Saturday 7 December 2013

ဂျိုဇော်...၏ အသံထွက်ဝတ္ထု- ချောင်းဟန့်သံ

ဂျိုဇော်

ချောင်းဟန့်သံ

စာရေးဆရာ ဂျိုဇော်...၏
ချောင်းဟန့်သံ... ၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။

 စာရေးဆရာ ဂျိုဇော်


Thursday 5 December 2013

နှင်းဝေငြိမ်း ၏ အသံထွက်ဝတ္ထု- မိုးဖွဲမနက်

နှင်းဝေငြိမ်း

မိုးဖွဲမနက်

 စာရေးဆရာမ နှင်းဝေငြိမ်း

 စာရေးဆရာမ နှင်းဝေငြိမ်း..၏ မိုးဖွဲမနက်... ၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။

Wednesday 27 November 2013

ကေဇာ...၏ အသံထွက်ဝတ္ထု- နှင်းဆီကိုလည်း ဆင်... စံပယ်ကိုလည်း မွှေး

ကေဇာ

နှင်းဆီကိုလည်း ဆင်... စံပယ်ကိုလည်း မွှေး

စာရေးဆရာမ- ကေဇာ

 စာရေးဆရာမ ကေဇာ...၏ 
နှင်းဆီကိုလည်း ဆင်... စံပယ်ကိုလည်း မွှေး... ၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်ထားခြင်းဖြစ်ပါသည်။


Thursday 14 November 2013

ကိုနေရီ..၏ အသံထွက်ဝတ္ထု- J

ကိုနေရီ

J

စာရေးဆရာ ကိုနေရီ..၏

J  

အမည်ရှိ ၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။ 
စာရေးဆရာ ကိုနေရီ

စီစဉ်တင်ဆက်သူ- နွေတမာန်

Sunday 10 November 2013

ဇော်ခိုင်ဦး ၏ အသံထွက်ဝတ္ထု- ရေပေါ်ဆီ

ဇော်ခိုင်ဦး

 ရေပေါ်ဆီ

စာရေးဆရာ ဇော်ခိုင်ဦး

စာရေးဆရာ ဇော်ခိုင်ဦး...၏
ရေပေါ်ဆီ...၀တ္ထုတိုအား 
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။

စီစဉ်တင်ဆက်သူ- နွေတမာန်

Saturday 2 November 2013

တင့်တယ် ၏ အသံထွက်ဝတ္ထု- မဟသဓော

တင့်တယ်

မဟသဓော 

စာရေးဆရာ တင့်တယ်...၏ အောင်မြင်... ကလောင်အမည်ခွဲဖြင့်ရေးသားခဲ့သော
မဟသဓော... ဟာသ၀တ္ထုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။

စီစဉ်တင်ဆက်သူ - နွေတမာန်

Friday 1 November 2013

မင်းရှင် ၏ အသံထွက်ဝတ္ထု- ကံမဖန်

မင်းရှင်

ကံမဖန် 

စာရေးဆရာ မင်းရှင်

 

စာရေးဆရာ မင်းရှင်-၏
ကံမဖန်- ၀တ္ထုတိုအား
အသံထွက်ဝတ္ထုအဖြစ် တင်ပြလိုက်ပါသည်။

Saturday 26 October 2013

မင်းရှင်...၏ အသံထွက်ဝတ္ထု- ရောင်းခါစ

မင်းရှင်

ရောင်းခါစ

စာရေးဆရာ မင်းရှင်

 

စာရေးဆရာ မင်းရှင်..၏ 
၁၉၆၂ခုနှစ်၊ အနုပညာစာပေဆိုင်ရာ ၀တ္ထုတိုပေါင်းချုပ်ဆုရ
လမ်းပေါ်မှာ... ၀တ္ထုတိုများစာအုပ်မှ
ရောင်းခါစ... ၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။

စီစဉ်တင်ဆက်သူ- နွေတမာန်

Tuesday 22 October 2013

သန်းမြင့်အောင် ၏ အသံထွက်ဝတ္ထု- သဏ္ဍာန်မဲ့ထုထည်

သန်းမြင့်အောင်

သဏ္ဍာန်မဲ့ထုထည်

စာရေးဆရာမ သန်းမြင့်အောင်...
သဏ္ဍာန်မဲ့ထုထည်... ၀တ္ထုတိုအား
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။

 စာရေးဆရာမ သန်းမြင့်အောင်


စီစဉ်တင်ဆက်သူ- နွေတမာန်

Wednesday 4 September 2013

နေနော် ၏ အသံထွက်ဝတ္ထု- အသံတွေရဲ့ပဉ္စလက်

နေနော် ၏ အသံထွက်ဝတ္ထု

အသံတွေရဲ့ပဉ္စလက်


စာရေးဆရာ နေနော်
စာရေးဆရာနေနော်-၏ အသံတွေရဲ့ပဉ္စလက်-၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် စီစဉ်တင်ဆက်လိုက်ပါသည်။

Tuesday 3 September 2013

အသံထွက်ဇာတ်လမ်း (ဗီဒီယို)

အသံထွက်ဇာတ်လမ်း (ဗီဒီယို)

ဆောင်းလုလင်...၏ အသံထွက်ဇာတ်လမ်း... ၀တ္ထုတိုကို ရိုက်ကူးပြီး
မြ၀တီရုပ်မြင်သံကြား၊ ဘ၀ကြေးမုံဇာတ်လမ်းစုံအစီအစဉ်တွင် ထုတ်လွှင့်ခဲ့သည့် 
ဗီဒီယိုဇာတ်ကား
ထွန်းလွင်အောင် နှင့် ကေကေမိုးမြင့်... ခေါင်းဆောင်ပါဝင်သည်။

