Tuesday 18 September 2012

ဆောင်းလုလင်- ကိုရေချမ်းနဲ့ မပန်းရုံ (မဂ္ဂဇင်းဝတ္ထုရှည်)



ဆောင်းလုလင်
ကိုရေချမ်း နဲ့ မပန်းရုံ

ကိုရေအေးကို ဦးနှောက်မူမမှန်သူဟု တစ်ရွာလုံးက သတ်မှတ်ကြသည်။
ကိုရေအေးသည် ညနေစောင်းသည်နှင့် ရွာအနောက်ဖက် ထိပ်ရှိ ကုန်းမြင့်နဘေးမှ ထနောင်းပင်ကြီးအောက်သို့ ရောက်လာ တတ်ကာ ထနောင်းပင်အောက်ရှိ ရေချမ်းစင်ဘေးက သစ်သားခုံ တန်းလျားလေးပေါ်တွင် လာထိုင်နေတတ်သည်။
ထိုနေရာတွင် တောင်ကုန်းလေးတစ်ခုရှိကာ တောင်ကုန်း ပေါ်၌ လွမ်းစေတီဆိုသော ထုံးစေတီလေးတစ်ဆူလည်းရှိလေ၏။ ထနောင်းကုန်းရွာ၏ လူသူအရောက်အပေါက်နည်းသော အပိုင်း လည်းဖြစ်လေသည်။ ထနောင်းကုန်းသည် အရှေ့၊တောင်၊မြောက် ဖက်တို့မှဝင်လာနိုင်သော ရိုးမတောင်ခြေရှိ စည်ကားသောရွာကြီး တစ်ရွာဖြစ်ပါသည်။
ရွာ၏အနောက်ဖက်မှာမူ ထူထပ်သောသစ်တောအုပ်သာ ရှိသဖြင့် လူနေမြို့ရွာတို့မရှိပေ။ ထို့ကြောင့် အနောက်ဖက်တော တန်းသည် လူသူအရောက်အပေါက်နည်းသည့်a’သဖြစ်နေရခြင်း ဖြစ်ပါသည်။
မည်သို့ဆိုစေ တောင်ကုန်းလေးပေါ်မှ လွမ်းစေတီလေး နှင့် တောင်ခြေမှ ထနောင်းပင်ကြီးတို့ရှုခင်းမှာမူ လွမ်းမောဖွယ် ကောင်းလှပါပေသည်။

ကိုရေအေးသည် နေ့စဉ် ညနေချိန်ရောက်တိုင်း မပျက်မ ကွက်ပင် ထနောင်းပင်ကြီးအောက်သို့ရောက်လာမြဲဖြစ်သည်။ မိုး ရွာနေသည့်နေ့မျိုးမှာပင် ကိုရေအေးကား ထနောင်းပင်အောက်သို့ ရောက်လာတတ်လေ၏။
ကိုရေအေးသည် တစ်စုံတစ်ယောက်ကိုစောင့်မျှော်နေခြင်း ပင်ဖြစ်ပါ၏။ အခြားသူများအမြင်တွင် ကိုရေအေးလုပ်ရပ်ကို ရူး သွပ်မှုဟုသာမြင်ကြသည်။ ကိုရေအေးကတော့ သူမျှော်လင့်စောင့် စားနေသူသည် တစ်နေ့တွင် အမှန်တကယ်ရောက်လာမည်ဟုထင် နေရှာသည်။
ကိုရေအေးသည် မပန်းရုံကို စောင့်မျှော်နေပါသည်။
မပန်းရုံဆိုသူကား လွန်ခဲ့သော နှစ်ပေါင်း၅၈နှစ်အကြာက ပင် ကွယ်လွန်သွားပြီဖြစ်သော.. ကိုရေအေး၏ချစ်သူဖြစ်ပါသည်။ အတိအကျဆိုရလျှင် ကိုရေအေး၏ယခင်ဘ၀ဖြစ်သော ကိုရေချမ်း ဘ၀ကချစ်သူဖြစ်ပါ၏။
ကိုရေအေးကား ကွယ်လွန်ပြီးဖြစ်သော ယခင်ဘ၀ချစ်သူ ဟောင်းသည် သူရှိရာသို့မလွဲမသွေပြန်လာလိမ့်မည်ဟုပင်ယုံကြည် ထင်မှတ်နေရှာလေ၏။
ထို့ကြောင့် ယခုဘ၀တွင် အသက်၁၈နှစ်အရွယ်မှစတင် ကာ ဘ၀ဟောင်းမှချစ်သူပြန်အလာကို စောင့်မျှော်နေခြင်းဖြစ်လေ သည်။
တကယ်တော့ .. ကိုရေအေးအသက်သည်ပင် ယခုဆို လျှင် ၄၂နှစ်ပြည့်ခဲ့ပေပြီ။ ဦးရေအေးဘ၀ရောက်နေပါပြီ။
ကွယ်လွန်ပြီးဖြစ်သောဘ၀ဟောင်းကချစ်သူကို နှစ်ပေါင်း များစွာကြာအောင် စောင့်မျှော်နေသည့်ကိုရေအေးလုပ်ရပ်ကို တစ် ရွာလုံးက နားမလည်နိုင်အောင်ရှိကြသည်။ အများတကာက ကို ရေအေးကို ယဉ်ယဉ်လေးနှင့်ရူးနေသူဟုပင် သတ်မှတ်ကြလေ၏။
အဖြစ်အပျက်များ၏အစကား.. မြန်မာနိုင်ငံသို့ ဖက်ဆစ် ဂျပန်များဝင်ရောက်ကျူးကျော်သည့် ၁၉၄၅ခုနှစ်မှစတင်ခဲ့လေ၏။
+ + + + +
၁၉၄၅ခုနှစ်။
အင်္ဂလိပ်ကို တိုက်ထုတ်၍ ဂျပန်များ မြန်မာ့မြေပေါ်၌ သောင်းကျန်းနေသည့်အချိန်။ ဂျပန်တို့သည် အစပိုင်းတွင် မြန်မာ တို့ကို ကူညီမယောင်နှင့် တကယ်တန်းကျတော့ လွတ်လပ်ရေးအ တုကိုပေးကာ မြန်မာ့မြေပေါ်မှာနေ၍ မြန်မာလူမျိုးများကို စော် ကားမော်ကားပြုနေလေသည်။
မြန်မာမိန်းမပျိုများကိုခြေတော်တင်ခြင်း၊ မြန်မာမျိုးချစ်လူ ငယ်များကို နည်းလမ်းပေါင်းစုံသုံး၍ နှိပ်စက်ခြင်းများဖြင့် သောင်း ကျန်းချင်တိုင်းသောင်းကျန်းနေကြသည်။
မြန်မာမျိုးချစ်လူငယ်များလည်း ဂျပန်ကို ပြန်လည်တိုက် ထုတ်ရန် ရှိသမျှလူအင်အားဖြင့် စုရုံးကြံစည်နေကြသည့်အချိန်ဖြစ် ပါသည်။
ထနောင်းကုန်းရွာကြီးသည်လည်း မျိုးချစ်လူငယ်ပေါများ သော သူ့ကျွန်မခံလိုသည့် တိုင်းရင်းသားရွာကြီးတစ်ရွာဖြစ်ပေ၏။
ထနောင်းကုန်းရွာမှ မောင်ရေချမ်းသည်လည်း မျိုးချစ်မြန် မာသူရဲကောင်းတစ်ယောက်ဖြစ်ပေသည်။ မောင်ရေချမ်းသည် သူ ကဲ့သို့လူငယ်များကိုစုစည်းကာ မြို့ပေါ်မှ မြန်မာတပ်များဖြင့်ဆက် သွယ်ပြီး ဖက်ဆစ်ဂျပန်ကိုတိုက်ထုတ်ရာ၌ တစ်ဖက်တစ်လမ်းမှကူ ညီနေသူတစ်ဦးဖြစ်ပေသည်။
ထိုစဉ်က မောင်ရေချမ်းအသက်သည် ၂၀ခန့်ရှိနေပါပြီ။
မောင်ရေချမ်း၌ တစ်ရွာတည်းနေ သက်တူရွယ်တူ ချစ်ရ သူလည်းရှိနေသည်။ မပန်းရုံ..တဲ့။
မောင်ရေချမ်းနှင့်မပန်းရုံတို့ချစ်ခရီးသည် ဖြောင့်ဖြူးပြီးဖြစ် ပါသည်။ နိုင်ငံရေးတည်ငြိမ်လျှင်ဖြင့် ချစ်သူနှစ်ဦး သမားရိုးကျအိမ် ထောင်ထူကာ တောရွာသဘာဝ အေးချမ်းသာယာစွာ ပေါင်းဖော် သွားရုံသာရှိပေသည်။
တိုင်းတစ်ပါးသားများ၏ ကျူးကျော်စော်ကားမှုကို ခံပြင်း သောမောင်ရေချမ်းသည် မိမိကိုယ်ရေးကိုယ်တာကို ဘေးဖယ်ကာ တော်လှန်ရေးထဲ၌ပါဝင်ခြင်းဖြင့် အချစ်ရေးကိစ္စကို ဘေးဖယ်ထား လိုက်သည်။
မောင်ရေချမ်း၏မိဘများမှာ ထနောင်းကုန်းတွင် အချမ်း သာဆုံးစာရင်းဝင် လယ်ယာကိုင်းကျွန်းရှိသူများဖြစ်ပြီး၊ ကုန်စုံဆိုင် ကြီးနှင့် စီးပွားလမ်းဖြောင့်သောသူဌေးများဖြစ်ပေသည်။
မပန်းရုံတို့မိသားစုကတော့ ဆင်းရဲရှာကြပါသည်။ သားသ မီးဆို၍ မပန်းရုံတစ်ဦးတည်းရှိသော်ငြား ဖခင်ကြီးမှာ သူတစ်ပါး လယ်ယာတွင် သူရင်းငှားအဖြစ် ပင်ပန်းစွာလုပ်ကိုင်ရရှာသည်။ မိ ခင်ကြီးကလည်း အရွယ်နှင့်မလိုက်အောင် သူတစ်ပါးအိမ်များတွင် အဝတ်လျှော်၊မောင်းထောင်းစသည် ကူညီလုပ်ကိုင်ပေးရင်း တစ် ဝမ်းတစ်ခါးကိုကျောင်းနေရသူများဖြစ်ပေသည်။
သို့သော် မောင်ရေချမ်းမိဘများက သူတို့သားကို ဆင်းရဲ သောမပန်းရုံနှင့်ချစ်ကြိုက်နေသည့်အတွက် ငြိုငြင်ခြင်းမရှိခဲ့ပါပေ။ ဆင်းရဲသော်လည်း ရိုးသားသူများမို့ မောင်ရေချမ်းနှင့်မပန်းရုံကို သဘောတူကြပါသည်။
ချစ်သူနှစ်ဦး၏ချစ်ခရီးကား ထိုကဲ့သို့ ဖြောင့်ဖြူးသာယာ လျှက်ရှိပေ၏။
နိုင်ငံရေးမတည်ငြိမ်မှုကြောင့်နှင့် ဖက်ဆစ်တော်လှန်ရေး တွင်ပါဝင်နေသည့် မောင်ရေချမ်းတာဝန်များကြောင့် မပေါင်းသင်း နိုင်သေးပဲ အချိန်ဆွဲထားရခြင်းဖြစ်လေသည်။
ယင်းသို့ဖြင့် .. ၁၉၄၅ခုနှစ်ဦးပိုင်းတွင် ထနောင်းကုန်းရွာ သို့ ဂျပန်တပ်တစ်တပ်ရောက်ရှိလာလေသည်။
ဂျပန်တပ်ကို ဦးဆောင်ခေါ်ယူလာသူမှာ အခြားမဟုတ်။ ထနောင်းကုန်းရွာသားပင်ဖြစ်ပြီး ဂျပန်စကားလေး အနည်းငယ် တတ်၍ စကားပြန်လုပ်နေသော အလိုတော်ရိ အောင်ဘုစိန်-ဆို သူပင်ဖြစ်ပါသည်။
အောင်ဘုစိန်က ဂျပန်စစ်ဗိုလ်အား မျက်နှာလိုမျက်နှာရ လုပ်ကာ ထနောင်းကုန်း၌ လူငယ်များ ဂျပန်ကိုတိုက်ထုတ်ရန် ကြံ စည်နေကြောင်း၊ မြန်မာ့တပ်မတော်နှင့် အဆက်အသွယ်ပြုလုပ်နေ ကြကြောင်း သတင်းပေးကာ ခေါ်ယူလာခဲ့ခြင်းဖြစ်လေသည်။
ဂျပန်တပ်စိတ် ချီတက်လာသည်ကိုကြားသည်နှင့် မောင် ရေချမ်းနှင့် မျိုးချစ်လူငယ်တစ်သိုက်သည် တောထဲသို့ရှောင်တိမ်း နေရလေ၏။
ဂျပန်စစ်သားများလည်း ရွာအနောက်ဖက်ရှိ လွမ်းစေတီရှိ ရာတောင်ကုန်းအောက်မှ ဘုန်းကြီးကျောင်းဝင်းထဲတွင် စခန်းချ ကာ ရပ်နားကြလေသည်။
အောင်ဘုစိန်က ဂျပန်စစ်သားများအား မျိုးချစ်လူငယ် များနေအိမ်သို့လိုက်ပြသောအခါ..မျိုးချစ်လူငယ်များကို တစ်ဦးတ လေမှပင် မတွေ့ရချေ။ အောင်ဘုစိန်မျက်နှာပျက်လေပြီ။
]စိတ်မပူပါနဲ့မာစတာ၊ ‘Dကောင်တွေသတင်းကိုကျွန်တော် စုံစမ်းပါ့မယ်၊ ‘Dကောင်တွေကို ဖမ်းမိစေရပါမယ်မာစတာ}
အောင်ဘုစိန်က ဂျပန်စစ်ဗိုလ်အမျက်မသိုစေရန် မျက်နှာ ချိုသွေး၍ပြောလိုက်သည်။
ဂျပန်စစ်သားများသည် ရွာထဲသို့လှည့်ကာ အိမ်များတွင် မွေးထားသည့်ကြက်များကိုဆွဲယူခြင်း၊ မိန်းမပျိုများကိုထိကပါးရိက ပါးပြုလုပ်ခြင်းများဖြင့် ထင်တိုင်းကြဲနေသည်။ ရွာသားများမှာမူ ကြောက်ရွံ့သောကြောင့် ဘာမှမပြောသာပဲ ငုံ့ခံနေရ၏။ မည်သူ ကမှလည်း မပြောရဲပါ။ ဂျပန်စစ်သားများ၏ဆိုးဝါးရက်စက်မှုများ ကိုကြားဖူးထားသည်မို့ မျက်နှာကိုပင် စေ့စေ့ပြန်မကြည့်ရဲကြပေ။
ဂျပန်များသည် စိတ်မထင်လျှင် လူကိုလက်သည်းခွံခွာ ခြင်း၊ ရေနွေးပူလောင်းခြင်းများဖြင့် နှိပ်စက်တတ်ကြောင်းကို တစ် ရွာလုံးက ကြားဖူးကြပြီးဖြစ်ပေသည်။
မိန်းမပျိုများကိုလည်း မတရားကျင့် ခြေတော်တင်တတ် ကြောင်းကြားသိထားရ၍ မိန်းကလေးအရွယ်ကောင်းမှန်သမျှ အိမ် ပြင်မထွက်ရဲ၊ အသက်ပင်ပြင်းပြင်းမရှုရဲပဲ အိမ်ထဲ၌ပုန်းအောင်းနေ ရလေသည်။
သို့ဖြင့် .. ဂျပန်စစ်ဗိုလ်နှင့်စစ်သားများသည် အောင်ဘု စိန်လမ်းပြသောကြောင့် သူကြီးအိမ်သို့ရောက်သွားကြလေသည်။
သူကြီးအိမ်တွင် သူကြီးအားဆဲဆိုကြိမ်းမောင်းကာ ရွာမှ လူငယ်များ ဘယ်မှာပုန်းရှောင်နေသလဲဟုမေးလေသည်။ သူကြီး က မသိကြောင်းဖြေသည့်အခါ စစ်ဗိုလ်က သူကြီးကိုပါးရိုက်လေ သည်။ သူကြီးနှင့်စစ်ဗိုလ်ကြား စကားပြန်လုပ်ပေးသူမှာ အောင် ဘုစိန်ပင်ဖြစ်ပေသည်။ ဂျပန်စစ်ဗိုလ်ကလည်း မြန်မာစကားကို တစ်လုံးစ နှစ်လုံးစ တတ်ကျွမ်းသူဖြစ်သည်။
ဖြစ်ချင်တော့ ထိုအချိန်က မပန်းရုံသည် သူကြီးအိမ်တွင် ရောက်နေခဲ့သည်။ သူကြီးမိသားစု၏အဝတ်များကို လာလျှော်ပေး နေသည့် မိခင်ကြီးကို ကြိုဆိုရန်ရောက်နေခြင်းဖြစ်၏။
ဂျပန်စစ်သားများရောက်လာသည်ကိုကြား၍ သူကြီး၏တူ မနှစ်ယောက်နှင့်အတူ မီးခိုခန်းထဲတွင် ပုန်းအောင်းနေခဲ့သည်။
ဂျပန်စစ်သားတစ်ယောက်သည် သူကြီးအိမ်ထဲမှ ပစ္စည်း များကို လိုရာဆွဲယူ၍ အိမ်အနှံ့လျှောက်ကြည့်ရင်း မီးဖိုခန်းထဲသို့ ရောက်သွားလေသည်။
ထိုအခါ မီးဖိုခန်းထဲတွင် ကြောက်လန့်စွာထိုင်နေသော သူကြီးကတော်ကြီးနှင့်ပန်းရုံမိခင်တို့ကိုတွေ့လိုက်ရသည်။
ပန်းရုံ၏မိခင်ကြီးသည် မီးဖိုခန်းထဲသို့ ရုတ်တရက်ဝင်လာ သောဂျပန်စစ်သားကိုကြောက်လန့်ကာ စိတ်မလုံစွာဖြင့် သူ့သမီး ပုန်းအောင်းနေသော စပါးထည့်သည့်ပုတ်ကြီးဆီသို့ လှမ်းကြည့် လိုက်လေသည်။ ဂျပန်စစ်သားကလည်း အမူအယာပျက်နေသည့် အဘွားကြီးပုံစံကိုကြည့်ကာ နားလည်လိုက်လေ၏။
ဂျပန်စစ်သားသည် ပုတ်ကြီးအနားသို့ လျှောက်သွားပြီး ပုတ်ကြီးကိုဖယ်လိုက်လေသည်။ ထိုအခါ ပုတ်နောက်တွင် ပုဝင် ရင်း ပုန်းအောင်းနေသည့်မိန်းမငယ်သုံးဦးကိုတွေ့လိုက်ရလေတော့ ၏။
မိန်းကလေးသုံးယောက်ကိုမြင်လိုက်ရ၍ ဂျပန်စစ်သား၏ မျက်နှာမှာ ဝင်းလက်သွားလေသည်။
မိန်းကလေးသုံးယောက်ထဲတွင် ပန်းရုံက အပေါ်လွင်အ ထင်ရှားဆုံးဖြစ်နေ၏။ ပန်းရုံ၏ဖြူနုသောအသားအရည်က သူကြီး တူမနှစ်ယောက်နှင့်ယှဉ်သော် ထင်း၍နေလေသည်။ လှပလွန်း သောကြောင့်ပင် ဆင်းရဲသော်လည်း ပန်းရုံသည် ထနောင်းကုန်း ရွာ၏ကွမ်းတောင်ကိုင်မလေးဖြစ်နေရသည်မဟုတ်ပါလော။
သူကြီးတူမနှစ်ယောက်က တုန်နေအောင်ကြောက်ရွံ့နေ သော်လည်း ပန်းရုံက မထူးတော့သည့်အတူတူ ဝပ်၍ပုန်းနေရာမှ ထလိုက်သည်။ ဂျပန်စစ်သားကို ခပ်တည်တည်ဖြင့်ပေ၍ကြည့်နေ သည်။ ပန်းရုံကား မျိုးချစ်လူငယ်၏ချစ်သူပီသစွာပင် သတ–Ådရှိသူ ဖြစ်လေသည်။
ဂျပန်စစ်သားက ပန်းရုံကို တခဏတာငေးစိုက်ကြည့်နေ ၏။
ထို့နောက် အိမ်ရှေ့သို့ပြေးထွက်သွားလေသည်။
]ဘိရုမာမ၊ ဘိရုမာမသိပ်လှတယ် မာစတာ}
ဂျပန်စစ်သားက သူ၏စစ်ဗိုလ်အား အစီရင်ခံလိုက်လေ သည်။
]ဘယ်မှာလဲ}
]အိမ်ထဲမှာ}
အောင်ဘုစိန်က အိမ်ထဲသို့ပြေးဝင်သွားကာ ပန်းရုံတို့သုံး ယောက်ကိုခေါ်ထုတ်လာလေသည်။ အဘွားကြီးနှစ်ယောက်လည်း နောက်မှကြောက်ရွံ့စွာလိုက်ပါလာကြလေ၏။
]အလို.. သိပ်လှပါလား}
ဂျပန်စစ်ဗိုလ်က ပန်းရုံကိုအမြင်တွင် အံ့ဩစွာရေရွတ်လေ ၏။
]’Dတောအရပ်မှာ ‘Dလိုအချောအလှမျိုးလည်း ရှိသားပဲ}
]မှန်ပါတယ်မာစတာ၊ သူက ‘Dရွာရဲ့ကွမ်းတောင်ကိုင်ပါ၊ ကွမ်းတောင်ကိုင်ဆိုတာ..}
အောင်ဘုစိန်က ဂျပန်စကားဖြင့်ရှင်းပြနေသည်။
]’Dကောင်မလေးကိုငါကြိုက်တယ်၊ ညကျ ငါ့စခန်းကိုခေါ် ခဲ့}
]ဟုတ်ကဲ့၊ ဟုတ်ကဲ့မာစတာ၊ ဟေ့..ပန်းရုံ၊ နင်တော့ ကော်တာပဲဟေ့၊ မာစတာကနင့်ကိုမြှောက်စားတော့မယ်၊ နင် ရေ မိုးချိုးပြီး အလှအပပြင်ထားပေတော့၊ ‘Dည နင် မာစတာနဲ့အတူ အိပ်ရမယ်}
]အို- ကိုအောင်ဘု၊ တော် မိုက်ရိုင်းလှချည်လား}
ပန်းရုံသည် အောင်ဘုစိန်ကို စက်ဆုပ်စွာစိုက်ကြည့်လိုက် ပြီး မျက်နှာကိုလက်ဝါးဖြင့်အုပ်ကာ သူကြီးအိမ်ထဲမှထွက်ပြေးသွား လေသည်။
]ကောင်မလေး ရှက်သွားတာပါမာစတာ}
]ကောင်းတယ်၊ ကောင်းတယ်၊ အတွေ့အကြုံမရှိသေးတဲ့ အရိုင်းလေးပဲ၊ အ္လဲါမျိုးမှ ငါကကြိုက်တာ}
မာစတာကြီးက ထွက်ပြေးသွားသောပန်းရုံ၏နောက်ကျော ကိုကြည့်ရင်း သဘောကျစွာရယ်လိုက်လေသည်။
]a’:ဆယ်၊ ခင်ဗျားသမီးကိုမာစတာကြီးကçတော်ကောက် လိုက်ပြီ၊ ကြားတယ်မဟုတ်လား၊ ညကျ မာစတာကြီးဆီ လွှတ် လိုက်ပေတော့}
+ + + + +
ထိုသတင်းမှာ တခဏချင်းပင် ရွာထဲသို့ပျံ့လွင့်သွားလေ တော့၏။
ပန်းရုံမိခင်ကြီးa’:ဆယ်မှာ ငိုကြီးချက်မဖြင့် အိမ်ပြန်လာ လေသည်။
]အကျိုးတော့နည်းပါပြီကိုရင်ရေ၊ ကျုပ်တို့သမီးလေး..}
]သမီးဘယ်နည်းနဲ့မှ ဂျပန့်မယားအဖြစ်မခံပါဘူးအမေ}
]သမီးရယ်၊ သူတို့ဘုန်းကြီးနေတဲ့အချိန်ကွဲ့၊ မထင်ရင် သတ်ပစ်တဲ့အကောင်တွေ၊ သမီးအတွက်နဲ့ တစ်ရွာလုံးမီးတိုက်ခံ နေရပါ့မယ်ကွယ်}
]သူတို့ကြောက်တာနဲ့ အညံ့ခံရတော့မှာလား၊ သမီးကြံပါ့ မယ်}
ထိုစဉ် သူတို့တဲနောက်ဖေးမှ ကလေးတစ်ယောက်ဝင် လာလေသည်။
]အစ်မပန်းရုံ၊ အစ်မပန်းရုံ}
]ဟင်.. မောင်ပန်းမွှေး}
မောင်ပန်းမွှေးမှာ ပန်းရုံချစ်သူကိုရေချမ်း၏ ညီငယ်လေး ဖြစ်ပေသည်။ အသက်၁၅နှစ်သာရှိသေးသည်။
]အစ်မပန်းရုံသတင်းကြားလို့ ကျွန်တော့် အစ်ကိုတို့ပုန်း နေတဲ့နေရာကို ပြေးပြီးပြောပြီးပြီဗျ}
]ဟင်.. ကိုရေချမ်းတို့နေရာကို နင်သိတယ်ပေါ့}
]သိလို့ပေါ့အစ်မပန်းရုံ၊ အစ်ကိုက အစ်မပန်းရုံကို သူနဲ့ တစ်ခါထဲလိုက်ခဲ့တော့တဲ့၊ အစ်ကိုရယ်၊ ရွာတောင်ပေါက်ကစောင့် နေလိမ့်မယ်၊ ရွာတောင်ပေါက် ကုက္ကိုပင်အောက်မှာ ထိုင်နေတဲ့ အနူကြီးဟာအစ်ကိုပဲ၊ အစ်ကို အနူလိုရုပ်ဖျက်ထားတာ၊ အစ်မ ပန်းရုံအခုချက်ချင်းပြေးပေတော့}
ခဏအကြာတွင် ပန်းရုံတို့တဲဆီမှ တောင်ဝှေးကိုထောက် ရင်း ခြေတစ်ဖက်ထော့နဲ့ထော့နဲ့ဖြင့် ခေါင်းမြီးခြုံHကာ ထွက်ခွာ သွားသည့်အဘွားအိုတစ်ယောက်သဏ္ဍာန်ကို မြင်တွေ့ရလေသည်။
ထ္လိုkက္ခိတအဘွားအိုကား ရုပ်ဖျက်ထားသောပန်းရုံပင်ဖြစ် လေသတည်း။
+ + + + +
ညပိုင်းတွင် ပန်းရုံရောက်မလာသဖြင့် ဂျပန်များစခန်းချ ရာ ဘုန်းကြီးကျောင်း၌ပွက်လောရိုက်နေလေသည်။
အောင်ဘုစိန်သည် ပန်းရုံကိုခေါ်ရန် လာခဲ့ရာ ပန်းရုံတို့ တဲအရောက်တွင် ပန်းရုံမရှိတော့ကြောင်းသိလိုက်ရသည်။
]ဦးမောင်ခ၊a’:ဆယ်၊ ခင်ဗျားတို့သမီးဘယ်မှာလဲ၊ ပန်းရုံ ကိုခင်ဗျားတို့ ဘယ်မှာဖွက်ထားသလဲ}
]မသိပါဘူးမောင်ရင်၊ ကျုပ် သူကြီးအိမ်က ပြန်လာတော့ အိမ်မှာ သမီးမရှိတော့ပါဘူး၊ မောင်ပြောလိုက်တဲ့စကားကြောင့် ကြောက်ပြီးထွက်ပြေးသွားတယ်ထင်ပ}
]မဖြစ်နိုင်ဘူး၊ ထွက်ပြေးရင်လည်း ခင်ဗျားတို့သိရမယ်}
]မသိပါဘူးကွယ်}
]ပန်းရ္လုံDညပါမလာရင်မာစတာကြီးကမလွယ်ဘူး၊ ခင်ဗျား တို့ကိုသတ်လိမ့်မယ်}
]တကယ်မသိတာပါမောင်၊ အောင်ဘုစိန်ရယ်၊ တစ်ရွာထဲ သားချင်းတွေပါကွဲ့၊ မင်းက ကိုယ့်ရွာသားဖက်က ပါဖို့ကောင်းပါ တယ်}
]ဦးမောင်ခ၊ ခင်ဗျားကျုပ်ကိုဆရာလုပ်စရာမလိုဘူး၊ ခင် ဗျားတို့တော့ ‘kက္ခလှလှတွေ့တော့မယ်၊ ဟွန်း-}
အောင်ဘုစိန် ဒေါသထွက်၍ပြန်သွားသည်။
ပန်းရုံပါမလာသည့်အတွက် ဒုက္ခတွေ့ရမှာက ပန်းရုံမိဘ များသာမဟုတ်၊ အောင်ဘုစိန်ကိုယ်တိုင်ပင် မာစတာ၏ငြိုငြင်မှု ကြောင့် ဒုက္ခရောက်သွားနိုင်ပါသည်။
အောင်ဘုစိန်က ပန်းရုံမရှိတော့ကြောင်း ဂျပန်စစ်ဗိုလ်ကို ကြောက်ကြောက်ဖြင့် အစီရင်ခံလိုက်သည့်အခါ.. ဂျပန်စစ်ဗိုလ်၏ မျက်နှာ ဒေါသဖြင့်နီရဲသွားလေသည်။
]အဲဒါ.. မင်းအသုံးမကျလို့ပေါ့၊ ကောင်မလေးကို စောင့် ကြည့်ခိုင်းမထားလို့ပေါ့၊ ဘယ်ကိုသွားသတုံး၊ သူ့အဖေအမေကို ပေါ်အောင်စစ်၊ အခုဖမ်းချုပ်၊ ဘိရုမာမကို ဒီညပဲ ငါယူချင်တယ်}
ယင်းသို့ဖြင့်.. ပန်းရုံ၏မိဘနှစ်ပါးမှာ ညတွင်းချင်းပင် ဖမ်းချုပ်ညှင်းဆဲခြင်းခံရလေသည်။
အဘိုးကြီးအဘွားကြီးမှာ အဝတ်အစားများချွတ်၍ ကျော ပြင်ပေါ်သို့ရေနွေးပူများလောင်းချခြင်းခံရသည်။ ထို့နောက် လက် သည်းခွံများကို အစိမ်းလိုက်ဆွဲခွာခြင်းခံရပြန်သည်။ ခွာထားသော လက်သည်းခွံနေရာကို ဆားဖြင့်သိပ်ကြပြန်သည်။
ပန်းရုံ၏မိခင်ကြီးမှာ ထိုညတွင်ပင် သေဆုံးသွားလေ တော့သည်။
အဘိုးကြီးက မခံနိုင်တော့သည့်အဆုံး ပန်းရုံ သူ့ချစ်သူ နောက်ကိုလိုက်သွားပြီဖြစ်ကြောင်း ဖွင့်ပြောလိုက်ကာ သတိလစ် မေ့မျောသွားလေသည်။
+ + + + +
တိုင်းပြည်တစ်ပြည်တွင် မျိုးချစ်စိတ်ရှိသူအများအပြားရှိသ လို အသားထဲကလောက်ထွက်၍ တဒင်္ဂစည်းစိမ်းချမ်းသာကိုမက်မောကာ သစ္စာဖောက်တတ်သူများလည်း ဒုနှင့်ဒေးရှိပေသည်။
အောင်ဘုစိန်ပေးသောမက်လုံးများကိုသားရေကျကာ ပန်း ရုံတို့ပုန်းအောင်နေသည့်နေရာကို ဖော်ပြောသူကပြောလိုက်လေ၏၊
နောက်တစ်နေ့ နေ့လည်ခင်းတွင် တောထဲရှိ လျှို့ဝှက်စ ခန်းတစ်ခုမှ မောင်ရေချမ်းနှင့်ပန်းရုံတို့ကို ဖမ်းဆီးရမိခဲ့လေသည်။
မျိုးချစ်လူငယ်များ၏စခန်းကို ဂျပန်တပ်ကဝင်စီးရာ လက် နက်ချင်းမမျှ၍ မျိုးချစ်လူငယ်များ တပ်ဆုပ်ပြေးရသည်။ မောင်ရေ ချမ်းနှင့်မပန်းရုံတို့ ကြင်စဦးဇနီးမောင်နှံကိုမူ လက်ရဖမ်းဆီးမိခဲ့ လေ၏။
မောင်ရေချမ်းကို ဂျပန်စစ်သားများက လက်ပြန်ကြိုးတုပ် ၍ဖမ်းဆီးခေါ်ဆောင်လာကြသည်။
ဂျပန်များစခန်းချရာ ဘုန်းကြီးကျောင်းကိုရောက်သည်နှင့် ဂျပန်စစ်ဗိုလ်က ကျောင်းရှေ့မြေကွက်လပ်နေပူထဲ၌ မောင်ရေချမ်း ကို နေလှမ်းထားလိုက်လေ၏။ ပန်းရုံကိုမူ ထနောင်းပင်ကြီးအရိပ် အောက်တွင် ကုလားထိုင်ဖြင့်ထိုင်ခိုင်းထားသည်။
ထို့နောက် တစ်ရွာလုံးရှိ လူကုန်တစ်ယောက်မကျန်ကို ဆင့်ခေါ်ကာ မောင်ရေချမ်းကိုနှိပ်စက်ပုံအားကြည့်ရှုခိုင်းလေသည်။ ရွာသူရွာသားတို့သည် မကြည့်ရက်သော်လည်း အာဏာစက်ကို ကြောက်ရွံ့၍ရောက်လာကြလေသည်။
]အားလုံးကြည့်ထားကြ၊ နိပွန်စစ်တပ်ကို အာခံတဲ့သူတိုင်း ရေချမ်းခံသလို ခံကြရမယ်}
အောင်ဘုစိန်က တစ်ရွာလုံးကြားအောင် အော်ပြောလိုက် လေသည်။
]မာစတာ၊ ဒီအကောင်ဟာ ပန်းရုံကိုခိုးယူရုံမကပါဘူး၊ နိပွန်တပ်မတော်ကြီးကို ဖြိုခွဲဖို့ကြိုးစားနေတဲ့ လူတစ်ယောက်ပါ၊ ဗမာ့တပ်မတော်နဲ့အဆက်အသွယ်ရှိပါတယ်}
]ဘာ..}
သူခြေတော်တင်မည့်မိန်းကလေးကို ခိုးယူသွားသူအဖြစ် မုန်းတီးနေရာမှ မောင်ရေချမ်းသည် မျိုးချစ်လူငယ်တစ်ယောက် ဖြစ်မှန်းသိလိုက်သည့်အခါ ဂျပန်စစ်ဗိုလ်၏ဒေါသမှာအထွဋ်အထိပ် သို့ရောက်သွားလေသည်။
]ရွာကလူငယ်တွေကိုလည်း တော်လှန်ဖို့ စည်းရုံးပါတယ် မာစတာ၊ သူဟာ ဒီရွာကမျိုးချစ်လူငယ်ခေါင်းဆောင်တစ်ယောက် ပါ}
အောင်ဘုစိန်က သူ့အပေါ် မာစတာကြီး၏ဒေါသများပြေ ပျောက်စေရန် မောင်ရေချမ်းအပြစ်များကို ဖိပြော၍နေသည်။
]အဲဒါကြောင့် ကျွန်တော်မျိုးကြီး ဒီကောင့်ကို မရအရ ဖမ်းလာခဲ့တာပါ}
]ဒီကောင့်ကို နောင်ကျဉ်သွားအောင် ပညာပေးလိုက်ကြ စမ်း၊ နိပွန်တပ်မတော်ကိုအာခံသူဟာ ဘယ်လိုအပြစ်ဒဏ်မျိုးခံစားရတယ်ဆိုတာ တစ်ရွာလုံးကမြင်ပေစေ}
စစ်ဗိုလ်က အမိန့်ပေးလိုက်သည်နှင့် ဂျပန်စစ်သားများ၏ တုတ်ချက်များက မောင်ရေချမ်းတစ်ကိုယ်လုံးပေါ်သို့ကျရောက်သွား လေသည်။
ထို့နောက် မောင်ရေချမ်းအား ကောင်းကင်သို့မော့်ကာ နေလုံးကိုကြည့်ခိုင်းလေသည်။ အချိန်ကား မွန်းတည့်ချိန်ဖြစ်ပေရာ နေသည်အပူဆုံးအချိန်ဖြစ်လေသည်။
နေကိုစိုက်ကြည့်နေသော မောင်ရေချမ်း၏ မျက်လုံးများ ကျိန်းစပ်၍ မျက်တောင်ခပ်လိုက်သည်နှင့် စစ်သားတစ်စုက မျက် လုံးကိုဖြဲကာ သဲများဖြင့်ပက်ထည့်ကြလေသည်။
ထို့နောက် မောင်ရေချမ်း၏လက်နှစ်ဖက်နှင့်ခြေနှစ်ဖက်မှ ခြေသည်းလက်သည်းများကို တစ်ခုမကျန် ပလာယာဖြင့် ဆွဲခွာ ကြလေသည်။
မောင်ရေချမ်းက တစ်ချက်မှမငြီးငြူပဲ ကြိတ်ခံနေ၏။
ပန်းရုံသည် မြင်ကွင်းကို ထနောင်းပင်ကြီးအောက်မှ စိုက် ကြည့်ရင်း အံကိုတင်းတင်းကြိတ်ထားသည်။ မျက်ရည်တစ်စက်မ ကျ။ မျက်ရည်ကျခြင်းဖြင့် အညံ့ခံအရှုံးပေးရာကျမည်ကိုသိထား သောပန်းရုံသည် မျိုးချစ်လူငယ်၏ဇနီးကောင်းပီသစွာ ခံနိုင်ရည်ကို မွေးထားပေသည်။ တစ်ချက်တစ်ချက် တောင်ကုန်းထက်မှ စေတီ ဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်မှာ ဘုရားထံအာရုံပြုဆုတောင်း ခြင်းပဲဖြစ်ပေလိမ့်မည်။
]ငါယူမယ့်မိန်းမကို ဦးဦးဖျားဖျားခိုးယူသွားတဲ့ကောင်ကို မှတ်လောက်အောင် ပညာပေးရမယ်၊ ‘Dကောင့်အဝတ်တွေကိုဆွဲ ချွတ်လိုက်စမ်းဟေ့}
ဂျပန်ဗိုလ်ကအမိန့်ပေးလိုက်သည်နှင့် မောင်ရေချမ်းကိုယ် ပေါ်မှအဝတ်များကိုဆွဲချွတ်လိုက်ကြလေသည်။ မောင်ရေချမ်းကား အပေါ်ပိုင်းရော အောက်ပိုင်းပါ အဝတ်မပါပဲ ကိုယ်လုံးတီးဖြစ်သွား လေ၏။ တုတ်များဖြင့်ရိုက်နှက်ထား၍ မောင်ရေချမ်းရင်ပတ်နှင့် ကျောတပြင်လုံး အရှိုးရာများထင်နေလေသည်။ ဂျပန်စစ်သားအ ချို့က အရှိုးရာများထဲသို့ ဆားများဖြင့်ပက်ကြပြန်၏။
အစွမ်းကုန်းနှိပ်စက်နေသောမြင်ကွင်းကြောင့် အမျိုးသမီး အချို့ မေ့လဲသွားကြသည်။ အော်သူအော်၊ ငိုသူငိုကြသည်။ က လေးများ၏ကြောက်လန့်တကြားငိုသံများလည်း ဆူညံစွာထွက်ပေါ် လာလေ၏။
]ဘယ်သူမှ လှည့်မပြန်ကြနဲ့၊ အားလုံးကြည့်နေကြ}
ရွာသားအားလုံးသည် အရက်စက်အကြမ်းကြုပ်ဆုံးသော မြင်ကွင်းကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရလေတော့၏။
ဂျပန်စစ်ဗိုလ်သည် မြေပေါ်တွင် ပက်လက်လန်လဲကာ ကိုယ်လုံးတီးဖြစ်နေသည့်မောင်ရေချမ်းအနီးသို့ကပ်သွားသည်။ ထို့ နောက် သူ၏ခါးမှ ဓားရှည်ကြီးကိုဆွဲထုတ်လိုက်ကာ မောင်ရေချမ်း၏ငယ်ပါအား လှီးဖြတ်လိုက်လေသည်။
]ဟင်..} ]ဟာ..} ]အို..} ]အမလေး..}
ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်လိုက်သော အသံများ ဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ပွက်လောရိုက်သွားလေသည်။
]ဟား .. ဟား .. ဟား .. ဟား ဟား ဟား ဟား ဟား ဟား ...}
ဂျပန်စစ်ဗိုလ်က အသံနက်ကြီးဖြင့်ရယ်မောလိုက်လေ၏။
ဂျပန်စစ်သားများကလည်း ဝိုင်းဝန်းရယ်မောကြလေသည်
မောင်ရေချမ်းသည် ‘ဏ်ရာပေါင်းစုံဖြင့် မြေပေါ်၌ ထွန့် ထွန့်လူးနေရှာလေ၏။
ထို့နောက် ဂျပန်စစ်ဗိုလ်သည် ထနောင်းပင်အောက်သို့ သွားကာ ပန်းရုံလက်ကိုဆွဲ၍ခေါ်လေသည်။
]အမျိုးယုတ်၊ ငါ့အသားကို မထိနဲ့}
ပန်းရုံက ရှောင်တိမ်းရင်း အော်ဟစ်လိုက်သည်။
]နင့်အကောင် သုံးလို့မရတော့ဘူး၊ နင် ငါ့ကိုယူမယ်မ ဟုတ်လား၊ ငါ့မယားလုပ်မယ်မဟုတ်လား}
ပန်းရုံသည် မည်သူမှမျှော်လင့်မထားသောအပြုအမူတစ်ခု ကို ပြုလိုက်သည်။
]နင့်လို ဖက်ဆစ်ခွေးကို ဘယ်တော့မှ လင်မလုပ်ဘူး- ထွီ -}
ပန်းရုံထွေးထည့်လိုက်သောတံတွေးသည် ဂျပန်စစ်ဗိုလ်၏ မျက်နှာတစ်ပြင်လုံးကို နှံ့အောင်စင်သွားတော့၏။
ဂျပန်စစ်ဗိုလ်၏ ဖြူသောအသားမှာ ချက်ချင်းရဲတက်လာ သည်။
ခံပြင်းခြင်း၊ ဒေါသထွက်ခြင်းနှင့် လူအများရှေ့တွင်မမျှော် လင့်ပဲခံလိုက်ရ၍ ရှက်ခြင်းများ ရောနှောပေါင်းစပ်ကာ သူ့လက် သည် လွယ်ထားသောဓားအိမ်ဆီရောက်သွားလေ၏။
လက်ထဲမှာ ပါလာသော ဓားဖြင့် ပန်းရုံလည်ပင်းကို ထိုး စိုက်ချလိုက်သည်။
ပန်းရုံ၏လည်ပင်းဆီမှ သွေးများငေါက်တောက်ပန်းထွက် လာတော့သည်။ 
ဂျပန်ဗိုလ်က ပန်းရုံကို ကွင်းပြင်ထဲသို့တွန်းပစ်လိုက်ရာ ပန်းရုံသည် မောင်ရေချမ်းကိုယ်ပေါ်သို့ မှောက်ရက်ကျသွားလေ ၏။
]ပန်း .. ပန်းရုံ၊ ပန်းရုံ ..}
မောင်ရေချမ်းက ပန်းရုံကို တç၍ခေါ်လိုက်သည်။
ပန်းရုံကားမောင်ရေချမ်းကိုယ်ပေါ်ရောက်သည်နှင့် မောင်ရေချမ်းကို ဖက်တွယ်လိုက်ကာ ချက်ချင်းပင် အသက်ပျောက်သွား လေတော့၏။
]ပန်းရုံရယ် ..}
နှိပ်စက်မှုပေါင်းစုံ၏ဒဏ်ကို ခံထားရသော်လည်း မောင်ရေချမ်းကား ပန်းရုံထက်နောက်ကျပြီးမှ အသက်ထွက်သွားလေသည်။
တချို့က မောင်ရေချမ်းသည် ပန်းရုံဖြစ်အင်ကိုမြင်လိုက်ရ ၍ ရင်ကွဲနာကျကာ အသက်ပျောက်ရခြင်းဖြစ်သည်ဟု ဆိုစမှတ် ပြုခဲ့ကြလေသည်။
+ + + + +
ပန်းရုံ၏ဖခင်ကြီးဦးမောင်ခသည်လည်း နှိပ်စက်ခံရမှုဒဏ်ဖြင့် နောက်သုံးရက်အကြာ၌ ကွယ်လွန်လေသည်။
ဂျပန်ခေတ်၌ ဖက်ဆစ်စံနစ်ဆိုး၏ဒဏ်ကို တစ်နိုင်ငံလုံး ခံစားခဲ့ရသည့်အထဲတွင်.. ထနောင်းကုန်းရွာကလေးမှာတော့ မေ့ မရနိုင်ဖွယ် အသည်းနှလုံးတုန်လှုပ်ဖွယ်ရာများဖြင့် ရွာ၏ သမိုင်းကြောင်းကိုစွန်းထင်းစေခဲ့ရလေသည်။
ကိုရေချမ်းနှင့် မပန်းရုံတို့၏ ကြေကွဲဖွယ်အဖြစ်ဆိုးကား ဖက်ဆစ်တို့မကျဆုံးမီကလေးမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်လေသည်။
ထိုအဖြစ်ဆိုးများဖြစ်ပျက်ပြီး များမကြာမီ.. ၁၉၄၅ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ဗမာ့တပ်မတော်သည် ဖက်ဆစ်ဂျပန်များ ကို မြန်မာ့မြေပေါ်မှ အပြီးတိုင်မောင်းထုတ်နိုင်ခဲ့လေသည်။
သို့သော်.. ကိုရေချမ်းနှင့်မပန်းရုံတို့ကား ထိုအဖြစ်များ ကို သိရှာတော့မည်မဟုတ်ပေ။
ရွာသားများက ကွယ်လွန်သူများကိုရည်စူးကာ ထိုနေရာ ၌ပင် ဆွမ်းသွတ်အမျှအတန်းပေးဝေခဲ့ကြလေသည်။
ရွာသားများသည် ကိုရေချမ်းနှင့်မပန်းရုံတို့ ကြင်စဦးချစ် သူဇနီးမောင်နှံသေဆုံးခဲ့သည့်နေရာရှိ ထနောင်းပင်ကြီးအောက်၌ ချစ်သူနှစ်ဦးကိုရည်စူး၍ ရေချမ်းစင်တစ်ခုတည်ထားခဲ့ကြသည်။
အုတ်ဖြင့်အခိုင်အမာပြုလုပ်ထားသောရေချမ်းစင်၌ ..
ကွယ်လွန်သူ မျိုးချစ်လူငယ် ကိုရေချမ်း နှင့် မပန်းရုံ ဇနီးမောင်နှံအားရည်စူး၍ ထနောင်းကုန်းရွာသားများကောင်းမှု
-ဟုကဗ္ဗည်းရေထိုးထားလေသည်။
ထိုရေချမ်းစင်ကလေးအား ယနေ့ထက်တိုင် မြင်တွေ့နိုင် ပါသေး၏။
နောင်ကာလကြာသော် ရေချမ်းစင်ဘေးတွင် လူအများ နားခိုနေထိုင်ရန် သစ်သားခုံတန်းလျားလေးတစ်ခုကိုတည်ဆောက် ခဲ့ပြန်လေသည်။
အမျိုးသစ္စာဖောက် အောင်ဘုစိန်သည်ကား ဖက်ဆစ်များ ထွက်အပြေးတွင် ရွာသားလူငယ်များ၏ ဝါးရင်းတုတ်ဖြင့် ဝိုင်းဝန်း ရိုက်နှက်ဆုံးမမှုကြောင့် မရှုမလှသေပွဲဝင်ခဲ့ရလေသည်။
+ + + + +
ထိုအဖြစ်အပျက်များဖြစ်ပျက်ပြီး ဆယ်နှစ်တိတိကြာမြင့် ချိန်တွင်ကား .. ထနောင်းကုန်းရွာ၌ ပြောစမှတ်တွင်သည့်ဖြစ်ရပ် ဆန်းတစ်ခုကို ကြုံတွေ့ခဲ့ရပြန်လေသည်။
၁၉၅၅ခုနှစ်ဖြစ်သည်။
ထိုအချိန်တွင် မြန်မာနိုင်ငံသည်လည်း လွတ်လပ်ရေးရခဲ့ ပြီ။ ထနောင်းကုန်းရွာကလေးသည်လည်း မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်a’သ၌ရှိသည်မို့ နောက်ဆက်တွဲသောင်းကျန်းသူများ၏ ဘေးရန်မှကင်းလွတ်ကာ အေးချမ်း၍နေလေပြီ။
အဖြစ်ဆန်းကား အခြားမဟုတ်။
ကိုရေချမ်း၏ညီကိုပန်းမွှေးသည် တစ်ရွာတည်းနေ မအေး ချစ်နှင့်အိမ်ထောင်ကျကာ သားဦးလေးတစ်ယောက် ထွန်းကားခဲ့ လေသည်။
ထိုသားကလေးကား ဂျပန်ခေတ်က ကွယ်လွန်ခဲ့သူ ကို ရေချမ်းဝင်စားသူဖြစ်နေခြင်းပါတည်း။
ကိုပန်းမွှေးသည် မပန်းရုံအား ဂျပန်စစ်ဗိုလ်လက်မှ ကယ် တင်ရန် သူ့အစ်ကို ကိုရေချမ်းပုန်းရှောင်နေရာ တောထဲသို့ သွား ရောက်သတင်းပေးခဲ့သူ ကိုရေချမ်း၏ညီငယ်လေးဖြစ်ပါသည်။
ကိုပန်းမွှေးမွေးလာသော သားဦးလေးမှာ ကိုရေချမ်းဝင် စားသူဖြစ်ကြောင်း တဖြည်းဖြည်းဖြင့် သိသာထင်ရှားလာခဲ့သည်။
ကလေးက ဓားကိုမြင်လျှင်ကြောက်သည်။ ငိုသည်။
စကားတတ်စအရွယ်တွင် ကလေးက ဖခင်ဖြစ်သူကိုပန်းမွှေးကို]ညီလေး}ဟုခေါ်သည်။ ကိုရေချမ်းနှင့်ကိုပန်းမွှေးမှာအသက် ငါးနှစ်ကွာကာ.. ညီအစ်ကိုနှစ်ဦးတည်းရှိ၍ အလွန်ချစ်ခင်ကြပါ သည်။
စိတ်လိုလက်ရရှိချိန်တွင် ]ငါ့ကိုဂျပန်သတ်တာ}-ဟု မိခင် ဖြစ်သူကို ပြောပြတတ်သည်။
ကိုပန်းမွှေးနှင့်မအေးချစ်တို့၏ သားဦးလေးကို ကွယ်လွန် သူကိုရေချမ်းဝင်စားသည်ဟု တစ်ရွာလုံးက ယုံကြည်ကြလေ၏။
ကလေးကို ကိုရေချမ်းနာမည်နှင့် ခပ်ဆင်ဆင် ]မောင်ရေ အေး}ဟု မှည့်ခေါ်လိုက်လေသည်။
ကိုရေအေး၏ငယ်စဉ်ဘ၀မှာ ဤမျှလောက်သာဖြစ်သည်။ ပတ်ဝန်းကျင်နှင့်မိသားစုက ကွယ်လွန်သူ-ဘကြီး ဝင်စားသူအဖြစ် လက်ခံထားကြသည်။ အခြား ထူးထူးထွေထွေအဖြစ်မျိုးမရှိ။
မောင်ရေအေးနောက်တွင်ကိုပန်းမွှေးတို့၌ မောင်ရွှေသွေး နှင့်မယဉ်ကျေးဆိုပြီး သားတစ်ယောက်၊ သမီးတစ်ယောက်ထပ်၍ ထွန်းကားခဲ့သည်။ ၂နှစ်ကြီး ၂နှစ်ငယ်များဖြစ်၍ မောင်နှမသုံး ယောက်မှာ ချစ်ခင်ကြင်နာကြပါသည်။
ငယ်စဉ်ဘ၀တွင် မောင်နှမသုံးယောက်လုံးကို ရွာရှိမူလ တန်းကျောင်းကလေးတွင်ထားခဲ့သည်။ မောင်ရေအေး လေးတန်း အောင်သည့်နှစ်တွင် ရွာကျောင်းကို အလယ်တန်းကျောင်းအဆင့် တိုးမြှင့်လိုက်သောကြောင့် အလယ်တန်းသို့ဆက်လက်တက်ခဲ့လေ သည်။
ထိုခေတ်က အလယ်တန်းမှာ ၇-တန်းအထိသာရှိပါ၏။ ၇-တန်းအောင်လျှင် ၈တန်းပညာကို အထက်တန်းအဆင့်အဖြစ် ဆက်သင်ရသည်။
မောင်ရေအေးသည် အသက်၁၆နှစ်တွင် ၇-တန်းအောင် ခဲ့သည်။ ထိုခေတ်က အသက်ခုနစ်နှစ်ရှိမှ ကျောင်းစနေရသည့် ဓလေ့ဖြစ်သည့်အပြင် သူငယ်တန်းကို သူငယ်တန်းလေး၊ သူငယ် တန်းကြီးဟူ၍ အဆင့်ခွဲကာ ၂နှစ်တက်ရသည်။ ထို့ကြောင့် မောင်ရေအေး ရ-တန်းအောင်ချိန်တွင် အသက်၁၆နှစ်ရှိနေရခြင်းဖြစ်၏။
မိဘများက မောင်ရေအေးကို မြို့ကျောင်းသို့ပို့၍ ပညာ ဆက်လက်သင်စေသည်။
မောင်ရေအေး မြို့ကျောင်းမှ ၈တန်းအောင်သည့်နှစ်တွင် ညီငယ်မောင်ရွှေသွေးက ရ-တန်းအောင်ကာ.. မြို့ကျောင်း၌ ပ ညာဆက်၍သင်ခဲ့သည်။ ညီအစ်ကိုနှစ်ယောက်လုံး မြို့မှာ ပညာ ဆက်သင်နေကြ၏။
အငယ်ဆုံး မယဉ်ကျေးကိုမူ လေးတန်းအောင်သည်နှင့် ကျောင်းနှုတ်လိုက်သည်။ မိန်းကလေးမို့ ထိုခေတ်ကာလအမြင် ဖြင့် စာတတ်လျှင်တော်လောက်ပြီဟုယူဆကာ ကျောင်းဆက်မ ထားတော့ခြင်းဖြစ်ပါသည်။
မောင်ရေအေး ၉တန်းတက်နေချိန်အထိမူ မည်သည့်ထူး ခြားချက်မှဖြစ်ပေါ်မလာသေး။ ကိုးတန်းတက်နေဆဲ စာမေးပွဲကြီး ဖြေကာနီးအချိန်ကျမှ မောင်လူအေးဖောက်လာခြင်းဖြစ်သည်။
မောင်ရေအေးသည် စာမေးပွဲကိုမဖြေတော့ပဲ ကျောင်းမှ ထွက်ကာ ရွာသို့ပြန်လာခဲ့သည်။ မိဘများကိုလည်းကြိုအသိမပေး၊ မည်သူနှင့်မှလည်းမတိုင်ပင်၊ သူ့သဘောနှင့်သူ ကျောင်းထွက်ကာ ရွာပြန်လာခြင်းဖြစ်လေသည်။
]ငါ့သားရယ်.. မင်း ပညာလည်း တော်သားနဲ့၊ စာမေး ပွဲနီးမှ ဘာလို့ကျောင်းကထွက်လာရတာလဲ}
]ကျွန်တော်ရွာပြန်လာတာအကြောင်းရှိတယ်အဖေ၊ ကျွန် တော့်ချစ်သူပန်းရုံဟာ ပြန်လာလိမ့်မယ်၊ ပန်းရုံပြန်အလာကိုစောင့် ဖို့ ကျွန်တော်ရွာကိုပြန်လာတာပါအဖေ}
]ဘာကွဲ့.. မပန်းရုံက ပြန်လာမယ်}
]ဟုတ်ပါတယ်အဖေ၊ ပန်းရုံက ကျွန်တော့်ကိုအိပ်မက်ပေး တယ်၊ အိပ်မက်ထဲမှာ ပန်းရုံဟာ လွမ်းစေတီခြေရင်းက ထနောင်း ပင်အောက်ကို ပြန်လာတယ်အဖေ}
]ငါ့သား၊ သေပြီးသူဟာ ဘယ်လိုပြန်လာနိုင်ပါ့မလဲကွယ်၊ နှစ်ပေါင်းလည်းကြာပါပြီ၊ ပြီးတော့ မင်းဟာ အရင်ဘ၀ကိုရေချမ်း မဟုတ်တော့ဘူးငါ့သား၊ မင်းဟာ လက်ရှိဘ၀မှာ မောင်ရေအေး ပဲ}
]’gပေမယ့်.. အိပ်မက်ထဲကအတိုင်း ဖြစ်လာမယ်ဆိုတာ ကျွန်တော်သိတယ်အဖေ၊ ပန်းရုံ ထနောင်းပင်အောက်ကို ပြန်ကို ပြန်လာမှာပါ၊ ကျွန်တော် အ္လီဲအိပ်မက်ကို တစ်ခါထဲမက်တာ မ ဟုတ်ပါဘူးအဖေ၊ စçမက်တဲ့နေ့ကတည်းက ညတိုင်းမက်နေတာ ပါ၊ ပန်းရုံဟာအိပ်မက်ထဲကအတိုင်း ပြန်လာရင် ကျွန်တော်နဲ့မဆုံ မှာစိုးလို့ သူ့ကိုစောင့်ဖို့ ရွာကိုပြန်လာလိုက်တာပါအဖေ}
မောင်ရေအေး၏အစွဲအလမ်းကြီးမှုကို မိဘများ အံ့ဩခဲ့ရ သည်။
မြို့ကျောင်းကိုမူပြန်မလွှတ်တော့။ ထိုခေတ်က ခုနစ်တန်း အောင်လျှင်ပင် စာရေးစာချီဖြစ်စေ၊ ကျောင်းဆရာဖြစ်စေ အစိုးရ အလုပ်ကိုဝင်လုပ်လို့ရနေသည်မို့ မောင်လူအေး၏ ကိုးတန်းပညာ ကိုလုံလောက်ပြီဟုယူဆသည်။ ရွာမှာလည်း ကိုယ်ပိုင်လယ်ယာ နှင့် ကုန်စုံဆိုင်နှင့် စီးပွာရေးလုပ်ငန်းများရှိပြီးသားဖြစ်သည့်အပြင်၊ ထိုလုပ်ငန်းများကို သားအကြီးဖြစ်သည့် မောင်လူအေးကပင် ဦး ဆောင်ရမည်မို့ အတင်းအကျပ်ကျောင်းဆက်မတက်ခိုင်းတော့ပါ။
မောင်ရေအေးကမူရွာသို့ပြန်ရောက်သည့်နေ့မှစ၍ ညနေ တိုင်း ညနေတိုင်း.. ရွာအနောက်ထိပ်က ထနောင်းပင်အောက်ကို သွားထိုင်နေတတ်သည်။
ဦးပန်းမွှေးသည် အစပိုင်းတွင် မောင်ရေအေး၏အစွဲအ လမ်းမှာ ကာလကြာလျှင်ပျောက်သွားလိမ့်မည်အထင်နှင့် ဘာမှမ ပြောပဲလွှတ်ထားခဲ့သည်။ အိမ်ထောင်ချပေးလိုက်လျှင်ဘ၀ဟောင်း ကပန်းရုံကို စွဲလမ်းနေမှုများပျောက်သွားမည်ဟုယူဆကာ ရွာထဲမှ သင့်တော်သည့်မိန်းကလေးတစ်ဦးနှင့် စပ်ဟပ်၍ ပေးစားရန်ကြံခဲ့ သေးသည်။
မောင်ရေအေးက ခါးခါးသီးသီးပင်ငြင်းပယ်ခဲ့လေသည်။
]ဘယ်မိန်းမမှ မယူဘူးအဖေ၊ ကျွန်တော့်အတွက် ပန်းရုံ ပြန်ကိုပြန်လာမှာပါ၊ ပန်းရုံဟာ ကျွန်တော့်ဆီပြန်လာတယ်ဆိုတဲ့ အိပ်မက်ကို နေ့တိုင်းမက်တယ်အဖေ၊ တစ်ခါတလေမက်တာ မ ဟုတ်ဖူး၊ ညတိုင်းညတိုင်းမက်တာ၊ အိပ်မက်ဟာလည်း တစ်ခါနဲ့ တစ်ခါ ဘာမှမကွဲပြားဘူး၊ ဒီအတိုင်းချည်းပဲ၊ ကျွန်တော်က ထနောင်းပင်အောက်ကခုံတန်းလေးမှာထိုင်နေတုန်း ပန်းရုံက ရွာဖက် ကနေ ကျွန်တော့်ဆီကို လျှောက်လာတာအဖေ၊ ပန်းရုံကို ကျွန် တော်ထကြိုတော့ ပန်းရုံလည်း ကျွန်တော့်အနားရောက်လာရော၊ အိပ်မက်ကဆုံးသွားရော}
]ဒါက အိပ်မက်ပဲကွ}
]နေ့စဉ်ရက်ဆက် မက်နေမှတော့ တကယ်ဖြစ်လာမှာမို့ ပေါ့အဖေရဲ့}
]ဂျပန်ခေတ်က ဒီအဖြစ်အပျက်တွေဟာ နှစ်ပေါင်း-၃၀ လောက်ရှိပါပြီငါ့သားရယ်၊ သေပြီးတဲ့လူဟာ ဘယ်လိုပြန်လာနိုင်မှာလဲ}
]ကျွန်တော်တောင် ကိုရေချမ်းဘ၀ကနေ ရေအေးဖြစ်လာသေးတာပဲအဖေ၊ ပန်းရုံလည်း ဘ၀ပြောင်းပြီးရောက်လာမှာပေါ့}
ဦးပန်းမွှေးသက်ပြင်းကိုသာချမိတော့သည်။ မောင်ရေအေး၏အစွဲအလမ်းကို ဘယ်လိုမှချွေချွတ်လို့မရခဲ့။ သင့်တော်သော မိန်းကလေးများနှင့် တစ်ယောက်ပြီးတစ်ယောက် စပ်ဟပ်ပေးစား သော်လည်း တွင်တွင်ခေါင်းခါငြင်းဆန်ခဲ့သည်။
မောင်ရေအေးတွင် အခြား အရက်သောက်၊ကြက်တိုက်၊ လောင်းကစားစသည့် ဒုစရိုက်အလုပ်များ ကင်းရှင်းနေ၍လည်း အပြောရခက်နေသည်။
မောင်ရေအေးက အိမ်လုပ်ငန်းများကို ဦးဆောင်၍ စနစ် တကျလုပ်ပေးသည်။ အိမ်ထောင်ပြုဖို့ငြင်းဆန်သည်မှအပ မိဘစ ကားကိုနားထောင်သည်။ အများနှင့်မတူသော.. သာမန်လူနှင့်ကွဲ ပြားသော “လေ့စရိုက်ဟူ၍ ဘ၀ဟောင်းကချစ်သူကို ပြန်လာမည် ဟု တစ်ထစ်ချယုံကြည်နေသောအစွဲအလမ်းတစ်ခုသာရှိလေသည်၊
ဘယ်သူဘာပြောပြော.. မောင်ရေအေးကတော့ ညနေ စောင်းသည်နှင့် ရွာအနောက်ပိုင်းက ထနောင်းပင်ကြီးအောက်သို့ ရောက်နေပြီ။ ထနောင်းပင်အောက်မှ ယခင်ဘ၀က ကိုရေချမ်းနှင့် မပန်းရုံတို့ကိုရည်စူးတည်ဆောက်ထားသော ရေချမ်းစင်နဘေးက သစ်သားခုံတန်းလျားလေးတွင် ထိုင်နေတတ်သည်။ ထိုင်ရင်း ချစ် သူမပန်းရုံလာမည်ဆိုသည့်လမ်းကို ငေးမျှော်နေတတ်သည်။
မြို့ကျောင်းမှပြန်လာသည့်နေ့မှစ၍ တစ်နေ့မပြတ် သွား ရောက်နေခြင်းဖြစ်သည်။
မိုးရွာလေထန်သည့်မိုးကာလများမှာလည်း မောင်ရေအေး ကတော့ ထနောင်းပင်အောက်ကို ရောက်သည်ပင်၊ စင်စစ်.. ထ နောင်းပင်ရှေ့မြေကွက်လပ်သည် ယခင်ကိုရေချမ်းဘ၀က နှိပ်စက် ကလူပြုမူခြင်းခံရကာ.. ချစ်သူနှစ်ဦးလုံး အသက်စွန့်ခဲ့ရသည့်နေ ရာဟောင်းတစ်ခုဖြစ်လေသည်။
+ + + + +
ဤသို့ဖြင့် မောင်ရေအေးသည် လွမ်းစေတီအောက်ခြေရှိ ထနောင်းပင်အောက်မှ ချစ်သူမပန်းရုံကိုစောင့်မျှော်ခဲ့သည်မှာ နှစ်ကာလများစွာပင်ကြာညောင်းခဲ့ခြေပြီ။
မောင်ရေအေးကိုယ်တိုင်ပင် ကိုရေအေးဘ၀၊ ဦးရေအေး ဘ၀သို့ပြောင်းရွေ့ကာ အသက်အရွယ်ရင့်၍လာပေပြီ။
မိဘများဖြစ်သော ဦးပန်းမွှေး၊ a’:အေးချစ်တို့ပင် ကွယ် လွန်ခဲ့လေပြီ။ ရွာမှာ ကိုရေချမ်းနှင့်မပန်းရုံတို့၏ ဂျပန်ခေတ်က အဖြစ်ဆိုးကို သိမှီလိုက်သူများလည်း တစ..တစ နည်းပါးသွား လေပြီ။
ကိုရေချမ်း၏ညီမောင်ရွှေသွေးမှာ မြို့တွင်ကျောင်းနေရင်း တက္ကသိုလ်မှ ဘွဲ့ရသည်ထိ ပညာသင်ကြားခဲ့ရာ မြို့တွင်ပင် အ လုပ်အကိုင်ရ၊ အိမ်ထောင်ကျကာ ရွာကိုပြန်ရောက်မလာတော့ပေ၊
ညီမအငယ်ဆုံးလေး မယဉ်ကျေးသည်လည်း ကျေးရွာသ ဘာဝ အသက်၁၆နှစ်အရွယ် ငယ်စဉ်မှာပင် အိမ်ထောင်ရက်သားကျကာ သားသမီးများပင် လူပျိုအပျိုရွယ်များဖြစ်နေကြပေပြီ။
ကိုရေအေးကတော့ နေ့စဉ်မပျက် ထနောင်းပင်အောက် သို့သွားရောက်ကာ ချစ်သူမပန်းရုံပြန်အလာကို မျှော်လင့်နေဆဲ။
ရွာသူရွာသားများအဖို့ ဦးရေအေး၏လုပ်ရပ်သည်အဆန်းတကြယ်မဟုတ်တော့။ နောင်လာနောက်သားငယ်ရွယ်သူများက တော့ ဦးရေအေးတစ်ယောက် ဘာကြောင့်ညနေတိုင်း ထနောင်း ပင်အောက်သွားထိုင်နေတတ်သည်ကို သိပင်မသိတော့ပေ။
ဦးရေအေးကို ရူးနေသည်ဟုစွတ်စွဲရအောင်ကလည်း ခက် ခဲလှပေသည်။ ဦးရေအေးသည် ရပ်ရေးရွာရေးကိစ္စများ၌လည်း အကြောင်းထူးရှိလျှင် ကူညီသည်။ အလှူအတန်းကိစ္စများ၌လည်း ပါ ဝင်သည်။ မကောင်းမ္လှုkစရိုက်လည်း တစ်ခုမှမလုပ်။
အိမ်မှုလုပ်ငန်းတွင်လည်း လယ်ယာအလုပ်ခွင်ရော၊ ကုန် စုံဆိုင်လုပ်ငန်းမှာပါ ကြီးကြပ်ပေးသည်။ ညီမဖြစ်သူမယဉ်ကျေးမိ သားစုနှင့်အတူ ဥမကွဲသိုက်မပျက်လုပ်ကိုင်စားလျှက်ရှိသည်။ တူ တူမများအပေါ်တွင်လည်း ချစ်ခင်ကြင်နာမှုရှိသည်။
ဆိုင်အတွက် ရောင်းကုန်ပစ္စည်းများ မြို့တက်ဝယ်သည့် ကိစ္စကိုမူ ဘယ်သောအခါမှမလုပ်ပေ။ ယောက်ဖဖြစ်သူနှင့်အရွယ် ရောက်လာသောတူများကသာ လုပ်ကိုင်ကြသည်။ မြို့တက်၍ ပ စ္စည်းဝယ်လျှင် ကိုယ်ပိုင်ထရော်လာဂျီဖြင့်သွား၍ လိုအပ်သမျှဝယ် ယူရတတ်သည်။ ရံဖန်ရံခါ မြို့တွင်ညအိပ်ရသည်။ ကိုရေအေးက မြို့တွင် ညအိပ်သောင်တင်နေသည်စိုး၍ဆိုကာ ဘယ်တော့မှမြို့ကို မသွားပေ။
ညနေပိုင်း ထနောင်းပင်အောက်မှနေ၍ မပန်းရုံကိုစောင့် မျှော်သည့်အလုပ် ပျက်သွားမှာစိုးသည်။
ယုတ်စွအဆုံး ညီငယ်မောင်ရွှေသွေးမင်္ဂလာဆောင်စဉ်က ပင် အစ်ကိုကိုလာစေချင်လွန်း၍ မောင်ရွှေသွေးက ရွာအရောက် လာခေါ်သည့်တိုင်လိုက်မသွားပေ။ မပန်းရုံကိုစောင့်မျှော်သည့်ဝတ် ပျက်သွားမည်စိုးသောကြောင့်ပင်။
ရွာမှခွာသွားသည့်နေ့ကျမှ မပန်းရုံရောက်လာလျှင်မခက်ပါလား၊ မပန်းရုံနှင့်မဆုံဆည်းလိုက်ရပဲရှိလိမ့်မည်။
ကိုရေအေးသည် မြို့မှကျောင်းထွက်ပြီး ပြန်လာကတည်း က ရွာထဲကနေ တဖဝါးမှမခွာ၊ ဘယ်ခရီးမှမသွားပဲ နေခဲ့လေ သည်။ တစ်နေ့မပျက်ထနောင်းပင်အောက်မှနေ၍ ချစ်သူကိုစောင့် မျှော်နေခဲ့လေသည်။
သည်လိုနှင့်.. ယခုအခါ ကိုရေအေး၏အသက်အရွယ် သည်ပင် ၄၂နှစ်သို့ရောက်လာခဲ့လေပြီ။
+ + + + +
ယင်းသို့ဖြင့် ..
၁၉၉၇ခုနှစ်၊ စာသင်ကျောင်းများဖွင့်လှစ်သော မိုးဦးရာသီ သို့ရောက်ရှိလာလေသည်။
ထိုအချိန်တွင် ..
ထနောင်းကုန်းရွာတစ်ရွာလုံးကို အံ့ဩတုန်လှုပ်သွားစေ သောသတင်းတစ်ရပ်ထွက်ပေါ်လာလေ၏။
ဦးရေအေး အိမ်ထောင်ပြုတော့မည်ဆိုသည့် သတင်းပင် ဖြစ်ပေတော့သည်။
ထိုသတင်းကို ဦးရေအေးကိုယ်တိုင်က ထုတ်ပြန်ကြေညာ လိုက်ခြင်းဖြစ်သည်။
အရွယ်ရှိစဉ်ကပင် အိမ်ထောင်ပြုရန် အတန်တန်ငြင်းဆန်ခဲ့သောကိုရေအေးသည်.. အရွယ်လွန်ကာမှ ဘာစိတ်ကူးပေါက်၍ အိမ်ထောင်ပြုရသနည်း။
စိတ်ဝင်တစားဖြင့်စေ့ငုလိုက်သည့်အခါ.. ဦးရေအေးနှင့် မင်္ဂလာဆောင်မည့်သတို့သမီးကာ ရွာအထက်တန်းကျောင်းသို့ မ ကြာခင်ကမှရောက်လာသည့် အလယ်တန်းပြဆရာမa’:ထားထား အိဆိုသူဖြစ်နေသည်။
ပို၍ဆန်းပြားသည်ကား.. ဒေါ်ထားထားအိအား ဆရာမ ဂုဏ်ဖြင့် ဒေါ်-တပ်ခေါ်နေရသော်လည်း သူမ၏ အသက်မှာ၂၄- နှစ်သာရှိသေးခြင်းပင်။
ထို့ပြင် ဒေါ်ထားထားအိ ထနောင်းကုန်းရွာသို့ရောက်လာခြင်းမှာ တစ်လသာရှိပါသေးသည်။
အိမ်ထောင်မပြု-မပြုနှင့် ပြုမယ့်ပြုတော့ တစ်ရပ်တကျေး မှပြောင်းရွှေ့လာသည့် မိမိသမီးအရွယ် ကျောင်းဆရာမလေးနှင့် ဖြစ်နေသည်။ တကယ်တော့ ထားထားအိသည် ကိုရေအေး၏တူ၊ တူမများနှင့်မှ ရွယ်တူဖြစ်သည်။
ဘွဲ့ရပညာတတ် ရုပ်ရည်ချောမောလှသောဆရာမလေးက လဲ ဘယ်အတွက်ကြောင့် ဖခင်အရွယ်တောသားကြီးတစ်ယောက် ကိုလက်ထပ်ရန် သဘောတူညီရသနည်း။
တစ်ရွာလုံး၏စိတ်ဝင်စားမှုအပေါင်းမှာ ဦးရေအေးနှင့် ဆ ရာမလေးထားထားအိတို့အပေါ်ပုံကျသွားလေသည်။
ဦးရေအေးနှင့် မထားထားအိတို့၏ မင်္ဂလာဆွမ်းကျွေးကို ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပခဲ့လေသည်။ ထိုဘုန်းကြီးကျောင်း ကား ဂျပန်ခေတ်က ဖက်ဆစ်ဂျပန်တပ် စခန်းချခဲ့သည့်ကျောင်း၊ လွမ်းစေတီတောင်ကုန်းခြေရင်းတွင်ရှိသည့်ကျောင်း၊ ကိုရေအေး မ ပန်းရုံကိုစောင့်မျှော်ခဲ့သည့် ထနောင်းပင်အနီးရှိ ကျောင်းပင်ဖြစ် လေသည်။
တစ်ရွာလုံးရှိလူကြီးသူမအားလုံး၊ ဖိတ်ကြားခံရသူရော၊အ ဖိတ်မခံရသူများပါ မင်္ဂလာဆွမ်းကျွေးပွဲသို့ရောက်လာကြလေသည်။
ထိုပွဲတွင် ဦးရေအေးက ဘုန်းတော်ကြီးကို တိုင်တည် လျှောက်ထားလိုက်လေသည်။
]တပည့်တော်စောင့်မျှော်နေတဲ့ တပည့်တော်ရဲ့ချစ်သူ မ ပန်းရုံဟာ တခြားသူမဟုတ်ပါဘူးဘုရား၊ တပည့်တော်နဲ့လက်ထပ် မယ့် ဟ္လောDက ဆရာမလေး မထားထားအိပါပဲ}
+ + + + +
ထားထားအိသည် ပုသိမ်မြို့သူဖြစ်ပါသည်။
မြစ်ဝကျွန်းပေါ်မှ ပုသိမ်မြို့နှင့် ထနောင်းကုန်းရွာတည်ရှိ သော မြေလတ်a’သတို့မှာ အလှမ်းကွာဝေးလှပါသည်။
ထားထားအိကို ၁၉၇၃ခုနှစ်မှာမွေးဖွားခဲ့ပါသည်။
ထားထားအိသည် သာမန်လူတစ်ယောက်လိုပင် နေထိုင် ကြီးပြင်းခဲ့သည်။
သူမဘ၀မှာ ထူးခြားတာတစ်ခုပဲရှိသည်။
ညစဉ် အိပ်မက်မက်ခြင်းပင်ဖြစ်ပါသည်။
လူတစ်ယောက်အတွက် အိပ်မက်မက်ခြင်းကို ထူးခြားမှု ဟုပြောလောက်စရာလား မေးစရာရှိပေသည်။
ထားထားအိမက်သောအိပ်မက်မှာ အများတကာနှင့်မတူ သည့်အတွက် ထူးခြားသည်ဟုဆိုရမည်သာဖြစ်ပါသည်။
ထားထားအိသည် လူမှန်းသိတတ်စကတည်းက တစ်ခုထဲ သောအိပ်မက်ကို ညစဉ်မက်ခဲ့သည်။ လူမှန်းသိတတ်စအရွယ်က တည်းကမက်ခဲ့သောအိပ်မက်မို့ ဘယ်အရွယ်၊ဘယ်ကာလမှာ စ၍ မက်ခဲ့သည်ကိုပင် ထားထားအိမမှတ်မိပါ။
သိတတ်သောအရွယ်ရောက်ပါမှပင် လူတိုင်းသည် မိမိကဲ့ သို့ အိပ်မက်တစ်ခုထဲကို ညစဉ်မက်လေ့ရှိလေသလားဟု စေ့ငုစုံ စမ်းကြည့်သည့်အခါမှပင်.. မိမိ၏ထူးခြားမှုကို သိရှိလာရခြင်းဖြစ် ပါသည်။ ထိုအိပ်မက်ကို ညစဉ်မက်ရလွန်း၍ ထားထားအိသည် အိပ်မက်ဟုပင်မထင်တော့။ နေ့စဉ်ကြုံတွေ့ရသောကိစ္စတစ်ခုလို ဖြစ်နေသည်။ ညအိပ်သည်နှင့် သည်အိပ်မက်ကိုမက်တော့မည်ဆို တာလည်း ကြိုသိနေသည်။
ထားထားအိ၏အိပ်မက်မှာ ဤသို့ဖြစ်သည်။
အိပ်မက်ထဲ၌ ထားထားအိအရွယ်မှာ အသက်၁၆နှစ်အ ရွယ် အပျိုဖြန်းကလေးဖြစ်နေသည်။ ကလေးဘ၀ကတည်းကပင် အိပ်မက်ထဲ၌ ကိုယ့်ကိုကိုယ် အပျိုအရွယ်မိန်းကလေးတစ်ယောက် အဖြစ်ခံစားရသည်။ မြင်ရသည်။
သူမသည် .. အိပ်မက်ထဲတွင် နေရာတစ်နေရာသို့လမ်း လျှောက်သွားလျှက်ရှိသည်။ သူမဦးတည်သွားနေရာအရပ်၌နောက်ခံရှုခင်းအဖြစ် တောင်ကုန်းလေးတစ်ခုနှင့် တောင်ကုန်းပေါ်တွင် ထုံးဖြူဖြူစေတီလေးတစ်ဆူ ရှိနေသည်။ တောင်ကုန်းမရောက်ခင် မှာတော့ ထနောင်းပင်တစ်ပင် ထီးထီးမားမားရှိနေပြီး၊ ထနောင်း ပင်အောက်၌ ရေချမ်းစင်တစ်ခုကိုမြင်တွေ့ရလေသည်။
ဆက်၍လျှောက်လာရာ ထနောင်းပင်အနီးသို့ အရောက် တွင် အပင်အောက်ခုံတန်းလျားလေးပေါ်၌ထိုင်နေသော လုလင်ပျို တစ်ဦးကိုတွေ့ရလေ၏။ လုလင်ပျိုမှာ ဖျင်ကြမ်းအင်္ကျီကိုဝတ်ဆင် ထားပြီး ပုဆိုးကွက်ကျားနှင့်ဖြစ်သည်။ ခန့်ညားချောမော၍ ယော က်ျားပီသသောလူငယ်တစ်ဦးဖြစ်ပါသည်။
ထားထားအိကိုအမြင်တွင် လုလင်ပျိုက ခုံတန်းလျားမှထ လာကာ လက်ဆန့်တန်း၍ ကြိုဆိုလိုက်လေသည်။ သူမသည်လဲ လုလင်ပျို၏ရင်ခွင်ထဲသို့ အလိုက်သင့်ပြေးဝင်သွားမိကာ..
ထိုနေရာ၌ပင် အိပ်မက်သည်ပြီးဆုံးသွားမြဲဖြစ်လေ၏။
ထားထားအိသည် ထိုအိပ်မက်ကို အဖြေမထုတ်နိုင်ခဲ့။ ဖြစ်ခဲ့ပြီးသားဘ၀ဟောင်းက ပုံရိပ်တစ်ခုလား၊ ရှေ့အနာဂတ်တွင် ကြုံတွေ့ရမည့်နိမိတ်ပုံလား။ အဓိပ္ပါယ်မကောက်နိုင်ခဲ့ချေ။
အိပ်မက်ကို မိခင်ဖြစ်သူကိုတော့ မကြာမကြာပြောပြဖူး သည်။ အလယ်တန်းကျောင်းသူဘ၀တွင် သူငယ်ချင်းများကိုပြော ပြဖူးသည်။
ကြာတော့ ထိုအိပ်မက်မှာ နေ့စဉ်ထမင်းစားရေသောက် လို ဖြစ်နေကျဖြစ်ရိုးဖြစ်စဉ်သဖွယ်ဖြစ်လာ၍ အမှုမထားတော့ချေ။
အိပ်မက်ကမူ ယခုအချိန်အထိ တစ်ညဥ့်မလပ်ဆက်၍ မက်ဆဲပင်တည်း။
ထားထားအိဘ၀မှာ သူမကိုချစ်ရေးဆိုသူတွေ များစွာကြုံ ဆုံခဲ့ဖူးပါသည်။ ထားထားအိ ဘယ်သူ့ကိုမှပြန်ချစ်လို့မရခဲ့၊ ထား ထားအိက ရူးမိုက်စွာပင် မိမိချစ်သူသည် အိပ်မက်ထဲက လုလင် ပျိုဟုပင် ယုံမှတ်နေမိသည်။ စိတ်ကူးယဉ်ဆန်လှသော်လည်း ပြင် ပလောကမှချစ်ရေးဆိုလာသူများကို ချစ်မရနိုင်သည့်အတွက် အိပ် မက်ကမ္ဘာထဲကလူကိုသာ ချစ်သူအမှတ်ဖြင့် အိပ်မက်လောက၌ သာပျော်မွေ့နေခဲ့လေသည်။
သည်လိုနှင့် ထားထားအိဘွဲ့ရသည်။
ကျောင်းဆရာမဝင်လုပ်သည်။
အလယ်တန်းပြဆရာမအဖြစ် ထနောင်းကုန်းရွာသို့ပြောင်း ရွှေ့ခွင့်ရသည့်အခါ.. ရင်ထဲ၌အလိုလိုပျော်နေမိသည်။ မိဘများ က ရပ်ဝေးကိုမလွှတ်ချင်၍ အလုပ်ထွက်ရန်တိုက်တွန်းသော်လည်း ထားထားအိသည် အတွေ့အကြုံရအောင် သွားကြည့်ပါဦးမည်ဆို ကာ တာဝန်ကျရာသို့ တစ်ကိုယ်တည်းထွက်ခဲ့လေသည်။
ထားထားအိအား မြို့နယ်ပညာရေးမှူးရုံးသို့ လစာလာ ထုတ်သည့် ထနောင်းကုန်းမှဆရာမဒေါ်သီတာထံအပ်နှံလိုက်၏။
ဒေါ်သီတာက ထနောင်းကုန်းရောက်လျှင် သူ့အိမ်မှာပဲ နေဖို့ဖိတ်ခေါ်သည်။ မိခင်မုဆိုးမကြီးနှင့်ဒေါ်သီတာတို့နှစ်ဦးတည်း နေသည့်အိမ်မို့ အားနာစရာမလိုကြောင်းပြောသည်။
ထားထားအိ တာဝန်ကျရာထနောင်းကုန်းရွာသို့ ဒေါ်သီ တာနှင့်အတူလိုက်ပါခဲ့သည်။
ရွာအဝင်မှာပင် ကားပေါ်မှနေ၍ .. ရွာအနောက်ဖက်ရှိ တောင်ကုန်းပေါ်မှ ထုံးဖြူဖြူစေတီလေးကိုလှမ်းမြင်လိုက်သည်။ မိမိအိပ်မက်ထဲကစေတီလေးနှင့်တူလိုက်တာဟု ထင်မိသည်။ နေ့စဉ် အိပ်မက်ထဲမှာမြင်နေကျရှုခင်းမို့လည်း စွဲစွဲမြဲမြဲမှတ်မိနေသည်။
ဒေါ်သီတာ့အိမ်ကိုရောက်တော့ နေ့လည်ခင်းဖြစ်သည်။ အထုတ်အပိုး၊ ပစ္စည်းပစ္စယများ နေရာချထားပြီးချိန်တွင် ညနေ ပင်မစောင်းသေး။ ထားထားအိကိုအိမ်အပေါ်ထပ်၌ နေရာချထား ပေးသည်။
ထားထားအိသည် မိမိကိုပေးထားသောအပေါ်ထပ်အခန်း ပြတင်းပေါက်မှ အနောက်ဖက်သို့မျှော်ကြည့်လိုက်သည့်အခါ ရွာ အဝင်တွင် ကားပေါ်မှမြင်တွေ့ခဲ့ရသော ထုံးစေတီလေးကိုဖူးတွေ့ ရလေသည်။ အဝေးမြင်မို့ တောင်ကုန်းမြင့်ပေါ်မှစေတီကိုမြင်တွေ့ ရခြင်းဖြစ်သည်။ စေတီကတော့ တောင်ကုန်းပေါ်မှာ တည်ရှိနေပုံ က အိပ်မက်ထဲကနှင့် တစ်ပုံစံထဲ။
ထားထားအိ သွားကြည့်ချင်စိတ်ပေါက်လာသည်။
a’:သီတာ့မိခင်ကြီးကိုမေးမြန်းကြည့်တော့ လမ်းမအတိုင်း အနောက်ဖက်လျှောက်သွားလျှင်ရောက်သည်ဟုပြော၏။
ထားထားအိလည်း ရွာထဲပတ်ကြည့်လိုက်ဦးမယ်-ဟုပြော ကာ တစ်ယောက်တည်းပင် တောင်ကုန်းလေးရှိရာဖက်သို့ မှန်းဆ ထွက်လာခဲ့လေသည်။
လူနေအိမ်ခြေကျဲပါး၍ တောင်ခြေနှင့် နီးလာသည့်အခါ တောင်ကုန်းလေး၏ရှုခင်းကို ထင်ရှားစွာမြင်လိုက်ရလေသည်။
ထားထားအိအသက်ရှူမှားသွားမိလေ၏။
မြင်ကွင်းမှာ မိမိအိပ်မက်ထဲကနှင့်တစ်ထပ်တည်းပါလား။
တောင်ကုန်းလေးတည်နေပုံ။ တောင်ကုန်းပေါ်မှ ထုံးစေ တီ။ တောင်ကုန်းမရောက်ခင်စပ်ကြားမှထနောင်းပင်ကြီး၏အကိုင်း အခက်များကိုင်းကျနေပုံမှာလည်း နေ့စဉ်မက်နေသည့်အိပ်မက်ထဲ ကနှင့်တစ်ထပ်တည်း။ ထို့ပြင် ထနောင်းပင်အောက်က အုတ်သား ရေချမ်းစင်ကလေး။
ပြီးတော့.. ရေချမ်းစင်ဘေးကသစ်သားခုံတန်းလျားလေး၊
ထားထားအိရင်များ တဆတ်ဆတ်ခုန်လာသည်။
ငယ်စဉ်ကတည်းက အိပ်မက်ထဲတွင်မြင်တွေ့ခဲ့ရသောမြင် ကွင်းများကို မျက်ဝါးထင်ထင်မြင်နေရပြီ။
ထားထားအိ၏ခြေလှမ်းများသည် ရှေ့မှတစ်စုံတစ်ခုကဆွဲ ခေါ်လိုက်သလို၊ နောက်မှတစ်စုံတစ်ရာက တွန်းပို့လိုက်သလို.. မြန်ဆန်စွာပင်ရွေ့လျားသွားလေသည်။
မြင်ကွင်းများက ပို၍ပို၍ပီပြင်လာပါပြီ။
အိပ်မက်ထဲကအတိုင်းပင် ခုံတန်းလျားပေါ်ထိုင်နေသော လူတစ်ယောက်ပုံရိပ်ကိုမြင်လိုက်ရသည်။
မိမိအိပ်မက်သည် အနာဂတ်ကာလအတွက်ရှေ့ပြေးနိမိတ် ပုံပါတကား။
ခုံတန်းလျားပေါ်မှလူသည်လည်း ထားထားအိကိုအမြင် တွင် ထရပ်လိုက်လေသည်။
တစ်ဦးနှင့်တစ်ဦးနီးလာသည်နှင့်အမျှ ပုံရိပ်များကိုထင်ရှား စွာမြင်လိုက်ရလေသည်။
ထားထားအိခြေလှမ်းတစ်ချက်တော့ တွန့်သွားလိုက်သေး သည်။
မိမိရှိရာထလာသူသည် အိပ်မက်ထဲက လုလင်ပျိုမဟုတ်၊
အို.. မဟုတ်သေးပါဘူး၊ သူပါပဲ..
အိပ်မက်ထဲတွင် နေ့စဉ်မြင်ရလွန်း၍ မှတ်မိနေသောမျက် နှာ။ သူမှသူအစစ်ပါပင်။ သို့သော်.. သူသည် အိပ်မက်ထဲကလို ငယ်ရွယ်သောလုလင်ပျိုကလေးတော့မဟုတ်။ လူလတ်ပိုင်းအရွယ် ကြီးရင့်ပြီဖြစ်သောအသက်အရွယ်ပိုင်ရှင်တစ်ဦးသာ..
မည်သို့ဆိုစေ ထိုလူသည် အိပ်မက်ထဲမှာ နေ့စဉ်မြင်တွေ့ နေရသူသာဖြစ်ကြောင်း ထားထားအိအတတ်သိလိုက်သည်။ ယုံ မှားသံသယကင်းစွာလက်ခံလိုက်သည်။
ထိုအခါ ထားထားအိ၏ခြေလှမ်းများသည် ပြန်လည်သွက် လက်သွားပြန်လေသည်။
ယင်းသို့ဖြင့် နှစ်ယောက်သားနီးကပ်စွာဆုံမိကြလေပြီ။
အိပ်မက်ထဲကလိုတော့ သူက လက်ကမ်းမကြိုပါ။ ထား ထားအိကလည်း သူရင်ခွင်ထဲပြေးမဝင်မိပါ။
နှစ်ယောက်သား တစ်ယောက်မျက်နှာကိုတစ်ယောက်ငေး ကြည့်နေမိကြသည်။
အတန်ကြာမှ ယောက်ျားသားထံမှစကားသံထွက်ပေါ်လာ လေသည်။
]ပန်းရုံ.. ပန်းရုံ.. ကိုယ့်ရဲ့ပန်းရုံ၊ ပန်းရုံ ကိုယ့်ဆီကို တကယ်ပဲပြန်လာတယ်နော်}
]ရှင်.. ကျွန်မ၊ ကျွန်မ.. ကျွန်မ ပန်းရုံမဟုတ်ပါဘူးဦး၊ ဦးကရော ဘယ်သူပါလဲဟင်}
]ဟုတ်ပါတယ်၊ မင်း ပန်းရုံပါမိန်းကလေးရယ်၊ ကိုယ်ဟာ မင်းကို အိပ်မက်ကမ္ဘာထဲမှာစောင့်နေခဲ့တာ နှစ်ပေါင်းကြာပါပြီ}
]ရှင်.. အိပ်မက်ကမ္ဘာထဲမှာ၊ ကျွန်မလည်း အိပ်မက်ထဲမှာတော့ ဦးကိုတွေ့ဖူးပါတယ်၊ ဒါပေမယ့် ကျွန်မအိပ်မက်ထဲက ဦးက ဒီအသက်အရွယ်မဟုတ်ဖူး၊ လူငယ်တစ်ယောက်ပါ၊ ဒါပေမယ့် အဲဒီလူငယ်ဟာလည်း ဦးပါပဲလေ}
]ထိုင်ပါဦးလေ၊ ပန်းရုံက အတိတ်ဘ၀ကို ကိုယ့်လောက် မမှတ်မိဘူးထင်တယ်}
]ကျွန်မကိုပန်းရုံလို့ခေါ်တယ်၊ ဟုတ်လားဦး၊ တကယ်က ကျွန်မနာမည် ထားထားအိပါ ဦး၊ ကျွန်မ ဒီရွာကျောင်းမှာအလယ်တန်းပြအဖြစ်တာဝန်ကျလို့ ဒီနေ့မှ ဒီရွာကိုရောက်လာတာပါရှင်}
+ + + + +
]ဒါဖြင့် .. ဒကာမလေးက မပန်းရုံလူဝင်စားမဟုတ်ဖူးပေါ့}
ဆရာမလေးထားထားအိ ပြန်လည်ပြောပြသမျှကို နား ထောင်နေသော ကျောင်းထိုင်ဘုန်းတော်ကြီးက မေးလိုက်သည်။
]ကိုရေချမ်းနဲ့မပန်းရုံတို့ရဲ့ ဂျပန်ခေတ်ကအဖြစ်အပျက်ကို ဦးပြန်ပြောပြမှ တပည့်တော်မ သိရပါတယ်ဘုရား၊ တပည့်တော်မ ဟာ မပန်းရုံဝင်စားတာဟုတ်-မဟုတ်ဆိုတာတော့ မသေချာပါဘူး၊ တပည့်တော်မငယ်စဉ်ကလည်း မိဘများက လူဝင်စားလို့မပြောခဲ့ပါဘူး၊ တပည့်တော်မကိုယ်တိုင်လည်း အရင်ဘ၀ဟောင်းနဲ့ပတ်သက်လို့ ဘာမှ မမှတ်မိပါဘူးဘုရား}
ထားထားအိစကားကို အားလုံးက နားစိုက်ထောင်နေကြ သည်။
]ဒါပေသိ- အိပ်မက်မက်တာ၊ အိပ်မက်ထဲမှာ ကိုရေအေးကိုတွေ့တာတွေထောက်ရင် ဆရာမလေးဟာ မပန်းရုံဝင်စားတာ ဖြစ်နိုင်ပါတယ်}
ရွာလူကြီးတစ်ဦးက ဝင်၍ထောက်လိုက်သည်။
]ဟုတ်ပါတယ်၊ အတိတ်ဘ၀ကို မှတ်မိ-မမှတ်မိဆိုတာက လည်း ဇာတိဿရဉာဏ်နဲ့ဆိုင်ပေသေးတာကိုး၊ ဆရာမလေးက ဇာတိဿရဉာဏ်နည်းလို့ မမှတ်မိတာလည်း ဖြစ်နိုင်တာပေါ့}
]ဟုတ်ပါတယ်၊ ‘gUကြောင့်သာ မပန်းရုံဘ၀က နေရာ ဟောင်းကို အိပ်မက်ထဲမှာမြင်ယောင်တာပေါ့၊ ပြီးတော့ ဆရာမ လေးနဲ့ကိုရေအေး အသက်ကွာနေတာကို ထောက်ကြည့်ရင် ကို ရေချမ်းကလူ့ဘ၀ကိုအရင်ပြန်ရောက်ပြီး၊ မပန်းရုံကတော့ နောက် ကျမှလူပြန်ဖြစ်တာလို့ တွက်ဆလို့ရတယ်}
]ကျွန်တော်ပြောပါရစေ}
ကာယကံရှင်ဖြစ်သူ ကိုရေအေးက ဝင်ပြောလိုက်သည်။
]ပန်းရုံကို ကျွန်တော့်အိပ်မက်ထဲမှာစတွေ့တာ ကျွန်တော့် အသက်၁၈နှစ်မှာပါ၊ ပန်းရုံ ထနောင်းပင်အောက်ကိုပြန်လာတယ် ဆိုတဲ့အိပ်မက်ကြောင့် မြို့ကနေ ကျောင်းထွက်ပြီးတော့တောင် ရွာကိုအရောက်ကျွန်တော်ပြန်လာခဲ့တာ ကျွန်တော်နဲ့သက်တူရွယ် တူတွေ သိကြပါတယ်၊ ထား .. အဲ- ထားထားအိ မွေးတဲ့ခုနှစ် က ၁၉၇၃ခုနှစ်ပါတဲ့၊ ၁၉၇၃ခုနှစ်မှာ ကျွန်တော့်အသက်က ၁၈ နှစ်ပါ၊ အ္လီဲနှစ်မှာပဲ ကျွန်တော်မြို့ကျောင်းကထွက်ပြီး ပြန်လာ ခဲ့တာပါ၊ သူနဲ့ကျွန်တော် အသက်၁၈နှစ်ကွာပါတယ်၊ ‘Dတော့ ပန်းရုံဟာ ထားထားအိအနေနဲ့ ပုသိမ်မြို့မှာ ပြန်ပြီးမွေးဖွားလာ တယ်၊ လူ့ပြည်ပြန်ရောက်တာနဲ့ ကျွန်တော်နဲ့ဆုံဖို့ အိပ်မက်က တစ် ၏ဆင့် အသိပေးတယ်၊ ထားထားအိအနေနဲ့ မပန်းရုံဘ၀ ကိုပြန်မမှတ်မိတာကတော့ ခုနပြောသလို ဇာတိဿရဉာဏ် ကြောင့်ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် ပန်းရုံကို အိပ်မက်ထဲမှာ ကျွန်တော်ပြန်တွေ့တဲ့အချိန်နဲ့ ထားထားအိမွေးဖွားချိန် တိုက်ဆိုင်နေတာကိုကြည့်ရင် ထားထားအိဟာ ပန်းရုံလူဝင် စားလို့ မှတ်ယူလို့ရတယ် မဟုတ်လားဗျာ}
]မှန်ပါတယ်}
]ဒီလိုပဲ မှတ်ယူရမှာပါပဲလေ၊ အထုံရေစက်ပါလို့လည်း ဆရာမလေးနဲ့ ကိုရေအေးတို့ ခုဘ၀မှာ တွေ့တွေ့ချင်း မေတ္တာ သက်ဝင်ကြတာမဟုတ်လား}
]ဟုတ်ပါတယ်၊ အသက်အရွယ်ကွာခြားတာကို ထည့်မ တွက်ပဲ ကိုရေအေးကိုလက်ထပ်ရဲတဲ့သတ္တိဟာ ဆရာမလေးဟာ မပန်းရုံဘ၀ကလာတဲ့သူဖြစ်လို့သာပဲပေါ့၊ သက်သေအထောက်အ ထားပြဖို့ရာကတော့ ဒါမျိုးဟာ သိပ္ပံနည်းကျသက်သေပြလို့ရတဲ့ ကိစ္စမျိုးမှ မဟုတ်ပေပဲကိုး}
]ဒီလိုဆိုရင် တစ်ခုမေးပါရစေဦး၊ ဆရာမလေးရဲ့ရုပ်ရည်ဟာ မပန်းရုံနဲ့တူသလား}
ဤမေးခွန်းကို မည်သူမှမဖြေနိုင်ခဲ့ပေ။
ကျောင်းထိုင်ဆရာတော်ကြီးက..
]ကိုရေချမ်းနဲ့မပန်းရုံတို့အဖြစ်ကို လူကြီးသူမတွေပြန်ပြော လို့သာကြာဖူးနေတာကိုး၊ ငါ့အသက်၆၀ရှိပြီ၊ ဂျပန်ခေတ်က ငါ မွေးပြီဆိုပေမယ့် အသက်၂နှစ်သုံးနှစ်ရှိသေးတာကလား၊ ဒီအဖြစ်တွေကိုမမှတ်မိပါဘူး၊ မပန်းရုံကိုလည်း မြင်ဖူးတောင် ရုပ်ကိုဖမ်းမရတော့ဘူး}
]မှန်ပါတယ်ဘုရား၊ အဲဒီခေတ်က မပန်းရုံရဲ့ဓာတ်ပုံအ ထောက်အထားလည်း မကျန်ရစ်တာမို့ ထားထားဟာ မပန်းရုံနဲ့ တူမတူ မသိနိုင်တော့ပါဘူး၊ တပည့်တော်ကတော့ အိပ်မက်စ မက်ကတည်းက အိပ်မက်ထဲမှာတွေ့ရတဲ့မိန်းကလေးဟာ ထား ထားပါပဲ၊ အိပ်မက်ထဲကမိန်းကလေးကိုပဲ ပန်းရုံလို့ အသေစွဲမှတ် ထင်ခဲ့တာပါ၊ အရင်ဘ၀ပန်းရုံနဲ့ ထားထားတို့ ရုပ်ရည်တူ-မတူ ဆိုတာတော့ မသိနိုင်တော့ပါဘူး}
]အေးလေ.. လူဝင်စားဆိုတိုင်းလည်း တူချင်မှတူမှာပေါ့၊ ယခင်ဘ၀အဖြစ်အပျက်ကိုမှတ်မိလို့၊ ပြန်ပြောနိုင်လို့သာ လူဝင် စားလို့သတ်မှတ်ကြတာကိုး၊ ယခင်ဘ၀က ယောက်ျားဖြစ်ပေမယ့် ခုဘ၀မှာ မိန်းမဖြစ်ချင်ဖြစ်တတ်တာကလား၊ လိင်ကွဲပြားမှုတောင် ရှိနိုင်သေးတာ ရုပ်ရည်တူ-မတူက အဓိကမဟုတ်ပါဘူးလေ}
]အင်း.. ဘာပဲဖြစ်ဖြစ်၊ ကိုရေအေးနဲ့ဆရာမလေးတို့အဖြစ်ကိုတော့ ဆန်းကြယ်တဲ့အဖြစ်တစ်ခုလို့ မှတ်ယူရမှာပါပဲလေ}
+ + + + +
ထားထားအိသည် မပန်းရုံဝင်စားသူဟုတ်-မဟုတ်၊ မပန်းရုံနှင့်ထားထားအိ ရုပ်ရည်ချင်းတူ-မတူဆိုသည်ကိုမူ မဆန်းစစ်နိုင် တော့ပါ။
ကိုရေချမ်းနှင့်မပန်းရုံတို့အဖြစ်ကို သိမှီသူ၊ မျက်မြင်ကိုယ် တွေ့ရှိသူများလည်း ရွာ၌မရှိတော့၊ ကွယ်လွန်ကုန်ကြပြီ။ မျက်မြင် သိမှီလိုက်ရုံမက ကိုရေချမ်းနှင့် တော်လှန်ရေးအတူလုပ်ခဲ့ကြသည့် မျိုးချစ်ရဲဘော်တစ်ဦး အသက်၈၀အရွယ်ဖြင့် အသက်ရှင်လျှက်ရှိ သေးသော်လည်း ထိုအဖိုးအိုမှာ မျက်စိကွယ်နေပြီ။
တစ်ခုစဉ်းစားစရာရှိသေးသည်။ ကိုရေချမ်းနှင့်မပန်းမှုံတို့ ဖြစ်ရပ်များဖြစ်ပွားစဉ်က ထနောင်းပင်အောက်တွင် ရေချမ်းစင်ရော ခုံတန်းလျားပါ မရှိသေးပေ။ ထားထားအိသည် မပန်းရုံလူဝင်စား ဖြစ်၍ အတိတ်ဘ၀တစ်စိတ်တစ်a’သကို အိပ်မက်ထဲတွင်ပြန်မြင် သည်ဆိုပါက.. အိပ်မက်ထဲ၌ ရေချမ်းစင်နှင့်ခုံတန်းလျားတို့၏ပုံ ရိပ်ပါဝင်စရာမလိုပေ။ မပန်းရုံကွယ်လွန်စဉ်ကမြင်ကွင်းများအတိုင်း သာဖြစ်သင့်သည်။
ဖြစ်နိုင်စရာရှိသည်မှာ.. မပန်းရုံသည် လူအဖြစ် တစ်နေရာ၌ပြန်လည်ဝင်စားနေပြီဆိုတာကို ကိုရေအေးကိုလည်း အိပ်မက် ဖြင့်အသိပေးခဲ့ပြီး၊ ထားထားအိကိုလည်း လက်ရှိထနောင်းကုန်း ရွာမြင်ကွင်းများကို အိပ်မက်ထဲ၌ဖော်ပြကာ နှစ်ဦးစလုံးကို မမြင်ရ သောသဘာဝတရားက ပြိုင်တူအသိပေးခဲ့ခြင်းပဲဖြစ်လိမ့်မည်။
နှစ်ဦးသား ပြိုင်တူမက်ခဲ့သည့်အိပ်မက်ကိုလည်း ကိုရေ အေးနှင့်ထားထားအိတို့ တွေ့ဆုံသည့်နေ့မှစ၍ မမက်တော့။
မည်သို့ဆိုစေ ထနောင်းကုန်းရွာသူရွာသားများအဖို့တော့ ကိုရေအေးနှင့်မထားထားအိတို့အဖြစ်မှာ ချစ်ခြင်းမေတ္တာတရားနှင့် ပတ်သက်လာလျှင် စံပြုပြောဆိုစရာဖြစ်ရပ်တစ်ခုဖြစ်ခဲ့လေသည်။
ကိုရေအေးနှင့်ထားထားအိတို့ အိမ်ထောင်ကျကြပြီး ၂နှစ် အကြာတွင် သားကလေးတစ်ယောက်ထွန်းကားခဲ့လေသည်။
ယခုအခါ..
ကိုရေချမ်းနှင့်မပန်းရုံတစ်ဖြစ်လဲ ကိုရေအေးနှင့်မထားထားအိတို့မိသားစုသည် ထနောင်းကုန်းရွာ၌ ယခုတိုင် ချစ်ခင်စွာ ပေါင်းသင်းနေထိုင်လျှက်ရှိနေဆဲပါပင်။
+ + + + +
 (ဝန်ခံချက်။    ။ ဖြစ်ရပ်မှန်ကို မှီငြမ်းရေးသားပါသည်)
                                                                         ဆောင်းလုလင်

No comments: