Friday 28 September 2012

နေနဲ့လကို ချည်တဲ့ကြိုး

နေနဲ့လကို ချည်တဲ့ကြိုး

စာရေးဆရာ နွေတမာန် ရေးသားသည့် 
နေနဲ့လကိုချည်တဲ့ကြိုး ၀တ္ထုအား ရိုက်ကူးထားသော
ဗီဒီယိုဇာတ်ကားဖြစ်ပါသည်။



မာန်ထက်ချီဗီဒီယိုထုတ်လုပ်ရေး
ဇာတ်ညွန်း- ဇော်ဇင်
ဒါရိုက်တာ- နေပိုင်
ဟိန်းဝေယံ၊ ရဲအောင်၊ ထွန်းအိန္ဒြာဗို၊ စိုးပြည့်သဇင်
အောင်ခိုင်၊ ခင်မို့မို့အေး၊ ခင်သန်းဝင်း

Wednesday 26 September 2012

ပုညခင် ၏ အသံထွက်ဝတ္ထု

ပုညခင်
မင်းယုံကြည်မှုတွေ ငါ့ပေးပါ
စာရေးဆရာမ ပုညခင်



စာရေးဆရာမ ပုညခင် ၏
မင်းယုံကြည်မှုတွေ ငါ့ပေးပါ... အမည်ရှိ ၀တ္ထုတိုအား
အသံထွက်ဝတ္ထုအဖြစ် ဖန်တီးတင်ဆက်လိုက်ပါသည်။
စီစဉ်တင်ဆက်သူ - နွေတမာန်
နောက်ခံအသံ - နွေတမာန်

Tuesday 25 September 2012

ခင်ဆွေဦး ၏ အသံထွက်ဝတ္ထု

ခင်ဆွေဦး
ရွေအမှိုက် ငွေအမှိုက်
စာရေးဆရာမကြီး ခင်ဆွေဦး


စာရေးဆရာမ ခင်ဆွေဦး ၏
ရွှေအမှိုက် ငွေအမှိုက်-အမည်ရှိ
ရုပ်ရှင်လာကနောက်ခံ ၀တ္ထုတိုအား
အသံထွက်ဝတ္ထုအဖြစ် ဖန်တီးထားခြင်းဖြစ်ပါသည်။
စီစဉ်တင်ဆက်သူ - နွေတမာန်
နောက်ခံအသံ - နွေတမာန်

Monday 24 September 2012

ဝဿန်စာမူပြိုင်ပွဲဆုရ၀တ္ထု

ဝဿန်စာမူပြိုင်ပွဲဆုရ၀တ္ထု
ဆောင်းလုလင်
မိုက်တယ်ဆိုတာ ဒီလိုလား

၂၀၁၂ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့မှ (၉)ရက်နေ့အထိ
ရန်ကုန်မြို့၊ မဟာသန္တိသုခကျောင်းတိုက်တွင် ကျင်းပခဲ့သော
ဝဿန်ရုပ်ရှင်ပြိုင်ပွဲတွင်
စာမူပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပခဲ့ပါသည်။
အဆိုပါစာမူပြိုင်ပွဲတွင်
ဆောင်းလုလင် ရေးသားသော
မိုက်တယ်ဆိုတာ ဒီလိုလား .... အမည်ရှိ
ဝတ္ထုတိုအား အကောင်းဆုံးဝတ္ထုတိုအဖြစ် ဆုချီးမြှင့်ခဲ့ပါသည်။

ဝဿန်ရုပ်ရှင်ပွဲတော်တာဝန်ခံ Mr. Christoph Amthor မှ 
စာရေးဆရာဆောင်းလုလင်အား ဆုချီးမြှင့်စဉ်
 

Saturday 22 September 2012

အောင်လင်း၏ အသံထွက်ဝတ္ထု

အောင်လင်း
ဈေးသည်မလှလှလေး


၁၉၅၉ခုနှစ်၊ စက်တင်ဘာလထုတ်
သက်လျာမဂ္ဂဇင်းတွင်ဖော်ပြခဲ့သော
စာရေးဆရာအောင်လင်း ၏
ဈေးသည်မလှလှလေး .. ၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။
စီစဉ်တင်ဆက်သူ- နွေတမာန်
နောက်ခံအသံ- နွေတမာန်