ပထမပိုင်း
 
 ဒုတိယပိုင်း
တတိယပိုင်း
 

Saturday 10 August 2013

၈၈၈၈ ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ် ၀တ္ထုတို (မိုးခါးရေ)

၈၈၈၈ ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ် ၀တ္ထုတို 

မိုးခါးရေ

  ဤ၀တ္ထုကို ၁၉၈၈ခုနှစ် အောက်တိုဘာလတွင် ရေးသားခဲ့ပါသည်။
ပုံနှိပ်စာမူဖြစ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း
ထိုစဉ်က အခြေအနေများ(စာပေစီစစ်ရေး)ကြောင့် 
ပရိဿတ်သို့ တင်ပြခွင့်မရခဲ့ပါ။
စာမူကိုပြန်လည်ရှာဖွေတွေ့ရှိပါသဖြင့် 
ရှစ်လေးလုံး ၈၈၈၈ ငွေရတုအထိမ်းအမှတ်အဖြစ်
၁၀-၈-၂၀၁၃နေ့ထုတ် ဓာတ်ပေါင်းစုဂျာနယ် အမှတ်(၁၂)တွင်
အမှတ်တရတင်ဆက်လိုက်ပါသည်။

ဆောင်းလုလင်..၏ မိုးခါးရေ ၀တ္ထုတိုအား အောက်တွင် အစအဆုံးဖတ်ရှုနိုင်ပါသည်။


ဆောင်းလုလင်
မိုးခါးရေ

အဖြစ်အပျက်မှာ ကျွန်ုပ်တို့ကမ္ဘာမြေပေါ်မှ အဖြစ်အပျက်မဟုတ်ပါ။ အခြားဂြိုဟ်တစ်ခုမှ ဖြစ်ရပ်သာဖြစ်ပါသည်။

+++++++++…

သူသည် ထိုဂြိုလ်ပေါ်မှလူသားတစ်ဦးဖြစ်သည်။
သူသည် သိပ္ပံပညာရှင်တစ်ယောက်လည်း ဖြစ်ပါသည်။ သူတို့ ဂြိုဟ်ပေါ်တွင် သူသည် အတော်ဆုံးသိပ္ပံပညာရှင်တစ်ယောက် ဖြစ်လေသည်။
သူသည် မိုးလေ၀သအခြေအနေများကိုလည်း ခန့်မှန်းတတ်လေသည်။ ထိုသို့ မိုးလေ၀သကိုခန့်မှန်းတတ်ခဲ့၍လည်း ထိုဂြိုဟ်ကြီးတစ်ခုလုံးကို အုပ်ချုပ်ရသည့် ဘုရင်ဘ၀သို့ ရောက်ခဲ့ရခြင်းဖြစ်ပါသည်။
တစ်ခါတွင် သူ၏ကြိုတင်တွက်ချက်မှုအရ ဂြိုဟ်ပေါ်၌ မိုးခါးရေရွာ သွန်းမည့်အဖြစ်ကို သူ ကြို၍ခန့်မှန်းနိုင်ခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသည် မှာ ရွာသွန်းမည့်မိုးခါးရေသည် ခါးသက်သောအရသာ ရှိရုံသာမက ထိုမိုးခါးရေကို သောက်သုံးမိပါက ရူးသွပ်သွားစေနိုင်ခြင်း ဖြစ်လေသည်။
သူသည် သူ၏ကြိုတင်မှန်းဆတွက်ချက်မှုကို ထိုစဉ်က အုပ်ချုပ်နေ သော သူတို့ဂြိုဟ်၏အစိုးရအဖွဲ့အား တင်ပြလိုက်လေသည်။ နောက်တစ်ရက် ခြားတွင် ရွာသွန်းမည့်မိုးရေထဲသို့ မည်သူမျှမထွက်ကြရန်၊ မိုးရေကို မသောက် သုံးကြရန် နှိုးဆော်ပေးဖို့ကိုလည်း သူက အစိုးရအဖွဲ့ကို တိုက်တွန်းခဲ့ပါ၏။
အစိုးရကလည်း ဂြိုဟ်ပေါ်တွင်ထုတ်ဝေသည့် သတင်းစာ၊ စာစောင် များ၊ တီဗီများမှ ကြိုတင်ကြေညာပေးထားခဲ့ပါသည်။
သို့သော် လူထုသည် သိပ်အရေးမစိုက်ခဲ့ချေ။ မိုးပြိုမှာကို တွေး ကြောက်မနေသည့် ဂြိုဟ်သားတို့၏ ထုံးစံအတိုင်းပင် ဖြစ်ပါသည်။ ကြိုတင် ခန့်မှန်းမှုဆိုတော့လည်း ဖြစ်ချင်မှဖြစ်လာမှာဟု တွေးကြသည်။ သည်လို အဖြစ်မျိုးလည်း တစ်ခါမှမကြုံဖူး၍ သိပ်ဂရုမထားခဲ့ကြချေ။ အချို့ကဆိုလျှင် ယုံတောင်မယုံ၊ ပြက်ရယ်ပြုသူများပင်ရှိခဲ့ကြ၏။

+++++++++…

Friday 19 July 2013

လမင်းကြွေတဲ့ည - ဗီဒီယိုဇာတ်ကား

လမင်းကြွေတဲ့ည (ဗီဒီယိုဇာတ်ကား)

နွေတမာန်...၏ လမင်းကြွေတဲ့ည...၀တ္ထုကို
မာန်ထက်ချီဗီဒီယိုထုတ်လုပ်ရေးမှ
ဒါရိုက်တာ နေပိုင်
ဟိန်းဝေယံ၊ စိုးမြတ်သူဇာ၊ မေသန်းနု၊ မြတ်ကေသီအောင်... တို့ဖြင့်
ရိုက်ကူးခဲ့သည့် ဇာတ်ကားအား တင်ဆက်လိုက်ပါသည်။
Part-1 of 10
Part-2 of 10
 
Part-3 of 10
 Part-4 of 10
Part-5 of 10
Part-6 of 10
Part-7 of 10
Part-8 of 10
 Part-9 of 10
  Part-10 of 10

Tuesday 9 July 2013

နှစ်ကိုယ်ခွဲချစ်သူ ဗီဒီယိုဇာတ်ကား(ပထမပိုင်း)

နှစ်ကိုယ်ခွဲချစ်သူ (ပထမပိုင်း)

နှစ်ကိုယ်ခွဲနှင်းဆီ လုံးချင်းဝတ္ထုအား ဆုပြည့်စုံထွန်းစာပေမှ
၂၀၀၈ခုနှစ်၊ မေလတွင် တန်ဖိုး- ၁၅၀၀ကျပ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
နှစ်ကိုယ်ခွဲနှင်းဆီကို မဟော်ဂနီဗီဒီယိုထုတ်လုပ်ရေးအတွက်
ဒါရိုက်တာ မီးပွားက
မြင့်မြတ်၊ ဆန်းထွဋ်၊ စိုးမြတ်နန္ဒာ၊ ခင်လေးနွယ် တို့ဖြင့်
နှစ်ကိုယ်ခွဲချစ်သူ... အမည်ဖြင့် ဗီဒီယိုဇာတ်ကားရိုက်ကူးခဲ့ပါသည်။
နှစ်ကိုယ်ခွဲချစ်သူ... ဗီဒီယိုဇာတ်ကား(ပထမပိုင်း)အား တင်ဆက်လိုက်ပါသည်။

နှစ်ကိုယ်ခွဲချစ်သူ ဗီဒီယိုဇာတ်ကား(ဇာတ်သိမ်းပိုင်း)

နှစ်ကိုယ်ခွဲချစ်သူ (ဇာတ်သိမ်းပိုင်း)



 
နှစ်ကိုယ်ခွဲနှင်းဆီ လုံးချင်းဝတ္ထုအား ဆုပြည့်စုံထွန်းစာပေမှ
၂၀၀၈ခုနှစ်၊ မေလတွင် တန်ဖိုး- ၁၅၀၀ကျပ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
နှစ်ကိုယ်ခွဲနှင်းဆီကို မဟော်ဂနီဗီဒီယိုထုတ်လုပ်ရေးအတွက်
ဒါရိုက်တာ မီးပွားက
မြင့်မြတ်၊ ဆန်းထွဋ်၊ စိုးမြတ်နန္ဒာ၊ ခင်လေးနွယ် တို့ဖြင့်
နှစ်ကိုယ်ခွဲချစ်သူ... အမည်ဖြင့် ဗီဒီယိုဇာတ်ကားရိုက်ကူးခဲ့ပါသည်။
နှစ်ကိုယ်ခွဲချစ်သူ... ဗီဒီယိုဇာတ်ကား(ဇာတ်သိမ်းပိုင်း)အား တင်ဆက်လိုက်ပါသည်။
 

Monday 8 July 2013

လွမ်းသူ့ဝိညာဉ် ဗီဒီယိုဇာတ်ကား

လွမ်းသူ့ဝိညာဉ်

စာရေးဆရာ ဆောင်းလုလင်...၏ နှစ်ကိုယ်ခွဲနှင်းဆီ လုံးချင်းဝတ္ထုကို
ဆုပြည့်စုံထွန်းစာပေမှ
၂၀၀၈ခုနှစ်၊ မေလတွင် ထုတ်ဝေခဲ့ပါသည်။
နှစ်ကိုယ်ခွဲနှင်းဆီကို မဟော်ဂနီဗီဒီယိုထုတ်လုပ်ရေးအတွက်
ဒါရိုက်တာ မီးပွားက
မြင့်မြတ်၊ ဆန်းထွဋ်၊ စိုးမြတ်နန္ဒာ၊ ခင်လေးနွယ် တို့ဖြင့်
နှစ်ကိုယ်ခွဲချစ်သူ... အမည်ဖြင့် ဗီဒီယိုဇာတ်ကားရိုက်ကူးခဲ့ပါသည်။
  နှစ်ကိုယ်ခွဲချစ်သူ... ဗီဒီယိုဇာတ်ကားအား ဤ၀က်ဆိုက်တွင် တင်ဆက်ထားပြီးဖြစ်ပါသည်။

ထပ်မံ၍ မာန်ထက်ချီဗီဒီယိုထုတ်လုပ်ရေးမှ
နှစ်ကိုယ်ခွဲနှင်းဆီ..လုံးချင်းဝတ္ထုကို
ဟိန်းဝေယံ၊ သက်မွန်မြင့်၊ ရွှေပိုးအိမ်၊ ဇော်ဦး၊ ခင်မို့မို့အေး၊ သိင်္ဂီထွန်းတို့ဖြင့်
ဒါရိုက်တာညွန့်မြန်မာညီညီအောင်...က 
လွမ်းသူ့ဝိညာဉ်...အမည်ဖြင့် ဗီဒီယိုဇာတ်ကားရိုက်ကူးခဲ့ပါသည်။

လွမ်းသူ့ဝိညာဉ်ဗီဒီယိုဇာတ်ကားအား တင်ဆက်လိုက်ပါသည်။

မူရင်းဝတ္ထု- ဆောင်းလုလင်၏ နှစ်ကိုယ်ခွဲနှင်းဆီ..ကို ဖတ်ရှုလိုပါက
ဤ၀က်ဆိုက်၏ လုံးချင်းဝတ္ထု-ဆောင်းလုလင်..ကဏ္ဍတွင် ဖတ်ရှုနိုင်ပါသည်။

Tuesday 18 June 2013

မိုးသစ်ဝေ..၏ အသံထွက်ဝတ္ထု- လမ်းဆုံကလေး

မိုးသစ်ဝေ

လမ်းဆုံကလေး

စာရေးဆရာ မိုးသစ်ဝေ
စာရေးဆရာ မိုးသစ်ဝေ၏ လမ်းဆုံကလေး...၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ်တင်ဆက်လိုက်ပါသည်။
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ ၂၀၁၀ခုနှစ်၊ မေလတွင် 
ဖော်ပြခဲ့သောဝတ္ထုတိုဖြစ်ပြီး
၂၀၁၀ပြည့်နှစ်၊ ခံစားသူအကြိုက် မဂ္ဂဇင်းဝတ္ထုတိုများစာအုပ်တွင်
ထပ်မံဖော်ပြခြင်းခံရသော ၀တ္ထုတိုတစ်ပုဒ်ဖြစ်ပါသည်။
 

Monday 17 June 2013

မနှင်းဖွေး၏ အသံထွက်ဝတ္ထု- အဘိုးအိုနှင့်မြေဆေးတံ

မနှင်းဖွေး

အဘိုးအိုနှင့် မြေဆေးတံ

 
စာရေးဆရာမ မနှင်းဖွေး၏ 
အဘိုးအိုနှင့်မြေဆေးတံ..၀တ္ထုတိုအား
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။


Saturday 1 June 2013

Audio Joke 50 အတိတ်ကာလက လူ

 Audio Joke 50 

အတိတ်ကာလက လူ


ဒီဓာတ်ပုံထဲက လူက ဘယ်သူလဲ။ 
မင်းယောကျာ်းလား... မဟုတ်ပါဘူး
မင်းအဖေလား... မဟုတ်ပါဘူး။ 
ဒါဖြင့် မင်းအစ်ကိုလား.... မဟုတ်ပါဘူး
ရှင်က ဓာတ်ပုံထဲက လူနဲ့ ကျွန်မနဲ့ ရုပ်ချင်းဆင်လို့ မေးတာ မဟုတ်လား....
တကယ်တော့ ဓာတ်ပုံထဲက လူဟာ........

Audio Joke 49 အနှုတ်၃၀ အပေါင်း၃၀

Audio Joke 49 

အနှုတ်၃၀ အပေါင်း၃၀


အသက်၆၀အရွယ် လင်မယားစုံတွဲမှာ 
အဘိုးကြီးက အဘွားကြီးကို သိပ်ချစ်တယ်။ 
သိပ်ပြီးတော့လည်း လှစေ.. နုစေချင်တယ်။
တစ်နေ့တော့ နတ်သားတစ်ပါးနဲ့တွေ့ပြီး နတ်သားက လိုရာဆုတစ်ခုတောင်းခိုင်းတဲ့အခါ... 
အဘိုးကြီးက သူ့မိန်းမကို သူ့ထက် အသက်၃၀ပိုငယ်ပါစေလို့ ဆုတောင်းလိုက်တယ်။ သူတောင်းတဲ့ဆု ပြည့်သွားပါတယ်။ 
ဒါပေမယ့်....

Audio Joke 48 မျက်စိစမ်းသပ်ခြင်း

Audio Joke 48 

မျက်စိစမ်းသပ်ခြင်း


မျက်စိမှုန်တဲ့လူတစ်ယောက်
မျက်စိကုဆရာဝန်ဆေးခန်းမှာ
အစမ်းသပ်ခံတဲ့ဖြစ်ရပ်ကလေးပါ။

Audio Joke 47 မကုန်နိုင်ဘူး

Audio Joke 47 

မကုန်နိုင်ဘူး

 သိပ်ရိုး သိပ်အတဲ့ 
ကိုထုံဆိုသူတစ်ယောက်
ဖရဲသီးဝယ်တဲ့အခါ....

Audio Joke 46 သမီးလိမ္မာ

Audio Joke 46

သမီးလိမ္မာ

 အိမ်ပြန်နောက်ကျနေတဲ့သမီးအတွက် အမေက စိတ်ပူနေတယ်။ 
ဖုန်းဆက်ကြည့်တော့ လမ်းမှာ လမ်းသရဲတစ်ယောက်က 
လိုက်နှောက်ယှက်နေလို့တဲ့။ ဒါပေမယ့် သမီးလေးက တော်ပါတယ်။ လမ်းသရဲလက်ကလွတ်အောင် ရှောင်လာနိုင်ခဲ့တယ်လေ။ 
ဘယ်လိုနည်းနဲ့ရှောင်လာတာလဲဆိုတော့.....

Monday 27 May 2013

Audio Joke 45 ရင်သွေးရရှိရေးစီမံချက်

Audio Joke 45 

ရင်သွေးရရှိရေးစီမံချက်

 
နိုင်ငံတော်က အိမ်ထောင်ရှင်စုံတွဲတိုင်း ရင်သွေးတစ်ယောက် မဖြစ်မနေရယူရမယ်လို့ ဥပဒေထုတ်ပြန်လိုက်ပါတယ်။ 
ရင်သွေးမရတဲ့စုံတွဲများရဲ့ ဇနီးမယားဆီကို လုပ်အားပေးလူတစ်ယောက် စေလွှတ်ပြီး 
ရင်သွေးရအောင် ဆောင်ရွက်ပေးဖို့လည်း စီမံချက်ရေးဆွဲလိုက်ပါတယ်။ 
လက်ထပ်ပြီး ငါးနှစ်ကြာတဲ့အထိ ရင်သွေးမရသေးတဲ့ အိမ်တစ်အိမ်ကို လူတစ်ယောက်ရောက်လာတဲ့အခါ........

Audio Joke 44 မင်းတုန်းမင်း၏ ကြွေပန်းကန်ပြား

Audio Joke 44 

မင်းတုန်းမင်း၏ ကြွေပန်းကန်ပြား

ရှေးဟောင်းပစ္စည်းနားလည်သူ သုတေသနပညာရှင်က
 အဖိုးတန်ရှေးဟောင်းပစ္စည်းကို 
ဈေးပေါပေါနဲ့ရအောင် ၀ယ်ယူပုံ

Saturday 25 May 2013

မင်းအုပ်စိုး ၏ အသံထွက်ဝတ္ထု- သူလည်းလေ ပန်းကြွေကောက်ပေမယ့်

မင်းအုပ်စိုး

သူလည်းလေ ပန်းကြွေကောက်ပေမယ့်

 စာရေးဆရာ မင်းအုပ်စိုး

စာရေးဆရာ မင်းအုပ်စိုး...၏
၂၀၁၃ခုနှစ် မေလထုတ်
သရပါမဂ္ဂဇင်း ပါ
သူလည်းလေ.. ပန်းကြွေကောက်ပေမယ့်... ၀တ္ထုတိုအား
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်ထားခြင်းဖြစ်ပါသည်။

ယဉ်မင်းဦး(ဆေးတက္ကသိုလ်)၏ အသံထွက်ဝတ္ထု- ဆိတ်ကွယ်ရာ

ယဉ်မင်းဦး(ဆေးတက္ကသိုလ်)

ဆိတ်ကွယ်ရာ


 စာရေးဆရာမ ယဉ်မင်းဦး(ဆေးတက္ကသိုလ်)ရဲ့
၂၀၁၃ မေလထုတ် သရပါမဂ္ဂဇင်းပါ
ဆိတ်ကွယ်ရာ... ၀တ္ထုတိုလေးကို
အသံထွက်ဝတ္ထုအဖြစ် ဖန်တီးထားတာပါ။

Audio Joke 43 စက်ဝိုင်း

Audio Joke 43 

စက်ဝိုင်း

  စက်ဝိုင်းလို သံသရာလည်နေတဲ့ လူ့ဘ၀ကို
သရုပ်ဖော်ထားတဲ့ ဟာသလေးတစ်ပုဒ်ပါ။

Friday 17 May 2013

Audio Joke 42 အလောင်းအစား

Audio Joke 42 

အလောင်းအစား

အသက်ငယ်ပေမယ့် အလောင်းအစား အလွန်ဝါသနာပါတဲ့ကလေး။
မူလတန်းမှာ ကျောင်းစတက်တဲ့နေ့မှာတောင် ဆရာမနဲ့ အလောင်းအစားလုပ်သတဲ့။
ဘယ်လိုလုပ်သလဲဆိုတော့.......

Monday 13 May 2013

ခင်ခင်ထူး ၏ အသံထွက်ဝတ္ထု- သာလီဖောင်း

ခင်ခင်ထူး

သာလီဖောင်း

အသံထွက်ဝတ္ထု

 

စာရေးဆရာမ ခင်ခင်ထူးရဲ့ သာလီဖောင်းအမည်ရှိ ၀တ္ထုတိုလေးဖြစ်ပါတယ်။
Icon မဂ္ဂဇင်း ၂၀၀၉၊ စက်တင်ဘာလထုတ်မှာ ဖော်ပြခဲ့တဲ့ဝတ္ထုတိုလေးကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါတယ်။
သာလီဖောင်း...ဆိုတာ အညာကျေးလက်က တောသူတောင်သားများ
တယ်လီဖုန်း..ကို ခေါ်တဲ့ အခေါ်အဝေါ်ဖြစ်ပါတယ်။

Wednesday 8 May 2013

စိုးဉာဏ(ငဖဲ)၏အသံထွက်ဝတ္ထု- ရန်ကုန်မြို့ရောက် အောင်ပင်လယ်ရွာသားများ

စိုးဉာဏ(ငဖဲ) 

ရန်ကုန်မြို့ရောက် အောင်ပင်လယ်ရွာသားများ

အသံထွက်ဝတ္ထု


 စာရေးဆရာ စိုးဉာဏ(ငဖဲ)တရားဟောကွက်ထဲက ဟာသများ...စာအုပ်ပါ
ဟာသဆောင်းပါး (၄)ပုဒ်အား စုစည်း၍
ရန်ကုန်မြို့ရောက် အောင်ပင်လယ်ရွာသားများ ... အမည်ဖြင့်
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်ထားခြင်းဖြစ်ပါသည်။

Sunday 5 May 2013

မဟာဆွေ ၏ အသံထွက်ဝတ္ထု- ၀ရီးစာ

မဟာဆွေ

ဝရီးစာ

  ၁၉၃၉ခုနှစ်၊ နိုဝင်ဘာလထုတ် သူရိယမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် 
ဆရာကြီး မဟာဆွေ…၏ ၀ရီးစာ… အမည်ရှိ ၀တ္ထုတိုအား အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။
ဆရာကြီး၏မူရင်းဝတ္ထုတွင် ခေတ်ကာလအလျောက် ရေးသားဖွဲ့နွဲ့ထားပုံများမှာ ရှည်လျားနေပါ၍ အသံထွက်ဝတ္ထုအဖြစ် တင်ဆက်ရာတွင် လိုအပ်သလောက်အပိုင်းများကိုသာ တင်ဆက်ဖော်ပြလိုက်ပါသည်။
ဆရာကြီး၏မူရင်းလက်ရာကို ဖတ်ရှုနိုင်ရန် ၀တ္ထုမူရင်းအား သီးခြားဖော်ပြလိုက်ပါသည်။


Wednesday 1 May 2013

မောင်ကိုယု ၏ အသံထွက်ဝတ္ထု- ချစ်လို့ပါဆရာရယ်

မောင်ကိုယု

ချစ်လို့ပါဆရာရယ်

အသံထွက်ဝတ္ထု


စာရေးဆရာ မောင်ကိုယု...၏
ချစ်လို့ပါဆရာရယ်... ၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။

Sunday 28 April 2013

ရဲသျှမ်း..၏ အသံထွက်ဝတ္ထု- ဒဏ်ရာ

ရဲသျှမ်း

ဒဏ်ရာ

အသံထွက်ဝတ္ထု

စာရေးဆရာ ရဲသျှမ်း


စာရေးဆရာ ရဲသျှမ်း....၏
ဒဏ်ရာ.. အမည်ရှိ ၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။
၁၉၈၈ခုနှစ် သြဂုတ်လထုတ်
သာရမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ၀တ္ထုတိုဖြစ်ပါသည်။

Thursday 25 April 2013

ဂျက်ကွမ်းခြံကုန်း...၏ အသံထွက်ဝတ္ထု- ဗလဗွေရင်မှာပိုက်ပါလို့

ဂျက်ကွမ်းခြံကုန်း

ဗလဗွေ ရင်မှာပိုက်ပါလို့

အသံထွက်ဝတ္ထု

စာရေးဆရာ ကဗျာဆရာ
မောင်သာချို (ခေါ်) ဂျက်ကွမ်းခြံကုန်း
သရော်စာနှင့်ဟာသစာရေးဆရာကြီး
ဂျက်ကွမ်းခြံကုန်း.... ၏
ဗလဗွေ ရင်မှာပိုက်ပါလို့.... ၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။
နားဆင်ခံစားရင်း ရယ်မောပျော်ရွှင်နိုင်ပါစေ....

Wednesday 24 April 2013

ခင်ခင်ထူး ၏ အသံထွက်ဝတ္ထု- နီဂရိုး

ခင်ခင်ထူး

နီဂရိုး

အသံထွက်ဝတ္ထု
စာရေးဆရာမ ခင်ခင်ထူး


စာရေးဆရာမ ခင်ခင်ထူး...၏
နီဂရိုး...၀တ္ထုတိုအား
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။

Monday 22 April 2013

နွေတမာန် ၏ အသံထွက်ဝတ္ထု- အလောင်းအမြွာ

နွေတမာန်

အလောင်းအမြွာ

အသံထွက်ဝတ္ထု


လောကတွင် ဖြစ်တောင့်ဖြစ်ခဲကြုံတွေ့ရသည့်
ထူးဆန်းအံ့သြဖွယ် ဖြစ်ရပ်တစ်ခုကို
ရေးသားထားသည့် ၀တ္ထုတစ်ပုဒ်ဖြစ်ပါသည်။
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။

Sunday 21 April 2013

ကြူးနှစ် ၏ အသံထွက်ဝတ္ထု- တိရစ္ဆာန်ရုံသို့အလည်သွားခြင်း

ကြူးနှစ်

တိရစ္ဆာန်ရုံသို့အလည်သွားခြင်း

အသံထွက်ဝတ္ထု


စာရေးဆရာကြူးနှစ်....၏ 
တိရိစ္ဆာန်ရုံသို့အလည်သွားခြင်း ..၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။

Saturday 20 April 2013

ပီမိုးနင်း ၏ အသံထွက်ဝတ္ထု- ယောကျာ်းအမှန်

ပီမိုးနင်း

ယောကျာ်းအမှန်

အသံထွက်ဝတ္ထု

စာရေးဆရာကြီး- ပီမိုးနင်း


စာရေးဆရာကြီး ပီမိုးနင်း..၏ ထင်ရှားသောဝတ္ထုတိုတစ်ပုဒ်ဖြစ်သည့်
ယောကျာ်းအမှန်... ၀တ္ထုတိုကို အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။
၁၉၃၂ခုနှစ်တွင်ရေးသားခဲ့သော ၀တ္ထုဖြစ်၍
ယခုအချိန်တွင် ဤ၀တ္ထုတို၏သက်တမ်းမှာ
နှစ်ပေါင်း(၈၀)ကျော်ပါပြီ။ 
အချိန်ကာလကြာမြင့်သော်လည်း
ဇာတ်လမ်းဖွဲ့စည်းပုံနှင့် အတွေးအခေါ်များမှာ
ခေတ်မီနေဆဲဖြစ်ကြောင်း နားဆင်လေ့လာခံစားနိုင်ပါသည်။

Friday 19 April 2013

နုနုရည်အင်းဝ..၏ အသံထွက်ဝတ္ထု- ရေပေါ်မှာလွှားပါလို့

နုနုရည်အင်းဝ

ရေပေါ်မှာလွှားပါလို့

အသံထွက်ဝတ္ထု

စာရေးဆရာမ နုနုရည်အင်းဝ
 
စာရေးဆရာမ နုနုရည်အင်းဝ...၏
၁၉၈၅ခုနှစ်၊ မတ်လထုတ်
ဒဂုန်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော
ရေပေါ်မှာလွှားပါလို့... ၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် စီစဉ်တင်ဆက်လိုက်ပါသည်။
စီစဉ်တင်ဆက်သူ နှင့် နောက်ခံအသံ- နွေတမာန်

Wednesday 17 April 2013

မောင်ထင်..၏ အသံထွက်ဝတ္ထု- အမိန့်တော်ရမင်းအကြောင်း

မောင်ထင်

အမိန့်တော်ရမင်းအကြောင်း

အသံထွက်ဝတ္ထု
စာရေးဆရာကြီးမောင်ထင်

စာရေးဆရာကြီး မောင်ထင်..၏
အမိန့်တော်ရမင်းအကြောင်း.... ၀တ္ထုတိုအား
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။
ဆရာကြီးမောင်ထင်....၏
လူကြီးများဖတ်ဖို့ပုံပြင်...အမည်ဖြင့် ရေးသားခဲ့သော
သရော်စာများထဲမှ တစ်ပုဒ်ဖြစ်ပါသည်။
စီစဉ်တင်ဆက်သူနှင့်နောက်ခံအသံ- နွေတမာန်

Friday 15 March 2013

စိုးရယ် ၏ အသံထွက်ဝတ္ထု- ဘဏ္ဍာစိုး

စိုးရယ်

ဘဏ္ဍာစိုး

  စာရေးဆရာ စိုးရယ်


 
စာရေးဆရာ စိုးရယ်...၏ 
၁၉၉၄ခုနှစ်၊ နိုဝင်ဘာလထုတ် .. မြားနတ်မောင်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော
ဘဏ္ဍာစိုး...၀တ္ထုတိုအား
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။

မှတ်ချက်။   ။ ဤ၀တ္ထုတွင်ပါဝင်သော ကုန်ဈေးနှုန်းနှင့် ငွေကြေးသတ်မှတ်ချက်များမှာ
ဝတ္ထုဖော်ပြခဲ့သော  ၁၉၉၄ခုနှစ်ကာလက... အခြေအနေများအတိုင်း
 ဖော်ပြထားခြင်းဖြစ်ပါသည်။

Tuesday 12 March 2013

နေနော်၏အသံထွက်ဝတ္ထု- ကြောင်ခံတွင်းပျက်ရဲ့တောင်ပံကျိုးအရက်

နေနော်

ကြောင်ခံတွင်းပျက်ရဲ့တောင်ပံကျိုးအရက်

 စာရေးဆရာ နေနော်

 စာရေးဆရာ နေနော်၏
ကြောင်ခံတွင်းပျက်ရဲ့တောင်ပံကျိုးအရက်
ဝတ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။

Sunday 10 March 2013

မောင်ညိုအေး(ပန်းတော)၏ အသံထွက်ဝတ္ထု- ကြိုက်မရှက် ငတ်မရှက်

မောင်ညိုအေး(ပန်းတော)

ကြိုက်မရှက် ငတ်မရှက်

စာရေးဆရာ မောင်ညိုအေး(ပန်းတော)


စာရေးဆရာ မောင်ညိုအေး(ပန်းတော)၏
ကြိုက်မရှက် ငတ်မရှက်... ၀တ္ထုတိုအား
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။
စာရေးဆရာကိုယ်တိုင်
နိုင်ငံရေးအကျဉ်းသားအဖြစ်
 ထောင်နန်းစံခဲ့ရစဉ်က အတွေ့အကြုံတစ်ခုကို
ပြန်ပြောင်းအောင်းမေ့ ရေးသားထားခြင်းဖြစ်ပါသည်။
 
စီစဉ်တင်ဆက်သူနှင့် နောက်ခံအသံ- နွေတမာန်

Friday 8 March 2013

မောင်လှမျိုး(ချင်းချောင်းခြံ)၏ အသံထွက်ဝတ္ထု- မြေညီထပ်

မောင်လှမျိုး(ချင်းချောင်းခြံ)

 မြေညီထပ်

စာရေးဆရာ မောင်လှမျိုး(ချင်းချောင်းခြံ)

စာရေးဆရာ မောင်လှမျိုး(ချင်းချောင်းခြံ)၏
မြေညီထပ် ၀တ္ထုတိုကို 
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။
၂၀၁၃ခုနှစ်၊ မတ်လထုတ်... နရသိန်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ၀တ္ထုတိုဖြစ်ပါသည်။

Wednesday 27 February 2013

ဆောင်းလုလင်- အိပ်မက်အတူမက်သူများ (လုံးချင်းဝတ္ထု)

ဆောင်းလုလင်

အိပ်မက်အတူမက်သူများ

 

 ဆောင်းလုလင်

 

အိပ်မက်အတူမက်သူများ... လုံးချင်းဝတ္ထုကို

 

၈အုပ်မြောက်လုံးချင်းဝတ္ထုအဖြစ် 

 

၂၀၀၆ခုနှစ်၊ စက်တင်ဘာလတွင်

 

လောကနတ်စာပေမှ ထုတ်ဝေခဲ့ပါသည်။ 

 

မျက်နှာဖုံးပန်းချီ- ကျော်ပိုင်

 

 

Monday 25 February 2013

နေ၀င်းမြင့်၏အသံထွက်ဝတ္ထု- မြစ်ဆိပ်ရဲ့သီချင်း

အသံထွက်ဝတ္ထု

နေ၀င်းမြင့်

မြစ်ဆိပ်ရဲ့သီချင်း

 စာရေးဆရာ နေ၀င်းမြင့်


ဆရာနေ၀င်းမြင့်ရဲ့ မြစ်ဆိပ်ရဲ့သီချင်းအမည်ရှိ ၀တ္ထုတိုကို 
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါတယ်။

၁၉၉၀ပြည့်နှစ်၊ ဧပြီလထုတ်၊ 
ရင်ခုန်ပွင့်မဂ္ဂဇင်းထဲက ၀တ္ထုတိုလေးတစ်ပုဒ်ဖြစ်ပါတယ်။

စီစဉ်တင်ဆက်သူ - နွေတမာန်
နောက်ခံအသံ - နွေတမာန်

Friday 22 February 2013

ဆောင်းလုလင်- ခေတ်သစ်စုန်းမ (သိပ္ပံဝတ္ထုတို)

ဆောင်းလုလင်

ခေတ်သစ်စုန်းမ

သိပ္ပံဝတ္ထုတို


အပြည်ပြည်ဆိုင်ရာတရားရုံးအထိ တက်လာသော ထူးခြားဆန်းကြယ်လှသည့် အမှုတွဲအတွက် အပြည်ပြည်ဆိုင်ရာ တရားသူကြီးအဖွဲ့ဥက္ကဌ မစ္စတာဝေါလေ့စ်တစ်ယောက် အကြီးအကျယ် ဦးနှောက် ချောက်နေရလေသည်။ မစ္စတာဝေါလေ့စ် တစ်ဦးတည်းသာမဟုတ်၊ တရားသူကြီးအဖွဲ့ဝင်အားလုံးနှင့် တရားရုံးဝန်ထမ်းများအားလုံးပင် မကြုံစဖူးထူးကဲလှသော ဆန်းကြယ်သည့် အမှုတွဲအတွက် ရင်ခုန် ထိတ်လန့်လျက်ရှိပေသည်။ 
အမှုတွဲကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးနှင့်တကွ ကမ္ဘာ့အဆင့် ရှိအဖွဲ့အစည်းများ၊ သမ္မတ၊ ဝန်ကြီးချုပ်ကဲ့သို့သော နိုင်ငံအသီးသီးမှ ခေါင်းဆောင်များအားလုံးကလည်း စိတ်ဝင်စားလျက်ရှိပေသည်။ အပြည်ပြည်ဆိုင်ရာ တရားသူကြီးအဖွဲ့အနေဖြင့် ယင်းအမှုတွဲကို မည်သို့အမိန့်ချမှတ်မည်ကိုလည်း ကမ္ဘာ့ လူထုတစ်ရပ်လုံးက မျက်လုံးဒေါက်ထောက် ကြည့်နေကြ၏။ 
အမှုတွဲမှာ အပြည်ပြည်ဆိုင်ရာတရားရုံးသို့ရောက်လာရာတွင် လာရိုးလာစဉ်အတိုင်းမဟုတ်ဘဲ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အဆင့်မြင့် ပညာသည်များအဖွဲ့မှ တရားခံကို အမျိုးမျိုးစမ်းသပ်စစ်ဆေး ပြီးမှ တရားရုံးသို့ လွှဲအပ်လိုက်ခြင်း ဖြစ်လေသည်။ သို့ဖြစ်၍ မစ္စတာဝေါလေ့စ်အနေဖြင့် တရားခံအား အပြစ်ပေးရာတွင် လက်လွတ်စပယ်ပြုလုပ်၍ရမည်မဟုတ်ပေ။ မိမိ၏အဖွဲ့ဝင်များနှင့် အပြန်အလှန်ညှိနှိုင်း ဆွေးနွေးကာ တရားမျှတ၍ ကမ္ဘာ့လူထုတစ်ခုလုံး လက်ခံနိုင်သော ပြစ်ဒဏ်မျိုးကိုချမှတ်မှသာ သင့်လျော် ပေလိမ့်မည်။ 
ဥက္ကဌမစ္စတာဝေါလေ့စ်ခေါင်းဆောင်သော အပြည်ပြည်ဆိုင်ရာတရားသူကြီးအဖွဲ့သည် အကိုးအ ကားအဖြစ် စီရင်ထုံးများ၊ ကျမ်းကိုးများကို မရရအောင် ရှာဖွေခဲ့ရသည်။ ယခုကြုံတွေ့နေရသော အမှုတွဲမျိုးမှာ နှစ်ပေါင်းငါးရာအတွင်း၌ ပေါ်ပေါက်ဖူးခြင်း မရှိပါ၍ ကျမ်းကိုးပြုစရာ အချက်အလက်များကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပါပေ။ 
ယင်းသို့ဖြင့် အမှုတွဲမှာ မပြတ်ဘဲ သုံးနှစ်ခန့်ကြာသွားရလေသည်။ 
နိုင်ငံပေါင်းစုံ၏ တရားစီရင်မှုသမိုင်းကြောင်းကို နှစ်ပေါင်းတစ်ထောင်အထိ နောက်ကြောင်းပြန် လေ့လာသည့်အခါမှပင် ၁၈ ရာစုမှ ၂၀ ရာစုအတွင်း ပေါ်ပေါက်ခဲ့သော အမှုတွဲအချို့တွင် အလားတူ အမှုမျိုးကို တွေ့ရှိရလေတော့သည်။ 
ထိုခေတ်ဟောင်းကာလများတုံးက ယခုကဲ့သို့သောတရားခံမျိုးအား အများလူထုရှေ့မှောက်တွင် မီးရှို့သတ်ဖြတ်ခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံးကို မြေတွင်မြှုပ်ကာ ဦးခေါင်းတစ်ခုသာဖော်ထားလျက် လူ အများက သေသည်အထိ ဦးခေါင်းအား ခဲများဖြင့် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခြင်း စသည်ဖြင့် အပြစ်ပေးခဲ့ ကြောင်းကို တွေ့ရလေသည်။ 
ထိုအပြစ်ပေးနည်းများမှာ အနောက်နိုင်ငံများမှ အပြစ်ပေးနည်းများဖြစ်ပြီး အရှေ့တိုင်းနိုင်ငံတစ်ခု ဖြစ်သော မြန်မာနိုင်ငံ၌မူ ညင်သာပျော့ပျောင်းသောနည်းဖြင့်သာ အပြစ်ပေးခဲ့ကြောင်း တွေ့ရလေသည်။ 
မြန်မာနိုင်ငံတွင် ယခုကဲ့သို့ပြစ်မှုမျိုးကို ကျူးလွန်သည်ဟု ယူဆရသူများအား လူနေရပ်ရွာ၏ ပြင်ပသို့နှင်ထုတ်ခြင်းဖြင့် ပြစ်ဒဏ်ခတ်ခဲ့ကြလေသည်။ (ကျေးလက်တောရွာများ၌ ရွာထဲတွင် မနေထိုင် စေဘဲ ရွာပြင်နှင်ထုတ်ကာ အပြစ်ပေးခြင်းမျိုး၊ တရားခံအား မခေါ်မပြော မဆက်ဆံဘဲ ပ-ထားခြင်းမျိုး ဖြစ်ပေသည်။)