Friday 31 August 2012

ခင်နှင်းယု၏အသံထွက်ဝတ္ထု- ကဗ္ဗည်းမထိုးသောကွက်လပ်

အသံထွက်ဝတ္ထု
ခင်နှင်းယု
ကဗ္ဗည်းမထိုးသောကွက်လပ်
စာရေးဆရာမကြီး ခင်နှင်းယု



စာရေးဆရာမကြီး ခင်နှင်းယုရဲ့
ကဗ္ဗည်းမထိုးသောကွက်လပ် အမည်ရှိ
သရော်စာဆန်ဆန် ၀တ္ထုတိုလေးကို
အသံထွက်ဝတ္ထုအဖြစ် ဖန်တီးထားခြင်းအား
တင်ဆက်လိုက်ပါသည်။
စီစဉ်တင်ဆက်သူ- နွေတမာန်
နောက်ခံအသံ- နွေတမာန်

နွေတမာန်၏ အသံထွက်ဝတ္ထု- အပြန်လမ်း

အသံထွက်ဝတ္ထု
နွေတမာန်
အပြန်လမ်း


နွေတမာန်၏ ဖခင်နှင့်သားအကြား ထားရှိသောမေတ္တာကို ဖွဲ့ဆိုထားသည့်
ဝတ္ထုတိုလေးအား အသံထွက်ဝတ္ထုအဖြစ် ဖန်တီးထားခြင်းဖြစ်ပါသည်။
စီစဉ်တင်ဆက်သူ- နွေတမာန်
နောက်ခံအသံ- နွေတမာန်

နွေတမာန်- လူမိတ္တူ (၀တ္ထုတို)



နွေတမာန်
လူမိတ္တူ

အမျိုးသမီးတစ်ယောက်က စိတ်ကုဆရာဝန်တစ်ဦး၏ ဆေးခန်းရှေ့တွင်ရပ်ကာ ဆရာဝန်ဆိုင်းဘုတ်ကို ငေးကြည့်နေသည်။ သူမစိတ်ထဲတွင် စိတ်ကုဆရာဝန်၏ဆေးခန်းထဲကို ဝင်ရကောင်းနိုး၊ မဝင်ရကောင်းနိုး ဝေခွဲမရဖြစ်နေပုံရသည်။ တကယ်တော့ မစ္စလီလီယန်သည် အိမ်မှထွက်လာကတည်းက စိတ်ကုဆရာဝန် ‘ဒေါက်တာစမစ်’နှင့် ဆွေးနွေးတိုင်ပင်ရန် ဆုံးဖြတ်ပြီးမှ ထွက်လာခဲ့ခြင်းဖြစ်သည်။
လီလီယန်သည် လွန်ခဲ့သောတစ်လကပင် သူမ၏ပြသနာကို စိတ်ကုဆရာဝန် ဒေါက်တာစမစ်နှင့်တိုင်ပင်ရန် ဆုံးဖြတ်ချက် ချခဲ့ပြီးဖြစ်သည်။ ဆေးခန်းရှေ့သို့လက်တွေ့ရောက်ပါမှပင် စိတ်၌ ချီတုံချတုံဖြစ်နေရခြင်းဖြစ်ပါ၏။
ကံအားလျှော်စွာပင်… နေ့လည်ခင်းဖြစ်၍ လူနာတစ်ယောက်မျှမရှိပဲ ဒေါက်တာစမစ်သည် အားလပ်နေခဲ့သည်။ သူသည် သူ၏ဆိုင်းဘုတ်ရှေ့တွင် ငိုင်၍ရပ်နေသောအမျိုးသမီးကို မှန်တံခါးများအားဖောက်ထွင်း၍ မြင်နေရလေ၏။ သူ၏များစွာသောအတွေ့ အကြုံများအရ ထိုအမျိုးသမီး သူ့ဆေးခန်းထဲဝင်ဖို့ မဝံ့မရဲဖြစ်နေသည်ကို ရိပ်မိလိုက်သည်။
တကယ်တော့လည်း စိတ္တဇဆရာဝန်တစ်ယောက်ဆီသို့ လာရောက်ခြင်းသည်ပင် မိမိကိုယ်မိမိ စိတ္တဇဝေဒနာသည်ဟု ဖော်ထုတ်ရာကျနေပြီဖြစ်သောကြောင့် လူနာများအနေဖြင့် မဝံ့မရဲဖြစ်တတ်ခြင်းမှာ မဆန်းပါပေ။
ဒေါက်တာစမစ်က မှန်တံခါးကိုဖွင့်ကာ အပြင်သို့ထွက်လိုက်သည်။
]]ဟယ်လို… …  ကောင်းသောနေ့လည်ခင်းပါမိန်းကလေး}}

ဆောင်းလုလင်- အသံထွက်ဇာတ်လမ်း (မဂ္ဂဇင်းဝတ္ထုရှည်)



ဆောင်းလုလင်
အသံထွက်ဇာတ်လမ်း

ကိုအုံးမောင်က ခရီးဆောင်လက်ဆွဲအိတ်ထဲသို့ အဝတ်အစားများထည့်နေသော မသိန်းနွဲ့ကို စက်ဆုပ်စွာကြည့်ရင်း ပြောလိုက်သည်။
]မင်း ဘယ်တော့မှ ငါ့အိမ်ပြန်မလာနဲ့}
မသိန်းနွဲ့က မှေးစင်းသောမျက်လုံးအစုံဖြင့် ကိုအုံးမောင်ကို မုန်းတီးစွာ ပြန်ကြည့်လိုက်သည်။ မသိန်းနွဲ့၏ခေါသောသွားများမှာ မီးရောင်အောက်တွင် မဖုံးနိုင်မဖိနိုင် ပေါ်နေလေသည်။ ကွမ်းစားဖန်များ၍ ကွမ်းချေးတက်နေသော သွားများမှာ နီရဲနေလေသည်။
လင်မယားနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် မုန်းတီးရွံရှာစွာ စိုက်ကြည့်နေကြ၏။
ကိုအုံးမောင်က ဦးစွာ မျက်နှာလွှဲလိုက်သည်။ ‘ဒီသောက်ရုပ်ဆိုးမကို ငါ ဘာလို့ယူမိပါလိမ့်ဟုလည်း ဘယ်နှကြိမ်မြောက်မှန်းမသိ..တွေးမိပြန်သည်။
]တော် ပြန်မလာနဲ့ဆိုတိုင်း ကျုပ်ကနေရမှာလား၊ ‘ဒီအိမ်ဟာ တော်တစ်ယောက်ထဲပိုင်တဲ့အိမ်မဟုတ်ဖူး၊ ကျုပ်နဲ့လည်း ဆိုင်တယ်}
]ထွီ-}
]ကျုပ်မရှိရင် တော့်ကောင်မကို အိမ်ပေါ်ခေါ်တင်မလို့ မဟုတ်လား၊ ‘ဒီခြံ နဲ့ဝိုင်းဟာ သိန်းငါးဆယ်လောက်တန်နေပြီဆိုတာကျုပ်သိတယ်တော့၊ ‘ဒါလက်ထက်ပွားပစ္စည်း၊ တော် ကျုပ်ကိုကွာချင်ရင် ခြံဝိုင်းဖိုးတစ်ဝက်ခွဲပေးမှရမယ်ကိုအုံးမောင်၊ ဟင်း-ဟင်း}
မသိန်းနွဲ့က မထီသလိုလေသံမျိုးဖြင့်ပြောသည်။

Thursday 30 August 2012

ကြူကြူသင်း ၏ အသံထွက်ဝတ္ထု- မုဒိတာစိမ်း

ကြူကြူသင်း

မုဒိတာစိမ်း
စာရေးဆရာမကြီး ကြူကြူသင်း


စာရေးဆရာမ ကြူကြူသင်းရဲ့ လူ့သဘာဝအဖွဲ့အနွဲ့ ပီပြင်လွန်းလှတဲ့
မုဒိတာစိမ်း ဆိုတဲ့ ၀တ္ထုတိုလေးကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါတယ်။
စီစဉ်တင်ဆက်သူ- နွေတမာန်
နောက်ခံအသံ- နွေတမာန်

Thursday 23 August 2012

မိုးမိုး(အင်းလျား) ၏ အသံထွက်ဝတ္ထု- စိတ်ထားတတ်လျှင်

မိုးမိုး (အင်းလျား)
စိတ်ထားတတ်လျှင်
စာရေးဆရာမ မိုးမိုး(အင်းလျား)



ကွယ်လွန်သူ စာရေးဆရာမကြီး မိုးမိုး(အင်းလျား)ရဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ဖြစ်ပါတယ်။
၁၉၈၅ခုနှစ်ထုတ်၊ တက္ကသိုလ်ဓမ္မာရုံမဂ္ဂဇင်းမှာ ပါခဲ့တဲ့ ၀တ္ထုကလေးပါ။
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်ထားပါတယ်။
စီစဉ်တင်ဆက်သူ- နွေတမာန်
နောက်ခံအသံ- နွေတမာန်

Monday 20 August 2012

ဆောင်းလုလင် - ဆင်ဝင်စား (လုံးချင်းဝတ္ထု)

ဆောင်းလုလင်
ဆင်ဝင်စား


ဆောင်းလုလင် ၏ ဆင်ဝင်စား လုံးချင်းဝတ္ထုကို
၂၀၀၉ခုနှစ်၊ အောက်တိုဘာလတွင်
ဆုပြည့်စုံထွန်းစာပေမှ ထုတ်ဝေခဲ့ပါသည်။
မျက်နှာဖုံးပန်းချီ- ရန်နိုင်ဦး
ရောင်းဈေး - ၁၅၀၀ကျပ်

 

ဆောင်းလုလင် - စက်ကွင်း (လုံးချင်းဝတ္ထု)

ဆောင်းလုလင်
စက်ကွင်း


ဆောင်းလုလင် ၏ စက်ကွင်း-လုံးချင်းဝတ္ထုကို
၂၅အုပ်မြောက် ငွေရတုအထိမ်းအမှတ်အဖြစ်
ဆုပြည့်စုံထွန်းစာပေမှ
၂၀၀၉ခုနှစ်၊ ဧပြီလတွင် ထုတ်ဝေခဲ့ပါသည်။
မျက်နှာဖုံးပန်းချီ- ရန်နိုင်ဦး
ရောင်းဈေး- ၁၅၀၀ကျပ်

 

ဘားကမ့် မန္တလေး နှင့် အသံထွက်ဝတ္ထု

ဘားကမ့် မန္တလေး နှင့် အသံထွက်ဝတ္ထု


၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက်နှင့် ၁၃ရက်နေ့များတွင် 
မန္တလေးမြို့၊ ပုပ္ပါးဟိုတယ်၌ပြုလုပ်သော
ဘားကမ့်မန္တလေးတွင် 
စာရေးဆရာ နွေတမာန်- က
အသံထွက်ဝတ္ထု- ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။
အောက်ပါဓာတ်ပုံများမှာ ဘားကမ့်တွင် ဟောပြောခဲ့သော
မှတ်တမ်းဓာတ်ပုံများဖြစ်ပါသည်။


အလည်မှ တီရှပ်နှင့်ပုဂ္ဂိုလ်မှာ
ကွန်ပြူတာနည်းပညာစာအုပ်များနှင့် အင်တာနက်နည်းပညာစာအုပ်များ
ရေးသားပြုစုသူ စာရေးဆရာ မျိုးသူရ ဖြစ်ပါသည်။
စာရေးဆရာနွေတမာန် သရုပ်ပြဆွေးနွေးနေပုံ

စာရေးဆရာ မျိုးသူရ နှင့် စာရေးဆရာ ရွှေနောင်ရိုး


ဆွေးနွေးပွဲအပြီးတွင် MRTV4 ရုပ်သံမှ တွေ့ဆုံမေးမြန်းစဉ်

အထက်ပါ ဘားကမ့်ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးခဲ့သော
အသံထွက်ဝတ္ထုအချို့ကို
ဤ၀က်ဆိုက်၏ အသံထွက်ဝတ္ထုကဏ္ဍတွင် တင်ပြထားပါသည်။

Sunday 19 August 2012

ဆောင်းလုလင် - ၀ိညာဉ်လှောင်အိမ် (လုံးချင်းဝတ္ထု)

ဆောင်းလုလင်
ဝိညာဉ်လှောင်အိမ်


ဆောင်းလုလင် ၏ ၀ိညာဉ်လှောင်အိမ် ၀တ္ထုကို
၂၀၀၇ခုနှစ်၊ ဧပြီလတွင်
လောကနတ်စာပေမှ ထုတ်ဝေခဲ့ပါသည်။
မျက်နှာဖုံးပန်းချီ - ကျော်ပိုင်

 

Saturday 18 August 2012

မစန္ဒာ ၏ အသံထွက်ဝတ္ထု - + , x နှင့် ----ံ့--

မစန္ဒာ
+ , × နှင့်   ---ံ့-
(အပေါင်း၊ အမြှောက် နှင့် အစား)

စာရေးဆရာမ မစန္ဒာ



စာရေးဆရာမ မစန္ဒာ ၏
+ , × နှင့်   ---ံ့-
(အပေါင်း၊ အမြှောက် နှင့် အစား)
အမည်ရှိ ၀တ္ထုတိုအား
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။
စီစဉ်တင်ဆက်သူ - နွေတမာန်
နောက်ခံအသံ - နွေတမာန်
 

ဆောင်းလုလင် - တစ်ကျော့ပြန်ဝိညာဉ် (လုံးချင်းဝတ္ထု)

ဆောင်းလုလင်
တစ်ကျော့ပြန်ဝိညာဉ်


ဆောင်းလုလင် ၏ တစ်ကျော့ပြန်ဝိညာဉ်လုံးချင်းဝတ္ထုကို
နွေတမာန် ၏ သရဲခြောက်တမ်းကစားသူများ ၀တ္ထုနှင့် တွဲ၍ထုတ်ဝေခဲ့ပါသည်။
ဆုပြည့်စုံထွန်းစာပေမှ 
၂၀၀၉ခုနှစ်၊ သြဂုတ်လတွင် ထုတ်ဝေခဲ့ပါသည်။
ရောင်းဈေး - ၁၅၀၀ကျပ်
မျက်နှာဖုံးဒီဇိုင်း - ဇေယျာ

 

ဆောင်းလုလင် - ထူးဆန်းသောဟင်းတစ်ခွက် (လုံးချင်းဝတ္ထု)

ဆောင်းလုလင်
ထူးဆန်းသောဟင်းတစ်ခွက်



ဆောင်းလုလင် ၏ ထူးဆန်းသောဟင်းတစ်ခွက် လုံးချင်းဝတ္ထုကို
၂၀၀၆ခုနှစ်၊ မတ်လတွင်
လောကနတ်စာပေမှ ထုတ်ဝေဖြန့်ချိခဲ့ပါသည်။
မျက်နှာဖုံးပန်းချီ - မောင်မြင့်ဌေး

 


ဆောင်းလုလင် - တစ္ဆေအော်သံ (လုံးချင်းဝတ္ထု)

ဆောင်းလုလင်
တစ္ဆေအော်သံ



ဆောင်းလုလင် ၏ တစ္ဆေအော်သံဝတ္ထုကို
ဆုပြည့်စုံထွန်းစာပေမှ
၂၀၀၇ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့ပါသည်။
မျက်နှာဖုံးပန်းချီ - နီပိုဦး
ရောင်းဈေး -၁၅၀၀ကျပ်

 

နွေတမာန် - ကိုကိုလာခေါ်လှည့် (မဂ္ဂဇင်းဝတ္ထုရှည်)


နွေတမာန်
ကိုကိုလာခေါ်လှည့်

အိမ်ကြီးမှာ ရှေးတိုက်အိုဟောင်းကြီးဖြစ်သည်။ ခြံဝင်းကလည်း ကျယ်သည်။
ညသန်းကောင်အချိန်များတွင် ပတ်ဝန်းကျင်တိတ်ဆိတ်နေချိန်ဖြစ်၍ အိမ်ကြီးအတွင်းမှအသံများက တစ်ချက်တစ်ချက် လမ်းမပေါ်အထိ ပျံ့လွင့်လာတတ်၏။
]]ကိုကိုရေ... လာခေါ်လှည့်ပါ}}
]]ညီမလေးကို လာခေါ်ပါတော့ ကိုကိုရယ် ...}}
]]ကိုကိုလာခေါ်လှည့်...}}
အသံမှာ မိန်းကလေးတစ်ယောက်၏အသံဖြစ်သည်။ ဆွေးဆွေးမြေ့မြေ့ရှိလှသည်။ တစ်ဦးတစ်ယောက်ကို တမ်းတခေါ်ငင်နေမှန်းသိသာသည်။
အကယ်၍သာ... ရှေးတိုက်အိုဟောင်းကြီးသည် မြို့အပြင်ဖက်လို လူသူဝေးလံရာတွင်ရှိပြီး... ညသန်းကောင်အချိန်တွင် အသံများ ထွက်ပေါ်လာပါက... အလွန်တရာစိတ်ခြောက်ချားဖွယ်ကောင်းပေလိမ့်မည်။ မကောင်းဆိုးဝါးများခြောက်လှန့်နေသည်ဟု ထင်မှတ်ကောင်း ထင်မှတ်နိုင်ပေမည်။
သို့ရာတွင်... အိမ်ကြီးသည် မြို့အလည်ကျကျ၌ရှိနေပြီး... အိမ်ထဲမှ ထွက်ပေါ်လာသောအသံမှာ မည်သူ့အသံ၊ မည်သည့်အတွက် ထွက်ပေါ်နေရသည်များကို ပတ်ဝန်းကျင်က သိနေသည်။ တစ်မြို့လုံးနီးပါးကပင် သိနေကြပါသည်။
ထို့အတွက်... စိတ်ခြောက်ချားဖို့ထက် အသံရှင်ကို ဂရုဏာသက်ကြသည်။ အသနားပိုကြသည်။
]]ကိုကိုရေ... လာခေါ်လှည့်ပါ}}
]]ညီမလေးကို လာခေါ်ပါတော့ ကိုကိုရယ်...}}
]]ကိုကိုလာခေါ်လှည့်...}}
မိန်းကလေးတစ်ဦး၏ ကြေကွဲဖွယ်တမ်းတခေါ်ငင်သံများမှာ... ညအချိန်ရောက်တိုင်း အိမ်အိုကြီးဆီမှ ထွက်ပေါ်လာမြဲဖြစ်လေသည်။

နွေတမာန် - တစ္ဆေမော်တော်ကား (၀တ္ထုတို)


နွေတမာန်
တစ္ဆေမော်တော်ကား

ဆရာမမယဉ်ရွှေ ရွာမှထွက်လာချိန်မှာ မှောင်ရီပျိုးစအချိန်ဖြစ်ပေသည်။ ဆရာမမယဉ်ရွှေသည် စနေ၊ တနင်္ဂနွေ ပိတ်ရက်တွင် မိခင်ကြီးရှိရာ ဇာတိရွာသို့ပြန်ရန် အလုပ်လုပ်နေသောရွာကလေးမှ ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။
ထိုနေ့မှာ သောကြာနေ့ညနေခင်းဖြစ်လေသည်။ ညနေလေးနာရီ အချိန်ကတည်းက ကျောင်းဆင်းခဲ့သော်လည်း ကလေးများ၏ဒုတိယအစမ်း စာမေးပွဲအတွက် ပြင်ဆင်စရာရှိစရာများကို ရွာခံဆရာမကြီးနှင့် တိုင်ပင်နေရပါ၍ မှောင်ရီပျိုးစ ခြောက်နာရီထိုးမှပင် ရွာမှထွက်လာဖြစ်လေသည်။
ဆရာမမယဉ်ရွှေအလုပ်လုပ်သော တမာတန်းရွာကလေးသည် ရန်ကုန်-မန္တလေးလမ်းမကြီးနံဘေး၌ရှိသည်။ သူမ၏ဇာတိရွာကလေးမှာလည်း ရန်ကုန်-မန္တလေးကားလမ်းမကြီးနံဘေးမှ ရွာကလေးတစ်ရွာပင်ဖြစ်ပါသည်။
တစ်ရွာနှင့်တစ်ရွာမှာ မိုင်၂၀ကျော်မျှသာဝေးပါသည်။ အသွားအလာ အဆင်ပြေသည်။ လမ်းမကြီးပေါ်ထွက်၍ ကားကြုံ ကိုတားပြီး တက်လိုက်ရုံသာဖြစ်ပါသည်။
ဆရာမမယဉ်ရွှေတို့လို ကျောင်းဆရာများအဖို့ မည်သည့်ကားကို တက်စီးစီး ကားခပေးရန်မလိုပါ။ ကားအတော်များများက ကျောင်းဆရာ ဆရာမများကို လမ်းကြုံတင်ခေါ်သွားကြမြဲဖြစ်သည်။
ဆရာမမယဉ်ရွှေသည် ညနေခင်းအချိန်ဖြစ်သော်လည်း မိမိကို ကျောင်းဆရာမတစ်ဦးမှန်းသိသာစေရန် ကျောင်းဝတ်စုံ အဖြူနှင့်အစိမ်းကိုပင် ဝတ်ဆင်လာခဲ့လေ၏။
သွားနေကျလမ်းဖြစ်၍ မယဉ်ရွှေက တစ်မိုင်ခန့်ဝေးသော အဝေးပြေးလမ်းမကြီးဆီသို့ အဖော်မခေါ်ပဲ တစ်ယောက်တည်း ပင်လျှောက်လာခဲ့လေသည်။
ရန်ကုန်-မန္တလေးဝေးပြေးလမ်းမကြီးသို့အရောက်တွင် လမ်းဘေးမှနေ၍ ကားကြုံကိုစောင့်နေလိုက်လေသည်။
မယဉ်ရွှေပြန်ရမည့်ရွာမှာလည်း လမ်းမကြီးဘေး၌ပင်ရှိလေသည်။ မြို့ကိုမရောက်မီ ငါးမိုင်ခန့်အကွာတွင်ရှိသော ညောင်ပင်ဝိုင်းရွာဖြစ်ပါသည်။
မယဉ်ရွှေသည် လမ်းမကြီးအရောက်တွင် ကားကြုံကို တစ်ယောက်တည်းရပ်စောင့်နေခဲ့သည်။ ယခုလိုအချိန်များတွင် ရန်ကုန်မှလာသော အဝေးပြေးကားကြီးများသည် မယဉ်ရွှေတို့မြို့ကိုဖြတ်သွားသည့်အချိန်ဖြစ်ပေ၏။ သို့သော် အဝေးပြေး ကားကြီးများက လမ်းကြုံခရီးသည်များကို တင်လေ့မရှိပါ။ မယဉ်ရွှေစောင့်မျှော်နေသည့်ယာဉ်အကြုံမှာ ခရီးတိုသွားသော ကားများ၊ ကိုယ်ပိုင်ကားများနှင့် ပစ္စည်းတင်သော ထော်လာဂျီယာဉ်များသာ ဖြစ်ပါသည်။
မယဉ်ရွှေက တစ်ဖက်မှလာမည့်ကားကြုံကိုမျှော်ရင်း လမ်းဘယ်ဖက်သို့ကြည့်နေလေသည်။
စောင့်မျှော်နေစဉ်မှာပင် တစတစဖြင့် အမှောင်ထုစိုးမိုးလာလေ၏။ ဆောင်းကာလဖြစ်၍ ညနေခင်းခြောက်နာရီခွဲလောက် သာရှိသေးသော်လည်း မှောင်လာခဲ့ပြီဖြစ်သည်။
ထိုစဉ် မြို့ဖက်သို့ဦးတည်၍မောင်းလာသော ကားလေးတစ်စီးကို မယဉ်ရွှေမြင်လိုက်ရလေသည်။ ထိုကားလေးတွင် လူချောင်လျှင်ဖြင့် မယဉ်ရွှေ လိုက်ခွင့်ရပါလိမ့်မည်။ မယဉ်ရွှေသွားမည့် ညောင်ပင်ဝိုင်းရွာသည် မြို့အထိရောက်အောင် လိုက်စီးစရာမလို။ မြို့ထဲမရောက်မီ ငါးမိုင်ခန့်မှာ ညောင်ပင်ဝိုင်းရွာရှိ၍ လမ်းမှာပင်ဆင်းရမည်ဖြစ်သည်။
ကားလေးတဖြည်းဖြည်းနီးလာသည်နှင့် မယဉ်ရွှေက ရှေ့နားကို ရွှေ့ရပ်ကာ ကားကိုတက်ပြ၍တားလိုက်သည်။
ကားကလေးက မယဉ်ရွှေရှေ့မှာပင် တိကနဲရပ်သွားလေသည်။ ကားလေးမှာ လေးယောက်စီး ဖယ်မလီယာကားလေး ဖြစ်ပါ၏။ ကားရှေ့ခန်း၌ မောင်းသူတရုပ်အမျိုးသားကြီးနှင့် တရုပ်အမျိုးသမီးကြီးတစ်ဦးတို့ ထိုင်လျှက်ရှိသည်။ သူတို့မှာ လင်မယားမှန်းသိသာပါသည်။ ကားပေါ်တွင် လင်မယားနှစ်ယောက်သာပါသဖြင့် မယဉ်ရွှေ ပျော်သွားသည်။
]]ကျွန်မ ညောင်ပင်ဝိုင်းအထိ လိုက်ပါရစေရှင်}}

ဆောင်းလုလင် - မွေးစားတစ္ဆေ (လုံးချင်းဝတ္ထု)

ဆောင်းလုလင်
မွေးစားတစ္ဆေ


ဆောင်းလုလင် ၏ မွေးစားတစ္ဆေ ၀တ္ထုကို
၂၀၀၉ခုနှစ်၊ သြဂုတ်လတွင်
ဆုပြည့်စုံထွန်းစာပေမှ ထုတ်ဝေခဲ့ပါသည်။ 
မျက်နှာဖုံးပန်းချီ - ရန်နိုင်ဦး
တန်ဖိုး -၁၅၀၀ကျပ်

 

မွေးစားတစ္ဆေ ၀တ္ထုအား 
မာန်ထက်ချီဗီဒီယိုထုတ်လုပ်ရေးမှ ၀ယ်ယူထားပြီး
မင်းသားဟိန်းဝေယံ ခေါင်းဆောင်၍ ဗီဒီယိုဇာတ်ကားရိုက်ကူးရန် စီစဉ်နေပါသည်။

နွေတမာန် - တစ်ယောက်တည်းဖောက်ပြီး တစ်ယောက်တည်းလျှောက်တဲ့လမ်း (၀တ္ထုတို)


နွေတမာန်
တစ်ယောက်တည်းဖောက်ပြီး တစ်ယောက်တည်းလျှောက်တဲ့လမ်း

တစ်ချိန်က ခင်မင်ရင်းနှီးခဲ့ဖူးသူတစ်ဦးကို အရူးတစ်ယောက်အဖြစ် မမျှော်လင့်ပဲတွေ့လိုက်ရသည့်အခါ …  ကျွန်တော်ကြေကွဲဝမ်းနည်းမိပါသည်။
သူ ဘယ်တုံးက ရူးသွပ်သွားပါလိမ့်၊ ရူးသွားရလောက်အောင်၊ သူ ဘယ်လိုနာကြည်းကြေကွဲဖွယ်ဖြစ်ရပ်ဆိုးတွေ ကြုံဆုံခဲ့ရပါလိမ့်။ ကျွန်တော် တို့ပတ်ဝန်းကျင်မှ သူပျောက်ကွယ်သွားသည်မှာ ဆယ်နှစ်ကျော်လောက်ပင်ရှိပြီ။ ယခုပြန်တွေ့ရတော့ အရူးတစ်ယောက်အဖြစ် တွေ့မြင်နေရသည်။
မသပ်ရပ်သောအဝတ်အစားများဖြင့် အရူးတစ်ယောက်အဖြစ် သိသာစွာမြင်တွေ့နေရသော်လည်း သူသည် တစ်ချိန်က ကျွန်တော်နှင့်လုပ် ဖော်ကိုင်ဖက် ကိုစိန်သောင်းဖြစ်ကြောင်း ကျွန်တော်မှတ်မိနေပါသည်။
ဘယ်လိုဖြစ်ရတာလဲ ကိုစိန်သောင်းရယ်…   ကျွန်တော်ထိုင်နေသောလက်ဖက်ရည်ဆိုင်ရှေ့သို့ သူရောက်အလာ တွင် ကျွန်တော်မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ သူသည် တစ်ဖက်က ပေါင်လည်အထိပြတ်နေသောဘောင်းဘီရှည်တစ်ထည်ကို ဝတ်ဆင်ထားသည်။ အခြားတစ်ဖက်က နဂိုအရှည်အတိုင်းရှိနေသော်လည်း အပေါက်အပြဲများနှင့်။ တီရှပ်အင်္ကျီအစုတ်မှာ ကွမ်းတံတွေးကွက်များပေကျံနေသည်။ ခေါင်းကဆံပင်ကို ကြက်တောင်စည်းလေးနှစ်ဖက်ဖြစ် အောင်စည်းထား သည်။ တစ်ဖက်တွင် နှင်းဆီပန်းတစ်ပွင့်ကို ထိုးစိုက်ထား၏။
သနပ်ခါးဘဲကျားကြီးကိုလည်း လိမ်းထားသေးသည်။ ပစ္စည်းများ ကိုပုဆိုးစုတ်ဖြင့်ထည့်ကာ ထိပ်မှစုထုံးပြီး လက်မောင်းအောက်၌လျှို၍လွယ် ထားသည်။
မည်မျှပင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော်လည်း…   သူ့ကိုမြင် သည်နှင့် ကျွန်တော်နှင့် တစ်ရုံးတည်းအတူ အလုပ်လုပ်ခဲ့သူ ကိုစိန်သောင်း ဆိုတာ ကျွန်တော်ချက်ချင်းမှတ်မိသည်။ သူနှင့်ကျွန်တော် ရန်ကုန်ရုံးချုပ် မှာ လေးငါးနှစ်မျှ အတူတွဲလုပ်ဖူးသည်။
သူ့လက်ထဲမှာ ပန်းစည်းကြီးတစ်စည်း ကိုင်ထားသည်ကိုလည်း တွေ့ရလေသည်။
သူက နှုတ်မှပေါက်ကရသီချင်းများကိုအော်ဟစ်ရေရွတ်ကာ လက်ဖက်ရည်ဆိုင်ထဲဝင်လာလေသည်။ လက်မှပန်းစည်းကြီးဖြင့် စားပွဲခုံ များပေါ်သို့ တဖတ်ဖတ်ရိုက်လာသည်။ အချို့ပန်းများမှာ ပွင့်ဖတ်များကြွေ ကျ၍ ပွင့်ဖတ်အကြွေများက စားပွဲများပေါ်ကျန်ခဲ့လေသည်။
သူဝင်လာသည်နှင့် ဆိုင်အတွင်းမှာရှိနေသူများက လှည့်ကြည့်လိုက် ကြသည်။ သူကတော့ ပါးစပ်က ဘာတွေမှန်းမသိအော်ဟစ်ရေရွတ်ကာ လွတ်နေသောစားပွဲများကို ပန်းစည်းကြီးဖြင့်လိုက်ရိုက်လျှက်ရှိသည်။
နှင်ထုတ်ခံရတော့မှာပဲဆိုသော ကျွန်တော့်အတွေးမှာ မှားယွင်းသွား လေသည်။
]]အာဘွားကြီး လာပြီဟေ့}}
ကောင်တာတွင်ထိုင်နေသောဆိုင်ရှင်က လှမ်းအော်လိုက်သည်။
အရူးကိုစိန်သောင်းသည် ကောင်တာဆီသို့တန်းတန်းမတ်မတ် သွား၏။
ကောင်တာရှေ့အရောက်တွင် လက်ထဲကပန်းစည်းထဲမှ ပန်းတစ်ပွင့် ကိုချိုးကာ ဆိုင်ရှင်ကိုပေးလိုက်သည်။ မေမြို့ပန်းတစ်ပွင့်ဖြစ်ပါသည်။

နွေတမာန် - ရုန်းမဖယ်သာ (မဂ္ဂဇင်းဝတ္ထုရှည်)


နွေတမာန်
ရုန်းမဖယ်သာ

]]သား အပြန်မိုးမချုပ်စေနဲ့နော်၊ အရက်တွေကိုလည်း မူးအောင်သောက်မလာနဲ့၊ အပြင်ကဝယ်လာပြီး အိမ်ကျမှအဝသောက်ချင်သောက်}}
ဒေါ်သန်းမြင့်က သူ့သားအောင်ထူး အပြင်ထွက်ခါနီးမှာ နေ့စဉ်မှာနေကျစကားနဲ့ မှာနေတာပါ။ ဒေါ်သန်းမြင့်အတွက် ဒီစကားဟာ နေ့စဉ်ပြောရလို့ အပ်ကြောင်းထပ်နေပြီ။
]]အင်းပါ  ...အမေရာ}}
အောင်ထူးကလည်း နေ့စဉ်ပြန်ပြောနေကျအတိုင်း စိတ်မပါ့တပါလေသံနဲ့ပြန်ပြောရင်းက အိမ်ကထွက်သွားတယ်။
ဒေါ်သန်းမြင့် အောင်ထူးကျောပြင်ကို နောက်ကနေကြည့်ရင်းက ကျန်ခဲ့တယ်။ အောင်ထူးသူ့မြင်ကွင်းထဲကပျောက်သွားတဲ့အထိ ငေးကြည့် နေမိတာပါ။ ဒါလည်း ဒေါ်သန်းမြင့်အတွက် နေ့စဉ်လုပ်မိနေကျအလုပ်တစ်ခုလိုပါပဲ။
အမေတစ်ခုသားတစ်ခုဘ၀မှာ ဒေါ်သန်းမြင့်ဟာ အောင်ထူးအတွက် အမြဲတမ်းစိတ်ပူပန်နေရတယ်။ အောင်ထူးအလုပ်ကလည်း ကားမောင်းတဲ့ အလုပ်ဆိုတော့ စိတ်မြန်လက်မြန်ရှိတတ်တဲ့သူ့သားအကျင့်ကိုသိထားလို့ ဒေါ်သန်းမြင့်ပူပန်မယ်ဆိုလည်း ပူပန်စရာပါ။ တစ်နေ့တစ်နေ့ ဒေါ်သန်းမြင့် မှာ အောင်ထူးမောင်းတဲ့ကား ဘေးအန္တရာယ်ကင်းရှင်းပါစေလို့ ဆုတောင်းရတာအမော။

နွေတမာန် - မိုးအဆုံး မြေအဆုံး (၀တ္ထုတို)


နွေတမာန်
မိုးအဆုံး မြေအဆုံး

စစ်ကြီးပြီးတာ ဆယ်နှစ်ရှိသွားပြီ။
မဝါဆိုတို့ရွာသို့ ကိုတိုးမောင်ရောက်လာခဲ့တာလည်း ဆယ်နှစ်ရှိလေပြီ။ ထိုနည်းတူ မဝါဆိုနှင့်ကိုတိုးမောင်တို့ အိမ်ထောင်သက် မှာလည်း ဆယ်နှစ်အတွင်း ရောက်ခဲ့ပေပြီ။
စစ်ကြီးပြီးသွားပြီဆိုတဲ့သတင်းကြားတော့ မဝါဆိုတို့ရွာအနီးမှာတပ်စွဲထား တဲ့တော်လှန်ရေးတပ် များ ပြန်ရုပ်သိမ်းသွားကြသည်။ ကိုတိုးမောင်သည် ရုပ်သိမ်း သွားသောတပ်နှင့်အတူ ပြန်ပါမသွားပဲ ကျန်ရစ်ခဲ့သည့် တော်လှန်ရေးရဲဘော်တစ်ယောက်ဖြစ်ပေ၏။
တော်လှန်ရေးတပ်သားများကို မဝါဆိုတို့ ညောင်ပင်ဆိပ်ရွာဆိပ်ကမ်းမှနေ၍ မြို့ကိုသင်္ဘောဖြင့်ပို့ပေးခဲ့သည်။ သည်တုံးက သင်္ဘောအလာကိုစောင့်ရင်း တော် လှန်ရေးတပ်သားများ ရွာထဲကအိမ်တွေမှာ အနားယူကြသည်။ ရွာသူရွာသားများကလည်း အားရဝမ်းသာပင် တော်လှန်ရေးရဲဘော်များအား ချက်ပြုတ်ကျွေးမွေးကာ ဧည့်ခံခဲ့၏။ ထိုသို့ တစ်အိမ်လျှင် သုံးယောက်တစ်တွဲ၊ လေးယောက်တစ်တွဲနားနေ သည့်တော်လှန်ရေးတပ်သားများအုပ်စု ထဲတွင် ကိုတိုးမောင်က မဝါဆိုတို့အိမ်သို့ပါ လာခဲ့ခြင်းဖြစ်သည်။
ရောက်စကပင် ကိုတိုးမောင်သည် ဖျားနာရက်ကြီး ပါလာခဲ့ခြင်းဖြစ်၏။ တပ်သားများထဲတွင် ကိုတိုးမောင်ကဲ့သို့ ငှက်ဖျားဖြစ်နေသူ သုံးလေးယောက်ရှိတာ ကိုသတိထားမိသည်။ ကိုတိုးမောင်ကတော့ မဝါဆိုတို့အိမ်မှာ တစ်ထောက်နားသည့် သုံးယောက်အဖွဲ့ထဲတွင် ပါလာခြင်းဖြစ်သည်။
တပ်သားများထဲမှာ တချို့ခြေပြတ်သူ၊ တချို့လက်ပြတ်သူများကိုလည်း တွေ့ရပေ၏။
ညောင်ပင်ဆိပ်ရွာသူရွာသားများမှာ ဗဟုသုတခေါင်းပါး၍ အကြားအမြင် နည်းကြသော်လည်း တော်လှန်ရေး ရဲဘော်များကိုတော့ လွတ်လပ်ရေးအတွက်တိုက် ပွဲဝင်နေကြသော မျိုးချစ်သူရဲကောင်းများ အဖြစ် ကောင်းကောင်းနားလည်ကြလေသည်။ ဒါကြောင့်လည်း စစ်အပြီး နေရင်းရပ်ရွာပြန်အဆုတ်မှာ ရွာကိုတစ်ထောက် ဝင်နားသည့်ရဲဘော်များအား တစ်နေ့တာ ကောင်းကောင်းပြုစုဧည့်ခံကာ ချက်ပြုတ် ကျွေးမွေးကြခြင်းဖြစ်သည်။

ဆောင်းလုလင် - လူဝင်စားလား တစ္ဆေလား (မဂ္ဂဇင်းဝတ္ထုရှည်)


ဆောင်းလုလင်
လူဝင်စားလား တစ္ဆေလား

အညာရွာတို့၏ထုံးစံအတိုင်း ရွာအပြင်တွင်ကွယ်လွန်သည့် အလောင်းကို ရွာထဲသို့သွင်းခွင့်မရှိပါ။
ထို့ကြောင့်.. မောင်သန်းကြီး၏အလောင်းကို ရွာအပြင်မှာပဲထားရသည်။ ရွာအပြင်မှာ လေးတိုင်စင်လေးထိုး၍ အလောင်းကိုတင်ထားသည်။
သာမန်အချိန်မျိုးဆိုလျှင် နာရေးအတွက် ပူပင်စရာ မလိုပါ။ ဂုံညှင်းတန်း တစ်ရွာလုံးက လူမှုရေးနားလည်ပြီးသား၊ တစ်ဦးနှင့်တစ်ဦးကူညီရကောင်းမှန်းလည်းသိ၊ ရွာဦးဘုန်းတော်ကြီးရဲ့ ဆိုဆုံးမမှုများကလည်း တစ်ရွာလုံးအပေါ်ပေါက်ရောက်သောကြောင့် သာရေးနာရေးမှန်သမျှ တစ်အိမ် တစ်ယောက် ကူညီသူတွေထွက်ပေါ်လာတတ်မြဲပင်။ ရွာထဲမှာဖြစ်တဲ့ နာရေးဖြစ်ဖြစ်၊ ရွာပြင်မှာဖြစ်တဲ့ နာရေးဖြစ်ဖြစ်.. သေသူချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ စည်စည်ကားကား သိုက်သိုက် မြိုက်မြိုက်နှင့် အလောင်းမြေကျသွားစမြဲဖြစ်သည်။
မောင်သန်းကြီးနာရေးကိစ္စကျမှ ခုလိုကြုံရတော့ မောင်သန်းကြီး ကံဆိုးရှာသည်ဟု ပြောကြ သည်။
မောင်သန်းကြီးကံဆိုးပုံကလည်း စာဖွဲ့လောက်ပေသည်။
မောင်သန်းကြီးအသုဘ မစည်ကားရခြင်းအကြောင်းမှာ သူကြီး၏မြေးများရှင်ပြုအလှူပွဲ နှင့် တိုက်ဆိုင်နေသောကြောင့်ပင်။ လူတို့ထုံးစံအတိုင်း မျက်နှာကြီးရာ ဟင်းဖတ်ပါကြသည်။ ဟင်းဖတ် ကလည်း သူကြီးလို မျက်နှာကြီး ကျေးရွာခေါင်းဆောင်ဖက်ကပါနေတာ မဆန်းရုံမကသေး၊ သူကြီး နှင့်ယှဉ်လျှင် မောင်သန်းကြီးသည် ဘာမှမဟုတ်။ မောင်သန်းကြီးကား သူကြီးအိမ်က သူရင်းငှားတစ် ယောက်သာဖြစ်သည်လေ။
အဲဒီလို ဂုဏ်ဒြပ်ခြင်း ကွာခြားရုံသာမက မောင်သန်းကြီးမှာ ဆွေမျိုးသားချင်းရယ်လို့ ထောက် ထားစရာ တစ်ယောက်မှမရှိလေရာ မောင်သန်းကြီးရဲ့ လေးတိုင်စင် အသုဘမဏ္ဍပ်မှာ လူမရှိတာ မဆန်းပြန်ပေ။
မောင်သန်းကြီးကား ငယ်စဉ်ကပင် မိဘမဲ့အဖြစ်ဖြင့် ရွာဦးဘုန်းကြီးနှင့်အတူပါလာပြီး ဘုန်းကြီးက သူကြီးအိမ်မှာ အပ်နှံပေးထားခြင်းဖြစ်သည်။ ယခုတော့ မောင်သန်းကြီးကိုခေါ်လာခဲ့သော ဘုန်းကြီးသည် လည်းပျံလွန်တော်မူပြီ။ မောင်သန်းကြီးနှင့်ပတ်သက်ပြီး ငဲ့ညှာစရာ၊ ထောက်ထားစရာ၊ မျက်နှာပူစရာ ဘယ်သူမှမရှိပါပေ။
ဒါ့ထက်ပိုပြီး တွေးကြည့်လျှင်.. မောင်သန်းကြီးအဖြစ်က ‘ဒါ့ထက်ပိုပြီး ရင်နာစရာကောင်းသေးသည်။
မောင်သန်းကြီးသေရပုံမှာ သူကြီးမြေးများရှင်ပြုပွဲအတွက် ပရိက္ခရာရှစ်ပါးနှင့် အလှူ အတွက်လိုအပ်သောပစ္စည်းများကို မြို့သို့သွားဝယ်ပြီး အပြန်လမ်းမှာ ပိုးထိ၍ ကွယ်လွန်ရခြင်း ဖြစ်သည်။
ထိုနေ့က မိုးတွေက အခါမဟုတ်ရွာနေသည်။ မိုးဦးစောသည်ဟုပြောရပေမည်။
မြို့ကိုပစ္စည်းအဝယ်ထွက်မည့်အဖွဲ့ထဲမှာ မောင်သန်းကြီးကို သူကြီးက ထည့်လွှတ်လိုက်သည်။

နွေတမာန် - ကောင်းရာသုဂတိလားပါစေ (၀တ္ထုတို)


နွေတမာန်
ကောင်းရာသုဂတိလားပါစေ

မစ္စတာအာဒစ်သည် အိန္ဒိယနိုင်ငံသားတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆေးဝါးကုမ္ပဏီတစ်ခု လာရောက်ဖွင့်လှစ်လုပ်ကိုင်နေသော လုပ်ငန်းရှင် တစ်ဦးဖြစ်သည်။
မစ္စတာအာဒစ်၏ဆေးဝါးလုပ်ငန်းမှာ အောင်မြင်မှုရသောကြောင့် သုံးနှစ်အတွင်းမှာပင် မြန်မာနိုင်ငံတဝှမ်းလုံးကို ဆေးဝါးများဖြန့်ချီနိုင်ခဲ့ပြီး အရောင်းကိုယ်စားလှယ်များလည်း ခန့်ထားနိုင်ခဲ့သည်။ အထက်မြန်မာပြည်တွင်ကုမ္ပဏီရုံးခွဲတစ်ခုကိုလည်း မန္တလေး၌ဖွင့်လှစ်နိုင်ခဲ့ပါသည်။
မစ္စတာအာဒစ်မှာ သဘောသက္ကာယကောင်းမွန်ပြီး ဝန်ထမ်းများအပေါ်တွင် ငဲ့ညှာထောက်ထားမှုရှိသောကြောင့် ဝန်ထမ်းများ၏ချစ်ခင်မှု ကိုလည်းခံရသည်။ မေတ္တာရောင်ပြန်ဟပ်ကာ လက်အောက်ဝန်ထမ်းများထံမှ ကူညီမှုများကိုလည်းရရှိခဲ့လေသည်။
မန္တလေးသို့ ကုမ္ပဏီရုံးခွဲသွားရောက်ဖွင့်လှစ်ရာတွင် မစ္စတာအာဒစ်က လက်ရှိရန်ကုန်ရုံးတွင် မန်နေဂျာအဖြစ်တာဝန်ထမ်းဆောင်နေသော ဦးသက်နိုင်ကို အထက်မြန်မာနိုင်ငံရုံးခွဲမန်နေဂျာအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ခဲ့သည်။ ဦးသက်နိုင်မှာ မန္တလေးဇာတိဖြစ်ပြီး မန္တလေးတွင် ကိုယ်ပိုင်အိမ်လည်းရှိပြီးဖြစ်၍ အဆင်အပြေဆုံးအစီအစဉ်တစ်ခုပင်ဖြစ်လေသည်။
ဦးသက်နိုင်က ရုံးဖွင့်ရန်အဆောက်အဦးငှားရမ်းခြင်း၊ သက်ဆိုင်ရာများမှခွင့်ပြုမိန့်ရယူခြင်းများအတွက် မန္တလေးသို့ တစ်လခန့်ကြိုတင်သွား ရောက်ကာ လိုအပ်သည်များကိုဆောင်ရွက်ရသည်။
မန္တလေးတွင်ရုံးဖွင့်ခွင့်ရပြီးနောက် ဦးသက်နိုင်က မြို့ထဲနှင့်မလှမ်းမကမ်းမှ တိုက်ကြီးတစ်လုံးကို ရုံဖွင့်ဖို့ငှားရမ်းနိုင်ကြောင်း ငှားရမ်းခဈေးနှုန်း ဖော်ပြ၍ တိုက်အိမ်ကြီး၏ဓာတ်ပုံပါရိုက်ကာ အစီရင်ခံစာရေးပို့လိုက်သည်။
မစ္စတာအာဒစ် မန္တလေးလိုက်လာပြီး ဦးသက်နိုင်ငှားရန်စီစဉ်ထားသောတိုက်ကိုပင် ရုံးအဖြစ်ငှားရမ်းဖြစ်ခဲ့သည်။
တိုက်ကြီးမှာ အိုမင်းဟောင်းနွမ်းနေပြီး သက်တမ်းပင် ငါးဆယ် ကျော်နေပြီဖြစ်သည်။ သို့ရာတွင် … မြို့လည်ခေါင်၌ သီးခြားလုံးချင်းတိုက်ရရန် ခဲယဉ်းသဖြင့်လည်းကောင်း၊ တိုက်ပိုင်ရှင်မှာ အိန္ဒိယအမျိုးသားပင်ဖြစ်ပြီး မစ္စတာအာဒစ်နှင့် ကိုးကွယ်ရာဘာသာခြင်းတူသဖြင့်လည်းကောင်း …  ထို တိုက်အိုကြီးကိုပင် ရုံးဖွင့်ရန်ငှားဖြစ်ခဲ့လေသည်။ ဆေးကုမ္ပဏီဖြစ်ရာ သိုလှောင် ထားရမည့်ဆေးပစ္စည်းကိရိယာနှင့် ဝန်ပမာဏများပြားမှုကြောင့်လည်း လုံးချင်းတိုက်တစ်ခုလုံးမှသာ အဆင်ပြေမည်ဖြစ်၍ ထိုတိုက်ဟောင်းကြီးကို ပင်ငှားရမ်းခဲ့ခြင်းဖြစ်သည်။
တိုက်ကြီးကိုငှားပြီးသည်နှင့် ဆေးသုတ်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း များလုပ်ရသည်။
ပြီးနောက်… မန္တလေးရုံးခွဲတွင်ခန့်ထားမည့် ဝန်ထမ်းများကို မစ္စတာအာဒစ်ရှိနေစဉ်မှာပင် ရွေးချယ်ရလေသည်။

Friday 17 August 2012

ဆောင်းလုလင် - လွမ်းရုံသက်သက် (လုံးချင်းဝတ္ထု)

ဆောင်းလုလင်
လွမ်းရုံသက်သက်


ဆောင်းလုလင် ၏ လွမ်းရုံသက်သက် လုံးချင်းဝတ္ထုကို
ဆုပြည့်စုံထွန်းစာပေမှ
၂၀၀၈ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ဝေခဲ့ပါသည်။
မျက်နှာဖုံးပန်းချီ - ကံကောင်း
ရောင်းဈေး - ၁၅၀၀ကျပ်

 

ဆောင်းလုလင် - တခြားကမ္ဘာမှချစ်သူများ (လုံးချင်းဝတ္ထု)

ဆောင်းလုလင်
တခြားကမ္ဘာမှ ချစ်သူများ


ဆောင်းလုလင် ၏ တခြားကမ္ဘာမှချစ်သူများ
ဂမ္ဘီရသိပ္ပံဆန်းကြယ်ဝတ္ထုကို
၂၀၀၇ခုနှစ်၊ စက်တင်ဘာလတွင်
ဆုပြည့်စုံထွန်းစာပေမှ ထုတ်ဝေခဲ့ပါသည်။ 
မျက်နှာဖုံးပန်းချီ- နီပိုဦး
ရောင်းဈေး- ၁၅၀၀ကျပ်

 

ဆောင်းလုလင် - တိတ်တိတ်ပုန်းလရောင် (လုံးချင်းဝတ္ထု)

ဆောင်းလုလင်
တိတ်တိတ်ပုန်းလရောင်


ဤ၀တ္ထုအား ဆုပြည့်စုံထွန်းစာပေမှ
၂၀၀၈ခုနှစ်၊ ဧပြီလတွင် ထုတ်ဝေခဲ့ပါသည်။
မျက်နှာဖုံးပန်းချီ - နီပိုဦး
ရောင်းဈေး - ၁၅၀၀ကျပ်

 

ဆောင်းလုလင် - အပင်း (လုံးချင်းဝတ္ထု)

ဆောင်းလုလင်
အပင်း

ဆောင်းလုလင် ၏ အပင်း- လုံးချင်းဝတ္ထုကို
ဆုပြည့်စုံထွန်းစာပေမှ 
၂၀၀၇ခုနှစ်၊ သြဂုတ်လတွင် ထုတ်ဝေခဲ့ပါသည်။
မျက်နှာဖုံးပန်းချီ- နီပိုဦး
ရောင်းဈေး-၁၅၀၀ကျပ်

အပင်းဝတ္ထုအား ရွှေစင်ဦးဗီဒီယိုထုတ်လုပ်ရေးမှ
ဒါရိုက်တာ- ခင်မောင်ဦး၊ စိုးသိန်းထွဋ် 
ဇာတ်ညွှန်း- စိုးသိမ်းထွဋ်
သရုပ်ဆောင်များအဖြစ်-
ထွန်းထွန်း၊ ထွန်းအိန္ဒြာဗို၊ ဦးအောင်လွင်၊
ဟေမာန်အောင်အောင်၊ စပယ်မိုး၊ စိုးရတနာ...တို့ဖြင့်
ဗီဒီယိုဇာတ်ကား ရိုက်ကူးခဲ့ပါသည်။


 

ဆောင်းလုလင် ၏ အသံထွက်ဝတ္ထု- ဇော

ဆောင်းလုလင်
ဇော



ဆောင်းလုလင်ရဲ့ ဖခင်မေတ္တာဖွဲ့ ဂမ္ဘီရ၀တ္ထုတိုလေးတစ်ပုဒ်ကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါတယ်။
စီစဉ်တင်ဆက်သူ - နွေတမာန်
နောက်ခံအသံ - နွေတမာန်

Thursday 16 August 2012

ဇော်ဇော်အောင် ၏ အသံထွက်ဝတ္ထု - ခင်သန်းနုအကြောင်းဝတ္ထု

ဇော်ဇော်အောင်
ခင်သန်းနုအကြောင်းဝတ္ထု
 စာရေးဆရာ ဇော်ဇော်အောင်



ဆရာဇော်ဇော်အောင် ၏ ခင်သန်းနုအကြောင်းဝတ္ထု အမည်ရှိ ၀တ္ထုတိုလေးကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။
စီစဉ်တင်ဆက်သူ - နွေတမာန်
နောက်ခံအသံ - နွေတမာန်

နွေတမာန် - ယာယီတစ္ဆေ (မဂ္ဂဇင်းဝတ္ထုရှည်)


နွေတမာန်
ယာယီတစ္ဆေ

ကျွန်တော်သည် နှစ်ရှည်လများ အရက်သောက်သုံးမှုဒဏ်ကြောင့် ရောဂါဘယမျိုးစုံဖြင့် သေလွန်ရပေတော့မည်။ ကျွန်တော့်ဘ၀ ၏နောက်ဆုံးအချိန်မှာ အလွန်ပင်နီးကပ်နေပြီဟုထင်မိပါသည်။
ဆေးရုံပေါ်သို့ရောက်နေသည်ဆိုသည်ကို တစ်ချက်တစ်ချက် သတိရလိုက်သော်လည်း အချိန်ကာလတော်တော်များများမှာ သတိလစ် မေ့မျောနေလေသည်။
တစ်ချက်တစ်ချက် ခဏတာမျှ သတိရလိုက်ချိန်တွင် ကုတင်နဘေး၌ စိတ်သောကရောက်စွာ ကျွန်တော့်မျက်နှာကိုထိုင်ကြည့်နေရှာသည့် မိခင်အိုကြီးကိုလည်းကောင်း၊ အားကိုးရာမဲ့စွာငိုရှိုက်နေသောဇနီးသည်ကိုလည်းကောင်း၊ မျက်စိသူငယ်နားသူငယ်ဖြင့် ရပ်ကြည့်နေရှာသော လူမမယ် သားနှင့်သမီးလေးကိုလည်းကောင်း မြင်လိုက်ရလေသည်။
ထိုအခါများ၌ ကျွန်တော်သည် … ငါသေလျှင် အမေလည်း စိတ်သောကရောက်ကျန်ရစ်တော့မည်။ ငါ့မိန်းမလည်း အားကိုးရာ မဲ့တော့မည်။ သားသမီးလေးများလည်း မျက်နှာငယ်ကျန်ရစ်ရှာတော့မည်ဟု တွေးမိပြီး နောင်တကြီးစွာရမိပေတော့၏။
သို့သော်… …  နောင်တက နောင်တသာဖြစ်၍ အရက်ကြောင့်  ကျွမ်းနှင့်ပြီးသောဝေဒနာများကို ယခုအချိန်ကျမှ တားမြစ်ထားလို့ မဖြစ်နိုင်တော့ပေ။
မိခင်ကြီးက ကုတင်ဘေးတွင်ထိုင်ရင်း ပုတီးမပြတ်စိတ်ကာ စိတ်ပုတီးဖြင့် ကျွန်တော့်ကို ခေါင်းမှရင်ပတ်အထိ သပ်သပ်ပေးနေသည်ကို မြင်ရသည့်အခါ မိခင်ကြီး၏သောကနှင့်မေတ္တာကို ခံယူမိပြန်သည်။ သည်ဘ၀မှာဖြင့် ကျွန်တော်သည် မိဘကျေးဇူးကိုပြန်ဆပ်နိုင်တော့မည် မဟုတ်ပေ။
အမေသည် ကျွန်တော်တို့မောင်နှမများကို မုဆိုးမဘ၀ဖြင့် လုပ်ကိုင်ကျွေးမွေးကာ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကြံဆောင် နိုင်ခဲ့ပေသည်။ အမေက ကျွန်တော့်အပေါ်တာဝန်ကျေသလောက် ကျွန်တော်က ကျွန်တော့်သားသမီးများအပေါ် တာဝန်ကျေနိုင် တော့မည်မဟုတ်ပါ။
]]သားရယ် မင်းအဖေသေရတာလည်း အရက်ကြောင့်၊ အရက်ကြောင့် မင်းအဖေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့သေရရှာတယ်၊ ဘုရားမကြိုက်တဲ့အလုပ်ကို ရှောင်ပါသားရယ်}}
အမေ မကြာခဏဆုံးမခဲ့သောစကားများဖြစ်ပါသည်။

ဆောင်းလုလင် - တစ္ဆေတစ်ကောင်၏ဖွင့်ဟ၀န်ခံချက် (၀တ္ထုတို)


ဆောင်းလုလင်
တစ္ဆေတစ်ကောင်၏ဖွင့်ဟဝန်ခံချက်

ယနေ့ည ၁၂နာရီအချိန်လောက်တွင် ကျွန်မသေဆုံးသွားခဲ့ပါသည်။
ကျွန်မသည် ကျွန်မခင်ပွန်းရှေ့၌ သူ့ကိုရန်တွေ့ရင်း ကျွန်မ၏ နှလုံးရောဂါအခံကြောင့် နှလုံးသွေးကြောရပ်ကာ လဲကျသေဆုံးခဲ့ခြင်းဖြစ်ပါသည်။
ကျွန်မသေဆုံးရပုံကို ကျွန်မ ကောင်းကောင်းကြီးမှတ်မိနေပါသည်။
ထို့ကြောင့်လည်း ဤနေရာသို့ရောက်လာသည်တွင် ကျွန်မသည် ကွယ်လွန်ပြီးသူတစ်ယောက်အနေဖြင့် တမလွန်လောကတစ်နေရာသို့ရောက် နေခြင်းဖြစ်ကြောင်း နားလည်လိုက်ရသည်။
ကျွန်မရောက်လာချိန်တွင် အခန်းထဲ၌လူတော်တော်များများရှိနေပြီးဖြစ်ပေ၏။ ထိုသူများမှာ ကျွန်မကဲ့သို့ပင် လောလောဆယ်သေဆုံးပြီး တမလွန်လောကရောက်လာကြသူများဖြစ်ပေ၏။ သူတို့ထဲမှအချို့သည် သူတို့ကိုယ်သူတို့သေဆုံးမှန်းမသိကြသေးပါ။
သူတို့အားလုံး ရှစ်ယောက်တိတိရှိပေသည်။ အချို့က ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြကာ အချို့က ကြမ်းပြင်ပေါ်မှာပင်ထိုင်နေကြ၏။ ခုံတန်းလျားပေါ်တွင် ဝင်ထိုင်နေသူအချို့လည်း ရှိလေသည်။
လူငယ်တစ်ယောက်၏ကိုယ်ပေါ်တွင် သွေးများမြင်မကောင်းအောင် ဖုံးလွှမ်းနေသည်။
]ကျွန်တော်ဘယ်ရောက်နေတာလဲဟင်၊ ကျွန်တော်ဘာဖြစ်နေတာလဲ}
ထိုလူငယ်က သူ့ခန္ဓာကိုယ်ပေါ်မှသွေးများကိုငုံ့ကြည့်ရင်း နားမလည်နိုင်စွာမေးလိုက်လေသည်။
]နင်သေသွားပြီလေ၊ နင်သေလို့ဒီနေရာရောက်လာတာပေါ့}
ဘေးမှအဘွားအိုတစ်ဦးက ဖြေလိုက်လေ၏။
]ဘာ-သေပြီ၊ ဟုတ်လား၊ ကျွန်တော်သေပြီ}
]ခက်လိုက်တာ၊ ကိုယ့်ကိုကိုယ် သေလို့သေမှန်းတောင်မသိဘူးကိုး}
]ဒါဖြင့် ခင်ဗျားတို့ကရောဟင်၊ ခင်ဗျားတို့က ဘာတွေလဲ}
]ငါတို့လည်း သေပြီးသားလူတွေပဲ၊ တို့အားလုံးဟာ ဒီနေ့မှာသေခဲ့ကြတဲ့လူတွေပဲ}
]ဟင် … ဒါဖြင့် ဆိုင်ကယ်နဲ့ကားနဲ့တိုက်မိတုန်းက ကျွန်တော်သေသွားတာပေါ့နော်}
]နင်ဘယ်လိုသေခဲ့တယ်ဆိုတာတော့ ငါဘယ်သိမလဲကောင်လေး၊ နင့်ဟာနင်ပြန်စဉ်းစားပေါ့၊ ဟုတ်မှာပါ၊ နင့်ကိုယ်မှာ သွေးတွေဒါလောက်ထွက် နေတာ၊ နင် အက်ဆီးဒင့်ဖြစ်ပြီးသေတာပဲဖြစ်မှာပေါ့}
]ဟာ… }
ကောင်လေးသည် သူ့အခြေအနေကို ခုမှပင်နားလည်သွားလေ၏။
အခန်းထဲသို့ရောက်နေသော လူအများစုမှာ အသက်ကြီးရင့်သူများဖြစ်ပေ၏။ သူတို့သည် အသက်ကြီးရင့်၍လည်းကောင်း၊ ရောဂါဘယကြောင့် လည်းကောင်း သေဆုံးခဲ့ကြသူများဖြစ်ဟန်တူပေသည်။ အတော်များများက သူတို့ကိုယ်သူတို့ သေဆုံးပြီးမှန်း သိနေကြပေ၏။

နွေတမာန် - မုဆိုးလား သားကောင်လား (မဂ္ဂဇင်းဝတ္ထုရှည်)


နွေ တ မာ န်
မုဆိုးလား သားကောင်လား

လောကမှာ လူရယ်လို့ဖြစ်လာရင် တစ်ခါတစ်ရံ မုဆိုးဖြစ်မည်။ တစ်ခါတစ်ရံတော့ သားကောင်ဖြစ်ပေမည်။ မုဆိုးနေရာမှာ နေရသည်ဖြစ်စေ၊ သားကောင် နေရာမှာနေရသည်ဖြစ်စေ... လောကဓံကို ခံနိုင်ရည်ရှိဖို့တော့ လိုအပ်သည်ဟု မိသိန်းအေးက ထင်ပါသည်။
မိသိန်းအေးလို ကွမ်းယာသည်မလေးတစ်ယောက်က တရားသဘောတွေကို လောကကြီးနှင့်ချီပြီး ပြောနေတော့ ကြီးကျယ်ရန်ကောဟု ထင်ကြပေလိမ့်မည်။ တကယ်တော့ မိသိန်းအေးကိုယ်တိုင်ပင် လောက ဇာတ်ခုံ၌ မုဆိုးနေရာ၌ ကပြနေ သလား... သားကောင် နေရာမှာကပြနေသလား မသေချာပါ။
သေချာတာကတော့ ဘယ်သူမဆို တစ်ခါတစ်ရံ မုဆိုးနေရာရောက်၍ တစ်ခါတစ်ရံမှာ သားကောင်နေရာ ၌ နေရခြင်းပင်ဖြစ်သည်။ အရေးကြီးတာက မုဆိုးနေရာမှာ များများနေရာယူနိုင်ဖို့ပဲဖြစ်ပါ၏။
မိသိန်းအေးသည် အမြဲတစေမုဆိုးဖြစ်ရန် ကြံဆောင်နေသော မိန်းကလေးတစ်ဦးဖြစ်ပေ၏။
သို့သော် ...
 x x x x x x x

ထိုအစ်မကို သူ့အတွက်သားကောင်တစ်ကောင်ဖြစ်လာမည်ဟု တွေ့စက မိသိန်းအေး မထင်ခဲ့မိချေ။ သာမန်တွေ့ရိုးတွေ့ စဉ်တွေ့ပြီး သူ့ခရီးသူဆက်သွားမည့် ခရီးသည်တစ်ဦးလို့ပင် မိသိန်းအေးက ထင်ခဲ့လေသည်။
ထိုအစ်မ မိသိန်းအေးရှေ့မှောက်ကိုရောက်လာပုံကတော့ နည်းနည်းထူးခြားနေပေသည်။ မိသိန်းအေး ကွမ်းယာရောင်းနေ သည့်ကူးတို့ဆိပ်ကို ထိုအစ်မရောက်လာပုံမှာ မိသိန်းအေးဆီက ကွမ်းဝယ်စားနေကျ ကောင်လေးက ဆိုင်ကယ်ဖြင့်တင်ခေါ် လာခဲ့ခြင်းကြောင့် ဖြစ်သည်။ သမားရိုးကျ အနေဖြင့်တော့ ကူးတို့ဆိပ်ကို လူတွေရောက်လာပုံမှာ... ဆိုက်ကားနှင့်သော် လည်းကောင်း၊ မြင်းလှည်းနှင့်သော်လည်းကောင်းရောက်လာကြ၊ မိမိစီးနင်းမည့်မော်တော် (သို့မဟုတ်)စက်လှေ ဆိုက်ရောက်လာ လျှင် ကိုယ်သွားမည့်ခရီးကို ဆက်သွားကြနှင့် လည်ပတ်နေကြသည်ပင်။
သွားနေလာနေကျလူတွေကိုတော့ မိသိန်းအေး မှတ်မိနေသည်။ သိနေသည်။ မျက်မှန်းတန်း မိ၍သိနေပုံမျိုးသာဖြစ် ပါသည်။ ကိုယ့်ဆီက ကွမ်းဝယ်စားနေကျ ဖောက်သည်မျိုးကျတော့ တစ်ချို့ကိုနာမည် သိသည်။ တစ်ချို့လည်း မသိ။
ထိုအစ်မကိုလည်း ယခင်က တစ်ကြိမ်မှမမြင်ဖူးခဲ့ချေ။
ဒီနေ့မနက် မောင်သက်တင်ရောက်အလာတွင် မောင်သက်တင်၏ မော်တော်ဆိုင်ကယ်နောက်မှာ ထိုအစ်မ ပါလာခဲ့ခြင်းဖြစ်သည်။
မောင်သက်တင်က မိသိန်းအေးဆိုင်နှင့် ခပ်လှမ်းလှမ်းရှိ ဘီယာဆိုင်မှာ အလုပ်လုပ်သည့်လူငယ်တစ်ယောက်ဖြစ်သည်။ ဘာအဆင့်လည်း တော့ မိသိန်းအေးလည်းမသိ။ မနက်ကိုးနာရီလောက်လာပြီး ညဆိုလျှင် ဆယ်နာရီ ဆယ့်တစ်နာရီ မှ ပြန်ရသည်ဟုဆိုသည်။ မနက်အလာမှာ မိသိန်းအေးဆိုင်က ကွမ်းတစ်ရာဖိုးဝင်ထုတ်နေကျမို့ သူလာချိန်ကို သိနေသော်လည်း... မိသိန်းအေးက ညနေ၅နာရီဆိုလျှင် ဆိုင်ပိတ်သည်မို့ သူပြန်ချိန်ကိုတော့ အသေအချာမသိပေ။
ဒီနေ့ မောင်သက်တင်အလာတွင် သူ့ဆိုင်ကယ်နောက်မှာ ထိုအစ်မ ပါလာခြင်းဖြစ်၏။
ထုံးစံအတိုင်း... အသင့်ထုတ်ပေးထားသည့် ကွမ်းထုတ်ကလေးကို မိသိန်းအေးကမ်းပေးသည်ကို မောင်သက်တင်က လှမ်းမယူသေး။ ဆိုင်ကယ်ပေါ်မှဆင်းကာ ဆိုင်ကယ်ခွကြားမှာ ညှပ်လာသည့် ထိုအစ်မ ၏သေတ္တာလေးကိုဖြုတ်သည်။ ထိုအစ်မ ကိုညောင်ပင်အောက်က ခုံပေါ်ထိလိုက်ပို့သည်။
]]ကူးတို့တွေက ခဏနေရင် လာမှာအစ်မ၊ ဒီကသာ ထိုင်စောင့်နေ}}
မောင်သက်တင်ပြောလိုက်သည့်အသံကိုလည်း ကြားလိုက်သည်။
မိသိန်းအေးကွမ်းယာဆိုင်လေးက ဧရာဝတီမြစ်ကို ကျောခိုင်းထားသည်။
မိသိန်းအေးဆိုင် နောက်ကျောတည့်တည့်တွင် တစ်ဖက်ကမ်းရှိ ရွာများနှင့်မြို့ကိုသွားသော ကူးတို့ဆိပ်ရှိသည်။ ကူးတို့ဆိပ်၌ အချိန်ပြည့် မော်တော်များ၊ စက်လှေများ ဝင်ထွက်လျှက်ရှိသည်။ ခရီးသည်များလည်း ဥဒဟိုသွားလာလျှက်ရှိလေ သည်။

ဆောင်းလုလင် - နေအ၀င် ညအကူး တစ္ဆေမြူးတဲ့တော (လုံးချင်းဝတ္ထု)

ဆောင်းလုလင်
နေအ၀င် ညအကူး တစ္ဆေမြူးတဲ့တော

















၂၀၀၇ခုနှစ်၊ နိုဝင်ဘာလတွင် ဆုပြည့်စုံထွန်းစာပေမှ ထုတ်ဝေခဲ့သည့် စာအုပ်
မျက်နှာဖုံးပန်းချီ - နီပိုဦး
ရောင်းဈေး - ၁၅၀၀ကျပ်

 


နွေတမာန် - ၀ိညာဉ်ခေါ်ရာ (လုံးချင်းဝတ္ထု)

နွေတမာန်
ဝိညာဉ်ခေါ်ရာ



၂၀၀၉ခုနှစ်၊ ဇွန်လတွင် ဆုပြည့်စုံထွန်းစာပေမှ ထုတ်ဝေခဲ့သော ၀တ္ထုဖြစ်ပါသည်။
မျက်နှာဖုံးဒီဇိုင်း - ဇေယျာ
တန်ဖိုး - ၁၅၀၀ကျပ်

 

ဆောင်းလုလင် - ဥစ္စာစောင့်မလေး မြကြေးမုံ (လုံးချင်းဝတ္ထု)

ဆောင်းလုလင်
ဥစ္စာစောင့်မလေး မြကြေးမုံ


 
ဆောင်းလုလင် ၏ (၇)အုပ်မြောက်လုံးချင်းဝတ္ထု
လောကနတ်စာပေမှ ထုတ်ဝေခဲ့ပါသည်။

၂၀၀၆ခုနှစ်၊ ဧပြီလတွင်ထုတ်ဝေခဲ့ပြီး
မျက်နှာဖုံးပန်းချီ -ကျော်ပိုင်

ဤ၀တ္ထုအား မာန်ထက်ချီဗီဒီယိုထုတ်လုပ်ရေးမှ
မင်းသား ဟိန်းဝေယံ နှင့် ညီမဖြစ်သူ စွဲညှို့ရှင် တို့ ခေါင်းဆောင်၍
ဗီဒီယိုဇာတ်ကား ရိုက်ကူးနေပါသည်။

 

နွေတမာန် - ကြမ္မာဆိုးမွှေတဲ့ တစ္ဆေအိမ် (လုံးချင်းဝတ္ထု)

နွေတမာန်
ကြမ္မာဆိုးမွှေတဲ့တစ္ဆေအိမ်


ဆုပြည့်စုံထွန်းစာပေမှ 
၂၀၀၉ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေခဲ့သော
လုံးချင်းဝတ္ထုဖြစ်ပါသည်။
မျက်နှာဖုံးဒီဇိုင်း - ဇေယျာ
ရောင်းဈေး - ၁၅၀၀ကျပ်

 
 

နွေတမာန် ၏ အသံထွက်ဝတ္ထု - ရေပေါ်မှာဝဲတဲ့လိပ်ပြာ

နွေတမာန်
ရေပေါ်မှာ ၀ဲတဲ့ လိပ်ပြာ


စာရေးဆရာ နွေတမာန်၏ ဂမ္ဘီရ၀တ္ထုတစ်ပုဒ်ဖြစ်ပါသည်။
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။
စီစဉ်တင်ဆက်သူ - နွေတမာန်
နောက်ခံအသံ -နွေတမာန်

ဆောင်းလုလင် ၏ အသံထွက်ဝတ္ထု - အပျော်တမ်းခြောက်တဲ့သရဲ

ဆောင်းလုလင်
အပျော်တမ်းခြောက်တဲ့သရဲ



ဆောင်းလုလင်၏ အပျော်တမ်းခြောက်တဲ့သရဲ- ၀တ္ထုဖြစ်ပါသည်။
သရဲတစ္ဆေများဘ၀ကို သရဲတစ္ဆေများဘက်မှ အမြင်ဖြင့် တင်ပြထားပါသည်။
စီစဉ်တင်ဆက်သူ - နွေတမာန်
နောက်ခံအသံ - နွေတမာန်

နွေတမာန် ၏ အသံထွက်ဝတ္ထု- တိုက်တိုက်ဆိုင်ဆိုင်

နွေတမာန်
တိုက်တိုက်ဆိုင်ဆိုင်


မြန်မာ့လေကြောင်းသမိုင်းတွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်တစ်ခုအား
မှီငြမ်းရေးသားထားသည့် ၀တ္ထုကလေးဖြစ်ပါသည်။
အသံထွက်ဝတ္ထုအဖြစ် အသွင်ပြောင်းတင်ဆက်လိုက်ပါသည်။
စီစဉ်တင်ဆက်သူ - နွေတမာန်
နောက်ခံအသံ -နွေတမာန်