Tuesday 18 September 2012

နွေတမာန်- စိတ်၏စေရာ (၀တ္ထုတို)



နွေတမာန်
စိတ်၏စေရာ

အမေရန်ကုန်သို့လာသည့်အခါတိုင်း … ကျွန်တော်တို့မြို့မှ သတင်းများ၊ နောက်ဆုံးအဖြစ်အပျက်များကို ပြောပြတတ်ပါသည်။ အများအားဖြင့် ကျွန်တော်တို့နေထိုင်ရာရပ်ကွက်ထဲက လူများအကြောင်းဖြစ်ပါသည်။ ဘယ်သူဘယ်ဝါဖြင့် ကွယ်လွန်သွားပြီ၊ ဘယ်သူနဲ့ဘယ်သူအိမ်ထောင်ကျတယ်၊ ဘယ်လင်မယားဖြင့်ကွဲသွားကြပြီဆိုသည့်အကြောင်းများပင်။
သူငယ်ချင်းများအကြောင်း၊ ငယ်ပေါင်းကြီးဖော်များအကြောင်း၊ တစ်ရပ်တည်းနေသူများအကြောင်းတွေကို သိခွင့်ရသည့်အတွက် အဘိုးတန် လှပါသည်။ တကယ်တော့ နယ်မြို့ကလေး၏ရပ်ကွက်တစ်ခုမှ သာမန်လူတန်း စားများအကြောင်းကို ယခုလို နေရင်းဒေသက လူကြုံကပြောပြမှသာ သိခွင့်ရတတ်မြဲဖြစ်သည်။
သည်တစ်ခေါက် အမေရန်ကုန်ကိုရောက်လာတော့ ရောက်သည့်ညမှာပင် နာရေးသတင်းတစ်ခုကိုပြောပြသည်။
]]မသိန်းမြိုင်တစ်ယောက်တော့ ဆုံးသွားရှာပြီသားရေ}}
]]ဗျာ- မသိန်းမြိုင်၊ ကျော်ဟိန်းမယားမသိန်းမြိုင်လား အမေ}}
]]အေးပေါ့ကွယ်၊ ဘယ်သူရှိရဦးမှာလဲ၊ ကျော်ဟိန်းမယားမသိန်းမြိုင်ပေါ့ကွဲ့}}

ဆောင်းလုလင်- ကိုရေချမ်းနဲ့ မပန်းရုံ (မဂ္ဂဇင်းဝတ္ထုရှည်)



ဆောင်းလုလင်
ကိုရေချမ်း နဲ့ မပန်းရုံ

ကိုရေအေးကို ဦးနှောက်မူမမှန်သူဟု တစ်ရွာလုံးက သတ်မှတ်ကြသည်။
ကိုရေအေးသည် ညနေစောင်းသည်နှင့် ရွာအနောက်ဖက် ထိပ်ရှိ ကုန်းမြင့်နဘေးမှ ထနောင်းပင်ကြီးအောက်သို့ ရောက်လာ တတ်ကာ ထနောင်းပင်အောက်ရှိ ရေချမ်းစင်ဘေးက သစ်သားခုံ တန်းလျားလေးပေါ်တွင် လာထိုင်နေတတ်သည်။
ထိုနေရာတွင် တောင်ကုန်းလေးတစ်ခုရှိကာ တောင်ကုန်း ပေါ်၌ လွမ်းစေတီဆိုသော ထုံးစေတီလေးတစ်ဆူလည်းရှိလေ၏။ ထနောင်းကုန်းရွာ၏ လူသူအရောက်အပေါက်နည်းသော အပိုင်း လည်းဖြစ်လေသည်။ ထနောင်းကုန်းသည် အရှေ့၊တောင်၊မြောက် ဖက်တို့မှဝင်လာနိုင်သော ရိုးမတောင်ခြေရှိ စည်ကားသောရွာကြီး တစ်ရွာဖြစ်ပါသည်။
ရွာ၏အနောက်ဖက်မှာမူ ထူထပ်သောသစ်တောအုပ်သာ ရှိသဖြင့် လူနေမြို့ရွာတို့မရှိပေ။ ထို့ကြောင့် အနောက်ဖက်တော တန်းသည် လူသူအရောက်အပေါက်နည်းသည့်a’သဖြစ်နေရခြင်း ဖြစ်ပါသည်။
မည်သို့ဆိုစေ တောင်ကုန်းလေးပေါ်မှ လွမ်းစေတီလေး နှင့် တောင်ခြေမှ ထနောင်းပင်ကြီးတို့ရှုခင်းမှာမူ လွမ်းမောဖွယ် ကောင်းလှပါပေသည်။

ဆောင်းလုလင်- ဂယောင်ချောက်ချား ည (မဂ္ဂဇင်းဝတ္ထုရှည်)



ဆောင်းလုလင်

ကယောင်ချောက်ချား ည

မြို့ကလေးသို့ လာရောက်စဉ်က ကျွန်မဘ၀အတွက် ထိတ်လန့်ချောက်ချားဖွယ် အကောင်းဆုံးဖြစ်ရပ်တစ်ခုနှင့်ကြုံဆုံရမည်ဟု မထင်မှတ်ခဲ့မိပါပေ။
ကျွန်မသည် ကျွန်မတို့ကုမ္ပဏီမှဆောက်လုပ်ရန် ကန်ထရိုက်ရထားသည့် အဆောက်အဦးအတွက် သစ်များရရှိရန်ကိစ္စဖြင့် သည်မြို့ကလေးသို့ရောက်ရှိခဲ့ရခြင်းဖြစ်ပါသည်။
မြို့ကလေးမှာ နယ်ခြားမြို့ကလေးပီသစွာပင် တောမက မြို့မကျဟု ဆိုရပေမည်။ မဝေး လှသောနယ်ခြားမျဉ်းကိုကျော်လျှင် တစ်ဖက်နိုင်ငံ၏သာယာလှပသောမြို့ကိုရောက်နိုင်သော်လည်း ဤမှာဖက်ခြမ်းရှိမြို့ကလေးမှာမူ.. အေးချမ်း၍ တိတ်ဆိတ်ငြိမ်သက်လှပေသည်။
ကျွန်မက ကားပေါ်မှဆင်းဆင်းချင်း တက္ကစီတစ်စီးကိုငှားလိုက်ကာ တည်းခိုခန်းသန့်သန့် တစ်ခုသို့ပို့ပေးရန်ပြောလိုက်သည်။
]ဒီမြို့မှာ တည်းခိုခန်းနှစ်ခုပဲရှိတယ်၊ ဆရာမကို ပိုသန့်တဲ့တည်းခိုခန်းကို ပို့ပေးပါ့မယ်}
တက္ကစီသမားက ခြေငံစွာပင်ပြန်ပြောကာ ဤတည်းခိုခန်းသို့ ကျွန်မကိုပို့ပေးခဲ့ခြင်းဖြစ်ပါသည်။
]လမင်းသာတည်းခိုခန်း}
တည်းခိုခန်းအမည်လေးကတော့ နှစ်လိုဖွယ်ကောင်းလှပေသည်။ တည်းခိုခန်းလေးမှာ ခြံဝင်း ထဲ၌ဆောက်လုပ်ထားပြီး နှစ်ထပ်ဖြစ်ပေသည်။ ရှေ့နှင့်နောက်ကို ရှည်လျားစွာဆောက်လုပ်ထားပေ၏။ ခြံဝင်းထဲ၌ လူနေတစ်ထပ်အိမ်တစ်လုံးကို ခြံနောက်ဖက်ခပ်ကျကျတွင်မြင်ရခြင်းအားဖြင့် ပိုင်ရှင်များ ကတော့ ထိုအိမ်လေးတွင် နေပုံရပေသည်။

ဆောင်းလုလင်- မာယာရှင်ဝိညာဉ်မ (မဂ္ဂဇင်းဝတ္ထုရှည်)



