Wednesday 24 October 2012

ဆောင်းလုလင်- လိပ်ပြာပွေလီ (မဂ္ဂဇင်းဝတ္ထုရှည်)



ဆောင်းလုလင်

လိပ်ပြာပွေလီ
-------------------

မေမေခင်၏အိပ်မက်

မေမေခင် ထိုအိပ်မက်ကို မက်ခဲ့သည့်နေ့မှာ သီတင်းကျွတ်လပြည့် နေ့ဖြစ်သည်။
သီတင်းကျွတ်လပြည့်နေညမှာ ကို့မိဘများနှင့် မေမေခင့်မိဘများ ဆီ သွားကန်တော့ကြသည်။ အိပ်မက်ကို ထိုနေ့ညက မက်ခဲ့ခြင်းဖြစ်သော ကြောင့် သီတင်းကျွတ်လပြည့်နေ့ဆိုတာကို မှတ်မှတ်ရရဖြစ်နေရခြင်းဖြစ်ပါ သည်။ 
အိပ်မက်က ချောက်ခြားဘို့ကောင်းသလို ထူးလည်းထူးဆန်းလှပါ သည်။
အိပ်မက်ထဲ၌ မေမေခင်သည် ကတ္တရာလမ်းမကြီးတစ်ခုပေါ်တွင် လျှောက်သွားလျှက်ရှိသည်။ ညအချိန်ဖြစ်ကာ ကတ္တရာလမ်းမကြီးသည် ရောင်အောက်တွင် ပြောင်ချောနေပေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးကတော့ တိတ်ဆိတ်ငြိမ်သက်နေသည်မှာ ချောက်ချားဖွယ်ကောင်းလှပေသည်။
မေမေခင်သည် ရှည်လျားဖြောင့်ဖြူးသော ကတ္တရာလမ်းမကြီးတ လျှောက် ထိတ်လန့်စွာလျှောက်လှမ်းနေလျှက်ရှိ၏။ ဘာ့ကြောင့် ဘာကိုထိတ် လန့်ကြောက်ရွံ့နေမှန်းလည်း အိပ်မက်ထဲ၌ မသဲကွဲပေ။
တစ်နေရာအရောက်တွင် လူအများ၏ အော်ဟစ်ငိုယိုသံကို မေမေခင်ကြားလိုက်ရလေသည်။ ငိုသံများနှင့် ကယ်ပါယူပါ တစာစာအော်သံများ မှာ ငရဲပွက်သည့်နှယ်ထွက်ပေါ်နေလေသည်။
မေမေခင်က အသံကြားရာသို့ ပြေးသွားလိုက်ရာ လမ်းမ၏ဘေး တွင် တစောင်းလဲကာ တိမ်းမှောက်လျှက်ရှိသော ကားကြီးတစ်စီးကိုတွေ့ လိုက်ရလေ၏။ ကားကြီးသည် လမ်း၏တစ်ဖက် ချောက်ထဲသို့စောင်းကျနေ ကာ တစောင်းအနေအထားဖြင့် လဲနေခြင်းဖြစ်၏။ ကား၏ပတ်ပတ်လည်တွင် တော့ သွေးသံရဲရဲဖြင့်အလောင်းများကိုတွေ့ရလေသည်။ တချို့အလောင်း များမှာ ကားအောက်တွင် ပိလျှက်ရှိ၏။ ကားအောက်မှအလောင်းများမှာ တစ်ကိုယ်လုံးမမြင်ရ။ ခေါင်းပိုင်းချည်း ကားအောက်မှထွက်လျှက်လျှာထွက် သေနေသောအလောင်း၊ တကိုယ်လုံးကားအောက်ရောက်လျှက် ခြေထောက် ကလေးသာ ပေါ်နေသောအလောင်း..စသဖြင့် ထိတ်လန့်ရွံရှာဖွယ်လူသေ အမြောက်အများကိုတွေ့ရလေသည်။
မေမေခင်က ကြောက်လန့်တကြားဖြင့် ထိုနေရာမှထွက်ပြေးရန်ပြင် ဆင်ဆဲတွင်..

]အစ်မ..အစ်မ..}
ခေါ်သံကိုကြားလိုက်ရလေသည်။
မေမေခင်က အသံထွက်ပေါ်လာရာသို့ကြည့်လိုက်ရာ.. တစောင်း လဲနေသောကား၏ပြတင်းပေါက်မှ ပြူထွက်နေသော ဦးခေါင်းတစ်လုံးကိုတွေ့ လိုက်ရလေ၏။ မိန်းကလေးတစ်ယောက်၏ဦးခေါင်းဖြစ်ပြီး လှပချောမောသော မျက်နှာလေးကိုမြင်တွေ့လိုက်ရလေသည်။ သို့သော် မိန်းကလေးသည် ကား ၏မှန်ပြတင်းပေါက်မှ ပြတင်းမှန်နှင့် တခါးအောက်ဘောင်ကြားတွင် ညပ်ကာ လျှာကြီးတစ်လစ်ထွက်လျှက်ရှိလေ၏။ အပေါ်သို့ပင့်တင်ရသောပြတင်းမှန်နှင့် ဘောင်ကြားတွင် ညပ်နေခြင်းဖြစ်သည်။
]အစ်မ.. ကျွန်မကိုကယ်ပါ၊ ကျွန်မကိုကယ်ပါအစ်မရယ်}
လျှာတစ်လစ်ထွက်နေရင်းမှ မိန်းကလေးကပြောလိုက်လေသည်။
]ကျွန်မကိုခေါ်သွားပါ၊ ကျွန်မဆံပင်တွေကိုဆွဲလိုက်ပါအစ်မ၊ ကျွန်မ အစ်မဆီလိုက်ခဲ့ပါရစေ၊ ကျွန်မဆံပင်တွေကိုဆွဲပြီး ကျွန်မကိုဆွဲထုတ်လိုက်ပါ}
မေမေခင်သည် မိန်းကလေးပြောသည့်အတိုင်း သူမကိုကယ်တင် ရန်အတွက် ပြတင်းပေါက်မှထွက်ကျနေသောဆံပင်ထွေးကို မမီမကမ်းလှမ်း၍ ဆွဲလိုက်လေသည်။
ထိုအခါ မိန်းကလေးသည် ပြတင်းပေါက်မှလွတ်ထွက်ကာ မေမေ ခင့်လက်ထဲသို့ပါလာပါ၏။ သို့သော် တစ်ကိုယ်လုံးပါလာခြင်းမဟုတ်။ ဦး ခေါင်းချည်းပြတ်ကာ ခေါင်းပြတ်ကြီးက မေမေခင့်ရင်ခွင်ထဲသို့ ထွက်ကျလာ ခြင်းဖြစ်လေသည်။
မေမေခင်သည် ရုတ်တရက် သူမကိုယ်ပေါ်ပြုတ်ကျလာသော ဦး ခေါင်းပြတ်ကြီးကို လက်နှစ်ဖက်ဖြင့်ဖမ်းထားလိုက်မိသည်။
ထို့နောက် သူမပိုက်ထားမိသောခေါင်းကြီးကိုငုံ့ကြည့်လိုက်သည့်အ ခါ မိန်းကလေး၏ဦးခေါင်းပြတ်ကြီးက သူမကိုမော်ကြည့်ပြီး ပြုံးပြရင်းမှ ပြော လိုက်လေသည်။
]ကျေးဇူးတင်ပါတယ် အစ်မရယ်}
]အား ...}
မေမေခင် ကြောက်လန့်တကြားအော်လိုက်လေသည်။
]မေခင်.. မေခင် ဘာဖြစ်တာလဲ}
မေခင့်အော်သံကြောင့် ကိုလန့်နိုးသွားကာ မေခင့်ကိုလှုပ်နှိုးရင်းမှ မေးလိုက်လေသည်။
မေခင်သည် အိပ်မက်မှလန့်နိုးသွားကာ အိပ်မက်မှန်းသိလိုက်ရ၍ စိတ်သက်သာရာရသွားလေသည်။ သို့သော် အိပ်မက်ထဲမှချောက်ခြားစရာ ကောင်းသောအဖြစ်ကြောင့် ရင်များကတုန်နေဆဲဖြစ်လေသည်။
]ကြောက်လိုက်တာကိုရယ်}
]မေခင်အိပ်မက်မက်နေတာထင်တယ်}
]ဟုတ်တယ်ကို၊ အိပ်မက်က သိပ်ကြောက်စရာကောင်းတာပဲ}
]ထလိုက်မေခင်၊ ရေအေးအေးလေး သောက်လိုက်၊ လန်းသွား အောင်}
ကိုကိုလွင်က မေခင့်ကိုပွေ့ထူပြီး ရေကိုသူကိုယ်တိုင်ခပ်တိုက်လေ သည်။
မေခင်သည် ရေကိုတ၀သောက်လိုက်ပြီးနောက် သူမ၏အိပ်မက်ကို ခင်ပွန်းဖြစ်သူအား ပြန်ပြောလိုက်လေ၏။
+ + + + + + + + +

မြရည်နန္ဒာ

မြရည်နန္ဒာလေးကို သူတို့မိသားစု ၁၉၉၁ခုနှစ် နွေရာသီတွင်တွေ့ခဲ့ကြခြင်းဖြစ်သည်။
ဦးကျော်မြတ်၊ ဒေါ်နုနုကြည်နှင့် အသက်၁၄နှစ်အရွယ်သမီး စုမြတ်စန္ဒာတို့ ကိုယ်ပိုင်ကားဖြင့် ပုဂံညောင်ဦးသို့ ဘုရားဖူးခရီးထွက်ရာမှအပြန် တွင် တွေ့ခဲ့ကြခြင်းဖြစ်သည်။
ကျောက်ပန်းတောင်းမြို့အလွန် ကျောက်ပန်းတောင်းနှင့်မိတ္ထီလာစပ် ကြားသို့ကားအရောက် လမ်းဘေးတွင် တစ်ယောက်ထဲငိုနေသော ကလေးမ လေးတစ်ယောက်ကို စုမြတ်စန္ဒာက ကားပေါ်မှလှမ်းမြင်လိုက်သည်။
]ဖေဖေ ဟိုမှာကောင်မလေးတစ်ယောက်ထဲရယ်၊ နေပူထဲမှာ၊ ငိုလဲ ငိုနေတယ်၊ ဘာဖြစ်လို့လဲမသိဘူးဖေဖေ၊ ရပ်ပါဦး}
သနားတတ်သောစုမြတ်စန္ဒာက ကလေးမလေးကိုမြင်သည်နှင့် ဂရု ဏာသက်ကာ ဖခင်ကိုပြောလိုက်လေသည်။
ဦးကျော်မြတ်က ကားကိုကိုယ်တိုင်မောင်းလာပြီး၊ a’:နုနုကြည်နှင့် စုမြတ်စန္ဒာတို့က ကားနောက်ခန်းမှလိုက်ပါလာကြခြင်းဖြစ်သည်။ စုမြတ်စန္ဒာ လှမ်းပြောသောကြောင့် ဦးကျော်မြတ်က ကားကိုရပ်လိုက်သည်။
]ဘယ်မှာလဲသမီး}
]ဟိုနောက်မှာဖေဖေ၊ လမ်းဘယ်ဖက်ခြမ်းမှာ}
]အို.. ဟုတ်သားပဲ၊ ဒီနားမှာ ရွာမနီးမြို့မနီးနဲ့၊ ကလေးမလေး တစ်ယောက်ထဲပါလား၊ ငိုလို့တော်}
ဒေါ်နုနုကြည်က လှမ်းကြည့်ရင်းပြောလိုက်သည်။
]နေ၊ မဆင်းနဲ့၊ ဖေဖေကားကို ဘက်ဆုတ်လိုက်မယ်}
ဦးကျော်မြတ်က ကားကိုဘက်ဂီယာသွင်း နောက်ဆုတ်ကာ က လေးမလေးနှင့်တည့်တည့်ထိရောက်အောင်သွားလိုက်သည်။
]ကဲ- အမေကြီးရော သွားမေးလိုက်ပါဦး၊ ဘာဖြစ်တာလဲဆိုတာ}
ဒေါ်နုနုကြည်နှင့်စုမြတ်စန္ဒာကားအောက်ဆင်းလိုက်ကြသည်။ ကားလမ်းတစ်ဖက်ကိုကူး၍ ကလေးမလေးဆီရောက်သွားကြ၏။
]ဟဲ့ သမီး၊ နင်ဘယ်ကလဲ၊ ဘာဖြစ်လို့လဲ}
ဒေါ်နုနုကြည်က ကလေးကိုအကဲခတ်ရင်းမေးလိုက်သည်။ ကလေးမလေးက ဂါဝန်အဝါရောင်လေးကိုဝတ်ထားသည်။ ဂါဝန်မှာအသစ်ဖြစ်ဟန်တူသော်လည်း တစ်ထည်လုံးလိုလို ဖုန်များသဲများပေကာ ညစ်ပတ်နေလေသည်
]ဟဲ့၊ ဘာဖြစ်လို့လဲဆို၊ လူကြီးတွေနဲ့ကွဲသွားလို့လား၊ နင်ဘယ်ရွာကလဲ ဟင်}
ကလေးမလေးက ငိုမြဲဆက်ငိုနေသည်။
].. ဘာမှလဲ မေးလို့မရပါလားဟဲ့}
]သမီးမေးကြည့်လိုက်ပါဦးမယ်မေမေ၊ ညီမလေး၊ ညီမလေးက ဘယ်ကလဲ၊ လူကြီးတွေရော မပါဘူးလား}
ကလေးမလေးက ခေါင်းရမ်းပြကာ..
]ကြောက်တယ်၊ ကြောက်တယ်}
ဟုပြောလိုက်သည်။
]ညီမလေးအဖေနဲ့အမေရောဟင်}
]မသိဘူး၊ ကြောက်တယ်}
ကလေးက ကြောက်တယ်ချည်းပြောကာ ဆက်ငိုနေပြန်သည်။
]သူမပြောတတ်ဖူးထင်တယ်မေမေ}
]ဟဲ့ ကြည့်ရတာ အသက်ရှစ်နှစ် ကိုးနှစ်ပဲရှိရော့မယ်၊ ဘာလို့မ ပြောတတ်ရမှာလဲ၊ ကြောက်တယ်လို့တောင်ပြောတတ်သေးတာကို}
]ဒါဖြင့် မေမေပဲမေးကြည့်ပါဦး}
]ကလေးမ၊ နင့်မိဘတွေက ဘယ်သူတွေလဲ၊ ဘယ်မှာနေတာလဲ၊ အန်တီတို့လိုက်ပို့ပေးမယ်}
]ဟင့်အင်း .. မသိဘူး၊ ကြောက်တယ်}
]ရော်.. ခက်ရချည်ရဲ့၊ နင့်အရွယ်နဲ့ ကိုယ့်မိဘနာမည် ဘယ်သူ ဘယ်ဝါဆိုတာတောင် မသိဘူးလားဟဲ့}
]မသိဘူး၊ ကြောက်တယ်၊ သမီးကြောက်တယ်}
]နင် ဒီနေရာကိုဘယ်လိုရောက်နေတာလဲ၊ ဘယ်တုန်းကရောက်နေတာလဲ}
]သမီးကြောက်တယ်}
ကလေးမလေးထံမှ ]သမီး}ဆိုသော နာမ်စားစကားလုံးတစ်ခုတော့ ပိုထွက်လာသည်။
]နေဦးမေမေ၊ သူဆာနေလို့လားမသိဘူး၊ သမီးမုန့်ကျွေးလိုက်ဦး မယ်}
စန္ဒာက ကားဆီပြန်ပြေးကာ ဘီစကွတ်မုန့်ထုတ်ကိုယူ၍ ကလေးမလေးကိုကျွေးသည်။ ဦးကျော်မြတ်လည်း ကားလမ်းကိုကူးကာ သူတို့ဆီ ရောက်လာ၏။
]သနားစရာပဲအဖေကြီးရယ်၊ ဘာမှမေးလို့လည်းမရဘူး၊ သူသိပ် ဆာနေတာကိုး၊ ကြည့်ပါဦး ဘီစကွတ်မုန့်ကိုအားရပါးရစားနေလိုက်တာ}
ဒေါ်နုနုကြည်က ကလေးမုန့်စားနေသည်ကိုကြည့်ကာ ပြောလိုက်သည်။
]မိဘတွေကများ ဒီနားလာစွန့်ပစ်ထားကြသလား}
]ရုပ်ရည်ကတော့ သန့်သန့်ပြန့်ပြန့်ပဲအဖေကြီး၊ ဒါလောက်အဆင့် နိမ့်မယ်မထင်ဘူး၊ ဒါပေမယ့် သိနိုင်ဘူးလေ၊ ခေတ်ကြီးက..}
မုန့်တစ်ထုတ်လုံးကုန်သွားသည့်အခါ ကလေးမျက်နှာက လန်းလန်း ဆန်းဆန်းဖြစ်လာသည်။ ပါးပြင်ပေါ်မှသူ့မျက်ရည်များကို လက်ခုံဖြင့် ပွတ်၍ သုတ်ပစ်လိုက်၏။ ထိုအခါ လက်ခုံပေါ်မှဖုံများဖြင့်ပေကျံကာ ပါးပြင်ပေါ်တွင် ချေးကြောင်းကြီးဖြစ်သွားတော့သည်။
]သနားပါတယ်၊ သူဆာနေတာကိုး}
]နာမည်လေးဘာလေး မေးကြည့်ပါဦးသမီးရယ်၊ ညီးတို့ကလေးအ ချင်းချင်း}
]ညီမလေး နာမည်ကဘယ်လိုခေါ်လဲဟင်}
]မသိဘူး}
]ဟောတော့၊ ကိုယ့်နာမည်ကိုတောင် မသိဘူးတဲ့မေမေ}
]ဒုက္ခပဲ၊ တို့တော့ ကိုယ့် ဒုက္ခကိုယ်ရှာမိသလိုဖြစ်ပြီ၊ ‘Dတိုင်းထားပစ် ခဲ့လို့လည်းမကောင်း၊ ဘယ်လိုလုပ်ကြမလဲ အဖေကြီး}
]ခေါ်ခဲ့ကွာ၊ ရှေ့နားက အရင်ဆုံးတွေ့တဲ့ ရွာတစ်ရွာရွာမှာ မေး ကြည့်ပေးတာပေါ့၊ ဒီနားပတ်ဝန်းကျင်ကပဲဖြစ်မှာပါ}
]အင်း.. ဝတ်ပုံစားပုံကြည့်ရတာ သူတောင်းစားတော့မဖြစ်နိုင်ပါဘူးနော်}
]အို.. မေမေကလဲ}
]သူတောင်းစားဖြစ်တော့ကောကွာ၊ ဒီအရွယ်လေးက တို့ကို ဒုက္ခ မပေးနိုင်ပါဘူး၊ ကဲ-ခေါ်ခဲ့၊ ခေါ်ခဲ့၊ ရွာတစ်ရွာရွာက ရယကရုံးမှာ ဝင်အပ်ပေးခဲ့တာပေါ့}
ကလေးမလေးကိုကားဖြင့်တင်ခေါ်ခဲ့လိုက်၏။
ကလေးမလေးကို စန္ဒာနှင့်အတူ ကားနောက်ခန်းတွင် ထိုင်ခိုင်း လိုက်၏။
ကားပေါ်တွင် ကလေးမလေးနှင့်ပတ်သက်၍ သဲလွန်စရလိုရငြား ဦးကျော်မြတ်က သမီးဖြစ်သူစန္ဒာ့ကို ကလေးနှင့်စကားပြောခိုင်း၏။
စန္ဒာကလည်း လည်ဝယ်စွာပင် ကလေးကို မေးခွန်းတွေချည်း စွတ်မမေးတော့ပဲ ကလေးချင်းစကားပြောသည့်သဖွယ် ပြောကြည့်လေသည်၊
]ငါတို့ ပုဂံညောင်ဦးကနေ ဘုရားဖူးပြီးပြန်လာကြတာစရာ့၊ နင်ကော၊ နင့်အဖေအမေတွေနဲ့ ဘုရားဖူးတွေဘာတွေမသွားဘူးလား}
ကလေးမလေးက စန္ဒာ့ကိုခေါင်းငဲ့ကြည့်ကာ ခေါင်းရမ်းပြသည်။
]မမကလေ.. ၇တန်းရောက်ပြီ၊ သိလား၊ ညီမလေးကော ဘယ်နှတန်းလဲ}
]ဟင်.. မသိဘူး}
စန္ဒာက စုတ်သတ်လိုက်သည်။
]ဒီမှာကြည့်စမ်းညီမလေး၊ ဟောဒီ မုန့်ထုတ်ပေါ်ကစာကိုဖတ်ကြည့်စမ်း၊ ဘာတဲ့တုန်း}
စန္ဒာက ခြင်းတောင်းထဲမှ ပလတ်စတစ်နှင့်ထုတ်ထားသော ဘီစ ကွတ်မုန့်ထုတ်ကိုထုတ်လိုက်ကာ ကောင်မလေးလက်ထဲထည့်ပေးရင်း ပြောလိုက်ပြန်သည်။
ကောင်မလေးက မုန့်ထုတ်ကိုကိုင်ရင်း စာကိုတစ်လုံးချင်း အသံထွက်ဖတ်လိုက်သည်။
]ရွှေ..ကျီး..ဘီ....ကွတ်}
]ဟော- ဖေဖေ သူစာဖတ်တတ်တယ်တော့}
]ဖေဖေကြားတယ်သမီး}
]စာတောင်ဖတ်တတ်သေးတာ၊ ဒီကလေး ဦးနှောက်လည်းကောင်းပါတယ်၊ သူ့မိဘနာမည်ကျမသိဘူးတဲ့၊ ဟဲ့-ကလေးမ၊ နင့်မိဘတွေဘယ်သူဆိုတာ စဉ်းစားလို့ရပလား}
ဒေါ်နုနုကြည်က နောက်ဖက်သို့လှည့်ကြည့်ရင်း ပြောလိုက်ခြင်းဖြစ်သည်။
]မိဘ}
]မိဘဆိုတာ နင့်အဖေနဲ့အမေကိုပြောတာလေဟယ်}
]ဟင့်အင်း.. မသိဘူး၊ သမီးကြောက်တယ်}
].. ဒုက္ခပါပဲ}
]သူ ကြောက်လန့်စရာတစ်ခုခုနဲ့ကြုံခဲ့ပုံရတယ်၊ ကလေးဆိုတော့ ဦးနှောက်နုနယ်တယ်မဟုတ်လား၊ မမေးပါနဲ့တော့အမေကြီးရယ်}
ထိုစဉ်မှာပင် သူတို့မောင်းလာသောကားလေးသည် ရွာတစ်ရွာရှေ့ သို့ရောက်လာလေသည်။
ရွာက လမ်းဘေးမှာပင်ရှိသည်မို့ အဆင်ပြေသွားသည်။ ကျေးရွာ ကောင်စီရုံးကိုမေးမြန်းကာရောက်အောင်သွားလိုက်ကြ၏။
ရယကရုံးထဲတွင် ဥက္ကဌကို အဆင်သင့်ပင်တွေ့ရလေ၏။
ဦးကျော်မြတ်က အကျိုးအကြောင်းကိုရှင်းပြလိုက်သည်။
]ဒီကလေး ကျွန်တော်တို့ရွာကတော့ မဟုတ်ဖူးဗျ}
]ဒီအနားပတ်ဝန်းကျင်ကရော}
]မဟုတ်ဖူး၊ ကျုပ်တို့ကျေးရွာအုပ်စုမှာ ရွာ၆ရွာရှိတယ်၊ အကုန်လုံး ကားလမ်းဘေးကရွာတွေချည်းပဲ၊ ကလေးရော လူကြီးရော ကျုပ်အားလုံးသိ တယ်၊ ဟောဒီမှာ အဲဒီရွာတွေက ကိုယ်စားလှယ် ရယကအဖွဲ့ဝင်လူကြီးတွေ လည်းရှိနေတာပဲ၊ နေဦးလေ.. သေချာအောင် ခေါ်မေးပေးပါ့မယ်လေ}
ဥက္ကဌက အနီးရှိလူငယ်တစ်ယောက်ကို နာမည်များရွတ်ပြကာ လူ တချို့ကိုခေါ်ခိုင်းလိုက်သည်။
ဥက္ကဌကြီးခေါ်ခိုင်း၍ ရောက်လာသူများမှာ ကျောင်းဆရာမတစ်ဦး၊ အရံသားဖွားဆရာမတစ်ဦး၊ မြေတိုင်းစာရေးတစ်ဦးတို့ဖြစ်သည်။ ဘယ်သူမှ ကလေးမလေးကိုမသိကြ၊ မမြင်ဖူးကြဘူးဟုဆိုသည်။
]ဒီဝန်ထမ်းတွေက ရွာစဉ်လှည့်ပြီးသွားလာနေရတဲ့ ဝန်ထမ်းတွေပဲ၊ သူတို့ကိုခေါ်ခိုင်းလိုက်တဲ့သူငယ်ကလည်း ရယကစာရေးလေ၊ ရွာ၆ရွာလုံးက လူတွေကိုသူသိတယ်၊ ဒီကလေး ဒီပတ်ဝန်းကျင်ကမဟုတ်တာတော့ သေချာတယ်ဗျ}
]ကလေးကိုပဲ ရသလောက်မေးကြည့်ကြပါဦး}
အဖွဲ့ဝင်လူကြီးတစ်ဦးက အကြံပေးလိုက်သည်။
ကလေးမှာ ဘာမှမေးလို့မရတော့။ သူတို့မေးစဉ်က ကြောက်တယ်ဆိုတဲ့အဖြေထွက်လာသေးသည်။ ရွာမှလူကြီးများဝိုင်းမေးသည့်အခါ ထိုလူ ကြီးများကို ပိုကြောက်သွားသည်ထင့်၊ ဘာမှပြန်မပြောပဲ ငိုလေတော့သည်။
]ဒုက္ခပါပဲ၊ ဘယ်လိုလုပ်ကြမလဲ}
ဒေါ်နုနုကြည်က ဦးကျော်မြတ်ကိုလှမ်းကြည့်လိုက်သည်။
]အဖေကြီး၊ ဘယ်လိုလဲ၊ ကျွန်မတို့ပဲ ခေါ်သွားကြမလား}
]ဟုတ်တယ်ဖေဖေ၊ သနားပါတယ်၊ သမီးတို့ခေါ်သွားရအောင်}
ဦးကျော်မြတ်က ဇနီးနှင့်သမီးအမေးကို ပြန်မဖြေပဲ ဥက္ကဌကြီးကို ပြောလိုက်သည်။
]ဥက္ကဌကြီးခင်ဗျား၊ ကျွန်တော်တို့လည်းသားသမီးချင်းကိုယ်ချင်းစာ ပါတယ်၊ ခုအတိုင်းက ကလေးကိုယ်တိုင်က ဘာမှမေးမရဘူးဖြစ်နေတယ်၊ ဒီတိုင်းထားခဲ့ရင်လည်း သူ ဒုက္ခရောက်လိမ့်မယ်၊ တာဝန်ယူမယ့်လူလည်းရှိမှာ မဟုတ်ဖူး၊ ဒီတော့ ကျွန်တော်တို့ပဲခေါ်သွားပါရစေ}
]ဟုတ်တယ်လေ၊ ကျုပ်တို့မလဲ ကလေးတစ်ယောက်ကို တာဝန်မယူနိုင်ဘူးဗျ၊ ရှင်းရှင်းပဲ၊ ခင်ဗျားတို့ခေါ်ချင်ခေါ်သွားပါ၊ ခင်ဗျားတို့ခေါ်မသွားလဲ ရဲစခန်းပို့ရတော့မှာကိုး}
]ကျွန်တော်တို့အပေါ်မှာ သံသယမကင်းမှာစိုးလို့ပါ}
]အို.. ခင်ဗျားတို့ရိုးသားလို့ပဲ ကျုပ်တို့ဆီ ဝင်အကြောင်းကြားတာပေါ့၊ ခင်ဗျားတို့လို သူဌေးသူကြွယ်တွေက ဒီကလေးစုတ်စုတ်ပြတ်ပြတ်ကို ဘာလို့သွေးဆောင်ဖျားယောင်းလိမ့်မလဲ၊ ခိုးယူလိမ့်မလဲ၊ သံသယရှင်းပါ့ဗျာ}
]ဒီဆိုလဲကောင်းပါပြီလေ၊ ကလေးမိဘတွေပေါ်လာရင်လည်း အဆင်ပြေအောင် ကျွန်တော့်လိပ်စာပေးခဲ့ပါ့မယ်၊ ဖုန်းနံပါတ်လဲပေးခဲ့ပါ့မယ်}
]ကောင်းဗျား၊ ကျုပ်တို့ရုံးလည်း ဖုန်းရှိတယ်ဗျ၊ မှတ်သွားဦး၊ စာရေးလေးရေ၊ ဒီက လူကြီးမင်းပြောတဲ့လိပ်စာနဲ့ နာမည်တွေသေချာရေး မှတ်ထားလိုက်ပါဟေ့}
ဦးကျော်မြတ်က မန္တလေးအိမ်လိပ်စာနှင့် ဖုန်းနံပါတ်များကို စုံလင်အောင်ပေးထားခဲ့လိုက်၏။
]ကလေးနဲ့သက်ဆိုင်သူတွေပေါ်လာရင် ကျွန်တော့်ဆီဖုန်းဆက်အကြောင်းကြားပါဗျာ၊ လတ်တလော ကလေး ဒုက္ခမရောက်အောင်သာခေါ်သွား တာပါ၊ သူ့မိဘတွေပေါ်လာတာနဲ့ ကျွန်တော်ပြန်လာပို့ပေးပါ့မယ်}
ဦးကျော်မြတ်မိသားစုက ရွာလူကြီးများအားနှုတ်ဆက်ကာ အမည် နာမပင်မသိရသော ကလေးမလေးကို မန္တလေးအရောက်ခေါ်လာခဲ့လေသည်၊
ဦးကျော်မြတ်က နောင်အရှုပ်အရှင်းမဖြစ်စေရန်အတွက် မိတ္တီလာ အရောက်တွင် မိတ္တီလာရဲစခန်းသို့ဝင်ကာအကျိုးအကြောင်းပြောပြ၍ သတင်း ဝင်ပို့ခဲ့ပါသေးသည်။
ခေတ္တယာယီ ထိမ်းသိမ်းပေးသည့်သဘော ခေါ်လာခဲ့ခြင်းဖြစ်သော်လည်း ထိုကလေးကို မည်သည့်အခါမှ မိဘရပ်ထံပြန်မပို့ဖြစ်တော့ပေ။
+ + + + + + + + +

သည်လိုနှင့် လမ်းမှကောက်ရခဲ့သောကလေးမှာ ဦးကျော်မြတ်တို့ အိမ်၌ မြဲနေလေတော့သည်။
]အဖေကြီး၊ ကလေးက သူ့နောက်ကြောင်းသတိမရတာကလွဲလို့ ချစ်စရာလေးပဲ၊ ကလေးကိုမွေးစားဖို့ ကျွန်မတော့ ဝန်မလေးဘူး}
]ငါလည်းဒီလိုပါပဲ၊ တို့မှာ သမီးလေးစန္ဒာတစ်ယောက်ပဲရှိလို့ ကလေးလိုချင်နေကြတာမှုတ်လား၊ မွေးစားချင်လည်း တရားဝင်မွေးစားလိုက် တာပေါ့မနုရာ}
]မွေးစားတာကမခက်ပါဘူး၊  ဒါပေမယ့် ကျွန်မရင်ထဲမှာ မရှင်းဘူး ရှင့်၊ သူ့မိဘဆီက တရားဝင်ခွင့်တောင်းပြီး စာချုပ်စာတမ်းနဲ့ မွေးစားတာမျိုး ပဲဖြစ်ချင်တယ်၊ ခုလို လမ်းဘေးကတွေ့လာလို့မွေးလိုက်၇တာမျိုးကို စိတ်ထဲ မှာ မသန့်သလိုပဲရှင်၊ တစ်မျိုးပဲ}
]မင်းတို့သားအမိပဲ သနားလို့ခေါ်လာတာလေကွာ၊ ငါတို့လည်း သက်ဆိုင်ရာတွေအကြောင်းကြားခဲ့တာပဲ၊ ခုထိ ဘယ်ကမှအကြောင်းမကြား ကြတော့ လမ်းစကပြတ်နေပြီလေ}
]အင်း.. မွေးစားပါပြီတဲ့၊ မမွေးစားလည်း သူ့နောက်ကြောင်းမ ပေါ်တော့ရင် ကျွန်မတို့ပဲလက်ခံထားရတော့မှာ၊ သူ့ကို ဘယ်လိုစာရင်းသွင်းမလဲ၊ စာတတ်တာတော့ တွေ့နေရပါပြီ၊ ကျောင်းထားတော့ ဘယ်အတန်း မှာထားမလဲ၊ ဒါတွေကရှိသေးတယ်နော်၊ ကလေးကိုတော့ ကျွန်မကသံယောဇဉ်တွယ်နေပါပြီ၊ သမီးကလည်း ညီမလေးတစ်ယောက်ကောက်ရတယ်ဆိုပြီး ချစ်နေရှာတယ်}
ကလေးနှင့်ပတ်သက်၍ မပြတ်သားပဲ စနိုးစနောင့်ဖြစ်နေကြသည်။
ကလေးနာမည်ကိုတော့ မှည့်ပြီးကြပေပြီ။ သူမကိုခေါ်လာသည့်နေ့ မှာပင် ခေါ်စရာနာမည်တစ်ခုရှိဖို့လိုတယ်ဆိုပြီး..
]သူ့ကို စနေနေ့မှာတွေ့တာဆိုတော့ သမီးစန္ဒာနာမည်နဲ့လည်း ဆင်သွားအောင်.. နန္ဒာ လို့ခေါ်ကြစို့}
ဦးကျော်မြတ်က ကလေးမလေးနာမည်ကို နန္ဒာ-လို့ ယာယီမှည့် ခေါ်ပေးခဲ့ပြီးပေပြီ။
နန္ဒာ့ကို သူတို့ အမျိုးမျိုးစစ်ဆေးကြည့်ခဲ့ပြီးပြီ။
နန္ဒာလေးသည် ဦးနှောက်ကျပ်မပြည့်သူတော့ မဟုတ်ပေ။
စာဖတ်ခိုင်းကြည့်တော့လည်း သွက်သွက်လက်လက် ဖတ်တတ်သည်။ သတင်းစာနှင့်ဂျာနယ်များထဲမှ စာသားခပ်ရှည်ရှည်များကိုပင် ဖတ်နိုင် လေ၏။ ပြီးတော့ တီဗွီထဲမှ ဇာတ်လမ်းဇာတ်ကွက်များကို နားလည်ကြောင်း တွေ့ရ၏။ ထက်ထက်မိုးဦး၊ အိန္ဒြာကျော်ဇင်တို့ကိုလည်း သူမက သိနေ၏။ တီဗွီကြော်ငြာသီချင်းတချို့ကိုလည်း ရနေသည်။ အားလုံးပုံမှန်ဟုဆိုနိုင်သည်။
ခက်သည်က သူမဘယ်သူဖြစ်သည်၊ ဘယ်ကလာသည်၊ မိဘတွေကဘယ်သူတွေဆိုတာကိုပဲ မေးမရခြင်းဖြစ်သည်။ စဉ်းစားခိုင်းလျှင် ငိုသည်။ နောက်ကြောင်းများကို တမင်ထိန်ဝှက်ထားခြင်းတော့ မဟုတ်တန်ရာ၊ ဤကဲ့ သို့ ပရိယာယ်မျိုးကိုလည်း နားလည်သည့်အရွယ်မျိုး မဟုတ်ပေ။
ဦးကျော်မြတ်က ထိတ်လန့်ချောက်ခြားဖွယ်အဖြစ်မျိုးနှင့်ရင်ဆိုင်ခဲ့ရ ဟန်တူသည်ဟု မှတ်ချက်ချသည်။ စိတ်ဒဏ်ရာကြောင့် ယာယီအတိတ်မေ့ နေခြင်းဖြစ်ပြီး တစ်ချိန်ချိန်တွင် ပြန်သတိရလာမည်ဟုတွက်သည်။
ဦးကျော်မြတ်က မိတ္တီလာရဲစခန်းနှင့် ရွာရယကရုံးများကို ဖုန်းဆက် စုံစမ်းသော်လည်း အကြောင်းမထူး၊ မည်သည့်ကလေးပျောက်တိုင်ကြားချက် မှတက်မလာဟုအကြောင်းပြန်သည်။
မည်သို့ဆိုစေ နန္ဒာဟု သူတို့မှည့်ခေါ်ထားသည့်ကလေးမလေးက တော့ တစ်လအတွင်းမှာပင် သူတို့အိမ်၌ နေသားကျလာခဲ့လေပြီ။ သင်ပေး ထားသည့်အတိုင်း ဦးကျော်မြတ်နှင့်ဒေါ်နုနုကြည်ကို ]ဖေဖေ}]မေမေ}ဟုခေါ် သည်။ စုမြတ်စန္ဒာကို ]မမ}ဟုခေါ်သည်။ သူမစိတ်ထဲတွင် ဤမိသားစုသည် မွေးကတည်းကအတူနေလာခဲ့သော သူမ၏ မိရင်းဖရင်းအစ်မရင်းများဟုထင် နေပုံမျိုးပင်။ စိတ်လက်ပေါ့ပေါ့ပါးပါး ရွှင်ရွှင်လန်းလန်းနှင့်ပင်ရှိနေ၏။
အိမ်အနီးအနားမှ ရွယ်တူကလေးများနှင့်လည်း သိကျွမ်းခင်မင်ကာ အတူ ဆော့ကစားလျှက်ရှိသည်။ သင်္ကြန်တုန်းကဆိုလျှင် အိမ်နားမှကလေး များနှင့်အတူ ရေပက်လိုက်ကြ ဆော့လိုက်ကြသည်မှာ နန္ဒာလေးအတော်ပင် ပျော်နေလေ၏။ နန္ဒာသည်အပြင်ပန်းအားဖြင့် သာမန် သူလိုကိုယ်လိုကလေး တစ်ယောက်သာပင်။
နန္ဒာ့ကိုကောက်ရခဲ့သည့်အချိန်မှာ ဖေဖော်ဝါရီလ နောက်ဆုံးပတ် ဖြစ်သည်။ ယခု ဧပြီလကုန်၍ မေလထဲရောက်တော့မည်။ နန္ဒာ သူတို့ မိသားစုထဲရောက် လာတာ ၂လကျော်လို့ ၃လရှိရော့မည်။
မကြာခင် ကျောင်းများပြန်ဖွင့်တော့မည်။ ကျောင်းပြန်ဖွင့်လျှင် စု မြတ်စန္ဒာက ၇တန်းအောင်လို့ ၈တန်းတက်ရမည်။ နန္ဒာ့ကိုလည်း ကျောင်း ထားပေးရမည်ပင်။ နန္ဒာ့ကို ဘယ်အတန်းမှာထားရမလဲ။
အဲဒါက အဓိကပြဿနာကြီးပင်ဖြစ်နေတော့၏။
+ + + + + + + + +
တစ်နေ့တွင် ဈေးဝယ်ရန်အတွက် ဈေးချိုသို့သွားကြရာ စန္ဒာနှင့် နန္ဒာ့ကိုပါ ခေါ်လာခဲ့သည်။
ဈေးချိုပထမထပ်တွင် လျှောက်ကြည့်နေစဉ် အသက်လေးဆယ် ကျော်ကျော် တောသူဟန်ဖြင့် မိန်းမတစ်ယောက်က နန္ဒာ့အနီးသို့ကပ်လာ ကာ တအံ့တဩဖြင့် နှုတ်ဆက်လိုက်လေသည်။
]ဟဲ့- မြရီ၊ မြရီ}
နန္ဒာသည် နှုတ်ဆက်လာသောမိန်းမကြီးကိုကြည့်ရင်း မှတ်မိဟန် မတူပဲ ကြောင်ကြည့်နေလေ၏။
]နင်မြရီမဟုတ်လားဟဲ့၊ ဟုတ်ပါတယ်၊ ကြည့်စမ်း၊ တစ်သွေးတစ် မွေးဖြစ်ပြီး လှနေလိုက်တာ၊ ငါတို့က နင့်ကိုသေပြီထင်ထားတာမြရီရယ်}
]အစ်မကြီး၊ ဒီကလေးကိုသိလို့လားဗျာ}
ဦးကျော်မြတ်က မနေသာပဲ ကြားဝင်မေးလိုက်သည်။
မိန်းမကြီးက ဦးကျော်မြတ်တို့မိသားစု၏ အရှိန်အဝါကိုကြည့်ကာ အို့တိုးအန်းတန်းဖြစ်သွား၏။
]ဟို-ဟို- သူက ကျွန်မတို့မြို့က ကလေးရှင့်၊ ဟုတ်ပါတယ်၊ သူ မြရီရယ်ပါ၊ မြရီ ညီးငါ့ကိုမမှတ်မိဘူးလား၊ ငါ ဒေါ်ကြီးသောင်းလေအေ့}
]ဒီကလေးကို ကျွန်တော်တို့မွေးစားထားတာပါ၊ အစ်မကြီးနဲ့အေးအေးဆေးဆေးစကားပြောမှဖြစ်မယ်၊ အစ်မကြီး တစ်နေရာကို လိုက်ခဲ့ပေး လို့ဖြစ်မလား}
]တော်- ကျုပ်ဈေးဝယ်ရဦးမယ်၊ ဒါနဲ့ ဒီကလေးက တော်တို့ကလေးလား၊ ကျုပ်က ကျုပ်တို့မလှိုင်က မြရီနဲ့တူလွန်းလို့ပါ}
]အစ်မကြီးထင်တဲ့မြရီ ဟုတ်ချင်လည်း ဟုတ်နေမှာပေါ့လေ}
]ဘာ}
]ရှင်းအောင်လို့ အစ်မကြီးနဲ့ပြောမှဆိုမှဖြစ်မယ်၊ ခဏတဖြုတ်ပါ၊ လက်ဖက်ရည်ဆိုင်ဖြစ်ဖြစ် လိုက်ခဲ့ပေးပါအစ်မကြီး}
+ + + + + + + + +
မလှိုင်မှ ဒေါ်သောင်းဆိုသူအမျိုးသမီးကြီးနှင့် တွေ့ဆုံလိုက်ရမှပင် အဖြစ်အပျက်အားလုံး ရှင်းသွားခဲ့လေသည်။
]ကျုပ်တို့က ဆယ်နှစ်ပွဲဈေးသည်တွေပါ၊ ဆယ့်နှစ်ပွဲဈေးသည်ဆိုတာ ပွဲဈေးရှိတဲ့နေရာတွေလိုက်ပြီး ဆယ့်နှစ်ရာသီလုံး ဈေးရောင်းတဲ့ ဈေးသည်ကိုပြောတာပါ၊ ကျုပ်တို့ဇာတိက မလှိုင်က၊ မြင်းခြံ-မလှိုင်လေ၊ သိ တယ်မဟုတ်လား၊ မလှိုင်မှာ ကျုပ်တို့လိုဆယ့်နှစ်ပွဲဈေးသည်တွေအများကြီး ပဲ၊ ကျုပ်က ကလေးကစားစရာအရုပ်တွေရောင်းတယ်၊ မြရီရဲ့အဖေနဲ့အမေ က ကိုတင်ဝင်းနဲ့မထွေးရင်တဲ့၊ ထွေးရင်တို့လင်မယားက အလှကုန်ပစ္စည်း တွေရောင်းတယ်လေ၊ ကျုပ်နဲ့ထွေးရင်တို့လင်မယားက ပွဲဈေးလိုက်တိုင်း အတူတူချည်းပဲ၊ မလှိုင်မှာနေတော့လည်း အိမ်ချင်းသိပ်မဝေးကြဘူး}
ပွဲတော်များမှာ မြန်မာနိုင်ငံ၏သဘောသဘာဝအရ ဆောင်းရာသီ၌ အများဆုံးဖြစ်ပေသည်။ မိုးရာသီမှာတော့ ပွဲများနားကြသလို ဆယ့်နှစ်ပွဲဈေး သည်များလည်း နားရလေ၏။ ယခုလိုနွေရာသီမှာကား ကြို့ကြားကြို့ကြား ဆိုသလို ပွဲဈေးလေးများရှိတတ်ပေသည်။
ယခုနှစ် တပေါင်းလတွင် မိတ္တီလာနှင့်ကျောက်ပန်းတောင်းလမ်း ဘေးမှ အတွင်းသို့ဆယ်မိုင်ခန့်ဝင်ရသောရွာကြီးတစ်ရွာတွင် ပွဲရှိသည်။ a’: သောင်းနှင့် ကိုတင်ဝင်း၊ မထွေးရင်လင်မယားအပြင် ဈေးရောင်းဖော်ရောင်း ဖက် ဆယ့်နှစ်ပွဲဈေးသည်တစ်စု ထိုရွာကြီး၏တပေါင်းပွဲတွင် ဈေးရောင်းရန် ထွက်ခဲ့ကြသည်။
]ထွေးရင်တို့က ပွဲဈေးလိုက်ရင် မြရီလေးကို သူ့အစ်ကိုအိမ်မှာ အပ်ထားနေကျ၊ ကလေးက ကျောင်းနေတာကိုး၊ တပေါင်းပွဲချိန်ကတော့ ကျောင်းပိတ်ချိန်နဲ့တိုက်နေတော့ သူတို့ မြရီကိုခေါ်ခဲ့ကြတယ်လေ}
ဒေါ်သောင်းက နန္ဒာ့ကိုအကဲခတ်ရင်းမှ သူတို့အကြောင်းကိုပြောပြနေသည်။ နန္ဒာက ဒေါ်သောင်းပြောသမျှကို ဘာမှသိပုံမရ။
]ပွဲရှိတဲ့ရွာကိုသွားတော့ ကားက ရွာအထိမရောက်ဘူး၊ ကျောက်ပန်းတောင်းလမ်းမှာ ကျုပ်တို့ကားပေါ်ကဆင်းရတယ်၊ ရွာအထိတော့ ကိုယ့် ပစ္စည်းကိုယ်သယ်ပိုးပြီး သွားရတာပေါ့၊ ကျုပ်တို့ကားလမ်းမကြီးကနေ ရွာကို သွားတော့ ညကြီးတော့၊ အဲဒါ လမ်းမှာတင် ဓားပြတိုက်ခံရတော့တာ}
]ဟင်- ဓားပြတိုက်ခံရတယ်}
]ဟုတ်တယ်၊ ဓားပြကခုနစ်ယောက်၊ ဓားကိုယ်စီနဲ့၊ ကျုပ်တို့ပါသ မျှပစ္စည်းအကုန်ထားခဲ့ဖို့တောင်းတယ်၊ ကျုပ်တို့မလဲတော်၊ ဆင်းရဲသားတွေ မဟုတ်လား၊ ဒါတွေသာ သူတို့အကုန်ပေးလိုက်ရရင် အရင်းလဲပြုတ်၊ မွဲပြီပဲကိုး၊ ဘယ်ပေးနိုင်မတုန်း၊ ပထမတော့ ကျုပ်တို့အားလုံးက တောင်းပန်ကြပါသေးတယ်၊ ဓားပြတွေက မရဘူး၊ ရှိသမျှပစ္စည်းထားခဲ့ရမယ်ချည်းပြောတာ၊ အဲဒီမှာ တင်ဝင်းနဲ့ ဓားပြတွေ စကားများကြတာပဲ}
]ဟင်..}
]တင်ဝင်းက စိတ်ကလက်တစ်ဆစ်ရယ်၊ မင်းတို့ဘာလူပါးဝတာတုန်းဆိုပြီး ဓားပြဗိုလ်ကို ဖက်လုံးတယ်တော်}
]ဟင်-}
]ဟိုကောင်က ဓားရှည်နဲ့လေ၊ အင်အားကမမျှပဲကိုး၊ တစ်ချက်ထဲ ခုတ်သတ်လိုက်တာ တင်ဝင်းသေရော}
]ဟာ..} ]အို..}
ဦးကျော်မြတ်နှင့်a’:နုနုကြည် တပြိုင်ထဲရေရွတ်လိုက်သည်။
]ဒါဖြင့် ညီမလေးအဖေကသေပြီပေါ့}
စုမြတ်စန္ဒာ၏ဂရုဏာအာမေဋိတ်။
]မြရီ၊ ငါပြန်ပြောပြနေတာတွေကို ညီးဘာမှမသိတော့ဘူးနော်၊ ဖြစ်ရလေအေရယ်}
ဒေါ်သောင်းက နန္ဒာ့ကိုဂရုဏာသက်စွာကြည့်ရင်းမှ ဆက်ပြော၏။
]တင်ဝင်းဓားနဲ့အထိုးခံရတော့ မြရီမျက်စိရှေ့တင်၊ တင်ဝင်းလဲကျ သွားတော့ ထွေးရင်က ငိုရင်းပြေးပွေ့တယ်၊ ကျုပ်တို့ထဲကယောက်ျားတွေလဲ တင်ဝင်းဓားထိုးခံရမှ မထူးဘူးဆိုပြီး ဓားပြတွေကို နိုင်ရာနဲ့ခံချကြတယ်လေ၊ ကျုပ်တို့အုပ်စုထဲမှာ နောက်ထပ် ယောက်ျားသုံးယောက်ပါသေးတယ်၊ အတိုချုပ်ပြောရရင်တော်၊ ဓားပြဗိုလ်က ထွေးရင်ကိုပါ ဓားနဲ့ခုတ်သတ်လိုက်တယ်၊ လင်မယားနှစ်ယောက်လုံးပွဲချင်းပြီးပါပဲရှင်}
]ဖြစ်ရလေဗျာ}
]ဒါတွေအားလုံးကို နန္ဒာ..အဲ..မြရီလေးက မြင်နေရတာပေါ့}
]မြင်လိုက်တာပေါ့ရှင်၊ မြရီငိုပြီးထွက်ပြေးသွားတာပဲ ကျုပ်မှတ်မိလိုက်တယ်၊ သတိရလို့ရှာကြည့်တော့ မြရီမရှိတော့ဘူး၊ ကျုပ်တို့ထဲက နောက်ထပ်ယောက်ျားနှစ်ယောက် ထပ်သေတယ်၊ အားလုံးလေးယောက်သေသွားတာပေါ့၊ ဓားပြတွေက ပစ္စည်းတွေအကုန်ယူထွက်သွားကြတယ်}
]ဒါတွေမြင်ခဲ့ရလို့ ကလေးက စိတ်ဓာတ်ချောက်ချားသွားတာကိုး၊ နောက်ကော..}
]ကျုပ်တို့ အဲဒီပွဲမှာ မရောင်းဖြစ်တော့ဘူးပေါ့၊ အရင်းအနှီးတွေလဲ အကုန်ကုန်ရော၊ ခုမှ ချေးငှားပြီး ဈေးပြန်ရောင်းဖို့လုပ်နေရတာပဲ}
]မြရီကိုမစုံစမ်းကြဘူးလား}
]ကိုယ့်အပူနဲ့ကိုယ်လေ၊ ကျုပ်တို့စိတ်ထဲ မြရီကို ဓားပြတွေပဲခေါ်သွားလား၊ သတ်ပဲပစ်လိုက်ကြသလား၊ မသိဘူးပေါ့၊ တစ်ရက်နှစ်ရက် အဲဒီပတ်ဝန်းကျင်မှာစုံစမ်းပါသေးတယ်}
]အစ်မကြီးတို့ အဲဒီလိုဖြစ်တာ ဘယ်နေ့လဲ}
]တပေါင်းလဆန်း ၁၀ရက်တော့၊ သောကြာနေ့}
]ကျွန်တော်တို့ မြရီကို ကားလမ်းမပေါ်မှာ နောက်တစ်နေ့မှာပဲတွေ့ ရတယ်အစ်မကြီး၊ မှတ်မှတ်ရရ စနေနေ့ပဲ၊ ဖေဖော်ဝါရီလ ၂၃ရက်ပေါ့}
]ဒါဖြင့် ဒီကလေးဟာ မြရီအစစ်ပေါ့နော်၊ သူဘာမှမမှတ်မိတော့ပါလား၊ ရှင်တို့မိသားစုနဲ့တွေ့တာ ဘုရားမတာပဲ]
]အစ်မကြီး၊ သူ့မှာ တခြားအမျိုးတွေမရှိဘူးလား}
]ရှိတော့ရှိတယ်၊ တင်ဝင်းအစ်ကိုရှိတယ်၊ အတူနေကြတာ၊ တင်ဝင်းနဲ့ထွေးရင် ပွဲဈေးထွက်ရင် ကလေးကို သူ့အစ်ကိုလင်မယားဆီပဲအပ်ထားခဲ့ရတာ}
]သူတို့ကရော မစုံစမ်းကြဘူးလား}
]သေပြီပဲထင်ကြတာကိုးတော့}
]ဒီမယ်အစ်မကြီး၊ မြရီလေးကိုကျွန်တော်တို့မွေးစားချင်တယ်၊ ဖြစ်နိုင်မလား}
]အောင်မယ်လေး၊ သိပ်ဖြစ်နိုင်တာပေါ့တော်၊ တော်တို့မွေးစားမှလဲ ဖြစ်တော့မှာပါ၊ နို့မို့ ဒီကလေးဘယ်သူ့အားကိုးမလဲ}
]သူ့အဖေအစ်ကိုရှိသေးဆို}
]တင်ဝင်းအစ်ကို ခင်ဝင်းက ကလေးငါးယောက်၊ ဆင်းရဲတယ်၊ ခင်ဝင်းမိန်းမကလည်း တာဝန်ယူချင်မှာမဟုတ်ဖူး၊ သူတို့ဟာသူတို့မှအနိုင်နိုင်ရယ်၊ ရပါတယ်၊ ဒီကလေးကို တော်တို့မွေးထားလိုက်တာကောင်းပါတယ်}
]ဒီလိုအလွယ်တကူလုပ်လို့တော့မဖြစ်ဖူးလေအစ်မကြီးရယ်၊ သူ့ဘကြီးရှိသေးတာပဲ၊ ဥပဒေကြောင်းအရတရားဝင်အောင် လုပ်ရမှာပေါ့}
]မလိုပါဘူးတော်၊ ခုလည်း တော်တို့ခေါ်ထားလို့ သူ့မှာကောင်းစား နေပြီပဲ၊ ကျုပ် ခင်ဝင်းကိုကြည့်ကြက်ပြောလိုက်ပါ့မယ်}
ဦးကျော်မြတ်က ဗဟုသုတနည်းပါးသောမိန်းမကြီးကို စိတ်ပျက်စွာ ကြည့်ရင်း ရှင်းပြသည်။
]မြရီလေးကို တရားဝင်ဖြစ်အောင် ကျွန်တော်တို့ကမွေးစားချင်တာပါအစ်မကြီး၊ သူ့ဘကြီးဆီက ခွင့်ပြုချက်ရမှာဖြစ်မှာပါ၊ ပြီးတော့ မြရီလေးရဲ့ ပညာရေးကရှိသေးတယ်၊ သူ့ကိုကျောင်းထားတယ်မဟုတ်လား၊ ဘယ်နှတန်း ရောက်နေပြီလဲအစ်မကြီး}
ဒေါ်သောင်းတွေဝေသွားသည်။
]ကျောင်းတော့တက်နေတာပဲ၊ နှစ်တန်းလား သုံးတန်းလား၊ ကျုပ်လဲမသိဘူး}
]အဲဒါတွေပေါ့၊ မြရီလေးကို ကျောင်းဆက်အပ်နိုင်အောင်၊ မလှိုင်ကျောင်းက ကျောင်းထွက်လက်မှတ်တွေဘာတွေလိုတယ်လေ၊ ကျွန်တော်တို့ မလှိုင်ကိုလိုက်ပြီး ကိုခင်ဝင်းနဲ့တွေ့မှဖြစ်မှာပါ၊ ဒီတော့ ဒီလိုလုပ်၊ အစ်မကြီး ဈေးဝယ်ပြီးရင် မလှိုင်ပြန်မှာမဟုတ်လား}
]ဟုတ်တယ်}
]ကျွန်တော်တို့တပါတည်းလိုက်ခဲ့ပါရစေ}
]ကျုပ်က ပစ္စည်းတွေနဲ့တော့၊ အဲ.. ဒီလိုလုပ်လို့တော့ ရတယ်၊ ပစ္စည်းတွေကားနဲ့တင်ပေးလိုက်မယ်၊ တော်တို့မနက်ဖန် ကျုပ်တည်းတဲ့ဘုန်း ကြီးကျောင်းကို လာခေါ်လှည့်ကြလေ}
+ + + + + + + + +
မလှိုင်သို့လိုက်သွားရာ အားလုံးအဆင်ပြေခဲ့လေသည်။
မြရီဖခင်၏အစ်ကို ကိုခင်ဝင်းက တူမလေးကို သံယောဇဉ်ရှိဟန်တူသော်လည်း သူ့မှာပင် ကလေးငါးယောက်ရှိပြီးသား၊ စီးပွားရေးကလည်း မချောင်လည်၊ သူ့မိန်းမကတော့ ယောက်ျားဖက်မှအမျိုးကို တင်ကျွေးတင်မွေးထားဖို့ ဝန်လေးဟန်တူသည်။ သည်လိုအခြေအနေများကြောင့် မြရီလေးကို မွေးစားဖို့တောင်းတော့ အလွယ်တကူပဲ သဘောတူညီချက်ရလိုက်သည်။
ရပ်ကွက်ရုံးကိုသွားကာ တရားဝင်ဖြစ်အောင် မွေးစားစာချုပ်ချုပ်ဆို ၍မွေးစားလိုက်လေ၏။
မြရီမှာ၂တန်းစာမေးပွဲဖြေထားပြီး သူတို့မလှိုင်သို့သွားချိန်၌ အောင် စာရင်းများထွက်ပြီး၍ ၂တန်းအောင်မြင်ထားကြောင်းသိရသည်။ မြရီကျောင်း ထွက်လက်မှတ်ကို တပါတည်းရအောင်ယူခဲ့ရာ မြရီကျောင်းပြောင်းတက်ဖို့ အဆင်ပြေသွားသလို မြရီ၏ မွေးသက္ကရာဇ်ကိုပါသိလိုက်ရလေသည်။
အားလုံးအဆင်ပြေချောမောခဲ့လေ၏။
]သမီးလေးနန္ဒာက ၁၉၈၃မွေးတာပဲ၊ ကြာသပတေးသမီး၊ ဒီတော့ သူ့ငယ်နာမည်လည်းမပျောက်အောင် ဖေဖေတို့ပေးထားတဲ့ နာမည်လည်းပါအောင် သမီးကို မြရည်နန္ဒာလို့ နာမည်မှည့်လိုက်ပြီ၊ သမီးကြီးနာမည်က စုမြတ်စန္ဒာ၊ သမီးငယ်နာမည်က မြရည်နန္ဒာပေါ့ကွာ}
+ + + + + + + + +
မြရည်နန္ဒာ-ဆိုသည့်ဘ၀သည် မြရီ-ဆိုသောမိန်းကလေး၏ ဒုတိယဘ၀ဟု ဆိုရပေမည်။
သူမသည် မြရီအဖြစ် မွေးစမှ အသက်၈-နှစ်အထိ ကျင်လည်ခဲ့ရ သောဘ၀ဖြစ်စဉ်များကို မည်သည့်အခါမှ ပြန်လည်သတိမရတော့ပေ။ မလှိုင်သို့ပြန်သွားစဉ်ကပင် မကြာခင်ကနေထိုင်ခဲ့သော အိမ်နှင့်အသိုင်းအဝိုင်းကြား ပြန်ရောက်သည့်တိုင် မမှတ်မိခဲ့။ သူမမျက်မြင်ကြုံတွေ့ခဲ့ရသော ထိတ်လန့်ဖွယ်အဖြစ်ဆိုးကြီးက အသက်၈နှစ်အရွယ် မိန်းကလေးတစ်ယောက်အတွက် အလွန်ဆိုးဝါးခဲ့ဟန်တူလေသည်။
ဦးကျော်မြတ်၊ ဒေါ်နုနုကြည်နှင့် စုမြတ်စန္ဒာတို့ကတော့ ဘ၀ဟောင်းကို မေ့နေတာပဲခပ်ကောင်းကောင်းဟု ထင်မိသည်။ မြရီဘ၀သည် ဘာမှမက်မောတမ်းတစရာမရှိ။
မြရီကို မြရည်နန္ဒာအမည်သစ်ဖြင့် ဘ၀သစ်တစ်ခုဖြစ်အောင် သူတို့ မိသားစုကကြိုးစားခဲ့ကြသည်။
မြရည်နန္ဒာကလည်း ရှစ်နှစ်တာငယ်ဘ၀ကို မမှတ်မိသည်ကလွဲ၍ ပကတိလူကောင်း၊ သာမန်မိန်းကလေးတစ်ယောက်ဖြစ်လာခဲ့သည်။
သူမက ဦးကျော်မြတ်နှင့် ဒေါ်နုနုကြည်ကိုပင် သူမ၏မွေးမိဘရင်း များဟုမှတ်ယူသည်။ စုမြတ်စန္ဒာသည် သူမထက် အသက်၆နှစ်ပိုကြီးသော အစ်မကြီး။ သည်မိဘ၊အစ်မများကိုပင် သူမက ဆိုးနွဲ့သည်၊ အားကိုးသည်။ အိမ်မှာ တကယ့်အငယ်ဆုံးကလေးတစ်ယောက်သဖွယ် ပိုင်ပိုင်နိုင်နိုင်၊ လိပ်ပြာလုံလုံပင်နေထိုင်ခဲ့လေသည်။
ဦးကျော်မြတ်မိသားစုသည် စိန်ပန်းရပ်ထဲ၌ ထည်ထည်ဝါဝါ ပြည့် ပြည့်စုံစုံနေထိုင်နိုင်သော မိသားစုဖြစ်သည်။ ကျယ်ဝန်းသောတိုက်အိမ်ကြီးမှာ ခေတ်မဆန်လှသော်လည်း စီးပွားရေးအတွက် အဆင်ပြေနေ၏။ အိမ်ရှေ့ခန်း အောက်ထပ်တစ်ခုလုံးကို ကုန်ပစ္စည်းမျိုးစုံဖြင့် ကုန်စုံဆိုင်ဖွင့်ထားသည်။ စား သောက်ဖွယ်ကုန်ခြောက် ဆန်ဆီမှအစ အလှကုန်ပစ္စည်း၊ မုန့်ပဲသားရေစာပါ မကျန် သူတို့ဆိုင်တွင်ရနိုင်သည်။ ခြံထဲမှာလည်းရေရောင်းသည်။ တယ်လီ ဖုန်းနှစ်လုံးရှိပြီး အခပေး၍ဖုန်းဆက်နိုင်သည်။ a’:နုနုကြည်က ရပ်ကွက်ထဲမှ ရင်းနှီးသူများကို ငွေတိုးချေးသည်။ တိုးတိုးတိတ်တိတ် အပေါင်ခံသည်။
မြရည်နန္ဒာသည် ဤအသိုင်းအဝိုင်းထဲ၌ သာမန်မိန်းကလေးတစ် ယောက်အဖြစ်ကြီးပြင်းလာခဲ့လေသည်။
ထူးထူးချွန်ချွန်ကြီးမဟုတ်သော်လည်း ကျောင်းပညာရေးတွင် တစ် နှစ်တစ်တန်း မှန်မှန်အောင်ခဲ့သည်။
မြရည်နန္ဒာ အသက်၁၅နှစ်အရွယ် ကိုးတန်းအရောက်တွင် စုမြတ် စန္ဒာဘွဲ့ရခဲ့သည်။ ဘွဲ့ရပြီးများမကြာမီ စုမြတ်စန္ဒာသည် သူမ၏ချစ်သူ ကိုနိုင်ဦးနှင့်လက်ထပ်လိုက်သည်။ စုမြတ်စန္ဒာတို့လင်မယား မိဘအိမ်မှာပင် ဆက်နေခဲ့၏။ မိဘစီးပွားရေးလုပ်ငန်းမှာပင် ကူညီခဲ့သည်။
၁၉၉၉ခုနှစ်တွင် မြရည်နန္ဒာ ဆယ်တန်းအောင်မြင်ခဲ့လေသည်။ နှစ် ချင်းပေါက်အောင်မြင်ခဲ့ခြင်းဖြစ်သည်။ မွေးစားသမီးဖြစ်သော်လည်း လိမ္မာရေး ခြားရှိသည့်အတွက် မိဘများရော အစ်မဖြစ်သူကပါ မြရည်နန္ဒာကို အချစ်ပို ကြသည်။ ကြေနပ်ကြသည်။ ဆိုရလျှင် မြရည်နန္ဒာတစ်ယောက် စိုင်ကော်၍ ခြုံပေါ်ရောက်ခဲ့ခြင်းဖြစ်သည်။ ဤမိသားစုနှင့်သာ မတွေ့ဆုံပါက သူမဘ၀ သည်မျှမလှပနိုင်၊ လွန်ခဲ့သောရှစ်နှစ်က အညာလမ်းဘေး ဖုန်ထူထူ၊ နေပူပူ အောက်တွင် အထီးကျန်ငိုကျွေးနေသောလူမမယ်ကလေးမလေးအတွက် မိသားစုနှင့်တွေ့ဆုံလိုက်ခြင်းသည် သိကြားမခြင်းပင်ဖြစ်တော့သည်။
သို့သော် ကံကြမ္မာက မြရည်နန္ဒာ ချမ်းသာပြည့်စုံသည့်ဘ၀တွင် နေထိုင်ရန် ၈နှစ်မျှသာခွင့်ပြုခဲ့လေသည်။
ဆယ်တန်းအောင်စာရင်းများထွက်ပြီးပြီ။ မြရည်နန္ဒာ အောင်သည်။ တက္ကသိုလ်ဆက်တက်ဖို့ အမှတ်စာ၇င်းများကို စောင့်မျှော်နေခဲ့သည်။ ထိုအ ချိန်တွင် သူငယ်ချင်းများက ချောင်းသာသို့သွားလည်ရန် မြရည်နန္ဒာကို ဖော်ဆွယ်ခဲ့ရာ မြရည်နန္ဒာကလည်း မိဘများကို ပူဆာခဲ့လေသည်။
မြရည်နန္ဒာရန်ကုန်ကိုတစ်ခေါက်မှမရောက်ဖူးသေးတာကို မိဘများ ကသိသည်။ သူတို့လည်း အလုပ်များလွန်း၍ ဝေးဝေးလံလံကို လိုက်မပို့နိုင်၊ ယခု ရန်ကုန်မှာ ဘုရားဖူးမည်။ ချောင်းသာအထိသွားလည်မည်။ အပြန်မှာ ကျိုက်ထီးရိုးဘုရားဝင်ဖူးမည်ဆိုသည့်ခရီးစဉ်ကို သမီးလေးပူဆာသည့်အတွက် ထည့်လွှတ်လိုက်လေသည်။ သွားမည့်သူများကလည်း စိန်ပန်းရပ်ထဲမှသူငယ် ချင်းများ။ အုပ်ထိမ်းသူအဖြစ်လိုက်ပါမည့် မိခင်နှင့်အa’:များမှာလည်း သိ ကျွမ်းရင်းနှီးပြီးဖြစ်နေ၍ စိတ်ချလက်ချထည့်လွှတ်လိုက်ခြင်းဖြစ်သည်။
ထိုခရီးစဉ်ကား မြရည်နန္ဒာအဖို့ အိမ်မှ အပြီးအပိုင် ထွက်ခွာသွား သောခရီးတစ်ခုဖြစ်နေတော့သည်။
ချောင်းသာမှာအပြန်တွင် မြရည်နန္ဒာတို့စီးလာသောအဝေးပြေးကား သည် လမ်းခရီးတစ်နေရာတိမ်းမှောက်ခဲ့ရာ အတူသွားသောအုပ်စုထဲမှ သုံးယောက်မှာ ပွဲချင်းပြီးသေဆုံးခဲ့လေ၏။ သေဆုံးသူသုံးဦးထဲတွင် မြရည်နန္ဒာလည်း ပါခဲ့လေသည်။
ကားတိုက်မှုဖြစ်သောနေ့မှာ ၁၉၉၉ခုနှစ်၏ သီတင်းကျွတ်လပြည့်နေ့ဖြစ်လေသည်။
+ + + + + + + + +

သူပြန်လာပြီ

ထိတ်လန့်ချောက်ခြားဖွယ်အိပ်မက်ဆိုးကြီးမက်အပြီး များမကြာမီမှာ မေမေခင်၌ ကိုယ်ဝန်ရှိနေ တာကိုသိခဲ့ရသည်။
၂၀၀၀ပြည့်နှစ် ဩဂုတ်လထဲမှာ သမီးလေးကိုမွေးဖွားခဲ့သည်။
သမီးလေးကို သူ့ကိုယ်ဝန်မရမီမက်ခဲ့သောအိပ်မက်နှင့် ဆက်စပ်မှု ရှိလိမ့်မည်ဟု မေမေခင်ကမထင်။ အိပ်မက်ဆိုးကြီးကို မေ့တောင်မေ့သွားပါပြီ
သမီးနာမည်ကို လေပြေလွင်-ဟု ဖခင်ဖြစ်သူ ဦးကိုကိုလွင်ကမှည့် ခေါ်ခဲ့သည်။
လေပြေလွင် အသက်သုံးနှစ်အရွယ်တွင် ထူးခြားသောစကားတစ် ခွန်းကိုပြောခဲ့လေသည်။
]သမီးက မလှိုင်ကလာတာ၊ သမီးတို့အိမ် မလှိုင်မြို့မှာရှိတယ်}-ဟူ၏။
မေမေခင်အံ့ဩခဲ့ရသည်။ မေမေခင်ရော ကိုကိုလွင်ပါ မလှိုင်မြို့ဆို သည်ကို တစ်ခေါက်မှမရောက်ဖူးပါ။ လေပြေလွင်က ထိုစကားကို သုံးလေး ကြိမ် ထပ်ပြောသည့်အခါ မေမေခင်သည် ခင်ပွန်းဖြစ်သူ ကိုကိုလွင့်ကို ပြန်ပြောပြလိုက်သည်။ ကိုကိုလွင်ကရယ်မော၍သာနေခဲ့သည်။ ယုံကြည်ပုံမရပါ။
တဖြည်းဖြည်းဖြင့် သမီးသည် ပို၍အသေးစိတ်သောအကြောင်းများ ကို တစတစ ပြန်ပြောလာ ခဲ့လေသည်။
]သမီးအရင်နာမည်က မြရီလို့ခေါ်တယ်မေမေ၊ သမီးအဖေနဲ့အမေ က ဦးတင်ဝင်းနဲ့ ဒေါ်ထွေးရင်တဲ့၊  သမီးတို့က မလှိုင်မြို့မှာနေတာ၊ သမီး မလှိုင်ကို သွားချင်တယ်၊ အိမ်ပြန်ချင်တယ်}
နာမည်နှင့်တကွ တိကျသောစကားများကို ပြောလာသည့်အခါ မေ မေခင်တုန်လှုပ်ခဲ့ရလေသည်။ မိခင်ဖြစ်သူကို ထိုအကြောင်းများပြောပြလိုက် သည်။
]ငါ့မြေးက လူဝင်စားထင်ပါရဲ့၊ အရင်ဘ၀က မိဘတွေနာမည်ပြော ပြနိုင်တာတော့ အံ့ဩစရာပဲဟေ့၊ ဒါပေမယ့် ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့ သမီးရယ်၊ နောင် ကလေး ဒါမျိုးပြောရင် စကားလွှဲပစ်လိုက်သမီး၊ စိတ်မဝင် စားသလိုလုပ်နေလိုက်၊ ကြာရင် သူ့အလိုလိုမေ့သွားမှာပါ}
ဒါက မေမေခင့်မိခင်၏ အထင်အမြင်သာဖြစ်လေသည်။
လေပြေလွင်ကမူ မလှိုင်နှင့်ပတ်သက်သော၊ ယခင်ဘ၀မိသားစု နှင့်ဆက်နွှယ်သောစကားများကို ယခင်ကထက်ပို၍ပင် ခပ်စိတ်စိတ်ပြောလာခဲ့ လေ၏။
]သမီးအဖေနဲ့အမေကလေ.. ဘုရားပွဲတွေမှာ လိုက်ပြီးဈေးရောင်း တာ၊ သိလား၊ ကျောင်းပိတ်ရင် သမီးလည်း ဘုရားပွဲတွေလိုက်သွားရတယ်၊ ကျောင်းဖွင့်ရက်ဆိုရင် ဘဘကြီးတို့နဲ့နေခဲ့ရတယ်}
ကလေးငယ်ပြောပြသမျှထဲတွင် အညာမှ ဆယ့်နှစ်ပွဲဈေးသည်များ ဓလေ့စရိုက်များ အသေးစိတ်ပါနေသည်။ ဒါတွေကို အသက်၎-၅နှစ်အ ရွယ်ကလေးတစ်ယောက်က ဘယ်လိုသိသနည်း။
ထိုမျှထိ အသေးစိတ် ပြောပြတတ်ရုံမက၊ မလှိုင်ကို လိုက်ပို့ပါဟု မကြာခဏ ပူဆာလာတော့ ကိုကိုလွင် စိတ်တစ်မျိုးပြောင်းသွားသည်။ ဒါလောက်တိတိကျကျပြောနေတာ ဟုတ်များနေမလားလို့ စုံစမ်းချင်စိတ်ပေါက် လာသည်။ လေပြေလွင်က မလှိုင်မှာနေခဲ့သည်ဟု ပြောသော်လည်း နေရပ် လိပ်စာအတိအကျကို အိမ်အမှတ်၊ လမ်းနာမည်များနှင့်တကွ ပြောပြနိုင်ခြင်း မဟုတ်။ သည်တော့ လေပြေလွင်ပြောသည့်မိသားစုများ တကယ်ရှိ-မရှိ အဝေးကနေစုံစမ်းဖို့တော့မလွယ်။
ကိုကိုလွင် ဆုံးဖြတ်ချက်ချလိုက်သည်။ သမီးပြောနေတဲ့နေရာကို လိုက်ပို့လိုက်မည်။ တွေ့၇င်လည်း သမီးလေးစိတ်ဆန္ဒပြည့်ဝသွားတာပေါ့၊ တွေ့တော့လည်း သမီးရဲ့အစွဲအလမ်းကို ချေဖျက်ပစ်လို့ရမည်မဟုတ်ပါလား။
+ + + + + + + + +

ဘ၀ဟောင်းသို့နောက်ကြောင်းပြန်

သည်လိုနှင့် လေပြေလွင် အသက်ခုနစ်နှစ်အရွယ်၊ ၂၀၀၇ခုနှစ် နွေရာသီကျောင်းပိတ်ရက်မှာ ကိုကိုလွင်၊မေမေခင်နှင့်လေပြေလွင်တို့ မလှိုင်ကို ထွက်ခဲ့ကြလေ၏။
မလှိုင်သွားရမည်ဆိုသည်နှင့် သမီးလေးသိပ်ပျော်နေရှာသည်။
သူပြောတဲ့အတိုင်း အရင်ဘ၀ကမိဘတွေနဲ့တွေ့ပြီး ဟိုဖက်ကိုအ လေးသာသွားလေမလားတွေးကာ မေမေခင်ကတော့စိတ်တထင့်ထင့်ဖြစ်မိ၏။
ကိုကိုလွင်နှင့်မေမေခင်တို့သည် မလှိုင်ကိုသွားရင်း ရွှေပေါ်ကျွန်းအ ထိရောက်အောင်သွားကာ.. မန္တလေး၊စစ်ကိုင်းဖက်ကနေ ဘုရားဖူးပြီးပြန် မည်ဟု အစီအစဉ်ဆွဲကြ၏။
မလှိုင်ကိုရောက်လို့ တည်းခိုခန်းမှာဝင်နားပြီးသည်နှင့် လေပြေလွင် က သူယခင်ဘ၀ကနေခဲ့သောအိမ်ကို သွားပါတော့မည်ဟု ပူဆာတော့သည်။ အိမ်မှာတည်းခိုခန်းနှင့်နီးသည်၊ ခြေလျင်လျှောက်သွားလို့ ရသည်ဟုပြော၏။
ကိုကိုလွင်နှင့် မေမေခင်တို့လည်း သမီးလမ်းညွှန်တဲ့အတိုင်း ခြေ လျင်လျှောက်လိုက်ခဲ့ကြ၏။ လူနေစိတ်သောရပ်ကွက်တစ်ခု အရောက်တွင် လေပြေလွင်က အိမ်တစ်အိမ်ထဲသို့ရှေ့မှပြေးဝင်သွားလေသည်။
]အဖေ၊ အမေ၊ သမီးပြန်လာပြီ၊ မြရီပြန်လာပြီ}
အိမ်ထဲမှ လူကြီးတစ်ဦးထွက်လာကာ လေပြေလွင့်ကို တအံ့တဩ ကြည့်၏။ လေပြေလွင်က ထိုလူကြီးကို ]ဘကြီး}..ဟုခေါ်လိုက်သည်။
]ဟဲ့ နင်ဘယ်သူတုံး}
လူကြီးက ပြန်မေးလိုက်ချိန်တွင် မေမေခင်တို့လည်း အနားသို့ ရောက်နေကြပြီ။
]ဘကြီး၊ သမီးမြရီလေ၊ အဖေနဲ့အမေကော၊ ဈေးရောင်းထွက်ကြ သလား}
]ဟဲ့..ဟဲ့.. - အမလေး၊ မကြည်စိန်တို့၊ လာကြပါဦးဟ၊ ဒီကလေးက..ဒီကလေးက..}
အိမ်ထဲသို့လှမ်းအော်လိုက်ရာ အိမ်ထဲမှ ဇနီးဖြစ်ဟန်တူသူမိန်းမကြီး တစ်ယောက်နှင့် ဆယ်ကျော်သက်အရွယ်ကလေးနှစ်ယောက်ထွက်လာသည်။
]ဘာတုံးကိုခင်ဝင်း}
ကိုကိုလွင်ကပင် သမီးကိုယ်စား ဝင်ရှင်းပြလိုက်သည်။
]ဒီလိုပါခင်ဗျာ၊ ဒါ ကျွန်တော့်သမီးလေးပါ၊ ကျွန်တော်တို့ ရန်ကုန် ကလာတာပါ၊ သမီးက မွေးကတည်းက သူဟာ ဒီမြို့က မြရီဆိုတဲ့ကလေး ဖြစ်ကြောင်းပြောခဲ့တာပါ}
ကိုကိုလွင်ဇာတ်စုံရှင်းပြသည်များကိုနားထောင်အပြီးတွင် ဦးခင်ဝင်း က အိမ်ထဲဝင်ထိုင်ဖို့ဖိတ်ခေါ်သည်။
]ဇာတ်ကတော့ ရှုပ်ကုန်ပြီဗျို့}
ဦးခင်ဝင်းက ပြောလိုက်သည်။
]ဗျာ}
]ရှင်}
]ကျွန်တော်.. ကျွန်တော်ပြောခဲ့တာတွေ မဟုတ်လို့လားဗျာ}
]ဟုတ်ပါတယ် ဦးကိုကိုလွင်၊ ကျုပ်မှာ ညီတစ်ယောက်ရှိခဲ့တယ်၊ တင်ဝင်းတဲ့၊ တင်ဝင်းဟာ မြရီအဖေပေါ့၊ သူတို့လင်မယား ဆယ့်နှစ်ပွဲဈေး သည်တွေဆိုတာလည်း အမှန်ပဲ၊ မြရီကလည်း ဒီက ကလေးနဲ့ ရုပ်ချင်းမှချွတ်စွတ်ပဲ}
]ဟုတ်ပါရဲ့ကိုခင်ဝင်းရယ်၊ ကလေးက မြရီနဲ့တူလိုက်တာ}
ဦးခင်ဝင်းမိန်းမကပါ ဝင်ပြော၏။
]ဒါဆို ဘာများရှုပ်သွားလဲဗျာ}
]ဒီလိုပါ.. မြရီက အသက်အရွယ်တော်တော်ရမှ ဆုံးတာ၊ ဆယ်တန်းတောင်အောင်ပြီးလို့ အပျိုလေးဖြစ်နေမှဆုံးတာလေ၊ သူ့အဖေ တင်ဝင်း နဲ့ အမေထွေးရင်တို့က သူငယ်ငယ်ကတည်းက ဆုံးသွားတာပါ၊ သူ့ရှေ့တွင်ပဲ ဓားပြအသတ်ခံရလို့ သေကြရတာဗျ}
]ဟင်..}
]အခု ကလေးက သူ့မိဘတွေမေးနေလို့ အံ့ဩနေတာပါ၊ သူ့မိဘ တွေက သူ့ထက်အရင်ဆုံးတာလေ၊ သူသိရမှာပေါ့}
]ကိုခင်ဝင်း၊ မြရီလေးကို မန္တလေးကလူတွေမွေးစားဖို့လာခေါ်တော့ သူအတိတ်မေ့နေတယ်လေ}
ဒေါ်ကြည်စိန်က သတိပေးလိုက်သည်။
]အေးလေ.. တကယ်တော့ သူမန္တလေးရောက်ပြီးမှဆုံးတာမဟုတ်လား၊ မန္တလေးလိုက်သွားရမှာ၊ ဟဲ့-ကလေး..မြရီ၊ နင့်ကိုမန္တလေးကလူတွေ မွေးစားလိုက်တာရော၊ မှတ်မိလား၊ မန္တလေးမှာ နင့်မွေးစားမိဘတွေရှိတယ် လေ}
ထိုအဖြစ်ကိုတော့ လေပြေလွင်လေးမှတ်မိပုံမရပေ။ ကြောင်ငေးနေသည်။
]အဖြစ်က ဒီလိုဗျ၊ ရေလည်အောင်ပြောပြမှဖြစ်တော့မယ်}
ဦးခင်ဝင်းက ကိုတင်ဝင်းတို့မိသားစု ဓားပြအသတ်ခံရပုံကို ပြောပြသည်။ မြရီလေးစိတ်ကယောက်ကယက်ဖြစ်၍ လမ်းတွင်ငိုကြွေးနေစဉ် ဦးကျော်မြတ်တို့မိသားစု တွေ့ရှိခေါ်ယူသွားပုံ၊ နောက်ပိုင်း တရားဝင်မွေးစား လိုက်ပုံများကို ပြောပြသည်။
]ဘဘကြီးပြောပြတာတွေ သမီးမှတ်မိလား သမီး}
မေမေခင်က မေးလိုက်သည်။
]ဟင့်အင်း သမီးမသိဘူး၊ သမီး ဒီမှာ ဘဘကြီးတို့နဲ့နေခဲ့တာပဲ သိတယ်}
]မြရီကို မန္တလေးကလူတွေမွေးစားလိုက်တော့ အသက်၈နှစ်အရွယ်လေ၊ ဟောဒီက ကျုပ်ကလေးအငယ်နှစ်ယောက်တောင် မမွေးသေးဘူး၊ သူ တို့နှစ်ယောက်က မြရီ
ဒီအိမ်ကထွက်သွားမှမွေးတာ}
]မြရီကို မန္တလေးကဦးကျော်မြတ်တို့ကမွေးစားချိန်မှာ မြရီ အတိတ် မေ့နေတာကို ကျွန်မသေချာမှတ်မိတယ်၊ အခုဖြစ်ပုံက အရင်ဘ၀က ရှေ့ပိုင်းကိုပဲ သူကမှတ်မိပြီး၊ မန္တလေးရောက်တဲ့အဖြစ်တွေကိုတော့ မမှတ်မိတော့ဘူး ဖြစ်နေတာပေါ့၊ သူ့ကို မြရီဝင်စားတယ်ဆိုတာတော့ ကျွန်မတို့ယုံပါတယ်၊ ရင်ဘ၀ကမြရီနဲ့ တစ်ပုံစံထဲပဲဟာကို}
]ဒီလိုလုပ်မယ်၊ ကျုပ်မန္တလေးကိုဖုန်းဆက်လိုက်ဦးမယ်၊ ကျုပ်ဆီမှာ သူတို့ဖုန်းနံပါတ်ရှိတယ်၊ ခင်ဗျားတို့ မန္တလေးလိုက်သွားတာ ကောင်းမယ်၊ ခဏနော်၊ ကျုပ်ဖုန်းသွားဆက်လိုက်ဦးမယ်}
ကိုကိုလွင်နှင့်မေမေခင်တို့ကတော့ စိတ်ပျက်အားလျော့သွားမိသည်၊ သမီးအဖြစ်က တစ်နေရာထဲမပြတ်ပဲ ရှုပ်ထွေးနေသည့်အတွက် မန္တလေးကို ဆက်လိုက်သွားချင်စိတ်လည်း မရှိတော့ပေ။
ဦးခင်ဝင်းဖုန်းသွားဆက်ချိန်၌ ဦးခင်ဝင်း၏သမီးအကြီးနှစ်ယောက် ပြန်ရောက်လာသည်။ သူတို့အမေကပြောပြလိုက်တော့ လေပြေလွင်လေးကို ဖက်ကာ ငိုကြသည်။ လေပြေလွင်ကလည်း ထိုမိန်းကလေးနှစ်ယောက်ကို နာမည်နှင့်တကွမှတ်မိနေ၏။
]အဲဒါ အကြီးမက အရင်ဘ၀က မြရီနဲ့ရွယ်တူ၊ အငယ်မက မြရီထက် တစ်နှစ်နှစ်နှစ်လောက ငယ်တယ်လေ}
ဒေါ်ကြည်စိန်က ရှင်းပြနေ၏။
]မြရီက အရင်တုံးကအတိုင်းပဲဟယ်}
မိန်းကလေးများကလည်း လေပြေလွင်ကိုကြည့်၍ တအံ့တဩဖြစ်နေကြသည်။
ထိုစဉ် ဦးခင်ဝင်းပြန်ရောက်လာ၏။
]အဆင်ပြေတယ်ဗျို့၊ သူတို့ကလည်း ကလေးကိုသိပ်တွေ့ချင်နေ ကတယ်၊ ခင်ဗျားတို့ မန္တလေးလာခဲ့ပါတဲ့၊ သွားလိုက်ပါ၊ ကျုပ်လိပ်စာပေး လိုက်မယ်}
 + + + + + + + + +

လိပ်ပြာပွေလီ
ဦးခင်ဝင်းပေးလိုက်သည့်လိပ်စာအတိုင်း သွားသင့်မသွားသင့်ချိန်ဆရလေသည်။
ကိုကိုလွင်နှင့် မေမေခင်ကတော့ သမီး၏လူဝင်စားဖြစ်စဉ်မှာ ရှင်း သွားပြီ၊ သမီးပြောသောမလှိုင်ကိုရောက်ပြီးလို့ မလှိုင်ကအမျိုးတွေကိုပြောပြတော့လည်း လက်ခံကြသည်။ ဒါဆိုကြေနပ်လောက်ပြီဟုယူဆ၏။
မန္တလေးက မွေးစားမိဘများဆီလိုက်သွားဖို့ကျတော့ ဦးကျော်မြတ်တို့မှာ ချမ်းသာကြွယ်ဝကြသူများမို့ လိုချင်လို့လာတယ်အထင်ခံရမည်ကို စိုးရိမ်ရသေးသည်။ ပြီးတော့ ဦးခင်ဝင်းကသာ လိုက်သွားပါလို့တိုက်တွန်းလိုက်သည်။ ဟိုဖက်က လိုလိုလားလားရောရှိရဲ့လားဆိုတာ တွေးရသေးသည်။
သမီးကိုမေးကြည့်တော့လည်း လေပြေလွင်သည် မန္တလေးမှမွေးစားမိဘများကို လုံးဝမမှတ်မိ။ သွားချင်တယ်လို့လည်း မပြောပေ။
သည်လိုနှင့် ရွှေပေါ်ကျွန်းကို ဘုရားဝင်ဖူးကြကာ.. နဂိုအစီအစဉ်အတိုင်း မန္တလေးဖက်ကိုလှည့်ခဲ့ကြလေ၏။
စိန်ပန်းရပ်ထဲက ဦးကျော်မြတ်တို့အိမ်ကို ဝင်ဖို့.. မဝင်ဖို့ကတော့ မဆုံးဖြတ်ရသေး။
မန္တလေးရောက်တော့ လမ်း၈၀က ဟိုတယ်တစ်ခုမှာတည်းကြသည်။
မေမေခင်က စိန်ပန်းကိုကိုယ်တိုင်မသွားပဲ ဦးကျော်မြတ်တို့သဘောကိုသိရရန် ဖုန်းဆက်ကြည့်ဖို့အကြံပေးသည်။
သို့ဖြင့် နောက်တစ်နေ့ကျမှပင် ဟိုတယ်မှဖုန်းဖြင့် ဦးကျော်မြတ်တို့ကိုဆက်သွယ်ကြည့်လိုက်၏။
ကိုကိုလွင်တို့အထင်အမြင်မှားနေပေသည်။ ဦးကျော်မြတ်တို့က ကိုကိုလွင်တို့အလာကို မျှော်နေကြသည်ဟုဆိုသည်။ မန္တလေးတွင် သူတို့ဆီတန်းလာပြီး သူတို့အိမ်မှာ မတည်းရကောင်းလားဟု အပြစ်တင်နေသေးသည်။ သူတို့မိသားစုက လေပြေလွင်ကိုတွေ့ချင်လှ၍ စောင့်မျှော်နေသည်ဟုဆို၏။
ကိုကိုလွင်နှင့်ဖုန်းပြောရင်းမှ တည်းခိုသည့်ဟိုတယ်ကိုမေးကာ သူ တို့လင်မယား အခုချက်ချင်းလာခေါ်မည်ဟု ဦးကျော်မြတ်ကပြောသည်။
စိန်ပန်းနှင့် လမ်း၈၀ဟိုတယ်မှာ မဝေးလှသည်မို့ မိနစ်ပိုင်းအတွင်း မှာပင် ဦးကျော်မြတ်နှင့် ဒေါ်နုနုကြည်တို့ ရောက်လာကြလေ၏။
ဧည့်သည်ရောက်နေပြီ အကြောင်းကြား၍ မေမေခင်တို့မိသာစု ဟိုတယ်ဧည့်ခန်းထဲထွက်အလာတွင်.. ဧည့်ခန်းထဲတွင်ထိုင်နေနှင့်သော အဘိုးကြီးအဘွားကြီးစုံတွဲက လေပြေလွင်လေးဆီပြေးလာကာ ကြိုလိုက်လေသည်၊
]သမီး.. နန္ဒာ၊ အမလေး.. ငယ်ငယ်က ရုပ်အတိုင်းပါလားကွယ်၊ ကိုကျော်မြတ်၊ ကြည့်ပါဦး၊ ကျွန်မတို့မွေးစားဖို့ခေါ်လာတုံးကရုပ်ရည်အတိုင်းပဲနော်}
]ဟုတ်ပါရဲ့ကွယ်၊ သမီး.. နန္ဒာ၊ ဖေဖေတို့ကို မှတ်မိရဲ့လား}
လေပြေလွင်က ခေါင်းခါပြသည်။ စိမ်းစိမ်းကားကားပင်ဖြစ်နေ၏။
မည်သို့ဆိုစေ... မိတ်မဆက်ရပါသေးပဲ လေပြေလွင်ကိုမြင်ရုံနှင့် သူတို့သမီး ဝင်စားတဲ့ကလေးဆိုတာ ချက်ချင်းသိ၊ ချက်ချင်းလက်ခံလိုက်ကြ မေမေခင်တို့ စိတ်သက်သာရာရသွားကြသည်။
မေမေခင်က မလှိုင်တွင်ကြုံရခဲ့ရသောအဖြစ်အရ.. လေပြေလွင်သည် မန္တလေးမှ အသက်ကြီးပိုင်းအဖြစ်များကို မမှတ်မိကြောင်း၊ သူ့မိဘအရင်းများ ကွယ်လွန်ရပုံကိုပင် မလှိုင်ရောက်မှသိရကြောင်းများကိုပြောပြလိုက်သည်။
]စိန်ပန်းက အစ်မကြီးတို့အိမ်ကိုရောက်ရင်တော့ သူမှတ်မိလာမှာပါ၊ ညီမတို့ အစ်မကြီးတို့အိမ်ကိုသာ လိုက်ခဲ့ကြပါ}
]ဟုတ်တယ်၊ ဟိုရောက်တော့ ဓာတ်ပုံတွေပြန်ပြလိုက်ရင် သမီး မှတ်မိလာမှာပါ၊ သမီးမှာ စန္ဒာဆိုတဲ့ အစ်မတစ်ယောက် ရှိသေးတယ်လေ၊ စန္ဒာစစ်ကိုင်းရောက်နေလို့ ဖုန်းဆက်ခေါ်ထားတယ်၊ အိမ်ရောက်ရင် သူအ ကုန်မှတ်မိသွားမှာပါ}
+ + + + + + + + +
စိန်ပန်းအိမ်ကိုရောက်ခဲ့ကြပါပြီ။
]ကဲ-သမီး၊ ဒီအိမ်ရောက်တော့ရော၊ ဖေဖေတို့နဲ့နေခဲ့တာတွေ မှတ်မိသွားပြီလား}
ကားပေါ်ကဆင်းဆင်းချင်း ဦးကျော်မြတ်က မေးလိုက်သည်။
လေပြေလွင်က ခေါင်းကိုသာ ခါပြ၏။
]ကဲ-အိမ်ထဲကိုဝင်ကြပါဦး}
ဧည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် မိသားစုဓာတ်ပုံကြီးက ဆီးကြိုလိုက်လေသည်။ ဓာတ်ပုံကိုမြင်လိုက်သည်နှင့် မေမေခင်မျက်လုံးပြူးသွား သည်။
]အို.. သူ..သူ..}
မေမေခင်က ဓာတ်ပုံကို လက်ညှိုးထိုးပြကာ တအံ့တဩရေရွတ်လိုက်၏။ ဓာတ်ပုံက ဦးကျော်မြတ်၊ ဒေါ်နုနုကြည်တို့နှင့်အတူ မိန်းကလေး နှစ်ယောက်ရိုက်ထားသည့်ပုံကြီးဖြစ်ပါ၏။
]ဘာဖြစ်လို့လဲ မေခင်}
]မေခင့်အိပ်မက်ထဲက မိန်းကလေး၊ အိပ်မက်ထဲကမိန်းကလေးဟာ သူပဲကို}
မေမေခင်က ဓာတ်ပုံထဲမှ အငယ်မိန်းကလေးကိုရည်ရွယ်၍ ပြောလိုက်သည်။
]ဒီပုံက အမကြီးတို့နဲ့သမီးနှစ်ယောက်နဲ့ ရိုက်ထားတဲ့ပုံပါမေမေခင်၊ မေမေခင်ပြောတဲ့အငယ်မိန်းကလေးက ဆုံးသွားတဲ့သမီးမြရည်နန္ဒာလေ၊ ခု ဒီကလေးဝင်စားတယ်ဆိုတဲ့မြရည်နန္ဒာပုံလေ}
]ကျွန်မ..ကျွန်မ..သူ့ကို အိပ်မက်ထဲမှာ တွေ့ခဲ့ဖူးပါတယ်}
မေမေခင်က သူမမက်ခဲ့သောအိပ်မက်ကိုပြောပြလိုက်သည်။
မှောက်နေသောကားပြတင်းပေါက်မှ ပြူထွက်နေသော မိန်းကလေး တစ်ဦး၏ ဦးခေါင်း၊ သူမကိုကယ်တင်ဖို့ အကူအညီတောင်းပုံ၊ ဦးခေါင်းကြီး ပြတ်ကျကာ မေမေခင့်ရင်ခွင်ထဲကျလာပုံ...
]ကျွန်မအိပ်မက်ထဲကမိန်းကလေးဟာ သူမှသူပါပဲ}
]ဘုရား..ဘုရား.. သမီးလေးဟာ မြရည်နန္ဒာဆိုတာ ပိုပြီးသေချာ သွားပြီပေါ့ကွယ်၊ မြရည်နန္ဒာဟာချောင်းသာကိုသွားရင်း အပြန်မှာကားမှောက် ခဲ့တာကွဲ့၊ ဒိုက်ဦးနားမှာ ကားမှောက်တော့ ပွဲချင်းပြီးကွယ်လွန်ခဲ့ရတယ်၊ သီတင်းကျွတ်လပြည့်နေ့ကြီးပေါ့}
]ကျွန်မမက်တဲ့အိပ်မက်ကလည်း သီတင်းကျွတ်လပြည့်နေ့ပါပဲအစ်မကြီး၊ သမီးကိုကိုယ်ဝန်မဆောင်ခင်လေးမှာမက်တာပါ၊ ၉၉ခုနှစ်၊သီတင်းကျွတ်လပြည့်နေ့ပါ}
]ဟုတ်တာပေါ့၊ မြရည်နန္ဒာဆုံးတဲ့ရက်နဲ့တစ်ရက်တည်းပဲ}
မေမေခင်၏စိတ်စေတသိက်သည် အိပ်မက်မက်ရင်းမှ ကားမှောက်သည့်နေရာကိုရောက်ရှိသွားကာ.. ကွယ်လွန်ခါစ မြရည်နန္ဒာ၏ဝိညာဉ်နှင့် တွေ့ဆုံခဲ့ခြင်းပင်ဖြစ်ပေတော့၏။
မေမေခင်တို့ ဇာတ်စုံရှင်းနေချိန်မှာပင် စစ်ကိုင်းမှ စုမြတ်စန္ဒာပြန် ရောက်လာသည်။ စုမြတ်စန္ဒာနှင့်အတူ ခင်ပွန်းသည် ကိုနိုင်ဦးလည်း ပါလာ၏။
စုမြတ်စန္ဒာက လေပြေလွင်ကိုတွေ့သည်နှင့် ]ညီမလေးနန္ဒာ}ဆိုကာ ဖက်ငိုသည်။ ဦးကျော်မြတ်တို့ကဖုန်းဆက်ပြောထား၍ နန္ဒာဝင်စားတဲ့ကလေး ရောက်လာမည်ဆိုတာကို စန္ဒာက ကြိုသိထားပြီးဖြစ်သည်။ လေပြေလွင်ကို မြင်သည်နှင့် ငယ်စဉ်က မြရည်နန္ဒာနှင့်ရုပ်ချင်းချွတ်စွတ်တူနေ၍ ချက်ချင်းသိလိုက်ခြင်းဖြစ်သည်။
]ကြည့်ပါဦးမေမေရယ်၊ ညီမလေးရုပ်က အရင်ဘ၀ကအတိုင်းပဲ နော်၊ ညီမလေးကိုသမီးတို့တွေ့တုန်းကလည်း ဒီအရွယ်အတိုင်း ဒီရုပ်အတိုင်းပဲ}
]ဟုတ်တယ်သမီးစန္ဒာ၊ ဒါပေမယ့် သမီးရဲ့ညီမလေးက မြရီဆိုတဲ့ မလှိုင်မှာနေခဲ့တဲ့ဘ၀ကိုပဲ မှတ်မိတော့တယ်ကွယ်၊ မေမေတို့နဲ့နေခဲ့တဲ့အဖြစ်ကို သူမသိရှာဘူးကွဲ့}
]အို.. ညီမလေးနန္ဒာ၊ မမစန္ဒာကိုရော မမှတ်မိဘူးလားဟင်}
လေပြေလွင်က ခေါင်းကိုသာခါပြပြန်၏။
စုမြတ်စန္ဒာက ငယ်စဉ်ကရိုက်ထားသောဓာတ်ပုံများကို ထုတ်ပြ၏။
မြရီကိုမွေးစားခါစ၊ ဒီအိမ်ရောက်ခါစ အသက်၈နှစ်၉နှစ်ကရိုက်ထားသောပုံများဖြစ်သည်။
မေမေခင်နှင့်ကိုကိုလွင်က ဓာတ်ပုံများကိုကြည့်ကာ သမီးလေပြေလွင်နှင့် တူလွန်းလှသည့်အတွက် အံ့ဩနေကြလေသည်။
လေပြေလွင်ကတော့ မမှတ်မိပါပေ။ လေပြေလွင်၏အသိဝယ် ယခင်ဘ၀နှင့်ပတ်သက်၍ မလှိုင်တွင်နေခဲ့ပြီး ဓားပြတိုက်မခံရခင်ကာလအထိသာစွဲထင်နေသည်။
မေ့နေသောအတိတ်ကို ဘ၀သစ်ကူးမှ ပြန်လည်သတိရခြင်းပါ တကား။
]ကဲပါလေ.. ဒီသမီးလေးဟာ ဖေဖေတို့မွေးစားခဲ့တဲ့ မြရည်နန္ဒာလေးဝင်စားခဲ့တယ်ဆိုတာ ယုံမှားသံသယရှိစရာ မလိုပါဘူး၊ တစ်ခုပဲထူးဆန်း နေတယ်၊ အရင်ဘ၀က မြရည်နန္ဒာဟာ သူ့မိဘတွေအသတ်ခံရတာမြင်ပြီး ထိတ်လန့်ကြောက်ရွံ့ခဲ့ရလို့ အတိတ်ကိုမေ့နေခဲ့တယ်၊ အဲဒီမေ့နေတဲ့အတိတ်ကို ဘ၀အသစ်ရောက်မှ ပြန်ပြီးသတိရသွားတယ်၊ ဟော- ဘ၀သစ်နဲ့အနီးဆုံးဖြစ်တဲ့ မြရည်နန္ဒာဆိုတဲ့ဘ၀ကိုတော့ သူမမှတ်မိပြန်ဘူး}
ဦးကျော်မြတ်က ဆက်၍ပြောသည်။
]လူဝင်စားဆိုတာ အသက်ကြီးလာလေ အရင်ဘ၀အကြောင်းတွေကို မေ့သွားလေပဲကွဲ့၊ မြရည်နန္ဒာဆိုတဲ့ဘ၀ကို သူမှတ်မိဖို့ မလွယ်တော့ဘူး၊ ဒီတော့ ကလေးစိတ်ဆင်းရဲအောင် မေးမြန်းမနေကြပါနဲ့တော့လေ၊ မြရီနဲ့မြရည်နန္ဒာဟာ တကယ်တော့ တစ်ယောက်တည်းပဲမဟုတ်လား၊ ထားလိုက်ပါတော့ကွယ်}
]အစ်မကြီးတို့ကတော့ လေပြေလွင်လေးကို အရင်ဘ၀သမီးလေး မြရည်နန္ဒာအနေနဲ့ ချစ်နေတာပါပဲ၊ ခုဘ၀မှာလည်း အစ်မကြီးတို့နဲ့ အဆက် မပြတ်ဆက်ဆံစေချင်တယ်ကွယ်}
နောက်ဆုံးတော့.. လေပြေလွင်ကို မြရီခေါ်မြရည်နန္ဒာဝင်စားသူအဖြစ်လက်ခံလိုက်ကြသည်။
မေမေခင်ကတော့ ထူးထွေဆန်းပြားလှပါသော လူတို့၏စိတ်စေတသိက်ကိုလည်းကောင်း၊ ရှုပ်ထွေးပွေလီလှပါသော ဝိညာဉ်လိပ်ပြာတို့၏ဆန်းကြယ်မှုကိုလည်းကောင်း.. တွေးတောမိကာ သက်ပြင်းကိုရှိုက်လိုက်မိလေသည်။
အမှတ်မထင်မက်ခဲ့သောအိပ်မက်တစ်ခုမှ ဆင့်ပွားလာသောဖြစ်ရပ်၏အဖြေကို ရအောင်စဉ်းစားရင်း မေမေခင့်တစ်သက်တာမှာ သက်ပြင်းအခါခါချမိနေဦးမည်ဖြစ်ပါတော့သတည်း။
+ + + + + + + + +
                                                                                                             ဆောင်းလုလင်



No comments: