ဆောင်းလုလင်
လူဝင်စားလား တစ္ဆေလား
အညာရွာတို့၏ထုံးစံအတိုင်း
ရွာအပြင်တွင်ကွယ်လွန်သည့် အလောင်းကို ရွာထဲသို့သွင်းခွင့်မရှိပါ။
ထို့ကြောင့်..
မောင်သန်းကြီး၏အလောင်းကို ရွာအပြင်မှာပဲထားရသည်။ ရွာအပြင်မှာ လေးတိုင်စင်လေးထိုး၍
အလောင်းကိုတင်ထားသည်။
သာမန်အချိန်မျိုးဆိုလျှင်
နာရေးအတွက် ပူပင်စရာ မလိုပါ။ ဂုံညှင်းတန်း တစ်ရွာလုံးက လူမှုရေးနားလည်ပြီးသား၊
တစ်ဦးနှင့်တစ်ဦးကူညီရကောင်းမှန်းလည်းသိ၊ ရွာဦးဘုန်းတော်ကြီးရဲ့
ဆိုဆုံးမမှုများကလည်း တစ်ရွာလုံးအပေါ်ပေါက်ရောက်သောကြောင့် သာရေးနာရေးမှန်သမျှ
တစ်အိမ် တစ်ယောက် ကူညီသူတွေထွက်ပေါ်လာတတ်မြဲပင်။ ရွာထဲမှာဖြစ်တဲ့ နာရေးဖြစ်ဖြစ်၊
ရွာပြင်မှာဖြစ်တဲ့ နာရေးဖြစ်ဖြစ်.. သေသူချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ
စည်စည်ကားကား သိုက်သိုက် မြိုက်မြိုက်နှင့် အလောင်းမြေကျသွားစမြဲဖြစ်သည်။
မောင်သန်းကြီးနာရေးကိစ္စကျမှ
ခုလိုကြုံရတော့ မောင်သန်းကြီး ကံဆိုးရှာသည်ဟု ပြောကြ သည်။
မောင်သန်းကြီးကံဆိုးပုံကလည်း
စာဖွဲ့လောက်ပေသည်။
မောင်သန်းကြီးအသုဘ
မစည်ကားရခြင်းအကြောင်းမှာ သူကြီး၏မြေးများရှင်ပြုအလှူပွဲ
နှင့် တိုက်ဆိုင်နေသောကြောင့်ပင်။ လူတို့ထုံးစံအတိုင်း မျက်နှာကြီးရာ
ဟင်းဖတ်ပါကြသည်။ ဟင်းဖတ် ကလည်း သူကြီးလို မျက်နှာကြီး ကျေးရွာခေါင်းဆောင်ဖက်ကပါနေတာ
မဆန်းရုံမကသေး၊ သူကြီး နှင့်ယှဉ်လျှင် မောင်သန်းကြီးသည် ဘာမှမဟုတ်။
မောင်သန်းကြီးကား သူကြီးအိမ်က သူရင်းငှားတစ် ယောက်သာဖြစ်သည်လေ။
အဲဒီလို
ဂုဏ်ဒြပ်ခြင်း ကွာခြားရုံသာမက မောင်သန်းကြီးမှာ ဆွေမျိုးသားချင်းရယ်လို့ ထောက်
ထားစရာ တစ်ယောက်မှမရှိလေရာ မောင်သန်းကြီးရဲ့ လေးတိုင်စင် အသုဘမဏ္ဍပ်မှာ လူမရှိတာ
မဆန်းပြန်ပေ။
မောင်သန်းကြီးကား
ငယ်စဉ်ကပင် မိဘမဲ့အဖြစ်ဖြင့် ရွာဦးဘုန်းကြီးနှင့်အတူပါလာပြီး ဘုန်းကြီးက
သူကြီးအိမ်မှာ အပ်နှံပေးထားခြင်းဖြစ်သည်။ ယခုတော့ မောင်သန်းကြီးကိုခေါ်လာခဲ့သော
ဘုန်းကြီးသည် လည်းပျံလွန်တော်မူပြီ။ မောင်သန်းကြီးနှင့်ပတ်သက်ပြီး ငဲ့ညှာစရာ၊
ထောက်ထားစရာ၊ မျက်နှာပူစရာ ဘယ်သူမှမရှိပါပေ။
ဒါ့ထက်ပိုပြီး
တွေးကြည့်လျှင်.. မောင်သန်းကြီးအဖြစ်က ‘ဒါ့ထက်ပိုပြီး ရင်နာစရာကောင်းသေးသည်။
မောင်သန်းကြီးသေရပုံမှာ
သူကြီးမြေးများရှင်ပြုပွဲအတွက် ပရိက္ခရာရှစ်ပါးနှင့် အလှူ အတွက်လိုအပ်သောပစ္စည်းများကို
မြို့သို့သွားဝယ်ပြီး အပြန်လမ်းမှာ ပိုးထိ၍ ကွယ်လွန်ရခြင်း ဖြစ်သည်။
ထိုနေ့က
မိုးတွေက အခါမဟုတ်ရွာနေသည်။ မိုးဦးစောသည်ဟုပြောရပေမည်။
မြို့ကိုပစ္စည်းအဝယ်ထွက်မည့်အဖွဲ့ထဲမှာ
မောင်သန်းကြီးကို သူကြီးက ထည့်လွှတ်လိုက်သည်။
တကယ်တော့ မောင်သန်းကြီးကို သူကြီးက
အားကိုးလို့၊ စိတ်ချလို့ လူကြီးများနှင့်အတူ ထည့်လိုက်ခြင်းဖြစ်ပါသည်။ သူကြီးရော
သူကြီးကတော်ရော အသောက်အစားမရှိ၊ လောင်းကစား မရှိ၊ အလုပ်ကြိုးစား၍ လူကြီးကို
လူကြီးမှန်းသိသော မောင်သန်းကြီးကိုချစ်ခင်ကြသည်။ နောင်နှစ်ဆိုလျှင်
သင့်တော်ရာမိန်းကလေးတစ်ယောက်နှင့်ပေးစားပြီး လယ်တစ်ကွက်၊ နွားတစ်ရှဉ်း လက်ဖွဲ့ကာ
စီးပွားခွဲပေးဖို့ပင်စီစဉ်ထားပြီးသား။ မိဘမဲ့တစ်ကောင်ကြွက်ဖြစ်သော်ငြား မောင်
သန်းကြီးသည် သူကြီးအိမ်တွင် ကံကောင်းနေခဲ့ပါသည်။
ကံမကောင်းတာက
မြို့ကအလှူပစ္စည်းတွေဝယ်ပြီး ပြန်အလာလမ်းမှာ ဖြစ်သည်။
အချိန်အခါမဟုတ်
မိုးကရွာလာတော့ မြေထဲအောင်းနေတဲ့ အကောင်ဗလောင်တွေက ထွက်လာသည်။ ရွာအဝင်နားမှာ
သဲချောင်းကြီးရှိပြီး မိုးရွာလျှင် တောင်ကျရေဒလဟောစီးကျ တတ်သည်။
မြို့မှပြန်လာတဲ့အဖွဲ့ ချောင်းစပ်အရောက်မှာ တောင်ကျရေက စီးကျစပြုနေပြီ
ဒီမှာ
မောင်သန်းကြီးက အရဲစွန့်ပြီး ဟိုဖက်ကမ်းကိုကူးသည်။ လူချည်းကူးတာမဟုတ်။
အလှူမှာကျွေးမယ့် ငါးခြောက်တွေထဲ့ထားသည့် ပုတ်ကြီးကို ထမ်းပြီးကူးခြင်းဖြစ်သည်။
လူရော
ပုတ်ပါ တစ်ဖက်ကမ်းကို ရောက်သွားပါ၏။
နောက်တစ်ခေါက်
ပစ္စည်းထပ်သယ်ဖို့ဆိုပြီး မောင်သန်းကြီး ‘ဒီဖက်ကမ်း ပြန်ကူးလာ၏။
သဲချောင်းထဲကိုစီးကျလာသည့်
တောင်ကျရေက ကူးမရလောက်အောင် မဆိုးဝါးသေး။ ချောင်းရေထဲမှာ အမှိုက်တိုအမှိုက်စ၊
သစ်ပင်ခြုံပုတ်အသေးလေးများ၊ ထင်းချောင်းသစ်ကိုင်းများ မြောပါလာသည်။
ထိုသို့မြောပါလာသော သစ်ကိုင်း သစ်ခက်များတွင် မြွေများကင်းများ အဆိပ်ရှိ သတ္တဝါများ
ပါလာတတ်တာ မဆန်းပါပေ။
ဖြစ်ချင်တော့
မောင်သန်းကြီးက အထက်ကမျောလာသော သစ်ကိုင်းခြောက်ကြီးတစ်ခုကို
ထင်းအဖြစ်အသုံးပြုရန်ရည်ရွယ်ချက်ဖြင့် ထင်ပါသည်။ သစ်ကိုင်းကြီးကို လှမ်းဆယ်လိုက်တာ
လူကြီးတွေ မြင်လိုက်သည်။ သစ်ကိုင်းသူ့လက်ထဲရောက်သည်နှင့်
မောင်သန်းကြီးအော်လိုက်တာ၊ သစ်ကိုင်းကြားထဲက လူးလူးလွန့်လွန့်အရာတစ်ခုက
သူ့ကိုတွယ်ထားတာတွေကို မိုးရွာနေတဲ့ကြား ထဲက မြင်နေရသည်။
မြွေကိုက်ခံရပြီဆိုတာ
ချက်ချင်းသဘောပေါက်သည့်လူကြီးများက မောင်သန်းကြီးရှိရာ ချက်ချင်းပြေးသွားကြပါသည်။
သို့သော်
ကယ်တင်ချိန်မရလိုက်တော့။
သူ့အနားရောက်သည်နှင့်
-
]ကျုပ်ကိုပိုးထိပြီဗျ၊
မြွေပွေးကြီး}
-လို့ပဲ
ပြောနိုင်တော့သည်။ လူက ချောင်းရေထဲမှာ လူးလွန့်နေ၏။
လူကြီးတွေဝိုင်းသယ်ပြီး
ကုန်းမြေပေါ်တင်လိုက်တော့ မောင်သန်းကြီး အသက် ပျောက်နေပြီ။
သူကြီးကိုပြေးအကြောင်းကြားတော့
သူကြီးလည်း ဘာမှမတတ်နိုင်။ သူကြီးရော၊ သူကြီးကတော်ပါ
မိုးရေထဲပြေးလွှားလိုက်လာရှာပါသည်။ သူကြီးကတော်ကြီးမှာ မွေးစားသား
သဖွယ်သဘောထားသောမောင်သန်းကြီးအဖြစ်ကိုကြည့်၍ ဟစ်ငိုရှာသည်။
သို့သော်-
အလှူအတန်းကိစ္စက ရှိသေးသည်။ မောင်သန်းကြီးအတွက်ချည်း တွေးပူ မနေအား။ သေတဲ့သူက
သေသွားပြီ။
သည်တော့
ထုံးစံအတိုင်း ရွာပြင်သေတဲ့လူ ရွာထဲမသွင်းရ ကန့်သတ်ချက်ဖြင့် မောင်
သန်းကြီးအလောင်းကို ရွာပြင်မှာလေးတိုင်စင်လေးထိုး၍ ထားရလေတော့သည်။
+ + + +
+ + + + +
မောင်သန်းကြီးအဖြစ်အတွက်
သူကြီးတစ်မိသားစုလုံး စိတ်မကောင်းကြ။ အားကိုးရ သောအလုပ်သမားတစ်ယောက်ဖြစ်သည့်အပြင်
ငယ်ကတည်းကသားသမီးသဖွယ်နေလာသူဖြစ်၍ ယူကြုံးမရဖြစ်ရသည်။
တစ်ဖက်ကလည်း
မြေးတွေရဲ့ရှင်ပြုနားသအလှူကို ရက်ပိုင်းအတွင်းမှာ ခြိမ့်ခြိမ့်သဲသဲကြီး ကျင်းပဖို့
စီစဉ်ထားပြီးသားဆိုတော့ မောင်သန်းကြီးအသုဘကိစ္စကို ပုံကြီးမချဲ့အားတော့ချေ။
သေတာတောင် အလောင်းရွာထဲအသွင်းမခံရတဲ့မောင်သန်းကြီးအဖြစ်ကို စုတ်တသတ်သတ် ဖြင့်သာ
အလှူကိစ္စကိုမလစ်ဟင်းအောင် ကွပ်ကဲနေရ၏။
သူကြီးကတော်ကြီးက-
]ကံဆိုးရှာတဲ့ ငါ့သားလေးနာရေးကိုလည်း ဝိုင်းကြပါဦးဟဲ့.. ကြည့်ကြ ရှုကြပါဦးဟဲ့}..ဟု
ငိုသံပါကြီးနှင့်ပြောသော်လည်း သူကြီးတစ်မိသားစုလုံး အလှူကိစ္စလုံးပန်းနေကြ၍ အသုဘဆီ
တစ်ခဏသာရောက်ဖြစ်ကြသည်။
မောင်သန်းကြီးရဲ့အလောင်းက
ရွာပြင်တောစပ်တွင် လေးတိုင်စင်လေးနှင့် မိုးထဲလေထဲမှာ သည်အတိုင်း။
မောင်သန်းကြီးရဲ့ကံဆိုးလှတဲ့အဖြစ်က
လူတစ်ချို့အတွက်တော့ ရတနာပုံဆိုက်တဲ့ကိန်း ကြုံသွားရသည်။ ဂုံညှင်းတန်းရွာမှာ
ဖဲရိုက်၊ ကြက်တိုက်လုပ်နေတဲ့ လောင်းကစားသမား ပွေးစိန် နှင့်တိုးအောင်တို့ အုပ်စု။
ပွေးစိန်နှင့်တိုးအောင်က မောင်သန်းကြီးအသုဘကိစ္စအဝ၀ကို သူတို့တာဝန်ယူပါမည်၊
သူတို့တာဝန်ထားပါလို့ သူကြီးကို သွားပြောကြသည်။ ပွေးစိန်တို့
ဘယ်လိုအချိုးချိုးမယ်ဆိုတာသိသော်လဲ သူကြီးလည်း မတတ်နိုင်ပဲ ခွင့်ပြုလိုက်ရ၏။ မဏ္ဍပ်
ထိုးဖို့အတွက် ပိုက်ဆံပင်ထုတ်ပေးလိုက်ရသေးသည်။
]ဟေ့ကောင်တွေ-
ရုတ်ရုတ်သဲသဲအသံတော့ ငါမကြားချင်ဘူးနော်}
-ဟု တစ်ခွန်းပဲ
သတိပေးလိုက်နိုင်သည်။
ပွေးစိန်တို့ကလည်း
လူဆိုးလူမိုက်ပေမယ့် သူကြီးကိုယ်တိုင် တာဝန်လွှဲလိုက်တော့လည်း ပိပိပြားပြား
လုပ်ကြရှာပါသည်။ လေးတိုင်စင်နဘေးမှာ မဏ္ဍပ်ကလေးဆောက်သည်။ ဖဲဝိုင်း
သုံးဝိုင်းစာလောက်ဆန့်ပြီး လူတွေလည်း ခြေဆန့်လက်ဆန့်အိပ်နိုင်လောက်သည့်အရွယ်
မဏ္ဍပ်တစ်ခုဖြစ်သည်။
ပွေးစိန်နှင့်တိုးအောင်
ဦးစီးတယ်ဆိုတာနှင့် လိုက်ရှာလူစုစရာပင်မလို။ ညရောက်တော့ ရွာနီးချုပ်စပ်က
ကစားသမားတွေပါ ရောက်ချလာသည်။
ပွေးစိန်နှင့်တိုးအောင်က
ညှိထားပြီးသား၊ ‘ဒီပွဲမှာ သူတို့ဝင်မကစား။ သူတို့က ဝိုင်းတွေကို ထိမ်းမည်။
အကောက်ကောက်မည်။ ခုနစ်ရက်ခုနစ်လီရတဲ့ အကောက်နဲ့ပဲ သူတို့ကြေနပ်လိုက်မည်။
သူကြီးကလည်း သူတို့ကို တာဝန်လွှဲပေးထားတော့ အသုဘ အေးအေးဆေးဆေးနှင့်ပြီးမြောက်
သွားအောင် သူတို့ဦးစီးနိုင်ကြောင်း သူကြီးသိအောင် လုပ်ပြလိုက်မည်။
ဝင်မကစားတော့လည်း
ဘာအရေးလဲ။ ဖဲဝိုင်းလာတဲ့လူတွေကို ဆရာကြီးလုပ်ပြီး ဦးစီး ကွပ်ကဲရမည်။ ပြီး-
အရက်လည်း အဝသောက်ရမည်။ အကောက်ထဲကငွေနဲ့ အရက်သောက်စမ်း။ နိုင်တဲ့လူဆီက ထွက်လာမှာက
ရှိသေးသည်။
သည်လိုနဲ့
အသုဘလေးတိုင်စင်ဘေးက မဏ္ဍပ်ကလေးမှာ ညစဉ်ဖဲဝိုင်းဖြစ်ခဲ့လေ၏။
+ + + +
+ + + + +
ပွေးစိန်တို့စီစဉ်ထားတဲ့အတိုင်း
အစပိုင်းရက်များမှာ ဖဲဝိုင်းသုံးဝိုင်း ကစားနိုင်ခဲ့သည်။ သုံးဝိုင်းဆိုတော့
အကောက်ငွေတွေလည်းလျှံနေအောင်ရသည်။ ပွေးစိန်နှင့်တိုးအောင် အရက် တွေသောက်လိုက်၊
ဟောင်ဖွာဟောင်ဖွာနှင့် ဟိုလူ့ငေါက်လိုက် ဒီလူ့ငေါက်လိုက်ဖြင့် ဆရာကြီး
လုပ်လို့ကောင်းနေသည်။
ဖဲလာကစားသူများထဲတွင်
အခြားရွာမှလူများလည်းပါလာရာ အထူးခြားဆုံးမှာ ပေါက်ဦး တောရွာမှ ကျောက်မလုံးတို့
ဆရာတပည့်နှစ်ယောက်ဖြစ်သည်။ ကျောက်မလုံးတို့က နယ်တကာ လှည့်ပြီး
ဖဲရိုက်နေတဲ့ကျားတွေ။ ကျောက်မလုံးနာမည်ရင်းက ခင်ကြိုင်။ ကျောက်မလုံးခင်ကြိုင်
လို့ခေါ်ကြသည်။ ခင်ကြိုင့်ညာမျက်လုံးက မွေးရာပါမျက်လုံးအစစ်မဟုတ်တော့။ လူပျိုပေါက်က
တည်းက ဖဲဝိုင်းမှာရန်ဖြစ်၊ “ဓားခုတ်ခံရ၍ ထွက်ကျသွားသောမျက်လုံးနေရာမှာ
ကျောက်မျက်လုံး ထည့်ထားရသည်။ ယခုထိ ညာမျက်လုံးအထက်အောက်အစင်းလိုက်”ဓားခုတ်ရာ
အနာရွတ်ကြီး ရှိသေးသည်။ ကင်းခြေများကြီးတစ်ကောင် ကပ်နေသလိုမျိုး။
ကျောက်မျက်လုံးခင်ကြိုင်-
ကျောက်မျက်လုံးခင်ကြိုင်လို့ ခေါ်နေရာကç ကြာတော့.. လျှာလိပ်ပြီး
]ကျောက်မလုံး}ဖြစ်သွားခြင်းဖြစ်သည်။
အခုတော့..
ခင်ကြိုင်ဆိုတဲ့နာမည်ရင်းကို ဘယ်သူကမှထည့်မခေါ်တော့။ ကျောက်မျက်လုံး တပ်ပြီးမှရသည့်
သူ့မိန်းမ]မအုံးချီ}ကိုယ်တိုင်က ]ကိုကျောက်မလုံး}လို့ပဲခေါ်သည်။ ကျောက်မလုံး
ဆိုလျှင် တစ်နယ်လုံးသိသည်။
ကျောက်မလုံးရဲ့တပည့်က
ဖိုးထိန်။ ဖိုးထိန်က ဖဲလိမ်ရိုက်သည့်ပညာကို ကျောက်မလုံးဆီမှာ သင်ရင်းက
ကျောက်မလုံးတပည့်ဖြစ်နေသူ။ ဖိုးထိန်ဖဲရိုက်လျှင် ဘယ်တော့မှမနိုင်။ လောင်းကစား
နှင့် လုံးဝအကျိုးမပေးတဲ့ဖိုးထိန်။ ဖဲမရိုက်ပဲလည်းမနေနိုင်၍ ကျောက်မလုံးတပည့်ခံကာ
ဖဲလိုက်ရိုက် နေသူဖြစ်သည်။ ဖဲရှုံးလျှင် ကျောက်မလုံးက သူ့ကို
ရင်းစားပြန်ပြန်ပေးသည်။ သည်လိုနှင့် ကျောက်မလုံးတပည့်ဖြစ်ကာ ဖဲဝိုင်းတကာလိုက်ရင်းက
ကျောက်မလုံး၏ဝေယျာဝစ္စတွေလိုက်လုပ် ပေးရင်း ဖဲကိုင်ခွင့်ရတာလေးကို
ကြေနပ်နေရသူဖြစ်သည်။
ကျောက်မလုံးကလည်း
ပေးကမ်းရတာနဲ့တန်အောင် ဖိုးထိန်အပေါ်မှာ နိုင်နင်းလှသည်။ လူကြားသူကြားမရှောင်
အော်သည်၊ ငေါက်သည်။ ဖဲရိုက်ရင်း သောက်ဖို့အရက်ကို အချိန်မဆိုင်းပဲ ဝယ်ပေးရသည်။
သူဇက်ကြောတက်လျှင် ဖိုးထိန်က နှိပ်ပေးရသည်။ သူကတော့ ဖဲရိုက်ရင်းက
အနှိပ်ခံခြင်းဖြစ်သည်။
ဘာပဲဖြစ်ဖြစ်-
သူတို့ဆရာတပည့် သူ့ဟာနဲ့သူတော့ ဟုတ်နေကြသည်။
+ + + +
+ + + + +
အစပိုင်း
နှစ်ရက်မှာ ဝိုင်းသုံးဝိုင်းနှင့်စိုပြေနေသော်လည်း ကြာလာတော့ ရှုံးသူတွေ
ထွက်ထွက်သွားသည်နှင့် တစ်ဝိုင်းပြီးတစ်ဝိုင်း လျော့သွားသည်။ တောအရပ်က တောသူတောင်
သား လက်လုပ်လက်စားတွေဆိုတော့လည်း သီးနှံပေါ်ချိန်မဟုတ်လျှင် ငွေပိုကမရှိ။ ထင်တိုင်း
မကြဲနိုင်။ ကိုယ့်ရှိတဲ့ငွေလေး ကုန်သည်နှင့် တောက်ခေါက်ကာ ဝိုင်းထဲက
ထွက်သွားကြရသည်။
တချို့လည်း
အိမ်ပြန်။ တချို့လည်း သူများကစားတာ ထိုင်ကြည့်။
ဖဲဝိုင်းကတော့
မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှသည်။ အလှူမဏ္ဍပ်က တစ်ညလုံးဖွင့်ထားတဲ့ အသံ ချဲ့စက်သံက အသုဘမဏ္ဍပ်အထိ
ကြားနေရသည်။ သူကြီးကိုယ်တိုင် အလှူအတန်းလုပ်နေ တော့လည်း ပွေးစိန်တို့တာဝန်ယူထားသည့်
မသာဖဲဝိုင်းကို လာပြီးမစစ်ဆေးအား။ ဖဲဝိုင်းရှင်လို ဖြစ်နေတဲ့ ပွေးစိန်ရော-
ဖဲနိုင်နေတဲ့ ဖဲဝိဇ္ဇာ ကျောက်မလုံးရော အဆင်ပြေချင်တိုင်းပြေနေသည်။ ကျောက်မလုံးက
ဖဲနိုင်လွန်းလို့ အရက်ဝယ်ရာမှာ ပွေးစိန်နဲ့တိုးအောင်အတွက်ပါ ပိုဝယ်စေသည်။
အကောက်ငွေထဲကတောင် ထိစရာမလိုတော့။ သည်တော့ အကောက်ငွေကို ပွေးစိန်နဲ့တိုးအောင်
တစ်ယောက်တစ်ဝက်ခွဲ၊ မနက်မနက်ဆို အိမ်ပြေးပို့နှင့် သိပ်ဟုတ်နေကြလေ၏။
နှစ်ရက်မြောက်ညတွင်
သူကြီး အသုဘမဏ္ဍပ်ကို ခဏလာကြည့်၏။
သုံးရက်မြောက်တဲ့
နောက်တစ်နေ့မနက်မှာ အသုဘချမည်ဟုပြောသည်။
ပွေးစိန်နှင့်တိုးအောင်၊
ကျောက်မလုံးနှင့်ဖိုးထိန် ပြာပြာသလဲဖြစ်သွား၏။ သူကြီးကို ဝိုင်းတောင်းပန်ကြသည်။
]သူကြီးရယ်-
အလှူကြီးက သဘက်ခါမဟုတ်လား၊ အလှူအတန်းပြီးမြောက်မှ အသုဘကိစ္စလုပ်ပါဗျာ၊
အလှူလာဘ်တိတ်ပါတယ်}
]ဟုတ်ပါတယ်သူကြီး၊
မောင်သန်းကြီးကိစ္စ ကျွန်တော်တို့ တာဝန်ယူပါတယ်၊ အသုဘဆိုတာ ခုနစ်ရက်ထားလို့ရတာပဲ၊
အလှူကိစ္စသာ လုံးပန်းပါဗျာ}
အားလုံးက
ဝိုင်းတောင်းပန်နေကြ၍ သူကြီးလည်း ၇-ရက်ပြည့်အောင်ထားဖို့ သဘောတူလိုက်ရလေ၏။
သုံးရက်မြောက်တဲ့နေ့တွင်..
ဖဲဝိုင်းက တစ်ဝိုင်းပဲကျန်တော့သည်။
ကျန်တဲ့တစ်ဝိုင်းကိုလည်း
ကျောက်မလုံးက ‘ဒိုင်ကိုင်သည်။ ကျန်သူများက ထိုးသားများ အဖြစ်သာ။
ငွေအားလုံးလိုလိုကလည်း
ကျောက်မလုံးရှေ့မှာချည်း ပုံရက်သားရောက်နေသည်။ ငွေသား သိန်းဆယ်ဂဏန်းမက
ရှိလောက်သည်။
နိုင်လာသည်နှင့်အမျှ
ကျောက်မလုံးစကားပြောပုံတွေက လေလုံးထွားလာသည်။ ဘယ်သူ့ ကိုမှ လူမထင်သလိုဆက်ဆံလာသည်။
သူ့ကိုတပည့်ခံနေတဲ့ ဖိုးထိန်အပေါ်မှာလည်း ကျွန်တစ် ယောက်လိုပြောဆိုလာသည်။ ဖဲနိုင်၍
ငွေသိန်းချီပိုက်မိလာပြီး သွေးနားထင်ရောက်လာခြင်း ပင်ဖြစ်တော့သည်။
အိမ်ရှင်လိုဖြစ်နေတဲ့
ပွေးစိန်တို့ တိုးအောင်တို့ကို အရက်တိုက်တာက တိုက်တာတစ်ပိုင်း၊ အရက်အလကားတိုက်ရတာနဲ့ကာမိအောင်
ခိုင်းစေပြောဆိုလာခဲ့သည်။
]ပွေးစိန်၊
အရက်သွားဝယ်စမ်းဗျာ၊ ခင်ဗျားလူ တိုးအောင် ဝယ်လာတဲ့အရက်ပျော့တယ်၊ ဒီလူ
လမ်းမှာခိုးသောက်ပြီး ရေရောထည့်လာသလားမသိဘူး၊ အို- ခင်ဗျားလဲ မယုံရပါဘူး၊
ဟေ့ကောင်- ဖိုးထိန်၊ လိုက်သွားစမ်း၊ နှစ်ယောက်ပေါင်း ပြီးတော့လည်း
ခိုးသောက်မလာကြနဲ့}
အဲဒီလို
စကားပြော လူပါးဝလာသည်။ အထက်စီးကနေ ရင့်ရင့်သီးသီး ပြောသည်။ သူက
တိုက်ကျွေးနေတော့လည်း ပွေးစိန်တို့ သည်းခံနေခဲ့သေး၏။
ပွေးစိန်နှင့်တိုးအောင်
သည်းမခံနိုင်ဆုံးက သေသူမောင်သန်းကြီးကို တçတçခေါ်ပြီး
ဖဲနိုင်အောင်လုပ်ခိုင်းတဲ့ကိစ္စ။
]မောင်သန်းကြီးရေ၊
လုပ်ပါဦးဟေ့}
]မောင်သန်းကြီးရေ၊
ကူပါဦးဟ}
]မောင်သန်းကြီး၊
ညီလေး၊ ‘ဒီတိုင်းကြည့်နေတော့မလား၊ ရှေ့ကငွေတွေ စားရအောင် လေကွာ}
တကယ်ဟုတ်လေသလား၊
မဟုတ်သလားတော့ မသိ။ ထိုသို့ တçလိုက်တိုင်း ထိုးကြေး တွေအားလုံးကို ကျောက်မလုံး
စားရသည်။
ပွေးစိန်နှင့်တိုးအောင်တို့က
မောင်သန်းကြီးကို တçပြီး ခိုင်းသည့်ကိစ္စကို မကြိုက်ကြ။
သေသူကိုအနှောက်အယှက်မပေးစေချင်။ ကျောက်မလုံးကိုလည်း ပြောရခက်နေသည်။
သည်လိုနှင့်
လေးရက်မြောက်နေ့ရောက်လာ၏။
သူကြီးအလှူက
သိုင်းသိုင်းဝိုင်းဝိုင်းနှင့်ပြီးဆုံးသွားပေပြီ။
လေးရက်မြောက်
ညပိုင်း။
ဝိုင်းက
တစ်ဝိုင်းတည်းရှိတော့သည်။ ရှိသမျှငွေတွေကလည်း ‘ဒိုင်လုပ်တဲ့ ကျောက်မလုံးရှေ့
မှာချည်းရောက်နေသည်။
ကျောက်မလုံး
တဟားဟားနှင့်အော်ရယ်သည်။
]ကျေးဇူးတင်တယ်
ညီလေးမောင်သန်းကြီးရေ၊ ဒီပွဲပြီးရင်လည်း မင်း ငါနဲ့လိုက်ပြီး ငါ့ကို ကူစမ်းကွာ၊
ကဲ- ကဲ- တစ်ဝိုင်းလုံးကပိုက်ဆံ အစ်ကို့လက်ထဲ ရောက်အောင် ကူလိုက်စမ်းပါဦး
ငါ့ညီမောင်သန်းကြီးရေ]
ကိုယ့်ဟာကိုယ်ဖဲနိုင်တာကိုအငြိမ်မနေပဲ
သေသူမောင်သန်းကြီးအလောင်းဖက် လှည့်çလှည့် ကြည့်ကာ တçလိုက် ပြောလိုက်
ခိုင်းလိုက်လုပ်နေပုံကို ဝိုင်းကလူတွေအားလုံးအမြင်ကပ်လာသည်။
ကျောက်မလုံး
မူးလည်းအတော်မူးနေပြီ။ မူးနေတဲ့ကြားက အရက်ဝယ်ခိုင်းသေးသည်။
]ဟေ့ကောင်တွေ
အရက်သွားဝယ်စမ်း၊ လမ်းမှာခိုးသောက်မလာကြနဲ့နော်၊ ရေလည်း ရောမလာကြနဲ့၊ ထွီ-
မင်းတို့အရက် မူးလည်းမမူးဘူး}
တိုးအောင်နှင့်ဖိုးထိန်
အရက်ဝယ်ဖို့ထွက်သွားသည်။
]အလကား-
ဘယ်သူမှပိုက်ဆံမကျန်တော့ဘူး၊ ဒီနေ့ဝိုင်းစောစောသိမ်းရမှာပဲ၊ အဝ သောက်ပြီး
အိပ်နေတာကောင်းတယ်၊ နောက်နေ့မှ ဟိုဖက်ရွာကလူတွေကို ဖိုးထိန်လိုက်ခေါ် ခိုင်းရမယ်၊
အလကား- ဒီရွာကကောင်တွေ ငမွဲတွေ}
ကျောက်မလုံးက
လှောင်သလိုလို ပြောသည်။ ပြောလည်းပြောစရာ။ ငွေကုန်လို့ ကစားနိုင် သူပင် မရှိတော့။
ဒိုင်နှင့်ထိုးသားနှစ်ယောက်ပဲရှိတော့သည်။
]မင်းတို့လက်ထဲကပိုက်ဆံတွေအကုန်ကုန်ရင်
ဝိုင်းသိမ်းမယ်ကွာ}
ကျောက်မလုံး
နိုင့်ထက်စီးနင်းပြောစကားတွေကို ပွေးစိန် သည်းမခံနိုင်တော့။ အရက်သွား ဝယ်နေတဲ့
တိုးအောင်နှင့်ဖိုးထိန်နောက်ကိုပြေးလိုက်သွားသည်။
ရွာအဝင်ဝမှာ
မီသည်။
သူတို့နောက်ပြေးလိုက်လာတဲ့
ကိုပွေးစိန်ကိုမြင်တော့ တိုးအောင်တို့က ရပ်စောင့်နေ၏။
]ဘာလဲ
ကိုကြီးပွေးစိန်}
]ဖိုးထိန်၊
မင်းကောင်က လူပါးဝလွန်းတယ်ကွာ၊ စကားပြောတာ စော်ကားလွန်းတယ်}
]ဟုတ်ပါတယ်ကိုကြီးပွေး၊
ကျွန်တော်လဲမကြေနပ်ဘူး၊ သူ့ကျေးဇူးရှိလို့သာကြည့်နေတာ၊ ဒီလူက သူ့လက်ထဲငွေရောက်ရင်
အောက်ခြေလွတ်နေကျဗျ၊ တော်ပြီဗျာ၊ ကျွန်တော်လဲ ‘ဒါ သူနဲ့တွဲတာနောက်ဆုံးပဲ}
ဖိုးထိန်ရဲ့မကြေနပ်ချက်
ပွင့်ဟလာ၏။
]အေး-
အခု မင်းတို့အရက်များများဝယ်ခဲ့စမ်းကွာ၊ ဒီကောင့်ကို ငါတို့ ဆုံးမရအောင်}
]ကျုပ်မခံချင်ဆုံးက
မောင်သန်းကြီးကို ခေါ်ခေါ်ပြီးခိုင်းတာပဲ ကိုကြီးပွေး၊ သေတဲ့လူ အေးအေးနေပါစေဗျာ၊ ‘ဒါ
ကျုပ်တို့ရွာလာပြီး သက်သက်ကြောတာဗျ}
တိုးအောင်ကလည်း
သူ့မကြေနပ်ချက်ကိုဖွင့်ထုတ်လိုက်သည်။
]ဒီကောင့်ကို
ပညာပေးရမယ်၊ အရက်ဝယ်ပြီး မင်းတို့မြန်မြန်သာပြန်လာခဲ့ကြ}
ပွေးစိန်
ပြန်သွားတော့ ဖိုးထိန်နှင့်တိုးအောင် ဒီအကြောင်းကိုပဲဆက်ပြောဖြစ်ကြသည်။
ဖိုးထိန်ကလည်း မူးမူးနှင့် သူ့ကို ကျောက်မလုံး နိုင်စားလွန်းတဲ့အကြောင်းတွေ
ရင်ဖွင့်သည်။
သည်လိုနှင့်
ကျောက်မလုံးကို ပညာပေးရမယ့်အစီအစဉ်ကို သူတို့နှစ်ယောက် လမ်းမှာပဲ
တိုင်ပင်ခဲ့ကြသည်။
ဘယ်လိုပညာပေးမလဲ။
ကျောက်မလုံးလက်ထဲမှာ ဖဲနိုင်ငွေတွေ ဆယ်သိန်းမကရှိနေ တာကိုလည်း သူတို့အားလုံးအမြင်။
အပြန်လမ်းမှာ
ရှေးတုန်းက တစ်ရွာလုံးရေခပ်လေ့ရှိတဲ့ ရေတွင်းပျက်ကြီးနားက ဖြတ်ပြန် ခဲ့ကြသည်။
တိုးအောင်က
သူ့အကြံကို ဖိုးထိန်အား တီးတိုးပြောပြ၏။
]ကျုပ်တို့
ကိုကြီးပွေးစိန်ကို ပြောကြည့်တာပေါ့ကိုတိုးအောင်၊ ကောင်းပါ တယ်၊ ‘ဒီလိုလူမျိုး
ဒီလိုဇာတ်လမ်းဖြတ်မှ ကောင်းမှာ}
+ + + +
+ + + + +
အသုဘတဲကိုပြန်ရောက်တော့
ဖဲဝိုင်းကပြီးနေပြီ။ မပြီးလို့လည်း မဖြစ်။ ကျောက်မလုံးနှင့် ပြိုင်ပြီး
ကစားနိုင်သူမရှိတော့။ လောင်းကြေးအားလုံးက ကျောက်မလုံးလက်ထဲရောက်နေပြီ။
တိုးအောင်တို့ပြန်ရောက်သွားတော့
ကျောက်မလုံးက တဟားဟားအော်ရယ်ရင်း ငွေများကို သူပါလာသည့် ဝါတာဘလူးခေါ်
မိုးကာခြုံထည်ကြီးဖြင့် သိမ်းထုတ်နေသည်။
ဖဲလာကစားသူများလည်း
စိတ်ပျက်လက်ပျက်ဖြင့် ပြန်သွားကြ၏။
ကျောက်မလုံးမှာ
မူးလည်းအတော်မူးနေပြီးဖြစ်၍ မဟန်နိုင်တော့ပေ။
တိုးအောင်တို့ပြန်လာတာကိုမြင်တော့
စကားလှမ်းပြောသေးသည်။ မူးနေတဲ့ကြားက အရက်လှမ်းတောင်းသေးသည်။
]ကိုကြီးကျောက်မလုံး၊
လယ်ကြွက်ကင်တွေရလို့ ဝယ်လာတယ်ဗျ၊ မီး တောက်အရက်နဲ့ တော့ အပီပဲဗျာ}
ဖိုးထိန်က
မျက်နှာချိုသွေးရင်းပြောလိုက်သည်။
]အေးကွာ-
ကစားမယ့်လူလည်း မရှိတော့ဘူး၊ အရက်သောက်ပြီးရင် အိပ်မယ်ကွာ}
ကျောက်မလုံးက
ငွေများထုတ်ထားသည့်မိုးကာကို ခေါင်းအုံးအိပ်ရန် ခေါင်းရင်းဖက်ချထား ရင်းပြောသည်။
ဖိုးထိန်က
အရက်ပုလင်းများကို ကျောက်မလုံးရှေ့တွင်ချကာ- ကြွက်ကြော်ကို ရေအိုးဖုံး ထားသော
သံပန်းကန်ပြားဖြင့်ထည့်ပေးရင်း သူပါ ကျောက်မလုံးရှေ့သွားထိုင်သည်။
တိုးအောင်က
ပွေးစိန်ကို လက်ကုပ်၍ မဏ္ဍပ်အောက်ခေါ်သွားကာ လမ်းမှာ သူတို့ရလာ သည့်အကြံကိုပြောပြသည်။
ပွေးစိန်ကလည်း
သဘောတူ၏။
မဏ္ဍပ်ပေါ်ပြန်တက်အလာတွင်
ပွေးစိန်က ကျောက်ခဲကြီးကြီးတစ်လုံးကို ခါးပုံစထဲထည့်လာ ၏။
နှစ်ယောက်သား
ဣa«န္ဒမပျက် မဏ္ဍပ်ပေါ်ပြန်တက်လာ၏။
ကျောက်မလုံးနှင့်
ဖိုးထိန်တို့ရှေ့မှာ ဝိုင်းထိုင်သည်။
ကျောက်မလုံး
မဟန်နိုင်တော့။ စိတ်ရှိလက်ရှိသောက်ထား၍ ခေါင်းငိုက်စိုက်ကျနေပြီ။ ဖိုးထိန်က
ကြွက်ကြော်ကိုအသားထွင်ပေးရင်း မျက်ခုံးပင့်ပြသည်။ အချက်ပြလိုက်ခြင်းဖြစ်၏။
ကျောက်မလုံးက
ပွေးစိန်နှင့်တိုးအောင်ဝင်အထိုင်တွင် စကားတစ်ခွန်း ဗလုံးဗထွေးပြော လိုက်သည်။
]မနက်ဖြန်-
မနက်ဖြန်အတွက်- စိန်ပန်းကုန်းက ကစားသမားတွေကို-a အ့- စိန်- စအိမ်- စိန်ပန်းကုန်း-}
]ကိုကြီးကျောက်မလုံး
ခင်ဗျားသိပ်မူးနေပြီ၊ အိပ်လိုက်တော့ဗျာ}
]ဖိုးထိန်၊
နက်ဖြန်ကစားဖို့ စိန်ပန်းကုန်းက လူတွေကို ခုကတည်းက မင်းသွားခေါ်ထား၊
ပွေးစိန်နဲ့တိုးအောင်က-}
ကျောက်မလုံးစကားမဆုံးလိုက်ရ။
စကားပြောရင်း ရှေ့ကိုငိုက်ကျအလာတွင် ပွေးစိန်က
ခါးပုံစထဲဝှက်ထားသည့်ကျောက်တုံးကိုထုတ်ကာ-
]မနက်ဖြန်ထိ
မင်းကအသက်ရှင်ဦးမှာမို့လား၊ လူပါးဝတဲ့ကောင်၊ ကိုင်းကွာ}
နှုတ်ကလည်းပြော၊
လက်ကလည်း ခဲလုံးကို လက်နှစ်ဖက်ဖြင့် စုံကိုင်ကာ ငိုက်ကျလာ
သည့်ကျောက်မလုံးခေါင်းကို အားရပါးရ ထုချလိုက်သည်။
ကျောက်မလုံးမေးစေ့က
ကြမ်းပြင်ပေါ် အစ်ကနဲသွားအပ်ကာ ခေါင်းမှသွေးများ ဖြာကနဲ ထွက်လာသည်။
ပွေးစိန်က
သုံးလေးချက်ဆက်တိုက်ထုနေ၏။ သွေးများဖွာကနဲ ဖွာကနဲ စင်သွား၍ တိုးအောင်နှင့်ဖိုးထိန်
ထိုင်ရာမှ ခုန်ထသည်။
]ကိုပွေးစိန်
တော်တော့၊ တော်တော့၊ သွေးသိပ်မထွက်စေနဲ့၊ သေလည်း သေလောက်ပါပြီ}
တိုးအောင်က
သတိပေးသည်။
ပွေးစိန်အထုရပ်လိုက်မှ
တိုးအောင်နှင့်ဖိုးထိန်က ကျောက်မလုံးကိုငုံ့ကြည့်၏။ တိုးအောင်က ခြေထောက်ဖြင့်
နှစ်ချက်သုံးချက်ကန်ကြည့်သည်။ ကျောက်မလုံး မလှုပ်တော့။
ဖိုးထိန်က
ကျောက်မလုံးကိုယ်ကို ဆွဲလှန်လိုက်သည်။
]သေပြီဗျ}
ဖိုးထိန်အသံတွေတုန်နေသည်။
လူလည်းတုန်နေသည်။ သူ့အနေဖြင့် ဆရာတင်ထားသော တစ်ရွာတည်းသားမို့
တကယ်သတ်လိုက်ပြီးသည့်အခါ စိတ်လှုပ်ရှားမိသည်မှာ မဆန်းပေ။
ပွေးစိန်က
လက်ထဲကခဲလုံးကို အပြင်သို့လှမ်းပစ်ရန်အရွယ်လိုက်တွင်-
]ကိုကြီးပွေးစိန်၊
အဲ့လိုမပစ်နဲ့လေ၊ ခဲမှာ သွေးတွေနဲ့}
ဖိုးထိန်က
သတိပေးခြင်းဖြစ်သည်။
]ကျွန်တော်တို့
ခဲလုံးကိုပါ ရေတွင်းထဲပစ်ချမှဖြစ်မယ်၊ ကြမ်းပေါ်ကသွေးတွေလည်း သုတ်ဦးမှဗျ}
ဖိုးထိန်
စိတ်လှုပ်ရှားနေသော်လည်း အကွက်စေ့အောင်တော့ တွေးတတ်သေးသည်။
]အေး-
မင်းပြောတာ ဟုတ်တယ်}
]လောလောဆယ်
ဒီလူ့အလောင်းကို ရေတွင်းနားအရောက် သယ်ရအောင်၊ ရေတွင်းထဲ ပစ်ချပြီးမှ
ကျန်တာတွေလုပ်တာပေါ့}
ထိုအချိန်တွင်
မိုးက ရွာလာသည်။ သည်းသည်းမည်းမည်း ရွာလာသည်။ အလှူရက်မှာ မိုးမရွာအောင်
ဆိုင်ရာပိုင်ရာတွေကို တောင်းပန်ထားလို့ မရွာခဲ့သမျှ အတိုးချ ရွာလေသလားမသိ။
ရုတ်တရက် ဗြုန်းဗြုန်းဒိုင်းဒိုင်း ရွာချလိုက်ခြင်းဖြစ်သည်။
တိုးအောင်နှင့်ဖိုးထိန်က
ကျောက်မလုံးအလောင်းကို ခြေတွေလက်တွေ ဖြောင့်ဖြောင့်တန်း တန်းဖြစ်အောင်
ဆွဲဆန့်လိုက်သည်။ သယ်ရလွယ်အောင် လုပ်လိုက်ခြင်းဖြစ်၏။
]ကဲ-
မçပေတော့ကိုတိုးအောင်၊ ကိုကြီးပွေးစိန်ကတော့ တာဝန်ကျေပြီ၊ ‘ဒါကြီး ရေတွင်း
အရောက်သယ်ဖို့က ခင်ဗျားနဲ့ကျွန်တော့်တာဝန်ပဲ}
]ဟေ့ကောင်တွေ
နေကြဦး}
အလောင်းကို
မçရန်ပြင်နေသည့် ဖိုးထိန်နှင့်တိုးအောင်ကို ပွေးစိန်က ဟန့်လိုက်၏။
]မင်းတို့
‘ဒီကောင့်အလောင်းကို ရေတွင်းပျက်ထဲပစ်ချဖို့ စီစဉ်ထားတာ မဟုတ်လား}
]ဟုတ်တယ်လေ..}
]မလုပ်နဲ့တော့၊
သူ့ကို ဟိုအခေါင်းထဲထည့်မယ်}
ပွေးစိန်က
မောင်သန်းကြီးအလောင်းထည့်ထားသော အခေါင်းကိုလက်ညှိုးထိုးပြ၍ ပြောသည်။
]ဗျာ-}
]ဟင်-
ကိုပွေးစိန်}
]အဲဒီအထဲက
ပိုပြီးလုံခြုံတယ်ကွ၊ မောင်သန်းကြီးက သေပြီးပြီ၊ မောင်သန်းကြီးက အများရှေ့မှာ
တရားဝင်သေတာ၊ ဘယ်သူမှစိတ်မဝင်စားတော့ဘူး၊ စစ်ဆေးမနေတော့ဘူး၊ ကျောက်မလုံးကို
အဲဒီထဲထည့် မြေမြှုပ်လိုက်တော့ ပြီးရောမဟုတ်လား၊ ကျောက်မလုံးဆိုတာ ပျောက်ကရော-
မင်းတို့ရေတွင်းပျက်ထဲကမှ မတော်တဆ ပေါ်ရင်ပေါ်လာဦးမယ်}
]ဟုတ်ပါပြီ၊
အဲဒါထားပါတော့ ကိုပွေးစိန်၊ မောင်သန်းကြီးအလောင်းကိုကျတော့
ကျုပ်တို့ဘယ်လိုလုပ်မလဲ}
]မင်းတို့ရေတွင်းပျက်ထဲပစ်ချမယ့်အစီအစဉ်အတိုင်း
ပစ်ချလိုက်ရုံပေါ့ကွ}
]ဗျာ-}
ဒီမယ်
ဟေ့ကောင်တွေ၊ တောခွေးတွေ တောဝက်တွေယက်လို့ ရေတွင်းထဲကအလောင်း ပေါ်လာရင်တောင်
မောင်သန်းကြီးအလောင်းဆိုတော့ ကိစ္စမရှိဘူး၊ မောင်သန်းကြီးမှာ ဘာအမှတ်
အသားမှမရှိဘူး၊ ဘယ်သူ့အလောင်းမှန်းလည်း သိကြမှာမဟုတ်ဖူး၊ ကျောက်မလုံးမှာက ကျောက်
မျက်လုံးကြီးနဲ့ကွ၊ ကျောက်မျက်လုံးကပျက်စီးမှာမဟုတ်ဖူး၊ ကျောက်မျက်လုံးတွေ့တာနဲ့
‘ဒါဟာ ကျောက်မလုံးအလောင်းဆိုတာ လူတိုင်းသိနိုင်တယ်၊ အဲဒီတော့ ကျောက်မလုံးအလောင်းက
ပိုပြီးလုံခြုံတဲ့နေရာမှာ ရှိသင့်တယ် မဟုတ်လား}
]ဟုတ်လိုက်လေကိုကြီးပွေးစိန်ရယ်၊
တော်လိုက်တာဗျာ}
]တော်မနေနဲ့၊
ငါပြောတဲ့အတိုင်းသဘောတူရင်လုပ်ကြ၊ မောင်သန်းကြီးအလောင်းကို အခေါင်းထဲက အရင်ထုတ်၊
ကဲ-ကဲ-လုပ်ကြကွာ၊ တော်ကြာ ရောင်နီလာတော့မယ်}
+ + + +
+ + + + +
သူတို့သည်
မောင်သန်းကြီးအခေါင်းကိုလေးတိုင်စင်မှချကာ အလောင်းထုတ်ကြသည်။
မောင်သန်းကြီးအလောင်းနေရာတွင် ကျောက်မလုံးအလောင်းကို လဲထည့်သည်။
မူလက
မောင်သန်းကြီးအခေါင်းကို သံဖြင့်အသေရိုက်ပိတ်မထားသေး။
ကျောက်မလုံးအလောင်းထည့်အပြီးတွင်တော့
သံဖြင့်အသေရိုက်ပိတ်ပစ်လိုက်ကြသည်။ ပြီးတော့
ကျောက်မလုံးအလောင်းထည့်ထားသည့်အခေါင်းကို လေးတိုင်စင်ပေါ် ပြန်တင်ထား လိုက်၏။
မောင်သန်းကြီးအလောင်းကိုမူ
သုံးယောက်သားမçကြကာ မလှမ်းမကမ်းမှ ရေတွင်းပျက် ကြီးဆီသယ်ခဲ့ကြသည်။
ရေတွင်းပျက်မှာ
ရှေးအခါက တစ်ရွာလုံး ရေလာခပ်ရသည့်အများသုံးရေတွင်းကြီးဖြစ် သည်။ နက်ရှိုင်းသည်။
ကျယ်ပြန့်သည်။ ကြိုးဖြင့်ရေငင်ရသည့်ရေတွင်းကြီးဖြစ်ပါ၏။ နောက်ပိုင်းတွင်
သက်ဆိုင်ရာများက ကျေးရွာများတွင် စက်ရေတွင်းများတူးပေး၍ ရေကို ရွာပြင်ထွက်၍
ခက်ခက်ခဲခဲ ခပ်ရန်မလိုတော့။ မသုံးပဲပစ်ထားတာကြာသောကြောင့် ရေတွင်းမှာလည်း
ကောသွားသည်။ တွင်းနံရံများလည်း ပြိုကျ၊ ရေတွင်းကိုမိုးထားသည့်သွပ်မိုးကိုလည်း
ဖြုတ်ခိုးကြနှင့် ရေတွင်းပျက် ကြီးအဖြစ်သာ ရှိနေတော့ခြင်းဖြစ်သည်။
တစ်ခါတစ်ရံ
တွင်းပျက်ထဲ ကျွဲနွားများကျတတ်သည့်အတွက် ရေတွင်းနားသို့ ကျွဲနွားများ
မရောက်နိုင်အောင် သစ်ကိုင်းများချထားသည်။
ရေတွင်းပျက်ဆီသို့
လူနှင့်တကွ မည်သည့်သတ္တဝါမှ မရောက်ကြတော့၊ ရေတွင်းပျက်ထဲကို
အလောင်းပစ်ချဖို့စိတ်ကူးမှာ အတော်ပင်ကောင်းပေသည်။
တိုးအောင်နှင့်ဖိုးထိန်စိတ်ကူးထက် အလောင်းချင်းလဲပြီးပစ်ချဖို့ပွေးစိန်၏စိတ်ကူးက
ပို၍ပင်ကောင်းသေးသည်။
နာရီဝက်အတွင်းမှာ
အလောင်းနှစ်ခုလဲလှယ်ခြင်းနှင့် ဖျောက်ဖျက်ခြင်းလုပ်ငန်းက ပြီးသွာ ;သည်။
သုံးယောက်သား
မဏ္ဍပ်ပေါ်ပြန်သွားကာ ကျောက်မလုံး၏သွေးစသွေးနများကို သုတ် သင်ကြသည်။
ထို့နောက်
ကျောက်မလုံးထုတ်ထားခဲ့သော မိုးကာစထဲက ငွေများကို ရေကြသည်။ ပြီးတော့
သုံးပုံပုံကာတစ်ယောက်တစ်ပုံခွဲယူလိုက်ကြ၏။ တစ်ယောက်ကို သုံးသိန်းကျော်လောက်စီ
ရလိုက်ကြလေသည်။
]ကဲ-နှုတ်လုံပေစေနော်}
]စိတ်ချပါကိုကြီးပွေးစိန်}
]ကျောက်မလုံးပျောက်သွားတာကို
ဘယ်လိုအကြောင်းပြမတုံး}
]ဟုတ်တယ်၊
ခုနစ်ရက်လည်မှအသုဘချမယ်လုပ်ထားတာ၊ အလောင်းမြေမကျသေးပဲ
ကျောက်မလုံးပြန်သွားတယ်ဆိုရင် သဘာဝမကျဘူး}
]ဒီလိုလုပ်မယ်ကွာ}
သူတို့ထဲမှာ
ခေါင်းဆောင်လိုဖြစ်သွားသောပွေးစိန်က အကြံပြုသည်။
]မိုးတွေရွာလာတော့
မောင်သန်းကြီးအလောင်း အနံ့ထွက်လာတာ မင်းတို့အမြင်ပဲ၊ မနက်လင်းတာနဲ့ သူကြီးဆီ
ငါသွားမယ်၊ အလောင်းအနံ့ထွက်လာလို့ ငါးရက်နဲ့သဂြိုဟ်ဖို့ သွားပြောမယ်}
]ဟုတ်တယ်၊
မနက်ဆို မောင်သန်းကြီးသေတာ ငါးရက်မြောက်နေ့ပဲ}
]ငါးရက်နဲ့သဂြိုဟ်မယ်ဆိုတာသိလို့
ကျောက်မလုံးပြန်သွားတယ်လို့ သတင်းလွှင့်လိုက် ရုံပေါ့}
]ဒါဖြင့်
ဖိုးထိန်ကရော}
]ဖိုးထိန်၊
မင်းလည်းပြန်တော့၊ ကျောက်မလုံးနဲ့မင်းနဲ့ အတူတူပြန်တဲ့သဘောနဲ့ ပြန်ပေ တော့၊
နောက်ပိုင်း ကျောက်မလုံးပျောက်နေတဲ့အကြောင်း လူတွေသတိထားမိလာရင် မင်းဘယ်လို
ပြောမလဲ၊ အဲဒါတော့ မင်းအပိုင်းပဲ..}
]ရတယ်ကိုကြီးပွေးစိန်၊
သူ့မိန်းမ မအုံးချီက ကျောက်မလုံးကို သံယောဇဉ်ထားတာ မဟုတ်ဘူး၊ ပြန်လာလာ မလာလာ
ဂရုစိုက်တာမဟုတ်ဘူး၊ ကျောက်မလုံးက အိမ်အတွက် စရိတ်ရှာမပေးတော့ သူ့ကို
အားလည်းမကိုးဘူး၊ ကျွန်တော် ‘ဒီက ပြန်တာနဲ့ ရွာသွားမယ်၊ ကိုကျောက်မလုံး
မောင်သန်းကြီးအသုဘမှာ တော်တော်နိုင်လိုက်လို့ မြို့တက်သွားတယ်လို့
သတင်းလွှင့်ထားမယ်၊ သူ့မိန်းမကိုလည်း အဲဒီအတိုင်းသွားပြောထားမယ်ဗျာ}
]ကောင်းတယ်၊
နောက်ပိုင်း မင်းကိုမေးမြန်းလာရင်လည်း ရှေ့စကား နောက်စကား ညီစေနော်}
]စိတ်ချပါ
ကိုကြီးပွေးစိန်}
]ကျောက်မလုံးကိုသတ်တာက
ငါမို့လို့ ဒီကိစ္စတွေပေါ်လာရင် ငါပဲခံရမှာ၊
မင်းတို့ မခံ ရဘူးလို့မထင်နဲ့နော်၊ အားလုံးကြံရာပါချည်းပဲ၊ ခံရင်အတူတူခံကြရမှာ}
ပွေးစိန်က
ကျောက်မလုံးကို သူတစ်ယောက်တည်း သတ်လိုက်တာမို့ ကျန်လူနှစ်ယောက်
ပေါ့ပေါ့လေးသဘောထားမှာစိုးပြီးပြောလိုက်ခြင်းဖြစ်သည်။
]စိတ်ချပါကိုကြီးပွေးစိန်၊
ကျွန်တော်တို့ ရဲဘော်ရဲဖက်တွေပါဗျာ၊ ပေါ်လဲ မပေါ်စေရဘူး၊ လုံခြုံအောင်လည်းနေမယ်}
]အေး-
ငွေတွေကိုလည်း ချက်ချင်းမသုံးနဲ့၊ ဘုံးဘောလအောမသုံးနဲ့၊
ချင့်ချင့်ချိန်ချိန်နေကွာ}
]ကျွန်တော့်ကိုစိတ်ချပါ
ကိုကြီးပွေးစိန်}
အစီအစဉ်အရ
ဖိုးထိန်ပြန်မှဖြစ်မည်မို့ ဖိုးထိန်ကိုပြန်လွှတ်လိုက်ကြသည်။ ကျောက်မလုံး
မိုးကာကြီးကိုလည်း တစ်နေရာမှာလွှင့်ပစ်ခဲ့ရန် ဖိုးထိန်နှင့်အတူပေးလိုက်သည်။
ဖိုးထိန်ပြန်သွားတော့-
ပွေးစိန်နှင့်တိုးအောင် နှစ်ယောက်တည်းကျန်ရစ်သည်။ နှစ်ယောက် တည်းကျန်မှပင်
စိတ်ချောက်ချားလာကြ၏။ တကယ်တော့ လေးတိုင်စင်ပေါ်ကခေါင်းထဲမှာ ကျန်ရစ်သည့်
အလောင်းကြီးက မောင်သန်းကြီးအလောင်းမဟုတ်တော့။ ကျောက်မလုံးအလောင်း မဟုတ်လား။
အသုဘဆိုသော်လည်း
ညစဉ် ဖဲဝိုင်းများဖြင့် လူအများနှင့် စည်စည်ကား ကားနေခဲ့ရ၍
ကြောက်ရလန့်ရမှန်းမသိခဲ့။ ခုလိုနှစ်ယောက်တည်းကျန်သည့်အချိန်တွင် ကိုယ်လုပ်ထားတဲ့
မကောင်းမှုကလည်း ရှိနေတော့ နေမရအောင် စိတ်ချောက်ချားမိ၏။
ကျန်သည့်အရက်များကို
ရေမရောပဲသောက်ပစ်လိုက်ကာ အိပ်ရအောင် အိပ်ပစ်လိုက်၏။
အိပ်လို့မရသော်လည်း
မကြာခင် ရောင်နီပြို့လာပြီမို့ စိတ်ချောက်ချားသည့်ဒဏ်ကို ကြာကြာမခံလိုက်ရချေ။
+ + + +
+ + + + +
မနက်လင်းသည်နှင့်
ပွေးစိန်က သူကြီးအိမ်ကိုသွားသည်။
ညကမိုးရွာ၍
မောင်သန်းကြီးအလောင်းမှ အနံ့အသက်များထွက်လာကြောင်းပြောသည်။ ယနေ့ပင် သဂြိုဟ်မှ
တော်ကာကျမည်ဟု လောဆော်လိုက်၏။
]ငါ့လခွေး၊
ထားချင်တော့လည်း မင်းတို့၊ ချချင်တော့လည်း မင်းတို့ပါလားဟ}
]ကျုပ်ကဖဲဝိုင်းမက်ပြီး
ခုနစ်ရက်ထားခိုင်းတာပါသူကြီးရာ၊ ဖဲဝိုင်းကမဖြစ်တော့ဘူးဗျ၊ ညဦးပိုင်းကတည်းက
ဝိုင်းသိမ်းသွားတာ၊ အကုန် ကျောက်မလုံးတစ်ယောက်တည်း နိုင်သွားလို့ ညကတည်းက
ပြန်သွားပြီဗျို့၊ လာကစားမယ့်လူလည်း မရှိတော့ဘူး၊ အဲဒါကြောင့် ချလိုက်တာ
ပဲကောင်းတယ်လို့လာပြောတာ}
]အေးကွာ၊
‘ဒါဖြင့် နေ့ခင်းလောက်ချဖို့ လုပ်ကြတာပေါ့၊ ဘုန်းကြီးကို မင်းပဲဝင်လျှောက်သွား
လိုက်၊ ကြားလား}
]ဟုတ်ကဲ့သူကြီး}
ပွေးစိန်
ပိပိရိရိနဲ့အပြောကောင်း၍ ဘယ်သူကမှ သံသယမဝင်။
နေ့လည်ပိုင်းမှာ
မောင်သန်းကြီးအသုဘကိုချဖို့ တစ်ရွာလုံး ရွာပြင်မဏ္ဍပ်ကိုရောက်လာ ကြ၏။
လူစုံသည်နှင့်
ပွေးစိန်က လောဆော်ကာ အသုဘကိုချစေသည်။
ဘုန်းကြီးငါးပါးက
သင်္ချီုင်းဇရပ်တွင် အဆင်သင့်စောင့်နေ၏။
ပွေးစိန်နှင့်တိုးအောင်တို့က
ရင်တထိတ်ထိတ်။ သူတို့လုပ်ထားတဲ့လုပ်ရပ်က မကြာခင် အချိန်လေးမှာ ပြီးဆုံးတော့မည်။
ဒီအချိန်လေးအတွင်းမှာ ကတိမ်းကပါးမဖြစ်ပါစေနှင့်ဟု ဆုတောင်း နေကြရ၏။
အလောင်းကို
သရဏဂုံတင်အပြီးမှာ သူကြီးကတော်ကြီးက အော်ဟစ်ငိုလိုက်ကာ-
]အမလေး-
ငါ့သားလေးမျက်နှာကို နောက်ဆုံးကြည့်ပါရစေဦးဟဲ့}
တိုးအောင်က
]အဘွားကြီးတော့ သူကြီးကတော်ပီပီ၊ ပိုပြီ}ဟုတွေးကာ စိတ်တွင်းမှဆဲရေး လိုက်သည်။
ပွေးစိန်က
အခေါင်းရှိရာ ကဗျာကယာပြေးသွားကာ..
]အရီးရဲ့-
ညက အနံ့တွေသိပ်ထွက်လာလို့ ကျုပ်တို့အခေါင်းကိုပိတ်ပစ်လိုက်ပြီ၊ သံရိုက်လိုက်ပြီ၊
မိုးရေထဲမှာ ဒီတိုင်းထားတော့ ရုပ်လည်းပျက်နေပြီအရီး၊ မကြည့်ပါနဲ့တော.ဗျာ၊
ကဲ-လာဗျို့- လာကြ- အခေါင်းလာသယ်ကြ}
ပွေးစိန်
ဟန်လုပ်ကောင်းလို့ အားလုံးကပင် ယုံကြည်ကြလေ၏။
အရက်မူးအောင်သောက်ထားသော
ကာလသားများက အခေါင်းကိုဆွဲထုတ်သွားကြသည်။ အဆင့်သင့်တူးထားသော
မြေကျင်းထဲထည့်လိုက်ကြသည်။
အခေါင်းကိုမြေမြှုပ်၊
မှတ်တိုင်စိုက်ပြီးမှပင် ပွေးစိန်နှင့်တိုးအောင် သက်ပြင်းချနိုင်ကြ တော့သည်။
မှတ်တိုင်က
]မောင်သန်းကြီး၊ အသက်၂၄နှစ်}တဲ့။
မြေပုံထဲက
အခေါင်းထဲမှာရှိတဲ့ တကယ့်အလောင်းကောင်ဟာ ကျောက်မလုံး-ခေါ်-ခင်ကြိုင်ရဲ့အလောင်းဆိုတာ
ဤကမ္ဘာပေါ်မှာ လူသားသုံးယောက်ပဲ သိလေသည်။
+ + + +
+ + + + +
ပွေးစိန်တို့
တိုးအောင်တို့ သူတို့ရဲ့ရာဇဝတ်မှု ပေါ်လေမလား- ပေါ်လေမလား-နှင့်
ရင်တထိတ်ထိတ်ဖြင့်နေလာလိုက်သည်မှာ အချိန်ကာလတွေကြာလာသည်။ ကံကောင်းထောက်မ စွာ
မပေါ်ခဲ့ပေ။
သူတို့ကလည်း
အများသံသယမဝင်အောင် ပိပိရိရိနေခဲ့ကြ၏။ သုံးသိန်းကျော်ဆိုသော ငွေမှာ တောအရပ်တွင်
မနည်းလှ။ ဝင့်ဝါမော်ကြွားလောက်သည့်ငွေအချိုးအစားဖြစ်သည်။ သို့သော် သူတို့
ပိပိရိရိနေခဲ့ပါသည်။ ဟော့ဟော့ရမ်းရမ်း မသုံးကြ။
သူတို့လိုပဲ
ပေါက်ဦးတောရွာမှဖိုးထိန်ကလည်း ပိပိရိရိရှိသည်။
ကျောက်မလုံးပျောက်ဆုံးမှုကို
သူ့မိန်းမ မအုံးချီကိုယ်တိုင်က ]ပျောက်သွားတယ်၊ အိမ်ပြန် မလာဘူး}-လို့သာ
မှတ်ချက်ချခဲ့သည်။ စုံစမ်းခြင်းမေးမြန်းခြင်း မပြုခဲ့။
ယခုဆိုလျှင်
သုံးနှစ်ပင် ကြာခဲ့ချေပြီ။
သုံးနှစ်ပင်ကြာပြီဖြစ်သောအမှုတစ်ခုသည်
ပေါ်စရာလည်းမရှိတော့။
ပွေးစိန်၊
တိုးအောင်နှင့် ဖိုးထိန်တို့ သက်ပြင်းကိုချကာ အေးအေးဆေးဆေး နေနိုင်ကြပေပြီ။
+ + + +
+ + + + +
သူကြီး၏အငယ်ဆုံးသမီး
မအေးကြင်သည် အသက်၄၀ကျော်မှ ကလေး တစ်ယောက် မွေးခဲ့သည်။
ယခင်
ကလေးလေးယောက်မွေးဖူးရာ နောက်ဆုံးကလေးကို အသက်၃၂နှစ်အရွယ် မှာမွေးခဲ့ခြင်းဖြစ်၏။
မအေးကြင်က သူ့ကိုယ်သူ သွေးဆုံးပြီ၊ ကလေးမရနိုင်တော့လို့တောင် ထင်နေသူဖြစ်သည်။
လေးဆယ်ကျော်မှမွေးလာတော့ အရင်ကလေးတွေနှင့် အသက်ချင်းကွာ နေကြပေ၏။ အကြီးယောက်ျားလေးနှစ်ယောက်ဆိုလျှင်
မောင်သန်းကြီးပိုးထိဆုံးခဲ့တဲ့ ရှင်ပြုပွဲ တုန်းကပင် ရှင်ပြုပြီးကြပြီ။
ကလေးကို
မောင်ချစ်ပိုဟု အဘိုးဖြစ်သူ သူကြီးက မှည့်ပေး၏။
သူကြီးကတော်ကြီးက
မွေးလာကတည်းက မောင်ချစ်ပိုလေးကို လူဝင်စားဟု စွတ်စွဲသည်။ ဘယ်သူဝင်စားမှန်းတော့
မသိသေး။
သည်လိုနှင့်
ကလေးက စကားပြောတတ်သောအရွယ်ရောက်လာသည်။ အသက်၂နှစ် အရွယ်လောက်မှာ
ထူးထူးခြားခြားအပြောအဆိုတွေ ပြောဆိုလာ၏။
တစ်နေ့တွင်
အိမ်ရှေ့မှ ကိုပွေးစိန်ဖြတ်သွားရာ.. မောင်ချစ်ပိုလေးက-
]ဟေ့ကောင်-
ပွေးစိန်}
-ဟု
လှမ်းအော်သည်။
ပွေးစိန်ကိုယ်တိုင်ရော
မိဘများပါ အံ့ဩသွားကြ၏။
ပွေးစိန်က
အိမ်ထဲဝင်မလာပါ။ မောင်ချစ်ပိုလှမ်းခေါ်လိုက်သည်ကိုလည်း သတိထားမိ သော်လည်း
ကိုယ့်အလုပ်နဲ့ကိုယ်မို့ မစပ်စုမိ။
မောင်ချစ်ပိုမိဘများက
မောင်ချစ်ပိုကို မေးကြသည်။
]သားက
ကိုပွေးစိန်ကိုသိလို့လား}
]သိတာပေါ့၊
‘ဒီကောင်လူသတ်သမား}
]ဟင်-}
ကလေးစကားမို့
သိပ်ပြီးအရေးအရာမထားမိကြသေး။
နောက်တစ်ပတ်ဆယ်ရက်အကြာတွင်..
မအေးကြင်သည် မောင်ချစ်ပိုလေးကိုချီပြီး ယောက္ခမ များအိမ်မှပြန်လာရာ- လမ်း၌
ကိုတိုးအောင်နှင့်ဆုံလေ၏။
]အမေ
အမေ-အဲဒီလူ တိုးအောင် တိုးအောင်}
ကိုတိုးအောင်ကို
လက်ညှိုးထိုးကာ မောင်ချစ်ပိုက သူ့မိခင်ကိုပြသည်။
ကိုတိုးအောင်ကိုယ်တိုင်လည်း
အံ့ဩကာ ကလေးနားကပ်လာသည်။
]မင်းက
ငါ့ကိုသိလို့လား}
ကိုတိုးအောင်က
ကလေးကိုပြုံးရွှင်စွာကြည့်ရင်း မေးလိုက်၏။
]သိတာပေါ့၊
မင်း- တိုးအောင်လေ၊ လူသတ်သမား}
]ဟင်-}
ကိုတိုးအောင်မျက်နှာပေါ်ကအပြုံးရိပ်
ပျောက်သွားသည်။
]အမေ၊
‘ဒီလူ လူသတ်သမားဗျ၊ ပွေးစိန်နဲ့သူနဲ့ အတူတူသတ်တာ၊ ပေါက်ဦးတောက ဖိုးထိန်လည်းပါတယ်}
]ဟဲ့-
သား}
တိုးအောင်သည်
စကားဆုံးအောင်ပင် မစောင့်တော့ပဲ တစ်ချိုးတည်း လစ်ပြေးလေတော့ သည်။
မအေးကြင်သည်
သည်တစ်ခါတော့ ကလေးစကားကို အလေးထားရမှန်း သိလာသည်။ တစ်ခုခုတော့တစ်ခုခုပဲ။
ဘာပဲဖြစ်ဖြစ် ထူးဆန်းတာတော့ အမှန်။
မအေးကြင်က
သူမအမေ သူကြီးကတော်ကြီးကို ထိုအကြောင်းပြောပြလိုက်သည်။ သို့သော်- ကလေးစကား
ဘာကိုဆိုလိုမှန်းတော့ သူတို့သဘောမပေါက်သေး။
+ + + +
+ + + + +
ပွေးစိန်နှင့်တိုးအောင်တို့ကတော့
နေစရာမရှိတော့ပြီ။
လမ်းမှာ
၂နှစ်သားအရွယ် မောင်ချစ်ပိုလေးပြောလိုက်သည့်စကားကို တိုးအောင်က ပွေးစိန်ကို
ပြေးပြောသည်။ ပွေးစိန်လည်း မကြာခင်က မောင်ချစ်ပိုက သူ့ကို ]ပွေးစိန်လို့}
ရွယ်တူချင်းလို လှမ်းခေါ်လိုက်တာကို သတိရမိသည်။
သုံးနှစ်လုံး
သဲလွန်စတစ်စွန်းတစ်စပင်မပေါ်ပဲ ပိပိရိရိနေလာခဲ့သမျှ ‘ဒီကလေးနဲ့ကျမှ
‘ဒုက္ခရောက်ရတော့မလိုဖြစ်နေသည်။
]ဒါဆိုရင်
သူကြီးမြေးဟာ ကျောက်မလုံး ဝင်စားတာပေါ့}
]အဲဒီလိုပဲဖြစ်မှာပေါ့ပွေးစိန်၊
မင်းစဉ်းစားကြည့်လေ၊ မင်းနဲ့ငါနဲ့က လူသတ်သမားတဲ့၊ ပေါက်ဦးတောက
ဖိုးထိန်လည်းပါတယ်တဲ့၊ ကဲ- အသက်နှစ်နှစ်အရွယ်ကလေးက ‘ဒါတွေ ဘယ်လိုသိမှာလဲ၊
ဟိုကိစ္စကိုသူသိနေမှတော့ ကျောက်မလုံး ဝင်စားတာပေါ့}
]ဒုက္ခပါပဲကွာ}
+ + + + +
+ + + +
ပွေးစိန်တို့ကို
ကံကောင်းနေသေးသည်ဟု ဆိုရမည်ပင်။
မောင်ချစ်ပိုက
လူသတ်သမားပါဟု တေ့တေ့ဆိုင်ဆိုင်စွတ်စွဲပြောဆိုသော်လည်း ဘယ်သူ ကမှ
စေ့စေ့စပ်စပ်မမေးမိကြ။ ကလေးစကားမို့ အလေးမထားတာလည်းပါသည်။
သို့သော်
တစ်နေ့ ဟိုဖက်ရွာက ကထိန်ကိုအသွားမှာ မောင်ချစ်ပိုစကားများကို အလေးထားစရာအဖြစ်နှင့်
ထပ်ကြုံရပြန်သည်။
ကထိန်ကအပြန်လမ်းတွင်ဖြစ်သည်။
မောင်ချစ်ပိုကို
သူ့ဖခင်ကိုသန်းကျော်က ချီလာ၏။ မအေးကြင်က ဘေးမှလိုက်လာသည်။
ကလေးအကြီးလေးယောက်လည်းပါသည်။ ကလေးများက ရှေ့မှ ပြေးရင်းလွှားရင်းဆော့ရင်း
သွားနှင့်ကြလေ၏။
ရွာအနီး
ရှေးဟောင်းရေတွင်းပျက်ကြီးနားအရောက်တွင် မောင်ချစ်ပိုက ရေတွင်းပျက်ကြီးကို
လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
]ဟိုထဲမှာ
ကျွန်တော့်အလောင်းရှိတယ်}
]ဘာ-}
ကိုသန်းကျော်သည်
လမ်းလျှောက်နေရာမှ တန့်သွား၏။ မအေးကြင်ကလည်း မောင်ချစ်ပို စကားကို
သဲသဲကွဲကွဲကြားလိုက်ကာ လက်ညှိုးထိုးပြရာသို့ကြည့်လိုက်သည်။
]ငါ့သားချစ်ပို၊
မင်းဘာပြောတာလဲ}
]ဟောဟိုရေတွင်းပျက်ထဲမှာ
ကျွန်တော့်အလောင်းဗျ၊ ပွေးစိန်တို့တွေ ပစ်ချထားတာ}
]ဟေ-
ဒါဖြင့် မင်းက ဘယ်သူတုန်း}
]မောင်သန်းကြီးလေ-
ကျွန်တော်မောင်သန်းကြီး၊ အဘိုးတို့အိမ်မှာနေခဲ့တဲ့ မောင်သန်း ကြီးပေါ့}
]ဟာ-}
]အမလေး-}
]မင်း
မောင်သန်းကြီးဆိုရင် မှားနေပြီ ငါ့သား၊ ငါတို့က မောင်သန်းကြီးကို ကောင်းကောင်း
မွန်မွန် သဂြိုဟ်ပေးခဲ့တာပဲ၊ ရွာသုသာန်မှာ သဂြိုဟ်ခဲ့တာလေ}
]အဖေတို့မှားနေပြီ၊
အဲဒါ ကျွန်တော့်အလောင်းမဟုတ်ဘူး}
]ဘာကွ}
]ပွေးစိန်တို့ယုတ်မာထားတာဗျ၊
‘ဒီကောင်တွေ လူသတ်သမားတွေ}
]အစ်ကို၊
ချစ်ပိုလေး ‘ဒီစကားပြောတာ ‘ဒါနဲ့ဆို သုံးခါရှိပြီ}
မအေးကြင်က
ဝင်ပြောလိုက်သည်။
]အေးလေ-
တစ်ခါ ပွေးစိန်ကိုလှမ်းအော်ခေါ်ပြီး ပြောလိုက်တာ ငါ့ရှေ့တွင်ပဲ}
]သား-
ချစ်ပို၊ မင်းဟာ တကယ်ပဲ မောင်သန်းကြီးလား}
]ဟုတ်ပါတယ်ဆို၊
အမေကလဲ-}
]ဒါပေမယ့်
မင်းက ပွေးစိန်တို့ကို လူသတ်သမားတွေလို့ပြောခဲ့တယ်၊ မင်းသေရတာက ပိုးထိလို့လေ
ငါ့သားရယ်}
]ဒါတွေ
ကျွန်တော်အကုန်မှတ်မိပါတယ်၊ သူတို့သတ်တာက ကျွန်တော့်ကိုမဟုတ်ဖူးဗျ}
]ဟင်-}
]ဒါဆိုရင်
မင်းအကြောင်းပြောပြစမ်း ငါ့သားရယ်}
မောင်ချစ်ပိုက
ပြန်ပြောပြရာ သေသူမောင်သန်းကြီးဖက်ကအမြင်များဖြစ်နေသည်။ သူ့ အလောင်းနှင့် ကျောက်မလုံးအလောင်း
လဲထည့်ခဲ့ပြီး သူ့အလောင်းကိုတော့ ရေတွင်းပျက်ထဲ ပစ်ချထားတဲ့အကြောင်း
မကြေမနပ်ပြောပြသည်။
သူမကြေနပ်တာက..
မောင်သန်းကြီးအတွက်ရည်ရွယ်ပြီး ဝေခဲ့တဲ့အမျှကုသိုလ်ကို မရခဲ့ သောကြောင့်ဟု
ဆိုလေသည်။
+ + + +
+ + + + +
မောင်ချစ်ပိုပြောပြသောဇာတ်ကြောင်းက
တစ်ခဏချင်းပင် ရွာထဲသို့ပျံ့ လွင့်သွားသည်။ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး
အငြင်းပွားစရာတွေဖြစ်လာသည်။
ဖြစ်ရပ်က
သူကြီးမိသားစုနှင့်တိုက်ရိုက်ပတ်သက်နေသည်မို့ ဟုတ်မဟုတ်ကို ချက်ချင်း
စုံစမ်းကြသည်။
သင်္ချီုင်းထဲက
မြေပုံအလောင်းကိုပြန်ဖော်ဖို့က သူကြီးဆန္ဒပါရုံနှင့်မဖြစ်နိုင်သည်မို့ ရေ
တွင်းပျက်ထဲက အလောင်းဆိုတာကိုပဲ တကယ်ဟုတ်-မဟုတ်ကြည့်နိုင်ကြသည်။
တကယ်ပင်
ရေတွင်းပျက်ထဲမှာ လူသေအလောင်းတစ်လောင်းကိုတွေ့ရသည်။ အလောင်း ဆိုသော်လည်း
အရိုးကျနေပြီဖြစ်၍ မည်သူမည်ဝါ့အလောင်းဆိုတာတော့ မသိတတ်နိုင်တော့ပြီ။
သူကြီးက
ကျေးရွာအုပ်စုရဲကင်းကိုအကြောင်းကြားသည်။ သင်္ချီုင်းက အလောင်းကိုပြန်
ဖော်ကြည့်ဖို့လည်း ခွင့်တောင်းသည်။
လူဝင်စားလိုလို၊
ပူးပြောသလိုလိုပြောသည့် ကလေးစကားသည် သက်သေခံမဝင်သော် လည်း
ရေတွင်းပျက်ထဲကအလောင်းကိုတွေ့ထားသည့်အကျိုးဆက်ရှိနေ၍.. ရဲစခန်းက စည်းကမ်း
နှင့်အညီဆောင်ရွက်ပေးသည်။
ရွာသုသာန်က
မောင်သန်းကြီးမြေပုံကို လူကြီးစုံရာရှေ့မှာ ပြန်ဖော်ကြသည်။ အလောင်းမှာ
သုံးနှစ်ကြာပြီဖြစ်၍ အရိုးကျနေပြီဖြစ်သော်လည်း ခေါင်းထဲမှအလောင်းမှာ ကျောက်မလုံး
အလောင်းဖြစ်ကြောင်း သိသာထင်ရှားသည့်အထောက်အထားများ တွေ့ရလေ၏။ အထူးသဖြင့်
ကျောက်မျက်လုံး။ ကျောက်မျက်လုံးကြီးကိုအကောင်းပကတိအတိုင်း ခေါင်းကြမ်းပြင်မှာ
တွေ့ရသည်။
သည်အချိန်တွင်
ရွာ၌ ပွေးစိန်ရော၊ တိုးအောင်ပါ မရှိကြတော့။ မောင်သန်းကြီးမြေပုံ
ကိုပြန်ဖော်မည်ကြားသည်နှင့်ပြေးကြပြီ။ သူတို့က မောင်ချစ်ပို
ရှေ့ဦးပြောသည့်စကားများအရ မောင်ချစ်ပိုကို ကျောက်မလုံးဝင်စားသူဟု ထင်ထားခဲ့ကြသည်။
အကြောင်းစုံဖော်ပြောမှ မောင် ချစ်ပိုမှာ မောင်သန်းကြီးဝင်စားသူဖြစ်မှန်း သိရတော့၏။
မောင်ချစ်ပိုက
မောင်သန်းကြီးဘ၀တုံးက သူ့အလောင်းကို ပွေးစိန်တို့ မလေးမခန့် လုပ်ခဲ့သည့်အပေါ်မှာ
မကြေနပ်ခြင်းဖြစ်သည်။
အလောင်းနှစ်ခုလုံးကို
တိုက်ဆိုင်ကြည့်ချက်အရ မောင်ချစ်ပိုလေးပြောသမျှ အမှန်ဖြစ်နိုင် ကြောင်း သိလာရသည်။
ရဲကင်းက
တာဝန်ရှိဒုရဲအုပ်က အဖြစ်အပျက်အပေါ်မှာ မကြေလည်လှပေ။ လူဝင်စားဆိုသူ ပြောသောစကားကို
အတည်ယူလို့မရနိုင်။ တရားရုံးတွင် သက်သေခံမဝင်ပေ။ ‘ဒါနဲ့ပဲ အပြစ်ရှိသ lသုံးယောက်ကို
စစ်ဆေးခွင့်မရပဲ လွှတ်ပစ်ရတော့မည်လား။
ဒုရဲအုပ်
ကိုဝင်းစိုးဆိုသူက မောင်ချစ်ပိုပြောသောအဖြစ်အပျက်သည် အမှန်ဖြစ်ပါက ဥပဒေအတိုင်း
တရားခံများကိုအရေးယူနိုင်အောင် နည်းလမ်းတကျ ဆောင်ရွက်ခဲ့လေသည်။
+ + + +
+ + + + +
ဒုရဲအုပ်ကိုဝင်းစိုးက
ကျောက်မလုံးခင်ကြိုင်၏ဇနီး မအုံးချီနှင့်သွားရောက် တွေ့ဆုံခဲ့သည်။
အကျိုးအကြောင်းပြောပြကာ လွန်ခဲ့သောသုံးနှစ်က ဖိုးထိန်နှင့်အတူ ရွာမှထွက်သွားရာမှ
ကျောက် မလုံးပြန်မလာကြောင်းကို အမှုဖွင့်ခိုင်းသည်။ မအုံးချီက မြို့နယ်ရဲစခန်းတွင်
လူပျောက်တိုင်ကြား ခဲ့သည်။
မအုံးချီ၏လူပျောက်တိုင်ကြားချက်အရ..
ဖိုးထိန်ကို မြို့မှရဲစခန်းသို့ခေါ်စစ်ခဲ့၏။ ဖိုးထိန် အမှန်အတိုင်း တွက်ဆိုခဲ့ရသည်။
ဖိုးစိန်ထွက်ချက်များက မောင်ချစ်ပိုလေးပြောသမျှနှင့် တသွေ မတိမ်းတူနေ၏။
သူတို့သုံးယောက် ကျောက်မလုံးခင်ကြိုင်ကိုသတ်၍ မောင်သန်းကြီးနှင့်
အလောင်းချင်းလဲပြီး ငွေတွေခွဲယူခဲ့တာ အားလုံးပေါ်သွားသည်။
စခန်းက
ပွေးစိန်နှင့်တိုးအောင်တို့ကို စုံစမ်းရှာဖွေခဲ့ရာ အနီးအပါးရွာများတွင် တကွဲစီ
တိမ်းရှောင်နေသော တရားခံနှစ်ယောက်ကို တစ်ပတ်အတွင်းဖမ်းမိလေသည်။
တရားခံသုံးဦးလုံး၏
ဝန်ခံချက်အရ.. တရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ခဲ့၏။
စီရင်ချက်ချရာတွင်-
ပွေးစိန်က ထောင်ဆယ်နှစ်နှင့် တိုးအောင်နှင့်ဖိုးထိန်က ထောင်ခုနစ် နှစ်စီ အသီးသီး
ကျသွားကြသည်။
+ + + +
+ + + + +
မောင်သန်းကြီး၏အရိုးများကို
ရွာသင်္ချီုင်းတွင် နေရာတစ်နေရာ၌ ထပ်မံသဂြိုဟ် ပေးခဲ့ပါသည်။
မေတ္တာပို့အမျှအတန်းဝေပေးခဲ့သည်။
ထိုသို့ပြုလုပ်ပေးပြီးနောက်ပိုင်း
မောင်ချစ်ပိုလေး ထိုအကြောင်းကိုမပြောတော့ပေ။
ဘယ်လိုမေးမေး
မေးလို့မရတော့။ ပြောလည်းမပြောသည့်အပြင် ဘာမှမသိတော့ချေ။
သည်တွင်
မောင်သန်းကြီး၏အလောင်းကို ရေတွင်းထဲပစ်ချခဲ့သည့်အကြောင်း ပြောခြင်း မှာ-
လူဝင်စားဖြစ်၍ ပြောခြင်းလား၊ မောင်သန်းကြီး၏ဝိညာဉ်က မကျွတ်မလွတ်ဖြစ်၍ ပြောခြင်း
လားဆိုတာ ငြင်းခုန်စရာဖြစ်လာလေသည်။
လူဝင်စားဖြစ်လျှင်
ယခုလည်း မှတ်မိနေရမည်။ ပြောနိုင်ရမည်။ ပြီးတော့ မောင်ချစ်ပိုသည်
မောင်သန်းကြီးသေပြီးနောက်ပိုင်းအကြောင်းများကိုသာ ပြောခဲ့ခြင်းဖြစ်သည်။
အသက်ရှင်စဉ်က အကြောင်းများကို မပြောခဲ့ဖူးပေ။
ထို့ကြောင့်
မောင်သန်းကြီးအဖြစ်နှင့် သူ့အလောင်းကို မလေးမခန့်လုပ်ခဲ့ခြင်းအား လူတွေ သိစေချင်၍
မောင်ချစ်ပိုလေးကို ပူးပြောခြင်းသာဖြစ်သည်ဟု ထင်ကြေးပေးကြ၏။ သူ့အလောင်း အတွက်
နေရာတစ်ခုနှင့်အမျှအတန်းပေးဝေပြီးသည့်အခါ မောင်သန်းကြီးကျွတ်လွတ်သွားပြီ။
ထို့ကြောင့် မောင်ချစ်ပိုကို မပူးတော့ခြင်း ဖြစ်မည်ဟု သတ်မှတ်ကြ၏။
မည်သို့ဆိုစေ-
အဖြစ်အပျက်က ထူးဆန်းသည်နှင့်အမျှ သံဝေဂယူစရာတွေပါရှိနေ၍
ဂုံညှင်းတန်းရွာနှင့်အနီးအပါးရွာများအားလုံး ထိုအဖြစ်ကို နှစ်အတော်ကြာသည့်တိုင်
ပြောမဆုံး နိုင်ဖြစ်နေကြရလေသည်။
အမှုမှန်ပေါ်ပေါက်ရတာဟာ-
မောင်ချစ်ပိုလေး လူဝင်စားဖြစ်လို့လား၊ မောင်သန်းကြီးရဲ့
မကျွတ်လွတ်သောနာနာဘာဝဝိညာဉ်ကပဲ ပူးပြောလို့လားဆိုတာကိုပါ ငြင်းခုန်ဆွေးနွေးလို့
မဆုံးနိုင်အောင် ဖြစ်နေရလေတော့၏။
_ _ _ _
_
ဆောင်းလုလင်
No comments:
Post a Comment