ဆောင်းလုလင်
မာယာရှင်ဝိညာဉ်မ

ဖိုးသာအောင်တို့ယာတောမှ စိုင်းဇော်ဇော် ကားမောင်း၍ပြန်လာချိန်မှာ နေဝင်ရီတရောအချိန်ဖြစ်သည်။ ထိုအချိန်တွင် စိုင်းဇော်ဇော်၏ထုံးစံအတိုင်း ယမကာတန်ခိုးဖြင့် မူးယစ်နေပြီဖြစ်သည်။
ဖိုးသာအောင်က ယာတောထိပ်ကလမ်းမပေါ်အထိ လိုက်ပို့ရင်းမှ နှုတ်ဆက်စကားပြောလိုက်သည်။
]]သူငယ်ချင်း ဖိုးဇော်၊ ဖြောင့်ဖြောင့်တန်းတန်း မောင်းပြန်နော်။ လမ်းမှာ ဟိုဝင်ဒီထွက် လုပ်မနေနဲ့}}
]]အေးပါကွာ၊ လမ်းမကြီးကလည်း ဖြောင့်ဖြူးနေတာပါ။ ငါအရက်မူး ပေမဲ့ ဘယ်တုန်းကများ မှားဖူးလို့လဲ၊ စိတ်ချပါ၊ သွားမယ်သူငယ်ချင်း}}
စိုင်းဇော်ဇော်က ဖိုးသာအောင်ကို နှုတ်ဆက်ကာ ကားကို မောင်းထွက်ခဲ့လေသည်။ စိုင်းဇော်ဇော်ပြောသလိုပင် ကားလမ်းမကြီးက ဖြူးဖြောင့်နေ ပါသည်။ ဖိုးသာအောင်တို့ရွာမှာ ရွာဆိုသော်လည်း မြို့နှင့်ဆယ်မိုင်မျှသာ လှမ်းသည်။ အလှမ်းမဝေးသလို လမ်းခရီးကလည်း သာယာပါသည်။ ဆည် မြောင်းဌာနမှ ဖောက်လုပ်ထားသော တူးမြောင်းရှည်ကြီးက ဖိုးသာအောင်တို့ ရွာကို ဖြတ်သွားသောကြောင့် တူးမြောင်းဘေးမှကပ်လျက် ဖောက်လုပ်ထား သော ကျောက်ကြမ်းလမ်းမှာ ညီညာရုံမက ဖြောင့်ဖြူးလှပေသည်။ တူးမြောင်း ကြီးမှာ ဆည်ကြီးဆီမှ ဆွယ်ထားသော ရေမြောင်းကြီးဖြစ်ပြီး ပတ်ဝန်းကျင်ရွာ အားလုံးရှိ လယ်ကွင်းများ ယာတောများဆီသို့ ရေများ ပို့လွှတ်ပေးလေ သည်။

Sunday 16 September 2012

စိုးအောင်(မန္တလေး)၏ အသံထွက်ဝတ္ထု

စိုးအောင်(မန္တလေး)
နှောင်ကြိုးမဲ့ခရီး
စာရေးဆရာ စိုးအောင်(မန္တလေး)



ထူးခြားတဲ့တင်ပြပုံနဲ့ ရေးဖွဲ့ထားတဲ့ 
စာရေးဆရာ စိုးအောင်(မန္တလေး)ရဲ့ ၀တ္ထုတိုလေးကို
အသံထွက်ဝတ္ထုအဖြစ် ဖန်တီးထားပါတယ်။
စီစဉ်တင်ဆက်သူ- နွေတမာန်
နောက်ခံအသံ- နွေတမာန်

Thursday 13 September 2012

ဆောင်းလုလင် - အပွင့်ပေါ်အရွက်ဖုံးပါလို့ (၀တ္ထုတို)

ဆောင်းလုလင်
အပွင့်ပေါ်အရွက်ဖုံးပါလို့

ယခုဖော်ပြသည့် ၀တ္ထုတိုလေးမှာ 
ထိုင်းနိုင်ငံမှ မြန်မာဘာသာဖြင့်ထုတ်ဝေသော
ကာလာရိမ်းဘိုးမဂ္ဂဇင်း Colours Rainbow Magazine တွင်
ဖော်ပြပါရှိခဲ့သော ၀တ္ထုတိုဖြစ်ပါသည်။


အပွင့်ပေါ် အရွက်ဖုံးပါလို့
by www.coloursrainbow.com on Thursday, 10 November 2011 at 19:31
 

“ပထမတော့ ဆရာနဲ့တပည့် ရိုးရိုးခင်မင်ကြ၊  
သံယောဇဉ်တွယ်ကြတယ် ထင်မိတာ မြရယ်၊
အရွယ်ချင်းကလည်း သားအဖ အရွယ်လေ၊
ကျွန်မလည်း ဘယ်ထင်မလဲ၊
ကိုကြည်မောင်က ကောင်မလေးကို
ခေါ်တော့လည်း သမီးတဲ့၊ အခုလို
ဗိုက်ထွက်လာပြီဆိုမှ သူတို့အကြောင်းကို
ကျွန်မ သိရတော့တာ၊
ကျွန်မကိုယ်က အ,တာပါလေ”


မျက်ရည်စက်လက်နဲ့ ပြောပြနေတဲ့ မခင်ဝေ စကားတွေကို နားထောင်ရင်း မမြသွေး သက်ပြင်းချမိ တယ်။
မခင်ဝေ့ယောက်ျား ကိုကြည်မောင့်အသက်က ငါးဆယ်နီးနေပါပြီ။ ကိုကြည်မောင်က ကုမ္ပဏီတစ်ခုက မန်နေဂျာပါ။ ကလျာဆိုတာ ကိုကြည်မောင့်ရဲ့ ပီအေခေါ် စက္ကထရီခါ် အနီးကပ်နေရတဲ့ ကိုယ်ရေး အတွင်းရေးမှူးပေါ့။ ကောင်မလေးက ၂ဝ ကျော်ရုံလေး။

Monday 10 September 2012

ကမ္ဘာတုန်တဲ့ည ဗီဒီယိုဇာတ်ကား

နွေတမာန်-၏ ကမ္ဘာတုန်တဲ့ည ၀တ္ထုအား 
မာန်ထက်ချီဗီဒီယိုထုတ်လုပ်ရေးမှ
ဗီဒီယိုဇာတ်ကား ရိုက်ကူးခဲ့ပါသည်။
ဒါရိုက်တာ နေပိုင်
ဇာတ်ညွှန်း ဇော်ဇင်
ပါဝင်သရုပ်ဆောင်သူများ
ဟိန်းဝေယံ၊ သက်မွန်မြင့်၊ မေသန်းနု၊ ဇော်ဝမ်း
အောင်ခိုင်၊ ၀ါဝါအောင်၊ ဒေါ်ခင်သန်းဝင်း


Thursday 6 September 2012

ဆောင်းလုလင်- ရင်ခွင်ဝေးမှတ်စု (၀တ္ထုတို)



ဆောင်း လု လင်
ရင်ခွင်ဝေးမှတ်စု

တူကိုကိုင်ထားတဲ့ကျွန်မလက်တွေဟာတုန်လှုပ်နေတယ်၊
သူကတော့ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်လို့ပါပဲ။ ကျွန်မ ဆုံးဖြတ်ထားတဲ့အတိုင်း သူ့ခေါင်းကို တူနဲ့ထုချလိုက်ရမလား။
အိပ်ပျော်နေသူတစ်ယောက်ကို တစ်ဖက်သတ်အနိုင်ယူပြီး သတ်ပစ်ရမှာတော့ မတရားလှပါဘူး။ ပြီးတော့ ကျွန်မသတ်ပစ် ဖို့ကြံစည်နေတဲ့သူက ကျွန်မခင်ပွန်း၊ကျွန်မယောက်ျားဖြစ်နေပြန်တယ်။
ကျွန်မဟာ တုန်လှုပ်တဲ့လက်တွေနဲ့ တူကြီးကိုကိုင်ရင်း ဇဝေဇဝါနဲ့ စိတ်တွေချောက်ချားနေမိပါတော့တယ်။
နောက်ဆုံးတော့ နာကျည်းစိတ်နဲ့ဒေါသတွေကတွန်းပို့ လို့ ကျွန်မဟာ ဆုံးဖြတ်ချက်ကို ရုတ်တရက်ချလိုက်ပါတော့တယ်။ သူ ကျွန်မအပေါ်မှာရက်စက်ခဲ့တာတွေများပြီ။ ဒါကို ကျွန်မ ဆက်သည်းမခံနိုင်တော့ဘူး။ ဒီစိတ်ဝေဒနာတွေကရုန်းထွက်ဖို့ဟာ တစ်နည်းပဲရှိတော့တယ်။ အဲဒါကတော့ သူ လူအဖြစ်အ သက်ဆက်ရှင်မနေဖို့ပဲ။
စိတ်နာကျည်းဖွယ်သူ့လုပ်ရပ်တွေကို ပြန်တွေးမိတော့ ကျွန်မရဲ့ဆုံးဖြတ်ချက်ဟာ ပီပြင်သွားပါပြီ။
ကျွန်မဟာ တူကိုင်ထားတဲ့လက်ကိုမြှောက်လိုက်တယ်။
လေးလံလှတဲ့တူကြီးကို လက်နှစ်ဖက်အားစိုက်မရင်းက အိပ်နေတဲ့ သူ့ဦးခေါင်းကို မျက်စိစုံမှိတ်လို့ အားရပါးရထုချလိုက် ပါတော့တယ်။
အို.. သူ အော်တောင်မအော်နိုင်တော့ပါလား။
ကျွန်မလေ.. သူ့ခေါင်းကို တူနဲ့အဆက်မပြတ်ထုပစ် လိုက်တယ်။ တစ်ချက်ပြီးတစ်ချက်၊ တစ်ချက်ပြီးတစ်ချက်၊ ဆက် တိုက်-ဆက်တိုက်ပဲပေါ့။
အိပ်ပျော်နေတဲ့သူဟာ ဘယ်လိုမှတောင် မတုန့်ပြန်နိုင်ခဲ့ ပါဘူး။ သူ့ကိုယ်သူဘာဖြစ်သွားတောင် သိလိုက်ရဲ့လားမသိ။
သွေးတွေဟာ ကြမ်းပြင်ပေါ်မှာမြင်မကောင်းအောင် စီးကျ နေတော့တယ်။ ဦးခေါင်းခွံထဲက ဦးနှောက်တွေဟာ ဖွေးကနဲထွက် ကျလာတယ်။
သုံးလေးခါလောက် ဆန့်ငင်-ဆန့်ငင်အကြောလိုက်ပြီး နောက်မှာ ငြိမ်သက်သွားပါတော့တယ်။
အို..သူသေပြီပေါ့၊ ကျွန်မချစ်တဲ့မောင်၊ ကျွန်မရဲ့ခင်ပွန်း၊ ကျွန်မလင်၊ ခုတော့ .. သူသေသွားရှာပြီ။
ကျွန်မ ရှိုက်ကြီးတငင်ငိုလိုက်မိတယ်။
သူသေသွားတဲ့အတွက် ဝမ်းနည်းမိသလို၊ ဝမ်းလည်းသာ မိပါတယ်။ သူ အရင်လို တခြားမိန်းမတွေနဲ့မရှုပ်နိုင်တော့ဘူး လေ။ ကျွန်မကိုပစ်ပြီး တခြားမိန်းမတွေနောက်ကိုလိုက်မသွားနိုင် တော့ဘူးလေ။ အိမ်မှန်မှန်ပြန်မလာတဲ့သူ့ကို စိတ်ဆင်းရဲစွာနဲ့ စောင့်မျှော်နေရတဲ့အဖြစ်မျိုး ကျွန်မကြုံရမှာမဟုတ်တော့ပါဘူး။ ဒီအတွက် ကျွန်မဝမ်းသာရမှာပေါ့။