Monday 13 August 2012

ဆောင်းလုလင်- အလောင်းကိုဗဟိုပြု၍ (မဂ္ဂဇင်းဝတ္ထုရှည်)


ဆောင်းလုလင်

အလောင်းကိုဗဟိုပြု၍

ပြင်ဦးလွင်မှအပြန်လမ်းတွင် ဤမျှ ထိတ်လန့်ချောက်ချားဖွယ်ကောင်းသောဖြစ်ရပ်နှင့် ကြုံဆုံရမည်ဟု မထင်မှတ်ခဲ့မိပါပေ။
မန္တလေးမြို့အဝင် ဘိုးဘိုးကြီးနတ်နန်းရှေ့သို့ရောက်ချိန်မှာ ည၇-နာရီရှိပေပြီ။ ကျွန်တော်က ညာဖက်သို့ ကားကိုချိုးကွေ့လိုက်သည်။
ကျွန်တော့်အိမ်မှာ နန်းရှေ့တွင်ရှိသည်မို့ ပုသိမ်ကြီးလမ်းနှင့် ပြင်ဦးလွင်လမ်းကို တောင်မြောက်ဆက်သွယ်ထားသည့် လမ်းမကြီးအတိုင်း မောင်းနှင်ရမည်ဖြစ်ပေသည်။ ဤလမ်းမှာ မကြာသေးသောနှစ်များအတွင်းကမှ အသစ်ဖောက်လုပ်ထားသောလမ်းမကြီးဖြစ်ပေ၏။ ကျွန်တော့် လို မန္တလေးမြို့၏အရှေ့ဖက်ပိုင်းတွင်နေထိုင်သူများအတွက် အဆင်ပြေလှသော လမ်းတစ်လမ်း ဖြစ်ပေသည်။ မန္တလေးမြို့ထဲဝင်ပြီးမှ နန်းရှေ့သို့ပြန်ပတ်သွားရန် မလိုတော့။ ဖြတ်လမ်းသဖွယ် အချိန်တိုတိုဖြင့်သွားနိုင်သောလမ်းဖြစ်ပါသည်။
လမ်းမကြီးမှာ သစ်လွင်ဖြူးဖြောင့်နေသော်လည်း ဘေးဝဲယာမှာမူ လူနေအိမ်ခြေမရှိ၍ တိတ်ဆိတ်နေပေသည်။ လမ်း၏ညာဖက်ခြမ်းသည် ယာတောများ၊လယ်ကွက်များဖြင့်အတိပြီး၏။ ဘယ်ဖက်ခြမ်းမှာ လမ်းမထက်နိမ့်သော မြေနိမ့်ပိုင်းဖြစ်၏။ လူနေကွက်များ နေရာချထားပေး ပြီးဖြစ်သော်လည်း နေသူမရှိသေး။ အကွက်ရိုက်ထားသော မြေကွက်များအတိုင်းပင်ရှိလေသည်။
ပတ်ဝန်းကျင်မှာ လမိုက်ရက်ဖြစ်၍ မှောင်မဲနေ၏။ လမ်းဘေးဝဲယာတွင် လမ်းကို အနားသတ်ထားသော သစ်ပင်ကြီးများသာရှိပေ၏။ လမ်းမကြီး မှာ မြေဖို့ပြုပြင်ထားသောလမ်းဖြစ်၍ လမ်းဘေးနှစ်ဖက်ထက် ပို၍မြင့်နေပေသည်။ ထို့ကြောင့် လေက အတားအဆီးမရှိ တိုက်ခတ် နေသည်။
ကျွန်တော်က ကားမီးရောင်ကိုသာအားကိုး၍ ဖြည်းညှင်းစွာမောင်းလာခဲ့လိုက်သည်။
၃၅လမ်းကိုကျော်လွန်လာသည်။
၃၅လမ်းနှင့် ၂၆လမ်းကြား အလည်လောက်အရောက်တွင် လမ်း၏ဘယ်ဖက်ကုန်းနိမ့်ပိုင်း ဆီမှ လမ်းမပေါ်တက်လာသော အရိပ်တစ်ခုကိုမြင် လိုက်ရလေ၏။ အမျိုးသမီးတစ်ယောက် ၏ပုံရိပ်ဖြစ်ပေသည်။
အမျိုးသမီးက လမ်းမအလည်အထိ လျှောက်လှမ်းလာပြီး လမ်းအလည်ခေါင်တည့်တည့်၌ ရပ်နေလေ၏။ သူမက လည်တွင်စည်းထားသောပုဝါ ကိုဖြုတ်ကာ ပုဝါကိုဝှေ့ရမ်းလိုက်သည်။ ပုဝါဖြူဖြူလေးသည် လေထဲတွင် တလွန့်လွန့်လွင့်နေ၏။ ကျွန်တော့်ကားကိုတားနေခြင်းပင်ဖြစ်ပါ သည်။ 
သူမက လမ်းအလည်တည့်တည့်တွင် ရပ်နေသည်မို့ ကားကိုရပ်မပေး၍မဖြစ်သည့်အနေ အထား ဖြစ်နေသည်။ ကျွန်တော်လည်း ကားကိုဘရိတ် နင်း၍ ရပ်လိုက်ရလေသည်။
ကားလေးက သူမနှင့်မဝေးကွာလှစွာ တုံ့ကနဲရပ်သွားလေ၏။
အဝါရောင်ပေါ်တွင် အနက်ရောင်အစက်အပြောက်များပါသောဝတ်စုံကိုအထက်အောင်ဆင်တူဝတ်ဆင်ထားသော သူမ သွင်ပြင်က ကားမီးရောင် တွင် ထင်းထင်းပေါ်လာလေသည်။
သူမ၏ဟန်က ထိတ်လန့်ချောက်ချားနေပုံ အထင်းသားပေါ်နေပေ၏။ သူမက ကားမီးရောင်၏စူးရှမှုကိုမခံနိုင်ဟန်ဖြင့် မျက်နှာရှေ့ကို လက်နှင့် ကွယ်လိုက်သည်။
ချက်ချင်းပင် သူမသည် ကားကိုကွေ့ပတ်ကာ ကျွန်တော်ထိုင်နေသည့်ဖက်သို့လျှောက် လာလေသည်။
ကျွန်တော်က သူမကို မေးရန်ပြင်ဆဲမှာပင် သူမက ဦးအောင်ပြောလိုက်လေသည်။
]ကျွန်မကိုကယ်ပါရှင်၊ ကျွန်မကိုကယ်ပါ၊ ကျွန်မအလောင်း ဟောဟိုသစ်ပင်အောက်မှာရှိပါ တယ်၊ ကျွန်မကိုကယ်ပါ}
သူမက ထိုမျှသာပြောပြီး သူမထွက်လာရာ သစ်ပင်အောက်သို့ အပြေးတပိုင်းဖြင့် ပြန်လျှောက်သွားလေသည်။
]ဟင်..}
ကျွန်တော်သည် သူမပြောစကားကို ရုတ်တရက်နားမလည်နိုင်ပဲ ကြောင်တောင်ငေးနေမိသည်။ သူမပြောခဲ့သော စကားအဓိပ္ပါယ်ကိုလည်း ပြန်စဉ်းစားနေမိသည်။
]ကျွန်မအလောင်း ဟောဟိုသစ်ပင်အောက်မှာရှိတယ်}တဲ့။
]ကျွန်မအလောင်း၊ ကျွန်မအလောင်း}
ကျွန်တော်သည် သူမပြောခဲ့သောစကားကို ဘယ်လိုမှနားမလည်နိုင်အောင်ရှိနေရ၏။
သစ်ပင်အောက်အရောက်တွင် သူမက ကားရှိရာသို့နောက်တစ်ဖန် လှည့်ကြည့်လိုက်သည်။ ကျွန်တော့်ကို လက်ယပ်၍ခေါ် သည်။ သစ်ပင်အောက် ကိုလက်ညှိုးထိုးပြသည်။
ထို့နောက် သူမသည် သစ်ပင်၏မှောင်ရိပ်အကွယ်သို့ ဝင်ရောက်ကာ ပျောက်ကွယ် သွားလေ၏။
ကျွန်တော်သည် သိလိုဇောဖြင့်ဘာမှဆက်စဉ်းစားမနေတော့၊ ကားကိုစက်သတ်ကာ ကားပေါ်မှဆင်းလိုက်သည်။ ကားမီးများကိုမူဖွင့်ထားခဲ့လိုက် ၏။
ကျွန်တော်က သူမခေါ်ငင်သွားသောသစ်ပင်အောက်သို့ အလျင်အမြန်ရောက်အောင် သွားလိုက်လေသည်။
ထိုအခါ..
လမ်း၏ဘယ်ဖက်ခြမ်းမှာ မြေနိမ့်ပိုင်းမို့ သစ်ပင်အရင်းသည်မြေနိမ့်ပိုင်း၌ရှိနေပေသည်။ သစ်ပင်အရင်းကိုရောက်ရန် ဆင်ခြေလျှောအတိုင်း ဆင်းသွားရမည်ဖြစ်ပါ၏။
ကျွန်တော်ကကားမီးရောင်ဖြင့်မြင်ရသမျှ သစ်ပင်အောက်မှမြင်ကွင်းကိုကြည့်လိုက်သည့် အခါ..
သစ်ပင်အောက်တွင်လဲကျနေသော မိန်းမတစ်ယောက်ကိုမြင်လိုက်ရလေ၏။ လဲနေသော မိန်းမမှာ စောစောက ကျွန်တော့်ကားကိုတားခဲ့သော အမျိုးသမီးပင်ဖြစ်ပေသည်။ သူမ၏ကိုယ်တွင် ကျွန်တော်မြင်လိုက်ရသော အဝါတွင် အနက်ပွင့်များဖောက်ထားသည့်အဝတ်အစားများ ဝတ်ဆင် ထားပေ၏။
လဲနေသောထိုမိန်းမ၏ဘေးတွင်.. လူတစ်ယောက်က ‘ဒူးထောက်ထိုင်ကာ သူမကို ငုံ့လျှက်ကြည့်နေပေသည်။
ကျွန်တော် သစ်ပင်ရင်းရောက်သည်အထိ ဆင်းသွားလိုက်သည်။
ဒူးထောက်ငုံ့ကြည့်နေသောလူသည် ကျွန်တော်အနီးရောက်လာမှ သတိဝင်လာသည့် သဖွယ် ကျွန်တော့်ကိုခေါင်းမော့ကြည့်လိုက်လေသည်။
]ကျွန်တော်သတ်တာမဟုတ်ဖူး၊ သူ့ကိုကျွန်တော်သတ်တာမဟုတ်ဖူး}
သူက သွေးရူးသွေးတန်းဖြင့်ကျွန်တော့်ကိုပြောလိုက်ကာ ထွက်ပြေးတော့မည်ကဲ့သို့ ဟန်ပြင်လိုက်သည်။
ကျွန်တော်က အလျှင်အမြန်ပင် သူ့လက်ကို လှမ်းဆွဲထားလိုက်၏။
]ဟေ့- နေဦး၊ မင်းမပြေးနဲ့၊ ဘာဖြစ်တာလဲ၊ မင်းဘာလုပ်နေတာလဲ}
]မဟုတ်ဖူး၊ သူ့ကိုကျွန်တော်မသတ်ဖူးအစ်ကို၊ သူဘယ်သူမှန်းလဲ ကျွန်တော်မသိဘူး}
 ]ဒါဖြင့် ‘ဒီနေရာကို မင်းဘယ်လိုရောက်နေတာလဲ}
]သူ- သူခေါ်လို့}
]ဘာကွ}
]ကျွန်တော့်ကို ကျွန်တော့်ကို အိပ်မက်ပေးပြီးလှမ်းခေါ်လို့ပါအစ်ကို}
]ဟင်..}
သူ့မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်ဟန်များ မဖုံးနိုင်အောင်ပေါ်နေသည်။ ကားမီး ရောင်ဖြင့် ခပ်ရေးရေးမြင်ရသည့်မျက်နှာမှာ အသက်၁၇-၁၈ ခန့်သာရှိဦးမည့် လူငယ်တစ်ဦး၏ မျက်နှာဖြစ်သည်။
ကျွန်တော်သည် လူငယ်ရှင်းပြနေသောစကားများကို မဆန်းစစ်နိုင်သေး။ လဲကျသေဆုံးနေ သောအမျိုးသမီးကိုကြည့်၍ ပဟေဠိများစွာဖြစ်ပေါ်နေ ရလေသည်။ အမျိုးသမီးသည် ကျွန်တော့် ကားကိုလက်တားပြီး ဤသစ်ပင်အောက်သို့ဝင်သွားသွားခြင်း ဘာကြောင့် ချက်ချင်းသေဆုံး သွား၇သနည်း။
ချက်ချင်းသေဆုံးသွားခြင်းရော ဟုတ်နိုင်သလား။
ကျွန်တော်သည် ဆရာဝန်တစ်ယောက်ဖြစ်သည့်အားလျှော်စွာ လဲကျနေသူကို အမှန် တကယ် သေဆုံးခြင်းဟုတ်-မဟုတ်နှင့် ဘယ်အချိန်ကသေ ဆုံးခဲ့သည်ကိုသိရရန် စစ်ဆေးကြည့်ဖို့ သတိရလိုက်သည်။
]တကယ်ပါဗျာ၊ သူ့ကိုကျွန်တော်သတ်တာမဟုတ်ပါဘူး}
လူငယ်က သူ့အပေါ်သံသယရှင်းအောင် ရှင်းပြနေဆဲပင်။
]မင်းမပြေးနဲ့နော်၊ ‘ဒီနေရာမှာပဲရပ်နေ}
ကျွန်တော်က အလောင်းကို မီးခြစ်နှင့်တွဲထားသော”ဓာတ်မီးကလေးဖြင့်ထိုးကြည့်လိုက်၏။
အလောင်း၏ရင်အုံဆီမှ ယင်ကောင်တစ်အုပ် ဝုန်းကနဲ ထပျံသွားလေသည်။
ရင်ပတ်ဆီမှ အိုင်ထွန်းအောင်ထွက်ကျနေသော သွေးများကို မြင်လိုက်ရသည်။ သွေးများက မြေကြီးပေါ်နှင့် မြက်ခင်းပေါ်မှာ စေးထန်းပြစ်ခဲ နေ၏။ ညှီစို့စို့သွေးနံ့က အော့အန်ချင်စဖွယ် ပျံ့လွင့်နေပေသည်။
သူမသည် လောလောလတ်လတ်သေဆုံးခြင်းမဟုတ်။ ယင်ကောင်များအုံနေခြင်း၊ သွေးများခဲနေခြင်းတို့က အလွန်ဆုံး နာရီပေါင်း၂၀ကျော်ကြာ လောက်က သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အတွေ့အကြုံများအရ ကျွန်တော်သိလိုက်သည်။
ရင်အုံကိုထိုးဖောက်ထားသော လက်နက်တစ်စုံတစ်ရာကိုမူ အနီး၌ မတွေ့ရချေ။
လွန်ခဲ့သောတစ်ရက်ကျော်က သေဆုံးခဲ့သောမိန်းမသည် ဘယ်လိုလုပ်၍လမ်းမပေါ်တက်လာပြီး ကျွန်တော့်ကားကိုတားသနည်း။ ကားကိုလက် ပြ၍တားခဲ့သူမှာ သူမကိုယ်တိုင်လား၊ အခြားတစ်ယောက်လား။ သူမနှုတ်မှ ကျွန်မအလောင်း သစ်ပင်အောက်မှာရှိတယ်-ဟု ပြောခဲ့ပြန်သေးသည်။
ကျွန်တော်က အလောင်းကို နောက်တစ်ဖန် ငုံ့ကြည့်လိုက်ပြန်၏။ ထိုအခါ သေသူ၏ဘေး သွေးအိုင်ထဲတွင်ကျနေသော ပုဝါဖြူဖြူလေးကိုမြင် လိုက်ရလေသည်။ ထိုပုဝါလေးမှာ သူမလည်တိုင်မှဖြုတ်၍ ဝှေ့ရမ်းပြသော ပုဝါလေးဟု ကျွန်တော်ထင်မိသည်။
သေချာအောင် သေသူ့မျက်နှာကို “mတ်မီးဖြင့်ထိုးကြည့်လိုက်ပြန်၏။ ကားကိုတားခဲ့တာ သူမကိုယ်တိုင်ပါပဲ၊ 
]ဟေး.. မင်း သူ့ကိုဘယ်လိုတွေ့တာလဲ၊ မင်းကရော ‘ဒီအနားကို ဘယ်လိုရောက်နေတာလဲကွ၊ ဟင်-}
]ကျွန်တော် သူ့ကိုမသတ်ဘူးအစ်ကို}
]အေး.. အဲဒါထားဦး၊ ‘Dဒအနားကိုမင်းဘယ်လိုရောက်နေတာလဲ၊ ဘာလာလုပ်တာလဲ}
]ကျွန်တော်.. ကျွန်တော် အိပ်မက်..အိပ်မက်ကြောင့် လာခဲ့တာပါဗျာ၊ သူက ကျွန်တော့်ကို ‘ဒီနေရာလာဖို့ အိပ်မက်ထဲကနေ ခေါ်လို့}
]ဘာကွ}
ကျွန်တော်တို့စကားပြောနေစဉ် ဆိုင်ကယ်တစ်စီးက မြောက်ဖက်မှ တောင်ဖက်သို့ အရှိန်ပြင်းစွာမောင်းနှင်သွားသည် ကိုတွေ့လိုက်ရသည်။
ထိုဆိုင်ကယ်က မလှမ်းမကမ်းအရောက်တွင် ဘရိတ်ကိုရုတ်တရက် နင်း၍ရပ်လိုက်ရာ အမြန်ပြေးနေသောအရှိန်ကြောင့် ဆိုင်ကယ်မှာ ယိမ်းထိုး ရင်း ရပ်သွားလေသည်။
ဆိုင်ကယ်သည် နောက်ကြောင်းပြန်လှည့်ကာ ကျွန်တော်တို့အနားသို့ရောက်လာ၏။
ဆိုင်ကယ်ပေါ်မှလူက ဆိုင်ကယ်မီးဖြင့် ကျွန်တော်တို့ရှိရာသို့ထိုးလိုက်သည်။
ဆိုင်ကယ်ပေါ်မှလူသည် ဆိုင်ကယ်ကိုစက်မသတ်ပဲ ထားခဲ့ကာ ဆိုင်ကယ်ပေါ်မှဆင်းလာလေ၏။ ဆိုင်ကယ်ရှေ့ မီးရောင်ကြောင့် သေသူမိန်းမ ကိုရော၊ ကျွန်တော်တို့နှစ်ယောက်ကိုပါ ရှင်းလင်းစွာမြင်နေရသည်။
]ဟင်.. မမ၊ မမမော်၊ ဟာ- မမမော်ရယ်၊ ကျွန်တော်ထင်သလို ဖြစ်နေပြီ၊ မမမော်- မမမော်}
ဆိုင်ကယ်ပေါ်မှဆင်းလာသောလူငယ်က လဲကျသေဆုံးနေသော မိန်းကလေးကိုမြင်သွားကာ အလောင်းအနီးသို့ပြေးသွားလေ၏။
]ဟင်- မမမော်၊ သေနေပြီ၊ ဟာဗျာ- ခင်ဗျားတို့- ခင်ဗျားတို့ မမမော်ကိုသတ်လိုက်ကြတာမဟုတ်လား- ဟင်..}
သူက ကျွန်တော်တို့နှစ်ယောက်ဖက်လှည့်ကာ စွပ်စွဲလိုက်သည်။
]လာပြန်ပြီတစ်ယောက်၊ မင်းကရော ဘယ်သူလဲကွ}
]ကျုပ် မမမော်ရဲ့ချစ်သူ၊ မမမော်ကို ခင်ဗျားတို့သတ်တာ၊ ခင်ဗျားတို့ ..}
]အိုး.. ကျုပ်သတ်တာမဟုတ်ဖူးဗျ၊ ကျုပ်လာတော့ သူသေနေပြီ}
ဆိုင်ကယ်ပေါ်ကလူကစွပ်စွဲသလို ကောင်လေးကလည်း သွေးရူးသွေးတန်း ငြင်းနေပြန်လေသည်။
]မင်းတို့နှစ်ယောက်လုံး တော်ကြစမ်း၊ ပြသနာကို အေးအေးဆေးဆေး ရှင်းဖို့လိုတယ်ကွ}
ကျွန်တော်က သူတို့ကိုငေါက်ရင်းပြောလိုက်သည်။
ဆိုင်ကယ်လူငယ်က ကျွန်တော့်ပြောစကားကိုနားမဝင်ပါ။
သူက မြေပေါ်ဒူးထောက်ထိုင်ချလိုက်ရင်း အလောင်းကိုပွေ့ဖို့ဟန်ပြင်နေ၏။
]မမမော်၊ မမမော်၊ ဖြစ်မှဖြစ်ရလေမမမော်ရယ်}
]ဟေ့- အလောင်းကိုသွားမထိနဲ့}
လူငယ်က ကျွန်တော့်ကို မျက်နှာထားတင်းတင်းနှင့်ပြန်ကြည့်ကာ-
]ခင်ဗျားနဲ့ဘာဆိုင်လဲ၊ ခင်ဗျားတို့ ဒီမှာဘာလုပ်နေကြတာလဲ၊ မမမော်ကို ခင်ဗျားတို့သတ်လိုက်တာ}
]ဒီအမျိုးသမီးကို သတ်တာ ငါတို့နှစ်ယောက်လုံးမဟုတ်တာတော့ သေချာတယ်ကွ၊ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးဟာ မနေ့က ကတည်း က သေနေတာမို့လို့ပဲ}
]ဘာ-}
]ဒါကို ငါသေချာပြောရဲတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငါဟာဆရာဝန်တစ်ယောက်ဖြစ်လို့ပဲ}
]ဟင်..}
]ကျွန်တော် မသတ်ဘူးနော်၊ ကျွန်တော်သတ်တာမဟုတ်ဖူးဆိုတာ ထောက်ခံပေးပါဆရာရယ်}
]တိတ်တိတ်နေစမ်း၊ အရေးကြီးတာက သက်ဆိုင်ရာကိုအကြောင်းကြားဖို့ပဲ၊ မင်းတို့နှစ်ယောက်လုံး ‘ဒီနားမှာပဲနေကြ၊ ဘယ်မှထွက်မသွားကြနဲ့}
ကျွန်တော်က ရဲစခန်းကိုအကြောင်းကြားရန်အတွက် ခါးကြားမှ လက်ကိုင်ဖုန်းကိုထုတ်လိုက်သည်။
+ + + + + + + + +

