Saturday 17 November 2012

ဆောင်းလုလင်- ရောင်ပြန်ဟပ်တဲ့အရာ (မဂ္ဂဇင်းဝတ္ထုရှည်)

ဆောင်းလုလင်

ရောင်ပြန်ဟပ်တဲ့အရာ 

..............

"ပိုက်ဆံတစ်ကျပ်လောက်၊ ထီထိုးချင်လို့"
ကျွန်တော်၏ပခုံးကိုအတို့ခံလိုက်ရ၍ လှည့်ကြည့်လိုက်ရာ အသက် အတန်ကြီးလှပြီဖြစ်သော လူကြီးတစ်ယောက်က လက်ညှိုးတစ်ချောင်းထောင် ပြကာ တောင်းခံနေသည်ကိုတွေ့ရ၏။
]ထီထိုးချင်လို့ပါဗျာ၊ ငွေတစ်ကျပ်လောက်ပေးစမ်းပါ}
ကာလ၊ဒေသနှင့်လူကြီး၏အခြေအနေကိုကြည့်ကာ လူကြီးမှာ စိတ်မမှန်သူတစ်ယောက် ဖြစ်ကြောင်း သိလိုက်သည်။ အသက်၆၀ကျော်အရွယ်ထိ ရောက်နေပြီဖြစ်သည့်လူကြီးသည် တုန်ယင် ချိနဲ့၍ပင်နေပါပြီ။ သူ၏ မျက်လုံး များက စိတ်မူမမှန်သူ ဖြစ်ကြောင်း ရှင်းရှင်းကြီးဖော်ပြနေသည်။
ကျွန်တော်သည် အဘိုးကြီးကိုသနားသွားမိ၏။ ဒီခေတ်ဒီကာလမှာ သူတောင်းတဲ့ငွေက တစ်ကျပ်တဲ့။ ခေတ်နှင့် မျက်ခြည် ပြတ်လောက်အောင်ပင် စိတ်အခြေအနေယိမ်းယိုင်နေသူပါတကား။
ကျွန်တော်က မော့်သောက်ရန်ပြင်ထားသော ဘီယာခွက်ကို စားပွဲ ပေါ်သို့ပြန်ချလိုက်ကာ ပိုက်ဆံအိတ်ကိုဖွင့်၍ ငွေစက္ကူ တစ်ရွက်ကို နှိုက်လိုက်သည်။ နှစ်ရာတန်တစ်ရွက်ပါလာ၏။ သူတောင်းခံ တဲ့ငွေအချိုးအစားထက် များစွာတန်ဖိုးရှိသောငွေစက္ကူ။
ကျွန်တော် အဘိုးကြီးအား နှစ်ရာတန်စက္ကူကို ကမ်းပေးလိုက်၏။
အဘိုးအိုကငွေစက္ကူကိုလှမ်းယူရင်း ကျွန်တော့်ကိုကျေးဇူးတင်သည့် မျက်လုံးများဖြင့်ကြည့် သည်။
]ကျေးဇူးတင်ပါတယ်ဗျာ၊ကျုပ် ဒီပိုက်ဆံကို ထမင်းဝယ်မစားပါဘူး၊ ထီထိုးမှာပါ၊ ကျေးဇူးပဲနော်၊ ထီပေါက်ရင် မင်းကို တစ်ဝက်ပေးမယ်၊ သိလား၊ ဒီတစ်ခါတော့ ကျုပ်ကတိတည်ပါ့မယ်၊ ထီပေါက်ရင် မင်းကို မညာပါဘူး၊ ငွေ တစ်ဝက်လာပေးပါ့မယ်၊ နော်}

ကျွန်တော်က ဘီယာကိုတစ်ကျိုက်မော်ချလိုက်ကာ အဘိုးအိုပြောစကားများကို နားထောင် နေမိသည်။
]ထီတစ်စောင်က ဘယ်လောက်ပေးရလဲ}
ကျွန်တော့်နှုတ်မှ လွှတ်ကနဲထွက်သွားသည်။
]နှစ်ကျပ်လေ}
]..}
အဘိုးအိုက ကျွန်တော့်အာ ဆလံပေးသလိုပြုကာ ချာကနဲလှည့် ထွက်သွားလေ၏။ ခပ်လှမ်း လှမ်းရှိ ဆိုင်ထောင့်မှ အခြားဝိုင်းတစ်ဝိုင်းဆီသို့ လျှောက်လှမ်းသွားသည်ကို တွေ့လိုက်ရသည်။
]ဘဲ့နဲ့လဲကိုနေ၊ ထီလက်မှတ်ဖိုး ဘယ်လောက်ပေးလိုက်လဲ}
အိမ်ရှင်ဖြစ်သူ ဆေးကိုယ်စားလှယ် ဦးဇော်အောင်က စားပွဲဆီပြန် ရောက်လာကာ မေးလိုက် ခြင်းဖြစ်လေသည်။
ကျွန်တော်သည် ဤမြို့သို့ ဆေးဖြန့်ချီရေးကိစ္စအတွက်ရောက်ရှိနေ သော နယ်လှည့်ဆေး အရောင်းကိုယ်စားလှယ်တစ်ဦး ဖြစ်ပါသည်။ ဆေးဆိုင် ပိုင်ရှင်လည်းဖြစ်၊ ဤတစ်နယ်လုံးအား ဆေး လက်ကားဖြန့်ပေးနေသူလည်း ဖြစ်သော ဦးဇော်အောင်က ကျွန်တော့်ကို ဧည့်ခံပြုစုနေခြင်းဖြစ်ပါသည်။
ဦးဇော်အောင်က အခြားဝိုင်းတစ်ဝိုင်းသို့ထသွားနှုတ်ဆက်ပြီးအပြန် တွင် ကျွန်တော့်ထံမှ ထီဖိုး တစ်ကျပ်ဆိုတာ တောင်းခံသွားသောအဘိုးအိုကို မြင်လိုက်၍ မေးလိုက်ခြင်းဖြစ်ပါသည်။
]သနားပါတယ်ဗျာ၊ ပိုက်ဆံတောင်းတာလည်း တစ်ကျပ်တဲ့၊ ထီထိုး ဖို့လို့လည်း ပြောတယ်}
]ဟုတ်တယ်၊ သူအဲဒီပိုက်ဆံနဲ့ထီထိုးမှာ အမှန်ပဲ}
]ဘယ်လိုဖြစ်တာလဲဗျ၊ အဘိုးကြီးကတော့ စိတ်မှန်ပုံမရဘူး၊ ခင်ဗျားတို့မြို့က အထူးအဆန်း တစ်ခုထင်ပါရဲ့}
ဦးဇော်အောင်က ကုလားထိုင်တွင် ဝင်ထိုင်လိုက်ကာ..
]ထူးတာတော့ထူးတယ်ဗျ၊ ကိုနေကရော ဘယ်လိုထင်သလဲ}
]သူ ထီလက်မှတ်ကိစ္စကြောင့်ပဲစိတ်ဖောက်ပြန်သွားတယ်ထင်ပါရဲ့}
ဦးဇော်အောင်က ပြုံးနေသည်။
]ဟုတ်တယ်မဟုတ်လားဦးဇော်အောင်၊ ထီပေါက်ပြီးမှ ထီလက်မှတ် ပျောက်တာမျိုးပေါ့ဗျာ၊ ပြီးတော့ သူ ဒီလိုဖြစ်နေတာ ကြာပြီ၊ ဘာဖြစ်လို့လဲဆို တော့ ထီလက်မှတ်တစ်စောင်ကိုနှစ်ကျပ်တဲ့၊ သူပြောသွားတာ၊ အဘိုးကြီးဟာ ထီတစ်စောင် နှစ်ကျပ်ခေတ် ကတည်းက ရူးသွားပုံပဲ}
ဦးဇော်အောင်က သက်ပြင်းတစ်ချက်ချလိုက်ကာ..
]ခင်ဗျားထင်တာတွေ အကုန်မှန်ပါတယ်ကိုနေ၊ သူရူးသွားတာ အနှစ်၃၀ရှိရော့မယ်}
]အနှစ်၃၀တောင်}
]ဟုတ်ပါ့၊ ထီလက်မှတ်ပျောက်တယ်ဆိုတာလည်း မှန်တယ်ဗျ၊ ဒါပေမယ့် ခင်ဗျားထင်သလို ကိုယ်ပေါက်တဲ့ထီလက်မှတ် ပျောက်သွားလို့တော့ မဟုတ်ဖူး၊ သူကိုယ်တိုင်ပေါက်တဲ့ ထီလက်မှတ်ကိုလည်း လက်လွှတ်ဆုံးရှုံး လိုက်ရတာမျိုးတော့ ရှိခဲ့တယ်}
ဦးဇော်အောင် အပြောများကြောင့် ကျွန်တော်လည်သွားရသည်၊ နားလည်ရခက်သွားသည်။ ဦးဇော်အောင်ကလည်း နားလည်ပုံရသည်။
]ဇာတ်ကတော့ရှုပ်တယ်ဗျ၊ ခင်ဗျားနားထောင်ချင်လား}
]လုပ်လိုက်လေ၊ အချိန်ရသားပဲ၊ ကျွန်တော်တို့ သောက်ရင်းစားရင်းပြောကြတာပေါ့}
]အင်း.. အဘိုးကြီးနာမည်က ကိုစံလုံးတဲ့၊ ခုတော့ ဦးစံလုံးပေါ့ လေ၊ သူက လက်သမားဗျ၊ အရင်က လက်သမားလုပ်ဖူး တယ်၊ မရူးခင်က ဆိုပါတော့ .. ဖြစ်ပုံက..}
+ + + + + + + + +

ဤမြို့တွင် လေးတိုင်စင်ဆိုသောရပ်ကွက်တစ်ခုရှိသည်။ လက်လုပ်လက်စားဆင်းရဲသားများ နေသည့် မြို့ပြင်ဖက် ခပ်ကျကျမှရပ်ကွက်တစ်ခုဖြစ်၏၊
လေးတိုင်စင်ရပ်ကွက်၏ တောင်ဖက်အစွန်တွင် ခြံဝင်းတစ်ခုရှိကာ ခြံဝင်းထဲ၌ တဲကလေးသုံးလုံး ကို တွေ့နိုင်လေသည်။ သွပ်မိုးထားသော တဲ တစ်လုံးက ခြံဝင်း၏ရှေ့ဆုံးက နေရာယူထားလေသည်။ ထိုတဲကား ခြံဝင်းကို ပိုင်ဆိုင်သော အပျိုကြီး အဘွားအိုနှစ်ယောက်နေထိုင်သည့်တဲဖြစ်သည်။
ခြံနောက်ဖက်ခပ်ကျကျမှ အင်ဖက်မိုးထားသောခပ်စုပ်စုပ်တဲနှစ်လုံးမှာ အိမ်ငှားများ၏တဲများဖြစ်လေသည်။ အိမ်ရှင် ညီအစ်မကိုယ်တိုင် ဆင်းရဲနုံ ချာသူများမို့ အိမ်ငှားများကို ခြံဝင်းအတွင်းမှာ နေထိုင်ခွင့်သာပေးနိုင်သည်။ အိမ်ငှားသူများက မိမိ နေမည့်တဲကို မိမိဘာသာဆောက်လုပ်ရခြင်းဖြစ်ပါ၏။
အိမ်ငှားမိသားစုတစ်စုမှာ လက်သမား ကိုစံလုံးနှင့်ဇနီးတို့ဖြစ်သည်။ သူတို့မှာ သားသမီး မထွန်းကားပါ။
နောက်မိသားတစ်စုက ပဲပြုတ်သည်မုဆိုးမဒေါ်ဟေတုနှင့် သားဖြစ်သူ ၈တန်းကျောင်းသား တို့ဖြစ်သည်။
ဒေါ်ဟေတုအမည်မှာ နာမည်ရင်းမဟုတ်ပါ။ နာမည်ရင်း ဒေါ်စန်း မြင့်ဆိုသည်ကို သိသူ အတော်ရှားသည်။ တစ်ရပ်လုံးက ဒေါ်ဟေတုလို့ပဲခေါ် ကြသည်။ ဒေါ်ဟေတုသည် စာမတတ်ရှာပါ၊ စာမတတ်သော်လည်း ဘုရား တရားကိုဖြင့် အလွန်ကြည်ညို သူဖြစ်သည်။ ညစဉ် အသံကျယ်လောင်စွာ ဘုရားရှိခိုးလေ့ရှိသည်။ ပတ်ဝန်းကျင်ခုနစ်အိမ်ကြားလောက်အောင် မေတ္တာပို့ အမျှ အတန်းဝေသည်။ မနက်စောစော ပဲပြုတ်ထပြုတ်ရင်းမှ ဘုရားစာကိုရွတ် ဆိုနေတတ်သည်။
သူမနှုတ်မှ အမြဲရွတ်သောဘုရားစာမှာ ပဌာန်း၂၄ပစ္စည်းဖြစ်သည်။ ၂၄ပစ္စည်းကို အကုန်အစင်ရခြင်းတော့မဟုတ်။ ရှေ့ဆုံး က ]ဟေတုပစ္စယော} တစ်ခုသာ ဒေါ်စန်းမြင့် ရသည်။ သားဖြစ်သူက ၂၄ပစ္စည်းတစ်ခုလုံးကိုနှုတ် တိုက်ချသင်ပေးသော်လည်း ဒေါ်စန်းမြင့်မရ၊ မလိုက်နိုင်ရှာချေ။
]ငါ့သားရယ်၊ အမေက ဘုရားရှင်ကိုကြည်ညိုပြီး ရွတ်တာပဲ၊ အပြည့်အစုံမဆိုနိုင်လည်း ဘုရားက နားလည်ပါတယ်၊ အမေဉာဏ်ထိုင်းတာလည်း ဘုရားသိမှာပါ၊ ရွတ်တတ်သလောက်ရွတ်လည်း ကုသိုလ်ရပါတယ် သားရယ်}
ဒေါ်စန်းမြင့်ယုံကြည်ချက်က ထိုသို့ဖြစ်သည်။ ဟေတုပစ္စယော-တစ်ခုတည်းကိုသာ အချိန်ပြည့် ရွတ်ဆို နေတတ်သည်။
ပဲပြုတ်အရောင်းထွက်လျှင်..
]ဟောဒီက ပဲပြုတ်...}ဟုအော်ပြီးသည်နှင့်-
]ဟေတုပစ္စယော၊ ဟေတုပစ္စယော..}ဟု နှုတ်မှတိုးတိတ်စွာတစ် ဆက်တည်းရွတ်ဆိုလိုက်သံကို သူ့ထံမှပဲပြုတ်ဝယ် သူတိုင်း သိသည်။ ပဲပြုတ် ကိုချိန်တွယ်ရောင်းချပေးနေချိန်မှာလည်း ]ဟေတုပစ္စယော၊ ဟေတုပစ္စယော} နှင့် အဆက်မပြတ် ဆိုနေတတ်သည်။
ထို့ကြောင့်တစ်ရပ်လုံးက ဒေါ်စန်းမြင့်ကို ]ပဲပြုတ်သည်ဒေါ်ဟေတု} ဟုသာခေါ်ကြတော့သည်။ နာမည်ရင်းကိုလည်း မေးမနေကြတော့။ ဒေါ်ဟေတုလို့ပြောလိုက်သည်နှင့်လူတိုင်းသိနေကြတော့သည်။
လက်သမားကိုစံလုံးတို့ လင်မယားကလည်း ခြံထဲသို့နောက်ကျမှ ရောက်လာသူများဖြစ်၍ ဒေါ်ဟေတု၏နာမည်ရင်း ကိုမသိပေ။ အများခေါ်သလို ဒေါ်ဟေတုလို့ပဲခေါ်သည်။
လက်လုပ်လက်စားဆင်းရဲသား၊ တစ်နေ့လုပ်မှတစ်နေ့စားရသူချင်း တူသော်လည်း.. အိမ်ငှားနှစ်ဦးဖြစ်သော ဒေါ်ဟေတု သားအမိနှင့် ကိုစံလုံး လင်မယားတို့၏ စရိုက်များမှာ လုံးလုံးဆန့်ကျင်ကြလေသည်။
ဒေါ်ဟေတုက ဘုရားတရားကြည်ညိုသည်။ အားချိန်တိုင်း ဘုရား စင်ရှေ့ရောက်နေတတ်သည်။ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှအတန်းဝေလုပ်နေ တတ်၏။ ဘုရားတရားသံဃာကိုလေးစားကြည်ညိုပြီး တရားတော်နှင့်အညီ နေထိုင်သူအဖို့ တစ်နေ့တွင် မုချမသွေကောင်းစားရမည်ဟု ဒေါ်ဟေတုကယုံ ကြည်၏။ အိမ်သို့ဆွမ်းခံကြွသောသံဃာတော်များကိုလည်း သဒ္ဒါတရားဖြင့် ဝတ်မပျက်ဆွမ်းလောင်းသည်။ ဘုရားစင်မှာလည်း ဆီမီးပန်းရေချမ်း မချို့ငဲ့ မပြတ်လပ် မညှိုးနွမ်းစေရ။
ဤသို့ ဘုရားအားကြည်ညိုလေးစားသမှုပြုခြင်းများကြောင့် တစ် နေ့တွင် ဆင်းရဲတွင်းကလွတ်ရလိမ့်မည်ဟုဒေါ်ဟေတုက ယုံကြည်လေသည်။
ဒေါ်ဟေတုအတွက် ဆင်းရဲတွင်းမှလွတ်ကင်းမည့်ထွက်ပေါက်တစ်ခုကလည်း ရှိပြီးဖြစ်လေသည်။
အဲဒါက ထီ၊ အစိုးရကဖွင့်လှစ်သော အောင်ဘာလေထီ။
အောင်ဘာလေသိန်းဆုကြီးပေါက်လိုက်လျှင် ဆင်းရဲတွင်းကလွတ်ပြီ မဟုတ်လား။ တစ်သိန်းဆုကြီးသာပေါက်လို့ကတော့ သားလေးကိုလည်း ရှင် ပြုပေးနိုင်မည်။ ဒေါ်ဟေတုသားလေးမှာ ၈တန်းကျောင်းသား အသက်၁၅နှစ် ရှိသည့်တိုင် ရှင်မပြုနိုင်သေး ပေ။ ရှင်ပြုရမည့်အရွယ်မတိုင်မီ သင်းကလေး အဖေသေသွားခြင်းကား ဒေါ်ဟေတုအတွက်သာမက သားကလေးအတွက်ပါ ကံဆိုးခြင်း ဖြစ်တော့သည်။
တစ်သိန်းဆုကြီးပေါက်လို့ကတော့ .. တစ်သိန်းဆုမဟုတ်လျှင် လည်း ငါးသောင်းဆုတို့၊နှစ်သောင်းဆုတို့ နောက်ဆုံး တစ်သောင်းဆုပေါက် လျှင်ပင် ဒေါ်ဟေတုကြေနပ်ပါပြီ။ ရွှေဈေးကမှ တစ်ကျပ်သား တစ်ထောင် မဟုတ်လား၊ တစ်သောင်းဆု ဆိုလျှင်တောင် မနည်းလှပေ။
ဘုရားတရားကြည်ညိုသည့် သူတို့သားအမိကို ဘုရားကကြည့်နေ မည်မဟုတ်။ ထီပေါက်ခွင့်ပေးလိမ့်မည်ဟု ဒေါ်ဟေတုက ယုံကြည်၏။
ထီကိုလည်း အပတ်စဉ်မပြတ်တန်းထိုးခဲ့သည်။ အပတ်စဉ်ဆိုသည် က အစိုးရက ၂လတစ်ကြိမ် ထီဖွင့်ပွဲပြုလုပ်ပေးရာ ၂လတစ်ကြိမ် ထီတစ်စောင် တစ်စောင် ထိုးခြင်းကိုဆိုလိုပါသည်။ ထိုကာလတုန်းက အောင်ဘာ လေထီကို ၂လမှတစ်ကြိမ်သာ ဖွင့်လှစ်ပါသည်။ အများဆုံးထီဆုငွေမှာလည်း တစ်သိန်းသာဖြစ်သည်။
ဒေါ်ဟေတုသည် ၂လတစ်ကြိမ် ငွေ၂ကျပ်ရင်း၍ ထီတစ်စောင် မပျက်မကွက်ထိုးခဲ့သည်မှာ သားလေးတစ်သက်ရှိပေပြီ။
မြို့မှာက ထီရောင်းသည့်ဆိုင် တစ်ဆိုင်တည်းပဲရှိသည်။ ငွေ၂ကျပ် စုမိသည့်အခါတိုင်း ဒေါ်ဟေတုက ပဲပြုတ်ရောင်းအပြီး တွင် ဈေးထိပ်က ထီ ဆိုင်အထိသွားကာ ထီတစ်စောင်ဖြတ်သည်။ စာမတတ်လို့ အက္ခရာတွေ၊ နံ ပါတ်တွေကိုတော့ ဒေါ်ဟေတု မရွေးတတ်ရှာ။ သူမ၏ထုံးစံအတိုင်း ]ဟေတု ပစ္စယော}ရွတ်ကာ မျက်လုံးစုံမှိတ်၍ ထီတစ်စောင်ကို ရွေးချလိုက်သည်။
ယခင်ကတော့ ထီထိုးလျှင် အတိတ်နေရာ၌ ]သားရှင်ပြုရန်} ဆိုသည့်အတိတ်ကို ဆိုင်ရှင်အား ရေးခိုင်းလေ့ရှိသည်။ ဆိုင်ရှင်တရုတ်ကြီးမှာ မြန်မာစာမတတ်တတတ်မို့ စာလုံးလေး သုံးလေးလုံးဖြင့် အတိတ်ရေးပေးရသည်ကိုပင် အပန်းတကြီး ဖြစ်ရရှာလေ၏။
]ခက်ပါလားဝေ၊ နီ့ဖာသာနီ ရေးပါလား၊ -လီရေးမလှဘူး}
]ကျုပ်က စာမတတ်လို့ပေါ့ပေါက်ဖော်ရယ်}
ကြိမ်ဖန်များလာတော့ ပေါက်ဖော်ကြီးကလည်း ရေးမပေးချင်တော့ ပေ။
]တီမယ် တော်ဟေတု၊ ထီဖြတ်ပိုင်းတွေ ဘီတော့မှပြန်မီပို့ဘူး၊ နီ အတိတ်ရေးလဲ ထီပေါက်ရင် ထီပေါက်စိန်ထဲ နင့် အတိတ်မီပါဘူး၊ အဲလီတော့ ရေးမနီနဲ့တော့ဝေ၊ ၀လည်း ပီပန်းတယ်}
]ဒီဆိုလည်း မရေးတော့ဘူးတော်၊ အတိတ်ပါပါ မပါပါ၊ ထီပေါက် ရင် ကျုပ်သားလေးရှင်ပြုဖို့ဆိုတာ ဘုရားသိပါတယ် ပေါက်ဖော်ရယ်}
သည်လိုနှင့် နောက်ပိုင်းမှ အတိတ်မရေးဖြစ်တော့ပဲ နှစ်ကျပ်ပေး၍ ထီလက်မှတ်ဖြတ်လာလိုက်တော့သည်။
ဖြတ်လာသောထီလက်မှတ်ကို အိမ်ရောက်လျှင် ဘုရားစင်ပေါ်တင် သည်။ ဘုရားဆင်းတုတော်အောက်မှာ ထီလက်မှတ် ကလေးကိုဖိထားလိုက်တော့သည်။ ပြီး ဆီမီးပန်းရေချမ်းလဲသည်။ ဘုရားကိုတိုင်တည်ကာ ဆုတောင်း လေတော့သည်။
ထီဖွင့်ပွဲပြီး၍ ထီပေါက်စဉ်ထွက်ပြီဆိုလျှင်လည်း ထီပေါက်စဉ်ကို တစ်မတ်(၂၅ပြား)ပေး၍ ဝယ်တတ်၏။ သားကျောင်းဆင်း လာလျှင် ထီတိုက်ခိုင်းသည်။
ယခုအချိန်အထိတော့ ဒေါ်ဟေတုထီမပေါက်သေးပါချေ။
သို့သော် a’:ဟေတုက စိတ်မပျက်၊ အားမလျှော့။
]တစ်နေ့တော့ ထီပေါက်ရမှာပေါ့ငါ့သားရယ်၊ ဘုရားတရားကြည် ညိုတဲ့လူကို ဘုရားကပစ်မထားပါဘူး၊ သားလည်း ရတနာသုံးပါးမမေ့နဲ့ငါ့ သား၊ ညတိုင်းဘုရားရှိခိုးပြီးမှအိပ်၊ တို့ထီပေါက်မှာပါကွယ်}
+ + + + + + + + +

ဆင်းရဲသားတို့၏ထွက်ပေါက်အဖြစ် စိတ်ကူးယဉ်စရာမှာလည်း ထီ တစ်မျိုးတည်းရှိသည်မို့ ကိုစံလုံးတို့လင်မယားလည်း ထီထိုးပါသည်။
ဒေါ်ဟေတုလို အပတ်စဉ်ထိုးခြင်းတော့မဟုတ်။ ကြုံ ကြုံသလို၊ ပိုက်ဆံရှိ ရှိသလို အလျဉ်းသင့်မှထိုးခြင်းဖြစ်သည်။ လက်လုပ်လက်စားများ အဖို့ ငွေ၂ကျပ်စုမိဖို့ ပိုဖို့ဆိုတာလည်း မလွယ်ဘူးမဟုတ်လား။
တကယ်တော့ ကိုစံလုံးတို့လင်မယားဝင်ငွေက ဒေါ်ဟေတုတစ် ယောက်ထဲရှာတဲ့ဝင်ငွေထက် အများကြီးသာပါသည်။ ကိုစံလုံးမှာ လက်ရာ ကောင်းသည့်လက်သမားမို့ အလုပ်ပြတ်လပ်သည်မရှိပေ။ ကိုစံလုံးမိန်းမ မမြတင်ကလည်း တစ်ဖက်တစ်လမ်း ဝင်ငွေရှိသည်။ ညနေတိုင်းငါးရောင်းသည်။ ငါးဖမ်းပိုက်သမားများထံမှ ငါးများကို အကြွေးယူကာ တစ်ညနေလုံး မြို့ထဲ လျှောက် ရောင်းသည်။ ငါးဖိုးအရင်းကိုတော့ ရောင်းပြီးမှပေးရ၏။
ဝင်ငွေပိုကောင်းသည်ဆိုသော်လည်း အိမ်နှစ်အိမ်ကို ယှဉ်ကြည့် လိုက်လျှင်တော့ သပ်ရပ်မှု၊သန့်ရှင်းမှုမှာ ကွာဟလှ ပါသည်။
ဒေါ်ဟေတုက မရှိသော်လည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း နေတတ်သည်။ အိမ်ထဲမှာအမှိုက်တစ်စမရှိသလို၊ အိမ်ရှေ့မြေကွက်လပ်က လေးများလည်း အမြဲပြောင်ရှင်းနေသည်။ ဖုံမထအောင် ရေများပင်လောင်း ထားလိုက်သေးသည်။ နေ့လည်ခင်းဆို သားအမိနှစ်ယောက်ရဲ့အဝတ်အစား လေးတွေဖွတ်၊ ညနေပိုင်းမှာ အဝတ်တွေချောက်တော့ မီးပူတိုက်နှင့် အဖိုး နည်းသော်ငြား သူတို့အဝတ်အစားလေးတွေမှာ သပ်သပ်ရပ်ရပ်ရှိသည်။
ကိုစံလုံးတို့အိမ်ကတော့ အမြဲတစေရှုပ်ပွနေတတ်၏။ ကလေးလဲ မရှိပဲနဲ့ မမြတင်က အိမ်မှုကိစ္စမနိုင်။ တကယ်တော့ မနိုင်ခြင်း မဟုတ်၊ လုပ်ကိုမလုပ်ခြင်းဖြစ်လေ၏။ သူမအလုပ်က ညနေပိုင်းမှ ငါးယူပြီး မြို့ထဲလည် ရောင်းရုံဖြစ်၍ နေ့ခင်းပိုင်းအားနေ သော်လည်း မမြတင်က အိမ်မှာမနေချေ။ ရပ်ကွက်ထဲလျှောက်လည် အိမ်တကာဝင်ထွက်ကာ အတင်းအဖျင်းပြောလျှက် ရှိတတ် သည်။
ကိုစံလုံးကလည်း ကိုယ့်ကိုအလုပ်အပ်သူများရှိပါလျှက် အလုပ်ကို ရိုရိုသေသေလုပ်လိုသူမဟုတ်ပေ၊ တစ်အိမ်ကအလုပ် မပြတ်သေးပဲ အလုပ်သစ်ကိုလက်ခံတတ်သူ။ လုပ်ခငွေကြိုယူသူမျိုးဖြစ်သည်။ လုပ်ခကိုကြိုယူထား တော့ နောက်အလုပ်အပ်သူရှိ လျှင် အရင်အလုပ်ကို လုပ်မပေးချင်တော့။ ရင်အလုပ်လည်းမပြတ်၊ နောက်အလုပ်လည်းမပြီးနှင့်ဖြစ်ကုန်တော့သည်။ ဆိုလျှင် အလုပ်အပ်ထားသူများလိုက်လာ၍ဖြေရှင်းနေရသည်က များလေ၏။
ညနေတိုင်း အရက်ကလေးတမြမြနှင့်မို့ သူဆီလာသူများနှင့်အခြေ အတင်စကားများ ရန်ဖြစ်ကြသည်ကများ၏။ အလုပ် အပ်မိသူတွေကလည်း ငွေအပြေပေးပြီးပြီမို့ ကိုစံလုံးကို ချော့ချော့မော့မော့ပြန်လုပ်နေကြရသည်။
မိန်းမဖြစ်တဲ့ မမြတင်ကရော၊ ဘာထူးသနည်း။ ငါးကို အရင်းမရှိပဲ ယူရောင်းပြီး၊ ရောင်းပြီးတော့လည်း အရင်းကို ပုံမှန်ပေး သည်မရှိ။ တံငါများ က ညစဉ်လိုအိမ်လိုက်လာကာ တောင်းရသည်။ မြတ်စွန်းနေပါရက် အရင်း ကိုပင်ပြန်မပေးနိုင်ရှိတတ်၏။ အကြွေးလာတောင်းသူများကလည်း မပြတ်မ လတ်ရှိနေပြန်သည်။
ဝင်ငွေတွေရှိနေပါရက် လင်မယားနှစ်ယောက်ထဲ ဘယ်လိုတွေသုံး ပစ်ပါလိမ့်ဟု ဒေါ်ဟေတုကတွေးမိသည်။ လက်သမား ဖြစ်သည့်တိုင် အိမ်မှာ အိမ်ထောင်ပရိဘောဂရယ်လို့လည်းမရှိ၊ အဝတ်အစားလည်း ပြောင်ပြောင် ရောင်ရောင်မရှိ။
တစ်ခါတော့ ကိုစံလုံးက မူးနေစဉ် မမြတင်ဆီအကြွေးလာတောင်း သူများရောက်အလာမှာ လင်မယားနှစ်ယောက် စကားများကြမှ ဘာကြောင့် အကြွေးထူနေရတယ်ဆိုတာ ပေါ်လာတော့သည်။ မမြတင် နေခင်းပိုင်း အိမ် မှပျောက်နေခြင်းမှာ တိတ်တိတ်ပုန်းဖဲဝိုင်းကိုရောက်နေခြင်းကြောင့်ဆိုပဲ။
လင်က အမူးသမား၊ မယားက ဖဲသမ။
တစ်ယောက်နှင့်တစ်ယောက် ငယ်ကျိုးငယ်နာဖော်၊ ဆဲဆိုရိုက်နှက်ကြပါမှ အကြောင်းစုံကိုသိရသည်။
တစ်နေ့လည်းမဟုတ်၊ တစ်ရက်လည်းမဟုတ်။ ညစဉ်လို အော်ဟစ် ဆဲဆို ရန်ဖြစ် ရိုက်နှက် တကျက်ကျက်ဖြစ်နေကြ သည်မှာ ကြာတော့ ထုံးစံ တစ်ခုလိုဖြစ်လာတော့၏။ အရပ်ကလည်း သူတို့လင်မယားကို မျက်မုန်းကျိုး နေကြပြီ။
ဒေါ်ဟေတုဘုရားရှိခိုးဖို့ကိုပင် သူတို့လင်မယားရန်ဖြစ်ပြီး ပွဲသိမ်း ပြီးမှ စရတော့၏။
ဒေါ်ဟေတုကတော့ ကိုစံလုံးနှင့်မမြတင်လင်မယားကိုကြည့်၍ စိတ် မသက်မသာဖြစ်ရသည်။ ကိုယ့်ထက်ငယ်သူများဖြစ်၍ ပြောဆိုဆုံးမချင်သော် လည်း စရိုက်ကြမ်းသူများမို့ အရိပ်အကဲကြည့်နေရသည်။ ကိုယ်တိုင်ကလဲ မုဆိုးမဆိုတော့ ကိုယ့်စကား နားဝင်ချင်မှဝင်ပေမည်။
မည်သို့ဆိုစေ ဒေါ်ဟေတုကတော့ မေတ္တာမပျက်ပါ။ ဟင်းကောင်း ကျွေးကောင်းလေးများချက်လျှင် တစ်ခွက်တစ်ဖတ် ဆိုသလို သွားပေးတတ်မြဲ။ ကိုယ့်အိမ်ရှေ့တံမျက်စည်းလှဲရင်းကတောင် သူတို့အိမ်ဖက်မှာ အမှိုက်တွေရှုပ် ပွနေတာမြင်လျှင် မနေနိုင် မထိုင်နိုင် တပါတည်းလှဲကျင်းပေးလိုက်တတ်သည်။ ခြံစည်းရိုးကန့်ထားခြင်းပင်မရှိသည့် တစ်ခြံဝင်းထဲနေ အိမ်နီးချင်းများမဟုတ် လား။
+ + + + + + + + +

ယနေ့သည် ၂လတစ်ကြိမ်ထီဖွင့်ပွဲပြီး၍ ထီပေါက်စဉ်များ သူတို့မြို့ သို့ရောက်လာသည့်နေ့ဖြစ်သည်။
ထုံးစံအတိုင်း ဒေါ်ဟေတုက ပဲပြုတ်ရောင်းပြီးအပြန် ထီပေါက်စဉ် ကို တစ်မတ်ပေး၍ဝယ်လာခဲ့လေသည်။
ထီတိုက်ဖို့ကတော့ သားလေး ကျောင်းဆင်းလာမှ သားကိုတိုက် ခိုင်းရမည်။
ဒေါ်ဟေတုအိမ်ပြန်လာတော့ အိမ်ရှေ့မှာ ပက်လက်ကုလားထိုင်နှင့် မှိန်းနေသော ကိုစံလုံးကိုတွေ့ရသည်။
]မောင်စံလုံး၊ အလုပ်မသွားဘူးလားကွဲ့}
ဒေါ်ဟေတုက နှုတ်ဆက်လိုက်သည်။
]ညကများသွားလို့ဗျာ၊ ခေါင်းတွေကိုက်နေတယ်}
]မင်းမလဲကွယ်၊ အလုပ်ပျက်အောင်သောက်ရတယ်လို့၊ ဆင်ခြင်ပါ ဦးမောင်စံလုံးရယ်}
ကိုစံလုံးက ဘာမှပြန်မပြော၊ ဒေါ်ဟေတုလည်း ဒါလောက်ပဲပြော လိုက်သည်။ ကြိုက်မှန်း မကြိုက်မှန်းမသိ၍ ဆက်မပြော တော့။
ဒေါ်ဟေတုက ခေါင်းပေါ်မှပဲပြုတ်တောင်းကိုချကာ သိမ်းစရာရှိတာ သိမ်း၊ ဆေးကြောဖို့ရှိသည်ကို ဆေးကြောသည့်နေရာ မှာထားနှင့် ထုံးစံအတိုင်း အလုပ်တွေဇယ်ဆက်အောင်လုပ်နေသည်။
ခေါင်းမုလေးကိုချကာ ပဲပြုတ်တောင်းအောက်မှာ ထည့်ထားသည့် ထီပေါက်စဉ်လေးကိုအရင်ထုတ်ယူလိုက်၏။ ဘုရားစင် ပေါ်မှာ ထီလက်မှတ် နှင့်အတူသွားသိမ်းထားဖို့ အိမ်ပေါ်အတက်မှာ ကိုစံလုံးကမြင်သွားသည်။
]စာရွက်စာတမ်းတွေဘာတွေနဲ့၊ ဘာတုံးဗျဒေါ်ဟေတု}
]ထီပေါက်စဉ်ပါမောင်စံလုံးရယ်၊ သားပြန်လာမှတိုက်ခိုင်းရမလေ}
]ထီတောင်ဖွင့်ပြီးပြီကိုး၊ ပေးစမ်းဗျာ၊ ကျုပ်တိုက်ပေးပါ့မယ်}
ဒေါ်ဟေတုလည်း ထီလက်မှတ်လေးကို ဘုရားဆင်းတုအောက်မှ ယူကာ ထီပေါက်စဉ်နှင့်အတူ ကိုစံလုံးကိုပေးလိုက်သည်။
ပြီးတော့ ဆေးကြောစရာရှိတာများ ဆေးကြောဖို့ နောက်ဖေးဖက် ရေကပြင်ကိုထွက်သွားလိုက်သည်။
ကိုစံလုံးက ပက်လက်ကုလားထိုင်ပေါ်လှဲရင်းကပင် ထီကိုတိုက်နေ၏။
တစ်သိန်းဆု၊ ငါးသောင်းဆု၊ နှစ်သောင်းဆု၊ တစ်သောင်းဆုများကို အစဉ်အတိုင်းရေးထားရာ.. ဒေါ်ဟေတု၏ထီလက်မှတ် နံပါတ်နှင့်တူသော နံပါတ်ကို မတွေ့ရသေး။ အမှန်တော့ ထီဆိုသည်မှာ ပေါက်ခဲသောအရာဖြစ် ရာ ထီမပေါက်သည်မှာလည်း မဆန်းပါချေ။ ကိုစံလုံးက ပေါက်မည့်ထီလက်မှတ်မဟုတ်ဟုပင် မှတ်ယူလိုက်သည်။
ငါးထောင်ဆုကိုတိုက်အပြီးမှာ တိုက်ချင်စိတ်ပင်မရှိတော့။ ၇၀၀ဆု များသာ တိုက်စရာကျန်တော့သည်။ တကယ်တော့ အနိမ့်ဆုံးထီဆုမှာ ကျပ် ၅၀၀ဆုဖြစ်သည်။ အစိုးရက ၂၀၀ကျပ်အပိုဆောင်းပေးထားသည့်အတွက် ၇၀၀ဆုဖြစ်နေခြင်းဖြစ်၏။ ထုံးစံအတိုင်း အနိမ့်ဆုံးဆုက ပေါက်မဲအများဆုံး ဖြစ်သည်။ ပေါက်ဂဏန်းစဉ်များကို ထီပေါက်စဉ်၏စာမျက်နှာတစ်ဝက်မျှဖြန့် ရေးထား၏။
ကိုစံလုံးက စိတ်မပါစွာ မျှော်လင့်ချက်မဲ့စွာပင် ဆက်တိုက်နေ၏။
ပေါက်စဉ်၏အလည်လောက်မှ ပေါက်ဂဏန်းတစ်ခုကို အမြင်တွင် ကိုစံလုံးအံ့ဩသွားသည်။ သူ့လက်ထဲမှာကိုင်ထား တဲ့ထီလက်မှတ်ရဲ့ အက္ခရာ နဲ့ဂဏန်း။
ကိုစံလုံးက သေချာကြည့်သည်။ လက်မှတ်နှင့်ပေါက်ဂဏန်းကို ကြိမ်၃ကြိမ်ပြန်လည်စစ်ဆေးကြည့်သည်။ သေချာပါ သည်။ ဒေါ်ဟေတု၏ထီ လက်မှတ်မှထီပေါက်ပြီ။
ကိုစံလုံး ဒေါ်ဟေတုရှိရာ လှမ်းကြည့်လိုက်သည်။ ဒေါ်ဟေတုပန်းကန်တွေဆေးနေသည်။ နှုတ်မှတဖွဖွရွတ်ဆိုနေသည်မှာ ဟေတုပစ္စယောပင် ဖြစ်လိမ့်မည်။ ပြီးလျှင် မနက်စောစောထပြုတ်ဖို့ ပဲများကို ဆေးလိမ့်ဦးမည်။ တော်တော်နှင့် ရေကပြင်ရှေ့မှ ထွက်လာဦးမည်မဟုတ်။ ကိုစံလုံးရင်တွေ ထိတ်ထိတ်ခုန်လာ၏။ မိမိလက်ထဲမှာရှိနေတာ ငွေ၇၀၀တန်ဖိုးရှိတဲ့ ထီလက်မှတ် တစ်စောင်ပါလား။ ထီပေါက်နေသော ထီလက်မှတ်။
ကိုစံလုံးက ပက်လက်ကုလားထိုင်ပေါ်မှ အသာထလိုက်သည်။ အလွန်ပင် ငြင်သာသိမ့်မွေ့စွာထလိုက်ခြင်းဖြစ်လေသည်။ သူထလိုက်လို့ အသံ ထွက်သွားရင် ဒေါ်ဟေတုသိသွားမှာစိုးလို့ အသံမထွက်အောင် ထလိုက်ခြင်း ဖြစ်၏။ တကယ်တော့ သူ့စိတ်က မလုံနေခြင်းသာဖြစ်ပါသည်။ ဒေါ်ဟေတုနှင့် သူ အဝေးကြီး၊ ပြီးတော့ ဒေါ်ဟေတုက သူ့ကိုနောက်ကျောခိုင်းထားသည်။
ကိုစံလုံးသည် ရင်ခုန်စွာနှင့်ပင် သူ့အိမ်ထဲသို့ လှမ်းဝင်သွားလိုက် သည်။ ဤအပတ်အတွက် ထီတစ်စောင်ကို သူလည်း ထိုးထားသည်မဟုတ်ပါ လား။ ကိုစံလုံးက သူ၏လက်သမားပစ္စည်းများထားသည့်နေရာဘေးမှ ထရံ တွင် တုတ်နှင့်ထိုးညှပ်ထား သော ထီလက်မှတ်ကိုကြည့်လိုက်သည်။
ထီလက်မှတ်ကလေးက သူထားတဲ့အတိုင်းရှိနေ၏။
]ဘယ့်နှယ်လဲဟေ့မောင်စံလုံး၊ ငါ့ထီပေါက်လားဟဲ့}
ရုတ်တ၇က်ထွက်ပေါ်လာသော ဒေါ်ဟေတုအသံကြောင့် ကိုစံလုံး တုန်သွားသည်။ ထရံမှထီလက်မှတ်ဆီ လှမ်းနေသော လက်များမှာ ဆတ်ဆတ် ဆတ်ဆတ်နှင့်ပင် တုန်လှုပ်သွားပါ၏။
]ကျုပ်..ကျုပ် မျက်မှန်ယူနေတာဗျ}
ကိုစံလုံးကပြန်အော်လိုက်သည်။
ကိုစံလုံးက ၇၀၀ဆုပေါက်နေသော ဒေါ်ဟေတု၏ထီလက်မှတ်လေး ကိုခေါက်၍ အင်္ကျီအိတ်ကပ်ထဲထည့်လိုက်၏။ ထရံမှ သူ့ထီလက်မှတ်ကိုဖြုတ် ယူလိုက်သည်။
သေချာအောင် သူ့ထီလက်မှတ်ကို ပြန်ကြည့်ရသေးသည်။ ဟုတ်သည်။ ထီလက်မှတ်က ယခုအပတ်စဉ်အတွက် လက်မှတ်။ အပတ်စဉ်ကလဲ အတူတူ၊ လက်မှတ်ပေါ်က သရုပ်ဖော်ပုံများကလည်းအတူတူ။
ကိုစံလုံးက အိမ်ထဲမှအလျင်အမြန်ပြန်ထွက်ခဲ့လိုက်သည်။
ဒေါ်ဟေတုကိုလှမ်းကြည့်လိုက်တော့ ပဲများကိုရေဆေးနေဆဲ။
] ဒေါ်ဟေတု၊ ခင်ဗျားထီလက်မှတ်က မပေါက်ဖူးဗျ၊ ‘Dပေါ်မှာ ထီလက်မှတ်ကော၊ ထီပေါက်စဉ်ကော ပြန်ထားခဲ့ပြီ၊ ကျုပ် အပြင်သွားဦးမယ်}
]လေတိုက်လို့လွင့်သွားပါဦးမကွယ်၊ သေချာဖိထားခဲ့ပါ}
]အေးပါဗျ၊ ခင်ဗျားဆေးလိပ်ပြာခွက်နဲ့ဖိထားခဲ့တယ်}
ကိုစံလုံးက ထီပေါက်စဉ်ပေါ်တွင် ထီလက်မှတ်လေးတင်ကာ နှစ်ခု လုံးကို ဆေးလိပ်ပြာခွက်နှင့် သေချာဖိပေးထားခဲ့ လိုက်သည်။
ပြီး အပြင်သို့ထွက်လာလိုက်သည်။
အရက်ဆိုင်သို့။
ညကများသွားလို့ ခေါင်းတွေအုံခဲကိုက်နေသည်။ အလုပ်ပင်မလုပ် နိုင်။ သိကြားမချင်တော့ အလုပ်မဆင်းမိတာပင် ခပ်ကောင်းကောင်း။ ဒေါ်ဟေတု၏ ၇၀၀ဆုပေါက်သောထီလက်မှတ်ကို သူရလိုက်ပြီ။ အားလုံးပိပိရိရိ၊ ဘယ်သူ့ကိုမှတော့ အသိပေးလို့မဖြစ်။ မမြတင်ကိုပင် အသိပေးလို့မဖြစ်ပါ။ မိန်းမဆိုတာမျိုးက ယုံရတာမဟုတ်။ အထူးသဖြင့် မမြတင်က ပိုဆိုးသည်။ သူ့အပေါ်မကြေနပ်ချက်တစ်စုံတစ်ရာရှိလာပါက ကိုယ့်လင်သားရယ်လို့ငဲ့ညှာ မယ့်မိန်းမမဟုတ်။ အရှက်ကွဲအောင် အားလုံး ဖော်ပြောမည့်မိန်းမ။
သည်တော့ ဒီထီလက်မှတ်ကို ၂ရက်၃ရက်တန်သည် သိမ်းထားဦး မည်။ ချက်ချင်းကြီးထီပေါက်ကြောင်း ကြေငြာ လိုက်ပါက ဒေါ်ဟေတုသံသယ ဝင်လာနိုင်သည်။ ပေါက်တဲ့ထီလက်မှတ်က ကိုယ့်အိတ်ထဲမှာရှိနေပြီပဲ။ အေးအေးဆေးဆေး မှထုတ်ယူမည်။
ကိုစံလုံးသည် အိမ်ဝင်းထဲမှထွက်လိုက်သည်နှင့် ခြေလှမ်းတွေသွက် သွားသည်။ စိတ်လည်းပေါ့ပါးသွားသည်။ ကိုယ်လုပ် ခဲ့သောမကောင်းမှု ဒုစ ရိုက်အတွက် မလုံမလဲဖြစ်နေသောစိတ်များလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွား၏။ ပေါ့ပါး သွက်လက်စွာပင် အရက်ဆိုင်သို့ချီတက်ခဲ့လေတော့ သည်။
+ + + + + + + + +

ကိုစံလုံးက ထီမပေါက်ပါဘူးဆိုသော်လည်း ဒေါ်ဟေတုက အားမ လျှော့သေးပေ။ ကိုစံလုံးထားခဲ့သောထီလက်မှတ်နှင့် ထီပေါက်စဉ်ကို တယုတယပြန်သိမ်းသည်။ ဘုရားစင်ပေါ်မှာပင် ညောင်ရေအိုးအောက်မှာဖိထားလိုက် သည်။ ဟေတုပစ္စယော ရွတ်ကာ ဤလက်မှတ်မှထီပေါက်ပါစေလို့ လက်အုပ် ချီဆုတောင်းလိုက်သေးသည်။
မောင်စံလုံးက မူးမူးရူးရူးရယ်။ သေချာတိုက်ကြည့်ချင်မှကြည့်မှာ။ သားပြန်လာမှ ကျောင်းသားမျက်လုံးကောင်းကောင်းနဲ့ တိုက်ကြည့်ခိုင်းရဦးမယ်။
ညနေလေးနာရီလောက်မှာ သားဖြစ်သူ ကျောင်းကပြန်လာသည်။
]သားရေ၊ ရေမိုးချိုးထမင်းစားပြီးရင် ထီတိုက်ကြည့်ဦးဟေ့၊ အမေ ထီပေါက်စဉ်ဝယ်လာပြီ}
]ဟုတ်ကဲ့အမေ}
သားကလည်း ထမင်းစားပြီးသည်ထိပင်မနေ။ ရေချိုးပြီးသည်နှင့် ဘုရားစင်ပေါ်မှ ထီပေါက်စဉ်နှင့်လက်မှတ်ကိုယူကာ တိုက်ကြည့်နေသည်။
သိပ်ကြာကြာပင် မတိုက်လိုက်ရ။
]အမေ၊ အမေရေ၊ ကျွန်တော်တို့ထီပေါက်ပြီဗျ၊ ငါးသောင်းဆု ပေါက်ပြီဗျ}
အားရဝမ်းသာထအော်လိုက်သံကိုကြားလိုက်ရ၏။
ဒေါ်ဟေတု ဘုရားစင်ရှေ့ကို ဘယ်လိုရောက်သွားမှန်းပင်မသိလိုက်
]ဟုတ်ရဲ့လားသားရယ်၊ ဟုတ်ရဲ့လားဟဲ့၊ သေချာကြည့်ပါဦး}
]ဟုတ်ပါတယ်အမေရ၊ အက္ခရာရော ဂဏန်းရော တစ်လုံးမှမလွဲဘူး၊ ဒီမှာကြည့်ပါလား}
]ဟုတ်လားဟဲ့၊ အမေက စာမှမတတ်ပဲကွယ်၊ ဟေတုပစ္စယော၊ ဟေတုပစ္စယော၊ ဘုရားမပြီထင်ပါရဲ့ကွယ်}
]သေချာတာပေါ့အမေ၊ ဒီမှာကြည့်၊ ဒီစာတမ်းလေးဟာ အမေ့ထီ လက်မှတ်ကဂဏန်းတွေနဲ့ အားလုံးအတူတူပဲ၊ တွေ့လား၊ ကျွန်တော်တို့ တကယ်ထီပေါက်ပြီအမေရေ၊ ငါးသောင်းတဲ့ဗျာ၊ အများကြီးပဲ}
]ဘုရားဂုဏ်ကျေးဇူးပါပဲသားရယ်၊ ငါးသောင်း၊ ငါးသောင်း၊ ငါ့သား ကိုရှင်ပြုပေးနိုင်တော့မယ်၊ ပညာတတ်ကြီးဖြစ်အောင် အမေသင်ပေးနိုင်တော့မယ်}
ဒေါ်ဟေတုမှာ ဝမ်းသာလွန်း၍ ငိုသံပင်ပါလာကာ စကားဆုံးသည် နှင့် အားရပါးရငိုချလိုက်လေတော့သည်။
]အမေကလဲဗျာ၊ ဘာလို့ငိုတာလဲ၊ ဒါ ဝမ်းသာရမယ့်ဟာကို}
]ဝမ်းသာလွန်းလို့ မျက်ရည်ကျတာပါ ငါ့သားရယ်၊ မင်းအဖေသိစေ ချင်စမ်းတော့တယ်၊ အို.. ကိုဝင်းမြင့်၊ သွားလေသူကြီးရဲ့၊ ကျုပ်တို့ထီပေါက် ပြီတော့၊ တော့်သားလေးကို ရှင်ပြုပေးနိုင်တော့မယ်၊ ကျုပ် တော့သားလေး ကို ပညာတတ်ကြီးဖြစ်အောင် စာသင် ပေးပါ့မတော်}
]အမေကလဲဗျာ}
သားအမိနှစ်ယောက် ဝမ်းသာအားရ အော်ဟစ်ပြောဆိုသံတွေ ကြောင့် အိမ်ရှေ့အိမ်မှ အိမ်ရှင်အပျိုကြီးနှစ်ယောက် ရောက်ချလာသည်။
]ဒီသားအမိ၊ ဘာတွေအော်ဟစ်နေကြတာတုံးဟဲ့}
]မမကြင်၊ မမရင်၊ ကျွန်မတို့ထီပေါက်ပြီတော့၊ ဘုရားတရားဂုဏ် ကျေးဇူးပါပဲတော်တို့ရယ်၊ ကျွန်မဆန္ဒပြည့်ပြီ၊ သားကိုရှင်ပြု နိုင်တော့မယ်၊ ပညာတတ်ကြီးဖြစ်အောင် သင်ပေးနိုင်တော့မယ်၊ တက္ကသိုလ်တွေ ကောလိပ်တွေ ပို့ပစ်လိုက်မယ်တော်ရယ်}
]..စန်းမြင့်၊ စန်းမြင့်၊ ဘာလေးဖြစ်ဖြစ် ဒီသားအတွက်ချည်း တွေးတော့တာကိုး}
]ဘာဆုပေါက်တာလဲမစန်းမြင့်}
]ငါးသောင်းဆုတဲ့မမရင်ရယ်}
]ဟဲ့-ငါးသောင်းဆိုတာ ညီးသားကိုပညာသင်ပေးရုံဘယ်ဟုတ်မလဲ၊ ညီးတို့ အိမ်ကြီးအိမ်ကောင်းနဲ့နေနိုင်ပြီ၊ ချမ်းသာပြီ၊ ဆင်းရဲတွင်းကလွတ်ပြီ}
အိမ်ရှင်အဘွားကြီးနှစ်ယောက်ကလည်း ဝမ်းသာအားရရှိရှာသည်။
ခဏနေတော့ ဒေါ်ဟေတုထီပေါက်တယ်ဆိုတာ တစ်ရပ်ကွက်လုံး လိုလိုသိသွားကာ အိမ်မှာလူတွေရုန်းစုရုန်းစုနှင့် စည်ကားလို့နေတော့၏။ အား လုံးကလည်း ဒေါ်ဟေတုတို့သားအမိအတွက် ဝမ်းသာကြသည်။
ထိုသတင်းက အရက်ဆိုင်အထိပင် ပျံ့နှံ့သွားလေ၏။
အရက်သောက်ရင်း နင်မတတ်၊ ဆို့မတတ်ဖြစ်သွားသူက ကိုစံလုံး၊
အဖြစ်အပျက်အလုံးစုံကို ကိုစံလုံးနားလည်လိုက်သည်။ မိမိအပြစ်၊ စိတ်လောကြီးစွာ ၇၀၀ဆုထီလက်မှတ်ကိုရယူချင်ဇော ဖြင့် မှားခဲ့သောအမှား။ ကိုယ့်လက်ထဲမှာ ထီပေါက်စဉ်ကြီးတစ်ခုလုံးရှိနေပါရက်နဲ့ ကိုယ့်ထီလက်မှတ် ကိုပေါက်မပေါက် တိုက် မကြည့်ခဲ့၊ ထီပေါက်ဖို့ဆိုတာ ခဲယဉ်းလွန်းတော့လဲ ပေါက်လိမ့်မယ်လို့ မထင်တာလဲပါသည်။ စိတ်က ဒေါ်ဟေတု ၇၀၀ဆုပေါက် တဲ့ထီလက်မှတ်ကို အပိုင်စီးချင်စိတ်က များသွားသည်။
ဒေါ်ဟေတုပေါက်တယ်ဆိုတဲ့ ငါးသောင်းဆုဟာ သူအစားထိုးထည့် ခဲ့တဲ့ သူ့ကိုယ်ပိုင် ထီလက်မှတ်မှ ပေါက်ခြင်းပါ တကား။
ကိုစံလုံး ရီဝေယိမ်းယိုင်စွာ ထိုင်ရာမှထလိုက်သည်။
အိမ်ပြန်လာခဲ့သည်။
လမ်းတလျှောက်လုံး ‘Dကိစ္စကိုဘယ်လိုလုပ်မလဲဟုတွေးကာ ရူးမ တတ်ခံစားနေရသည်။ ခုနစ်ရာနှင့်ငါးသောင်း၏ ကွာခြားမှုက သူ့ကို ရူးသွပ် စေလုနီးပါး ခြောက်လှန့်နေလေပြီ။
ကိုစံလုံးအိမ်ဝင်းထဲဝင်လိုက်သည်နှင့် လူအားလုံးအာရုံက ယိမ်းထိုး လှုပ်ရှား၍လျှောက်လာသော ကိုစံလုံးဆီသို့ ရောက်သွားကြသည်။ အားလုံးက ကိုစံလုံးကိုလှည့်ကြည့်လိုက်ကြသည်။ ကိုစံလုံးမျက်လုံးများ တမူထူးခြားနေ တာကိုလည်း သတိပြုမိကြ၏။
ဒေါ်ဟေတုက ကိုစံလုံးကိုမြင်သည်နှင့် ဝမ်းသာအားရလှမ်းပြောလိုက်၏။
]မောင်စံလုံးရေ၊ မင်းတိုက်ပေးတဲ့ထီလက်မှတ်က ပေါက်တယ်ကွဲ့၊ မင်းက ခေါင်းတွေကိုက်နေပြီး မျက်မှန်လည်းမပါတော့ ကောင်းကောင်းမမြင် လိုက်လို့ဖြစ်မယ်၊ ငါ့သားပြန်တိုက်ကြည့်တော့ ငါးသောင်းဆုပေါက်နေတယ်ကွယ်}
]အဲဒါ ကျုပ်ထီလက်မှတ်ဗျ}
ကိုစံလုံး၏အသံနက်ကြီးဖြင့် အော်ပြောလိုက်သံကြောင့် လူအားလုံး မင်တက်မိသွားကာ အသံများတိတ်သွားလေသည်။
]အဲဒါ ကျုပ်ထီလက်မှတ်၊ ခင်ဗျားထီလက်မှတ်က ဒီမှာ}
ကိုစံလုံးက သူ့အိတ်ကပ်ထဲမှ ခေါက်ထားသောထီလက်မှတ်လေး ကိုထုတ်ပြသည်။
]ကျွန်တော်တောင်းပန်ပါတယ်a’:ဟေတု၊ ခင်ဗျားထီလက်မှတ်က ၇၀၀ဆုပေါက်နေတော့ ကျုပ် လိုချင်ဇောနဲ့ ကျုပ်ရဲ့ထီ လက်မှတ်ကို အစား ထိုးထားပစ်ခဲ့တာ၊ ကျုပ်လက်မှတ်ကို ထီပေါက်မပေါက် တိုက်မကြည့်မိဘူး၊ ကျုပ်မကောင်းမှုကိုဝန်ခံပါတယ်၊ ကျုပ်ထီလက်မှတ်ပြန်ပေးဗျာ၊ ခင်ဗျားထီ လက်မှတ်က ဒီဟာ၊ ဒါကိုပြန်ယူ}
]ဟင်} ]ဟယ်} ]အို} ]ဟာ}
]မောင်စံလုံးရယ်..}
ကိုစံလုံးအပြောကြောင့် အားလုံးအံ့အားသင့်ကာ တ္လင်္ဂငြိမ်သက် သွားကြသည်။
]ဟေ့-စံလုံး၊ နင်မူးမူးရူးရူးနဲ့ဘာတွေလျှောက်ပြောနေတာလဲ၊ ဒီမှာ စန်းမြင့်တို့က ထီပေါက်လို့ပျော်နေတာ၊ မူးရင် ကိုယ့်ဟာ ကိုယ်အိပ်နေစမ်း}
ကိုစံလုံးကို ပြောရဲဆိုရဲသည့် အိမ်ရှင်a’:ကြင်က ဝင်ပြောလိုက် သည်။
]ကျုပ်မူးလို့ပြောတာမဟုတ်ဘူး၊ တကယ်ပြောနေတာa’:ကြင်၊ နေ့ ခင်းက သူထီတိုက်ခိုင်းလို့တိုက်ကြည့်တော့ ..}
ကိုစံလုံးက ဇာတ်ကြောင်းပြန်ပြနေသည်။
ကိုစံလုံးစကားကိုအားလုံး ယုံရခက် မယုံရခက်ဖြစ်နေသည်။
]ဦးစံလုံးလက်ထဲက ထီလက်မှတ်က တကယ်ပဲ ၇၀၀ဆုပေါက်နေ တာလား၊ တိုက်ကြည့်ပါလား}
ဉာဏ်ကောင်းသောလူငယ်တစ်ယောက်က အကြံပေးလိုက်ခြင်းဖြစ်သည်။
]ရော့- တိုက်ကြည့်လေ}
ဒေါ်ဟေတုသားက ထီလက်မှတ်ကိုယူကာ ထီပေါက်စဉ်နှင့်တိုက် ကြည့်သည်။
]ဟုတ်တယ်၊ ဒီလက်မှတ်က ၇၀၀ဆုပေါက်နေတာတော့ အမှန်ပဲ၊ အဲဒါကြောင့်နဲ့တော့ ကျွန်တော်တို့ထီလက်မှတ်ကို ဦးလေးကိုပေးရမှာလား ဦးလေးကိုစံလုံး၊ အဓိပ္ပါယ်မရှိဘူးဗျာ}
]ငါလောဘတက်မိတာဝန်ခံပြီးပြီပဲ၊ ငါ့ထီလက်မှတ်ပြန်ပေးပါကွာ}
]မပေးနိုင်ဘူး၊ ဦးလေးပြောတာတွေလဲမယုံဘူး၊ ဒီလက်မှတ်ကို တစ်နေရာရာက ရလာနိုင်တာပဲ}
]မင်းအမေထီတိုက်ခိုင်းလို့ ငါတိုက်ပေးတာကွ၊ ဒါက မင်းတို့လက် မှတ်၊ ငါးသောင်းဆုပေါက်တာ ငါ့လက်မှတ်}
]ငါ မင်းကို ထီမတိုက်ခိုင်းပါဘူးမောင်စံလုံးရယ်၊ မင်းဟာမင်း ယူတိုက်တာပါ၊ မင်းပြောတော့ မပေါက်ဘူးဆို}
ဒေါ်ဟေတုက ငိုသံပါကြီးဖြင့်ဝင်ပြောသည်။
]ဟေ့၊ ဟေ့၊ ဘာမှပြောမနေနဲ့၊ ခုအချိန်မှာ ဒီတွေပြောလဲ စံလုံး စကားဘယ်သူမှ မယုံဘူး၊ ဘာသက်သေမှလည်းမရှိဘူး၊ ဒီမယ် စံလုံး၊ မင်း ပြောတာတွေ ဟုတ်ဟုတ် မဟုတ်ဟုတ်ကွာ၊ ထီလက်မှတ်က ဒေါ်ဟေတု လက်ထဲမှာကွ၊ မင်းဘာတတ်နိုင်လဲ၊ မင်းသွားစမ်းကွာ၊ ဒီမှာ ဒေါ်ဟေတုတို့ သားအမိ ထီပေါက်လို့ပျော်နေတာကို လာမနှောက်ယှက်ချင်ပါနဲ့}
အရပ်ထဲမှာ ဩဇာအာဏာအထိုက်အလျောက်ရှိသော အဘိုးကြီး တစ်ဦးက ဝင်ပြောလိုက်ခြင်းဖြစ်သည်။
]ဒီလိုလုပ်လို့ရမလားဗျ၊ ကျုပ်က ကျုပ်ထီလက်မှတ်ကို ရအောင် ပြန်ယူရမှာပဲ}
]မင်းဘာလုပ်ချင်သလဲ၊ ပြောပါဦး}
]တရားစွဲမယ်ဗျာ၊ တရားစွဲမယ်}
]ဟား-ဟား-ဟား- ရယ် ရယ်ချင်သေး၊ မင်းလိုအမူးသမားစကား ဘယ်တရားရုံးကယုံမှာတုန်း၊ ဟေ့ကောင်-’Dမယ်မှတ်ထား၊ ထီလက်မှတ်ဆို တာ လက်ဝယ်ရှိသူပဲပိုင်တာကွ၊ လက်မှတ်နောက်ကျောမှာလည်းသေချာရေး ထားပြီးသား၊ ဗဟုသုတလည်း မရှိပဲနဲ့}
]ခင်ဗျားနဲ့ဘာဆိုင်သလဲ}
]ဟေ့- မှန်တဲ့ဖက်ကရပ်တည်ရမကွ၊ ငါလူကြီး၊ မင်းက ဒေါ်ဟေတုကို မုဆိုးမဆိုပြီး နိုင်စားချင်တိုင်း နိုင်စားလို့ ရမယ် မှတ်သလား}
]ကျုပ်မှားမိတယ်ဆိုတာ ဝန်ခံပြီးသားပဲ၊ ခုဟာက သူ့လက်မှတ်ကို သူ့ပြန်ပေးပြီး ကျုပ်လက်မှတ်ကျုပ်ပြန်တောင်းတာဗျ}
]အေး- မင်းဝန်ခံတဲ့စကားအတိုင်း မင်းကိုတရားပြန်စွဲလို့ရတယ် ဆိုတာကော မင်းသိလား၊ မင်းလုပ်ခဲ့တဲ့လုပ်ရပ်က ဖိုးတွမ်တီးကွ၊ ဖိုးတွမ်တီး၊ လိမ်လည်မှု၊ နားလည်ရဲ့လား}
]ကဲ-တော်ကြတော့၊ ဒီလိုငြင်းခုန်နေလို့ သံသရာဆုံးမှာမဟုတ်ဖူး၊ လာကြ၊ ရပ်ကွက်ကောင်စီရုံးကိုသွားကြမယ်၊ အချိန်ရှိတုန်း}
အိမ်ရှင်ဒေါ်ကြင်က ဝင်ဖြေရှင်းပေးလိုက်သည်။
သည်လိုနှင့် တရားလို၊တရားခံများအပါအဝင် နောက်လိုက်နောက် ပါတသီတတန်းဖြင့် ရပ်ကွက်ကောင်စီရုံးသို့ ရောက် သွားကြလေတော့သည်။
+ + + + + + + + +
ကောင်စီရုံးတွင် ဥက္ကဌ၊ အတွင်းရေးမှူးအပါအဝင် ရပ်ကွက်လူကြီး များ အားလုံးစုဆုံကာ ပြဿနာကို ချက်ချင်းဖြေရှင်း ကြလေ၏။
ကိုစံလုံးပြောပြသည့်ဖြစ်စဉ်မှာလည်း ဖြစ်နိုင်ကြောင်းကို လူကြီးများ ကစဉ်းစားမိသည်။ သို့သော် အားလုံးက ကိုစံလုံး ဖက်မှာမရှိကြ။ ဒေါ်ဟေတုကိုသာ သနားနေကြသည်။ ကိုစံလုံးပြောသလိုအမှန်ဖြစ်စေဦးတော့၊ ဒေါ်ဟေတုမှာ ဘာမှအပြစ်မရှိတာ ကလည်း ရှင်းနေသည်။
]ကိုစံလုံး၊ ခင်ဗျားပြောတာတွေမှန်ပါတယ်လို့ ဘယ်လိုပဲကျမ်းကျိန် ပြောပြော၊ နိုင်ငံတော်အစိုးရရဲ့သတ်မှတ်ချက်ကိုက ထီလက်မှတ်ကို လက်ဝယ်ရှိသူသာ ပိုင်ဆိုင်တယ်လို့ တရားဝင်ထုတ်ပြန်ထားပြီးသားဖြစ်နေတယ်၊ ဒီကတည်းက ခင်ဗျား တပန်းရှုံး နေပြီ}
ဥက္ကဌစကားကြောင့် ကိုစံလုံးမျက်နှာ ငိုမဲ့မဲ့ဖြစ်သွားသည်။
]ကျွန်တော်..ကျွန်တော်ပြောတာတွေအမှန်တွေပါဗျာ၊ ကျွန်တော် လုပ်ခဲ့တဲ့မကောင်းမှုအတွက် ဒေါ်ဟေတုကိုလည်း တောင်းပန်ပါတယ်၊ ဒီလို လုပ်ဗျာ၊ တရားတဘောင်တွေ ဘာတွေ ဖြစ်မနေချင်တော့ပါဘူး၊ ငါးသောင်း ထဲက ဒေါ်ဟေတုကို ငွေတစ်သောင်း- ခွဲပေးပါ့မယ်၊ ၇၀၀ဆုပေါက်တဲ့ သူ့ထီ လက်မှတ်ကိုလည်း ပြန်ပေးပါ့မယ်၊ ကျွန်တော့်ထီလက်မှတ်လေးသာ ပြန်ပေးပါဗျာ}
ကိုစံလုံးက တစ်ထစ်လျှော့လိုက်သည်။
] ဒေါ်ဟေတု၊ ကျွန်တော်ပြောတာ လက်ခံတယ်မဟုတ်လားဟင်၊ ခင်ဗျားကို ထီဆုငွေထဲက ငွေတစ်သောင်းပေးပါ့မယ်}
ဒေါ်ဟေတုဖက်လှည့်၍ သဘောထားတောင်းခံလိုက်သေးသည်။
ဒေါ်ဟေတုက လူကြီးများဖက်သို့လှည့်ကြည့်လိုက်၏။
]ကျွန်မ..ကျွန်မ.. ဟင့်အင်း၊ မပေးနိုင်ဘူး၊ ငါးသောင်းဆုပေါက်တာ ကျွန်မလက်မှတ်ပါ၊ အို..ဘာလို့ပေးရမှာလဲ၊ ကျွန်မကို ကယ်ကြပါဦး ဥက္ကဌကြီးတို့၇ယ်}
ဒေါ်ဟေတုက ပြောရင်းငိုလေသည်။
]မငိုပါနဲ့ဒေါ်ဟေတု၊ တရားကိုနတ်စောင့်ပါတယ်ဗျာ}
]ကဲ- ဒီကိစ္စက ချက်ချင်းပြတ်မှာမဟုတ်ဖူး၊ ဒီတော့ ဒီလိုလုပ်၊ ဒေါ်ဟေတုလက်ထဲက ငါးသောင်းဆုပေါက်တဲ့ ထီလက်မှတ် ကို ရပ်ကွက်ရုံးမှာအပ်ထားခဲ့ပါ၊ ကျွန်တော်တို့ ရပ်ကွက်လူကြီးအားလုံးက ထီလက်မှတ်နံပါတ်နဲ့တကွ လက်ခံ ရရှိကြောင်းကို အများ ရှေ့မှာလက်မှတ်ထိုးပြီး ခေတ္တသိမ်းထားမယ်၊ သိမ်းထားမယ်ဆိုတာလည်း ရုံးက မီးခံသေတ္တာထဲထည့်သိမ်းထားမှာပါ၊ ကိုစံလုံး လည်း ခင်ဗျားလက်ထဲရှိတဲ့ထီလက်မှတ်ကို အပ်ထားခဲ့ချင် အပ်ထား နိုင်တယ်၊ တစ်ခုသတိပေးချင်တာက ဒေါ်ဟေတုတို့သားအမိ ကို ခင်ဗျား မနှောက်ယှက်ပါနဲ့၊ ထီလက်မှတ်သိမ်းထားလိုက်တာလည်း ဒေါ်ဟေတုလက် ထဲမှာ ထီလက်မှတ် ရှိနေရင် အနှောက် အယှက်မကင်းမှာစိုးလို့ သိမ်းထားရတာပဲ၊ ဘယ့်နှယ်လဲဒေါ်ဟေတု၊ သဘောတူရဲ့လား}
]ဥက္ကဌကြီးတို့ ကောင်းသလိုစီစဉ်ပါရှင်၊ ဥက္ကဌကြီးတို့ကို ကျွန်မယုံပါတယ်}
လူကြီးများက ထီလက်မှတ်ကို အမှန်တကယ်ပေါက်-မပေါက် များရှေ့တွင် ထီပေါက်စဉ်နှင့်တိုက်ကာစစ်ဆေးသည်။ ထီလက်မှတ်လက်ခံရရှိ ကြောင်း ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များပါလက်မှတ်ထိုး၍သိမ်းဆည်း ထားလိုက်သည်။
ကိုစံလုံးကတော့ သူ့လက်ထဲက ထီလက်မှတ်ကို မအပ်ပါ။
]ကဲ-အားလုံးပြန်နိုင်ပြီ၊ ဒေါ်ဟေတုတို့သားအမိ ခဏနေခဲ့ဦး}
+ + + + + + + + +
] ဒေါ်ဟေတုရိုးသားတာကို ကျွန်တော်တို့သိပါတယ်၊ စိတ်မပူပါနဲ့ ဒေါ်ဟေတု၊ လက်ဝယ်ရှိသူသာထီလက်မှတ်ပိုင်တယ် ဆိုတဲ့ စည်းကမ်းချက် က ဒေါ်ဟေတုအတွက် အားသာချက်ပါ}
]ကျွန်မကြောက်တယ်ဥက္ကဌကြီးရယ်၊ မောင်စံလုံးက ကျွန်မတို့သား အမိကိုရန်ပြုမှာစိုးတယ်ရှင်}
]မင်းမဲ့တိုင်းပြည်မှမဟုတ်ပဲဒေါ်ဟေတုရယ်၊ ကျွန်တော်က ဒီကိစ္စ ကို ဒေါ်ဟေတုဖက်က ရပ်တည်ပြီး အပြီးအပြတ် ဆောင်ရွက်ပေးမလို့ပါ၊ ဒေါ်ဟေတုမှာ မှတ်ပုံတင်လက်မှတ်ရှိတယ်မဟုတ်လား}
]ရှိပါတယ်ဥက္ကဌကြီး}
]မနက်ဖန်ပဲပြုတ်ရောင်းပြီးရင် ရုံးချိန်ကိုးနာရီ ဒီရုံးကိုလာခဲ့၊ မှတ်ပုံတင်ယူခဲ့၊ ကျွန်တော်တို့လူကြီးတွေကိုယ်တိုင် ဘဏ်မှာ ထီဆုငွေလိုက်ထုတ်ပေးမယ်}
]အို.. ကျေးဇူးကြီးလိုက်တာရှင်}
]မနက်ဖန်ကစပြီး ဒေါ်ကြင်တို့အိမ်မှာလည်း မနေပါနဲ့တော့ ဒေါ်ဟေတု၊ ကိုစံလုံးရန်ကလွတ်အောင် မြို့ထဲက လုံခြုံတဲ့ တစ်နေရာကိုပြောင်းနေပါတော့၊ ငါးသောင်းဆိုတာ အိမ်တစ်လုံးကောင်းကောင်းဝယ်နိုင်ပါတယ်၊ မဝယ်ချင်သေးလည် ငှားနေပေါ့၊ အခုညလည်း မအိပ်ရဲရင် ဒေါ်ကြင်တို့ဆီမှာဖြစ်ဖြစ် အိပ်လိုက်ပါ}
]ဟုတ်ကဲ့}
+ + + + + + + + +

]ဒါဖြင့်ဦးစံလုံးဟာ သူ့ထီလက်မှတ်ကိုပြန်မရလို့ ရူးသွားတာပေါ့ ဦးဇော်အောင်}
ကျွန်တော်က ဦးဇော်အောင်ပြန်ပြောပြသည့်အကြောင်းများကို နား ထောင်အပြီးတွင် မေးလိုက်သည်။
]ထီလက်မှတ်အရှုပ်တော်ပုံရဲ့ဂယက်ကြောင့် ရူးရတာလို့ပြောရမှာ ပေါ့ကိုနေ၊ ချက်ချင်းတော့ ရူးသွားတာမဟုတ်သေးဘူး၊ သူက သူ့လက်ထဲ ကထီလက်မှတ်နဲ့ ဆုငွေ၇၀၀ကိုထုတ်လိုက်သေးတယ်လေ၊ ပြီးတော့ ၇၀၀ဖိုး လုံးကို ထီထိုးပစ်လိုက်တယ်၊ ထီ အစောင်၃၅၀ပေါ့}
]ဟင်..}
]ဒါပေမယ့် မပေါက်ဘူးဗျာ၊ ထီလက်မှတ်ကိစ္စအတွက် မိန်းမကလည်း ငြိုငြင်၊ အပြစ်ဖို့၊ ပေါက်နိုးနိုးထိုးတဲ့ထီကလည်း မပေါက်၊ မိန်းမနဲ့လည်း ကွဲသွားတယ်၊ အဲဒီအခါကျမှ ရူးသွားရတာဆိုပါတော့}
]ဒီဖြစ်ရပ်ထဲမှာ ကျွန်တော်ဘဝင်မကျမိတဲ့အချက်ကလေးတွေ ရှိနေတယ်ဦးဇော်အောင်}
]ဘာများပါလိမ့်}
]ဦးစံလုံးက သူ့အပြစ်သူ ဝန်ခံခဲ့တယ်မဟုတ်လား၊ စဉ်းစားကြည့်ရင် မျက်မြင်သက်သေမရှိပေမယ့် ဦးစံလုံးပြောတာတွေ မှန်နိုင်တယ်ဗျ၊ ဦး ဇော်အောင်ရော ဘယ်လိုထင်သလဲ}
]ထီလက်မှတ်လဲတဲ့ကိစ္စလား၊ ဟုတ်နိုင်ပါတယ်}
]သူ့အမှားကိုသူဝန်ခံနေမှတော့ ဒေါ်ဟေတုဟာ ဦးစံလုံးကို ထီ လက်မှတ်ပြန်မပေးသင့်ဘူးလား}
ဦးဇော်အောင်က ပြုံးလိုက်သည်။ ဦးဇော်အောင်အပြုံးမှာ အသိရခက်အောင် နက်နဲလှပေ၏။
]လူကိုးဗျ၊ ကိုယ့်လက်ထဲမှာ ပိုတန်ဖိုးကြီးတဲ့ပစ္စည်းကရောက်နေပြီပဲ၊ ပြီးတော့ ထီလက်မှတ်ဆိုတာမျိုးက လက်ဝယ်ရှိသူ ပိုင်စတမ်းလို့ အစိုးရကိုက သတ်မှတ်ပေးပြီးသားလေ၊ ဘယ်ပေးလိမ့်မလဲဗျာ}
]ဒေါ်ဟေတုနေရာမှာ ဦးဇော်အောင်ဆိုရင်ကောဗျာ၊ ပြန်ပေးမလား}
]မပေးဘူးကိုနေ၊ ပေးလည်းမပေးခဲ့ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အခု ကိုနေ့ကိုပြောပြခဲ့တဲ့ဇာတ်လမ်းထဲက ဒေါ်ဟေတု ဆိုတာ ကျွန်တော့်အမေလေ၊ ထီလက်မှတ်တိုက်ပေးတဲ့ ဒေါ်ဟေတုသား ကျောင်းသားလေးက ကျွန်တော်ကိုယ်တိုင်ပါ ကိုနေ}
]ဩော.. ဦးဇော်အောင်က ကိုယ်ပိုင်ဇာတ်လမ်းကို တခြားလူအတွေ့အကြုံအနေနဲ့ ဝှက်ပြောခဲ့တာကိုး၊ ဆောရီးဗျာ၊ ကျွန်တော်က ဦးစံလုံးကိုတွေ့လိုက်ရတာ သနားသွားလို့ပါ}
]ဇာတ်လမ်းကို နောက်ပိုင်းမှဖြတ်မြင်ရတော့ ဒီလိုပေါ့လေ၊ ကိုနေက ထီလက်မှတ်ကို ဦးစံလုံးကိုပြန်မပေးတဲ့အပေါ်မှာ ကျွန်တော်တို့ကို မတရားဘူးလို့ အပြစ်မြင်ပုံရတယ်}
ကျွန်တော်က ရှေ့ပိုင်းပြောခဲ့သည့်စကားအတွက် အားနာသွားမိသည်။
]ဒီလိုလည်းမဟုတ်ပါဘူးလေ၊ အပြစ်ကို ဝန်ခံရဲတဲ့လူတစ်ယောက်အတွက် ခံစားခွင့်အထိုက်အလျောက် ရှိသင့်တယ် လို့တွေးမိလို့ပါ}
]သူ့လုပ်ရပ်က သူ့ကို ပြန်အကျိုးပေးသွားတယ်လို့ရော မတွေးချင်ဘူးလားကိုနေ}
]ဒီလိုလည်း မှတ်ယူနိုင်ပါတယ်လေ}
]အင်း..ကိုနေဝေဖန်သလို ဝေဖန်ခဲ့တဲ့ ဝေဖန်မှုတွေကို ကျွန်တော် တို့သားအမိခံစားခဲ့ရပါတယ်၊ ဦးစံလုံးကို ထီဆုငွေ တစ်ဝက် ခွဲပေးသင့်တယ်၊ ဒါမှမဟုတ် သူကတောင် ထီလက်မှတ်ပြန်ပေးရင် ငွေတစ်သောင်း ခွဲပေး မယ်ပြောသေးတာ၊ သူပြော သလို တစ်သောင်းလောက်တော့ ကျွန်တော်တို့ ကပေးသင့်တယ် ဘာညာပေါ့လေ၊ ပတ်ဝန်းကျင်က ဝေဖန်ကြတာတွေရှိပါတယ်}
]ဟုတ်လား}
]ဘေးကနေဝေဖန်ရတာကတော့ လွယ်တာကိုးဗျ၊ မြည်းတစ်ကောင် နဲ့သားအဖနှစ်ယောက်ပုံပြင်လိုပေါ့၊ တကယ့် ကာယကံရှင်ကတော့ စဉ်းစားရ ပြီလေ၊ တကယ်တော့ ကျွန်တော်ရော ကျွန်တော့်အမေရော ပုထုဇဉ်လူသား တွေပါ၊ လောဘ နဲ့အတ္တဆိုတာတော့ရှိသေးတာကိုး၊ ပြီးတော့ ဒါက ငွေလေ၊ အဲဒီခေတ်က ရွှေငါးဆယ်သားလောက် ဝယ်လို့ရနိုင်တဲ့ငွေဗျ၊ လမ်းမှာ ကောက်ရတဲ့ ပစ္စည်းတစ်ခုဆိုရင်တော့ တစ်ဝက်ခွဲပေးဖို့ဝန်မလေးဘူးပေါ့၊ ကျွန်တော်တို့သားအမိဆုံးဖြတ်ချက် မှားသလားဗျာ}
ကျွန်တော်ပြန်မဖြေတတ်။
]ဘေးကဝေဖန်တဲ့လူတွေကို ကျွန်တော်က ပြန်မေးချင်တယ်၊ ခင်ဗျားတို့ဆိုရင်ကော ပေးမလားလို့၊ ကိုနေ့ကိုလည်း ကျွန်တော်မေးရဦးမယ်၊ ကိုနေသာ ကျွန်တော်တို့နေရာမှာဆို၇င်ကော ဦးစံလုံးကို ထီလက်မှတ်ပြန် ပေးမလား၊ ဒါမှမဟုတ် ထီဆုငွေတစ်ဝက်ခွဲပေးမလား၊ ဒါမှမဟုတ် ငွေတစ်သောင်း ခွဲပေးမလား၊ ကိုနေဘယ်လိုစဉ်းစားမလဲ ဟင်၊ ကိုယ်တိုင်ကြုံရတဲ့ အတွေ့အကြုံလို့သဘောထားပြီး စဉ်းစားကြည့်ပါဦးဗျာ}
ကျွန်တော်က ဦးဇော်အောင်ပြောသလိုစဉ်းစားကြည့်သည်။
ကျွန်တော့်လက်ထဲမှာ ငါးသောင်းဆုပေါက်နေသည့်ထီလက်မှတ် ရှိနေစဉ်…. တစ်စုံတစ်ယောက်က အဲဒါဟာ…. သူ့ရဲ့ ထီလက်မှတ်ပါ၊ ၇၀၀ဆုပေါက်တဲ့ လက်မှတ်နဲ့ လဲပေးပါဆိုလျှင်.. ကျွန်တော်လဲပေးနိုင်မည်လား။ သို့မဟုတ်- ထီဆုငွေထဲက တစ်ချို့ တစ်ဝက်ကို ခွဲပေးနိုင်မည်လား။
“ဘယ့်နှယ်လဲကိုနေ”
ကျွန်တော်က ဦးဇော်အောင်မျက်လုံးများကို ရှောင်လွဲရင်းမှ လေးတွဲ့သောအသံဖြင့် တစ်လုံးချင်း ဖြေလိုက်မိလေသည်။
“မ..  ပေး..  နိုင်..  ပါ..  ဘူး..  ဗျာ..”
+ + + + + + + + +

                                                                                                            ဆောင်းလုလင်

No comments: