Thursday 27 December 2012

Audio Joke 13 အဖေ၊ အမေနှင့် သားသမီးများ

Audio Joke 13

အဖေ အမေ နှင့် သားသမီးများ

သားသမီးတွေ တစ်မြို့တစ်နယ်စီမှာရောက်နေလို့ 
ဆုံဆည်းချင်တဲ့မိဘများအတွက်
သားသမီးများ ကိုယ့်အနားကို တစ်စုတစ်စည်းတည်း ရောက်လာစေမယ့် 
နည်းလမ်းလေးတစ်ခုပါ။

Tuesday 25 December 2012

မော်မော့်မောင်- အစဉ်အလာမပျက် ကျင့်သုံးကြဆဲ ပုံသေနည်း (အတိုဆုံးအသံထွက်ဝတ္ထု)

မော်မော့်မောင်

အစဉ်အလာမပျက် ကျင့်သုံးကြဆဲ ပုံသေနည်း

 ၂၀၀၈ခုနှစ်၊ ဇန်န၀ါရီလထုတ်
ကလျာမဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့်
မော်မော့်မောင်...၏
အစဉ်အလာမပျက် ကျင့်သုံးကြဆဲပုံသေနည်း
တစ်မျက်နှာဝတ္ထုတိုကို 
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။

မရွှေအံ- သားထောက်သမီးခံ (အတိုဆုံးအသံထွက်ဝတ္ထု)

မရွှေအံ

သားထောက်သမီးခံ


၂၀၀၈ခုနှစ်၊ ဇန်န၀ါရီလထုတ်၊ ကလျာမဂ္ဂဇင်း....ပါ

မရွှေအံ....၏

သားထောက်သမီးခံ

တစ်မျက်နှာဝတ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်ထားခြင်းဖြစ်ပါသည်။

Monday 24 December 2012

Audio Joke 12 တိကျသေချာလိုက်ပုံများ

Audio Joke 12 

တိကျသေချာလိုက်ပုံများ

သတ္တိအရာ နဲ့ လုပ်ရဲကိုင်ရဲတဲ့နေရာမှာ
ယောကျာ်းနဲ့မိန်းမ.... ဘယ်သူက ပိုသာသလဲ?
အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIAက
သည်းထိတ်ရင်ဖိုဖွယ် ဖြစ်ရပ်ဆန်းလေးတစ်ခုပါ။

Audio Joke 11 ဘယ်ဖြစ်မလဲကွ

Audio Joke 11 

ဘယ်ဖြစ်မလဲကွ

မိန်းမက ပြောတယ်။
နမ်းမှာလားမောင်ရဲ့... မွှေးတယ်ရှင့်...တဲ့။
ယောကျာ်းက ပြန်ပြောတယ်။
ဘယ်ဖြစ်မလဲကွ...တဲ့။

Audio Joke 10 အိုဘားမားနှင့်နတ်သမီး

Audio Joke 10 

အိုဘားမားနှင့်နတ်သမီး

အိုဘားမားရဲ့ဆုတောင်းကို

နတ်သမီးက ဖြည့်ဆည်းပေးနိုင်ခဲ့သလား?

Friday 14 December 2012

မိုးသား(သမိုင်း)-လူ (အတိုဆုံးအသံထွက်ဝတ္ထု)

မိုးသား(သမိုင်း)

လူ 

 ကလျာမဂ္ဂဇင်းမှာ ပါရှိခဲ့တဲ့ 
တစ်မျက်နှာဝတ္ထုတိုလေးကို 
အတိုဆုံးအသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါတယ်။ 

စီစဉ်တင်ဆက်သူ- နွေတမာန်

နောက်ခံအသံ- နွေတမာန်

Audio Joke 9 ထင်မြင်ယူဆမှုဘာသာရပ်

Audio Joke 9 

ထင်မြင်ယူဆမှုဘာသာရပ်

သင့်မှာ ခွေးတစ်ကောင်ရှိပါသလား?
  ခွေးတစ်ကောင်မှ မပိုင်ဘူးဆိုရင်...
သင်ဟာ အခြောက်ကြီးတစ်ယောက်ဖြစ်ပါလိမ့်မယ်။
အခြောက်မဖြစ်ချင်ရင် ခွေးမွေးပါ။

Audio Joke 8 အပြစ်ကိုယ်စီရှိကြသည်

Audio Joke 8 

အပြစ်ကိုယ်စီရှိကြသည်

သီလရှင် ၄ပါးဟာ  သူတို့ကျူးလွန်ခဲ့မိတဲ့
မဖွယ်မရာလုပ်ရပ်များကို 
ကိုယ်စီ ၀န်ခံခဲ့ကြပါတယ်။
ဒါပေမယ့်.....

Audio Joke 7 မှတ်မိရခြင်းအကြောင်းရင်း

Audio Joke 7 

မှတ်မိရခြင်းအကြောင်းရင်း

မွေးမြူရေးသမားကြီးဟာ
သူ့ရဲ့ နို့စားနွားမတွေကို
နာမည်နဲ့တကွ တစ်ကောင်ချင်း
ဘာကြောင့်မှတ်မိနေရတာလဲ ?

Thursday 13 December 2012

Audio Joke 6 ထပ်တူကျချိန်

Audio Joke 6

ထပ်တူကျချိန်


ကျည်ဆံတစ်ခုတည်းနဲ့ ပစ်မှတ်နှစ်ခုကို ပစ်နိုင်အောင် ထပ်တူကျတဲ့အချိန်

Sunday 2 December 2012

ဝေနီအောင်ဝင်း- မုသားဖြူ (အတိုဆုံးအသံထွက်ဝတ္ထု)

ဝေနီအောင်ဝင်း(ချောက်)

မုသားဖြူ 

ကလျာမဂ္ဂဇင်းမှာ ပါရှိခဲ့တဲ့

တစ်မျက်နှာဝတ္ထုတိုလေးကို

အတိုဆုံးအသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါတယ်။ 

စီစဉ်တင်ဆက်သူ- နွေတမာန်

နောက်ခံအသံ- နွေတမာန်

Audio Joke5 တိုက်တိုက်ဆိုင်ဆိုင်

Audio Joke5 

တိုက်တိုက်ဆိုင်ဆိုင်

တိုက်ဆိုင်လိုက်တာနော်....

Audio Joke4 အပြန်အလှန်

Audio Joke4 

အပြန်အလှန်


မေတ္တာဆိုတာ ရောင်ပြန်ဟပ်ပါတယ်တဲ့။

Audio Joke3 မြင်းမ

Audio Joke3

 မြင်းမ

၁မိနစ်နဲ့ ၁၈စက္ကန့်ပဲရှိတဲ့ ဟာသအတိုလေးပါ။

Saturday 1 December 2012

Friday 30 November 2012

ခေးကို(မန်း)- တောက်ခေါက်သံ (အတိုဆုံးအသံထွက်ဝတ္ထု)


ခေးကို(မန်း)

တောက်ခေါက်သံ

တစ်မျက်နှာဝတ္ထုတို၊ အတိုဆုံးဝတ္ထုတို... စသဖြင့်
မဂ္ဂဇင်းများမှာ ဖော်ပြနေတဲ့ ၀တ္ထုတိုလေးများဟာ
တိုတိုလေးနဲ့ ထိထိမိမိရှိလှပါတယ်။
အတိုဆုံးဝတ္ထုများကို သီးခြားကဏ္ဍတစ်ခုအဖြစ်
စီစဉ်တင်ဆက်လိုက်ပါတယ်။


Audio Joke ထင်မိယောင်မှား

Audio Joke 1

ထင်မိယောင်မှား

ဟာသအတိုအထွာပေါင်းများစွာထဲက အသံနဲ့ ဖျော်ဖြေတင်ဆက်လို့ သင့်လျော်တဲ့
ဟာသလေးများကို Audio Joke ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကဏ္ဍတစ်ခုအနေနဲ့
ဖျော်ဖြေတင်ဆက်သွားဖို့ အစီအစဉ်ရှိပါတယ်။
အခု တင်ပြလိုက်တာလေးကတော့… ပထမဆုံး Audio Joke ကလေးပါပဲ။
ထင်မိယောင်မှား…. တဲ့။
အချိန်အတိုင်းအတာ ၄မိနစ်ပဲရှိတာမို့… ခံစားနားဆင်ကြည့်လိုက်ပါဦး။


Tuesday 27 November 2012

မင်းလူ၏အသံထွက်ဝတ္ထု- တစ်ဖက်သားရူးအောင် ပြုရက်လေတယ်

မင်းလူ

တစ်ဖက်သားရူးအောင်ပြုရက်လေတယ်

 စာရေးဆရာ မင်းလူ
 

စာရေးဆရာမင်းလူ၏ တစ်ဖက်သားရူးအောင်ပြုရက်လေတယ်...၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်ထားခြင်းဖြစ်ပါသည်။
 စီစဉ်တင်ဆက်သူ- နွေတမာန်
နောက်ခံအသံ- နွေတမာန်

Monday 26 November 2012

မှော်ဝင်သီချင်း (သို့မဟုတ်) သံသရာတစ်ကွေ့ဝယ်

မှော်ဝင်သီချင်း (သို့မဟုတ်) သံသရာတစ်ကွေ့ဝယ်


စာရေးဆရာ ဆောင်းလုလင် ၏ မှော်ဝင်သီချင်း လုံးချင်းဝတ္ထုတွင်
အဓိကဇာတ်ဝင်သီချင်းအဖြစ် အသုံးပြုထားသော
စန္ဒရားလှထွဋ်-ရေးသား၍
ကိုတင်ထွဋ်-သီဆိုခဲ့သည့်
သံသရာတစ်ကွေ့ဝယ်... သီချင်းဖြစ်ပါသည်။
  

မှော်ဝင်သီချင်းလုံးချင်းဝတ္ထုကို ဖတ်ရှုလိုပါက ဤနေရာကို နှိပ်ပါ။

ဆောင်းလုလင်- မှော်ဝင်သီချင်း

ဆောင်းလုလင်

မှော်ဝင်သီချင်း

ဆုပြည့်စုံထွန်းစာပေမှ ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ဝေခဲ့သည့်
ဆောင်းလုလင် ၏ လုံးချင်းဝတ္ထုဖြစ်ပါသည်။
မျက်နှာဖုံးပန်းချီ- ချမ်းမှိုင်းအောင်

လုံးချင်းဝတ္ထုကို ဖတ်ရှုလိုပါက ဤနေရာကို နှိပ်ပါ

Friday 23 November 2012

ဆောင်းလုလင်၏အသံထွက်ဝတ္ထု- မိုက်တယ်ဆိုတာ ဒီလိုလား

ဆောင်းလုလင်

မိုက်တယ်ဆိုတာ ဒီလိုလား


ဝ ဿ      န် စာမူပြိုင်ပွဲတွင် ဆုရရှိခဲ့သည့်
ဆောင်းလုလင် ၏ မိုက်တယ်ဆိုတာဒီလိုလား... ၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်ထားခြင်းဖြစ်ပါသည်။

မူရင်းဝတ္ထုတိုကို မြန်မာဘာသာဖြင့် ဖတ်ရှုလိုပါက ဤနေရာကို နှိပ်ပါ။

မူရင်းဝတ္ထုတို အင်္ဂလိပ်ဘာသာပြန်ကို ဖတ်ရှုလိုပါက ဤနေရာကို နှိပ်ပါ။

Sunday 18 November 2012

မင်းလူ၏အသံထွက်ဝတ္ထု- ဓားနှင့်နှင်းဆီ

မင်းလူ

ဓား နှင့် နှင်းဆီ

 စာရေးဆရာ မင်းလူ


စာရေးဆရာမင်းလူ၏ ဓားနှင့်နှင်းဆီ.. ၀တ္ထုတိုအား
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။
စီစဉ်တင်ဆက်သူ- နွေတမာန်
နောက်ခံအသံ- နွေတမာန်

Saturday 17 November 2012

ဆောင်းလုလင်- ဖုတ်လှိုက် ဖုတ်လှိုက် ဆည်းဆာ (၀တ္ထုတို)



ဆောင်းလုလင်

ဖုတ်လှိုက် ဖုတ်လှိုက် ဆည်းဆာ

..............
ရန်ကုန်မြို့လည်ရှိ မြို့နယ်ရဲစခန်းတစ်ခုသို့ တယ်လီဖုန်းသတင်း တစ်ခုဝင်လာသည်။
တာဝန်ကျဝန်ထမ်းက ဖုန်းကိုလက်ခံနားထောင်သည့်အခါ လူသတ် မှုသတင်းပေးပို့ချက်တစ်ခုကို လက်ခံရရှိလေသည်။
]ကျွန်မ ကေဇာခိုင်သွယ်ပါ၊ သတင်းတစ်ခုပေးချင်လို့}
]ကေဇာခိုင်သွယ်၊ ဟုတ်လား}
]ဟုတ်ပါတယ်၊ ......လမ်း၊ တိုက်နံပါတ်၈က ကေဇာခိုင်သွယ် ပါ၊ လူကြီးမင်းတို့ရဲစခန်းအပိုင်ထဲကပါပဲ}
]ရုပ်ရှင်မင်းသမီးကေဇာခိုင်သွယ်ပေါ့}
]ဟုတ်ပါတယ်ရှင်၊ မှန်ပါတယ်၊ လူသတ်မှုသတင်းတစ်ခု ကျွန်မ ပေးချင်လို့ပါ}
]ဘယ်မှာဖြစ်တာလဲ၊ ဘယ်တုန်းကဖြစ်တာလဲ}
]အခုပဲဖြစ်တာပါ၊ ကျွန်မအိမ်မှာပါ၊ လူတစ်ယောက်ကိုကျွန်မကိုယ် တိုင်သတ်လိုက်တာပါ၊ ကျွန်မကိုဗလက္ကာရပြုဖို့ ကြိုးစားတဲ့လူတစ်ယောက်ကို ပေါ့၊ အလောင်းလည်း အိမ်မှာရှိနေတယ်၊ လူကြီးမင်းတို့ကိုယ်တိုင် ကျွန်မ ကိုလာဖမ်းလှည့်ပါတော့}
+ + + + + + + + +
ကေဇာခိုင်သွယ်က မှန်ထဲတွင်ပေါ်နေသော သူမမျက်နှာကိုတစိမ့် စိမ့်စိုက်ကြည့်လျှက်ရှိသည်။ မျက်နှာအသားပြင်တစ်ခုလုံး တင်းရင်းစွာဖြင့် ရေးအကြောင်းမဲ့စွာ ဖြူစင်ဝင်းမွတ်စွာရှိနေသည်။ နဂိုကပင် မှဲ့တစ်ပေါက်မှမ ရှိခဲ့ပါ၍ ကေဇာခိုင်သွယ်၏မျက်နှာပြင်၌ ရှင်းလင်းနေသည်။ ဒါတောင် ဒါဟာ မိတ်ကပ်လိမ်းမထားတဲ့မျက်နှာလေ။ ဒီမျက်နှာကို ဘယ်သူကမလှဘူးလို့ပြော မှာလဲ။ ကြည့်မကောင်းပါဘူးလို့ ပြောရဲမှာလဲ။ ပြောရက်မှာလဲ။

ဆောင်းလုလင်- ရောင်ပြန်ဟပ်တဲ့အရာ (မဂ္ဂဇင်းဝတ္ထုရှည်)

ဆောင်းလုလင်

ရောင်ပြန်ဟပ်တဲ့အရာ 

..............

"ပိုက်ဆံတစ်ကျပ်လောက်၊ ထီထိုးချင်လို့"
ကျွန်တော်၏ပခုံးကိုအတို့ခံလိုက်ရ၍ လှည့်ကြည့်လိုက်ရာ အသက် အတန်ကြီးလှပြီဖြစ်သော လူကြီးတစ်ယောက်က လက်ညှိုးတစ်ချောင်းထောင် ပြကာ တောင်းခံနေသည်ကိုတွေ့ရ၏။
]ထီထိုးချင်လို့ပါဗျာ၊ ငွေတစ်ကျပ်လောက်ပေးစမ်းပါ}
ကာလ၊ဒေသနှင့်လူကြီး၏အခြေအနေကိုကြည့်ကာ လူကြီးမှာ စိတ်မမှန်သူတစ်ယောက် ဖြစ်ကြောင်း သိလိုက်သည်။ အသက်၆၀ကျော်အရွယ်ထိ ရောက်နေပြီဖြစ်သည့်လူကြီးသည် တုန်ယင် ချိနဲ့၍ပင်နေပါပြီ။ သူ၏ မျက်လုံး များက စိတ်မူမမှန်သူ ဖြစ်ကြောင်း ရှင်းရှင်းကြီးဖော်ပြနေသည်။
ကျွန်တော်သည် အဘိုးကြီးကိုသနားသွားမိ၏။ ဒီခေတ်ဒီကာလမှာ သူတောင်းတဲ့ငွေက တစ်ကျပ်တဲ့။ ခေတ်နှင့် မျက်ခြည် ပြတ်လောက်အောင်ပင် စိတ်အခြေအနေယိမ်းယိုင်နေသူပါတကား။
ကျွန်တော်က မော့်သောက်ရန်ပြင်ထားသော ဘီယာခွက်ကို စားပွဲ ပေါ်သို့ပြန်ချလိုက်ကာ ပိုက်ဆံအိတ်ကိုဖွင့်၍ ငွေစက္ကူ တစ်ရွက်ကို နှိုက်လိုက်သည်။ နှစ်ရာတန်တစ်ရွက်ပါလာ၏။ သူတောင်းခံ တဲ့ငွေအချိုးအစားထက် များစွာတန်ဖိုးရှိသောငွေစက္ကူ။
ကျွန်တော် အဘိုးကြီးအား နှစ်ရာတန်စက္ကူကို ကမ်းပေးလိုက်၏။
အဘိုးအိုကငွေစက္ကူကိုလှမ်းယူရင်း ကျွန်တော့်ကိုကျေးဇူးတင်သည့် မျက်လုံးများဖြင့်ကြည့် သည်။
]ကျေးဇူးတင်ပါတယ်ဗျာ၊ကျုပ် ဒီပိုက်ဆံကို ထမင်းဝယ်မစားပါဘူး၊ ထီထိုးမှာပါ၊ ကျေးဇူးပဲနော်၊ ထီပေါက်ရင် မင်းကို တစ်ဝက်ပေးမယ်၊ သိလား၊ ဒီတစ်ခါတော့ ကျုပ်ကတိတည်ပါ့မယ်၊ ထီပေါက်ရင် မင်းကို မညာပါဘူး၊ ငွေ တစ်ဝက်လာပေးပါ့မယ်၊ နော်}

Thursday 15 November 2012

ယဉ်ယဉ်နု(မန္တလေး)၏အသံထွက်ဝတ္ထု- မြို့ကလေးက မြို့ကလေးကို ကုပ်တွယ်ပွေ့ဖက်လို့

ယဉ်ယဉ်နု(မန္တလေး)

မြို့ကလေးက မြို့ကလေးကို ကုပ်တွယ်ပွေ့ဖက်လို့

စာရေးဆရာမ ယဉ်ယဉ်နု(မန္တလေး)



ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း..မှာ ဖော်ပြခဲ့တဲ့
ယဉ်ယဉ်နု(မန္တလေး)...ရဲ့
မို့ကလေးက မြို့ကလေးကို ကုပ်တွယ်ပွေ့ဖက်လို့
အမည်ရှိတဲ့ ၀တ္ထုတိုလေးကို
အသံထွက်ဝတ္ထုအဖြစ် ဖန်တီးထားတာပါ။
ဇာတ်လမ်းနဲ့ကိုက်ညီလို့
တေးသံရှင်... ထား... သီဆိုထားတဲ့
မွန်တို့ဌာနီ...မူရင်းသီချင်းကို ထည့်သွင်းအသုံးပြုထားပါတယ်။

နွေတမာန် ၏ အသံထွက်ဝတ္ထု- မုဆိုးလား... သားကောင်လား...

နွေတမာန်
မုဆိုးလား ... သားကောင်လား ...



စာရေးဆရာ နွေတမာန်...၏
မုဆိုးလား.. သားကောင်လား... ၀တ္ထုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။

Wednesday 14 November 2012

ဖေမြင့် ၏ အသံထွက်ဝတ္ထု- အချို့သောသူများအကြောင်း

ဖေမြင့်

အချို့သောသူများအကြောင်း

  စာရေးဆရာ ဖေမြင့်


စာရေးဆရာ ဖေမြင့်...၏
အချို့သောသူများအကြောင်း.... ၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။
စီစဉ်တင်ဆက်သူ- နွေတမာန်
နောက်ခံအသံ- နွေတမာန်

Saturday 10 November 2012

လေဘာတီမမြရင် နှစ်တစ်ရာပြည့် ဂုဏ်ပြုအစီအစဉ်

 ဆောင်းလုလင်
မြနဲ့မောင်နဲ့ ခုမှတွေ့တာ
 
လေဘာတီမမြရင် နှစ်တစ်ရာပြည့်ကို ဂုဏ်ပြုရေးသားသော
ဆောင်းလုလင်....၏ မြနဲ့မောင်နဲ့ခုမှတွေ့တာ... လုံးချင်းဝတ္ထုတွင် ပါဝင်သည့် 
ရွှေပြည်စိုး... ဇာတ်ဝင်သီချင်းအား တင်ဆက်လိုက်ပါသည်။


Friday 26 October 2012

Is that Foolishness?

Is that Foolishness?
 
ဆောင်းလုလင်
မိုက်တယ်ဆိုတာ ဒီလိုလား
၂၀၁၂ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့မှ (၉)ရက်နေ့အထိ ရန်ကုန်မြို့၊ မဟာသန္တိသုခကျောင်းတိုက်တွင် ကျင်းပခဲ့သော ၀ဿန်ရုပ်ရှင်ပြိုင်ပွဲတွင် စာမူပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပခဲ့ပါသည်။
အဆိုပါစာမူပြိုင်ပွဲတွင် ...ဆောင်းလုလင် ရေးသားသော... မိုက်တယ်ဆိုတာ ဒီလိုလား .... အမည်ရှိ ၀တ္ထုတိုအား အကောင်းဆုံးဝတ္ထုတိုအဖြစ် ဆုချီးမြှင့်ခဲ့ပါသည်။
ဝဿန်ရုပ်ရှင်ပွဲတော်တာဝန်ခံ Mr. Christoph Amthor မှ စာရေးဆရာဆောင်းလုလင်အား ဆုချီးမြှင့်စဉ်

အထက်ပါ ဆုရ၀တ္ထုတိုကို အင်္ဂလိပ်ဘာသာပြန်ဆိုချက်အား တင်ပြလိုက်ပါသည်။ 

ဘာသာပြန်ဆိုသူ- ဌေးဦးမော်(မဟာဝိဇ္ဇာ)

   

Is that Foolishness?

Written by; Saung Luu Lin                                                         
Translated by; Htay Oo Maw
Today, Nga Htu was freed from jail. Na Htu Gyi spent most of his life in the jail. He has expected that he would end his life in the prison. When the Prison Authority called him for informing his freedom from jail, he felt that he was sentenced to go to hell.
“Now you became an independent commoner. You can move freely in the outside world. Well, Ko Htu Gyi, forget your committed sins in the past. You’ve paid your evils. You take it as ‘already washed’ with new spirit stay calmly by taking an honest career. I’m really glad for you.’
Those are the words spoken by the Chief Jailor before his departure. They gladly informed his amnesty as a result of nationally celebrated function. On the other hand, Nga Htu Gyi wavered why the authorities were pleased in precipitating a person into trouble.

Wednesday 24 October 2012

ယဉ်ယဉ်နု(မန္တလေး) ၏ အသံထွက်ဝတ္ထု- မုသား၏အလျားနှင့်အနံ

ယဉ်ယဉ်နု(မန္တလေး)

မုသား၏ အလျားနှင့်အနံ


စာရေးဆရာမ ယဉ်ယဉ်နု(မန္တလေး)

၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလထုတ်
ရွှေအမြုတေမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော
ယဉ်ယဉ်နု(မန္တလေး)၏
မုသား၏အလျားနှင့်အနံ- ၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ခြင်းဖြစ်ပါသည်။

ဆောင်းလုလင်၏ အသံထွက်ဝတ္ထု - မ

ဆောင်းလုလင်

စာရေးဆရာ ဆောင်းလုလင်
... အမည်ရှိဝတ္ထုတိုအား
အသံထွက်ဝတ္ထုအဖြစ်တင်ဆက်လိုက်ပါသည်။
စီစဉ်တင်ဆက်သူ- နွေတမာန်   


ဆောင်းလုလင် - မ (၀တ္ထုတို)



ဆောင်းလုလင်


"သား  ...ပြန်တော့လေ၊ ရုံးကထွက်လာတာ ကြာပြီမဟုတ်လား၊ ရထားလည်းထွက်တော့မှာပဲ၊ အမေတို့ နေလို့ဖြစ်ပါပြီ၊ ရုံးမှာပြောစရာဖြစ်နေ မယ်၊ ပြန်တော့သား"
အမေက ကျွန်တော့်ကို ပြောလိုက်သည်။
အမေတို့ပြန်မယ့်ရထားထွက်ချိန်အထိ ကျွန်တော်စောင့်ချင်ပါသည်။ ရထားပေါ်မှာ အမေပါသွားတာကိုကြည့်ပြီး လက်ပြနှုတ်ဆက်ချင်ပါသေး သည်။
သို့သော်  ...အခြေအနေက အမေပြောသလိုဖြစ်နေသည်။ အမေ တို့ကို ဘူတာလိုက်ပို့ဖို့ ရုံးမှထွက်လာခဲ့ရာ ကြည့်မြင်တိုင်မှ အမေတည်းခိုသည့် ကျွန်တော့်အစ်မကြီးအိမ်မှာသွားခေါ်ရသည်။ အမေနှင့်တူမလေးကို ဘူတာ အထိလိုက်ပို့ပေးတာနှင့်ပင် အချိန်က တစ်နာရီကျော်ကြာသွားပါပြီ။ ကျွန်တော် ရုံးကိုပြန်ဖို့သင့်ပြီ။ အချိန်အကြာကြီးပျောက်နေလို့ မသင့်တော်ပါ။
"ဟုတ်ကဲ့အမေ၊ ဒါဆို သားသွားတော့မယ်နော်၊ အမေတို့လည်း ရထားပေါ်တက်တော့လေ"
ကျွန်တော်က အင်္ကျီအိတ်ကပ်ထဲမှ ငါးရာတန်တစ်ရွက်ကိုထုတ် ယူလိုက်သည်။ ကျွန်တော့်တူမလေးကို ပွေ့ချီကာနမ်းလိုက်ရင်း ငါးရာတန် ကို သူ့အတွက် မုန်းဖို့အဖြစ်ပေးလိုက်သည်။ တူမလေးအတွက် ကျွန်တော် တတ်နိုင်သည်မှာ ဤမျှသာဖြစ်ပါသည်။ 
"ဦးဦး မြို့ကိုလာခဲ့ဦးနော်၊ ညီမလေးကိုပါ ခေါ်ခဲ့"
တူမလေးက ပြောသည်။
"ကဲ  ...ငါ့သားပြန်တော့၊ အမေတို့လည်း ရထားပေါ်တက်တော့မယ်"

ဆောင်းလုလင်- လိပ်ပြာပွေလီ (မဂ္ဂဇင်းဝတ္ထုရှည်)



ဆောင်းလုလင်

လိပ်ပြာပွေလီ
-------------------

မေမေခင်၏အိပ်မက်

မေမေခင် ထိုအိပ်မက်ကို မက်ခဲ့သည့်နေ့မှာ သီတင်းကျွတ်လပြည့် နေ့ဖြစ်သည်။
သီတင်းကျွတ်လပြည့်နေညမှာ ကို့မိဘများနှင့် မေမေခင့်မိဘများ ဆီ သွားကန်တော့ကြသည်။ အိပ်မက်ကို ထိုနေ့ညက မက်ခဲ့ခြင်းဖြစ်သော ကြောင့် သီတင်းကျွတ်လပြည့်နေ့ဆိုတာကို မှတ်မှတ်ရရဖြစ်နေရခြင်းဖြစ်ပါ သည်။ 
အိပ်မက်က ချောက်ခြားဘို့ကောင်းသလို ထူးလည်းထူးဆန်းလှပါ သည်။
အိပ်မက်ထဲ၌ မေမေခင်သည် ကတ္တရာလမ်းမကြီးတစ်ခုပေါ်တွင် လျှောက်သွားလျှက်ရှိသည်။ ညအချိန်ဖြစ်ကာ ကတ္တရာလမ်းမကြီးသည် ရောင်အောက်တွင် ပြောင်ချောနေပေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးကတော့ တိတ်ဆိတ်ငြိမ်သက်နေသည်မှာ ချောက်ချားဖွယ်ကောင်းလှပေသည်။
မေမေခင်သည် ရှည်လျားဖြောင့်ဖြူးသော ကတ္တရာလမ်းမကြီးတ လျှောက် ထိတ်လန့်စွာလျှောက်လှမ်းနေလျှက်ရှိ၏။ ဘာ့ကြောင့် ဘာကိုထိတ် လန့်ကြောက်ရွံ့နေမှန်းလည်း အိပ်မက်ထဲ၌ မသဲကွဲပေ။
တစ်နေရာအရောက်တွင် လူအများ၏ အော်ဟစ်ငိုယိုသံကို မေမေခင်ကြားလိုက်ရလေသည်။ ငိုသံများနှင့် ကယ်ပါယူပါ တစာစာအော်သံများ မှာ ငရဲပွက်သည့်နှယ်ထွက်ပေါ်နေလေသည်။
မေမေခင်က အသံကြားရာသို့ ပြေးသွားလိုက်ရာ လမ်းမ၏ဘေး တွင် တစောင်းလဲကာ တိမ်းမှောက်လျှက်ရှိသော ကားကြီးတစ်စီးကိုတွေ့ လိုက်ရလေ၏။ ကားကြီးသည် လမ်း၏တစ်ဖက် ချောက်ထဲသို့စောင်းကျနေ ကာ တစောင်းအနေအထားဖြင့် လဲနေခြင်းဖြစ်၏။ ကား၏ပတ်ပတ်လည်တွင် တော့ သွေးသံရဲရဲဖြင့်အလောင်းများကိုတွေ့ရလေသည်။ တချို့အလောင်း များမှာ ကားအောက်တွင် ပိလျှက်ရှိ၏။ ကားအောက်မှအလောင်းများမှာ တစ်ကိုယ်လုံးမမြင်ရ။ ခေါင်းပိုင်းချည်း ကားအောက်မှထွက်လျှက်လျှာထွက် သေနေသောအလောင်း၊ တကိုယ်လုံးကားအောက်ရောက်လျှက် ခြေထောက် ကလေးသာ ပေါ်နေသောအလောင်း..စသဖြင့် ထိတ်လန့်ရွံရှာဖွယ်လူသေ အမြောက်အများကိုတွေ့ရလေသည်။
မေမေခင်က ကြောက်လန့်တကြားဖြင့် ထိုနေရာမှထွက်ပြေးရန်ပြင် ဆင်ဆဲတွင်..