ခင်မောင်ကြည်သည် နေ့ပိုင်းတွင် ဈေးချိုအနီးရှိ ကုလားကုန်မာဆိုင်တစ်ခု၌အလုပ်လုပ်သည့် အသက်၁၈နှစ်အရွယ် လူငယ်တစ်ယောက်ဖြစ် သည်။ ခင်မောင်ကြည့်မှာ မောင်နှမငါးယောက်ရှိ၍ သူကအကြီးဆုံးဖြစ်သည်၊ သူတို့အိမ်ကလေးသည် အဖေရယ်၊ အမေရယ်၊ မောင်နှမငါးယောက်ရယ်ဖြင့် အမြဲပြည့်ကြပ်နေတတ်သည်။
လွန်ခဲ့သောတစ်လမှစ၍ ကုန်မာဆိုင်ပိုင်ရှင်ကုလားကြီးက ညပိုင်းတွင် သူဝယ်ထားသောခြံဝင်းထဲ၌ သွားစောင့်အိပ်ပေးဖို့ ခင်မောင်ကြည့်ကို တာဝန်ပေးသည်။
]အိမ်ဆောက်ဖို့မြေဖို့ပြီးပြီ၊ အိမ်ဆောက်ပစ္စည်းတချို့ကို တဲထိုးပြီး ဟိုမှာပို့ထားမယ်၊ အဲဒီမှာမင်းသွားစောင့်မလား၊ မင်းကိုညစောင့်လခသပ်သပ် ပေးမယ်}
အိမ်မှာနေ၇သည်မှာ ကျဉ်းကျပ်လှသည်နှင့် ခြံညစောင့်အလုပ်ကို ခင်မောင်ကြည်လက်ခံလိုက်သည်။
ကုန်မာဆိုင်အလုပ်ကဆင်းရင် အိမ်မှာထမင်းဝင်စား၊ ညနေခြောက်နာရီ ခြံကိုအရောက်လာရသည်။ ခင်မောင်ကြည်ရောက်မှ အိမ်ဆောက်ရန် စီစဉ်နေသော သူဌေး၏ညီက ခင်မောင်ကြည့်ကိုခြံသော့အပ်ပြီးပြန်သည်။
ညစောင့်လခ တစ်လတစ်သောင်းအပိုဝင်ငွေလိုရသည့်အတွက် ခင်မောင်ကြည်အဆင်ပြေနေလေသည်။
သူစောင့်သောခြံဘေးမှ အခြားခြံများသည် အကွက်ရိုက်ရုံရိုက်ထားပြီး လူမနေသေး၊ အိမ်ဆောက်ဖို့က ဤနေရာရှိမြေကွက်များအားလုံးကို ၆ပေခန့်မြေဖို့ပြီးမှဆောက်နိုင်လေသည်။ မြေအနေအထားမှာ ချိုင့်ဝှမ်းကျပြီး ရေဝပ်သည့်အတွက် မြေဖို့ရခြင်းဖြစ်သည်။
ညဆိုလျှင် ကိုက်ငါးရာခန့်ရှိ ပတ်ဝန်းကျင်မှာ ခင်မောင်ကြည်တစ်ယောက်ထဲသာရှိသည်။ ဘက်ထရီမီးပွင့်လေးနှင့် ခင်မောင်ကြည်မကြောက်မ ရွံ့နေခဲ့လေသည်။
မနေ့က ညကတော့ ..
ခင်မောင်ကြည်အိပ်ပျော်နေဆဲ ခြံရှေ့မှတစ်စုံတစ်ယောက်လှမ်းခေါ်လိုက်သလိုလို၊ အော်လိုက်သလိုလိုအသံကြား၍လန့်နိုးသွားခဲ့သည်။ ခင်မောင် ကြည့်စိတ်ထဲမှာ ခြံရှေ့တွင် တစ်ခုခုရှိနေသလိုခံစားရသည်။
ခင်မောင်ကြည်အိပ်ရာမှထကာ တဲတခါးကိုဖွင့်၍ အပြင်သို့လှမ်းကြည့်လိုက်သည်။
ထိုအခါ ခြံရှေ့တခါးဝတွင်ရပ်နေသော မိန်းမတစ်ယောက်သဏ္ဍာန်ကိုမြင်လိုက်ရလေသည်။ မိန်းမသည် ဝတ်ကောင်းစားလှများကိုဝတ်ဆင်ထား ဟန်တူသည်။ အဝါရောင်အဝတ်အစားများကို ညအမှောင်ထုထဲတွင် ခပ်ရေးရေးမြင်နေရသည်။ ခင်မောင်ကြည်တခါးဖွင့်လိုက်သည်နှင့် ခင်မောင်ကြည့်ကို လက်ယပ်၍လှမ်းခေါ်လေ၏။
မကြောက်တတ်သော်လည်း ခင်မောင်ကြည် ကြက်သီးဖြန်းကနဲထသွားလေသည်။ ‘ဒီလိုအချိန်မှာ ‘ဒီနေရာကို ဘယ်မိန်းကလေးမှရောက်လာစရာ အကြောင်းမရှိဘူး။
မိန်းမသဏ္ဍာန်က လက်ယပ်လှမ်းခေါ်ပြီး.. သူမနောက်သို့လိုက်ခဲ့ရန် အမူအရာပြကာ ခြံရှေ့မှလှည့်ထွက်သွားလေသည်။ ခင်မောင်ကြည်အိမ် ထဲမှထွက်လာမလာကို တစ်ချက်ပြန်၍လှည့်ကြည့်လိုက်သေးသည်။
ခင်မောင်ကြည်က သူမကိုတစ်ခုခုမေးမြန်းရန် လှမ်းအော်ဖို့ကြိုးစားလိုက်သော်လည်း အသံကထွက်မလာ။
ထိုနေရာမှာပဲ အိပ်မက်က လန့်နိုးသွားခဲ့သည်။ သူအိပ်မက်မက်နေခြင်းပါလား။
အိပ်မက်မှာဆန်းပြားလွန်းသောကြောင့် ခင်မောင်ကြည်ထထိုင်ကာ ကြောင်ငေးနေသည်။ အိပ်မက်ထဲကအမျိုးသမီးကို လှမ်းအော်ဖို့ကြိုးစားခဲ့ သောကြောင့် အာခေါင်များချောက်ကပ်နေသည်။
ခင်မောင်ကြည်က အိပ်ရာမှထကာ ရေတစ်ခွက်ကို အဝသောက်ချလိုက်၏။ ရေသောက်အပြီးတွင် အိပ်မက်ကိုသတိရကာ ဘာရယ်မဟုတ်ပဲ တဲတခါးကိုဖွင့်၍ အပြင်သို့လှမ်းကြည့်လိုက်လေသည်။
ဟင်-
အံ့ဩစရာပင်
အိပ်မက်ထဲမှာ သူတွေ့ခဲ့ရသောမိန်းမသည် ခြံကိုကျောခိုင်း၍ လျှောက်သွားလျှက်ရှိသည်။ ခပ်ဝေးဝေးသို့လျှောက်လှမ်းသွားနေသည့်မိန်းမ သဏ္ဍာန်မှာ သူအိပ်မက်ထဲမှာ မြင်ခဲ့ရတဲ့အတိုင်း အဝါရောင်ဝတ်စုံဖြင့်-
သူမသည် ပုသိမ်ကြီး-ပြင်ဦးလွင်လမ်းမအစပ်နားအထိ လျှောက်သွားကာ သစ်ပင်တစ်ပင်အောက်အရောက်တွင် သစ်ပင်အောက်သို့ဝင်ရောက် ပျောက်ကွယ်သွားလေသည်။
သူမက်ခဲ့သည့်အိပ်မက်ထဲကအတိုင်း အပြင်လောကတွင်မြင်တွေ့နေရသည်မှာ ဘာကြောင့်လဲ၊ ထိုမိန်းမသည် သူအိပ်နေစဉ် ခြံရှေ့အထိ        တကယ်လာခဲ့လေသလား။
ခင်မောင်ကြည်သည် အိပ်မက်နှင့်တကယ့်အမြင်ရောထွေးနေသည့် အဖြစ်ကို စဉ်းစားမရဖြစ်ကာ ပြန်အိပ်မပျော်တော့ပေ။
ယနေ့တစ်နေ့လုံးလည်း အလုပ်ထဲမှာ ထိုအကြောင်းကိုသာတွေးနေမိလေသည်။
ညပိုင်းမှာခြံထဲရောက်တော့ မနေ့ကအိပ်မက်အကြောင်းကိုပြန်တွေးမိပြန်သည်။ ခြံထဲမှနေ၍ မနေ့ညက အမျိုးသမီးဝင်ရောက်ပျောက်ကွယ်သွား သည့် သစ်ပင်ဆီသို့ငေးကြည့်နေမိသည်။ တကယ်တော့ လမ်းအစပ်နားမှ သစ်ပင်မှာ ခြံနှင့်အတော်လှမ်းပါသည်။ ခပ်ရေးရေးသာမြင်ရသည်။
ခဏနေတော့ သူ့စိတ်ထဲက သစ်ပင်ဆီသွားကြည့်ချင်စိတ်ပေါက်ကာ ခြံတခါးကိုသော့ခတ်ပြီး ခြံထဲမှထွက်လာခဲ့လေသည်။
ခင်မောင်ကြည်မကြောက်တတ်ပါ။ ကြောက်စိတ်လည်းမဖြစ်ပေါ်ခဲ့ပါ။ တစ်စုံတစ်ခုက တွန်းအားပေးဆွဲဆောင်နေ၍ သစ်ပင်အောက်ကိုရောက် အောင်လာခဲ့ခြင်းဖြစ်သည်။
သစ်ပင်အောက်အရောက်မှာ ပက်လက်လဲကျနေသည့် အမျိုးသမီးတစ်ယောက်ကိုတွေ့ရသည်။ အဝတ်အစားများက မနေ့က သူမြင်ခဲ့သည့်အ တိုင်း အဝါရောင်များ။ သည်အထိလည်း အမျိုးသမီးကို မရှုမလှသေနေလိမ့်မည်ဟု ခင်မောင်ကြည်မထင်မိသေးပေ။
အမျိုးသမီးဘေးရောက်မှ ‘ဒူးထောက်၍ငုံ့အကြည့်တွင် ရင်ပတ်မှာဒဏ်ရာဖြင့် သွေးများစီးကျကာ အသက်ထွက်နေသောအလောင်းကိုမြင်တွေ့ လိုက်ရခြင်းဖြစ်လေသည်။ ထိုအချိန်ကျမှ သူ့မှာကြောက်စိတ်တွေဝင်လာခြင်း ဖြစ်လေသည်။
ခင်မောင်ကြည်အမျိုးသမီးအလောင်းကို ငုံ့ကြည့်လိုက်စဉ်အခိုက်မှာပင် . . ကားတစ်စီးက လမ်းမပေါ်ထိုးရပ်လိုက်သံကိုကြားရသည်။ ကားပေါ်မှ လူတစ်ယောက်ဆင်းလာသည်ကိုမြင်ရသည်။
ထိုအခါမှသူ့ကိုလူသတ်သမားလို့ ထင်တော့မှာပဲဟု တွေးမိကာ ထွက်ပြေးရန်ပြင်မိခြင်းဖြစ်လေသည်။
ကျွန်တော်က သူ့လက်ကို အလျှင်အမြန်လှမ်းဆွဲထားလိုက်၍သာ ခင်မောင်ကြည်ထွက်မပြေးနိုင်ခြင်းဖြစ်လေ၏။
]ယုံပါဗျာ၊ ကျွန်တော်ပြောတာတွေအမှန်တွေပါဆရာတို့ရာ}
ရဲစခန်းအရောက်တွင်.. မောင်ခင်မောင်ကြည်က သူ့အတွေ့အကြုံများကို မချွင်းမချန်ပြန်ပြောပြရင်းမှ မိန်းကလေးကို သူမသတ်ကြောင်း ငြင်းဆိုလိုက်ပြန်သည်။
+ + + + + + + + +

အလောင်းရှိရာသို့ ဆိုင်ကယ်ဖြင့် နောက်ဆုံးရောက်လာသည့်လူငယ်မှာ သော်ဇင်ထွေးဆိုသူဖြစ်ပါသည်။
ရဲစခန်း၌ သော်ဇင်ထွေး၏အစစ်ခံချက်မှာ အောက်ပါအတိုင်းဖြစ်ပါ၏။
]ကျွန်တော့်နာမည်သော်ဇင်ထွေးပါ၊ ဂျီတီစီတက်နေပါတယ်၊ ဂျီတီစီနောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်ပါ၊ ဇာတိကမိတ္ထီလာပါ၊ အသတ်ခံရ တဲ့ မသင်္ဂီမော်နဲ့တစ်မြို့တည်းသားချင်းတွေပါ၊ မသိင်္ဂီမော်ဟာ ကျွန်တော့်ချစ်သူပါဗျာ၊ မမမော်လို့ ကျွန်တော်ကခေါ်ပါတယ်၊ မမမော်က ကျွန်တော့်ထက် အသက်သုံးနှစ်ပိုကြီးလို့ပါ၊ ကျွန်တော်တို့ချင်း မိတ္ထီလာမှာကတည်းကချစ်ခဲ့ကြတဲ့ချစ်သူတွေပါ}
သော်ဇင်ထွေး ဆယ်တန်းဖြေသည့်နှစ်တွင် သိင်္ဂီမော် မန္တလေးသို့ ရောက်လာခြင်းဖြစ်သည်။ မိတ္ထီလာမှထွက်လာစဉ်က စားသောက်ဆိုင်တစ် ဆိုင်တွင် အလုပ်လုပ်ရန်ဖြစ်၏။ တကယ်လည်း ထိုစားသောက်ဆိုင်၌တစ်နှစ်ကြာအောင်အလုပ်လုပ်ခဲ့ရပါသည်။
တစ်နှစ်ပြည့်တော့ စားသောက်ဆိုင်အလုပ်ထက် ပို၍သက်သာပြီး ပို၍ဝင်ငွေကောင်းသောအလုပ်တစ်ခုကို ဆက်သွယ်မိလေသည်။ သိင်္ဂီမော်နေ သောအဆောင်မှာ မိန်းကလေး၁၈ဦးရှိရာ အားလုံး အလုပ်သမားများချည်းဖြစ်သည်။ တက္ကသိုလ်ကျောင်းသူတစ်ယောက်မှမပါ၊ ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်းနှင့် အခြားအလုပ်ဌာနများ၊ ဈေးဆိုင်နှင့်စတိုးဆိုင်များမှာ လုပ်ကိုင်သူများချည်းဖြစ်သည်။ အတော်များများမှာ ဝင်ငွေနည်းသောအတန်းအစား များဖြစ်၏။ အားလုံး နယ်မှလာကြသူချည်းဖြစ်သည်။
သိင်္ဂီမော်နှင့်တစ်ခန်းထဲအတူနေသည့်]ဟန်နီ}မှာလည်း စားသောက်ဆိုင်တစ်ဆိုင်မှအလုပ်သမားပင်ဖြစ်လေသည်။ သို့သော် ဟန်နီအလုပ်လုပ်တဲ့ စားသောက်ဆိုင်က သင်္ဂီမော်လုပ်တဲ့ဆိုင်မျိုးမဟုတ်။ ညနေပိုင်းမှ ညသန်းခေါင်ထိဖွင့်သောဆိုင်မျိုးဖြစ်သည်။ တီးဝိုင်းရှိသည်။ အဆိုတော်များရှိသည်။ တီးဝိုင်းနှင့် အဆိုတော်များ၊ ]အတူတွဲထိုင်ရန် အသင့်ရှိနေသည့်မိန်းကလေးများ}ဖြင့်ဆွဲဆောင်ကာ အရက်နှင့်အစားအသောက်ကို ဈေးကြီးကြီးနှင့်ရောင်း ချသောဆိုင်မျိုးဖြစ်ပါသည်။
ဟန်နီသည် ထိုဆိုင်၌ စားပွဲထိုးလိုလို၊ ဘာလိုလို မိန်းကလေးတစ်ယောက်ဖြစ်သည်။ တကယ့်စားပွဲထိုးအစစ်လည်းမဟုတ်။ စားပွဲထိုးသည့် ယောက်ျားလေးဝန်ထမ်းများရှိပြီးဖြစ်သည်။ ဟန်နီတို့လိုမိန်းကလေးများက ဧည့်သည်များလာလျှင် ဧည့်သည်များနှင့်တွဲထိုင်ရသည်။ ထိုdဆိုင်မျိုးသို့လာ သူများကလည်း မိသားစုနှင့်လာကြခြင်းမဟုတ်၊ အမျိုးသမီးအဖော်ပင်မပါ။ အရက်လာသောက်ရင်း ဟန်နီတို့လိုမိန်းကလေးများနှင့် ပွတ်သီးပွတ်သတ် အရောတဝင်နေရန် တမင်သက်သက်လာကြသူများဖြစ်သည်။ ငွေပေါသူများဖြစ်သည်။
လာနေကျဧည့်သည်များက မိမိနှစ်သက်ရာမိန်းကလေးများကိုမှတ်ထားကာ အတူတွဲထိုင်ဖို့တောင်းဆိုကြသည်။ ဟန်နီသည် အတူတွဲထိုင်လိုသူ အတော်များသည့် ပေါ်ပြူလာဖြစ်သောမိန်းကလေးတစ်ယောက်ဖြစ်ပါသည်။ ထိုသို့အတူတွဲထိုင်ရန်ဖိတ်ခေါ်ခံရသည့်အတွက် ဟန်နီတို့တာဝန်က အရက် ငှဲ့ပေးရသည်။ အမြည်းခွံ့ကျွေးရသည်။ ဧည့်သည်ယောက်ျား၏ပွတ်သီးပွတ်သတ်ကိုင်တွယ်မှုကို မငြူစူပဲခံရသည်။ အနမ်းပင်ခံရတတ်ပါသည်။ သို့သော် ဒါတွေအတွက် ဟန်နီတို့ရသည့်ငွေက တန်ရာတန်ဖိုးဟုဆိုလောက်ပေသည်။
ဧည့်သည်နှင့်အတူတွဲထိုင်ရုံ၊ အလွန်ဆုံးအနမ်းခံရုံလောက်နှင့် ထိုဧည့်သည်ယောက်ျား၏အိတ်ထဲမှ တစ်ထောင်တန်ငွေစက္ကူတွေထွက်လာတတ် သည်။ မုန့်ဖိုးဆိုကာ မူးနေချိန်တွင် ရက်ရက်ရောရော ပေးကမ်းလေသည်။ တစ်ည..တစ်ညတွင် သောင်းဂဏန်းချီ၍ ဟန်နီတို့ရတတ်သည်။ ဟန်နီတို့ အနေဖြင့် ဆိုင်မှလခရယ်လို့တစ်ပြားတစ်ချပ်မှမရပါ။ ဆိုင်မှာလာထိုင်ခွင့်ပေးတာပင် ကျေးဇူးကြီးလှပေပြီ။ ဝင်ငွေကတော့ ကိုယ်လည်ရင်လည်သလို ရှာပေတော့။
ဟန်နီက ရင်းနှီးလာချိန်တွင် သူမ၏လုပ်ငန်းသဘောသဘာဝကို သင်္ဂီမော်အားပြောပြသည်။ သင်္ဂီမော်ကိုလည်း သူအလုပ်လုပ်သည့်ဆိုင်တွင် လုပ်ပါလားဟု ဆွယ်လေသည်။ တကယ်တော့ ဟန်နီသည် စေတနာဖြင့် သင်္ဂီမော့်ကိုဆွယ်ခဲ့ခြင်းဖြစ်ပါသည်။ ပင်ပန်းတာနဲ့မမျှ တစ်လမှတစ်သောင်းခွဲ လောက်နှင့်အလုပ်လုပ်နေရသည့်သိင်္ဂီမော့်ကိုသနား၍ အလုပ်ကောင်းကောင်း ရှာပေးခြင်းဖြစ်ပါသည်။ သိင်္ဂီမော်လုပ်မည်ဆိုပါက ဆိုင်ပိုင်ရှင်ကို ဆိုင်ထိုင်ခွင့် တောင်းပေးရဦးမည်။ သိင်္ဂီမော်ကလှတော့ ဆိုင်ရှင်ကလက်ခံမှာပါ။
ဟန်နီအပြောကောင်းသည့်အတွက် သိင်္ဂီမော်သည် ]ပတ္တမြားနတ်မယ်}ဆိုသည့်စားသောက်ဆိုင်၌ အလုပ်ဝင်လုပ်ဖြစ်လေသည်။ ပတ္တမြားနတ် မယ်-ဆိုင်က ပြင်ဦးလွင်မြို့အထွက် သိပ္ပံလမ်းပေါ်၌ရှိလေသည်။ အလုပ်ဝင်တော့ သိင်္ဂီမော်နာမည်ကိုဖျောက်၍ ]မိုးအိ«န္ဒာမော်}အမည်ဖြင့် အလုပ်ဝင်ခဲ့ ခြင်းဖြစ်သည်။ ‘ဒီလောကမှာ ‘ဒါလည်းဆန်းတော့မဆန်း။ ဟန်နီသည်ပင် အမည်ရင်းမဟုတ်ပါ။ ဟန်နီ့အမည်ရင်းက မြသက်မူ ဖြစ်သည်။
မိုးအိ«န္ဒာမော်သည် ဟန်နီထက်ပင် အောင်မြင်ခဲ့လေသည်။
သိင်္ဂီမော်သည် နဂိုကတည်းက အဆိုဝါသနာပါသည်။ ဆိုလည်းဆိုဖူးသည်။ မိတ္ထီလာမှာတုန်းက အရပ်ပွဲများမှာ စင်ပေါ်ထိတက်ဆိုဖူးသည်။ အဆိုဝါသနာပါ၍အသံရသောသိင်္ဂီမော်က စင်ပေါ်တက်၍ တီးဝိုင်းဖြင့်သီချင်းဆိုခွင့်ပြုရန် ဆိုင်ပိုင်ရှင်ကိုတောင်းဆိုလိုက်သည်။
ဆိုင်ရှင်က သိင်္ဂီမော်၏အသံနှင့်ဆိုပုံဆိုဟန်ကိုစစ်ဆေးကြည့်ပြီး စင်ပေါ်တက်ခွင့်ပြုလိုက်လေ၏။ စင်ပေါ်မှာသီချင်းဆိုရသည်က ဆုချီးမြှင့်ငွေလဲရ သည်။ ပန်းကုံးတို့ သရဖူတို့ချီးမြှင့်လျှင်လည်း ကော်မရှင်ဖြင့်ရသည်။ အဆိုတော်တစ်ယောက်အဖြစ်ရသည့်ငွေသည် ယောက်ျားများနှင့်ပလူးပလဲလုပ်ပြီးမှ ရသည့်ငွေထက် သန့်ရှင်းပါသည်။
မိုးအိ«န္ဒာမော်၏သီဆိုဟန်များကို ဧည့်သည်များကလည်းနှစ်သက်ခဲ့ပေသည်။ ပန်းကုံးများ၊သရဖူများ ပလူပျံနေအောင်ချီးမြှင့်ကြသည်။ မိုးအိ«န္ဒာ မော် ဆိုပါ-ဆိုပါဟုလည်း မကြာခဏပွဲတောင်းခံရသည်။
မိုးအိ«န္ဒာမော်၏လူကြိုက်အများဆုံးသီချင်းမှာ.. ]ပိုးစုန်းကြူးလေး}ဟု အများသိကြသည့် ]ညမွှေးပန်း} သီချင်းဖြစ်သည်။
ညတုန်းက တွေ့ရတဲ့ ကောင်ကလေးတစ်ယောက် .....
ပျောက်သွားလို့ လိုက်ရှာနေတယ် ....
မှောင် မိုက် တဲ့ ညအလယ် .....
ပိုးစုန်းကြူးလေးရယ် .....
ဖွေရှာသူမောလို့ ငိုရတော့မယ် ........
ဖွေရှာသူမောလို့ ငိုရတော့မယ် ........
ဖွေရှာသူမောလို့ ငို ... ငိုရတော့မယ် ........
-ဆိုသည့်သီချင်းဖြစ်သည်။ ထိုသီချင်းကို မိုးအိ«န္ဒာမော်သီဆိုတော့မည်ဆိုသည့်အခါ စင်တစ်ခုလုံးကို အမှောင်ချလိုက်သည်။ နောက်ခံပိတ်ကား ကိုသာ ဆလိုက်မီးအရောင်လဲ့လဲ့လေးထွန်းထားသည်။ မိုးအိ«န္ဒာမော်၏သီဆိုသံသည် တီးလုံးနှင့်အတူထွက်ပေါ်လာသည်။ လူက စင်ပေါ်တက်မလာသေး။ သီချင်းအစပိုဒ်ဆိုပြီးချိန်မှ စင်၏ညာဖက်ဒေါင့်မှနေ၍ မိုးအိ«န္ဒာမော်ပေါ်ထွက်လာလေသည်။ ထိုအချိန်တွင် ပိုးစုန်းကြူးလေးများပြေးလွှားပျံသန်းနေသည့် သဖွယ် ဆလိုက်မီးအနီရောင်လေးများက စင်ဝဲယာတစ်လျှောက်ပြေးနေလေသည်။ ပိုးစုန်းကြူးသဏ္ဍာန်လေးများကို မှိတ်တုတ် မှိတ်တုတ်မြင်ရစေရန် စင်တစ်ခုလုံးကို မီးမထွန်းပဲထားရလေ၏။ မိုးအိ«န္ဒာမော်၏သီချင်းသီဆိုနေသောဟန်ကို နောက်ခံပိတ်ကားတွင်ထိုးထားသော ဆလိုက်မီးအရောင်လဲ့လဲ့ နှင့် ပိုးစုန်းကြူးသဏ္ဍာန် အနီရောင်မီးမှိတ်တုတ်..မှိတ်တုတ်လေးများကြားမှ မြင်နိုင်လေသည်။ ထိုအခါ မိုးအိ«န္ဒာမော်ကိုလည်း သီချင်းအစအဆုံး သဲကွဲ စွာမမြင်ရပဲ သီချင်းကိုသရုပ်ဖော်ထားသည့်ပြကွက်မှိန်မှိန်အောက်၌ လှုပ်ရှားသီဆိုနေသည်ကိုသာမြင်ရလေ၏။
ပရိသတ်ကိုဘဝင်ခိုက်စေသောပြကွက်မှာ စင်ပေါ်မှမိုးအိ«န္ဒာမော်က လက်နှိပ်ဓာတ်မီးကလေးဖြင့် ပရိသတ်ထဲသို့ထိုးကြည့်သော ပြကွက်ဖြစ်လေ သည်။
ပိုးစုန်းကြူးလေးသီချင်းဖျော်ဖြေနေသောတလျှောက်လုံး စင်မြင့်ကိုရော၊ စားသောက်သူများရှိသည့်ခန်းမကိုပါ မီးများပိတ်ထားလေသည်။ မိုးအိ «န္ဒာမော်က စင်မြင့်ပေါ်တွင်သီချင်းဆိုရင်းမှ သိချင်းအဓိပ္ပါယ်အတိုင်း ချစ်သူပျောက်ကိုရှာဟန်ဖြင့် လက်တစ်ဝါးအရွယ်”ဓာတ်မီးကလေးဖြင့်စားသောက်ဝိုင်း ထဲသို့ထိုး၍ကြည့်လေသည်။
“ဓာတ်မီးဖြင့်လှမ်း၍အထိုးခံရသော သကောင့်သားများက မိမိထံသို့ “ဓာတ်မီးအလင်းရောင်ရောက်လာတိုင်း ဟေးကနဲ.. ဟေးကနဲ အော်ကြ လေသည်။ တချို့ကတော့ မိုးအိ«န္ဒာမော်မြင်ရစေရန် မတ်တပ်ထရပ်ပြလိုက်သေးသည်။
ဤသည်ကား မိုးအိ«န္ဒာမော်၏စင်မြင့်ထက်မှအောင်မြင်မှုပင်တည်း။
မိုးအိ«န္ဒာမော်၏ ပိုးစုန်းကြူးလေးသီချင်းသရုပ်ဖော်သီဆိုဟန်ကို အလွန်လူကြိုက်များလှပေသည်။ မကြာခဏပွဲတောင်းခံရသည်။ နေ့စဉ်လိုလို သီဆိုပြရသည်။
သီင်္ဂီမော်အောင်မြင်လာသည်နှင့်အမျှ ဝင်ငွေလည်းတိုးလာခဲ့သည်။ မိတ္ထီလာရှိမိဘများထံ ငွေပိုပို့နိုင်ခဲ့သည်။
သိင်္ဂီမော်အောင်မြင်နေသည့်အချိန်တွင် သော်ဇင်ထွေးဆယ်တန်းအောင်ကာ မန္တလေးသို့ရောက်လာခြင်းဖြစ်သည်။ မန္တလေး နည်းပညာတက္ကသိုလ် တွင်တက်ရောက်ခွင့်ရသည်။
+ + + + + + + + +

]မမရယ်.. မမ ဒီလို စင်မြင့်ပေါ်တက်ပြီး အရက်သမားတွေကို သီချင်းဆိုပြနေရတာ သော်မကြည့်ရက်ဘူးဗျာ}
]သော်ရယ်.. မမက အလုပ်လုပ်နေတာပါသော်၊ ငွေရှာနေတာပါ}
]ဟုတ်ပါတယ်၊ ‘ဒါပေမယ့် အရက်သမားတွေဖျော်ဖြေမှရတဲ့ငွေက သန့်ရှင်းပါ့မလားမမ}
]သော်ကအတွေးခေါင်ပြန်ပြီကွယ်၊ သီချင်းဆိုပြတယ်၊ နှစ်သက်တဲ့လူက မမကိုဆုချတယ်၊ ချီးမြင့်တယ်၊ ‘ဒါဘာဖြစ်လဲ၊ ညစ်ညမ်းမှုမပါပါဘူး သော်၊ အရက်သမားတွေနဲ့အတူထိုင်ပြီး ပရောပရီလုပ်ရတာကမှ စိတ်မသန့်စရာပါသော်ရယ်}
]အဲဒါကိုပြောတာပေါ့၊ မမလုပ်နေတဲ့ဆိုင်က နာမည်ကြီး}
]ဟုတ်တယ်၊ ပတ္ထမြားနတ်မယ်ဟာ နာမည်ကြီးဆိုင်တစ်ဆိုင်ပဲ၊ အဲဒါကြောင့်လဲ မြို့အပြင်ကဆိုင်ကို မြို့ထဲကလူတွေတောင် ကားနဲ့ဆိုင်ကယ်နဲ့ တကူးတကလာကြတာပေါ့}
]အဲဒီလိုနာမည်ကြီးတာကိုပြောတာမဟုတ်ဖူးဗျ၊ မမတို့ဆိုင်ကမိန်း ကလေးတွေက ရတယ် တဲ့}
]ဘာ- ရတယ်}
]ဟုတ်တယ်၊ ရတယ်-ဆိုတာ အပြင်ကိုခေါ်ထုတ်လို့ ရတယ်လို့ ပြောတာ၊ ပိုက်ဆံပေးခေါ်ရင်ရတဲ့ ကြေးစားတွေလို့ပြောတာ၊ အရက်မူးနေ တဲ့ယောက်ျားတွေကို ချူစားနေတဲ့ကြေးစားတွေ}
]သော်ရယ်.. ဘယ်နေရာမှာမဆို ‘ဒါမျိုးဟာရှိတာပါပဲ၊ မမတို့ဆိုင်မှာ ‘ဒီလိုလိုက်တဲ့မိန်းကလေးမရှိဘူးလို့ မမမငြင်းချင်ပါဘူး၊ သူတို့ကိုလည်း မဝေဖန်ချင်ပါဘူး၊ မမက အဆိုတော်ပါသော်၊ အဆိုတော်က ဧည့်သည်တွေနဲ့နီးစပ်မှုမရှိပါဘူး၊ သီချင်းဆိုဖျော်ဖြေရုံပါ၊ ကိုယ့်ဖက်က ရိုးသားရင်သန့်ရှင်း ရင် ပြီးရောမဟုတ်လား}
]သီချင်းမဆိုခင်က မမလည်း ဝိုင်းထဲမှာထိုင်ခဲ့ရတာဆို}
]ဟုတ်ပါတယ်၊ အလုပ်သဘောအရပါ၊ ဝိုင်းထိုင်တုံးက ယောက်ျားတွေနဲ့ဒွေးရောယှက်တင်နေရတာ၊ ပရောပရီလုပ်ရတာ မမမငြင်းပါဘူး၊ အ လုပ်သဘောအရကိုး၊ သူတို့ပွတ်သီးပွတ်သတ်လုပ်တာလည်း သည်းခံခဲ့ရတာပါပဲသော်၊ မမ မညာပါဘူး၊ ‘ဒါပေမယ့် ဝိုင်းထိုင်တဲ့မိန်းကလေးတွေအားလုံးက ကြေးစားတွေ ခေါ်ရာလိုက်တဲ့သူတွေတော့မဟုတ်ပါဘူးသော်ရယ်၊ တချို့လဲ ရှိတော့ရှိတာပေါ့၊ အများအားဖြင့်က အလုပ်သဘောအရလုပ်နေရတာပါ၊ အဲဒါကြောင့်လည်း မမစင်ပေါ်ရောက်အောင်ကြိုးစားခဲ့တာလေ၊ သီချင်းဆိုတတ်လို့စင်ပေါ်မှာဖျော်ဖြေရတော့ အရက်သမားတွေနဲ့ဝေးရောမဟုတ်လား}
]မမ ဒီလိုဖျော်ဖြေနေ၇တာကို သော်ကစိတ်မကောင်းတာပါ}
]စိတ်မကောင်းမဖြစ်ပါနဲ့သော်၊ မမကိုလည်းစိတ်ချပါ၊ မမဘယ်တော့မှမပျက်စီးစေရဘူး}
]မမနဲ့တစ်ဆောင်ထဲနေတဲ့ ဟန်နီဆိုတာကတော့ နာမည်ကြီးပဲနော်}
]မမမှာ ဟန်နီ့ကျေးဇူးရှိပါတယ်၊ သူပြောပေးလို့ ဒီဆိုင်ရောက်ရတာ၊ ဟန်နီကစိတ်ကောင်းရှိပါတယ်၊ ‘ဒါပေမယ့် လူတစ်ယောက် သူယုံကြည်လို့ လုပ်နေတဲ့အလုပ်ကိုတော့ မဝေဖန်ချင်ဘူး၊ မကဲ့ရဲ့ချင်ဘူးကွယ်၊ သူ့ဘ၀နဲ့သူပဲကိုး၊ မမကတော့ သီချင်းဆိုတဲ့အလုပ်လုပ်ရလို့ ဝင်ငွေကောင်းလာတယ်၊ မိဘတွေကိုထောက်ပံ့နိုင်တာနဲ့တင် မမကြေနပ်လှပြီ၊ မမကိုသီချင်းဆိုခွင့်ပေး ပါဦး သော်၊ တခြားအလုပ်တစ်ခုလုပ်ဖို့ အရင်းအနှီးရတဲ့အထိပေါ့၊ မမကို စောင့်ကြည့်နေပါ၊ မမမပျက်စီးစေရပါဘူး၊ မမဘ၀ဟာ သော့်အတွက်ပါသော်ရယ်-}
+ + + + + + + + +




]ကျွန်တော်မန္တလေးရောက်ခါစက သဝန်တိုစိတ်နဲ့ မမစင်မြင့်ဖျော်ဖြေပွဲရှိတဲ့စားသောက်ဆိုင်မှာ သီချင်းဆိုနေတာကို တားမြစ်ခဲ့ပါသေးတယ်၊ ‘ဒါပေမယ့် မမမော်က သူ့အလုပ်အတွက် စိတ်သန့်ရှင်းခဲ့တယ်၊ မိဘကိုလုပ်ကျွေးနိုင်လို့ ဂုဏ်ယူခဲ့တယ်..}
သိင်္ဂီမော်၏ တည်ကြည်သောအနေအထိုင်ကြောင့် နောက်ပိုင်းတွင် သော်ဇင်ထွေးကိုယ်တိုင် သဘောတူခဲ့ရသည်။ သိင်္ဂီမော်သည် သူတာဝန်ရှိ သည့်အလုပ်ကိုပဲလုပ်သည်။ နေ့လည်ပိုင်းမှာ သီချင်းလေ့ကျင့်သည်။ ညပိုင်း ဆိုင်တွင်သီချင်းဆိုသည့်အခါများမှာလည်း ပရိသတ်ကိုစိတ်ပါလက်ပါဖျော်ဖြေ သည်။ တီးဝိုင်းသမားများနှင့်လည်း လုပ်ငန်းသဘောအရသာဆက်ဆံသည်။
မိုးအိ«န္ဒာမော်၏လှပချောမောမှုကြောင့် မိုးအိ«န္ဒာမော်ကို ရယူပိုင်ဆိုင်ရန်ကြိုးစားသူများရှိပါသည်။  တစ်သက်လုံးအတွက် ရည်ရွယ်သူရှိသလို၊ တဒင်္ဂသာယာပျော်မွေ့ဖို့ချည်းကပ်သူများလည်းရှိပေသည်။ မိုးအိ«န္ဒာမော်က အားလုံးကို အလိမ္မာနှင့်ငြင်းပယ်ခဲ့သည်ချည်းဖြစ်သည်။ မိုးအိ«န္ဒာမော်သည် အလုပ်ချိန်တွင် စားသောက်ဝိုင်းထဲသို့ထွက်မထိုင်၊ စင်နောက်မှာပဲအေးဆေးစွာထိုင်နေတတ်သည်။ သူ့အလှည့်ကျမှစင်ပေါ်တက်လာတတ်၏။
မိုးအိ«န္ဒာမော်ကို ရလိုရငြားဖြင့် ယောက်ျားများချည်းကပ်ကြခြင်းမှာ ဟန်နီ့ကြောင့်ဟု ဆိုရမည်။ သိင်္ဂီမော်ဣa«န္ဒရသလောက် ဟန်နီက ရွက်ဝါ လေးနှယ်လေလွင့်ချင်သူဖြစ်၏။ ဆိုင်ကိုလာနေကျ ဖောက်သည်လူငယ်လေးများနှင့် ရည်းစားဖြစ်သည်။ ရည်စားသက်ရှည်ကြာသော ရည်းစားများလည်း မဟုတ်ကြ။ ယောက်ျားလေးများကိုငြီးငွေ့လွယ်သောဟန်နီသည်တစ်ယောက်ပြီးတစ်ယောက် ပြောင်းနေတတ်သည်။ ကြာတော့ ဟန်နီ၏စရိုက်ကြောင့် ဟန်နီ့အပေါ်မှာယောက်ျားများအမြင်က ပြောင်းလဲလာလေသည်။ ဟန်နီ့ကို ယောက်ျားတွေကိုချစ်ချင်ယောင်ဆောင်၍ ချူစားသူဟုမြင်လာကြသည်။ ဟန်နီကလည်း ရည်းစားများပေးသောလက်ဆောင်ပစ္စည်းများအပေါ်၌ တပ်မက်တတ်သူဖြစ်သည်။ ချစ်သူများပံ့ပိုးသော လက်ဆောင်ပစ္စည်းကိုယူ၊ မုန့်ဖိုးဟု အကြောင်းပြကာပေးသောငွေကြေးကိုလက်ခံမိသောဟန်နီသည် ရသောလက်ဆောင်ငွေကြေးနှင့်တန်မျှအောင် ထိုသူ၏အလိုဆန္ဒအား လိုက် လျောရလေတော့သည်။ သည်လိုနှင့် ဟန်နီသည် လူအများအမြင်၌ ချူစားမြှူစားသူ ငွေရလျှင်ယောက်ျားတစ်ယောက်ကိုလက်ခံသူအဖြစ် သတ် မှတ်လာကြတော့၏။
ဟန်နီကား ပတ်ဝန်းကျင်အမြင်ကိုဂရုစိုက်သူမဟုတ်။ ဘယ်သူတွေ ဘာပြောပြော ကိုယ်ပျော်သလိုကိုယ်နေသည်။
]မမ ဟန်နီနဲ့တစ်ဆောင်တည်းအတူမနေပါနဲ့လားဗျာ၊ ဟန်နီသိပ်နာမည်ပျက်နေပြီ၊ မမကိုလည်း လူတွေက သူ့လိုမိန်းကလေးလို့ထင်ကြလိမ့် မယ်}
သော်ဇင်ထွေး ပြောခဲ့ဖူးပါသည်။
]ဟန်နီဟာစိတ်ထားကောင်းတဲ့မိန်းကလေးတစ်ယောက်ပါသော်၊ မမကို ‘ဒီဆိုင်မှာအလုပ်သွင်းပေးခဲ့ပြီး မမက သူ့ထက်အောင်မြင်သွားပေမယ့် သူ မမကို မနာလိုမဖြစ်ရှာဘူး၊ မမအောင်မြင်မှုကို ဝမ်းသာနေရှာတယ်၊ မမကိုလည်းအရမ်းခင်တယ်၊ ဘာအကြောင်းပြချက်မှမရှိပဲ သူနဲ့ခွဲနေမယ်ဆိုရင် သူ့ကိုစော်ကားရာကျမှာပေါ့သော်ရယ်၊ ဟန်နီကရည်းစားများပေမယ့် စိတ်ထားဖြောင့်မတ်ပါတယ်}
သိင်္ဂီမော်က ဟန်နီ့ဖက်မှ ရပ်တည်သည်။ သိင်္ဂီမော့်အကြောင်းပြချက်ကလုံလောက်နေတော့လည်း သော်ဇင်ထွေးဘာမှမပြောသာခဲ့ပေ။
]သော်ကျောင်းပြီးချိန်နဲ့ မမငွေစုဆောင်းမိချိန် အံကိုက်ဖြစ်အောင် မမကြိုးစားနေတယ်သော်၊ သော်ကျောင်းပြီးရင် မမတို့လက်ထပ်မယ်၊ အရင်း အနှီးပြည့်စုံရင် မမတို့တခြားအလုပ်တစ်ခု ပြောင်းလုပ်ကြတာပေါ့}
သို့သော် အခြေအနေတွေကပြောင်းလဲသွားသည်။ ပြောင်းလဲသွားသောအခြေအနေများကြောင့် သိင်္ဂီမော် သီချင်းဆိုသည့်အလုပ်ကို အချိန်အ တော်ကြာဆက်လုပ်ဖို့ဖြစ်လာခဲ့သည်။
သော်ဇင်ထွေး ဒုတိယနှစ်တက်နေချိန်တွင် သော်ဇင်ထွေး၏ဖခင် သေဆုံးသွားခြင်းဖြစ်သည်။ နဂိုကတည်းကပင် သော်ဇင်ထွေးတို့မိသားစုမှာ ဝင်ငွေကောင်းလှသည်မဟုတ်ပေ။ မွေးချင်းတွေလည်းများလှသည်။ သော်ဇင်ထွေးကို အကြီးဆုံးသားဖြစ်၍သာ ဆယ်တန်းအောင်ချိန်တွင် ရှိသမျှနှင့် အားတင်း၍ တက္ကသိုလ်ပို့ခဲ့ခြင်းဖြစ်သည်။ ဖခင်ကြီးကွယ်လွန်သွားတော့ သော်ဇင့်ကို ကျောင်းစရိတ် ဆက်မထောက်ပံ့နိုင်တော့။ ကျောင်းထွက်ပြီးပြန်လာရန်၊ အဝေးသင်ဆက်တက်ရန် မိခင်ကြီးကပြန်ခေါ်နေပြီ။
သိင်္ဂီမော်က ကျောင်းစရိတ်ကိုသူထောက်ပံ့မည်ဟုဆိုသည်။ သော်ဇင့်ကိုကျောင်းထွက်မခံ။ ကျောင်းစရိတ်အားလုံး သိင်္ဂီမော်ကထောက်ပံ့ခဲ့၏။ နယ်မှကျေင်းလာတက်သော တက္ကသိုလ်ကျောင်းသားတစ်ယောက်အတွက် စရိတ်စက မနည်းလှပါ။ မမမော်သည် သော့်ကိုချစ်ကြောင်း ဤနည်းဖြင့်သက် သေပြခဲ့လေသည်။
မမမော်ဝင်ငွေမနည်းလှပါ။ အိမ်ကိုလည်းထောက်ပံ့နိုင်သည်။ သူ့အတွက်လည်း ကျောင်းစရိတ်ပေးနိုင်သည်။ သူ့ကိုမော်တော်ဆိုင်ကယ်တစ်စီး ပင်ဝယ်ပေးနိုင်ခဲ့သည်။ သော်ဇင်တက်ရသည့်ကျောင်းက မန္တလေးတောင်၏ မြောက်ဖက်ရှိ အောင်ချမ်းသာရွာမှာရှိသည်။ သော်ဇင်နှင့် သင်္ဂီမော် တစ်မြို့ ထဲအတူနေသည်ဆိုသော်လည်း မန္တလေး၏တောင်စွန်းနှင့်မြောက်စွန်းဖြစ်နေသည်။ သွားဖို့လာဖို့တွေ့ဆုံဖို့ အလှမ်းဝေးလှပါသည်။ မမမော်ဆိုင်ကယ် ဝယ်ပေး၍ နှစ်ယောက်တွေ့ဖို့ သွားဖို့လာဖို့အဆင်ပြေသွားခဲ့သည်။
စနေနေ့ညနေနှင့် တနင်္ဂနွေနေ့ညနေများမှာ သော်ဇင်ထွေး သိင်္ဂီမော်နေသည့်အဆောင်ကို ရောက်လာတတ်သည်။ မမမော်ကို စားသောက် ဆိုင်လိုက်ပို့သည်။ ညဆယ်နာရီ ဆယ့်တစ်နာရီထိစောင့်ကာ ဆိုင်အပြန်ကြိုပေးသည်။
သည်လိုပုံစံအတိုင်း သူတို့လည်ပတ်ခဲ့တာ ကြာခဲ့ပါလေပြီ။
+ + + + + + + + +

အခင်းဖြစ်တဲ့နေ့၊ ယနေ့ စနေနေ့မှာတော့ ..
သော်ဇင်ထွေးသည် စနေနေ့မတိုင်ခင် သောကြာနေ့ညကပင် စိတ်ထဲ၌ စနိုးစနောင့်ဖြစ်ခဲ့ရသည်။
မနေ့ကမက်ခဲ့တဲ့အိပ်မက်သည် နိမိတ်မကောင်း။
အိပ်မက်ထဲမှာ မမကို လူတစ်ယောက်က “ဓားနှင့်ထိုးသတ်လိုက်သည်။ သစ်ပင်တစ်ပင်အောက်မှာ၊ ပြီးတော့ လူသူပြတ်လတ်သောသစ်တော ကြီးထဲမှာ။ လူသတ်သမားက မမရင်ဝကို “ဓားဖြင့်ထိုးစိုက်လိုက်သည့်အခါ.. မမမြေပေါ်လဲကျသွားခဲ့သည်။ ထို့နောက် သိင်္ဂီမော်၏အလောင်းသည် မြေ ပေါ်မှပြန်ထလာသည်။
]သော်ရေ.. မမကိုကယ်ပါဦး၊ မမကိုလာကယ်လှည့်ပါ}
-ဟုအော်ရင်း မြေကြီးပေါ်သို့ တစ်ဖန်ပြန်၍လဲကျသွားလေသည်။
အိပ်မက်ကလန့်နိုးတော့ သော်ဇင့်တစ်ကိုယ်လုံး ဇောချွေးတွေပြန်နေသည်။ လူကလည်းမောနေသည်။ အိပ်မက်က ဆိုးလှချည်းလား။ နိမိတ် မကောင်းပါလား။ သော်ဇင့်စိတ်ထဲလေးနေသည်။
သော်ဇင်သည် သိင်္ဂီမော်ရှိရာ ချက်ချင်းပြေးသွားချင်စိတ်ပေါက်လာသည်။ ညသန်းခေါင်အချိန်ဖြစ်၍ စိတ်ကိုထိန်းထားရသည်။ အပြင်မှာများ အိပ်မက်ထဲကလို မမတကယ်ဖြစ်နေမလား။ အိုး ..လွဲပါဖယ်ပါစေ။
မနက်မိုးလင်းသည်နှင့် သော်ဇင် မြို့ထဲသို့ထွက်ခဲ့လေသည်။
၃၃လမ်းရှိ သိင်္ဂီမော်နေသည့်အဆောင်ကိုသွားသည်။ အဆောင်မှာ သိင်္ဂီမော်မရှိ။ သိင်္ဂီမော်ညကတည်းက အဆောင်ပြန်မအိပ်ဟု အဆောင်ပိုင် ရှင်အန်တီကြီးကပြောသည်။
]မဟန်နီရောအန်တီ}
]ဟန်နီက ပြန်မအိပ်တာ၂ညရှိပြီ၊ နယ်ကသူ့အမေရောက်နေလို့ မြို့သစ်က သူ့အဒေါ်အိမ်သွားအိပ်တယ်}
]မမဘာလို့ ညကပြန်မလာပါလိမ့်အန်တီရယ်}
]အန်တီလည်းအံ့ဩနေတာ၊ သိင်္ဂီတစ်ခါမှ ‘ဒီလိုပြန်မအိပ်တာမျိုး မရှိဖူးဘူး}
]ကျွန်တော် သူတို့ဆိုင်ကိုသွားမေးကြည့်ဦးမယ်အန်တီ}
ဆိုင်ရောက်တော့ သိင်္ဂီမော်ညက အလုပ်ဆင်းကြောင်းသိရသည်။
ဟန်နီကတော့ ခွင့်၂ရက်ယူထားသည်။ ယနေ့ညအလုပ်ပြန်ဆင်းမည်ဟုဆိုသည်။
သော်ဇင်သည် ညကအိပ်မက်ကို စိတ်ထဲမှာစွဲနေမိသည်။ အိပ်မက်ကြောင့်စိတ်မှာထင့်နေသည်။ မမအန္တရာယ်တစ်ခုခုများကြုံနေသလား။ ဒါမှ မဟုတ် ယောက်ျားတစ်ယောက်ယောက်နဲ့များ ပါသွားသလား၊ ဟန်နီ့လို-။ အို- မတွေးကောင်းပါဘူး။ မမဟာ ‘ဒီလိုလုပ်မယ့်မိန်းမမဟုတ်ဖူး၊ မမကို ငါ ယုံတယ်။
သော်ဇင်သည် ဆိုင်ကယ်ဖြင့် တစ်နေ့လုံးလျှောက်သွားနေမိသည်။
သူဆိုင်ကယ်လျှောက်မောင်းသည့်နေရာများမှာ အိပ်မက်ထဲမှာမြင်တွေ့ရသောနေရာနှင့် ဆင်တူသောနေရာများဖြစ်လေသည်။ သစ်ပင်ပေါက် ရောက်မှုပေါများသောနေရာ၊ သစ်တောထူထပ်သောနေရာများဖြစ်သည်။
ပြင်ဦးလွင်လမ်းတလျှောက် ဆယ်မိုင်ခန့်အထိ သူရောက်သည်။ မြို့သစ်ဖက်ကိုလည်းရောက်သည်။ ရထားသံလမ်းဘေးတလျှောက် သစ်ပင် တောအုပ်များကိုလည်းလိုက်ကြည့်သည်။ မြို့သစ်ဖက်ကိုလည်းရောက်သည်။ စက်မှုကွက်သစ်၊ သင်ပန်းကုန်းတဝိုက် စုံနေအောင်ရောက်သည်။ အိပ်မက် ထဲမှာတွေ့ရသည့်သစ်ပင်သစ်တောရှုခင်းမျိုးမတွေ့ခဲ့ရ။
ညနေပိုင်းမှာ သိင်္ဂီမော့်အဆောင်ကိုတစ်ခေါက်ပြန်သွားသည်။ ဟန်နီပြန်ရောက်နေတာတွေ့ရသည်။ အလုပ်ဆင်းဖို့ ဖီးလိမ်းပြင်ဆင်နေတာတွေ့ ရ၏။
]ဟန်နီလည်းစိတ်ပူနေတာကိုသော်၊ သိင်္ဂီ ဒီလိုတစ်ခါမှမသွားဖူးဘူး}
]ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ၊ ကျွန်တော်ညကမက်တဲ့ အိပ်မက်ကသိပ်မကောင်းဘူးဗျာ}
သော်ဇင်က ဟန်နီ့ကိုအိပ်မက်အကြောင်းပြောပြလိုက်သည်။
]စိတ်အစွဲအလန်းမထားပါနဲ့ဟယ်၊ နင် ငါ့ကို ဆိုင်လိုက်ပို့ပါလား၊  သိင်္ဂီဆိုင်ကိုရောက်ချင်ရောက်နေမှာပေါ့}
ဟန်နီ့ကိုဆိုင်လိုက်ပို့ပေးလိုက်သည်။ ဆိုင်ကိုလည်းသိင်္ဂီပြန်ရောက်မလာ။
သော်ဇင် တစ်ညနေလုံးဆိုင်ကယ်လျှောက်မောင်းကာ သိင်္ဂီ့ကိုတွေ့လိုတွေ့ငြားရှာပြန်သည်။
ညပိုင်းမှာ ၂၆လမ်းအတိုင်း အနောက်မှအရှေ့သို့မောင်းခဲ့ရာ ပြင်ဦးလွင်လမ်းနှင့်ပုသိမ်ကြီးလမ်းဆက်ထားရာသို့ ရောက်သွားသည်။ ညာဖက်ကို ချိုး၍ မြောက်မှတောင်သို့မောင်းလာခဲ့လိုက်သည်။ လမ်း၃၀နှင့်တည့်တည့်လောက်တွင် ကားတစ်စီးမီးဖွင့်၍ရပ်ထားသည်ကိုတွေ့ရ၏။
ထိုနေရာကိုလွန်၍မောင်းသွားပြီးမှ သော်ဇင့်စိတ်ကို တစ်စုံတစ်ခုက သတိပေးလိုက်သည့်သဖွယ် အသိဉာဏ်ထဲ၌ လက်ကနဲဖြစ်သွားသည်။ သူ လမ်း၏ညာဖက်ကို လှည့်ကြည့်လိုက်၏။ သစ်ပင်များ၊ လမ်းဘေးတလျှောက် တန်းစီပေါက်ရောက်နေသောသစ်ပင်များ။ ကားရပ်ထားသည့်နေရာနှင့်တည့် တည့်မှသစ်ပင်တစ်ပင်က သူ့စိတ်ကိုနှိုးဆွလိုက်သည်။ အိပ်မက်ထဲကသစ်ပင်နဲ့တူလိုက်တာ။
သော်ဇင်ဆိုင်ကယ်ကိုနောက်ပြန်လှည့်ကာ ကားရပ်ထားသည့်နေရာသို့လာခဲ့လိုက်သည်။ ဆိုင်ကယ်မီးကိုသစ်ပင်အောက် ထိုးထားရင်းကြည့်လိုက် သည့်အခါ သစ်ပင်အောက်တွင်ရပ်နေသော မသင်္ကာဖွယ်လူနှစ်ယောက်ကို တွေ့လိုက်ရလေ၏။
ဆိုင်ကယ်ပေါ်မှဆင်းရင်း ထိုအနားသို့ပြေးသွားလိုက်သည်။
ထိုအခါ အိပ်မက်ထဲကမြင်ကွင်းအတိုင်း လဲကျသေဆုံးနေသော မမသိင်္ဂီမော်၏အလောင်းကိုတွေ့လိုက်ရလေ၏။
+ + + + + + + + +

]ဒေါက်တာတို့သုံးယောက်လုံးရဲ့အတွေ့အကြုံတွေက ဂမ္ဘီရသိပ်ဆန်နေတယ်၊ ဘာပဲဖြစ်ဖြစ် ‘ဒီအတွေ့အကြုံကြောင့် လူသတ်မှုကိုတော့ ဖော်ထုတ် နိုင်ခဲ့ပြီပေါ့လေ}
စခန်းမှူးက ခင်မောင်ကြည်နှင့်သော်ဇင်ထွေး၏အစစ်ခံချက်များကို ဦးစွာနားထောင်သည်။  နောက်ဆုံး ကျွန်တော်ပြောပြ သည့် အတွေ့အကြုံ များကိုနားထောင်ရင်းမှ မှတ်ချက်ချသည်။ 
]လူသတ်မှုကို ဖော်ထုတ်နိုင်ဖို့အတွက် ဒေါက်တာတို့သုံးယောက် ကျွန်တော်တို့ကို ကူညီပါဦး၊ မိုးအိ«န္ဒာမော် ကွယ်လွန်တာကို ဘယ်သူမှမသိ သေးဘူး၊ သတင်းမပေါက်ကြားသေးဘူး၊ အဲဒီတာ့ ‘ဒီသတင်းကို ဖုံးဖိထားစေချင်သေးတယ်၊ ကျွန်တော်လုပ်ချင်တဲ့စိတ်ကူးတစ်ခုရှိတယ်၊ ဒေါက်တာနဲ့ တိုင်ပင်ပါရစေ}
စခန်းမှူး ရဲအုပ်ဦးမိုးလွင်က ကျွန်တော့်အား သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်။
+ + + + + + + + +

နောက်တစ်နေ့ .. တနင်္ဂနွေနေ့ည။
ကျွန်တော်သည် သိပ္ပံလမ်းရှိ ပတ္တမြားနတ်မယ်စားသောက်ဆိုင်သို့ ရောက်နေခဲ့သည်။
ဆိုင်ထဲသို့ဧည့်သည်များ တဖွဲဖွဲဝင်လာလျှက်ရှိသည်။
ကျွန်တော်က စားပွဲဝိုင်းမှာ တစ်ယောက်တည်းရှိနေ၏။
စခန်းမှူးဦးမိုးလွင် မိတ်ဆက်ပေးထားသည့် ဆားပုလင်းကိုနိုင်ဦးကို ကောင်တာအနီးစားပွဲတွင် ထိုင်နေသည်ကို တွေ့ရ၏။ ကျွန်တော်တို့ တစ် ယောက်နှင့်တစ်ယောက် မသိချင်ယောင်ဆောင်နေကြသည်။ ကိုနိုင်ဦးကလဲ ကျွန်တော့်နည်းတူ ဝင်လာသူများကိုအကဲခတ်နေသည်။
ဆိုင်ထိုင်မိန်းကလေး လေးငါးယောက်က ကောင်တာဘေးတွင်ရပ်ရင်း လာသည့်ဧည့်သည်များကို အကဲခတ်နေသည်။ သူတို့ကိုလိုလားသူ၊ခေါ် သူရှိပါက အတူတွဲထိုင်ရန်နှင့် လိုသမျှပြုစုပေးရန် အဆင်သင့်ဖြစ်နေကြ၏။ ထိုအထဲတွင် ဟန်နီဘယ်သူဖြစ်သည်ကို ကျွန်တော်မသိပါ။
ခန်းမထဲ၌ အခြားစားပွဲသုံးလုံးတွင် လူများရှိနေသည်။
တစ်ဝိုင်းတွင် အသက်ငါးဆယ်ကျော်အဘိုးကြီးတစ်ယောက် အရက်ပြင်းထိုင်သောက်နေသည်။ အမြည်းက သိပ်မရှိ။ အရက်ကို အဓိကထား သောက်သော ဝါရင့်အရက်သမားကြီးဖြစ်ဟန်တူသည်။ တစ်ယောက်ထဲ။ သူ့ထံသို့ဘယ်မိန်းကလေးကမှ အတူလာထိုင်ဖို့ စိတ်ကူးဟန်မတူ။
နောက်တစ်ဝိုင်းမှာ ရပ်ဝေးမှခရီးသည်များဖြစ်ကြောင်းသိသာသည်။ တချို့က ခရီးဆောင်အိတ်များ လွယ်ထားကြသည်။ ကြည့်ရတာ မြောက်ပိုင်း ရှမ်းပြည်ကဆင်းလာသည့် တိုင်းရင်းသားများဖြစ်ပြီး ခေတ္တခဏအရက်ဝင်သောက်ခြင်းဖြစ်ပုံရသည်။
နောက်တစ်ဝိုင်းက လူငယ်ဝိုင်း။ လူငယ်ငါးယောက်ဝိုင်းဖွဲ့ထိုင်နေသည်။ ရယ်မောစရာများကို အော်ကျယ်အော်ကျယ်ပြောနေကြသည်။ စိတ် လွတ်လပ်ပေါ့ပါးစွာပျော်ရွှင်နေသည့်ဟန်မျိုး၊ သူတို့မျက်နှာမှာ စိတ်ဖိစီးမှုနှင့် စိတ်မလုံမှုများကို ရှာမတွေ့ရပေ။ ဆိုင်မှမိန်းကလေးနှစ်ယောက်က သူတို့ ဝိုင်းမှာရောထိုင်ရင်း အရက်များငှဲ့ပေးနေသည်။ လူငယ်တစ်ယောက်ကတော့ မိန်းကလေးတစ်ယောက်၏ပခုံးကိုသိုင်း၍ဖက်ထားလေသည်။ မိန်းကလေးများ ကလည်း လူငယ်များပြောသည့်ရယ်စရာများကို လိုက်ရယ်မောနေကြ၏။
တီးဝိုင်းက ဖျော်ဖြေမှုအစီအစဉ်ကိုစလိုက်သည်။ တီးလုံးများစတင် တီးခတ်သည်။
အမှောင် တစတစဝင်လာသည်နှင့်အမျှ ဧည့်သည်များလည်း တဖွဲဖွဲရောက်လာကြသည်။
လူကြီးအရွယ်လူတစ်စုရောက်လာသည်။ ချောင်အကျဆုံးစားပွဲတွင် သွားထိုင်သည်။ ဘီယာကို ခွက်ရေဖြင့်အနည်းငယ်သာမှာသည်။ အိတ်ထဲမှ မိတ္တူကူးထားသောစာရွက်များကိုထုတ်ကာ အပြန်အလှန် ပေးဖတ်ကြသည်။ တီးဝိုင်းကိုအာရုံရှိပုံမရ။ အလုပ်ကိစ္စတိုင်ပင်နေကြဟန်တူသည်။ မိန်းကလေး နှစ်ယောက်ထိုစားပွဲသို့ကပ်သွားသည်တွင် လူကြီးတစ်ယောက်က လက်ခါပြပြီး နှင်ထုတ်လိုက်သည်ကိုမြင်ရ၏။
လူငယ်သုံးဦးဝင်လာကာ ကျွန်တော်နှင့်ကပ်ရက်စားပွဲတွင် ဝင်ထိုင်သည်။ စားပွဲထိုးက သူတို့စားပွဲသို့ချက်ချင်းရောက်လာ၏။
]ထုံးစံအတိုင်းပဲလားအစ်ကိုတို့}
စားပွဲထိုး မေးလိုက်ပုံက သူတို့လာနေကျဖောက်သည်တွေဖြစ်မှန်း သိသာသည်။
]အေးကွာ}
တစ်ယောက်ကပြန်ဖြေလိုက်သည်။
]ငါတော့သောက်ချင်စိတ်ကိုမရှိဘူးကွာ၊ စိတ်ထဲမှာ..}
]ဟေ့ကောင်}
တစ်ယောက်ကပြောလိုက်သည့်စကားကို တစ်ယောက်ကဟန့်တားလိုက်သည်။ ပထမပြောလိုက်သောလူငယ်က မလုံမလဲဖြင့် ဘေးဘီသို့ကြည့် လိုက်၏။ ကျွန်တော်နှင့်အကြည့်ချင်းဆုံသွားသည်။ ကျွန်တော်မသိယောင်ဆောင်ကာ မျက်နှာလွှဲပစ်လိုက်၏။
]ဣa«န္ဒမပျက်နေစမ်းပါ၊ မင်းလုပ်တာနဲ့..}
စကားတစ်ဝက်တစ်ပျက်ကို ကျွန်တော်ကြားလိုက်ရသည်။
သူတို့စားပွဲသို့ မိန်းကလေးနှစ်ယောက်လျှောက်လာကြ၏။ ဝင်ထိုင်တော့မည်ဟန်ပြင်လိုက်သည့်မိန်းကလေးများကို တစ်ယောက်ကပြောလိုက် သည်။
]ငါတို့ ဒီနေ့စိတ်မပါဘူးဟာ၊ တခြားသွားနေစမ်းပါ}
မိန်းကလေးနှစ်ယောက်က အံ့ဩသွားဟန်ဖြင့် အိုးတို့အန်းတန်းဖြစ်သွားကြသည်။ ကောင်တာဆီပြန်လျှောက်သွားကြ၏။
လူငယ်သုံးဦးက မှာထားသောယမကာများကို စိတ်မပါစွာသောက်နေကြသည်။ တာဝန်တစ်ခုဆောင်ရွက်နေသလိုမျိုး၊ ဘာစကားမှမပြောကြ။ ဟိုဖက်ဝိုင်းမှ သူတို့နှင့်ရွယ်တူလူငယ်များဆူညံနေပုံနှင့် တခြားစီဖြစ်နေသည်။ သူတို့သည် တစ်စုံတစ်ခုကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေပုံမျိုးဖြင့် တိတ်ဆိတ်စွာထိုင်သောက်နေကြသည်။
အထူးခြားဆုံးဝိုင်းတစ်ခုပင်ဖြစ်ပေ၏။
ကျွန်တော်က စားပွဲမှထကာ အပေါ့အပါးသွားရန် အိမ်သာဖက်သို့ထွက်ခဲ့၏။
ဆားပုလင်းကိုနိုင်ဦး ကျွန်တော့်ကိုမြင်၍ အိမ်သာဖက်သို့လိုက်လာသည်။ နှစ်ယောက်ယှဉ်၍ အပေါ့သွားဟန်ပြုရင်း ကိုနိုင်ဦးကို ကျွန်တော်   စကားပြောလိုက်၏။
]ကျွန်တော့်ဘေးခုံကကောင်တွေ ထူးခြားတယ်}
]သူတို့တွေ လာနေကျတွေတဲ့၊ လူစိမ်းဝိုင်းဆိုလို့ ခရီးကြုံလို့ဝင်သောက်တဲ့ရှမ်းတွေပဲ ပါတယ်}
အိမ်သာထဲမှ ကျွန်တော်ထွက်လာချိန်တွင် ဆိုင်ထဲသို့ဝင်လာသော လူငယ်လေးဦးကိုမြင်လိုက်ရသည်။ ထိုလေးဦးကိုကျွန်တော်သိသည်။ စခန်း မှူးဦးမိုးလွင်လွှတ်လိုက်သောလူငယ်များဖြစ်သည်။ လူငယ်အုပ်စုကစင်မြင့်နှင့် အနီးဆုံးဝိုင်းမှာသွားထိုင်၏။
သူတို့အနီးသို့ ဆိုင်ထိုင်မိန်းကလေးနှစ်ဦး ချဉ်းကပ်သွားကြသည်။ စကားပြောကြသည်။ မိန်းကလေးနှစ်ဦးက နောက်ထပ်နှစ်ယောက်ကို လက် ယပ်ခေါ်လိုက်သည်။ ထိုဝိုင်းတွင် ယောက်ျားလေး၎ယောက်နှင့်မိန်းကလေး၎ ယောက် တစ်တွဲစီဖြစ်သွားကြ၏။ ထိုမိန်းကလေး၎ယောက်ထဲ၌ ဟန်နီပါမပါ ကျွန်တော်မသိပါ။
ဆိုင်မှလူများကိုကြည့်ရသည်မှာ ဆိုင်မှအဆိုတော်တစ်ဦး မရှုမလှအသတ်ခံခဲ့ရသည့်အကြောင်းကိုသိပုံမပေါ်ပါ။ အားလုံး ပုံမှန်အတိုင်းရှိနေကြ သည်။ ဦးမိုးလွင်၏အစီအစဉ်ဖြင့် လျှို့ဝှက်ထားမှုမှာ အောင်မြင်သည်ဟုဆိုရမည်။ ယခုဆိုလျှင် စခန်းမှူးဦးမိုးလွင်ကိုယ်တိုင်လည်း ဆိုင်နှင့်မနီးမဝေး မှောင်ရိပ်တစ်နေရာလောက်တွင် ရောက်နေလောက်ပေပြီ။
တေးဂီတအစီအစဉ်စတင်ပေပြီ။
အဆိုတော်မိန်းကလေးတစ်ဦးထွက်လာကာ မြန်မာသံသီချင်းတစ်ပုဒ်ကို ပဏာမတေးအဖြစ်ဆိုသည်။
ထို့နောက် နောက်တစ်ယောက်။ သီချင်းသုံးပုဒ်ကို တစ်ဆက်ထဲ ဆိုသွားသည်။
ထို့နောက် နောက်တစ်ယောက်..
တတိယအဆိုတော်မလေးသီဆိုနေချိန်တွင် စင်မြင်နှင့်အနီးဆုံးစားပွဲဝိုင်းမှ အသံတစ်သံထွက်လာသည်။
]မိုးအိ«န္ဒာမော် ဆိုပါဗျို့}
]ဟုတ်တယ်၊ မိုးအိ«န္ဒာမော်ဘာလို့မဆိုသေးတာလဲ}
]မိုးအိ«န္ဒာမော်၊ မိုးအိ«န္ဒာမော်..}
စခန်းမှူးဦးမိုးလွင်လွှတ်ထားသည့် လူငယ်များကအော်ဟစ်တောင်းဆိုလိုက်ခြင်းဖြစ်သည်။
လူအများအာရုံက လူငယ်များ၏တောင်းဆိုသံဆီသို့ ရောက်သွားကြသည်။
ကျွန်တော်ဘေးမှလူငယ်သုံးယောက် လှုပ်လှုပ်ရွရွဖြစ်သွားတာကို သတိထားမိသည်။
တတိယအဆိုတော်မလေး၏ဖျော်ဖြေမှု ပြီးဆုံးသွားသည်။
အစီအစဉ်ကြေငြာသူ၏အသံ ဆောင်းဘောက်စ်မှ ထွက်ပေါ်လာသည်။
]ဆက်လက်ပြီးဖျော်ဖြေဖို့ အလှည့်ကျသူကတော့ ဧည့်သည်တော်များမျှော်လင့်တောင့်တနေကြတဲ့ ပတ္တမြားနတ်မယ်ရဲ့ ပင်တိုင်အဆိုတော် မိုး အိ«န္ဒာမော် ဖြစ်ပါတယ်ရှင်}
ဟေး ..။ ရှေ့ဆုံဝိုင်းမှလူငယ်များ လက်ခုပ်ဝိုင်းတီးလိုက်ကြသည်။
ဘေးဝိုင်းမှလူငယ်သုံးဦး တစ်ယောက်မျက်နှာတစ်ယောက် လှည့်ကြည့်လိုက်ကြ၏။
]မိုးအိ«န္ဒာမော် ဖျော်ဖြေမယ့်သီချင်းကတော့ သူမရဲ့လူကြိုက်အများဆုံးသီဆိုမှုတစ်ခုဖြစ်တဲ့ ပိုးစုန်းကြူးလေးသီချင်းဖြစ်ပါတယ်ရှင်}
ကြေငြာသံဆုံးသည်နှင့် ဆိုင်တစ်ခုလုံး မီးများမှိန်သွားလေသည်။ အားလုံးအမှောင်ထု။
ဦးစွာ စင်မြင့်နောက်ခံပိတ်ကားပေါ်မှာ အပြာရောင်မီးခပ်မှုံမှုံလေးပေါ်လာသည်။
တီးဝိုင်းမှတီးလုံးကိုစတင်တီးခတ်လိုက်သည်။
အတီးပိုဒ်ဆုံးသည်နှင့် ..
မိုးအိ«န္ဒာမော်၏သီဆိုသံထွက်ပေါ်လာလေ၏။

ညတုန်းက တွေ့ရတဲ့ ကောင်ကလေးတစ်ယောက် .....
ပျောက်သွားလို့ လိုက်ရှာနေတယ် ....
မှောင် မိုက် တဲ့ ညအလယ် .....
ပိုးစုန်းကြူးလေးနှယ် .....
ဖွေရှာသူမောလို့ ငိုရတော့မယ် ........
ဖွေရှာသူမောလို့ ငိုရတော့မယ် ........
ဖွေရှာသူမောလို့ ငို ... ငိုရတော့မယ် ........

မိုးအိ«န္ဒာမော်က စင်မြင့်ထက်သို့တက်မလာသေး။
]ဒါ- ဒါ- သူ့အသံပဲ}
ဘေးဝိုင်းမှတုန်လှုပ်စွာပြောလိုက်သောအသံ။

အိပ်မက်ထဲက ချစ်ရသူလေးရယ် .....
ရှောင်ပြေးလို့ပုန်းနေသလားကွယ် ....
လစန္ဒာရယ် ..... တွေ့များတွေ့သလားကွယ် ......

မိုးအိ«န္ဒာမော်စင်မြင့်ပေါ်သို့ရောက်လာလေပြီ။ ကြိုးမဲ့မိုက်ကရိုဖုန်းကိုဘယ်ဖက်လက်မှကိုင်ရင်း စင်မြင့်၏ညာဖက်မှ တစ်လှမ်းချင်းလျှောက်လှမ်း ကာထွက်လာလေသည်။

ဖွေရှာသူမောလို့ ငိုရတော့မယ် ........
ဖွေရှာသူမောလို့ ငို ... ငိုရတော့မယ် ........
သူမသည် အထက်အောက်အဝါရောင်တွင် အနက်ရောင်အစက်အ ပျောက်လေးများပါသောဝတ်စုံကိုဝတ်ထားလေ၏။ ညာဖက်လက်မှာ ပုဝါဖြူ လေးကိုကိုင်ထားရာ ပုဝါဖြူဖြူလေးက အလင်းရောင်လဲ့လဲ့အောက်၌တလွင့် Gင့်လှုပ်နေပေသည်။

ညတုန်းက တွေ့ရတဲ့ ကောင်ကလေးတစ်ယောက် .....
ပျောက်သွားလို့ လိုက်ရှာနေတယ် ....
မှောင် မိုက် တဲ့ ညအလယ် .....
ပိုးစုန်းကြူးလေးနှယ် .....
ဖွေရှာသူမောလို့ ငိုရတော့မယ် ........
ဖွေရှာသူမောလို့ ငိုရတော့မယ် ........
ဖွေရှာသူမောလို့ ငို ... ငိုရတော့မယ် ........

ဒုတိယအကျော့သီဆိုနေချိန်တွင် မိုးအိ«န္ဒာမော်က ညာလက်ထဲ၌ ပုဝါကြားတွင်ဝှက်ကိုင်ထားသော စီးကရက်အရွယ်ခန့်”mတ်မီးလေးအား ဖွင့် ချီမှိတ်ချီလုပ်လိုက်လေသည်။ “ဓာတ်မီးရောင် မှိတ်တုတ်မှိတ်တုတ်က ပိုးစုန်းကြူးလေးတစ်ကောင် ပျံသန်းရင်းလင်းလက်နေသည့်သဖွယ်ရှိပေတော့သည်။
ခန်းမတစ်ခုလုံးကို မှောင်ချထားသည့်အတွက် မိုးအိ«န္ဒာမော်၏ရုပ်လွှာကို ပီပီပြင်ပြင်မမြင်ရသေးချေ။ နောက်ခံမီးရောင်ဖြင့် သူမ၏လှုပ်ရှားမှု ကိုသာမြင်နေရပေ၏။
ထို့နောက်သူမက “ဓာတ်မီးလေးဖြင့် မှောင်နေသော စားသောက်ဝိုင်းထဲသို့လှမ်း၍ထိုးကြည့်လိုက်လေသည်။
ယမကာဝိုင်းမှယောက်ျားသားများ၏မျက်နှာထက်သို့ “ဓာတ်မီးရောင်လေးက ဝေ့ကာဝဲကာ ကျရောက်လာ၏။ ပျောက်သောချစ်သူကို အမှောင်ထဲ တွင် လိုက်လံရှာဖွေနေသည့်နှယ်၊ သီချင်းနှင့်လိုက်လျောညီထွေသည့် သရုပ်ဖော်တင်ဆက်မှုလေးပါတကား၊ မိုးအိ«န္ဒာမော်၏သီဆိုသံကလည်း ကောင်းလှ ပေသည်။ ‘ဒါ့ကြောင့်လည်း မိုးအိ«န္ဒာမော်နာမည်ကြီးပေတာပဲ။
မိုးအိ«န္ဒာမော်၏”ဓာတ်မီးရောင်လေးက ရှေ့ဆုံးစားပွဲဝိုင်းသို့ ရောက်သွားလေသည်။ စားပွဲဝိုင်းမှယောက်ျားလေးများကို တစ်လှည့်စီ ထိုးကြည့် သည်။ တစ်ယောက်ကထိုင်ရာမှထကာ ]ကိုကိုဒီမှာလေ- ‘ဒီမှာ-}ဟု သူ့ရင်ပတ်ကိုပုတ်ပြကာပြောလိုက်သည်။ ရယ်မောသံများထွက်လာသည်။
သူတို့သိပ်ပျော်နေကြသည်။ ဦးမိုးလွင်လွှတ်ထားသည့်လူငယ်များမှာ မိုးအိ«န္ဒာမော်အသတ်ခံရသည့်ဖြစ်စဉ်ကို မသိကြပါ။ ဦးမိုးလွင်တာဝန်ပေး ချက်အရ သရုပ်ဆောင်ကြသော ရပ်ကွက်ထဲမှတက်ကြွသည့်လူငယ်လေးများသာဖြစ်ပါသည်။ ဦးမိုးလွင်က သူတို့ကိုတည်ကြက်သဖွယ်စီစဉ်ထားပေ၏။

မှောင် မိုက် တဲ့ ညအလယ် .....
ပိုးစုန်းကြူးလေးနှယ် .....
ဖွေရှာသူမောလို့ ငိုရတော့မယ် ........

မိုးအိ«န္ဒာမော်လက်ထဲမှ “mတ်မီးရောင်လေးသည် တစ်ဝိုင်းပြီးတစ်ဝိုင်း လှည့်လည်ကစားလျှက်ရှိသည်။
ကျွန်တော်ထိုင်နေသည့်ဝိုင်းသို့ “ဓာတ်မီးရောင် ရောက်လာသည်။ ကျွန်တော့်မျက်နှာပေါ်သို့ “ဓာတ်မီးရောင်က တခဏကြာမျှ ရစ်ဝဲနေ၏။
ထို့နောက် “ဓာတ်မီးရောင်သည် ကျွန်တော့်ဘေးဝိုင်းသို့ ရောက်ရှိသွားလေသည်။ “ဓာတ်မီးရောင်က ထိုဝိုင်းမှလူငယ်သုံးဦး၏မျက်နှာများပေါ်သို့ တစ်လှည့်စီ တစ်ပြန်စီ ဝဲလှည့်နေပေ၏။

ဖွေရှာသူမောလို့ ငိုရတော့မယ် ........
ဖွေရှာသူမောလို့ ငို ... ငိုရတော့မယ် ........

“ဓာတ်မီးရောင်သည် ထိုဝိုင်းမှမရွေ့တော့ပေ။ လူငယ်သုံးဦးမျက်နှာကို တစ်လှည့်စီထိုးလျှက်ရှိသည်။
တစ်ယောက်က သူ့မျက်နှာကို လက်ကိုင်ပုဝါဖြန့်၍အုပ်ထားလိုက်သည်။ တစ်ယောက်က စင်မြင့်ကိုနောက်ကျောခိုင်းထိုင်နေလိုက်၏။
သူတို့လှုပ်ရှားမှုကို အနီးဆုံးစားပွဲမှကျွန်တော်က မြင်နေရလေသည်။ သူတို့ထဲမှတစ်ယောက်သည် အသားများတဆတ်ဆတ်တုန်လာသည်၊
]သူ- သူ မသေဘူး}
]ဟေ့ကောင်- ရန်ပိုင်}
တစ်ယောက်က ဟန့်လိုက်သည်။
]မသေတာကောင်းတာပေါ့၊ မင်းက ဘာလဲ}
နောက်တစ်ယောက်ကလည်း ရန်ပိုင်ဆိုသူကို သတိပေးသလို၊ ချော့သလိုဖြင့် ဣa«န္ဒမပျက်စေ၇န် ပြောလိုက်၏။
]ငါ.. ငါ.. ပြန်တော့မယ်}
ရန်ပိုင်ဆိုသူက ပြောပြောဆိုဆိုပင် ထိုင်ရာမှ ထထွက်သွားလေသည်။ စင်မြင့်ထက်မှ”ဓာတ်မီးရောင်လေးက ရန်ပိုင့်နောက်ကျောကိုလိုက်ထိုး နေ၏။ ရန်ပိုင်အပြင်ထွက်သွားသည်ကို စားသောက်ခန်းတစ်ခုလုံးက မြင်ရအောင်လုပ်ပြနေသလိုမျို။
]ဒီကောင်ကွာ၊ သွားရအောင်ကွာ၊ တို့လည်းပြန်မယ်}
]ဟုတ်တယ်၊ တော်ကြာရှုပ်ကုန်မယ်၊ ပြန်ရအောင်}
တစ်ယောက်က တစ်ထောင်တန်များကို ဘီယာခွက်အောက်တွင်ထားခဲ့ပြီး ခပ်သုတ်သုတ်ထွက်သွားကြလေ၏။
ကျွန်တော်လည်း အခြေအနေသိရရန် သူတို့နောက်မလှမ်းမကမ်းမှလိုက်ထွက်ခဲ့သည်။
မိုးအိ«န္ဒာမော်၏သီချင်းသံက ပျံ့လွင့်ဆဲ။
ကျွန်တော်ဆိုင်အပြင်ကိုရောက်တော့ လူငယ်သုံးယောက်ကို သူတို့စီးလာသည့်ကားဘေးတွင် ယူနီဖောင်းဝတ်ရဲသုံးဦးဝိုင်းရံလျှက် တွေ့လိုက်ရ လေသည်။
အရပ်ဝတ်ဝတ်ထားသော စခန်းမှူးဦးမိုးလွင် သူတို့ဆီသို့လျှောက်သွားသည်။
သူတို့အနီးသို့ ဦးမိုးလွင်နှင့်ကျွန်တော်တို့ အတူတူရောက်သွားကြသည်။
လိုအပ်ပါက သူတို့ပြောဆိုခဲ့သော မသင်္ကာဖွယ်စကားလုံးများကို ကျွန်တော်က သက်သေပြရန်ဖြစ်သည်။ သူတို့ပြောသမျှကို အမ်ပီဖိုးစက်ဖြင့် ကျွန်တော် အသံဖမ်းယူထားနိုင်ခဲ့၏။
]ကျွန်တော်တို့ဘာလုပ်လို့လဲဗျ}
သူတို့ထဲမှ တစ်ဦး၏ ရဲများကိုပြန်ပြောလိုက်သံ၊
]မင်းတို့ဘာလုပ်တယ်ဆိုတာ မင်းတို့အသိဆုံးဖြစ်မှာပေါ့ သီဟ၊ ရန်ပိုင်၊ ရဲထွဋ်နိုင် တို့ရယ်-}
စခန်းမှူးဦးမိုးလွင်ကပြောလိုက်ရာ သူတို့နာမည်ကိုသိနေ၍ အံ့ဩဟန်ဖြင့် လှည့်ကြည့်လိုက်ကြသည်။
]ငါ စခန်းမှူး ရဲအုပ်မိုးလွင်ပဲ၊ မင်းတို့သုံးယောက်ထဲက မိုးအိ«န္ဒာမော်ကိုသတ်တာဘယ်သူလဲ}
]ဘာလဲဗျ၊ မိုးအိ«န္ဒာမော်ကအခုသီချင်းဆိုနေတာပဲ၊ ခင်ဗျားမကြားဘူးလား၊ အထဲဝင်ကြည့်လိုက်ဦး}
]သီချင်းဆိုနေတာ မိုးအိ«န္ဒာမော် ဟုတ်တော့ဟုတ်တယ်၊ ‘ဒါပေမယ့် သက်ရှိမိုးအိ«န္ဒာမော်မဟုတ်ဖူး၊ အလောင်းကြီးက ထလာပြီး သီချင်းဆို နေတာ၊ သူ့ကိုသတ်လိုက်တာ ဘယ်သူတွေဆိုတာကို “ဓာတ်မီးနဲ့ထိုးပြီးလာပြတာ၊ မိုးအိ«န္ဒာမော်က မင်းတို့”ဓားနဲ့ထိုးခဲ့လို့ သေပြီးပြီလေ}
]ခင်ဗျားဘာတွေပြောနေတာလဲ}
]မင်းတို့ ကားကို မဟုတ်မဟတ်နေရာမောင်းသွားရင် သန့်ရှင်းရေးလေးဘာလေး ပြန်လုပ်သင့်တာပေါ့ကွ၊ ခုတော့ ကားတာယာထဲမှာလည်း သစ်ရွက်ခြောက်တွေညပ်နေတယ်၊ ကားထဲမှာလည်း ဘိလပ်မြေမှုန်တွေကပ်လို့၊ ‘ဒါဟာ မိုးအိ«န္ဒာမော်သေတဲ့နေရာက အထောက်အထားတွေပဲ၊ ကဲ-ကဲ၊ ပြောနေကြာတယ်ကိုယ့်လူတို့၊ စခန်းကျမှဝန်ခံကြပေတော့၊ ခုတော့ ငါတို့နဲ့အတူတူ အေးအေးဆေးဆေးလိုက်ခဲ့ကြပါ၊ ရာဇဝတ်ဘေးဆိုတာ ပြေးမလွတ်ပါဘူး ငါ့တူတို့ရယ်}
+ + + + + + + + +

မနေ့ကညက ဟန်နီအလုပ်မဆင်း၍ သိင်္ဂီမော်တစ်ယောက်ထဲ အဆောင်ပြန်ရသည်။ ဖြစ်ချင်တော့ သူမတို့ငှားစီးနေကျ လေးဘီးကားလေးက နောက်ဘီးပေါက်သွား၍ ဘီးကိုချွတ်ကာ လေးထိုးကျွတ်ဖာဆိုင်သို့ ဘီးသွားဖာနေသည်။ သိင်္ဂီမော်ဆိုင်ထဲကထွက်လာတော့ ဂျိုက်ထောက်ထားသော ကားကိုသာတွေ့ရသည်။
ဆိုင်ကပိတ်ပြီ။ ဧည့်သည်တွေလည်းပြန်ကြပြီ။ ဘီးဖာပြီးသည်အထိ သိဂ“Ðမော်တစ်ယောက်ထဲရပ်စောင့်နေရမည့်ပုံဖြစ်၏။
ထိုစဉ် ဆိုင်ထဲမှ နောက်ဆုံးထလာသော ရဲထွဋ်နိုင်တို့အုပ်စုထွက်လာသည်။ သုံးယောက်ထဲမှာ ရန်ပိုင်ဆိုသူက အတော်မူးနေကြောင်း လမ်း လျှောက်ဟန်ကိုကြည့်ရုံဖြင့်သိသာလေသည်။
ရဲထွဋ်နိုင်က ရန်ပိုင့်ကို ကားနောက်ခန်းသို့ တွန်းတင်ပေးလိုက်သည်။ သီဟကဒရိုင်ဘာခုံဘေးတွင်ဝင်ထိုင်သည်။ ရဲထွဋ်နိုင် ‘ရိုင်ဘာခုံတွင် ထိုင်မည်အပြု ခပ်လှမ်းလှမ်းတွင်ရပ်နေသော သိင်္ဂီမော်ကိုမြင်လိုက်သည်။
ရဲထွဋ်နိုင်က သိင်္ဂီမော်ရှိရာလျှောက်သွားကာနှုတ်ဆက်လိုက်သည်။
]မမော်ပါလား၊ ဟန်နီ့ကိုမတွေ့ပါလား၊ ဘာနဲ့ပြန်မလဲ}
]ဒီမှာလေ၊ မမော်တို့ပြန်နေကျကား၊ ကားဘီးပေါက်သွားလို့ သွားဖာနေတယ်တဲ့}
]ဒါဖြင့်လိုက်ခဲ့လေ၊ လမ်းကြုံသားပဲ၊ ကျွန်တော်ပို့ပေးမယ်}
သိင်္ဂီမော်က လိုက်ခဲ့ရန်သဘောတူလိုက်သည်။
သိင်္ဂီမော် ရဲထွဋ်နိုင်ကားဖြင့်လိုက်ရန် အလွယ်တကူ သဘောတူလိုက်ခြင်းမှာ အကြောင်းရှိသည်။ တစ်ချိန်က ရဲထွဋ်နိုင်နှင့်ဟန်နီတို့ သမီး ရည်းစားဖြစ်ဖူးကြသည်၊ ငြိဖူးကြသည်။ ထိုစဉ်က ဟန်နီနှင့်သိင်္ဂီမော်အပြန်တွင် ရဲထွဋ်နိုင်က ကားဖြင့်လိုက်ပို့နေကျ။ သိင်္ဂီတို့အဆောင်ကို ရဲထွဋ်နိုင် ကောင်းကောင်းရောက်ဖူးသည်။ ထိုကဲ့သို့ရင်းနှီးမှုရှိခဲ့ဖူးသဖြင့် သိင်္ဂီမော် ရဲရဲတင်းတင်းလိုက်လာခြင်းဖြစ်လိမ့်မည်။
ရဲထွဋ်နိုင်က ကားရှိရာသို့ဦးအောင်သွားနှင့်ပြီး သိင်္ဂီမော်လမ်းကြုံလိုက်မည့်အကြောင်း အသိပေးလိုက်သည်။
နောက်ခန်းထဲမှရန်ပိုင် ခေါင်းထောင်ထလာကာ..
]ဟာ- ‘ဒါဆိုအပီပဲ}
ရန်ပိုင်က သူ့အကြံကို တီးတိုးပြောလိုက်သည်။
]ဖြစ်ပါ့မလားကွ}
]ဒီကောင်မတွေ ဘာမဖြစ်စရာရှိလဲ၊ မင်းတောင် ဟန်နီ့ကိုရပြီးပြီဟာကို၊ လုပ်မှာလုပ်စမ်းပါ}
သူတို့တိုင်ပင်နေကြသည်ကို သိင်္ဂီမော်မသိလိုက်၊မရိပ်မိလိုက်။
သိင်္ဂီမော်အနားရောက်လာသည်နှင့် နှုတ်ဆိတ်နေလိုက်ကြသည်။
သိင်္ဂီမော့်ကို နောက်ခန်းတွင် ရန်ပိုင်နှင့်အတူထိုင်စေကာ ကားကိုစက်နှိုးလိုက်သည်။
ကားကို ဂငယ်ကွေ့ကွေ့၍ လမ်းအရှေ့ဖက်ကို ဦးလှည့်လိုက်၏။
]ဟင်- ‘ဒါဘယ်သွားမလို့လဲ၊ မမော်တို့အဆောင်က ဟိုဖက်လေ}
]ရန်ပိုင့်ကို အရင်ပို့လိုက်မလို့မမော်၊ ‘ဒီကောင်သိပ်မူးနေတယ်}
ရဲထွဋ်နိုင်အကြောင်းပြစကားကို သိင်္ဂီမော်သံသယမဝင်ခဲ့ပေ။
ကားကိုသိပ္ပံလမ်းမှတစ်ဆင့် ပြင်ဦးလွင်-ပုသိမ်ကြီးလမ်းထဲသို့ချိုးခဲ့သည်။ ၃၅လမ်းအကျော်တွင် ရန်ပိုင်က]ဒီနေရာမဆိုးဘူး၊ ‘ဒီနေရာမိုက်တယ်} ဟုပြောသည်။
ရဲထွဋ်နိုင်က ကားကို လမ်းဘယ်ဖက်သို့ ချိုးကွေ့ဝင်လိုက်လေ၏။ ထိုနေရာက မြေကွက်များကို ခြံခတ်ရုံခတ်ထားသည့်နေရာ၊ လူသူမနေသေး။ သူတို့ချိုးကွေ့သည့်ခပ်လှမ်းလှမ်းတွင် မီးတစ်ပွင့်ထွန်းထားသော တဲတစ်တဲသာတွေ့ရ၏။
]ဒါဘာလုပ်တာလဲကိုရဲထွဋ်}
]အချစ်လေးကလဲကွာ၊ အချစ်လေးနဲ့ကိုကိုတို့ ‘ဒီနေရာမှာ ချစ်စခန်းဖွင့်ကြမယ်လေ}
ရန်ပိုင်က အရက်မူးသံ ဗလုံးဗထွေးဖြင့်ပြောလိုက်သည်။ တဆက်တည်း သိင်္ဂီမော်၏ပခုံးကိုလှမ်းဖက်လိုက်လေသည်။
]အို- လွှတ်၊ ကိုရဲထွဋ် ကားကိုလမ်းပေါ်ပြန်မောင်းပါ၊ ကျွန်မအော်လိုက်မယ်နော်}
ရဲထွဋ်နိုင်က ကားကိုလမ်းဘေးသစ်ပင်တစ်ပင်အောက်တွင်ရပ်လိုက်၏။ လမ်းမကြီးနှင့်ကွယ်သည့်ဖက်မှ၇ပ်လိုက်ရာ လမ်းမပေါ်မှ ရုတ်တရက်မ မြင်နိုင်ချေ။ လမ်းပေါ်၌ ယာဉ်အသွားအလာ၊ လူအသွားအလာလည်း ရှင်းနေ၏။
ကားရပ်သည်နှင့် ရှေ့ခန်းမှသီဟက အောက်ဆင်းကာ သိင်္ဂီမော့် ကိုခပ်ကြမ်းကြမ်းဆွဲချလိုက်သည်။
]အို-လွှတ်နော်၊ နင်တို့မယုတ်မာနဲ့}
]ငြိမ်ငြိမ်နေစမ်းပါ နင်ဘာကောင်မဆိုတာ ငါတို့သိပြီးသား၊ နင့်ကို တန်ရာတန်ဖိုးပေးမှာပါ}
]ခွေးစကားမပြောနဲ့၊ ငါ မိန်းမပျက် မဟုတ်ဖူး၊ ဖယ်စမ်း}
]ကောင်မ၊ မူလှချည်လား}
သီဟက သိင်္ဂီမော့်နောက်သို့ဝင်ကပ်လိုက်ကာ နောက်မှသိုင်းဖက်၍ချုပ်ထားသည်။
ရန်ပိုင်က ရှေ့မှဖက်၍ နမ်းဖို့ကြိုးစားနေသည်။
အကြမ်းမဖက်ပဲ ရပ်ကြည့်နေသူမှာ ရဲထွဋ်နိုင်တစ်ယောက်သာဖြစ်သည်။ သို့သော် ရဲထွဋ်နိုင်နှုတ်မှ သိင်္ဂီမော့်သိက္ခာကိုထိပါးသောစကားတစ် ခွန်းထွက်လာ၏။
]မမော် မထူးတော့ပါဘူးဗျာ၊ ကျွန်တော်တို့ ဒီအကြောင်းကို ဘယ်သူ့မှပြန်မပြောပါဘူး၊ ငြိမ်ငြိမ်ဆိမ်ဆိမ်လက်ခံလိုက်ပါ၊ ဒီကောင်တွေက မူးရင် ထိန်းမရဘူး}
]ကိုရဲထွဋ် ရှင်ခွေးစကားမပြောနဲ့၊ အို .. . .}
ရန်ပိုင်က သီဟချုပ်ပေးထား၍ မလှုပ်ရှားသာဖြစ်နေသောသိင်္ဂီမော်၏ အင်္ကျီကြယ်သီးများကိုဖြုတ်ရန်ကြိုးစားသည်။ သိင်္ဂီမော့်ပုဝါလေး လည်မှ ပြည်ကာ မြေပေါ်ကျသွားသည်။
သိင်္ဂီမော်က ရန်ပိုင့်ပေါင်ခွကြားကို ခြေဖြင့်ဆောင့်ကန်လိုက်သည်။
]ကောင်မ၊ နင်က ဒီလိုလား}
ရန်ပိုင်ဒေါသထွက်သွားသည်။ သိင်္ဂီမော့်နှုတ်ခမ်းကိုသူ့နှုတ်ခမ်းနှင့် ဖိကပ်ရန်ကြိုးစားပြန်၏။
သိင်္ဂီမော်က တံထွေးဖြင့် ရန်ပိုင့်မျက်နှာကိုထွေးလိုက်သည်။
ရန်ပိုင့်မျက်နှာတစ်ခုလုံး တံထွေးများဖြင့်ပေကျံသွားသည်။
၇န်ပိုင့်a’gသ အထွဋ်အထိပ်သို့ရောက်သွားလေသည်။
]ကောင်မ သေပေတော့}
ခါးပတ်ကြားတွင် ထိုးဝှက်ထားသော”ဓားa«မှာင်က ရန်ပိုင့်လက်ထဲ ပါလာသည်။
ဒေါသဖြင့်တုံ့ပြန်မှုက မြန်ဆန်လှလေ၏။
ရန်ပိုင် သိင်္ဂီမော့်ရင်ဝသို့ “ဓားa«မှာင်ဖြင့် ထိုးစိုက်ချလိုက်သည်။
]ဟာ.. ရန်ပိုင် မင်းဘယ်လိုလုပ်လိုက်တာလဲ}
သိင်္ဂီမော့်ဦးခေါင်းက သီဟရင်ပတ်ဆီ လန်ကျသွားသည်။
သီဟကြောက်လန့်တကြားဖြင့် သိင်္ဂီမော့်ကိုယ်ကိုလွှတ်ချလိုက်၏။
သိင်္ဂီမော် ပက်လက်လန်ရက် မြေကြီးပေါ်လဲကျသွားသည်။
ရဲထွဋ်နိုင်က ငုံ့၍ကြည့်လိုက်သည်။
]သေပြီ}
]တို့သွားကြစို့}
သိင်္ဂီမော့်အလောင်းကိုထားခဲ့ကာ သူတို့သုံးယောက်ကားပေါ်အပြေးအလွှားတက်သည်။
]ဟာ-ရန်ပိုင်၊ မင်း “ဓား-”ဓား၊ ထားခဲ့လို့မဖြစ်ဖူး၊ မင်းလက်ဗွေရာတွေရှိနေတယ်၊ သွား ပြန်ယူ}
သီဟက သတိပေးလိုက်သည်။
ရန်ပိုင်အလောင်းဆီအပြေးပြန်သွားကာ “ဓားa«မှာင်ကိုဆွဲနှုတ်လိုက်၏။
ကားကိုအမြန်မောင်း၍ ထိုနေရာမှထွက်ခဲ့ကြလေသည်။
+ + + + + + + + +
ယနေ့ည.. ပတ္တမြားနတ်မယ်ကိုသွားဖို့ ရဲထွဋ်နိုင်က သူတို့နှစ်ယောက်ကိုခေါ်လာခြင်းဖြစ် သည်။
သီဟနှင့်ရန်ပိုင်က မလိုက်ရဲ။
ရဲထွဋ်နိုင်က ရှင်းပြသည်။
ပတ္တမြားနတ်မယ်ကို နေ့တိုင်းသွားနေရာမှ မသွားပဲနေလိုက်ပါက စိတ်မလုံရာကျမည်။ မိုးအိ«န္ဒာမော်အလောင်းကိုတွေ့လို့ လူသတ်မှုပေါ်ပေါက် ခဲ့ပါက သံသယဖြစ်စရာလူစာရင်းထဲတွင် သူတို့ပါမလာဖို့လိုသည်။ ဆိုင်ကို မသွားပဲနေလိုက်ပါက စိတ်မလုံလို့ မလာပဲဟု ရဲကသံသယဝင် သွားမည်၊ သူတို့နောက်သို့လိုက်လာမည်။
ပတ္တမြားနတ်မယ်ကို ဝင်ထွက်နေကျအတိုင်း သွားထားပါမှ သူတို့အပေါ်သံသယကင်းမည်။ မိုးအိ«န္ဒာမော် မနေ့ညက သူတို့ကားနှင့်ပါသွား သည်ကိုဘယ်သူမှမမြင်လိုက်၊ မိမိတို့ဖက်မှ ဣa«န္ဒမပျက်နေတတ်ဖို့လိုသည်၊
ရဲထွဋ်နိုင်က ထိုသို့ရှင်းပြကာ သီဟနှင့်ရန်ပိုင်ကို ပတ္တမြားနတ်မယ်သို့အပါခေါ်လာခြင်းဖြစ် သည်။
ဟိုရောက်တော့ ... သူတို့သေပြီဟုထင်ထားသောမိုးအိ«န္ဒာမော်က သူဆိုနေကျသီချင်းဖြင့် ဖျော်ဖြေနေတာတွေ့၇သည်။ မိုးအိ«န္ဒာမော်မသေဘူးလား၊ သူတို့ဇဝေဇဝါဖြစ်သွားသည်။ မသေရင်ကောင်းတာပေါ့၊ လူသတ်မှုနှင့်သူတို့ကင်းပြီ။
သို့သော် မိုးအိ«န္ဒာမော်က သူတို့လုပ်ရပ်ကို ဖော်ထုတ်တိုင်ကြားလျှင်မခက်ပါလား။
သည်ကြားထဲ သီချင်းဆိုရင်းဖြင့် သူတို့သုံးယောက်ဆီ တစ်လှည့်စီ”ဓာတ်မီးဖြင့်ထိုးကြည့်နေလေရာ ပို၍စိတ်မလုံမလဲဖြစ်လာသည်။ သူတို့ တင်းမခံနိုင်တော့၊ ဣa«န္ဒလည်းမဆည်နိုင်တော့။ ရန်ပိုင်ကစ၍ဆိုင်ထဲမှထွက်သွားရာ သီဟနှင့်ရဲထွဋ်နိုင်ပါ လိုက်ထွက်ခဲ့ကြသည်။
ဆိုင်အပြင်ရောက်သည်နှင့် သူတို့အဖမ်းခံလိုက်ရခြင်းဖြစ်လေ၏။
+ + + + + + + + +

ဦးမိုးလွင်၏တွက်ကိန်းများမှန်ပါသည်။
ဦးမိုးလွင်က လူသတ်သမားကို စားသောက်ဆိုင်သို့ လာနေကျဖောက်သည်ထဲကဟုတွက်ခဲ့သည်။ လူသတ်သမားသည် ဆိုင်သို့လာနေကျ အတိုင်း ယနေ့လည်းရောက်လာမည်ဟုတွက်သည်။
လူသတ်သမားဖက်မှအတွေးကို ဝင်ခံစား၍ တွက်ခဲ့ခြင်းဖြစ်သည်။
လူသတ်သမားသည် လာနေကျအတိုင်းဆိုင်ကိုမလာပဲနေပါက လူသတ်မှုအတွက် သူ့အပေါ်သံသယဝင်မည်ဆိုတာ သူသိမည်။ စားသောက် ဆိုင်ကိုရှောင်လိုက်လျှင် လူသတ်မှုအတွက် သံသယဝင်ကာ သူ့နောက်ကို လိုက်လာမည်ဟုတွက်သည်။ ဆိုင်ကိုလာနေကျအတိုင်း ဝင်ထွက်နေပါက လူသတ်မှုနဲ့မပတ်သက်လို့ပဲဟု ထင်ကြလိမ့်မည်။ သူ့အပေါ်သံသယဝင်မှာ မဟုတ်တော့။ ထိုကိစ္စနှင့်မပတ်သက်၍သာ လိပ်ပြာလုံလုံဖြင့် ဝင်ထွက်သွား လာနေခြင်းဖြစ်သည်ဟု ရဲများကယူဆမည်။ ထိုအတွေးဖြင့် လူသတ်သမားသည် စားသောက်ဆိုင်သို့ ဟန်မပျက် ယနေ့ရောက်လာမည်ဟု ဦးမိုးလွင်က ကြိုတွက်ခဲ့လေသည်။ စစ်တုရင်ကစားသကဲ့သို့ ပြိုင်ဖက်၏ ဦးနှောက်ထဲသို့ဝင်ကာ မိမိပြိုင်ဖက်ဘယ်လိုစဉ်းစားမယ်ဆိုတာကို သူ့ကိုယ်စားဝင်၍ ခံစား ကြည့်ခြင်းဖြစ်ပါသည်။ စခန်းမှူးဦးမိုးလွင်၏တွက်ကိန်းများ အားလုံးမှန်ခဲ့လေ၏။
လူငယ်သုံးဦးလုံး ဖြစ်ကြောင်းကုန်စင်ကို ဖွင့်ဟဝန်ခံလိုက်လေပြီတည်း။
+ + + + + + + + +
စခန်းထဲသို့ မိန်းကလေးတစ်ယောက်ဝင်လာသည်။ ထိုမိန်းကလေး ကိုမြင်လိုက်သည်နှင့် ကျွန်တော်ကြက်သီးထသွားလေသည်။ မိုးအိ«န္ဒာမော်ပါ လား။ သူမက မနေ့ကတွေ့ခဲ့သော အဝါရောင်ဝတ်စုံကိုပင်ဝတ်ထားသည်။
အနီးသို့ရောက်လာမှ သူမသည် မိုးအိ«န္ဒာမော်မဟုတ်မှန်းသိလိုက်ရသည်။ အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ထည်၊ ဟန်ပန်တူသော်လည်း ရုပ် ရည်ချင်းမတူ။
အမျိုးသမီးက စခန်းမှူးစားပွဲရှေ့တွင်ရပ်လိုက်သည်။
]အံ့ဩနေသလားဒေါက်တာ၊ သူက ဟန်နီ-ခေါ်-မြသက်မူပါ}
ဦးမိုးလွင်က ကျွန်တော်နှင့်ဟန်နီ့ကိုမိတ်ဆက်ပေးလိုက်သည်။
]အဖြစ်အပျက်အားလုံးကို ဟန်နီ့ကိုပြောပြပြီး အကူအညီတောင်းရတယ်ဒေါက်တာ၊ ဟန်နီအစွမ်းကုန်ကူညီခဲ့တာaဒေါက်တာအမြင်ပဲလေ၊ မိုးအိ «န္ဒာမော်အဖြစ် သရုပ်ဆောင်ပြီး စင်မြင့်ပေါ်တက်ခဲ့တယ်လေ၊ ဟန်နီကအသံ မရတော့ မိုးအိ«န္ဒာမော်ကိုယ်တိုင်ဆိုပြီး အသံသွင်းထားတဲ့ တိတ်ခွေကိုဖွင့်ပြီး ဟန်ဆောင်ရတာပေါ့ဒေါ်က်တာ}
]ဪ-}
]မိုးအိ«န္ဒာမော်ကိုသတ်တာ ဘယ်သူဖြစ်နိုင်မလဲဆိုတာလဲ ဟန်နီ့ကိုပဲစဉ်းစားခိုင်းရတယ်၊ ကံကောင်းချင်တော့ မိုးအိ«န္ဒာမော်ဖျော်ဖြေနေကျသီချင်း က လူလုံးသဲသဲကွဲကွဲမပြပဲ အလင်းရောင်မှိန်မှိန်အောက်မှာ သရုပ်ဖော်တဲ့ သီချင်းဖြစ်နေတယ်၊ ဟန်နီကလည်း သူငယ်ချင်းရဲ့အမူအရာအတိုင်း ထပ်တူ လုပ်ပြနိုင်ခဲ့ပါတယ်၊ သူတို့နှစ်ယောက်ဆင်တူချုပ်ထားတဲ့ အဝတ်အစားကလဲ အဆင်သင့်ရှိနေတော့ အဆင်ပြေသွားတာပေါ့}
]ဟုတ်ကဲ့၊ ကျွန်တော်တောင် ရုတ်တရက်မြင်လိုက်တော့ သိင်္ဂီမော်ကိုယ်တိုင်ဝင်လာတယ်မှတ်လို့ လန့်သွားမိသေးတယ်}
]အပြစ်ရှိတဲ့လူတွေက ပိုလန့်တာပေါ့ဗျာ၊ လာတဲ့ဧည့်သည်တွေကို စင်နောက်ကနေအကဲခတ်ပြီး ကျွန်တော်နဲ့ဟန်နီ လူသတ်သမားဘယ်သူဖြစ် နိုင်မလဲဆိုတာစဉ်းစားခဲ့ကြတယ်၊ အဲဒီကတည်းက ဟန်နီက ဟိုသုံးယောက်ကိုပဲဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့တယ်လေ၊ စင်ပေါ်ကနေ “ဓာတ်မီးနဲ့ထိုး တော့လည်း သူတို့သုံးယောက်ကိုပဲကွက်ပြီးထိုးနေတော့ ဟိုကောင်တွေ မနေနိုင်တော့ဘူး၊ စိတ်မလုံမလဲဖြစ်ပြီး ထွက်ပြေးကြတော့တာပဲ}
]ဒါဖြင့် သမီးတွက်ကိန်းမှန်တယ်ပေါ့ဆရာ၊ ဟုတ်လား၊ သူတို့က ဝန်ခံလိုက်ပြီလားဆရာ}
]ဝန်ခံပါတယ်ဟန်နီ၊ လက်တွေ့သတ်တာကတော့ ရန်ပိုင်ပါ၊ သီဟနဲ့ရဲထွဋ်နိုင်ကတော့ ကြံရာပါတွေပေါ့}
]အို-}
ဟန်နီမျက်နှာကိုလက်ဝါးနဲ့အုပ်ပြီး ငိုချလိုက်သည်။
]မော် ဒီလိုဖြစ်ရတာ သမီးပယောဂလည်း မကင်းပါဘူးဆရာရယ်၊ သမီးအလုပ်မဆင်းမိလို့ ဒီလိုဖြစ်ရတာ၊ ပြီးတော့ မော့်ကို ဒီဆိုင်မှာအလုပ် လုပ်ဖြစ်အောင် တိုက်တွန်းခဲ့တာလဲသမီးပဲ}
]ကံတရားပါဟန်နီရယ်၊ ‘ဒီလိုမတွေးပါနဲ့၊ မိုးအိ«န္ဒာမော်ကို ပတ္တမြားနတ်မယ်မှာ အလုပ်လုပ်ဖို့တိုက်တွန်းတာက စေတနာနဲ့ပဲ၊ သူဝင်ငွေကောင်း စေချင်လို့မဟုတ်လား၊ မင်းစေတနာမှန်ပါတယ်ကွယ်}
]ဟုတ်ကဲ့၊ ‘ဒါပေမယ့် ရဲထွဋ်နိုင်တို့အုပ်စုက မော့်ကိုအထင်အမြင်သေးသေးနဲ့ ခေါ်ထုတ်သွားတာကတော့ ဟန်နီကြောင့်ပါရှင်၊ ဟန်နီမရှက် တမ်းပြောပါ့မယ်၊ ဟန်နီ ရဲထွဋ်နိုင်နဲ့ငြိခဲ့ဖူးတယ်လေ၊ မော့်ကို ဟန်နီ့လိုပဲ သူတို့ထင်ခဲ့တာ ဟန်နီအနေအထိုင်မတတ်လို့ပါ၊ ဟန်နီ့ကြောင့် မော်အထင် သေးခံခဲ့ရတာပါရှင်}
]ဒါတွေမတွေးပါနဲ့တော့ဟန်နီ၊ ဘာပဲဖြစ်ဖြစ် သမီးသူငယ်ချင်းကို သတ်တဲ့လူသတ်သမားပေါ်အောင် သမီးကိုယ်တိုင် အစွမ်းကုန်ကြိုးစားပေးခဲ့ ပြီလေ၊ ‘ဒီလုပ်ရပ်နဲ့ပဲ သမီးသူငယ်ချင်းကို ကူညီခဲ့ပြီးပါပြီ၊ မိုးအိ«န္ဒာမော်တစ်ယောက် ကောင်းရာမွန်ရာရောက်ဖို့ ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတန်း ဝေပါတော့သမီးရယ်}
+ + + + + + + + +
လူသတ်မှုကိစ္စကား အားလုံးရှင်းလင်းပြီးစီးခဲ့လေပြီ။
ကျွန်တော့်ရင်ထဲမှာမူ ပဟေဠိများကျန်ရစ်နေဆဲ-
ပြင်ဦးလွင်မှအပြန်တွင် လမ်းမပေါ်၌ ကျွန်တော့်ကားကိုတားခဲ့သည့် မိန်းကလေး၊ ထိုမိန်းကလေးသည် သေပြီးသည့်လူတစ်ယောက်ဖြစ်နေသည်။
ကျွန်တော်သည် ဝိညာဉ်၊ နာနာဘာဝ၊ ပရလောကကို ယုံကြည်သူ မဟုတ်ပါ။ ယခုတော့ ကျွန်တော်ယုံကြည်ရပေတော့မည်။ သေပြီးသူသိင်္ဂီမော် အဖြစ် ဘယ်သူကမှအရူးထပြီး ကားကိုတားမည်မဟုတ်။ သေပြီးသားလူတစ်ယောက်သည် ထိုသို့စွမ်းဆောင်နိုင်မှုရှိပါကလား။
သိင်္ဂီမော်သည် သူ့အလောင်းကိုတွေ့ရှိရန် ကျွန်တော်တစ်ယောက်တည်းအား အသိပေးခြင်းမဟုတ်။ သူမသေဆုံးသည့်နေရာနှင့်အနီးဆုံးရှိ လူ သားတစ်ယောက်ကိုလည်း အသိပေးခဲ့သေးသည်။ သူမ၏ဝိညာဉ်သည် ခင်မောင်ကြည်စောင့်နေသည့် ခြံရှေ့အထိသွားကာ ခင်မောင်ကြည်ကို အသိပေး ခဲ့သည်။
‘ဒါတွင်မဟုတ်သေး ... . . .
သူမ၏ချစ်သူသော်ဇင်ထွေးကိုလည်း သူမဖြစ်အင်ကို စိတ်မနောဖြင့်ဆက်သွယ်ပြောကြားခဲ့ပေသည်။ သူမ၏သတင်းပေးပို့မှုကို သော်ဇင်ထွေး က အိပ်မက်အဖြစ်မြင်မက်ခဲ့ပေ၏။
သီင်္ဂီမော်ခေါ်မိုးအိ«န္ဒာမော်ဆိုသည့်မိန်းကလေးသည် အသက်ရှင်စဉ်က စိတ်ဓာတ်အင်အားထက်မြက်သည့် မိန်းကလေးတစ်ယောက် ဖြစ်ပေလိမ့် မည်။
မိဘကိုလုပ်ကျွေးပြီး ချစ်သူ၏ပညာရေးအတွက်ထောက်ပံ့နေသည့် မိန်းမကောင်း မိန်းမမြတ်လေးတစ်ယောက် အရွယ်ငယ်ငယ်ဖြင့် ကြွေလွင့်ရ သည်မှာ နှမျောဖွယ်ကောင်းပေစွ။
သိင်္ဂီမော် ခေါ် မိုးအိ«န္ဒာမော်ဆိုသည့် မိန်းမမြတ်လေးတစ်ယောက် ကောင်းရာဘုံဘ၀ ကိုရောက်ပါစေလို့သာ ကျွန်တော်ဆုတောင်းမိပါတော့သည်၊
+ + + + + + + + +
                                                                                                                        ဆောင်းလုလင်



သည်းထိတ်ရင်ဖိုမဂ္ဂဇင်း- ၀တ္ထုရှည်စဆုံး

No comments: