာ ကျုပ်တို့ ကြိုတင်လွှတ်ထား တဲ့ ရှေ့ပြေးအထောက်တော်လေး။ ဟား ...ဟား ...ဟား}}
            လူဆိုးက သားသားလေးကို လက်ညှိုးထိုးပြကာ လှောင်ပြောင် ရယ်မောလိုက်၏။
            ]]ဘာ ...သားသားက မင်းတို့ အထောက်တော်၊ မဖြစ်နိုင်ဘူး}}
            ]]ဟေ့ ...ချာတိတ်၊ မင်း မွေးစားအဖေနဲ့အမေကို ပြောပြလိုက် စမ်းကွာ}}
            ]]ဟုတ်ပါတယ် ဖေဖေကြီးနဲ့ မေမေကြီး၊ ဒီအိမ်က သတင်းတွေကို သူတို့ဆီ သားသား ပို့ထားတာပါ။ ဒီညလည်း တစ်အိမ်လုံး အိပ်ပျော်သွား အောင် အစားအသောက်တွေထဲမှာ အိပ်ဆေးတွေ သားသား ခပ်ထားတာပါ။ ပိုစိတ်ချရအောင် တစ်အိမ်လုံးသုံးတဲ့ အမိုးပေါ်က ရေတိုင်ကီထဲမှာလည်း အိပ်ဆေးတွေကို မနေ့က ညကတည်းက ကြိုထည့်ထားခဲ့ပါတယ် ဖေဖေကြီးနဲ့ မေမေကြီး}}
            ]]အမယ်လေးသားရယ်၊ သားသားရယ်၊ ဘာဖြစ်လို့ ဒီလိုလုပ်ရတာ လဲကွယ်}}
            သူဌေးကတော်ဒေါ်ခင်မိမိစိန်က အော်ငိုရင်း မေးလိုက်သည်။
            စိန်သူဌေးဦးဘိုဘိုစိန်က အသက် ၂ နှစ်အရွယ်ကလေး တစ် ယောက်၏ လုပ်ဆောင်မှုကို တွေးကြည့်ရင်း အံ့ဩနေလေသည်။
            ]]ခင်ဗျားတို့ သားလေး ဒါတွေလုပ်နိုင်တာကို ခင်ဗျားတို့ အံ့ဩနေ တယ် မဟုတ်လား။ ဟဲ ...ဟဲ ...တကယ်တော့ ဒီချာတိတ်ဟာ လူမဟုတ် ဘူးဗျ၊ စက်ရုပ်တစ်ရုပ်ပဲ}}
            ]]ဘာ ...}}
            ]]ဟုတ်တယ်၊ ဒါဟာ စက်ရုပ်တစ်ရုပ်ပဲ။ ကျုပ်တို့ကတော့ သိပ္ပံပညာ တတ်ကျွမ်းတဲ့ အဆင့်မြင့်စိန်ဓားပြတွေပေါ့။ ခင်ဗျားတို့လင်မယား ကလေးရူး ရူးနေတာသိလို့ ကလေးအရုပ်ကလေးကို လမ်းထိပ်မှာချပြီး ထောင်ချောက် ဆင်ထားတာလေ ဟဲ ...ဟဲ၊ မယုံရင်ကြည့်ပါလား။ ဟောဒီမှာ ...}}
            စိန်ဓားပြခေါင်းဆောင်က သားသား၏ဦးခေါင်းကို ကိုင်ရင်း လှည့် လိုက်ရာ ဦးခေါင်းသည် လည်ပင်းကို ဆုံလည်ထားကာ အပတ်ပေါင်းများစွာ လည်၍သွားလေသည်။ လည်ပင်းတွင် စုပ်ထားသော ဝက်အူရစ်ကုန်သွား သည့်အခါ သားသား၏ဦးခေါင်းသည် လူဆိုးလက်ထဲပါသွားကာ ကိုယ်လုံး ချည်းသက်သက် မတ်တတ်ရပ်လျက်သားလေး ကျန်နေလေ၏။ ဦးခေါင်းနှင့် ကိုယ်ထည်ကို လည်ပင်း၌ ဝက်အူဖြင့် စုပ်ထားခြင်းဖြစ်လေသည်။
            ]]ဟဲ ...ဟဲ ...အံ့ဩနေပြီ မဟုတ်လား။ ဒီအရုပ်ကို တကယ့် လူသား ကလေးလေးလို့ ခင်ဗျားတို့ယုံလာအောင် ကျုပ်တို့က လူနဲ့မခြားအောင် ဖန်တီးထားတာလေ။ အရုပ်ဟာ အစားအသောက်လည်း စားတတ်တယ်။ အညစ်အကြေးလည်း စွန့်တတ်တယ်။ သာမန်လူတွေလို သဘာဝဘေးဒဏ်နဲ့ ကြုံရင် ရောဂါဘယလည်း ဖြစ်နိုင်သေးတယ်။ စကားတတ်တာတော့ ခင်ဗျားတို့ လက်တွေ့ကြုံပြီးပြီပဲ။ သူက ကလေးလေးအယောင်ဆောင်ပြီး ကျုပ်တို့ခိုင်း သမျှ လုပ်ပေးခဲ့တာလေ}}
            လူဆိုးခေါင်းဆောင်က ရှင်းပြပြီး ဦးခေါင်းကို သားသားလေးကိုယ် လုံးတွင် ပြန်တပ်ပေးလိုက်သည်။
            ကလေးစက်ရုပ်ကလေးသည် အသက်ပြန်ဝင်လာကာ ဦးဘိုဘိုစိန် နှင့် ဒေါ်ခင်မိမိစိန်အား ပြောလိုက်လေသည်။
            ]]ဟုတ်ပါတယ် ဖေဖေကြီးနဲ့ မေမေကြီး။ သားသားဟာ စက်ရုပ် တစ်ရုပ်ပါ ခင်ဗျာ}}
            ထို့နောက် စက်ရုပ်သားသားလေးသည် ပါးစပ်ထဲမှ ဝါယာကြိုးခွေကို အန်ထုတ်ပြလိုက်လေ၏။
            ]]ညနှစ်နာရီဆို ဟောဒီပလပ်ကို မီးပလပ်ခုံမှာတပ်ပြီး သားသား ဓာတ်အားသွင်းရပါတယ် ဖေဖေကြီးနဲ့ မေမေကြီး}}
            ဦးဘိုဘိုစိန်နှင့် ဒေါ်ခင်မိမိစိန် ကြက်သေသေနေကြလေသည်။ သူတို့ချစ်လွန်း၍ မွေးစားထားသော ကလေးလေးမှာ အရုပ်တစ်ရုပ်သာ ဖြစ်ကြောင်း သိလိုက်ရ၍ မခံချိမခံသာ ဖြစ်နေကြ၏။ သားသားလေးကို ကြည့်၍ ရင်ထဲမှာနာနေကြသည်။
            ]]တောက် ...}}
            ဦးဘိုဘိုစိန်က တောက်ခေါက်လိုက်သည်။
            ]]စက်ရုပ်ကို အကြောင်းပြုပြီး ငါ့အိမ်ထဲဝင်နိုင်ပေမဲ့ ကျုပ်ဆီက စိန်တွေကိုတော့ ခင်ဗျားတို့ မရနိုင်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ စိန်တွေက အရောင်းခန်းမထဲမှာပဲရှိတာ။ ကျန်တဲ့ စိန်တွေကိုတော့ ကျုပ်က လုံခြုံအောင် ဘဏ်မှာအပ်ထားတယ်လေ}}
            ]]ဟဲ ...ဟဲ ...ဒါလည်း မခက်ပါဘူးဗျာ။ ခင်ဗျားပြောတာတွေ မှန်မမှန် ခင်ဗျားတို့ မွေးစားထားတဲ့ သားသားလေးက ပြောပြပါလိမ့်မယ်။ ဟေ့ ... ချာတိတ်၊ သူ ပြောတာအမှန်ပဲလား။ စိန်တွေ ဘယ်နားမှာရှိသလဲ}}
            ]]သူပြောတာ မမှန်ပါဘူး။ စိန်တွေ မြေအောက်ခန်းထဲမှာ ရှိပါတယ်}}
            ]]အို ...}}
            ]]စိန်သူဌေးကြီးဦးဘိုဘိုစိန်ရဲ့ စာရွက်စာတမ်းတွေအားလုံးကို ကျွန် တော် ဖတ်ပြီးပါပြီ။ စိန်တွေကို မြေအောက်ခန်းမှာ ထားပါတယ်။ ဒီအိမ်မှာ မြေအောက်ခန်းရှိကြောင်းကို အိမ်ဖော်တွေ အလုပ်သမားတွေတောင် မသိပါ ဘူး။ မြေအောက်ခန်းကို လျှို့ဝှက်နံပါတ်တွေ၊ စကားဝှက်တွေနဲ့ ဖွင့်ရပါတယ်}}
            ]]အို ...သားသားရယ်၊ မိုက်လှချေလားကွယ်}}
            ဒေါ်ခင်မိမိစိန်က ကြေကွဲစွာ ရေရွတ်လိုက်သည်။
            ဦးဘိုဘိုစိန်က အံကိုကြိတ်ထား၏။
            ]]ကဲ ...ကြားပြီမဟုတ်လား စိန်သူဌေးကြီးဦးဘိုဘိုစိန်၊ ကျုပ်တို့က အဆင့်မြင့် သိပ္ပံပညာရှင် ဓားပြတွေဗျ။ ကျုပ်တို့ကို ညာလို့မရဘူး။ ဒါပေမဲ့ ကျုပ်တို့က ခင်ဗျားကို နှိပ်စက်ညှဉ်းပန်းနေမှာ မဟုတ်ပါဘူးလေ။ စိန်တွေရရင် ကျုပ်တို့ အေးအေးဆေးဆေး ပြန်ထွက်သွားမှာပါ။ မြေအောက်ခန်းဖွင့်တဲ့ စကားဝှက်တွေ လျှို့ဝှက်နံပါတ်တွေကိုလည်း ခင်ဗျားကို ညှဉ်းပန်းပြီး မေးနေမှာ မဟုတ်ပါဘူး။ ခင်ဗျားတို့ မွေးစားသားလေးက မှတ်သားထားပြီးသား ဖြစ်မှာ ပါ။ ဟုတ်တယ် မဟုတ်လားဟေ့ ချာတိတ်}}
            ]]ဟုတ်ပါတယ် ခင်ဗျာ။ စကားဝှက်ရော လျှို့ဝှက်နံပါတ်ရော ကျွန် တော် သိပြီးပါပြီ။ စကားဝှက်က ]ပိုးထိုးလောက်ကိုက်ခပ်မိုက်မိုက်} တဲ့။ မြေအောက်ခန်းတံခါးရှေ့မှာ အဲဒီစကားလုံးကို သုံးခါတိတိ ရွတ်ရပါတယ်။ ပြီးရင် သံမဏိတံခါးကြီးပေါ်က လျှို့ဝှက်နံပါတ်တွေကို လှည့်ရပါတယ်။ လျှို့ဝှက်နံပါတ် ၁ç၂ç၃ç၄ç၅ ပါ}}
            ]]ကျေးဇူးပဲ ချာတိတ်ရေ။ ငါတို့တီထွင်ထားတဲ့ စက်ရုပ်က ငါတို့ကို တကယ်အကျိုးပြုတာပဲဟေ့။ ကဲ ...ကဲ ...စကားဝှက်တွေ၊ ကုတ်နံပါတ် တွေအတိုင်း မြေအောက်ခန်းတံခါးကို ဖွင့်ကြစို့}}
            လူဆိုးများက ကလေးစက်ရုပ်ဆီမှ သိရသော လျှို့ဝှက်နံပါတ်များ ဖြင့် မြေအောက်ခန်းတံခါးကို ဖွင့်လိုက်လေသည်။ တံခါးကြီးပွင့်သွားသည့်အခါ မြေအောက်ခန်းထဲသို့ အားရဝမ်းသာဝင်သွားပြီး ]]ငါတို့တော့ ချမ်းသာပြီကွ၊ ချမ်းသာပြီ}} ဟု အော်သွားလေသည်။
            ]]ကျုပ်တို့တော့ ဆင်းရဲပါပြီတော်၊ ဆင်းရဲပါပြီ}}
            သူဌေးကတော် ဒေါ်ခင်မိမိစိန်က အော်ငိုရင်း ပြောလိုက်လေသည်။
            ]]တရားနဲ့ဖြေပါ မိမိစိန်ရယ်}}
            စိန်သူဌေးဦးဘိုဘိုစိန်က ချော့မော့လိုက်သည်။ ဒေါ်ခင်မိမိစိန်ကို ချော့မော့ပြောလိုက်သော်လည်း ဦးဘိုဘိုစိန်ကိုယ်တိုင်ပင် အသံများ တုန်နေ လေသည်။
            မြေအောက်ခန်းတံခါးဝမှာ ရပ်ကျန်ခဲ့သော စက်ရုပ်သားသားလေး သည် နှုတ်မှ တစ်စုံတစ်ခုကို ရွတ်ဆိုလိုက်လေ၏။ ထိုအခါ မြေအောက်ခန်းသို့ ဆင်းသက်သော တံခါးကြီးမှာ ပိတ်သွားလေသည်။
            ထိုအခါမှပင် ဦးဘိုဘိုစိန်က မြေအောက်ခန်းတံခါးကို ပိတ်သည့် စကားဝှက်တစ်ခုရှိသေးကြောင်း သတိရမိတော့သည်။ လူဆိုးများသည်လည်း မြေအောက်ခန်းထဲမှ ပြန်ထွက်သည့်အခါ စကားဝှက်ကို ရွတ်ဆိုမှသာ မြေအောက်ခန်းတံခါး ပြန်ပွင့်ပြီး မြေအောက်ခန်းမှ ထွက်နိုင်မည် ဖြစ်ပေ၏။ သားသားလေးက မြေအောက်ခန်းတံခါးကို ပိတ်လိုက်ရာ လူဆိုးများ ပြန် ထွက်ဖို့ မဖြစ်နိုင်တော့ပေ။
            သားသားလေးသည် မြေအောက်ခန်းကို ပြန်ဖွင့်သည့် စကားဝှက်နှင့် လျှို့ဝှက်နံပါတ်ကို လူဆိုးများအား ပြောမပြလိုက်ပေ။
            လူဆိုးများကလည်း မြေအောက်ခန်းကို ဝင်ခွင့်ရပြီးလျှင် ထွက်လို က အလွယ်တကူထွက်နိုင်သည်ဟု ထင်ကာ အားရဝမ်းသာ ဝင်သွားကြခြင်း ဖြစ်ပါ၏။
            ဒီအတိုင်းဆိုလျှင် အပြင်မှ ဖွင့်မပေးမချင်း လူဆိုးများ မြေအောက် ခန်းမှ ထွက်လို့ရတော့မည် မဟုတ်ပေ။
            မြေအောက်ခန်းတံခါးကို ပိတ်ပြီးသည့်အခါ သားသားလေးက စိန် သူဌေးဦးဘိုဘိုစိန်နှင့် သူဌေးကတော်ဒေါ်ခင်မိမိစိန်ဘက်သို့ လှည့်လိုက်လေ သည်။
            ဦးဘိုဘိုစိန်နှင့် ဒေါ်ခင်မိမိစိန်က သူတို့ချစ်သော သားသားလေးကို ငေးကြည့်နေကြလေ၏။ သားသားလေးမှာ အရုပ်ဖြစ်နေသည့်အတွက် အပြစ် ပြောလို့လည်း မဖြစ်နိုင်ပေ။
            ]]ဖေဖေကြီးနဲ့ မေမေကြီး စိတ်မပူပါနဲ့ခင်ဗျာ}}
            သားသားလေးက ပြောပြီးနောက် တယ်လီဖုန်းရှိရာသို့ သွားလေ သည်။
            တယ်လီဖုန်းမှ ရဲဌာနဖုန်းနံပါတ်ကို လှည့်လေသည်။
            ]]ဟဲလို ရဲစခန်းလားခင်ဗျာ။ စိန်ရတနာခြံကြီးထဲကို ဓားပြတွေ ဝင်နေပါတယ်။ ဓားပြတွေဟာ မြေအောက်ခန်းမှာ ပိတ်မိနေတယ်။ အမြန် လာဖမ်းကြပါ ခင်ဗျာ}}
            ထို့နောက် သားသားလေးက ဦးဘိုဘိုစိန်နှင့် ဒေါ်ခင်မိမိစိန်တို့ ချုပ်နှောင်ခံထားရသည့် နေရာသို့ လျှောက်လာကာ ချည်ထားသော ကြိုးများ ကို ဖြေပေးလေ၏။
            ]]စိတ်မပူပါနဲ့ ဖေဖေကြီးနဲ့မေမေကြီး။ သားသား ရဲစခန်းကို ဖုန်းဆက်လိုက်ပါပြီ။ ရဲတွေ ရောက်လာရင် လူဆိုးတွေကို ဖမ်းခေါ်သွားမှာပါ}}
            ဦးဘိုဘိုစိန်နှင့် ဒေါ်ခင်မိမိစိန် အချုပ်အနှောင်မှ လွတ်မြောက်သွား သည်နှင့် တစ်ပြိုင်နက် အိမ်ရှေ့မှ ရဲကား၏ဥဩသံကို ကြားလိုက်ရလေသည်။
            ဦးဘိုဘိုစိန်နှင့် အိမ်ရှေ့သို့ ပြေးထွက်သွားကာ တံခါးကို ဖွင့်ပေး လိုက်လေသည်။
            အိမ်ဖော်နှင့် အလုပ်သမားများကား အိပ်ဆေးတန်ခိုးဖြင့် အိပ်ပျော် နေကြဆဲ ဖြစ်၏။
            ရဲများအိမ်ထဲသို့ ရောက်သည်နှင့် စက်ရုပ်သားသားလေးက မြေ အောက်ခန်း တံခါးရှေ့တွင်ရပ်ကာ ...
            ]ပိုးထိုးလောက်ကိုက်ခပ်မိုက်မိုက်}ဟု သုံးကြိမ်အော်လိုက်လေသည်။
            ထို့နောက် ]၁ç၂ç၃ç၄ç၅} ဟု လျှို့ဝှက်နံပါတ်များကို နှိပ်လိုက်လေ သည်။
            မြေအောက်ခန်းတံခါးကြီး ပွင့်သွားလေသည်။
            ရဲများသည် မြေအောက်ခန်းမှ လူဆိုးများကို အလွယ်တကူ ဖမ်းချုပ်လိုက်လေ၏။
            လူဆိုးများသည် မြေအောက်ခန်းမှာ စိန်များကို တွေ့ရသော်လည်း ယူဆောင်နိုင်ခြင်း မရှိတော့ချေ။
………
            ရဲများ ပြန်ထွက်အသွားတွင် စိန်သူဌေးဦးဘိုဘိုစိန်က စက်ရုပ် သားသားလေးအား မေးလိုက်လေသည်။
            ]]သားသား မင်း ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ။ မင်းဟာ သူတို့ ဖန်တီးထားတဲ့ အရုပ်တစ်ခု မဟုတ်လား။ သူတို့ကို ဒုက္ခပြန်ရောက်အာင် ဘာဖြစ်လို့ လုပ်ရတာလဲ}}
            ဦးဘိုဘိုစိန်က သားသားလေး၏ အပြုအမူကို အံ့ဩစွာဖြင့် မေးလိုက် ခြင်း ဖြစ်သည်။
            ]]ဖေဖေကြီးနဲ့ မေမေကြီး၊ သားသားဟာ စက်ရုပ်တစ်ခုဖြစ်တာ မှန်ပါတယ်။ သူတို့ဟာ သားသားကို တကယ့်လူနဲ့တူအောင် ဖန်တီးခဲ့ပါတယ်။ ဖေဖေကြီးနဲ့ မေမေကြီးက တကယ့်လူလို့ လက်ခံလာအောင် အစားအသောက် စားတာ၊ ဝမ်းသွားတာ၊ ဆီးသွားတာ၊ နေမကောင်းဖြစ်တာတွေပါဖြစ်အောင် ဖန်တီးထားခဲ့ပါတယ်။ သူတို့ အဲဒီလို တကယ့်လူနဲ့တူအောင် ဖန်တီးခဲ့တဲ့ အတွက်ပဲ သားသားဟာ တကယ့်လူသားတစ်ယောက်ရဲ့စိတ်တွေ ဝင်လာခဲ့ ပါတယ်။ သားသားဟာ တကယ့်လူတစ်ယောက်လို ခံစားတတ်တဲ့ နှလုံးသား လည်း အလိုလိုရှိလာခဲ့ပါတယ်။ ကျေးဇူးတရားကို ထောက်ထားရမယ်ဆိုတာ လည်း သားသား နားလည် လာပါတယ်။ ဖေဖေကြီးနဲ့ မေမေကြီး သားသားကို ချစ်တယ်ဆိုတာ သားသား သိပါတယ်။ သားသားကလည်း ဖေဖေကြီးနဲ့ မေမေကြီးကို ချစ်ပါတယ်။ အဲဒါကြောင့် ဖေဖေကြီးနဲ့ မေမေကြီးတို့ရဲ့ ကျေးဇူး ကို တုံ့ပြန်တဲ့အနေနဲ့ သားသားက ဖေဖေကြီးနဲ့ မေမေကြီး အကျိုးမယုတ် အောင် ကူညီလိုက်တာပါ}}
            ]]သားသားရယ်၊ သားသားလေးရယ်၊ မင်းဟာ အရုပ်ကလေးတစ်ခု ဖြစ်ပေမဲ့ ကျေးဇူးသိတတ်လှချည်လား မေမေ့သားသားလေးရယ်}}
            သူဌေးကတော်ဒေါ်ခင်မိမိစိန်က သားသားလေးကို ပွေ့ဖက်ကာ ပြောလိုက်သည်။
            ]]မိမိစိန်ရေ ဒါဟာ တို့ရဲ့စေတနာမေတ္တာတွေ ရောင်ပြန်ဟပ်တာ ပဲကွ။ စက်ရုပ်ဖြစ်တဲ့ သားသားလေးကတောင် တို့ကျေးဇူးကို သိတတ်တယ်။ သားသားရယ် မင်းကို ဖေဖေကြီးတို့က တကယ့်သားအရင်းလို တစ်သက်လုံး မွေးထားပါတော့မယ်။ လိမ္မာတဲ့ သားသားလေးရယ်}}
            စိန်သူဌေး ဦးဘိုဘိုစိန်က စက်ရုပ်သားသားလေးကို ရင်ခွင်ထဲထည့် ကာ နမ်းရှုပ်ရင်း ပြောလိုက်ပြန်သည်။
            ]]ဝမ်းနည်းပါတယ် ဖေဖေကြီးနဲ့ မေမေကြီး။ သားသားရဲ့ သက် တမ်းဟာ ကုန်ပါပြီ။ သူတို့က သားသားကို ဒီနေ့နောက်ဆုံးထားပြီး ဖန်တီး ထားတာပါ။ သားသား သွားရပါတော့မယ်။ သားသား ဖေဖေကြီးနဲ့ မေမေကြီး ကို နှုတ်ဆက်ခဲ့ပါတယ်}}
            သားသားလေး၏ စကားဆုံးသည်နှင့် စိန်သူဌေးဦးဘိုဘိုစိန် ရင်ခွင် ထဲမှ သားသားလေး၏ ခန္ဓာကိုယ်သည် တစ်စစီ ပြုတ်ထွက်ကုန်လေသည်။
            စပရိန်များ၊ ဝက်အူများ၊ နပ်များ၊ ဝါယာကြိုးများ၊ စက်ဆီများ၊ အရောင်မျိုးစုံ ရှိသည့် အရည်များ၊ သံတိုသံစများ၊ ရာဘာစများသည် ကြမ်းပြင်အနှံ့ တစ်စစီ ပြန့်ကျဲသွားလေတော့သည်။
                                                       ဆောင်းလုလင်
ဆောင်းလုလင်-၏ စက်ရုပ်တစ္ဆေ နှင့် သိပ္ပံဝတ္ထုတိုများစာအုပ်မှ ကောက်နှုတ်တင်ပြသည်။

No comments: