Saturday 17 November 2012

ဆောင်းလုလင်- ဖုတ်လှိုက် ဖုတ်လှိုက် ဆည်းဆာ (၀တ္ထုတို)



ဆောင်းလုလင်

ဖုတ်လှိုက် ဖုတ်လှိုက် ဆည်းဆာ

..............
ရန်ကုန်မြို့လည်ရှိ မြို့နယ်ရဲစခန်းတစ်ခုသို့ တယ်လီဖုန်းသတင်း တစ်ခုဝင်လာသည်။
တာဝန်ကျဝန်ထမ်းက ဖုန်းကိုလက်ခံနားထောင်သည့်အခါ လူသတ် မှုသတင်းပေးပို့ချက်တစ်ခုကို လက်ခံရရှိလေသည်။
]ကျွန်မ ကေဇာခိုင်သွယ်ပါ၊ သတင်းတစ်ခုပေးချင်လို့}
]ကေဇာခိုင်သွယ်၊ ဟုတ်လား}
]ဟုတ်ပါတယ်၊ ......လမ်း၊ တိုက်နံပါတ်၈က ကေဇာခိုင်သွယ် ပါ၊ လူကြီးမင်းတို့ရဲစခန်းအပိုင်ထဲကပါပဲ}
]ရုပ်ရှင်မင်းသမီးကေဇာခိုင်သွယ်ပေါ့}
]ဟုတ်ပါတယ်ရှင်၊ မှန်ပါတယ်၊ လူသတ်မှုသတင်းတစ်ခု ကျွန်မ ပေးချင်လို့ပါ}
]ဘယ်မှာဖြစ်တာလဲ၊ ဘယ်တုန်းကဖြစ်တာလဲ}
]အခုပဲဖြစ်တာပါ၊ ကျွန်မအိမ်မှာပါ၊ လူတစ်ယောက်ကိုကျွန်မကိုယ် တိုင်သတ်လိုက်တာပါ၊ ကျွန်မကိုဗလက္ကာရပြုဖို့ ကြိုးစားတဲ့လူတစ်ယောက်ကို ပေါ့၊ အလောင်းလည်း အိမ်မှာရှိနေတယ်၊ လူကြီးမင်းတို့ကိုယ်တိုင် ကျွန်မ ကိုလာဖမ်းလှည့်ပါတော့}
+ + + + + + + + +
ကေဇာခိုင်သွယ်က မှန်ထဲတွင်ပေါ်နေသော သူမမျက်နှာကိုတစိမ့် စိမ့်စိုက်ကြည့်လျှက်ရှိသည်။ မျက်နှာအသားပြင်တစ်ခုလုံး တင်းရင်းစွာဖြင့် ရေးအကြောင်းမဲ့စွာ ဖြူစင်ဝင်းမွတ်စွာရှိနေသည်။ နဂိုကပင် မှဲ့တစ်ပေါက်မှမ ရှိခဲ့ပါ၍ ကေဇာခိုင်သွယ်၏မျက်နှာပြင်၌ ရှင်းလင်းနေသည်။ ဒါတောင် ဒါဟာ မိတ်ကပ်လိမ်းမထားတဲ့မျက်နှာလေ။ ဒီမျက်နှာကို ဘယ်သူကမလှဘူးလို့ပြော မှာလဲ။ ကြည့်မကောင်းပါဘူးလို့ ပြောရဲမှာလဲ။ ပြောရက်မှာလဲ။

အသက်၄၀နီးပါး မိန်းမတစ်ယောက်ရဲ့မျက်နှာလို့ မထင်ရလောက် အောင်ပင် ကေဇာခိုင်သွယ်က လှနေဆဲ။ နုနေဆဲလေ။ သို့ပေမယ့် ကေဇာ ခိုင်သွယ်ရ္လဲ့Dအလှတွေဟာ ရုပ်ရှင်ပိတ်ကားတွေပေါ်မှာ၊ လူနေအိမ်တွေက တီဗွီမှန်သားပြင်တွေပေါ်မှ ထင်ဟပ်ခွင့်မရခဲ့တာကြာခဲ့ပြီကော။
ကေဇာခိုင်သွယ်က ကိုယ်လုံးပေါ်မှန်ကြီးရှေ့တွင် ထိုင်နေရာမှ ရပ်လိုက်သည်။ ကျော့ရှင်းကျစ်လစ်သောခန္ဓာကိုယ်လေးက မှန်ထဲတွင်ထင်း ထင်းပေါ်လာပြန်၏။ မှန်ရှေ့မှကေဇာခိုင်သွယ်လှုပ်ရှားသည့်အတိုင်း မှန်ထဲမှ ကေဇာခိုင်သွယ်၏ကိုယ်ခွဲကလည်း ရှေ့နောက်ဝဲယာ တစောင်းအနေအထား များအတိုင်း လှည့်ကာပတ်ကာ ပေါ်လာနေသည်။ အချိုးအဆစ်ကျနလှစွာ ဖောင်းသင့်တဲ့နေရာမှာဖောင်း၊ မို့သင့်တဲ့နေရာမှာမို့ပြီး ချိုင့်သင့်တဲ့နေရာမှာ ချိုင့်ကာ အိသင့်သည့်နေရာမှာအိနေသည့် စွဲမက်ဖွယ်ကိုယ်လုံးလေး၇ယ်လေ၊ ဒီကိုယ်လုံးအလှနဲ့ လက်ရှိကျော်ကြားနေတဲ့ရုပ်ရှင်းမင်းသမီးတွေကို ကေဇာ ခိုင်သွယ်က ယှဉ်ရဲပါတယ်လေ။ ကိုယ့်ထက်အသက်ငယ်ပါတယ်ဆိုတဲ့ မင်းသမီးလေးတွေကိုတောင် ကေဇာခိုင်သွယ်က ယှဉ်ရဲပါသေးတယ်နော်။
ဒီလိုမျိုး မျက်နှာအလှရော၊ ကိုယ်လုံးအလှပါ ထိမ်းသိမ်းထားနိုင် စွမ်းရှိတဲ့ အကယ်ဒမီမင်းသမီးတစ်လက်ဟာ ဘာကြောင့် ပရိသတ်နဲ့ကင်းကွာ နေရတာလဲ။ တကယ်တော့ .. ငါ့ကိုတမ်းတနေတဲ့၊ စွဲလမ်းနေတဲ့၊ ငါ့သရုပ် ဆောင်မှုတွေကိုကြည့်ချင်နေတဲ့ ပရိသတ်တွေ မြန်မာပြည်တနံတလျားမှာ များစွာရှိနေမှာပါလေ.. ဘယ်လိုအဟန့်အတားတွေကြောင့်များ ..
ကေဇာခိုင်သွယ်က သက်ပြင်းကိုလေးတွဲ့စွာချလိုက်သည်။
]ကေသွယ်ရေ၊ ဂျာနယ်ရောင်းတဲ့ကောင်လေးရောက်နေတယ်ဟေ့၊ ဂျာနယ်ယူဦးမှာလား}
ဒေါ်လေးသီက အခန်းဝတွင်ပေါ်လာကာ မှန်ရှေ့မှကေဇာခိုင်သွယ် ကိုပြောလိုက်သည်။
].. ဒေါ်လေး၊ ယူမယ်၊ ယူမယ်၊ ခဏစောင့်ခိုင်းထားလိုက်}
ကေဇာခိုင်သွယ်က မျက်နှာကို ပတ်ဖ်ဖြင့်အနည်းငယ်တို့ကာ ပြု ပြင်ပြီးမှ အပြင်သို့ထွက်ခဲ့သည်။
ဂျာနယ်ရောင်းသည့်လူငယ်လေးက ဧည့်ခန်းထဲတွင် ထိုင်စောင့်နေ ၏။
ကေဇာခိုင်သွယ်ထွက်လာတာကိုမြင်သည်နှင့် ကောင်လေးမျက်နှာ ဝင်းပသွားလေသည်။ သိတာပေါ့၊ သိတာပေါ့၊ သူ ကေဇာခိုင်သွယ်ကို မျက် လုံးတွေကျွတ်ကျမတတ်ကြည့်မည်။ သက်ပြင်းကြီးတွေကို အခါခါချမည်။ တံ တွေးတွေကို ဂုကနဲ-ဂုကနဲမြိုချမည်။
ကောင်လေး၊ ကောင်လေး၊ ကေဇာခိုင်သွယ်ကျော်ကြားစဉ်၊ ခေတ် စားစဉ်က လူမမယ်အရွယ်ပဲရှိဦးမယ့်ကောင်လေး။ ကေဇာခိုင်သွယ့်အလှမှာ ယစ်မူးမိန်းမောနေတာကို ကေဇာခိုင်သော်က ကြည့်ရုံနှင့်သိသည်။
ကောင်လေးသည် သတင်းစာပို့သည့်ကောင်လေးဖြစ်သည်။ ဂျာ နယ်အသစ်များထွက်ရက်မှာ ဂျာနယ်ရောင်းရင်း ကေဇာခိုင်ဇော့်တိုက်ခန်းထဲ သို့ တစ်ပတ်လျှင်သုံးရက်မျှ ဝင်ခွင့်ရနေခြင်း အပေါ် ကြေနပ်နှစ်သိမ့်ကာ ဂုဏ်ယူဝင့်ကြွားနေတဲ့လူငယ်လေးတစ်ယောက်ရယ်လေ..
]ကျွန်တော် မမခိုင်သွယ်ဆီမှာ ဂျာနယ်အမြဲဝင်ရောင်းတယ်ဆိုတာကို အဆောင်ပြန် ရောက်တော့ သူငယ်ချင်းတွေကိုပြန်ကြွားမိသေးတယ်၊ သူ တို့က မမခိုင်သွယ်ကို ရုပ်ရှင်ထဲမှာ မတွေ့ရတာကြာပြီတဲ့၊ ဘာလို့ရုပ်ရှင်မရိုက် တော့တာလဲတဲ့၊ မေးခိုင်းနေကြသေးတယ်}
ကောင်လေးနှင့်သိကျွမ်းခါစက ပြောဖူးသည်။
]စိတ်ကြိုက်ဇာတ်လမ်းမတွေ့သေးလို့ မရိုက်ဖြစ်တာပါကွယ်}
ရုပ်ရှင်မရိုက်ရတော့သည့် ရုပ်ရှင်မင်းသား၊မင်းသမီးအကျများ မိမိ စန်းကျသွားသည်ကို ဖုံးဖိ ကွယ်ဝှက်ကာပြောနေကျလက်သုံးစကားနှင့်ပင် တုံ့ ပြန်လိုက်ရသည်။ တကယ်ပဲ စိတ်ကြိုက် ဇာတ်လမ်းမတွေ့သေးလို့လား၊ ငှား မယ့်လူကိုမရှိတာလားဆိုတာတော့ ကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။
]လူတွေက မမခိုင်သွယ်ကိုမမြင်ရတာကြာတော့ အသက်ကြီးသွား ပြီ၊ မလှတော့ဘူးလို့ ထင်နေကြတာဗျ၊ ကျွန်တော်က မမခိုင်သွယ် လက်ရှိ မင်းသမီးတွေထက်တောင် လှသေး နုသေးတယ်လို့ ပြောပြလိုက်တယ်}
]ကျေးဇူးတင်ပါတယ်ကွယ်}
.. ပရိသတ်တွေက ငါ့ကိုမမေ့သေးပေမယ့် မမြင်တာကြာ တော့ အသက်ကြီးလို့ အလှပျက်သွားပြီလို့ထင်နေကြတာကိုး။ ငါ့အလှတွေ သူတို့မြင်ရအောင် ရုပ်ရှင်တစ်ကား လောက် ရိုက်ပြလိုက်ချင်သေးရဲ့။
]ဒီနှစ်ရက်အတွင်းထွက်တဲ့ဂျာနယ်တွေပါမမ}
ကောင်လေးက ဂျာနယ်အထပ်ကြီးကို ကေဇာခိုင်သွယ်ရှေ့ထိုးပေး လိုက်သည်။
ဒေါ်လေးက ကော်ဖီတစ်ခွက်ဖျော်လာကာကောင်လေးရှေ့မှာချပေး ၏။ ကေဇာခိုင်သွယ်ဂျာနယ်ရွေးနေတာ ကြာမည်မှန်းသိ၍ ကောင်လေးကို ဧည့်ဝတ်ပြုထားခြင်း ဖြစ်သည်။
ကေဇာခိုင်သွယ်က ဗေဒင်ပါသည့်ဂျာနယ်များထဲက ဗေဒင်တွကို ကုန်အောင်ဖတ်နေသည်။ ပြီးတော့မှ ဂျာနယ်သုံးစောင်ဝယ်လိုက်လေသည်။
ကေဇာခိုင်သွယ် ဂျာနယ်တွေရွေးနေ ဖတ်နေတဲ့တစ်လျှောက်လုံး ကောင်လေးမျက်လုံးတွေက ကေဇာခိုင်သွယ့်ဆီမှာဝဲနေတယ်ဆိုတာ ကေဇာ ခိုင်သွယ်က သိနေသည်။
ကောင်လေးထွက်သွားတော့ ဝယ်ထားသည့်ဂျာနယ်များကို ဧည့်ခန်းမှာပင်ထိုင်ကာ ဖတ်နေလိုက်သည်။
]ကေသွယ်၊ ဒေါ်လေးမြို့ကိုခဏပြန်ဖို့ပြောထားတာလေ၊ အဲဒါ ဘယ်လိုလဲ၊ ကေသွယ်ပါ လိုက်မှာလား}
ဒေါ်လေးသီက ကေသွယ့်ဘေးမှာထိုင်ရင်းမေးလိုက်သည်။
]ကေသွယ်မလိုက်သေးပါဘူး ဒေါ်လေး၊  ဒေါ်လေးပြန်ချင်ပြန်လေ၊ အကြာကြီးတော့မနေနဲ့၊ တစ်ပတ်ဆယ်ရက်ဆိုတော်ရော့ပေါ့}
]ဒီမှာလဲ ဘာအလုပ်မှရှိတာမှမဟုတ်တာ၊ ကိုယ့်မြို့ကိုယ့်ရွာ ခဏ ပြန်လိုက်ခဲ့ရောပေါ့ ကေသွယ်ရယ်}
]အို.. ဒေါ်လေးကလဲ၊ ကားရိုက်ဖို့လာငှားတဲ့လူတွေ လာနေရင် လွဲသွားမှာပေါ့}
]မျှော်လင့်နေသေးလားကွယ်}
ဒေါ်လေးသီက ပြောပြီးမှ မှားသွားမှန်းသိကာ ကေသွယ့်မျက်နှာကို မကြည့်ပဲ တစ်ဖက်သို့ လွှဲနေလိုက်သည်။
]ရုပ်ရှင်ကို သံယောဇဉ်ဖြတ်ပါတော့ကေသွယ်ရယ်၊ ရန်ကုန်မှာ တို့အတွက် ဘာအလုပ်မှ မရှိတော့ဘူး၊ မြို့ကိုပြန်ကြရအောင်ပါ}
]ဒေါ်လေး}
]ဟင်..}
]ဒေါ်လေး နက်ဖန်ပြန်ဖို့အတွက်သာ ရထားလက်မှတ်သွားဝယ်ချေပါ၊ အပိုတွေပြောမနေနဲ့}
+ + + + + + + + +

ဒေါ်လေးသီပြောသွားသော စကားကြောင့် ကေဇာခိုင်သွယ် ရင်ထဲ ထိ ထိခိုက်ခံစားလိုက် ရသည်။ ရန်ကုန်မှာ တို့အတွက်အလုပ်မရှိတော့ဘူးတဲ့၊ မြို့ကိုပြန်ကြရအောင်တဲ့။
တကယ်ပဲ ကေဇာခိုင်သွယ်အတွက် ရုပ်ရှင်နယ်မှာနေရာတစ်နေရာလေးတောင် မရှိတော့ဘူးတဲ့လား။ အကယ်ဒမီကေဇာခိုင်သွယ်ကို ဘယ်သူက မှမသုံးကြတော့ဘူးတဲ့လား။
မြို့ကိုပြန်ကြစို့တဲ့၊ ဘယ်နည်းနဲ့မှမဖြစ်နိုင်။ ရုပ်ရှင်မင်းသမီးကေဇာခိုင်သွယ်ဟာ မထင်ရှားတဲ့နယ်မြို့ကလေးမှာ အခြေချနေရမှာတဲ့လား။ ကိုယ့်ဇာတိမြို့ဖြစ်ပေမယ့် ကေဇာခိုင်သွယ်နဲ့ သည်မြို့ကလေး ဘာမှမဆိုင်တော့ပြီ၊ ဇာတိမြို့ကိုသံယောဇဉ်ရှိပေမယ့် ဘယ်တော့မှပြန်နေထိုင်ဖြစ်တော့မည်မဟုတ် ပါ။ နိုင်ငံကျော်ရုပ်ရှင်မင်းသမီးတစ်ယောက်နဲ့ မြို့ကလေးသည် ဘာမှမအပ် စပ်။
ဒေါ်လေးသီပြောသွားသည့် ]မျှော်လင့်နေသေးလားကွယ်}ဆိုသည့် စကားက ကေဇာခိုင်သွယ် ၏ အရှိုက်ကိုထိုးနှက်လိုက်သလိုဖြစ်ကာ ကေဇာ ခိုင်သွယ်ကို အရှက်ရစေပါသည်။ မျှော်လင့်နေသေးလား..မျှော်လင့်နေသေး လား။ ကေသွယ်သည် ကိုယ့်ကို ရုပ်ရှင်ရိုက်ရန် လာငှားမည့်သူများအား မျှော်လင့်နေမိပါသေးသလား။ ရုပ်ရှင်ပိတ်ကားနှင့် ငါးနှစ်ကျော်မျှ ကင်းကွာနေသည့် ကာလတွင် အစပိုင်းတုံးကတော့ အထိုက်အလျှောက် မျှော်လင့်ခဲ့ပါသေးသည်။ ကိုယ်နှင့်အလုပ်လုပ်နေကျ၊ ယုတ်စွအဆုံး ကိုယ့်ကိုတင်မြှောက်ပေး ခဲ့သည့် ဆရာများနှင့်ကုမ္ပဏီများကတော့ တစ်ချိန်ချိန်မှာ ကိုယ့်ဆီရောက်လာလိမ့် မည်ဟု မျှော်လင့်ခဲ့သည်။ သူတို့ ကေဇာခိုင်သွယ်ကိုမေ့သွားကြပြီလား။ ကေဇာခိုင်သွယ်ရဲ့ အရည်အချင်းတွေကိုမေ့နေကြပြီလား။
ကေဇာခိုင်သွယ်သည် ရုပ်ရှင်လောကနှင့် အဆက်ပြတ်နေရသော  ကိုယ့်ဖြစ်အင်ကိုယ် တွေးတောရင်း ဂျာနယ်ကို လှန်လှောကာ စိတ်မပါစွာဖြင့် ကြည့်နေမိသည်။ ဂျာနယ်ထဲက လက်ရှိကျော်ကြားနေသော မင်းသမီးအချို့ ၏ရုပ်ပုံလွှာများက ကေဇာခိုင်သွယ့်မျက်လုံးထဲသို့ ထင်ဟပ်လာသည်။ ဒီမင်းသမီးတွေနဲ့ ကိုယ်နဲ့ ဘာများကွာခြားလို့လဲ၊ တကယ်တော့ ကိုယ်က ဒီမင်းသမီးတွေထက် အရင်နာမည်ကျော်ကြားခဲ့သူ။ အသက်အရွယ်ချင်းအတူတူမှာ ကိုယ်က ငယ်ငယ်ရွယ်ရွယ်နှင့်မင်းသမီးဖြစ်လာပြီး သူတို့ထက်စောကာ အောင်မြင်မှုသရဖူဆောင်း ခဲ့သူမဟုတ်ပါလား။
အသက်၁၆နှစ်အရွယ် ငယ်ငယ်ရွယ်ရွယ်မှာပင် မင်းသမီးဖြစ်လာ တော့ အသက်၃၀အရွယ် လောက်မှာ ကိုယ်က သက်တမ်းရင့်မင်းသမီးကြီး ဖြစ်လို့နေတော့သည်။ အသက်အစိတ် လောက်မှမင်းသမီးဖြစ်လာသူတွေနှင့် ယှဉ်တော့ အသက်ချင်းကမကွာခြားလှပါပဲနှင့် ကိုယ်က မင်းသမီးဟောင်းကြီး အနေမျိုးဖြင့် ပရိသတ်အမြင်မှာ ကိုယ့်ကိုရော ကိုယ့်သရုပ်ဆောင်မှုတွေပါ ရိုးအီနေပြီးသားဖြစ်နေတော့၏။
တကယ်တော့ သူတို့နဲ့ကိုယ်ဟာ ဘာဆိုင်လို့လဲ၊ ကေဇာခိုင်သော် က ဘယ်မင်းသမီးနဲ့ဖြစ်ဖြစ် ယှဉ်ရဲပြိုင်ရဲပါတယ်နော်။ သရုပ်ဆောင်မှုအရာ မှာ ပြိုင်မလား၊ ရုပ်ရည်ရူပကာ နုပျိုချောမောခြင်း မှာ ပြိုင်မလား။ ပြိုင်ရဲပါ သည်။ အ္လီဲလိုပြိုင်ဆိုင်နိုင်ဖို့အတွက် ရုပ်ရှင်ရိုက်ခွင့်မရတော့ခြင်းကသာ ခက် နေသည်။
ကေဇာခိုင်သော်ကဂျာနယ်ကိုမဖတ်ဖြစ်တော့ပဲ စားပွဲပေါ်ပစ်ချလိုက် သည်။ ထိုင်ရာမှထထွက်ခဲ့ကာ အခန်းထဲဝင်ခဲ့၏။
အခန်းထဲမှကိုယ်လုံးပေါ်မှန်ကြီးက သူမကိုဆီးကြိုနေကာ သူမ၏ ကျော့ရှင်းလှပသော သွင်ပြင်ကို သူမကိုယ်တိုင်မြင်သာအောင် ပြသလိုက်လေ သည်။ ကေဇာခိုင်သွယ်သည်မှန်ထဲတွင်မြင်လိုက်သော ကိုယ့်ရုပ်သွင်ကိုပြန် ကြည့်ကာ အလှမာန်များ တက်လာပြန်သည်။ ဒါဟာ မင်းသမီးတစ်ယောက် အတွက် ကျရမယ့်အရွယ်လား။ ငါတကယ်ပဲကျသွားပြီလား။
အပြင်ထွက်လျှင် မြင်ရသူအပေါင်းက ကေဇာခိုင်သွယ်ကိုငေးကြည့် ကြမြဲ၊ အကယ်ဒမီ ကေဇာခိုင်သွယ်အဖြစ် မှတ်မိနေကြဆဲပင်။
]ကြည့်စမ်း၊ ကေဇာခိုင်သွယ်လှတုံးပဲနော်}
လှတုံးပဲလို့ဆိုရအောင် ကေဇာခိုင်သွယ်က ဘယ်တုံးကအလှပျက် သွားခဲ့ဖူးလို့လဲ၊ မင်းသမီးဖြစ်ကတည်းကခုအချိန်ထိ ဒီအလှ ဒီရုပ်ရည်အတိုင်း ပါပဲရှင်။
]လှပေမယ့် အသက်ကြီးသွားတာတော့သိသာပါတယ်}
အချိန်ကာလကို ဘယ်သူကဆွဲထားလို့ရလို့လဲ။ အချိန်ကာလရွေ့ လျောတာနဲ့အမျှ လူဆိုတာအသက်ကြီးလာမှာပဲပေါ့ရှင်တို့ရယ်။ တကယ် တော့ အသက်ကြီးတဲ့အထိ အလှအပကိုထိမ်းထားနိုင်တယ်ဆိုတာကိုပဲ ချီး မွန်းကြရမှာမဟုတ်လား။
]သူ့ရုပ်ရှင်တွေ တစ်ကားမှမတွေ့ရတော့ဘူး၊ အေးလေ ကြာတော့ လည်း ကျသွားပြီပေါ့}
ချီးမွန်းခြင်းတစ်ဝက်၊ ကဲ့ရဲ့ခြင်းတစ်ဝက်စကားများကို အပြင်ထွက် သည့်အခါတိုင်း ကေဇာခိုင်သွယ်ကြားရမြဲပင်။
ကေဇာခိုင်သွယ်က မှန်ရှေ့မှခွာကာ ကုတင်ပေါ်ပစ်လှဲလိုက်သည်။ အထီးကျန်ဆန်ခြင်းဝေဒနာ ကို ပြင်းပြင်းပြပြခံစားလိုက်ရသည်။
အခန်းနံရံမှ ပြက္ခဒိန်များက ကေဇာ့အမြင်အာရုံထဲသို့ဝင်လာပြန် လေသည်။
အခန်းနံရံနှင့်အပြည့်ကပ်ထားသော ပြက္ခဒိန်များအားလုံးမှာ ရုပ်ရှင်မင်းသမီးကေဇာခိုင်သွယ်၏ မျက်နှာဖုံးပါသော ပြက္ခဒိန်များချည်းဖြစ်လေသည်။ သို့သော် လက်ရှိခုနှစ်၏ ပြက္ခဒိန်များ တော့မဟုတ်ပါ။ လွန်ခဲ့သော ၈နှစ်၊ ၁၀ နှစ်နှင့် ၁၂နှစ်အထက်ကပြက္ခဒိန်များသာဖြစ်ပါသည်။ ကေဇာခိုင်သွယ်မင်းသ မီးဖြစ်စနှင့် ကျော်ကြားစဉ်ကာလကထွက်ရှိခဲ့သောပြက္ခဒိန်များပါလေ၊
နယ်မြို့လေးတစ်မြို့မှ ကေသွယ်ဆိုသောအသက်၁၆နှစ်အရွယ် ကိုးတန်းကျောင်းသူမလေး သည် သတင်းစာမှတစ်ဆင့်ခေါ်ယူသည့် ရုပ်ရှင်သင်တန်းတစ်ခုသို့လျှောက်လွှာတင်ခဲ့ရာ သင်တန်းတက်ရောက်ခွင့်ရခဲ့လေသည်။ ကေသွယ်ကား မိမိကိုယ်ကိုယုံကြည်သူ၊ မိမိအလှကိုယုံကြည်သူလေးဖြစ်လေ ၏။
ယုံကြည်သည့်အတိုင်းလည်း ကိုယ့်အစွမ်းအစကို ပြနိုင်ခဲ့သည်။ လတာသင်တန်းကာလတွင် သင်တန်းသူလေးကေသွယ် ထင်ပေါ်ခဲ့လေ၏။ သင်တန်းဆရာများ၏ သတိပြုမိခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် မင်းသမီးအ သစ်တင်မည့် ဇာတ်ကားတစ်ကားအတွက် သင်တန်းဆင်း ကျောင်းသူများထဲမှ လာရောက်အကဲခတ်ရွေးချယ်ရာတွင် ကေသွယ်လည်း တစ်ယောက်အပါအဝင် ဖြစ်ခဲ့လေ၏။ သင်တန်းဆင်းလေးယောက်ကို ယှဉ်ပြိုင်စေ၍ အကဲဖြတ်ရွေး ချယ်သည့်ပွဲတွင် ဒိုင်လူကြီးအားလုံးက ကေသွယ့်ကိုအမှတ်အများဆုံးပေးခဲ့ ကြလေသည်။
သည်လိုနှင့် နယ်မြို့လေးမှ ကေသွယ်သည် ကေဇာခိုင်သွယ် မည်ဖြင့် ရုပ်ရှင်ရိုက်ခွင့်ရခဲ့လေ၏။ ပထမတစ်ကားတည်းနှင့်ပင် ကေဇာခိုင် သွယ်အောင်မြင်ခဲ့သည်။ အသက်၁၆နှစ်အရွယ်မှာ နိုင်ငံကျော်မင်းသမီးဖြစ်ခဲ့ သည်။ မြို့က ကိုယ်နှင့်ရွယ်တူသူငယ်ချင်း များ ဆယ်တန်းစာမေးပွဲအတွက် စာအသည်းအသန်ကျက်နေရချိန်တွင် ကေသွယ်က ရုပ်ရှင်တွေတစ်ကားပြီး တစ်ကား မနားတမ်းရိုက်နေရ၏။ သူတို့တွေဘွဲ့ရဖို့ကြိုးစားနေချိန်မှာ ကိုယ် က ရုပ်ရှင်သက်တမ်းသုံးနှစ်အ၇တွင် အကယ္လ်မီဆုကိုပိုက်နိုင်ခဲ့ပြီ။
ငယ်ငယ်ရွယ်ရွယ်နှင့်အောင်မြင်ခဲ့သော ကေဇာခိုင်သွယ်ပါ၊
အောင်မြင်စဉ်ကာလတုန်းက မင်းသမီးထဲတွင် ကေဇာခိုင်သွယ် ကားရိုက်အများဆုံး။ ကေဇာခိုင်သွယ်မတွဲဖူးတဲ့မင်းသားမရှိ၊ ကေဇာခိုင်သွယ် နဲ့မရိုက်ဖူးတဲ့ ဒါရိုက်တာရှားလှသည်။ ကေဇာခိုင်သွယ်နဲ့ရိုက်ဖို့ ကုမ္ပဏီတွေ တန်းစီစောင့်ရသည်။ ကေဇာခိုင်သွယ်ပေးမယ့်ရိုက်ရက်ကို မျှော်ရသည်။
အောင်မြင်လာသည်နှင့်အမျှ ကေဇာခိုင်သွယ့်ဘေးမှာ ခစားလာကြ တဲ့ကုမ္ပဏီပိုင်ရှင်တွေ၊ ပရိတ်သတ်တွေ၊ သိကျွမ်းရင်းနှီးလိုသူတွေ ဝိုင်းဝိုင်း လည်နေကြသည်။ ပြီးတော့ ကေဇာခိုင်သွယ်ရဲ့မေတ္တာပန်းကိုလိုချင်လို့ ချဉ်း ကပ်ကြသူတွေရောပေါ့။ ကေဇာကအောင်မြင်ကျော်ကြားနေချိန်တွင် အိမ် ထောင်မပြုချင်၍ အချစ်ရေးကိုမစဉ်းစားခဲ့ပေ။ အားလုံးကိုခါချခဲ့သည်။ ငြင်း ပယ်ခဲ့သည်ချည်းပင်။ 
အောင်မြင်ကျော်ကြားသည့် မင်းသမီးတစ်လက်ဖြစ်လာတော့ ရန်ကုန်မှာပဲအခြေချနေရ တော့သည်။ မိဘတွေက နယ်မှာအလုပ်အကိုင်အခြေ တကျနဲ့မို့ လိုက်မနေနိုင်။ အပျိုကြီးဖြစ်သော ဒေါ်လေးသီတစ်ယောက်သာ ကေသွယ်နှင့်လာနေပေးနိုင်သည်။
ရုပ်ရှင်တွေ မအားမလပ်အောင်ရိုက်ရင်းမှ အချိန်တွေကုန်မှန်းမသိ ကုန်လာလိုက်တာ ဆယ်နှစ်မှ ဆယ့်ငါးနှစ်ရှိလာသည်။ ရုပ်ရှင်သက်အတော်ရ လာပြီဆိုသော်လည်း ကေဇာ့အသက်က ခုမှ လှသွေးတက်စအရွယ်ပဲရှိသေးသည်။ အသက်သုံးဆယ်အရွယ်သည် မိန်းမတစ်ယောက်အတွက် အလှဆုံး အရွယ်၊ အတည်ငြိမ်ဆုံးသောအလှများကို ပိုင်ဆိုင် ထားသည့်အရွယ်။
သရုပ်ဆောင်မှုပညာများ တိုးတက်ပြည့်ဝလာသည်နှင့်အတူ အလှအပမှာလည်း သစ်လွင်လန်းဆတ်ဆဲမို့ အောင်မြင်မှုကာလကို အတန်ကြာ ဆွဲဆန့်ထားနိုင်ဦးမည်ဟု ကေဇာခိုင်သွယ်ကထင်သည်။ သဘာဝတရားအရ တစ်ချိန်တွင် ကျသွားမယ်ဆိုတာကို လက်ခံထားသော်လည်း သည်မျှမြန်လိမ့် မည်ဟု ကေဇာခိုင်သွယ်က မထင်။
ကေဇာခိုင်သွယ်သည် ရောက်တတ်ရာရာစဉ်းစားတွေးတောနေရင်း မှ သက်ပြင်းကို ချလိုက်သည်။ ငါ တကယ်ကျသွားပြီလား .. ပရိသတ်တွေ ငါ့ကိုမေ့သွားပြီလား ..
+ + + + + + + + +

ကေဇာခိုင်သွယ်ကို စတင်ချောက်လှန့်လိုက်သည့်ဖြစ်ရပ်က ကိုယ့် ရဲ့ဆရာကိုယ်တိုင်က ကေဇာ့ကို ကားရုက်ဖို့လာငှားရာတွင် အမေနေရာကပါ ဝင်ရန် စကားကမ်းလှမ်းခြင်းက စလေသည်။
ဆရာ့စကားကြောင့် ကေဇာအံ့ဩမိသလို၊ တုန်လှုပ်သွားသည်။ ဆရာ့ကိုလည်း စိတ်ဆိုးသွား လေသည်။
ဘဲ့နဲ့လဲ၊ကေဇာခိုင်သွယ်အဘွားကြီးမဖြစ်သေးပါ။ ကေဇာခိုင်သွယ့် အသက်က သုံးဆယ်ကို သီသီစွန်းရုံလေးရှိသေးတာပါ။ အလှလည်းမပျက် သေး၊ အရွယ်လည်းမကျသေး။ သွက်လက်ဆဲ ဖြတ်လတ်ဆဲ။
ပြီးတော့ ကေဇာခိုင်သွယ် အမေအဖြစ်သရုပ်ဆောင်ရမယ့်ဇာတ်လမ်းမှာ သမီးနေရာကပါမယ့် တက်သစ်စမင်းသမီးလေးက ကေဇာနှင့် အသက်၇နှစ်၈နှစ်ပဲကွာမည်။ တက်သစ်စမင်းသမီးရဲ့အမေနေရာကတော့ ကေဇာသရုပ်မဆောင်နိုင်ပါ။ ကေဇာငြင်းပစ်လိုက်သည်။
]စဉ်းစားပါဦးကေဇာ၊ အမေနေရာဆိုပေမယ့် ဇာတ်က အမေနေရာ မှာပါရမယ့်မင်းသမီး ရဲ့ဇာတ်ပါ၊ ကံကောင်းရင် ကေဇာအကယ်ဒမီရနိုင်တယ်}
]တော်ပါပြီဆရာရယ်၊ ကေဇာအဘွားကြီးမဖြစ်သေးပါဘူး၊ အမေ နေရာကပါ၇မှာ လာဘ်တိတ်ပါတယ်၊ တစ်ကားပါမိရင် နောက်လည်း အမေ နေရာကပဲငှားတော့မှာပေါ့၊ ကေဇာ့အသက်ငယ်ငယ်လေးရှိပါသေးတယ်ဆ ရာ၊ ကေဇာမအိုသေးပါဘူး}
ဆရာက ဘယ်လိုပဲရှင်းပြပြ ဘယ်လိုပဲပြောပြော ကေဇာ ခေါင်းသွက်သွက်ယမ်းကာ ငြင်းပစ်လိုက်လေသည်။
ထိုကားကို ကေဇာ့ထက်များစွာနောက်ကျပြီးမှ မင်းသမီးဖြစ်သော ကေဇာထက် အသက် သုံးလေးနှစ်ငယ်သော မင်းသမီးတစ်လက်က လက်ခံ ရိုက်ကူးလိုက်သည့်အခါ ကေဇာ အံ့ဩသွားသည်။ ဒီမင်းသမီးစိတ်မှကောင်းရဲ့လား၊ ကိုယ့်သိက္ခာကိုယ် ထောက်ရကောင်းမှန်း မသိတော့ဘူးလား။
ရုံတင်လိုက်တော့ ထိုဇာတ်ကား အောင်မြင်သည်။ အမေနေရာက မင်းသမီးရော သမီးနေရာ ကမင်းသမီးပါ အကယ်ဒမီရသွားကြသည်။
ကေဇာဟောကိန်းထုတ်လိုက်သည့်အတိုင်းပါပင်။ အမေနေရာကပါ ခဲ့သောထိုမင်းသမီးမှာ နောင်တွင် အမေခန်းမှချည်းလိုလို ပါရတော့သည်။ ရိုက်ရတော့သည်။ သို့သော် သူ့အတွက် နစ်နာသည်ဟုမဆိုသာ။ သူပါရတဲ့ အမေနေရာက အမေကိုအဓိကဇာတ်ကောင်ထား ရိုက်ကူးသည့်ဇာတ်ကားများ ချည်းဖြစ်နေသည်။ တချို့ကားများဆို မင်းသမီးထက်ပင် အမေနေရာကပို၍ ကောင်းသောအကွက်များရနေလေ၏။
ကေဇာ ငြင်းပယ်လိုက်သည့်အတွက် ထိုမင်းသမီး ထိုနေရာကို သတ်သတ်မှတ်မှတ် ရရှိသွားခြင်းပင်ဖြစ်တော့သည်။ ကေဇာ အမေနေရာက ပါပါမယ်လို့ကြွေးကြော်တာတောင် ကေဇာ့ကိုငှားမယ့်လူမရှိတော့။ လူကြီး အဓိကဇာတ်ရုပ်နေရာတိုင်းမှာ ထိုမင်းသမီးချည်း ရိုက်နေရတော့၏။
ခုခေတ်မင်းသမီးတွေ မာန်မာနမရှိပုံ၊ ကိုယ့်ကိုကိုယ်အမွှန်းမတင် တတ်ပုံတွေများ ကေဇာ အံ့ဩမိပါရဲ့၊ အသက်ငယ်ငယ်မင်းသမီးကလည်း အမေခန်းကပါလိုက်သည်။ ရုပ်ရှင်ထဲမှာ ဇာတ်ကားတစ်ဝက်လောက်ပဲသရုပ်ဆောင်ရရင်လည်း ဝင်ရိုက်လိုက်သည်။ ကိုယ့်ကိုကိုယ် တန်ဖိုးမထားကြတော့၊
ကေဇာတို့တုန်းကတော့ မင်းသားမင်းသမီးဆိုတာ ဇာတ်ကားရဲ့ ပြသချိန် လေးပုံသုံးပုံ လောက်က ပိတ်ကားပေါ်မှာ ကိုယ့်ရုပ်ပုံပဲထင်ဟပ်နေရ မည်။ တစ်ကားလုံး မင်းသားနဲ့မင်းသမီး ကပဲဦးဆောင်ပြီး လှုပ်ရှားနေရမည်။ သည်လို။ ခုတော့မဟုတ်ပေါင်၊ အမေဆိုလည်း လုပ်လိုက်တာပဲ၊ သုံးလေးခန်း လောက်နဲ့လည်း ပါလိုက်တာပဲ၊ ဘယ်လိုဟာတွေလည်းမသိ။
ကေဇာခိုင်သွယ်ကပဲ ခေတ်ကိုမျက်ခြည်ပြတ်သွားလို့လား မသိပါ။ ကေဇာခိုင်သွယ်သည် တစတစနှင့် ကားရိုက်ပါးလာသည်။ ကုမ္ပဏီများ၊ ဒါရိုက်တာများကလည်း ကေဇာခိုင်သွယ် သရုပ်ဆောင်ပုံတွေက မြင်ရဖန်များလို့ ရိုးလာပြီ အီလာပြီ ထပ်လာပြီဆိုကာ ကေဇာခိုင်သွယ် ကိုမငှားတော့။ ကေဇာ ခိုင်သွယ်လောက် ဈေးမပေးရသော မျက်နှာသစ် တက်သစ်စတွေကို သုံး လာကြသည်။
သည်လိုနှင့် လွန်ခဲ့သောငါးနှစ်ကျော်ကာလမှာစကာ ကေဇာခိုင်သွယ် ရုပ်ရှင်ရိုက်ခွင့်မကြုံ တော့သည်မှာ ယနေ့အထိပင်။ ကိုယ့်ကိုစင်တင်ပေး သည့်ဆရာကိုယ်တိုင်ကပင် ကေဇာခိုင်သွယ်နှင့်မရိုက်တော့။ အသစ်တွေဖက် လှည့်နေလေပြီ။
ကေဇာသည်အလှအပအရာမှာ မကျသေးဘူးဆိုသော်လည်း အသက်ကတော့ကြီးသွားပြီ။ ဘယ်လောက်ပဲလှနေနေ ကေဇာ၏ရုပ်ရှင်သက် တမ်းကိုကြည့်၍ ပရိသတ်က ကေဇာ့ကို အသက်အရွယ်ရနေပြီလို့ပဲမှတ်ယူ ကြသည်။ မင်းသမီးကြီးလို့ပဲသတ်မှတ်ကြသည်။ တကယ်တန်းလည်း ခုမှ ရုပ်ရှင်ဝင်ရိုက်သော မော်ဒယ်လေးတွေ၊ ဆယ်ကျော်သက်လေးတွေကို ရွယ်အားဖြင့်မယှဉ်နိုင်တော့။
ရုပ်ရှင်မင်းသမီးတစ်ယောက်အတွက် ဆည်းဆာချိန်ဟာ မြန်ဆန်လှချည်လား။
ဟိုတလောက မြို့မှ ငယ်သူငယ်ချင်းတစ်ယောက် ရောက်လာခဲ့ သည်။ ရန်ကုန်မှာ ကွန်ပြူတာ သင်တန်းလာတက်တာလို့ဆိုသည်။
]နင့်နဲ့ဟယ်၊ ဒီအသက်အရွယ်ရောက်မှ ကွန်ပြူတာသင်တန်းတက်နေသေးလားဟယ်}
ကေသွယ်က ရွယ်တူသူငယ်ချင်း၏ အသက်အရွယ်ကိုထောက်ကာ ကလေးများနှင့်အပြိုင် သင်တန်းတက်နေခြင်းကို အံ့ဩစွာမေးမိသည်။
]ခုခေတ်က ကွန်ပြူတာတတ်မှကေသွယ်ရ၊ ငါ နိုင်ငံခြားအဖွဲ့အစည်းတစ်ခုမှာ အလုပ်ဝင်လုပ်ဖို့ ရည်ရွယ်ထားတယ်လေ၊ အဲဒီတော့ ကွန်ပြူ တာလည်း ကျွမ်းအောင်လုပ်ထားရတယ်၊ အင်္ဂလိပ်စာလည်း ပြန်ပြီးလေ့လာ နေတယ်သူငယ်ချင်းရေ၊ အကြောင်းသင့်ရင် ငါကနိုင်ငံခြား တောင်သွားဦးမှာ}
သူငယ်ချင်းက သူမရဲ့ရှေ့ရည်ရွယ်ချက်တွေကိုပြောပြပြီး တက်ကြွနေပေသည်။
ဟုတ်ပေသားပဲ၊ ပညာဖြင့်လုပ်ကိုင်စားမယ့်သူတွေအတွက်တော့ အသက်အရွယ်ဆိုတာ ထည့်တွက်ဖို့မလိုတဲ့အရာတစ်ခုပဲ၊ သူတို့အတွက် လေးဆယ်ဆိုသောအသက်သည် မငယ်သေး။ ရုပ်ပြစားရသော ကိုယ့်အတွက်သာ.. အသက်လေးဆယ်သည်...
ဒါဟာ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ခဲ့တဲ့အတွက် ရလိုက်တဲ့ ရလာဒ်ပဲလား။ စောစောအောင်မြင်တော့ စောစောကျဆင်းရသည်။ ပရိသတ်ကို လူလုံးပြဖျော်ဖြေရတဲ့ လုပ်ငန်းမှာတော့ အသက်လေးဆယ်ဟာ ဆည်းဆာ ချိန်ပဲပေါ့လေ။
ကိုယ်သာ ကျောင်းဆရာမတစ်ယောက် ဝင်လုပ်ခဲ့ရင်၊ ဒါမှမဟုတ် ရုံးတစ်ရုံးမှာ စာရေးမ ဝင်လုပ်ခဲ့ရင် အခုလို ဆည်းဆာချိန်ကျဆုံးမှုခံစားချက်တွေကို ခံစားရမှာမဟုတ်။ ကျောင်းဆရာမဖြစ်ခဲ့ရင် မူလတန်းပြကနေ အလယ်တန်းပြ၊ အလယ်တန်းပြကနေ အထက်တန်းပြ၊ ပြီးတော့ ကျောင်းအုပ်၊ ပညာရေးမှူးစသဖြင့် တက်လမ်းများ ... စာရေးမတစ်ယောက်ဖြစ်ခဲ့လျှင်လည်း အောက်တန်းစာရေးမှအထက်တန်းစာရေး၊ ပြီးတော့ ရုံးအုပ်၊ အရာရှိ စသဖြင့် တက်လမ်းကိုမျှော်ကိုးကာကြိုးစားရင်း တက်ကြွလျှက်ရှိပေမည်။ ရုပ်ရှင်မင်းသမီးတစ်ယောက်အတွက်တော့ အသက်အရွယ်ကြီးရင့်လာခြင်းသည် ကျဆုံးခြင်းလမ်းမပေါ်သို့ တစချင်းခြေလှမ်းချမိသလိုသာဖြစ်လေ၏။
]နင်ရော..ရုပ်ရှင်သိပ်ရိုက်တာမတွေ့တော့ပါလားဟဲ့၊ နင့်ပရိသတ်တွေအများကြီးရှိပါသေး တယ်ကေသွယ်}
]စိတ်ကြိုက်ဇာတ်လမ်းမတွေ့သေးလို့ပါဟယ်၊ လာငှားတဲ့ဇာတ်တွေက ရိုးလွန်းတော့ ငြင်းပစ်လိုက်တာလေ၊ လုပ်သက်ရင့်လာတော့ ကိုယ့်အတွက်ကျန်မယ့် ဇာတ်လမ်းကောင်းကောင်းလေးတွေပဲရိုက်ချင်တော့တယ်ဟာ}
ကေဇာခိုင်သွယ်၏စကားကို ရုပ်ရှင်လောကနှင့်ကင်းကွာသော သူငယ်ချင်းကတော့ ယုံကောင်းယုံပေမည်။
စိတ်ကြိုက်ဇာတ်လမ်း မတွေ့သေးလို့ မရိုက်ဖြစ်တာပါဆိုတာ တကယ်တော့ ရုပ်ရှင်မရိုက်ရတော့တဲ့ မင်းသားမင်းသမီးတိုင်း လက်သုံးလို ပြောနေကျ အကြောင်းပြ စကားသာဖြစ်သည်။ တကယ်တန်းကျ ဝါသနာအရ ပိုးထလွန်းလို့ ရုပ်ရှင်ဝင်ရိုက်နေသူတွေမှာ ရိုက်ချင်လွန်းလို့ ဖျတ်ဖျတ်လူးနေကြပေသည်။ ကေဇာ့အတွက်လည်း ရုပ်ရှင်မင်းသမီး တစ်ယောက်ဖြစ်ရက်နဲ့ ရုပ်ရှင်မရိုက်ရခြင်းမှာ ရေထဲကငါးကို ကုန်းပေါ်ပစ်တင်ထား သကဲ့သို့ဖြစ်သည်၊
တချို့ကတော့ နိုင်ငံခြားထွက်အသွားပြကာ နိုင်ငံခြားမှာ အခြေကျ ကောင်းစားနေလို့ ရုပ်ရှင်မရိုက်တော့သယောင် ဟန်ဆောင်ကြသည်။ တချို့ ကတော့ အိမ်ထောင်ပြုပြီး အိမ်ထောင်ဖက်ကပဲ ရုပ်ရှင်ရိုက်တာသဘောမတူ လို့ အနိုင်နဲ့ပိုင်းပြီး ရုပ်ရှင်လောကကို ကျောခိုင်းလိုက်သယောင် ဟန်လုပ်ကြ သေး၏။
ကေဇာ့အတွက်တော့ နိုင်ငံခြားထွက်ဖို့လည်း အဆက်အသွယ်မရှိ၊ အိမ်ထောင်ပြုဖို့လည်း အဆက်အသွယ်မရှိပါ။ ကေဇာခိုင်သွယ်သည် အများအမြင်တွင် အရွယ်ဟိုင်းနေသော မင်းသမီးအကျကြီးဖြစ်နေမည်။ အရွယ်ကောင်းစဉ်ကလိုချဉ်းကပ်လာသူများလည်း မရှိပါ လေတော့။
ကေဇာခိုင်သွယ်က ကိုယ့်ဘ၀ဇာတ်ကြောင်းကိုယ်တွေးကာ သက် ပြင်းမောကိုချလိုက်သည်။
ရှေ့ဆက်ရမယ့် ဘ၀တလျှောက်ကို ဒီလိုပဲ အထီးကျန်ဆန်စွာ၊ မျှော်လင့်ချက်မဲ့စွာနဲ့ ကုန်ဆုံးရ တော့မှာလား။ ကေဇာခိုင်သွယ်ဆိုတာ နှယ်နှယ်ရရမိန်းမမဟုတ်ဖူးလေ၊ တစ်နိုင်ငံလုံးက လူထုရဲ့ အသည်းနှလုံးကိုသိမ်း ကြုံးယူငင်ခဲ့တဲ့မိန်းမပါ။ ကေဇာခိုင်သွယ်ကို မေ့မပစ်ကြပါနဲ့ဦး၊ ကေဇာခိုင် သွယ်ရှိသေးတယ်ဆိုတာ သတိရကြပါဦး။
ကေဇာခိုင်သွယ်ဟာ ကျဆုံးသွားတဲ့မင်းသမီးတစ်လက်မဟုတ်ရဘူး
ကေဇာခိုင်သွယ်ဆိုတဲ့နာမည်ကို ဒီနိုင်ငံကလူထုပါးစပ်ဖျားမှာ တဖွဖွပြန်ပြောနေစေရမယ်။ ကေဇာခိုင်သွယ် မကျသေးဘူး၊ ကေဇာခိုင်သွယ်ကို လူတွေစိတ်ဝင်စားရမယ်။
ကေဇာခိုင်သွယ်ရုပ်ရှင်မရိုက်တော့တာဟာ မရိုက်ရလို့မဟုတ်ပါဘူး၊ ရုပ်ရှင်ရိုက်လို့ကိုမရတဲ့ အကြောင်းတစ်ခုကြောင့်ပါ။
လူတွေ အဲဒီလိုယုံကြည်ရမည်။ သတ်မှတ်ရမည်။
ကေဇာခိုင်သွယ်ဟာ လူတွေအားလုံးအမြင်မှာ အောင်မြင်နေဆဲ၊ အမြဲပဲအောင်မြင်နေတဲ့မင်းသမီးတစ်လက်လို့ မှတ်ယူရမည်။
အဲဒီလိုဖြစ်အောင်လည်း ကေဇာခိုင်သွယ်ကိုယ်တိုင်ပဲ ကြိုးစားရ တော့မှာပေါ့လေ...
+ + + + + + + + +

]ကလင်.... ကလင်.... ကလင်...}
လူခေါ်ခေါင်းလောင်းမြည်သံကြောင့်ကေသွယ်ထွက်လာတော့ ထင် တဲ့အတိုင်း သတင်းစာပို့၊ ဂျာနယ်ရောင်းတဲ့ကောင်လေးဖြစ်နေသည်။
]ဟာ- မမ၊ အန်တီမရှိဘူးလား}
ကေသွယ်ကိုယ်တိုင်တခါးဖွင့်ပေးသည်ကိုကြည့်ကာ ကောင်လေးက မေးလိုက်သည်။
]ဒေါ်လေးနယ်ပြန်သွားတယ်ကွဲ့၊ ကဲပါ- ဂျာနယ်တွေရွေးရအောင် အထဲဝင်ထိုင်ပါဦး}
]ဟုတ်ကဲ့}
ကေသွယ်က ကောင်လေးကိုဧည့်ခန်းတွင်ထိုင်ခိုင်းလိုက်သည်။
]မောင်လေးက အဆောင်မှာနေတယ်ဆိုတော့ နယ်ကနေ အလုပ် လာလုပ်တာပေါ့၊ ဟုတ်လား}
အရင်အခေါက်တွေတုန်းကလို ဂျာနယ်မရွေးပဲ သူ့အကြောင်းကို စပ်စုလိုက်၍ ကောင်လေးက အံ့ဩသွားလေသည်။
]ဟုတ်ပါတယ်မမ}
]မိဘတွေကရော}
]မိဘတွေမရှိတော့ပါဘူး၊ ဆုံးကုန်ပါပြီ}
ကောင်းတယ်၊ ငါလိုချင်တာ ဒီလိုလူမျိုးပဲ၊ မင်းအတွက် နောက် ကွယ်မှာ ဘယ်သူမှပူဆွေးပြီး မကျန်ခဲ့စေချင်ဘူးလေ။
]ရန်ကုန်ကိုဘယ်လိုရောက်လာတာလဲကွဲ့}
]မိဘတွေဆုံးကုန်တော့ ရန်ကုန်ကဦးလေးက ခေါ်ထားတာပါ မမ၊ ခုတော့ ဦးလေးလည်း ဆုံးသွားပါပြီ၊ အဒေါ်နဲ့အဆင်မပြေလို့ အဆောင်မှာ ပြောင်းနေတာပါ}
]ညီအစ်ကိုမောင်နှမတွေရော}
]မရှိပါဘူး၊ ကျွန်တော်တစ်ကောင်ကြွက်ပါမမ}
ကောင်းလိုက်တာ၊ နောက်ပိုင်းရှင်းတာပေါ့၊ ငါ့အတွက် ကူညီခိုင်းရမှာ မင်းကိုအားနာပါတယ်၊ သနားပါတယ်လေ၊ ဒါပေမယ့်.. မင်းလိုလူမျိုး ရဖို့ခဲယဉ်းတယ်ကွဲ့၊ မမကိုခွင့်လွှတ်ပါကွယ်၊
].. မောင်လေးကိုကော်ဖီဖျော်တိုက်ရဦးမှာပဲ၊ ခဏနော်၊ မမ သွားဖျော်လိုက်ဦးမယ်}
]ဟာ..မမ၊ နေပါစေ၊ ကိစ္စမရှိပါဘူးမမ၊ အန်တီမှမရှိပဲ}
]ဘယ်ဟုတ်မလဲကွယ်၊ တော်ကြာ ဒေါ်လေးက မမကိုဆူနေပါဦး မယ်၊ ကော်ဖီဖျော်တာ ဘယ်လောက်မှမကြာပါဘူး}
ကောင်လေးတားနေတဲ့ကြားက ကေသွယ်ထွက်လာခဲ့သည်။
ကော်ဖီဖျော်သည်။ ဒေါ်လေးဖျော်တိုက်နေကျ စူပါကော်ဖီမစ်ထုတ်ကိုပဲဖျော်သည်။ ဒေါ်လေးနဲ့မတူတာတစ်ခုက ကော်ဖီထဲကို ဆေးမှုန့်အနည်း ငယ်ထည့်လိုက်ခြင်းပဲဖြစ်ပါ၏။
]မောင်လေးရေ၊ လာကွယ်၊ ထမင်းစားခန်းထဲလာသောက်လှည့်}
]ဒုက္ခရှာလို့မမရာ၊ အားနာစရာကြီး၊ နေ၊ နေ၊ ကော်ဖီခွက်ကို ကျွန်တော့်ဟာကျွန်တော် လာယူမယ်}
ကောင်လေးထမင်းစာခန်းထဲဝင်လာသည်။
]ကဲပါ၊ ထိုင်ပါ၊ ဒီမှာပဲထိုင်သောက်စမ်းပါ၊ ကိတ်မုန့်လည်းရှိတယ်၊ စားနော်}
ကောင်လေးက အားနာနေသည်။ ကေသွယ့်ရှေ့မှာ မနေတတ်သ လိုဖြစ်နေသည်။
]အဆောင်ကျ မမခိုင်သွယ်ကိုယ်တိုင် ကော်ဖီဖျော်တိုက်လိုက်တယ်ဆိုတာ ပြန်ကြွားရဦးမယ်}
တမလွန်ရောက်မှ ကြွားပေတော့ကွယ်။
ကေဇာခိုင်သွယ်က ကောင်လေးကော်ဖီသောက်သည်ကို အစအဆုံးထိုင်ကြည့်နေသည်။ ကောင်လေးကလည်း ကြာကြာထိုင်သောက်ရမှာ အားနာလို့ထင်ရဲ့၊ ကော်ဖီကို အမြန်ကုန်အောင်မော့သောက်လိုက်လေ၏။
ကောင်လေးနာမည်တောင် ငါမမေးမိပါလား၊ အင်းလေ.. နာမည်တောင်မသိဘူးဆိုတော့ ပိုပြီးသဘာဝကျသွားတာပေါ့၊ သူက အိမ်မှာ ကျွန်မ ဒေါ်လေးမရှိဘူးဆိုတာလည်း သိရော.. ကျွန်မကို... အို.. ကျွန်မပြောရ မှာရှက်တယ်... ကေဇာက ပြောရမည့်စကားလုံးများကို စီကြည့်နေသည်။ ရုပ်ရှင်ရိုက်ခါနီး ရီဟာဇယ်လုပ်သလို။
]ဟင်.. မမ၊ ကျွန်တော်၊ ကျွန်တော်...}
ကောင်လေးသည် ရုတ်တရက် ယိုင်လဲမလိုဖြစ်သွားကာ စားပွဲစွန်းကိုလက်နှင့်ကိုင်လိုက်သည်။
]အို- နေပူထဲကလာလို့ မူးသွားတာထင်တယ်၊ ထိုင်နေ၊ ထိုင်နေ၊ အဲဒီမှာပဲထိုင်နေလိုက်}
]အား.. ကျွန်တော်ဘာဖြစ်တယ်မသိဘူး၊ ရင်တွေပူလိုက်တာ မမရယ်}
]ခဏနေသက်သာသွားမှာပါ၊ ထိုင်နေနော်}
]ကျွန်တော်၊ ကျွန်တော် မနေနိုင်တော့ဘူး၊ အား.. မမ}
ကောင်လေးက သူ့လည်မျိုကိုညှစ်ကိုင်လိုက်သည်။
]အား ...}
စူးစူးဝါးဝါး တစ်ချက်အော်လိုက်ကာ ကုလားထိုင်ပေါ်မှ အရုပ်ကြိုး ပြတ်လဲကျသွားလေ၏။
ကေဇာခိုင်သွယ်ထိုင်ရာမှထလိုက်ကာ ကောင်လေးကိုငုံ့ကြည့်သည်
ကောင်လေးမလှုပ်တော့။
ဘုရား ဘုရား သေသွားပြီထင်ပါရဲ့၊ အင်းလေ.. ဒီလိုဖြစ်အောင်ပဲ ငါလုပ်လိုက်တာကိုး၊ အဆိပ်ဟာ တော်တော်ပြင်းပါကလား။
ကေဇာခိုင်သွယ်က ခဏရပ်ကြည့်နေသေးသည်။ ကောင်လေး တကယ်ငြိမ်သက်သွားသည့် အခါမှ သေပြီဆိုတာစိတ်ချလက်ချယုံလိုက်၏။
ကေဇာခိုင်သွယ်က အခန်းထဲသို့ဝင်လိုက်သည်။
မှန်တင်ခုံရှေ့မှာရပ်သည်။ ဆံပင်များကိုဖွလိုက်သည်။ အင်္ကျီရင်ပတ်ကို အားရှိပါးရှိဆွဲဖြဲလိုက် သည်။ ရင်ညွန့်ပေါ်သည်ထိ အင်္ကျီပြဲသွားကာ အပြဲစက ရင်သားပေါ်သို့လန်၍ကျသွားသည်။
ကိုယ့်ကိုကိုယ် မှန်ထဲပြန်ကြည့်လိုက်၏။ သည်လောက်ဆို သဘာ ၀ကျပါပြီ။
ကေဇာခိုင်သွယ် ဧည့်ခန်းထဲကတယ်လီဖုန်းရှိရာသို့လျှောက်သွား လိုက်၏။
မြို့နယ်ရဲစခန်း၏တယ်လီဖုန်းနံပါတ်ကိုလှည့်လိုက်လေသည်။
+ + + + + + + + +
ရဲများရောက်လာသည့်အခါ ကေဇာခိုင်သွယ်က ဇာတ်စုံခင်းပြလေ သည်။
]အပတ်တိုင်းဂျာနယ်လာရောင်းနေကျကောင်လေးပါရှင်၊ သူနာမည် တောင်မသိပါဘူး၊ ကျွန်မကလည်း ဂျာနယ်တွေကို ဇိမ်ပြေနပြေရွေးနေကျဆိုတော့ သူ့ကိုအိမ်ထဲထိ ဖိတ်ခေါ်မိတယ်လေ၊ အရင်ကလည်း အိမ်ထဲဝင်နေကျ ပါ၊ အိမ်မှာ ကျွန်မနဲ့အတူနေတဲ့ ဒေါ်လေးရှိပါတယ်၊ ဒီနေ့တော့ ဒေါ်လေး နယ်ပြန်သွားလို့ အိမ်မှာ ကျွန်မတစ်ယောက်ထဲရှင့်၊ သူက အိမ်မှာ ကျွန်မ ဒေါ်လေးမရှိဘူးဆိုတာလည်း သိရော.. ကျွန်မကို... အို.. ကျွန်မပြောရမှာ ရှက်တယ်...}
]ဖြစ်ရလေ ဒေါ်ကေဇာခိုင်သွယ်ရယ်၊ နားနဲ့မနာဖဝါးနဲ့နာဗျာ၊ သူ အထမြောက်သွားသေးလား ဒေါ်ကေဇာခိုင်သွယ်}
]အို.. ဘုရားမလို့ ဘာမှမဖြစ်မြောက်လိုက်ဘူးရှင့်၊ ဒါကလည်း ကျွန်မပရိယာယ်မာယာ ဆင်တာ ကောင်းလို့ရှင့်၊ ကျွန်မ ကျွန်မက သူ့ကို သူ့ အလိုလိုက်ပါ့မယ်လို့ ချော့လိုက်ရတယ်လေ၊ အိမ်မှာဘယ်သူမှမှမရှိတာ ဘာလို့အရင်လိုရမှာလဲ ဘာညာနဲ့ အို..နားရှက်စရာကောင်း တဲ့စကားတွေပြော ပြီး ကျွန်မသူ့ကိုချော့ရမော့ရတာပေါ့ရှင်၊ ပြီးမှ ကျွန်မက အေးအေး ဆေးဆေး ကော်ဖီလေးဘာလေးသောက်ဦး၊ ကျွန်မလည်း ရေမိုးချိုးလိုက်ဦးမယ်၊ ပြီးမှသဘောရှိဆိုပြီး သူ့ကိုအချိန်ဆွဲလိုက်ပါတယ်ရှင်}
]ဒေါ်ကေဇာလုပ်လိုက်တာသိပ်ကောင်းပါတယ်}
]ကျွန်မကော်ဖီဖျော်ရင်းကနေ အဆင်သင့်ရှိတဲ့အဆိပ်ကို ကော်ဖီ ခွက်ထဲထည့်လိုက်တယ်ရှင့်၊ သူယုံအောင် သူ့အနားမှာပဲ ပရောပရီလုပ်နေရ တာပေါ့၊ အဲဒါကြောင့် ကျွန်မမှာ အနီးပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းဖို့လည်း အချိန်မရလိုက်ဘူးရှင့်}
]ဟုတ်တာပေါ့ဗျာ}
]ကော်ဖီသောက်ပြီးမကြာပါဘူး သူလဲကျသွားတယ်၊ သေလားမ သေလားဆိုတာတော့ ကျွန်မလည်းမကြည့်ရဲတော့ဘူး၊ ရဲစခန်းကိုအမြန်ဖုန်း ဆက်အကြောင်းကြားလိုက်တာပါပဲ စခန်းမှူးကြီးရှင်၊ ကျွန်မလူသတ်မိပါပြီ၊ ကျွန်မကိုဖမ်းချုပ်ပါတော့စခန်းမှူးကြီးရယ်}
]ဒေါ်ကေဇာပြစ်ဒဏ်သက်သာရာရမှာပါခင်ဗျာ၊ ကိုယ့်ကိုကိုယ်ကာ ကွယ်တာဖြစ်တဲ့အပြင် ဒေါ်ကေဇာက ကိုယ့်အပြစ်ကို ဖုံးဖိမထားပဲ ရဲစခန်း ကိုအကြောင်းကြားခဲ့တာဟာ တာဝန်သိပြည်သူတစ်ယောက်ရဲ့လုပ်ရပ်ပါ၊ ဒေါ်ကေဇာခိုင်သွယ်ကိုချီးကျူးပါတယ်၊ ကဲ- တာဝန်အရမို့ ကျွန်တော်တို့ကိုခွင့်ပြုပါ ဒေါ်ကေဇာ၊ ဒေါ်ကေဇာ့ကို လက်ထိပ်ခတ်ပြီး ခေါ်သွားရပါလိမ့်မယ်}
]တာဝန်ရှိသလိုသာ လုပ်ကြပါရှင်}
ပြောရင်းမှ ကေဇာခိုင်သွယ် ငိုချလိုက်လေသည်။
+ + + + + + + + +

ကေဇာခိုင်သွယ်ကို လက်ထိပ်ခတ်၍အပြင်သို့ထုတ်လာသည့်အချိန်တွင်….  အိမ်အပြင်၌ လူများစွာစုရုံးနေသည်ကို တွေ့ရလေသည်။
ရဲများရောက်လာခြင်းကြောင့် လာရောက်စပ်စုကြရာမှ ကေဇာခိုင်သွယ်၏လူသတ်မှုကို သိရှိသွားကြခြင်းဖြစ်သည်။ ဘယ်ကသတင်းကြားသည် မသိ။ ဂျာနယ်သတင်းထောက်များပါ ရောက်ရှိနေကြလေ၏။
ကေဇာခိုင်သွယ်ထွက်လာသည်နှင့် သတင်းထောက်များ၏ကင်မရာများဆီမှ လျှပ်တပြက်မီးလုံး များ တဖျတ်ဖျတ်လင်းသွားကြလေသည်။
ကေဇာခိုင်သွယ်ကြေနပ်သွားသည်။ သူမထင်တာထက် အောင်မြင်နေပါကလား။ မနက်ဖန်ထုတ်သတင်းစာနှင့်ဂျာနယ်များတွင် ကေဇာခိုင်သွယ်၏သတင်း ပါလာပေတော့မည်။ ပြည်သူလူထုက ကေဇာခိုင်သွယ်ကိုစိတ်ဝင် စားကြတော့မည်။ ကေဇာခိုင်သွယ်အကြောင်းတွေကို ပြောကြဆိုကြဝေဖန်ကြပေတော့မည်။
ဤသည်ကား ကေဇာခိုင်သွယ် နောက်ဆုံးသရုပ်ဆောင်ခဲ့သော ကိုယ်တိုင်ရေးသား စီစဉ်ညွှန်ကြား ရိုက်ကူးလိုက်သည့် သရုပ်ဆောင်ကွက်တစ်ကွက်ပင်တည်း။
နောင်တွင် ကေဇာခိုင်သွယ်အကြောင်းကိုလူတွေပြောဆိုသည့်အခါ ကေဇာခိုင်သွယ်ဆိုသည် မှာ စန်းကျသွား၍ ရုပ်ရှင်မရိုက်ရတော့သောမင်းသမီးတစ်ယောက်မဟုတ်နိုင်တော့။
ကေဇာခိုင်သွယ် ရုပ်ရှင်မရိုက်တော့ခြင်းသည် ထောင်ကျနေခြင်းကြောင့်ဖြစ်သည်။ ထောင်ကျရတာကလည်း ကိုယ့်ကိုဗလက္ကာယပြုကျင့်ရန် ကြံစည်တဲ့ယောက်ျားတစ်ယောက်ကို ပညာသားပါပါ လက်တုံ့ပြန်သတ်ဖြတ်လိုက်ခြင်းကြောင့်ဖြစ်သည်။
ကဲ…. ဘယ်လောက်လှပတဲ့ဇာတ်ကွက်ကလေးပါလဲ။
+ + + + + + + + +
                                                                                     ဆောင်းလုလင်

No comments: