ဆောင်းလုလင်
ဘ၀ဟောင်းရဲ့ပဲ့တင်သံ
မဂ္ဂဇင်းဝတ္ထုရှည်
ဂမ္ဘီရဆန်းကြယ်ဝတ္ထုများကို ရေးသားနေသည့်ကျွန်တော့်
အတွက် ထူးခြားဆန်းကြယ်သောဇာတ်လမ်းဇာတ်ကွက်များကိုနေ ရာအနှံ့ လူအမျိုးမျိုးထံမှ ရလေ့ရှိပါသည်။
တချို့က ကျွန်တော်ဝတ္ထုရေးနိုင်ရန်အလို့ငှာ သူတို့ကြား ဖူးကြုံဖူးသော ထူးဆန်းသည့်အဖြစ်အချို့ကို တကူးတကလာ၍ ပြောကြားတတ်သည်။ စာဖြင့်ရေးသား၍ပေးပို့သည်များလည်းရှိပါသည်။
အများအားဖြင့် လူဝင်စားဖြစ်ရပ်များဖြစ်နေတတ်ပါသည်။ သရဲတစ္ဆေချောက်လှန့်ခြင်းနှင့် ပတ်သက်သည့်အဖြစ်များလည်း ပါ ဝင်လာတတ်ပါ၏။
ယခု ကျွန်တော်တင်ပြမည့်အဖြစ်မှာမူ အခြားသူပြောပြ ခြင်းမဟုတ်။ ဇာတ်လမ်းထဲမှအ”dကဇာတ်ကောင် ]မောင်ဉာဏ်မျိုး အောင်}ခေါ်]အောင်အောင်}ကို မွေးစကပင် ကျွန်တော်သိခဲ့သည်။ ထိုကလေးကို ကျွန်တော်ကိုယ်တိုင်ပင်
ချီပိုးထိန်းကျောင်းခဲ့ဖူးပါ ၏။
ဇာတ်လမ်း၏ အဓိကအပိုင်းနှင့် ဇာတ်သိမ်းပိုင်းများတွင် လည်း ကျွန်တော်ကိုယ်တိုင်
မျက်မြင်တွေ့ထိပါဝင်ခဲ့ရပါသည်။
ဘ၀တစ်ခုမှ နောက်ဘ၀တစ်ခုအထိ ဆက်၍ချစ်နေကြ သောချစ်သူနှစ်ဦး၏ ထူးခြားသောအဖြစ်ဆန်းပင်ဖြစ်ပါသည်။
ဉာဏ်မျိုးအောင်နှင့်ရိုးရိုးယဉ်တို့၏ ဖြစ်ရပ်အမှန်ကို ဘ၀ နှစ်ခုလုံးဆက်၍ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရခြင်းဖြစ်ပါသည်။
+ + + + + + + + +
ကျွန်တော် လေးတန်းနှစ်တွင် ကျွန်တော်၏ဖခင်သည် အစိုးရတာဝန်ဖြင့် ဧရာဝတီမြစ်အနောက်ဖက်ကမ်းရှိမြို့ကလေးသို့ ပြောင်းရွှေ့ခဲ့ရပါသည်။
ထိုမြို့မှာ သရက်မြို့ဖြစ်ပြီး ထိုခေတ်က မြန်မာနိုင်ငံ၏တစ်ခုတည်းသောဘိလပ်မြေစက်ရုံရှိရာမြို့အဖြစ် လူ သိများပါသည်။
သရက်မြို့သို့ ကျွန်တော်တို့မိသားစုရောက်သွားချိန်၌ မြို့ ကိုရောက်နှင့်နေသော အခြားအရာရှိများက လှိုက်လှဲစွာကြိုဆိုခဲ့ ကြပါသည်။ ထိုအထဲတွင် သစ်တောဌာနအရာရှိကြီးဖြစ်သူ ဦးလှ ဝေမိသားစုလည်း ပါပါသည်။ မြို့မှာ နယ်မြို့ကလေးဖြစ်သည့်အ တိုင်း ဝန်ထမ်းများ.. အထူးသဖြင့် အရာရှိများသည် စည်းစည်း လုံးလုံးရှိကြပါသည်။
နေထိုင်ရေးအတွက်မူ အဖေတို့ဌာနမှ စီမံပေးထားပြီးဖြစ် ၍ အခက်အခဲမရှိခဲ့ပါ။ နှစ်ထပ်အဆောက်အဦးတွင်
အောက်ထပ် ကို ရုံးအဖြစ်အသုံးပြုပြီး အပေါ်ထပ်ကို အရာရှိမိသားစုနေထိုင်ရန် သတ်မှတ်ထားပြီးဖြစ်ပါ၏။
အဖေသည် ခရိုင်အဆင့်အရာရှိတစ်ဦး
ဖြစ်၍ ကျွန်တော်တို့မိသားစုသည် ရုံးအပေါ်ထပ်၌ နေထိုင်ခွင့်ရခဲ့ ပါသည်။
ရုံးသည် လူနေများသောရပ်ကွက်ထဲ၌ပင်ရှိ၍ မြို့ခံလူများ နှင့်လည်း ရင်းနှီးခွင့်ရခဲ့ပါသည်။ နယ်မြို့ကလေးဖြစ်သည့်အား လျော်စွာ နယ်ခံများမှာ ရိုးသားပွင့်လင်းကြပြီး
ခင်မင်လွယ်ကြသူ များဖြစ်လေသည်။
ရုံးနှင့်အိမ်နီးချင်းဖြစ်သောမိသားစုများထဲတွင် မမတင်တို့ မိသားစုမှာ ကျွန်တော်တို့ကို အကူအညီအပေးဆုံးဟုဆိုရပေမည်။
ကျွန်တော်တို့သရက်မြို့သို့ပြောင်းလာချိန်မှာ စက်တင်ဘာ လထဲတွင်ဖြစ်သည်။ ကျောင်းများဖွင့်ပြီးသည့်အချိန်ဖြစ်နေသည်။ ကျွန်တော်တို့ မောင်နှမသုံးယောက်သည် ယခင်နေခဲ့သောမြို့မှ
ကျောင်းထွက်လက်မှတ်များယူခဲ့ကြသည်။ သရက်မြို့မှကျောင်းမှာ
နှစ်ဝက်ကြီးတွင် ကျောင်းပြန်အပ်၇မည်ဖြစ်ပါ၏။
ကျွန်တော်တို့ကျောင်းအပ်ရေးကိစ္စအတွက် ကူညီပေးသူ မှာ ရုံးနှင့်ကပ်ရက်အိမ်တွင်နေထိုင်သည့် ကျောင်းဆရာကြီးဦးဘ ခင်ဖြစ်သည်။ ဦးဘခင်က ကျွန်တော်တို့မောင်နှမများကို မြို့၏ တစ်ခုတည်းသောအထက်တန်းကျောင်းမှာအပ်ပေးသည်။ သူကိုယ် တိုင်ကတော့ အလယ်တန်းကျောင်းတစ်ကျောင်း၏ကျောင်းအုပ်ဆ ရာကြီးဖြစ်ပါ၏။
ဆရာကြီးဦးဘခင်၏သမီးမှာ ကျွန်တော်တို့က ]မမတင်} ဟုခေါ်သော မတင်တင်ဝင်းဖြစ်ပါသည်။ ထိုစဉ်က မမတင်သည် အထက်တန်းကျောင်းတွင်
ဆယ်တန်း၌တက်ရောက်နေစဉ်ဖြစ်၏။
ကျောင်းအသွားအပြန်တွင် ကျွန်တော်တို့မောင်နှမသုံးဦး မှာ မမတင်နှင့်အတူ သွားရပြန်ရပါသည်။ ဆယ်တန်းကျောင်းသူ မမတင်က ကျွန်တော်တို့မောင်နှမသုံးယောက်လုံးထက် ပို၍အ သက်ကြီးပါသည်။
မမတင်၏ အချစ်ဆုံးသူငယ်ချင်းမှာ
]နှင်းနှင်းဝေ}ဖြစ်ပါ သည်။ နှင်းနှင်းဝေမှာ ကျွန်တော်အထက်တွင်ဖော်ပြခဲ့သည့် သစ် တောအရာရှိဦးလှဝေ၏ တစ်ဦးတည်းသောသမီးဖြစ်သည်။ ကျွန် တော်တို့ကဲ့သို့ပင် ဖခင်တာဝန်ကျရာလိုက်ပါရင်း သရက်မြို့ အထက်တန်းကျောင်း၌ ဆယ်တန်းတွင်တက်ရောက်နေသူဖြစ်ပါသည်။
မမတင်သည် မနှင်းနှင်းဝေကို အတော်ပင်ခင်မင်ပါသည်။ မနှင်းနှင်းဝေလှကြောင်းချောကြောင်းကို မကြာခဏချီးမွန်းခန်းဖွင့် တတ်သည်။ မမတင်ချီးမွန်းလောက်အောင်ပင် မနှင်းနှင်းဝေကလဲ အတော်ကိုလှပါသည်။
ထိုနှစ်က အတန်းတင်စာမေးပွဲများ
ဖြေခါနီးအချိန်တွင် တစ်မြို့လုံးကို တုန်လှုပ်ချောက်ချားသွားစေသည့်ဖြစ်ရပ်တစ်ခုဖြစ် ခဲ့ပါသည်။
ဖြစ်ပုံမှာ ...
မနှင်းနှင်းဝေရည်းစားထားသည်ကို သိသွားသော အစ်ကို များက ပြသနာရှာကြရာမှ စဖြစ်ကြခြင်းဖြစ်ပါသည်။
မနှင်းနှင်းဝေ သည် ဦးလှဝေ၏အငယ်ဆုံးသမီးဖြစ်ကာ တစ်ဦးတည်းသောသမီးမိန်းကလေးလည်းဖြစ်ပါသည်။ နှင်းနှင်းဝေအထက်အစ်ကိုများမှာ တက္ကသိုလ်ကျောင်းသားများဖြစ်သည်။ တက္ကသိုလ်တွေပိတ်၍ မိ သားစုရှိရာ သရက်မြို့ သို့ပြန်အလာတွင် သူတို့ညီမလေးမှာ ရည်း စားရှိနေပြီဆိုတာသိလိုက်ရသည့်အခါ အစ်ကိုများပီပီရှက်လည်း
ရှက်၍ စိတ်လည်းဆိုးသွားကြသည်။
ညီမနှင့်ချစ်ကြိုက်နေသူမှာလည်း သာမန်လက်လုပ်လက် စားမိသားစုထဲကဖြစ်ရာ သူတို့ညီမနှင့်မတူမတန်ဟုဆိုကာ ပြသ နာရှာကြသည်။
တကယ်တော့ မနှင်းနှင်းဝေ၏ချစ်သူ
ကိုကိုဇော်ဆိုသူမှာ အစ်ကိုများက မတူမတန်ဟုပြောရလောက်အောင် နုံချာသူတော့ မဟုတ်ပေ။
ကိုကိုဇော်ကိုယ်တိုင်လည်း ဆယ်တန်းကျောင်းသားတစ်
ယောက်ဖြစ်လေသည်။ ကိုကိုဇော့်ဖခင်က ပဲ့ထောင်စက်လှေ မောင်းသည်။
သရက်မြို့သည် ဧရာဝတီမြစ်အနောက်ဖက်ကမ်းမှမြို့တစ် မြို့ဖြစ်ရာ ရန်ကုန်၊မန္တလေး၊ပြည်စသည့်မြို့ကြီးများသို့ ဆက်သွယ် သွားရောက်လိုပါက မြစ်တစ်ဖက်ကမ်းရှိ အောင်လံမြို့မှတစ်ဆင့် သွားလာရပါသည်။ သရက်မြို့နှင့်အောင်လံမြို့မှာ ဧရာဝတီမြစ်၏ တစ်ဖက်ကမ်းစီတွင် “m;လွယ်ခုတ်တည်ရှိနေပါသည်။
ထို့ကြောင့် သရက်မှအောင်လံသို့ ခရီးတိုသွားရောက်ရာ တွင် မော်တော်နှင့် ပဲ့ထောင်စက်လှေများကိုသာအားကိုးသွားလာ ရပါ၏။ ကိုကိုဇော်တို့မိသားစုတွင် ပဲ့ထောင်စက်လှေ တစ်စီးအပိုင်ရှိပြီး သရက်-အောင်လံကူးတို့လိုက်ခြင်းဖြင့် မိသားစုရပ်တည်နေခြင်းဖြစ်၏။
မနှင်းနှင်းဝေ၏အစ်ကိုများကအရာရှိသားများပီသစွာ ကာယကိုအသုံးပြု၍ ဝမ်းရေးရှာရသောအလုပ်ကိုအထင်အမြင်သေးကြ လေသည်။ သူတို့ကိုယ်တိုင်လည်း တက္ကသိုလ်ကျောင်းသားများမို့ ညီမလေးကို ကူးတို့လှေသမားသားနှင့်
သဘောမတူနိုင်ဘူးဟုဆိုကြသည်။ ထို့ထက် ကလေးအရွယ်ဟု သူတို့ကမှတ်ယူထားသော
ညီမငယ်မှာချစ်သူရည်းစားရှိနေခြင်းအပေါ် ပို၍ ခံပြင်းနေကြ၏။
အစ်ကိုများက မနှင်းနှင်းဝေကို ဆူပြောဆုံးမကြရုံမက ကျောင်းအထိလိုက်ကာ စောင့်ကြပ်သည်အထိချုပ်ချယ်လာကြ သည်။
ထိုအကြောင်းရင်းခံများက ကိုကိုဇော်နှင့်မနှင်းနှင်းဝေတို့ အတွက် ကြေကွဲဖွယ်ဖြစ်ရပ်ကြီး ဖြစ်ပေါ်လာရန်တွန်းအားပေးခဲ့ ခြင်းပင် ဖြစ်လေတော့သည်။
+ + + + + + + + +
အခင်းဖြစ်သည့် ညတွင်းချင်းပင် တစ်မြို့လုံး အုတ်အော်သောင်းတင်းဖြစ်ကာ တုန်လှုပ်သွားကြသည်။
ကျွန်တော်သည် အသက်ဆယ်နှစ်အရွယ် ကလေးသာ သာမို့ ဖြစ်ရပ်ကို ချက်ချင်းနားမလည်ခဲ့သေးပါ။ လူကြီးများက လည်း လူရာသွင်း၍ပြောမပြကြချေ။
ထိုညက ဖေဖေ့ထံဖုန်းဝင်လာကာ
ဖေဖေ အလောတ ကြီးဖြင့်အပြင်ထွက်သွားတာကို မှတ်မိနေသည်။ ဖေဖေ့ကို ဘဏ် မန်နေဂျာကြီးက ကားဖြင့် လာခေါ်သွားခြင်းဖြစ်သည်။ ကားပေါ်တွင် ဘယ်ဌာနကမှန်းကျွန်တော်မသိသည့်အရာရှိကြီးတစ်ယောက် လည်း ပါလာသည်။ ဖေဖေက တစ်ဖက်အိမ်မှ ဆရာကြီးဦးဘခင် ကိုပါခေါ်၍ ကားဖြင့်ထွက်သွားကြသည်။
အမှန်မှာ မနှင်းနှင်းဝေတို့ ပြသနာပေါ်နေပြီးဖြစ်၍ အရာ ရှိအချင်းချင်း ကူညီရန်နှင့် မနှင်းနှင်းဝေဖခင်ကြီးကို ဖျောင့်ဖျရန် သွားရောက်ကြခြင်းဖြစ်ပါသည်။
ခဏနေတော့ ကျွန်တော်တို့အိမ်အပေါ်ထပ်သို့ မမတင် ရောက်လာကာ ငိုနေလေသည်။ ကျွန်တော်ကမမတင်ကို ဘာဖြစ်လို့ငိုတာလဲဟုမေးသည့်အခါ..
]နှင်း..
နှင်း ကံဆိုးတယ်ကွယ်၊ နှင်းလေးသနားပါတယ် မောင်လေးရယ်၊ နှင်းကိုသိပ်သနားတာပဲ}
]ဟင်..မမနှင်းနှင်းဝေလား၊ ဘာဖြစ်လို့လဲဟင် မမတင်}
]နှင်း..
နှင်း.. ဆုံးရှာပြီကွဲ့}
]ဟင်..}
ကျွန်တော်က ဆက်မေးသော်လည်း မမတင်မဖြေတော့ ပေ။ ငိုရှိုက်၍သာနေသည်။
မေမေအနားရောက်လာကာ..
]သား.. မင်းမမတင် စိတ်မကောင်းဖြစ်နေတယ်၊
သွား၊ သွား၊ အိပ်ချေတော့}
မေမေကနှင်လွှတ်လိုက်၍ ကျွန်တော့်မှာ ပဟေဠိဖြင့်သာ အိပ်ရာဝင်ခဲ့ရလေသည်။
+ + + + + + + + +
နောက်တစ်နေ့ ကျောင်းကိုရောက်မှပင်
မနှင်းနှင်းဝေနှင့် ကိုကိုဇော်တို့အဖြစ်ကို
အလုံးစုံသိလိုက်ရတော့သည်။
ထိုနေ့က မမတင်ကျောင်းမတက်ပါ။
ကျောင်းတွင် ဆရာဆရာမများလည်း ထိုအကြောင်းကို ပင် စုဝေး၍ပြောဆိုနေကြသည်။
ကျောင်းသားကြီးများပြောပြ၍ ကျွန်တော်တို့ အငယ်များ လည်း အဖြစ်အပျက်ကိုသိလိုက်ရတော့သည်။
မနှင်းနှင်းဝေရည်းစားထားခြင်းကို သူ့အစ်ကိုများက မနှစ် မြို့၍ ချုပ်ချယ်ထားခဲ့ကြသည်။
မနေ့က..ညကတော့ ..ကြားမှဆက်သွယ်ပေးသူရှိ၍ မနှင်းနှင်းဝေသည် အစ်ကိုများမသိအောင် အိမ်မှတိတ်တဆိတ်ထွက်ခဲ့သည်ဟုဆိုသည်။ ကို ကိုဇော်နှင့်တွေ့ဆုံရန်ဖြစ်ပါသည်။ မနှင်းနှင်းဝေတွင် ကိုကိုဇော်နှင့် ခိုးရာလိုက်ဖို့ အစီအစဉ်တော့မရှိပေ။ ကိုကိုဇော်ကလည်း ခိုးရန် စီစဉ်မထားပေ။ ချစ်သူနှစ်ဦး လွတ်လပ်စွာ မတွေ့ရတာကြာ၍ ချိန်းတွေ့ရုံမျှသာဖြစ်သည်။
ချစ်သူနှစ်ဦးသည် မြစ်ကမ်းနဖူးရှိ ရွှေသက်လွတ်ဘုရား ရင်ပြင်ပေါ်၌ ချိန်းတွေ့နေကြ၏။
ရွှေသက်လွတ်ဘုရားသည် မြစ်ကမ်းနဘေးတောင်ကုန်း
ပေါ်တွင်တည်ထားကာ.. သရက်မြို့သို့ မြစ်ကြောင်းမှလာလျှင် အဝေးမှပင် မြင်တွေ့နိုင်သည့် သပ္ပါယ်သည့်စေတီကြီးတစ်ဆူဖြစ် ပါသည်။
ကိုကိုဇော်တို့အိမ်သည်လည်း ဘုရားအနီး မြစ်ကမ်းနဖူး ၌ပင်ရှိပါသည်။ သူတို့၏ပဲ့ထောင်စက်လှေကလေးကို အိမ်မှမြင် သာသည့်မြစ်ကမ်းစပ်တွင် ကြိုးချည်၍သိမ်းထားတတ်သည်။ ကို ကိုဇော်မှာ တစ်ဦးတည်းသောသားယောက်ျားလေးဖြစ်၍ ညစဉ် ပဲ့ထောင်စက်လှေပေါ်၌စောင့်အိပ်ရသည်ဟုဆိုပါသည်။
ရွှေသက်လွတ်ရင်ပြင်ပေါ်၌ ကိုကိုဇော်နှင့်မနှင်းနှင်းဝေတို့ ချိန်းတွေ့နေစဉ်.. ဘယ်ကသတင်းရသွားမှန်းမသိသော အစ်ကို သုံးယောက်သည် ရွှေသက်လွတ်ဘုရားပေါ်သို့ရောက်လာကြလေ သည်။
အစ်ကိုများရောက်လာသည်ကိုမြင်သော ကိုကိုဇော်၏ သူ ငယ်ချင်းတစ်ဦးက ဘုရားပေါ်သို့အပြေးသွားကာ အော်ပြောလိုက် သည်ဟုဆိုသည်။
ချစ်သူနှစ်ဦးမှာ အစ်ကိုများရန်မှလွတ်ရန်
မြစ်ကမ်းနားဆီ သို့ တစ်ယောက်လက်တစ်ယောက်ဆွဲ၍ ပြေးကြလေသည်။
အစ်ကိုများကလည်း နောက်မှအော်ဟစ်တားဆီးရင်းလိုက် သည်။
ချစ်သူနှစ်ဦးသည်ကြောက်ကြောက်နှင့်ပြေးရင်း ပဲ့ထောင် စက်လှေကလေးအနားသို့ရောက်သွားသည်။ အစ်ကိုသုံးယောက် ကလည်း နောက်မှလက်သီးလက်မောင်းတန်း၍လိုက်လာကြပြီ။
ကြံရာမရသည့်အဆုံး ကိုကိုဇော်သည် မနှင်းနှင်းဝေကို ပဲ့ထောင်စက်လှေပေါ်တက်စေကာ ပဲ့ထောင်ကိုစက်နှိုးရင်း အစ် ကိုများရန်ကလွတ်အောင် မောင်းပြေးလေတော့သည်။
အချိန်မှာ ညရှစ်နာရီခန့်သာရှိသေးသော်လည်း လကွယ် ရက်ဖြစ်ရာ ဧရာဝတီမြစ်ပြင်တစ်ခုလုံး မှောင်မဲနေသည်ဟုဆိုပါ သည်။
ကံဆိုးရှာသောချစ်သူနှစ်ဦးသည် ရေလည်တွင်ကျောက်ချ ထားသည့် ကုန်တင်သဗ္ဗန်ကြီးတစ်စင်းကို ဝင်တိုက်မိတော့သည်။
စက်လှေကို အားကုန်အရှိန်မြှင့်၍
မောင်းနှင်သွားခြင်းဖြစ် သည်ဟုဆိုပါသည်။ ကုန်တင်သဗ္ဗန်ကိုရေလည်ခေါင်တွင်ကျောက် ချထားရိုးထုံးစံမရှိပါ။
ကုန်တင်သဗ္ဗန်မှာ စက်မပါသည့်အတွက် ဆွဲ သင်္ဘောဖြင့်ဆွဲယူသွားရသည့်အမျိုးဖြစ်ပါသည်။ ဖြစ်ချင်တော့ .. ဆွဲသင်္ဘောမှာဆီကုန်သွားသည့်အတွက် ဆီဖြည့်ရန် ကမ်းကိုကပ် သည့်ခဏတွင်ဝန်ပေါ့စေရန်အတွက်သဗ္ဗန်ကိုရေလည်၌ ကျောက် ချထားခဲ့ခြင်းဖြစ်လေသည်။
တကယ်တော့ ဤမြစ်ကြောင်းတစ်လျှောက်ကို ကိုကို ဇော်ကျွမ်းကျင်ပြီးဖြစ်သည်။
ကံဆိုးချင်၍သာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပဲ
သဗ္ဗန်ကိုရေလည် ၌ကျောက်ချထားခြင်းနှင့်
ကြုံရခြင်းဖြစ်လေသည်။ လမိုက်ညဖြစ် သည်ကလည်း ချစ်သူနှစ်ဦးကို ကံဆိုးစေခဲ့ပြန်သည်။
သဗ္ဗန်ပေါ်တွင်ကျန်နေသည့် အလုပ်သမားများက ပြင်း ထန်စွာတိုက်ခိုက်မိသံကြောင့် မီးများထိုး၍ကြည့်သော်လည်း ပဲ့ ထောင်အခွံကိုသာတွေ့ရပြီး လူကိုမတွေ့ရဟုဆိုလေသည်။
ညတုန်းက .. ထိုကဲ့သို့သောအရေးအခင်းကြီးဖြစ်ပေါ်ခဲ့ ၍သာ ဖေဖေတို့ အရေတကြီးထွက်ခွာသွားခြင်းဖြစ်ကြောင်း ကျွန် တော်သဘောပေါက်လိုက်၇တော့သည်။
+ + + + + + + + +
ကိုကိုဇော်နှင့်နှင်းနှင်းဝေတို့အလောင်းများကို နောက်သုံး ရက်ကြာမှ ရှာတွေ့ခဲ့ကြသည်။
ချစ်သူနှစ်ဦး၏အလောင်းများသည် တစ်ဦးကိုတစ်ဦး ဖက် ပွေ့ထားရင်းမှ ငါးဖမ်းပိုက်တွင် လာငြိနေကြခြင်းဖြစ်သည်။
ကိုကိုဇော်နှင့်နှင်းနှင်းဝေတို့ချစ်သူနှစ်ဦး၏ ရင်နင့်ဖွယ်ဖြစ် ရပ်ကား တစ်မြို့လုံးအတွက် ပြောမဆုံးနိုင်အောင် ရှိခဲ့ကြသည်။ ကြားရသူတိုင်းကြေကွဲကြသည်။
ချစ်သူနှစ်ဦးကို နှင်းနှင်းဝေ၏ဖခင်ခွင့်ပြုချက်ဖြင့်.. ဖက် တွယ်ထားသည့်အတိုင်း မခွဲခွာတော့ပဲ အုတ်ဂူတစ်ခုထဲ၌ ဂူသွင်း မြှုပ်နှံလိုက်လေသည်။
အသုဘကို မြို့ပေါ်ရှိကျောင်းများအားလုံးမှ ကျောင်းသား ကျောင်းသူများ လိုက်ပါပို့ဆောင်ကြရာ
အစည်ကားဆုံးအသုဘ ဖြစ်ခဲ့လေသည်။
ထိုအဖြစ်သည်ကား ကျွန်တော်တို့ သရက်မြို့ရောက်ပြီး လပိုင်းအတွင်းမှာပင်
ကြုံဆုံခဲ့ရသော ရင်နင့်ကြေကွဲဖွယ်အဖြစ်
တစ်ခုဖြစ်ပေတော့သည်။
+ + + + + + + + +
ကျွန်တော်တို့မိသားစုသည် သရက်မြို့၌ ၆နှစ်ကြာအောင် နေထိုင်ခဲ့ရပေသည်။ ကျွန်တော်ဆယ်တန်းဖြေပြီးသည့်အချိန်အထိ ဖြစ်ပါသည်။
ကျွန်တော်ဆယ်တန်းအောင်သည့်နှစ်တွင် ဖေဖေ ရန်ကုန် ရုံးချုပ်သို့ပြန်ပြောင်းခွင့်ရတော့မှ သရက်မြို့မှထွက်ခွာခဲ့ကြသည်။
၆နှစ်အတွင်း သရက်မြို့၌ကြုံခဲ့ရသော
အဖြစ်များထဲ၌ မ နှင်းနှင်းဝေနှင့်ပတ်သက်သော ဖြစ်ရပ်သည် ကျွန်တော့်အဖို့တော့ မေ့မရနိုင်စရာဖြစ်ရပ်တစ်ခုဖြစ်ပေတော့သည်။
ယခုအချိန်အထိ ပြောပြခဲ့သောအကြောင်းများ၌ ထူးဆန်း မှုမပါဝင်သေးပါ။
မမတင်သည် ဆယ်တန်းမအောင်ခဲ့ချေ။
ပထမဆုံးနှစ်ဖြေ စဉ်က စာမေးပွဲမတိုင်မီလေးမှာ အချစ်ဆုံးသူငယ်ချင်းနှင်းနှင်းဝေ ၏အဖြစ်ဆိုးနှင့်ကြုံလိုက်ရကာ စာမေးပွဲကို ကောင်းစွာမဖြေဆိုနိုင်
ခဲ့ပေ။ သို့သော်.. နောက်နှစ်များမှာလည်း မမတင် မအောင်ခဲ့ ပါ။ သုံးနှစ်ဆက်တိုက်ဖြေပြီးသည့်အခါ သရက်မြို့ကိုပြောင်းလာ
စဉ်က ၇-တန်းသာရှိသေးသော ကျွန်တော့်အစ်မက သူ့ကိုမီလာ ၍ ရှက်သည်ဆိုကာ မမတင် ဆယ်တန်းကိုဆက်မဖြေတော့ပေ။
ကျောင်းသင်ခန်းစာကို ဥပေက္ခာပြုလိုက်သည့်နှစ်မှာပင် မမတင်အိမ်ထောင်ကျလေသည်။
အခြားသူနှင့်မဟုတ်။ ဖေဖေ့ရုံး မှ အောက်တန်းစာရေးလေး ကိုဉာဏ်ဝင်းနှင့်ဖြစ်သည်။ ရုံးနှင့်မမ တင်တို့အိမ်က ကပ်ရက်ဖြစ်၏။ ကိုဉာဏ်ဝင်းနှင့်မမတင် ဘယ်အ ချိန်ကချစ်ကြိုက်သွားကြသည်ကို မည်သူမှမသိလိုက်ပါ။
သို့သော် မမတင်က လိမ္မာပါသည်။ သူငယ်ချင်းနှင်းနှင်း
ဝေအဖြစ်ဆိုးကို ကြုံဖူးထားသည်မို့ မိဘမသိအောင် ထင်ရာမစိုင်း ပေ။ မိဘများကိုဖွင့်ပြောသည်။ ကိုဉာဏ်ဝင်းကလည်း သူ့မိဘအ ရာထား၍ မမတင်ကိုတောင်းရမ်းပေးဖို့ ဖေဖေ့ကိုတောင်းဆိုခဲ့၏။
သည်လိုနှင့် မမတင်နှင့်ကိုဉာဏ်ဝင်းတို့ အိမ်ထောင်ကျခဲ့ လေသည်။ သူတို့လင်မယား မမတင်တို့အိမ်မှာပဲနေခဲ့ကြသည်။
မမတင်မင်္ဂလာဆောင်သည့်နှစ်တွင် ကျွန်တော် ၇-တန်း ရောက်နေပါပြီ။
သည်အထိလည်း ကျွန်တော်ပြောပြနေသည့်
အကြောင်း ထဲ၌ ထူးခြားမှုတစ်စုံတရာမပါသေးပါ။
ထူးဆန်းသောဖြစ်ရပ်မှာ မမတင် သားဦးလေးမွေးသည့် အချိန်ကျမှ စတင်လာခြင်းဖြစ်ပါသည်။
+ + + + + + + + +
ကျွန်တော်၈တန်းနှစ်မှာ အောင်အောင့်ကိုမွေးသည်။
အင်္ဂါသားလေးမို့ အဖေနာမည်လည်းပါအောင်
ဉာဏ်မျိုး အောင်-ဟု မှည့်ခဲ့ကြသည်။
သားဦးမို့ မမတင်ရော ကိုဉာဏ်ဝင်းပါ အောင်အောင့်ကို တုန်နေအောင်ချစ်ကြပါသည်။ အဘိုးအဘွားများကလည်း
မြေးဦး လေးမို့ ချစ်ကြသည်။
အမျိုးမတော်သည့်ကျွန်တော်သည်ပင် အောင်အောင်မွေး ကတည်းက မမတင်တို့အိမ်မှ ပြန်သည်မရှိတော့။ ကျောင်းပိတ် ရက်နှင့် ကျောင်းဆင်းချိန်များတွင် အောင်အောင့်ကိုချီရန်ထိန်းရန် မမတင်တို့အိမ်ကိုချည်းရောက်နေတော့သည်။
အိမ်မှာကျွန်တော်အငယ်ဆုံးမို့ ကိုယ့်ထက်ငယ်တဲ့ကလေး
နှင့် အနီးကပ်မနေခဲ့ဖူးသောကျွန်တော်မှာ အောင်အောင်လေးကို ညီလေးအရင်းလိုချစ်နေမိတော့သည်။
ကျွန်တော်က အောင်အောင့်ကို ညီလေးကဲ့သို့ သဘော ထားသော်လည်း မမတင်က ]’g .. နင့်တူလေး}-ဟုပြောသည်။ အောင်အောင်စကားတတ်ခါစမှာ.. ကျွန်တော့်ကို ]လေးလေး}လို့ ခေါ်ဖို့သင်ပေးသည်။
ထူးဆန်းသောအဖြစ်မှာလည်း အောင်အောင်စကားတတ် သည့်အချိန်တွင် ပေါ်လာခြင်းဖြစ်လေသည်။
အောင်အောင်က မိခင်ဖြစ်သူမမတင်ကို
]တင်တင်}ဟု ခေါ်နေခြင်းအား အစပိုင်းတွင် စကားတတ်ခါစမို့ အလွယ်ခေါ်တာ လို့ထင်ခဲ့ကြသည်။
တစ်နေ့တွင် အောင်အောင်က မိခင်ဖြစ်သူအား ..
]တင်တင်၊
ငါ ကိုကိုဇော်လေ၊ နင်မမှတ်မိဘူးလား}
-ဟု ပီပီသသကြီး လွှတ်ကနဲပြောလိုက်သည်ဟုဆိုသည်။
ကျွန်တော်တို့တော့မကြားလိုက်ရပါ။ မမတင်ပြန်ပြောလို့ သိရခြင်းဖြစ်၏။ ထိုသို့ပြောစဉ်က မမတင်နှင့်မမတင်အမေတို့ရှေ့ မှာ ပြောခြင်းဖြစ်သည်။
အမေနှင့်အဘွားက အံ့ဩကာ ခပ်ဖြည်းဖြည်း မေးစမ်း ကြည့်ကြတော့..
]ငါ စက်လှေတိုက်မိလို့ သေတာလေ၊ နှင်းလဲပါတယ်၊ နှင်းရော ငါနဲ့အတူတူ သေသွားလား၊ သိချင်တယ်}.. စသဖြင့် ပြောပြသည်ဟုဆိုပါသည်။ ထိုစကားများမှာ ကလေးက တစ်လုံး စနှစ်လုံးစပြောပြသော စကားများကို ဆက်စပ်၍ နားလည်ရခြင်း ဖြစ်ပါသည်။
မမတင်တို့သားအမိ သတင်းလွှင့်လိုက်၍ တစ်ရပ်လုံး ထို အကြောင်းကို သိသွားကြလေသည်။
ကိုကိုဇော်၏မိခင်နှင့်ညီမ မမတင်တို့အိမ်ကိုရောက်လာ၍ ကလေးကိုကြည့်ကာ ငိုကြယိုကြသည်ကိုတော့
ကျွန်တော်မှတ်မိ နေပါသေးသည်။
မမတင်တို့သူငယ်ချင်းများ စုရိုက်ထားသည့်”mတ်ပုံကို ပြ ကာ နှင်းနှင်းဝေဘယ်ဟာလဲ-မေးကြည့်တော့လည်း လူ၇ယောက် စုရိုက်ထားသည့်ပုံထဲမှ နှင်းနှင်းဝေကို မှန်အောင်ရွေးပြတတ်သည် ဟုဆိုပါသည်။ မိန်းကလေးသူငယ်ချင်း တစ်ယောက်စ၊နှစ်ယောက်
စကိုလည်း နာမည်မှတ်မိနေတာတွေ့ရသည်။
သည်လိုနှင့် အောင်အောင့်ကို ကိုကိုဇော်ဝင်စားသူဟု အတိအကျမှတ်ယူထားလိုက်ကြလေ၏။
]ငါ့သူငယ်ချင်းနှင်းတစ်ယောက်လဲ တစ်နေရာရာမှာ လူ ပြန်ဖြစ်နေပလား မသိပါဘူးဟယ်၊ ကိုကိုဇော်မဝင်စားပဲ
ငါ့ဗိုက်ထဲ မှာ နှင်းနှင်းဝေဝင်စားရင်ကောင်းမှာပဲနော်}
]မမတင်က အောင်အောင့်ကိုမချစ်လို့လား}
]အဲ့လိုတော့
ဘယ်ဟုတ်မလဲဟဲ့၊ နှင်းက ငါ့သူငယ်ချင်း အရင်းမို့ပြောတာပေါ့}
ကလေးအဖေကိုဉာဏ်ဝင်းကတော့ လူဝင်စားကိစ္စကို ယုံ ကြည်ပုံမရပါ။ သူ့သားကို လူဝင်စားလို ဆက်ဆံတာကိုလည်း မ ကြိုက်ပေ။
]လူဝင်စား
ဟုတ်ဟုတ်-မဟုတ်ဟုတ်ကွာ၊ ကလေးစိတ် ထွေပြားအောင် ‘gတွေမပြောပါနဲ့ တင်တင်၊ ကလေးပြောတာက နည်းနည်းရယ်၊ မင်းက ရှေ့ကနေ ကြောင်းပေးပြီးပြောတာက ခပ် များများဖြစ်နေတယ်၊ လူဝင်စားမှန်ရင်လဲ အရင်ဘ၀ကအကြောင်း တွေမေ့ပါစေတော့ကွာ၊ အစဖော်မပေးပါနဲ့}
ကိုဉာဏ်ဝင်းက ဟန့်တားခဲ့သည်။
သူတို့သား၊ သူတို့တူ၊ သူတို့အစ်ကို ဝင်စားသည်ဆိုကာ ကိုကိုဇော်၏အမျိုးများ အိမ်ကိုလာလည်ခြင်း၊ ကလေးအတွက်မုန့် ပဲသားရေစာများဝယ်လာခြင်း၊ အောင်အောင့်ကို ယခင်ဘ၀ကနေ ခဲ့သည်အိမ်ကို အလည်ခေါ်သွားခြင်းများ၊
ယခင်ဘ၀က နောက် ကြောင်းများကို ပြန်လည်ဖော်ထုတ်ပြောပြခြင်းများ လုပ်တတ်ကြ ပါသည်။
တစ်ခါတော့ .. ကိုဉာဏ်ဝင်းက မျက်နှာထားတင်းတင်း နှင့် ထိုလုပ်ရပ်များကိုမကြိုက်ကြောင်း၊ အိမ်ကိုလည်းမလာစေချင်
ကြောင်း ငေါက်ငမ်း၍ပြောလိုက်လေသည်။ ထိုမှစ၍ ယခင်ဘ၀ ကကိုကိုဇော်၏အမျိုးများ အဝင်အထွက်မရှိတော့ချေ။
ကျွန်တော့်အဖို့တော့ ကိုကိုဇော်ကိုရော၊ နှင်းနှင်းဝေကို ပါ မြင်ရုံမြင်ဖူးပြီး၊ အနီးကပ်ရင်းနှီးနေထိုင်ခြင်းမရှိခဲ့ပါ၍ ထိုကိစ္စ ကိုအလေးမထားမိပါ။ လူဝင်စားဆိုသည်ကို ယုံသည်လည်းမဟုတ် မယုံသည်လည်းမဟုတ်၊ အဖြစ်ဆန်းတစ်ခုလို့ပင်မှတ်ယူခဲ့လေ၏။
အောင်အောင်လေးကိုတော့ ညီကလေး၊ တူကလေးလို ပင် ချစ်ခဲ့ရပါသည်။
+ + + + + + + + +
အောင်အောင်လေး စကားပီပီသသ၊ တီတီတာတာပြော တတ်သည့်အရွယ်တွင် ကျွန်တော်တို့ သရက်မြို့မှပြန်ပြောင်းခဲ့ရ လေသည်။
ဖေဖေ့ပြောင်းရွှေ့မိန့်အော်’gအရ ‘Dဇင်ဘာလထဲတွင် ရန် ကုန်ရုံးချုပ်သို့ပြန်ပြောင်းရမည်ဖြစ်သည်။ ကျွန်တော့်မှာ ထိုစဉ်က ဆယ်တန်းဖြစ်လေရာ စာမေးပွဲနီးမှကျောင်းထွက်ပြီး နောက်တစ် ကျောင်းပြောင်းတက်ဖို့မဖြစ်နိုင်ပေ။ အစ်ကိုနှင့်အစ်မကလဲ ဆယ် တန်းအောင်ပြီးကြလို့
ရန်ကုန်တက္ကသိုလ်မှာပင် ကျောင်းတက်နေ ကြသည့်အချိန်ဖြစ်သည်။
အပြောင်းအရွှေ့ကိစ္စအတွက် ကျွန်တော်တစ်ယောက်ထဲ
ကြောင့် ခေါင်းခြောက်ရသည့်အခြေမျိုး ဆိုက်နေတော့၏။ စာမေး ပွဲပြီးချိန်အထိ ကျွန်တော်နှင့်အတူ အမေဆက်နေပေးမည်ဆိုလျှင် နေထိုင်စရာခက်မည်။ လက်ရှိနေသည့်ရုံးအပေါ်ထပ်ကို နောက် ပြောင်းလာသောအရာရှိမိသားစုနေမည်မို့ သုံးလေးလလောက်နှင့် အိမ်ငှားရမည့်ပုံပေါ်နေသည်။
နောက်ဆုံးတော့ မမတင်တို့မိသားစု ဖြေရှင်းပေးလိုက်၍ အဆင်ပြေသွားပါသည်။
ကျွန်တော်တစ်ယောက်တည်း မမတင်တို့အိမ်မှာ စာမေး ပွဲပြီးသည်အထိ ကျန်နေခဲ့ဖို့ဖြစ်လာသည်။ မမတင်တို့မိသားစုက လည်း ဆွေမျိုးလိုဖြစ်နေပြီး၊
ကိုဉာဏ်ဝင်းကလည်း ဖေဖေ့တပည့် မို့ အားနာစရာမလို။ ကျွန်တော်လည်း လွတ်လပ်စွာနေထိုင်ရဲပြီး မိဘများလည်း စိတ်ချလက်ချဖြစ်သွားလေသည်။
ထိုအချက်များကြောင့် မမတင်တို့မိသားစုအပေါ်
ပို၍ သံယောဇဉ်ကြီးခဲ့ရခြင်းဖြစ်ပါသည်။ အောင်အောင်လေးနှင့်လည်း
ပို၍အနေနီးစပ်ခဲ့ရသည်။
ဆယ်တန်းစာမေးပွဲပြီးချိန်တွင် သရက်မြို့မှ အပြီးပြောင်း ရွှေ့လာခဲ့ရာ နောက်နှစ်ပေါင်းအစိတ်ကျော်ကြာသည်အထိ သရက် မြို့သို့ ပြန်မရောက်တော့ပေ။
+ + + + + + + + +
မမတင်တို့မိသားစုနှင့် အဆက်အသွယ်မပြတ်ခဲ့သော်လဲ လူချင်းဆုံတွေ့ဖို့ကတော့ တစ်မြို့ထဲနေတုန်းကလိုမလွယ်ကူတော့ ပေ။ မမတင်တို့သာ ရံဖန်ရံခါ ရန်ကုန်သို့အလည်အပတ်ရောက် လာတတ်သည်။ ကိုဉာဏ်ဝင်း ရန်ကုန်ရုံးချုပ်တွင်အလုပ်ရှိလို့လာ ရောက်သည့်အခါများမှာ
လိုက်လာတတ်သည်။ ကျွန်တော်တို့ မိ သားစုကတော့ သရက်မြို့ကိုအလည်အပတ်ပင်ပြန်မရောက်တော့ ပါ။
သည်လိုနှင့် ဆုံချည်တစ်ခါ၊ ဝေးချည်တစ်လှည့်နေလာခဲ့ ရာမှ အောင်အောင်ဆယ်တန်းရောက်သည့်နှစ်တွင် ကိုဉာဏ်ဝင်း ရာထူးတိုးကာ ရန်ကုန်ရုံးချုပ်သို့ပြောင်းလာခဲ့ရသည်။
မမတင်တို့မိသားစုရန်ကုန်ပြောင်းလာတော့ တစ်ပြန်တစ် လှည့် ကျွန်တော်တို့က ပြန်၍ကူညီရပါသည်။ ကျွန်တော်တို့အိမ် နှင့်မနီးမဝေးတွင် မမတင်တို့အိမ်ငှားနေဖြစ်ကြသည်။
ထိုအချိန်၌ .. အောင်အောင်သည် လူပျိုပေါက်အရွယ် ဆယ်တန်းကျောင်းသားကြီးဖြစ်နေပေပြီ။ အရပ်ကြီးရှည်ကာ ချော မောလှပသောလူငယ်လေးတစ်ယောက်ဖြစ်နေခဲ့ပြီ၊ ခေတ်လူငယ် တို့သဘာဝအတိုင်း ကျွန်တော့်ထက်ရော၊ သူ့အဖေကိုဉာဏ်ဝင်း ထက်ပါ အရပ်ပိုရှည်နေသေးသည်။
ကျွန်တော်က အရင်ဘ၀ ကိုကိုဇော်အကြောင်းတွေမှတ်မိ သေးလားဟုမေးရာ.. အောင်အောင်က ပြုံးသည်။ ပြီးတော့ မှိုင် ကျသွားလေသည်။
]မှတ်မိတာပေါ့လေးလေး၊ ဖေဖေက ‘Dအကြောင်းတွေ ပြောတာမကြိုက်လို့ ကျွန်တော်မပြောရဲဘူး၊ ‘gပေမယ့် အသက် ကြီးလာလေ အရင်ဘ၀ကအကြောင်းတွေကို ပြန်မှတ်မိလာလေပဲ လေးလေးရယ်}
အောင်အောင်က လေးလေးနက်နက်ပင်ခံစားချက်အပြည့် ဖြင့်ပြောနေ၍ ကျွန်တော်အံ့ဩသွားရသည်။
လူဝင်စားတို့မှာ အသက်အရွယ်ရလာလေ.. အတိတ်ဘ ၀ကိုမေ့တတ်လေမို့ ကျွန်တော်က အောင်အောင် ‘gတွေကိုသတိ မရလောက်တော့ဘူးထင်ကာ
ခပ်ပေါ့ပေါ့ပင် မေးလိုက်မိခြင်းဖြစ်
သည်။
]လေးလေး ကျွန်တော့်ကို ကိုကိုဇော်ဘ၀တုန်းကကောင်း ကောင်းသိလားဟင်}
]မသိပါဘူး၊
အ္လီဲတုန်းက လေးလေးက ကလေးပဲရှိသေး တာ၊ လေးတန်းပဲရှိသေးတာ၊ အောင်အောင်ကရော၊ မင်းမှတ်မိ တဲ့အထဲမှာ လေးလေးပါနေလို့လား}
]မပါပါဘူးလေးလေး၊ ကိုကိုဇော်နဲ့ရွယ်တူလူတွေကိုတော့ ကျွန်တော် တော်တော်မှတ်မိတယ်၊ အရင်ဘ၀က သူငယ်ချင်းတွေ ပေါ့}
]အင်း.. အောင်အောင့်ကိုဇာတိဿရဉာဏ်ကောင်းတယ် လို့ပြောရမှာပေါ့လေ၊
လူဝင်စား တော်တော်များများကတော့
အ သက်ကြီးရင် မေ့သွားတတ်တာများတယ်ကွ}
]ဟုတ်ပါတယ်၊
အ္လီဲလိုပဲ ပြောကြတာပဲ၊ ကျွန်တော်က တော့ မေ့လို့မရဘူးလေးလေးရယ်၊ အ္လဲါလည်း ဖေဖေနဲ့ကျွန် တော်နဲ့ ရန်ပွဲတစ်ခုပဲ၊ ဖေဖေက အရင်ဘ၀ကအကြောင်းတွေ ကျွန်တော်ပြောရင်မကြိုက်ဘူး၊ မပြောရဘူး}
]သူမကြိုက်တော့ သူ့ရှေ့မပြောနဲ့ပေါ့ကွာ}
]မပြောပါဘူးလေးလေး၊ ကျွန်တော်ဖေဖေ့ရှေ့မှာဆင်ခြင် ပါတယ်၊ ခက်တာက ကျွန်တော်အရင်ဘ၀ကိုသတိရလို့ မြစ်ကမ်း နားဖက်သွားတာတို့၊ ရွှေသက်လွတ်ဘုရားပေါ်သွားတာတို့ လုပ်မိ ရင် ဖေဖေကဆူတော့တာပဲ}
]ဟင်- မင်းကဘာလို့သွားတာလဲအောင်အောင်၊ ‘gတွေ က ပြီးခဲ့ပြီပဲကွ၊ မင်းအဖေပြောတာလဲ ဟုတ်တာပဲအောင်အောင် ရယ်၊ မင်းအဖေက မင်းကို အတိတ်ထဲမှာ လွမ်းမောနေမှာစိုးလို့ စိတ်ပျံ့လွင့်မှာ ထိုင်းမှိုင်းမှာစိုးလို့ ဟန့်တားတဲ့သဘောဖြစ်မှာပါ ကွာ}
]ကျွန်တော်နားလည်ပါတယ်၊ ကျွန်တော်ခေတ်လူငယ်ပါ
လေးလေး၊ ‘gလောက်မတုံးပါဘူး၊ ကျွန်တော် အ္လီဲနေရာတွေသွား တယ်ဆိုတာက နှင်းကိုပြန်တွေ့ရမလားလို့ သွားရှာတာပါ}
]ဟင်..}
]နှင်းလည်း
ကျွန်တော့်လိုသတိရပြီး အတိတ်ကနေရာကို ပြန်လာရင် နှင်းနဲ့ဆုံရအောင် သွားတာပါလေးလေးရယ်}
]အောင်အောင်၊ နှင်းနှင်းဝေကသေပြီလေ၊ မင်းသာ ကု သိုလ်ကောင်းလို့ လူ့ဘ၀ပြန်ရတာ}
]နှင်းလည်း
လူ့ပြည်မှာ အခုရှိနေပါတယ်လေးလေးရဲ့}
]ဟေ..}
ကျွန်တော် ဘာမှပြန်မပြောနိုင်ပဲ
အောင်အောင့်ကို ငေး ကြည့်နေမိသည်။ သူ့အဖေကိုဉာဏ်ဝင်းစိတ်ပူသလိုလည်း ပူသွား မိသည်။
]ဟုတ်ယလေးလေး၊ နှင်းလည်း ကျွန်တော့်လိုပဲ လူ့ဘ၀ မှာ လူပြန်ဖြစ်နေပါတယ်၊ ဘယ်နေရာမှာရှိမှန်းသာ
မသိရတာ၊ သူလည်း ကျွန်တော့်ကိုရှာနေမှာပဲလေးလေး၇ယ်}
]အောင်အောင်ရာ၊ နှင်းနှင်းဝေ လူပြန်ဖြစ်တယ်ဆိုတာ ဘာအထောက်အထားရှိလို့ မင်းကသိနေရတာလဲ၊ မင်းစိတ်စွဲလမ်း မှုတွေသိပ်လွန်နေပြီအောင်အောင်}
အောင်အောင်ကရယ်သည်။
]လေးလေးလည်း
ကျွန်တော့်ကို ရူးနေပြီထင်မှာပဲ၊ အ ထောက်အထားတော့ မပြနိုင်ဘူးပေါ့ဗျာ၊ ကျွန်တော့်စိတ်ထဲမှာသိ
နေတာပါ၊ သူလည်း တစ်နေရာမှာရှိနေတယ်၊ ကျွန်တော့်ကိုမျှော်
နေတယ်၊ ကျွန်တော့်ကိုရှာနေတယ်လေးလေး}
]အေး.. လေးလေးပြောမယ်၊ မင်းစိတ်ထဲက ထင်သလို နှင်းနှင်းဝေဟာလည်း မင်းလို တစ်နေရာမှာ လူဝင်စားပြန်ဖြစ်နေ တယ်ဆိုပါတော့၊ မင်းတစ်ခုသတိထားရမှာက လူဝင်စားဆိုတာ အရင်ဘ၀ကလူ အစစ်မဟုတ်တော့ဘူးဆိုတာပဲ၊ အရင်ဘ၀က ယောက်ျားတစ်ယောက်ဟာ နောက်ဘ၀တစ်ခုမှာ မိန်းမဖြစ်ချင်ဖြစ် မယ်၊ မိန်းမကလည်း ယောက်ျားဘ၀ ရချင်ရမယ်၊ တကယ်တော့ လေးလေးတို့လည်း မမှတ်မိလို့သာပဲလေ၊ အရင်က ဘ၀တစ်ခုခု ရှိခဲ့မှာအမှန်ပဲ၊ လူဖြစ်ဖြစ် တိရစ္ဆာန်ဖြစ်ဖြစ်ပေါ့၊
တို့ဘာသာ တရားကလည်း ဘ၀အဆက်ဆက်ကျင်လည်ရတယ်လို့ ဘုရား ဟောခဲ့တာမဟုတ်လား၊ နှင်းနှင်းဝေဟာ လူပြန်ဖြစ်ပါပြီတဲ့၊ ခုဘ ၀မှာ ယောက်ျားဘ၀ရနေပါပြီတဲ့၊
မင်းနဲ့ဘယ်လိုပေါင်းမလဲ၊ ပြီး တော့ သူလူပြန်ဖြစ်တဲ့ကာလဟာ
မင်းထက်အများကြီးနောက်ကျ ပြီး အခုမှ အသက်ငယ်ငယ်လေးရှိသေးရင်ကောကွာ}
]လေးလေးပြောတာ ဟုတ်ပါတယ်၊ သဘာဝကျပါတယ်၊ ကျွန်တော်ကလည်း ကျွန်တော့်စိတ်ထဲမှာသိနေတဲ့ အထင်အမြင် ကိုပြောပြတာပါ၊ ကျွန်တော့်စိတ်ထဲမှာတော့ နှင်းဟာ တစ်နေရာ ရာမှာ မိန်းကလေးဘ၀နဲ့ပဲ လူပြန်ဖြစ်နေတယ်၊ အသက်အရွယ် ကလည်း ကျွန်တော်နဲ့ရွယ်တူတန်းတူပဲဆိုတာ သိနေတယ်၊ ယုံ ကြည်နေတယ်လေးလေး}
]အေးလေ..
မင်းစိတ်ထဲရှိတာတော့ ရှိတာပေါ့၊ ‘gပေ မယ့် ‘gတွေကို တစ်ယူသန်တော့ စွဲမထားပါနဲ့ကွာ}
]ဟုတ်ကဲ့ပါလေးလေး၊ ခုလည်း လေးလေးကိုမို့လို့ အ ကြောင်းသိပြီးသားဆိုပြီး ကျွန်တော့်စိတ်ထဲရှိတာတွေ ဖွင့်ပြောတာ ပါ၊ ဘယ်သူ့မှ ‘gတွေမပြောပါဘူး၊ ‘gပေမယ့် လေးလေး၊ ကျွန် တော် နှင်းကိုတွေ့အောင်ရှာမယ်}
]ဟင်..}
]ကျွန်တော်ပညာစုံလို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်
ရပ် တည်နိုင်ရင် မြန်မာပြည်အနှံ့ နှင်းကိုတွေ့အောင် လိုက်ရှာမယ် လေးလေး}
]ဖြစ်ရလေ
အောင်အောင်ရယ်}
+ + + + + + + + +
အောင်အောင့်ကို အစွဲအလမ်းကြီးသူလို့သာ
သတ်မှတ် ခဲ့ပါသည်။ စိတ်ကူးယဉ်ဆန်လွန်းသော သူ့အတွေးအထင်များ သည်လည်း ဖြစ်လာစရာအကြောင်းမရှိပါပေ။
တစ်ခုတော်သေးသည်မှာ..အောင်အောင်သည် စိတ်ကူး ထဲ၌သာ လွမ်းမောနေသူမဟုတ်၊ လူငယ်တစ်ယောက်အနေဖြင့်
သူလုပ်စရာရှိသည်ကို သူသိသည်။ လူလိမ္မာလေးတစ်ယောက်ဖြစ် သည်။ ကျောင်းသားတစ်ယောက်အနေဖြင့် ပညာကြိုးစားရမည် ကို သူနားလည်သည်။
အောင်အောင်သည် ဆယ်တန်းကို နှစ်ချင်းပေါက်အောင် မြင်ခဲ့ပါသည်။ ဂုဏ်ထူး၂ခုပါသည်။ အမှတ်ကောင်းသည်။ အောင် အောင် စက်မှုတက္ကသိုလ်ကိုတက်ခွင့်ရခဲ့သည်။
အနီးကပ်နေခဲ့သော ကျွန်တော်ကသာ အောင်အောင်၏ အတိတ်ဘ၀ကို လွမ်းမောနေသောအဖြစ်နှင့် အတိတ်ကချစ်သူကို လက်ရှိဘ၀တွင်ပါ ပြန်ဆုံရမည်ဟု ထင်မြင်နေသောအဖြစ်တို့ကို သိနေသည်။ ဘေးလူများအဖို့တော့ အောင်အောင်သည် ရုပ်ရည် ချောမောသော၊ ပညာတော်သော၊ ယောက်ျားပီသသော ခေတ်လူ ငယ်လေးတစ်ယောက်သာဖြစ်ပါသည်။
အောင်အောင်စက်မှုတက္ကသိုလ် တက်နေဆဲမှာပင် ကျွန် တော်သည် အလုပ်တာဝန်ဖြင့် မန္တလေးသို့ပြောင်းခဲ့ရ၏။ မန္တလေး မှာပင် အိမ်ထောင်ကျသဖြင့် မန္တလေး၌သာ ယခုအချိန်အထိ အ ချေချနေဖြစ်ခဲ့တော့သည်။
အောင်အောင်တို့မိသားစုနှင့်တော့ အဆက်အသွယ်မပြတ် ပါပေ။
ဘွဲ့ရသည့်နှစ်မှာပင် အောင်အောင်အိမ်ထောင်ပြုခဲ့သည်။
မမတင်က နင့်တူမင်္ဂလာဆောင်ကို
လာဖြစ်အောင်လာခဲ့ ပါ..ဟု အတန်တန်ဖုန်းဆက်ခေါ်သောကြောင့် မင်္ဂလာဆောင်ကို ကျွန်တော်ရောက်ခဲ့ရပါသည်။
ဖိတ်စာကိုကြည့်၍ အောင်အောင်နှင့် မင်္ဂလာဆောင်မည့် စန္ဒာသော်ဆိုသောမိန်းကလေးမှာ နှင်းနှင်းဝေဝင်စားသူများဖြစ်လေ မလားဟု တွေးမိသေးသည်။ အောင်အောင်သည် နှင်းဝင်စားသူ ကိုရှာတွေ့သွားလေပြီလား။
သို့သော် ကျွန်တော်ထင်သလိုမဟုတ်ပါ။
]နှင်းကိုရှာလို့မတွေ့သေးပါဘူးလေးလေး၊ စန္ဒာဟာ နှင်း ဝင်စားတဲ့မိန်းကလေးမဟုတ်ပါဘူး}
]’gဖြင့် နှင်းနှင်းဝေကိုတွေ့ဖို့ အောင်အောင်လက်လျှော့
လိုက်ပြီပေါ့}
]လက်မလျှော့ပါဘူး လေးလေး၇ယ်၊ နှင်းကိုတွေ့အောင် တော့ ကျွန်တော်ရှာဦးမှာပါ၊
စန္ဒာ့ကိုတော့ ဘ၀လက်တွဲဖော်အ ဖြစ် လက်တွေ့ကျကျရွေးချယ်လိုက်တာပါလေးလေး}
]’gဖြင့် စန္ဒာသော်ကို မင်းမချစ်ဖူးပေါ့}
]အ္လီဲလိုတော့မဟုတ်ပါဘူးလေးလေး၊ စန္ဒာ့ကိုကျွန်တော် ချစ်ပါတယ်၊ အဖက်ဖက်က စဉ်းစားပြီးမှ သင့်တော်လို့ဆုံးဖြတ်
လိုက်တာပါလေးလေး၊ တကယ်တော့ လေးလေးရယ်၊ နှင်းဟာ တစ်နေရာမှာ ရှိနေတယ်ဆိုတာ ကျွန်တော့်စိတ်ထဲက သိနေပေမဲ့ ဘယ်နေရာမှာရှိတယ်ဆိုတာ သိမှမသိနိုင်ပဲကိုး၊
ဘ၀မှာ အဖော် ဆိုတာလည်း ရှိရဦးမှာမဟုတ်လား၊ မျိုးဆက်ဆိုတာလည်း ထားခဲ့ ရဦးမှာပဲမဟုတ်လား၊ စန္ဒာ့ကို လက်တွေ့ဘ၀အတွက် အသင့် တော်ဆုံးမိန်းကလေးအနေနဲ့ကျွန်တော်ရွေးချယ်လိုက်တာပါ}
]ကောင်းပါတယ်အောင်အောင်၊ တကယ်တော့ နှင်းနှင်း ဝေကိုပြန်တွေ့ရမယ်လို့
ထင်နေတဲ့မင်းအထင်ဟာ သိပ်စိတ်ကူး ယဉ်ဆန်လွန်းပါတယ်၊ ခုလို လက်တွေ့ကျကျဆုံးဖြတ်လိုက်တာ မှန်ပါတယ်ကွာ}
]လေးလေးက
သိပ်စိတ်ကူးယဉ်ဆန်တယ်ပြောလဲ ကျွန် တော်ကတော့ နှင်းနဲ့ ‘Dဘ၀မှာ ပြန်ကိုဆုံရဦးမယ်လို့ထင်နေတုန်း ပါပဲလေးလေးရယ်}
]တကယ်လို့
ပြန်တွေ့ရတော့ကောကွာ၊ မင်းဟာအိမ် ထောင်သည်ဖြစ်နေပြီဆိုတာကိုတော့ သတိချပ်ဖို့လိုမယ် အောင် အောင်}
]ဟုတ်ကဲ့လေးလေး၊ အိမ်ထောင်ရေးဖောက်ပြန်တဲ့အလုပ် မျိုး ကျွန်တော်ဘယ်တော့မှမလုပ်ပါဘူး၊ လေးလေးကိုကတိပေးပါ တယ်၊ ‘gတွေကို လေးလေးနဲ့ပွင့်ပွင့်လင်းလင်းဆွေးနွေးနေတာက လည်း လေးလေးကကျွန်တော့်ဘ၀ကိုအစင်းသိမို့လို့ပါ၊ ပြီးတော့ လေးလေးက ဂမ္ဘီရဝတ္ထုတွေရေးနေတာဆိုတော့ ကျွန်တော့်အဖြစ် က လေးလေးရေးနေတဲ့စာအမျိုးအစားထဲမှာ အကြုံးဝင်နေတယ် လေ၊ အ္လဲါကြောင့် လေးလေးကို ပွင့်ပွင့်လင်းလင်းဖွင့်ပြောတာပါ၊ ကျွန်တော် ‘Dအကြောင်းတွေ ဘယ်သူ့မှမပြောပါဘူးလေးလေး}
အောင်အောင်သည် ယခင်ဘ၀ ကိုကိုဇော်အဖြစ် ကွယ် လွန်ပြီး တစ်နှစ်လောက်အကြာမှာပင်
လူအဖြစ်ပြန်ဝင်စားသူမို့ ဘ၀ဆက်နီးလွန်းသူဟုဆိုရမည်ပင်။ ဘ၀ဆက်နီးလွန်း၍သာ ယ ခင်ဘ၀အဖြစ်များကို သတိရပြီး ချစ်သူကိုစွဲလမ်းစိတ်ဖြင့် တမ်းတ နေခြင်းဖြစ်သည်ဟု ကျွန်တော်က ယူဆပါသည်။
အောင်အောင်၏အစွဲအလမ်းကို အချိန်ကကုစားပေးသွား
ပါလိမ့်မည်။
+ + + + + + + + +
အောင်အောင်၏မျှော်လင့်ချက်ဇာတ်လမ်းသည် ဘယ်လို မှဖြစ်လာစရာအကြောင်းမရှိဟု ကျွန်တော်ထင်ခဲ့သည်။
လောကတွင်ဖြစ်ပျက်နေသော အကြောင်းအရာများကား ဆန်းကြယ်လှပေစွ။ ထူးဆန်းသော အံ့ဩဖွယ်ကောင်းသော အ ကြောင်းအရာများကို စိတ်ကူးယဉ်၍ရေးသားနေသော
ကျွန်တော် ပင်လိုက်မမီနိုင်အောင်
တကယ့်အဖြစ်က ဆန်းကြယ်လွန်းလှပေ သည်။
အဖြစ်အပျက်က အောင်အောင် မင်္ဂလာဆောင်ပြီး ၂နှစ် လောက်အကြာမှာပေါ်လာခြင်းဖြစ်ပါသည်။ အောင်အောင်နှင့်စန္ဒာ
တို့မှာ သားလေးတစ်ယောက်ပင်ထွန်းကားနေခဲ့ပြီ။
ထိုအချိန်သည် ကျွန်တော်အလုပ်လုပ်နေသောဆေးခန်း၌ အိပ်ခ်ျအိုင်ဗွီပိုးရှိ^မရှိသွေးစစ်ပေးသောလုပ်ငန်းကို စတင်အကောင် ဖော်နေသောအချိန်ဖြစ်သည်။
ဝန်းထမ်းများမှ လှည့်လည်ပညာပေး ဟောပြောသော ကြောင့် သွေးစစ်ခံသူများ တဖွဲဖွဲရောက်လာကြသည်။
အများစု က မဖြစ်မနေသွေးစစ်သင့်သူများဖြစ်သည်။ ပြည့်တန်ဆာများ၊ ပြည့်တန်ဆာအိမ်သို့ အရောက်များသူများ၊ အဝေးပြေးကား’ရိုင် ဘာများ၊ အိမ်နှင့်ခွဲ၍ ရပ်ဝေးသို့အလုပ်သွားလုပ်ရသူများ စသဖြင့် လိင်မှုကိစ္စတွင် အပျော်ကြူးသူ၊ လိင်ဆက်ဆံဖက်များသူများဖြစ် ပါသည်။ စီမံချက်မှာလည်း ထိုကဲ့သို့သော လူတန်းစားများအ တွက် ရည်ရွယ်ထားသောလုပ်ငန်းဖြစ်သည်။
တစ်ခါတစ်ရံတော့လည်း အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရဖို့ အ လှမ်းဝေးသည့် သာမန်လူတန်းစားများလည်း
ရောက်လာသွေးစစ် တတ်ပါသည်။
ရိုးရိုးယဉ်သည် သွေးအဖြေသိရရန်သက်သက်
သွေးလာ စစ်သော မိန်းကလေးတစ်ယောက်ဖြစ်သည်။ အမှန်တော့ အိမ် ထောင်မပြုမီမှာ အိပ်ခ်ျအိုင်ဗွီပိုးရှိ^မရှိသိရှိထားရန် ယောက်ျားလေး ရော၊ မိန်းကလေးပါ အတူရောက်လာကြခြင်းဖြစ်သည်။
သွေးစစ်ခံဖို့ နှစ်သိမ့်ဆွေးနွေးသူနှင့် ဆွေးနွေးပြီး၍ သွေး ဖောက်ယူပြီးနောက်မှ ကျွန်တော့်အခန်းထဲသို့
သူတို့စုံတွဲရောက် လာခြင်းဖြစ်ပါသည်။ ဆွေးနွေးသူဆရာမကိုယ်တိုင် ခေါ်လာခဲ့ခြင်း ဖြစ်၏။
]သွေးလာစစ်တဲ့စုံတွဲပါဆရာ၊ ရိုးရိုးယဉ်က ဆရာ့စာဖတ် ပရိသတ်လေ၊ ဆရာနဲ့တွေ့ချင်တယ်ဆိုလို့ ခေါ်လာလိုက်တာ}
ဆရာမက မောင်ဝင်းထိုက်နှင့်ရိုးရိုးယဉ်တို့စုံတွဲနှင့် မိတ် ဆက်ပေးသည်။ မောင်ဝင်းထိုက်က ရှမ်းသွေးစပ်ဟန်တူပြီး အသံ အနည်းငယ်ဝဲသည်။ စကားသိပ်မပြော၊ အေးဆေးသည်ကိုတွေ့ရ ၏။ ထိုနေ့က ရိုးရိုးယဉ်ကသာ ရေပက်မဝင်အောင် စကားတွေ ပြောသွားလေ၏။
]ဆရာ့စာအုပ်တွေ ထွက်သမျှဖတ်ပြီးပါပြီဆရာ}
ရိုးရိုးယဉ်၏အပြောအရ သူမသည် စာအတော်ဖတ်သည့် မိန်းကလေးဖြစ်နေသည်။
ဇာတ်လမ်းဆန်းဆန်းကြယ်ကြယ်များကို စိတ်ဝင်စားသူဖြစ်ကြောင်း သူဖတ်သည့်စာအုပ်များအကြောင်းပြော ပြသည်ကိုနားထောင်ခြင်းဖြင့် သိသာပါသည်။
]ရိုးရိုးရဲ့အတွေ့အကြုံတွေဆရာ့ကိုပြောပြရဦးမယ်၊ အေး အေးဆေးဆေး ဆရာ့ဆီလာလည်ပါရစေဆရာ၊
သွေးအဖြေလာ ယူတဲ့နေ့ကျ ဆရာ့ဆီဝင်ခဲ့ပါဦးမယ်}
သူမက စကားအစထုတ်သွားခဲ့သေး၏။
နောက်တစ်နေ့ သွေးအဖြေလာအယူတွင် ရိုးရိုးယဉ်သည် ကျွန်တော့်အခန်းထဲသို့နောက်တစ်ခေါက်ရောက်လာသေး၏။
]မောင်ဝင်းထိုက်ကော၊ မပါဘူးလား}
]သူခရီးထွက်သွားတယ်ဆရာ၊ သူ့သွေးအဖြေကို နောက် တစ်ပတ်လောက်မှလာယူနိုင်လိမ့်မယ်၊ ကိုဝင်းထိုက်ပါမလာတာပဲ
ခပ်ကောင်းကောင်းဆရာ၊ သမီး ဆရာ့ကို ပြောစရာရှိလို့ပါ}
]ဘာများလဲရိုးရိုးယဉ်}
]သမီးအိပ်မက်အကြောင်းပါဆရာ၊ အိပ်မက်နဲ့ပတ်သက် တဲ့ဇာတ်လမ်းတွေ ဆရာခဏခဏရေးဖူးတာတွေ့လို့ သမီးမက်တဲ့ အိပ်မက်ကိုပြောပြချင်လို့ပါ}
ကျွန်တော်က ပြုံးလိုက်မိသည်။
]ဘာအိပ်မက်တွေများမက်လို့လဲရိုးရိုး၊ ဆရာက စိတ်ကူး ယဉ်ပြီးဇာတ်လမ်းဆင်ရေးတာပါ၊ အိပ်မက်နိမိတ်တော့မဖတ်တတ် ဘူး၊ သိချင်ရင်တော့ အိပ်မက်တိတ္ထုံကျမ်းဝယ်ဖတ်ပေတော့}
]အ္လီဲစာအုပ်ထဲမှာ ‘gမျိုးမပါဘူးဆရာရဲ့၊ သမီးက အိပ် မက်တစ်ခုတည်းကို နေ့စဉ်နေ့တိုင်း..အဲ.. ညစဉ်ညတိုင်း မက် နေတာဆရာ}
]အင်း.. ဆရာလည်း ဝတ္ထုတစ်ပ္လ်ုမှာ အ္လီဲလိုဇာတ်လမ်း ဆင်ရေးဖူးတယ်}
]ဖတ်ဖူးပါတယ်ဆရာ၊ a’gက်တာစိုးထိုက်နှင့် အိပ်မက်အ တူမက်သူများ-မဟုတ်လား၊ သမီးအိပ်မက်ကလည်း ဆရာ့ဝတ္ထု ထဲကလို အရင်ဘ၀ကအဖြစ်တွေကို ပြန်မြင်ရတာဖြစ်နေမလား လို့၊ ဆရာ့ကိုပြောပြချင်လို့ပါ}
]ကဲ- ပြောစမ်းပါဦးရိုးရိုးရယ်}
]’Dလိုပါဆရာ၊
သမီးဟာ အ္လီဲအိပ်မက်ကို ငယ်ငယ်လေး ကတည်းကမက်ခဲ့တာပါ}
]နေဦး၊ အိပ်မက်က ကြောက်စရာလန့်စရာလား၊
ကြည် နူးစရာလား}
]ကြောက်စရာလည်းကောင်းတယ်၊ ကြည်နူးစရာလည်း ကောင်းတယ်ဆရာ၊ ပထမပိုင်းမှာ ကြည်နူးစရာကောင်းပြီး အိပ် မက်ဆုံးခါလည်းနီးရော ကြောက်စရာကြီးနဲ့ ဇာတ်သိမ်းသွားတယ် ဆရာ၊ သမီးလေ.. အ္လီဲအိပ်မက်ကို နေ့တိုင်းမက်နေပေမယ့် အိပ်မက်ပြီးလို့ အိပ်ရာကလန့်နိုးတိုင်း ဇောချွေးတွေပြန်နေတာပဲ၊
ပြီးတော့ ငိုလည်းငိုချင်တယ်ဆရာ}
]စိတ်ဝင်စားစရာပဲ၊ ပြောပါဦး}
]အိပ်မက်အစပိုင်းမှာ သမီးဟာ လှေတစ်စီးပေါ်ရောက်နေ တယ်ဆရာ၊ လှေကစက်လှေ၊ လှေဟာ ရေထဲမှာ အရှိန်နဲ့တဟုန် ထိုးပြေးနေတယ်၊ လှေပေါ်မှာတော့ သမီးတစ်ယောက်ထဲမဟုတ် ဖူး၊ ယောက်ျားတစ်ယောက်လည်းပါတယ်ဆရာ၊ သမီးက အ္လီဲ ယောက်ျm;ရဲ့ရင်ခွင်ထဲမှာ}
]ဟင်..}
]အိပ်မက်အစပိုင်းမှာ ကြည်နူးစရာကောင်းတယ်ဆိုတာ အ္လဲါပါပဲဆရာ၊ သမီးနဲ့ အိပ်မက်ထဲကလူဟာ ချစ်သူတွေပဲလား လင်မယားလားတော့မသိဘူး}
]ဘာလို့ အဲ့လိုထင်တာလဲရိုးရိုး}
]သမီးကိုသူကဖက်ထားတယ်၊ သမီးကလည်း သူ့ရင်ခွင် ထဲမှာ သူ့ကိုမှီနေတယ်လေ}
]ဆက်ပါဦး}
]ခဏလည်းနေရော .. သမီးတို့စီးလာတဲ့စက်လှေဟာ တောင်နံရံကြီးတစ်ခုနဲ့
ဝင်တိုက်မိရောဆရာ}
ကျွန်တော်သည် ရိုးရိုးယဉ်ပြောပြသမျှကိုနားထာင်နေရင်း မှ အကြောများဆိုင်းသွားလေ၏။ ရင်လည်းတထိတ်ထိတ်ခုန်လာ
သည်။
]တောင်ကိုဝင်တိုက်တယ်၊ ဟုတ်လား၊ ရေထဲမှာသွားနေ ရင်းက တောင်ကိုဝင်တိုက်ရသလား၊ တောင်ဆိုတာ သဲသဲကွဲကွဲ မြင်ရတာလားရိုးရိုး}
]ဘာမှမမြင်ရဘူး၊ အိပ်မက်ထဲမှာ ပတ်ဝန်းကျင်တစ်ခုလုံး
မှောင်မဲလို့ဆရာ၊ တောင်လို့ပြောလိုက်တာက
သမီးတို့စီးလာတဲ့ စက်လှေဟာ ရှေ့မှာမမြင်ရတဲ့ ထုထည်ကြီးတစ်ခုကို ရုတ်တရက် ဝင်တိုက်လိုက်သလိုဖြစ်လို့ တောင်လို့ထင်လိုက်မိတာပါ ဆရာ၊ မြစ်ကမ်းပါးတို့ ချောင်းကမ်းပါးတို့ကို
ဝင်တိုက်တာမျိုးလည်းဖြစ် ချင်ဖြစ်မှာပေါ့}
ကျွန်တော်က သက်ပြင်းကိုရှိုက်လိုက်မိသည်။
]နောက်တော့ကော}
]သမီးတို့နှစ်ယောက်လုံး ရေထဲကျသွားတာပေါ့ ဆရာ၊ သမီးက ကိုကိုဇော်ရေ၊ နှင်းကိုကယ်ပါဦး.. လို့ အော်လိုက်မိ တယ်ဆရာ}
]ဘာ- ဘာ- ကိုကိုဇော်.. ဟုတ်လား၊ နှင်း.. ဟုတ် လား}
]ဟုတ်ကဲ့ဆရာ၊ ဘာဖြစ်လို့လဲဟင်}
]အိပ်မက်ထဲမှာ နာမည်ပါတယ်ဆိုတာ အံ့ဩသွားလို့ပါ}
]သမီးလည်း
အံ့ဩမိတာပါပဲ၊ အ္လဲါကြောင့် အ္လီဲအိပ်မက် ဟာဘာလဲ၊ ရှေ့ဖြစ်မယ့်နိမိတ်လား၊ ဖြစ်ပြီးသားဟာလား၊ ဖြစ်ပြီး သားဟာဆိုရင် သမီးကိုယ်တိုင် တစ်ချိန်ချိန်က ဖြစ်ခဲ့တာမျိုးလား၊ သူများဖြစ်ခဲ့တဲ့အဖြစ်ကို အိပ်မက်ထဲမှာ မြင်ရတာမျိုးလား၊ သိပ် သိချင်တယ်ဆရာ}
ကျွန်တော်သည် ရှေ့မှမိန်းကလေးကိုကြည့်ရင်း ဆွံ့အ နေမိသည်။
]ဆရာစိတ်ပျက်သွားပြီထင်တယ်}
]မဟုတ်ပါဘူးကွယ်၊ ရိုးရိုးအိပ်မက်ကိုအံ့ဩမိလို့ပါ၊ ရိုးရိုး ကရော၊ အိပ်မက်ကို ကိုယ်တိုင်တွေ့ကြုံသလိုခံစားရတာလား၊ သူ များအဖြစ်ကို ဘေးကနေမြင်တဲ့အမြင်မျိုးနဲ့မြင်နေရတာလား}
]ကိုယ်တိုင်ခံစားရသလိုပါပဲဆရာ၊ အိပ်မက်ထဲက မိန်းက လေးဟာ သမီးကိုယ်တိုင်ပါပဲ}
]အိပ်မက်ထဲက
လူကရော..၊ အပြင်မှာမြင်ဖူးတဲ့လူတစ် ယောက်ယောက်လား}
]မဟုတ်ဖူးဆရာ၊ အ္လီဲလူကို အပြင်မှာမတွေ့ဖူးပါဘူး}
]အ္လီဲလူရဲ့ရုပ်ရည်ကိုရော မှတ်မိနေသလား}
]မှတ်မိတာပေါ့ဆရာရယ်၊ အိပ်မက်က နေ့တိုင်းမက်နေ တာပဲ၊ သေချာကိုမှတ်မိတယ်}
]ရိုးရိုးကိုယ်တိုင်ရော အိပ်မက်ကိုဘယ်လိုထင်သလဲကွယ်}
]သမီးမထင်တတ်ဖူးဆရာ၊ ငယ်ငယ်ကတော့ ကြီးလာရင် အိပ်မက်ထဲကလူနဲ့တွေ့များတွေ့ရမလားလို့ စိတ်ကူးယဉ်မိပါသေး တယ်ဆရာ၊ တကယ်တော့ မဖြစ်နိုင်ပါဘူးနော်၊ အိပ်မက်က အိပ် မက်ပဲမဟုတ်လားဆရာ}
]ဟုတ်ပါတယ်၊
‘g အိပ်မက်တစ်ခုပါပဲ၊ ‘gနဲ့ အိပ်မက်က ဘယ်လိုအဆုံးသတ်သွားသလဲကွဲ့}
]သမီးတို့နှစ်ယောက်လုံး ရေထဲနစ်သွားသလိုပဲ၊ ရေထဲမှာ ဝူးဝူးဝါးဝါးနဲ့ကူးခတ်နေကြတယ်ဆရာ၊ အသက်ရှူရတာလည်းသိပ် ကြပ်တာပဲ၊ အ္လီဲနေရာရောက်ရင် လန့်နိုးတာပဲဆရာ၊ နိုးတာနဲ့ လူတစ်ကိုယ်လုံး ဇောချွေးတွေပြန်ပြီး
နုံးခွေသွားတာပဲ၊ အ္လဲါ တစ် နေ့လည်းမဟုတ်၊ တစ်ရက်လည်းမဟုတ်၊ ကြာတော့ အိပ်မက် မက်နေရင်းကနေ အိပ်မက်မှန်း သိနေတယ်ဆရာ၊ သိနေတာ တောင် နိုးလာရင် ဇောချွေးတွေပြန်ပြီး
ရင်တုန်နေတာ အမြဲပဲ ဆရာ}
]အစွဲအလမ်းမထားပါနဲ့လေ၊ အိပ်မက်က အိပ်မက်ပါပဲ သမီးရယ်၊ သမီးက ငယ်ငယ်ကမက်တဲ့ ကိုယ့်အိပ်မက်ကို ပြန်စွဲ လမ်းပြီး ခဏခဏ ပြန်မက်နေတာမျိုးဖြစ်မှာပါ၊ ထမင်းလုံးတစ္ဆေ ချောက်သလိုမျိုးပေါ့}
ကျွန်တော်သည် ရိုးရိုးယဉ်ကို နှစ်သိမ့်နေမိသော်ငြား အိပ်မက်၏လျှို့ဝှက်ချက်ကိုမူ ပေါ်ပေါ်ထင်ထင်သိရှိနားလည်လိုက် လေပြီ။ လောကကြီးဟာ ဆန်းကြယ်လှချေကလား။
သို့သော် ကျွန်တော်သိထားသည်များကို ရိုးရိုးယဉ်အား ပြောလို့မဖြစ်ပါပေ။ အထူးသဖြင့် မင်္ဂလာဆောင်ခါနီးဖြစ်သည့် ရိုးရိုးယဉ်ကိုမပြောသင့်ပါပေ။
]သမီး အိမ်ထောင်ကျပြီးရင်တော့ ‘Dအိပ်မက် အလိုလို ပျောက်ရင်ပျောက်သွားမှာပါ၊ ‘gနဲ့ ရိုးရိုးအသက်ဘယ်လောက်ရှိပြီ လဲ၊ ဘယ်နှခုနှစ်မွေးတာလဲ}
ရိုးရိုးက သူမွေးသည့်ခုနှစ်ကိုပြောပြသည်။
အောင်အောင့် မွေးသက္ကရာဇ်ထက် သုံးနှစ်နောက်ကျပါ သည်။ နှင်းနှင်းဝေသည် လူပြန်ဖြစ်သော်လည်း သုံးနှစ်ကြာမှ လူ့ လောကပြန်ရောက်ခြင်းပါတကား။
]နှင်းဟာ
လူတစ်ယောက်အဖြစ်နဲ့ တစ်နေရာမှာ ရှိကိုရှိ နေတယ်}-ဟုပြောခဲ့သော အောင်အောင့်စကားများ
မှန်နေပေပြီ၊
]’Dအိပ်မက်အကြောင်း မောင်ဝင်းထိုက်ကိုရော ပြောပြဖြစ် သေးလားသမီး}
]မပြောပါဘူးဆရာ၊ သူက လက်တွေ့သမား၊ သမီးကို လှောင်မှာ၊ ဆရာ့ကိုသာ ဂမ္ဘီရဝတ္ထုတွေရေးတဲ့ စာရေးဆရာမို့လို့ ‘gတွေပြောမိတာပါ}
]ဟုတ်တယ်၊
သာမန်လူတွေအတွက်တော့ နားလည်မှု ပေးဖို့ အတော်ခက်လိမ့်မယ်၊ မပြောတာကောင်းပါတယ်၊ရိုးရိုးယဉ် ကိုလည်း အိပ်မက်အပေါ်အစွဲအလမ်းမထားပဲ မေ့လိုက်စေချင် တယ်ကွယ်}
]အိပ်မက်က
နေ့တိုင်းမက်နေတာဆရာ၊ ဘယ်လိုလုပ်မေ့ နိုင်မှာလဲ၊ ‘Dနေ့ည အိပ်ရင်လည်း မက်ဦးမှာပဲ}
]ဆရာက အစွဲအလမ်းမထားဖို့သာပြောတာပါ၊ ကိုယ့်စိတ် ကိုယ် ညှင်းဆဲသလိုဖြစ်နေမှာစိုးလို့ပါ၊ ဆရာပြောတာ နားလည် တယ်မဟုတ်လား}
]ဟုတ်ကဲ့ပါဆရာ၊ အိပ်မက်ထဲကလူကို အပြင်မှာတွေ့ရ မယ်လို့ အရင်ကတော့ သမီးမျှော်လင့်ခဲ့ပါသေးတယ်၊ ခုတော့ ‘Dမျှော်လင့်ချက်ကိုစွန့်လွှတ်လိုက်ပါပြီ}
]ကောင်းပါတယ်၊ အိပ်မက်ထဲကလူဆိုတာ မရေရာပါဘူး လေ၊ အပြင်မှာလည်း မရှိနိုင်ပါဘူး၊ မတွေ့နိုင်ပါဘူး၊ အစွဲအလမ်း မထားတာကောင်းပါတယ်၊ ရိုးရိုးယဉ်လည်း အိမ်ထောင်ပြုတော့ မှာမဟုတ်လား၊ ဘာမဟုတ်တဲ့အိပ်မက်လေးတစ်ခုကြောင့် အိမ် ထောင်ရေးထိခိုက်နေပါ့မယ်ကွယ်}
]သမီးတို့မင်္ဂလာဆောင်ကိုတော့ ရောက်အောင်လာခဲ့ဦး နော်ဆရာ၊ သီတင်းကျွတ်တာနဲ့မင်္ဂလာဆောင်လုပ်ဖို့ စီစဉ်ထား တယ်၊ သမီးဖိတ်စာလာပို့လှည့်ပါမယ်}
+ + + + + + + + +
အဖြစ်အပျက်တစ်ခုလုံးကို ခြုံငုံသိနေသည့်ကျွန်တော့်အ ဖို့ ‘Dအကြောင်းတွေကိုမြိုသိပ်ထားရတာနှင့်ပင် လူမှာ မရိုးမရွဖြစ် နေရပါပြီ။
‘gတွေကို ကာယကံရှင်နှစ်ယောက်သိအောင်ဖွင့်ပြောသင့် သလား။
လက်ရှိဘ၀ဖြစ်ရပ်တွေက ပြင်မရအောင်လွန်ပြီးသွားလေ ပြီ။ အောင်အောင်ရော ရိုးရိုးယဉ်ရော ကိုယ့်ဘ၀နှင့်ကိုယ် တည် ဆောက်ပြီးကြလေပြီ။ သည်ဘ၀မှာ နှစ်ယောက်ဆုံဆည်းဖို့ဆိုတာ မဖြစ်နိုင်တော့ပါ။ နှစ်ယောက်ဆုံမိပြီး စိတ်လိုက်မာန်ပါဆုံးဖြတ်မိ ကြလျှင် လက်ရှိအိမ်ထောင်တွေ ပျက်ရဖို့သာရှိသည်။
သည်တော့လည်း မသိလိုက် မသိဘာသာ နေတာပဲ ကောင်းပါတယ်လေ။
ကျွန်တော်က နှစ်ဖက်လုံးကိုသိနေသူပီပီ အကဲခတ်နေခဲ့မိ သည်။
ရိုးရိုးတို့မင်္ဂလာဆောင်ကို ကျွန်တော်တက်ရောက်ခဲ့သည်။ မင်္ဂလာဆောင်ပြီးတော့လည်း ရိုးရိုးနှင့် အကြောင်းအမျိုးမျိုးဖြင့် ဆုံတွေ့နေရသည်။ ကလေးမလိုချင်သေးလို့ သန္ဓေတားဆေးထိုးဖို့ ကိစ္စကစလို့.. ကျန်းမာရေးကိစ္စအမျိုးမျိုးဖြင့် ရိုးရိုးတို့စုံတွဲ ကျွန် တော်တို့ဆေးခန်းကို ရောက်ရောက်လာတတ်သည်။ နေအိမ်ချင်း ကလည်း သိပ်မဝေးသည်မို့ ရံဖန်ရံခါ ရိုးရိုးအိမ်လာလည်တတ်၏၊
တစ်ခါတလေလည်း မောင်ဝင်းထိုက်ပါသည်။
တစ်ခါတလေလည်း ရိုးရိုးတစ်ယောက်ထဲ။
ရိုးရိုးက အိပ်မက်ကို ဆက်မက်နေဆဲပဲဟု ဆိုပါသည်။ ရိုးရိုးသည် သူမအိပ်မက်ကို အဓိပ္ပါယ်မဖော်နိုင်သေးပါ။ ရိုရိုးက အောင်အောင့်လောက် ဇာတိဿရဉာဏ်မကောင်းလို့
အ၇င်ဘ၀ ကို အောင်အောင့်လိုမမှတ်မိရှာပေ။ ကိုယ့်ကိုကိုယ် လူဝင်စားတစ် ယောက်ရယ်လို့ မသိရှာပေ။
အောင်အောင်ကတော့ ..
ရန်ကုန်ရောက်သည့်အခါများမှာတော့ အောင်အောင့်စိတ် ထားကို အကဲခတ်ရပြန်သည်။
]နှင်းအိမ်ထောင်ကျသွားပြီလေးလေး}
]ဘာ}
]အရင်ဘ၀ကနှင်း၊ အခုဘ၀မှာ နေရာတစ်ခုခုမှာ တခြား နာမည်တစ်ခုနဲ့ရှင်သန်နေမယ့် ကျွန်တော့်ချစ်သူလေ၊ သူ အိမ် ထောင်ကျသွားပါပြီလေးလေး}
]မင်းက ဘယ်လိုသိသလဲအောင်အောင်}
]ကျွန်တော်သိပါတယ်၊ သူ အိမ်ထောင်ပြုခါနီးမှာ ကျွန် တော့်ကိုခွင့်တောင်းတယ်}
ယခင်ကဆိုလျှင်တော့ အောင်အောင့်ကို ရူးများနေပလား လို့ သံသယဝင်မိဦးမည်။ အားလုံးကို အပေါ်စီးကသိနေသူ ကျွန် တော့်အတွက် အောင်အောင်စကားကို သံသယမဝင်တော့ပါ။
ရိုးရိုးကိုသာ စကားစပ်အောင်ကြံဖန်ပြီး
မေးကြည့်ရတော့ သည်။
]အိပ်မက်ဟာ
တကယ်ဟုတ်ဟုတ်-မဟုတ်ဟုတ်၊ အိပ် မက်ထဲကလူကိုတော့ သမီးသံယောဇဉ်ရှိနေခဲ့တယ်လေ၊ သူဟာ သမီးနဲ့ပတ်သက်တဲ့လူလို့ သမီးခံစားရတယ်၊ အ္လဲါကြောင့် ကို ဝင်းထိုက်နဲ့မင်္ဂလာဆောင်ခါနီးမှာ သမီးကိုခွင့်ပြုဖို့
ကိုကိုဇော်ဆို တဲ့သူ့ကို စိတ်ထဲကနေ ခွင့်တောင်းခဲ့မိပါသေးတယ်ဆရာ}
+ + + + + + + + +
‘Dအကြောင်းတွေ နှစ်ဖက်စလုံးကိုဖွင့်ပြောဖို့ ကျွန်တော်မ ရည်ရွယ်ခဲ့ပါ။ မမတင်ကိုဖွင့်ပြောဖို့
စဉ်းစားကြည့်သေးသော်လည်း ရှုပ်ကုန်မည်စိုး၍ မြိုသိပ်လိုက်သည်။ မမတင်က သူ့ငယ်သူငယ် ချင်းများဖြစ်ရပ်ကို
တန်ဖိုးထားသူဖြစ်သည်။ သည်အကြောင်းတွေ ကိုသာသိရရင် ‘Dအတိုင်းနေမည်မဟုတ်။ ရိုးရိုးကိုမြင်ချင်တွေ့ချင် တာတွေဖြစ်လာနိုင်သည်။
အောင်အောင်နှင့်ရိုးရိုးအိမ်ထောင်ကိုယ် စီနဲ့ ဘ၀သာယာနေချိန်မှာ အပြောင်းအလဲတွေ မဖြစ်ပေါ်စေချင် ပါ။
အောင်အောင်ကလည်း သူ့ဇနီးစန္ဒာသော်ကို ချစ်ခင်ယု ယစွာ သားကလေးအပေါ်မှာလည်း တာဝန်ကျေပွန်စွာဖြင့်
ခင်ပွန်း ကောင်းဖခင်ကောင်းပီသစွာရှိနေသည်။ ရိုးရိုးအပေါ်မှာ မောင်ဝင်း ထိုက်ကလည်း ချစ်ခင်စုံမက်ရုံမကယောက်ျားဝတ္တရားကျေပွန်လှ၏ သည်လိုအဆင်ပြေနေသော အိမ်ထောင်အသီးသီးကို ဂယက်မထ စေချင်ပါ။
သိထားသမျှအားလုံးကို ကျွန်တော် မြိုသိပ်ထားလိုက်ပါ သည်။ စာဖြင့်ရေးသားရန်လည်း မရည်ရွယ်ပါ။ တကယ်တော့ ဝတ္ထုတစ်ပ္လ်ုအဖြစ်တင်ပြလျှင် အလွန်ကောင်းသော ဇာတ်ကွက် တစ်ခုဖြစ်သော်လည်း ကာယကံရှင်များကို ထောက်ထား၍ ကျွန် တော် ခပ်မဆိပ်နေလိုက်တာ အကောင်းဆုံးဖြစ်လေမည်။
+ + + + + + + + +
သို့သော်.. ‘Dအကြောင်းများကို ကျွန်တော်က မြိုသိပ် သိမ်းဆည်းထားသော်လည်း ....
ချစ်သူနှစ်ဦးတွင် ယခင်ဘ၀ကတည်းက ပါလာသည့် ချစ် ဇောအဟုန်ကြောင့် ကံကြမ္မာက တွေ့ဆုံအောင် ဖန်တီးပေးလိုက် သည်ထင်ပါသည်။
တစ်ခုသော ဆောင်းရက်တစ်ရက်၌ မမျှော်လင့်ပဲ အောင် အောင် မန္တလေးသို့ ရောက်လာလေသည်။ မန္တလေးတွင်ပြုလုပ် သော ဈေးရောင်းပွဲတော်တစ်ခုတွင် သူတို့ကုမ္ပဏီမှကုန်ပစ္စည်းများ ခင်းကျင်းပြသရန်တာဝန်ဖြင့် ကြိုတင်၍ရောက်လာခြင်း ဖြစ်လေ သည်။ အောင်အောင့်တာဝန်မှာ
ဈေးပွဲတော်ကျင်းပချိန်အထိ နေ စရာမလို။ အရောင်းခမ်းမပြင်ဆင်ပေးပြီးသည်နှင့် ရန်ကုန်ပြန်ရန် ဖြစ်သည်။
ပြန်တော့မည့်နေ့မှာ ကျွန်တော့်အိမ်သို့ လာလည်ခဲ့၏။
ထိုနေ့မှာ တနင်္ဂနွေနေ့ဖြစ်၍ ကျွန်တော်လည်း ရုံးအား ရက်ဖြစ်ပေသည်။
အောင်အောင့်ကို အိမ်မှာ နေ့လည်စာဖိတ်ကျွေးခြင်းဖြစ် သည်။ ညနေရထားဖြင့် အောင်အောင် ရန်ကုန်ပြန်တော့မည်။
ထမင်းစားပြီး၍ ကျွန်တော်နှင့်အောင်အောင် ဧည့်ခန်း၌ ထိုင်စကားပြောနေစဉ် ကျွန်တော့်အိမ်ရှိရာ လမ်းကြားထဲသို့ ခြေ လျင်လျှောက်ဝင်လာသော
ရိုးရိုးယဉ်ကို မြင်လိုက်ရလေသည်။
ကျွန်တော် ခေါင်းနားပန်းကြီးသွားမိသည်။ သူတို့ဆုံမိကြ တော့မည်။ ကျွန်တော်ဘာလုပ်၇မည်နည်း။
ကျွန်တော့်မှာ ဘာမှကြိုတင်ပြင်ဆင်ချိန်မရတော့ပါ။
ကျွန်တော် စိုးရိမ်နေသော်လည်း အောင်အောင်နှင့်ရိုးရိုး တစ်ယောက်ကိုတစ်ယောက်
သိချင်မှသိပေမည်။ ဘ၀ခြားပြီးပြီမို့ မှတ်မိချင်မှလည်း မှတ်မိပါလေမည်။
ကျွန်တော်က ထိုင်ရာမှထသွားကာ ရိုးရိုးကို ဝင်းတခါး ဖွင့်ပေးလိုက်သည်။
]လမ်းထိပ်မှာ ဆိုင်ကယ်ဘီးပေါက်သွားလို့ဆရာ၊ လေထိုး ကျွတ်ဖာဆိုင်မှာ အပ်ထားခဲ့တယ်၊ ဆန်းa’;ဆိုတော့ ဆရာရှိမှာ ပဲဆိုပြီး ဝင်လာလိုက်တာ}
ရိုးရိုးက သူရောက်လာခြင်းအကြောင်းကိုပြောပြနေသည်။
တိုက်ပဲတိုက်ဆိုင်လှတော့၏။
ကျွန်တော်နှင့်ရိုးရိုးအိမ်ထဲသို့လမ်းလျှောက်လာရာ အောင် အောင်က ထိုင်ရာမှကိုယ်ကိုကြွပြီး ရိုးရိုးကိုမမှိတ်မသုန်စိုက်ကြည့် နေခဲ့လေသည်။ ရိုးရိုးသည် ယခင်ဘ၀က နှင်းနှင်းဝေနှင့်ရုပ်ချင်း မတူပါ။ အတော်ပင် ကွာခြားပါသည်။ ရိုးရိုးကိုမြင်ရုံနှင့်တော့ နှင်း နှင်းဝေဝင်စားသူဖြစ်ကြောင်း အောင်အောင်မသိနိုင်လောက်ပေ။
သို့သော် အောင်အောင်စိုက်ကြည့်နေပုံက ရိုးရိုးကိုသိနေ သလိုမျိုးဖြစ်နေ၏။
ကျွန်တော်က နှစ်ဦးစလုံးကိုအကဲခတ်ရင်း ခပ်မဆိတ်ပင် ကြည့်နေခဲ့လေသည်။
ရိုးရိုးသည် အိမ်ထဲမှာဧည့်သည်ရှိမှန်းမသိသေး။ ကျွန် တော်ဖက်သို့လှည့်ကြည့်ကာ..ကြည့်ကာဖြင့် စကားအမျှင်မပြတ် ပြောလာနေသည်။
အိမ်အဝင်ဝရောက်မှပင်..
ရိုးရိုးအကြည့်က ဧည့်ခန်းထဲသို့ရောက်သွားကာ..
]ဪ..ဧည့်သည်ရှိနေတာပဲ၊ အို.. အမလေး-ဆရာ၊ ဆရာ၊ ‘g- ‘g.. အိပ်မက်ထဲကလူ၊ ရိုးရိုးရဲ့အိပ်မက်ထဲက ကိုကို ဇော်ပဲ}
ရိုးရိုးစကားပင် မဆုံးလိုက်ရပါ။
အောင်အောင်က ထိုင်နေရာမှ ထလာလေသည်။
]နှင်း..နှင်း.. နှင်းမဟုတ်လားဟင်၊ ဟုတ်ပါတယ် နှင်း ရယ်၊ နှင်း.. နှင်း ကိုကိုဇော့်ကိုမှတ်မိလားဟင်}
]မှတ်မိပါပြီကိုကိုဇော်၊ ကျွန်မ.. နှင်းလေ.. နှင်း ကိုကို ဇော့်ကိုသိနေတယ်၊ အို..ကိုကိုဇော်က အိပ်မက်ထဲကအတိုင်းပဲ နော်}
]နှင်းရယ်..}
]ကိုကိုဇော်ကရော.. နှင်းကို- ကျွန်မကို.. နှင်းရယ်လို့ ဘယ်လိုသိနေတာလဲဟင်}
]နှင်းရယ်၊
ကိုကိုဇော်က ‘Dဘ၀သစ်ကိုရောက်ကတည်းက
နှင်းကိုတွေ့အောင်လိုက်ရှာနေတဲ့သူပါ၊ ဖြစ်ရလေနှင်းရယ်.. နှင်း နဲ့ကိုယ် အတွေ့နှောင်းပြီနော်}
သူတို့နှစ်ယောက်ကြားမှာ ကျွန်တော်ဝင်မပါလို့
မဖြစ် တော့ပြီ။
]ထိုင်ကြပါဦးလေ၊ အေးအေးဆေးဆေးပြောကြတာပေါ့၊ နှစ်ယောက်လုံးအကြောင်းကို လေးလေးကတော့ သိထားတာကြာ ပါပြီ}
ကျွန်တော်က ရိုးရိုးဖက်လှည့်ပြီး
ဦးစွာရှင်းပြလိုက်သည်။
]ရိုးရိုး..
သူဟာ ဟိုဘ၀က ကိုကိုဇော်ဝင်စားသူဆိုတာ ဆရာသိထားတာကြာပါပြီ၊
သူမွေးစကတည်းကပါ၊ ရိုးရိုးပြောပြတဲ့ အိပ်မက်အကြောင်း ကြားရတာနဲ့ ရိုးရိုးဟာ ဟိုဘ၀ကနှင်းနှင်းဝေ ဆိုတာကိုလည်း ဆရာသိခဲ့ပါတယ်}
]’gနဲ့များဆရာရယ်..}
]ရိုးရိုးနဲ့ဆရာသိတဲ့အချိန်မှာ အောင်အောင်ကအိမ်ထောင်
ကျပြီးနေပြီကွဲ့}
]ကိုကိုဇော့်နာမည်က အောင်အောင်တဲ့လား}
]ဉာဏ်မျိုးအောင်လို့ခေါ်ပါတယ်ရိုးရိုး}
ကျွန်တော်က နှစ်ယောက်စလုံးကို မိတ်ဆက်ပေးလိုက် သည်။
]အောင်အောင်ရေ၊ ‘Dမိန်းကလေးက ရိုးရိုးယဉ်တဲ့၊ သူ ဟာအရင်ဘ၀ကနှင်းနှင်းဝေဆိုတာ အောင်အောင်လည်းသိပြီပေါ့၊ လေးလေး ဘာကြောင္လ့်gတွေမပြောခဲ့တာလဲ ဆိုတာတော့ လေး လေးကို နားလည်ပေးကြပေတော့ကွယ်}
]ဟုတ်ကဲ့လေးလေး၊ လေးလေးကိုအပြစ်မတင်ပါဘူး}
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်
အတန် ကြာအောင်စိုက်ကြည့်နေကြလေသည်။
]မင်းတို့နှစ်ယောက်ရဲ့အတိတ်ဘ၀ကို လေးလေးကသိနေ တော့ ခုလိုနှစ်ယောက်စလုံး
အိမ်ထောင်ကိုယ်စီရှိနေတဲ့အချိန်မှာ ပြန်တွေ့ကြမှာကို စိုးရိမ်မိတယ်ကွယ်၊ မဖြစ်သင့်တာတွေဖြစ်ကုန်
မှာစိုးလို့ပါ၊ ‘gကြောင့်လဲ လေးလေးက သိရဲ့သားနဲ့မြိုသိပ်ထားခဲ့ တာပါ၊ ခုတော့ မင်းတို့ရေစက်ပါလို့ဆုံရပြီ၊ ‘gပေမယ့် လေးလေး သတိပေးချင်တယ်၊ ကိုယ့်မှာ အိမ်ထောင်ကိုယ်စီရှိပြီးသားဆိုတာ မမေ့စေချင်ဘူး၊ အောင်အောင့်မှာဆို သားလေးတစ်ယောက် တောင်ရှိနေပြီ၊ စိတ်ကို ဆန္ဒရှိတိုင်းမလွှတ်လိုက်စေချင်ဘူး၊ တွေ့ နေကြပြီပဲ၊ လေးလေးတားလို့လည်းမရတော့ပါဘူးလေ၊ ကဲ-နှစ် ယောက်သား လွတ်လွတ်လပ်လပ်စကားပြောကြဦး၊ ဆရာ စာ ဖတ်ခန်းထဲမှာစာရေးနေမယ်၊ အောင်အောင် ဘူတာမဆင်းခင် မိ နစ်နှစ်ဆယ်အချိန်ရတယ်}
ကျွန်တော်က သူတို့နှစ်ယောက်ကိုဧည့်ခန်းထဲမှာထားရစ် ခဲ့ကာ စာကြည့်ခန်းဆီသို့ထွက်လာလိုက်သည်။
]နှင်း..နှင်းရုပ်က အရင်ဘ၀ကနဲ့မတူဘူး၊
‘gပေမယ့် ကိုdကိုဇော် နှင်းကိုမှတ်မိတယ်နှင်း}
]ကိုကိုဇော်ရယ်၊ နှင်းကတော့ ဘာမှမမှတ်မိပါဘူး၊ အိပ် မက်ထဲကအဖြစ်တစ်ခုထဲကိုသာ သိတာပါ၊ ကိုကိုဇော့်ကိုအိပ်မက်
ထဲမှာမြင်ဖူးတာနဲ့ အခုမြင်ရတာ တစ်ပုံစံထဲပဲ၊ နှင်းတို့ဟာ အရင် ဘ၀တစ်ခုတုန်းက ဘာတွေဖြစ်ခဲ့ကြတာလေ၊ ဘယ်လိုဆက်စပ်မှု ရှိခဲ့ကြတာလဲ..ဟင်..}
]ကိုကိုဇော်
ပြောပြပါ့မယ်နှင်း}
+ + + + + + + + +
မိနစ်နှစ်ဆယ်ပြည့်ချိန်တွင် ကျွန်တော် စာကြည့်ခန်းထဲမှ ပြန်ထွက်ခဲ့သည်။
သူတို့နှစ်ယောက်သည် ယခင်ထိုင်နေသည့် ကုလားထိုင် များပေါ်၌ပင်ထိုင်လျှက်ရှိကြသည်။ နှစ်ယောက်သား တစ်ယောက် လက်ကိုတစ်ယောက် ဆုပ်ကိုင်ထားကြသည်။
ကျွန်တော်ထွက်လာတော့ လက်များကိုဖြုတ်လိုက်ကြ၏။
]အောင်အောင်လည်း ဘူတာဆင်းရတော့မယ်၊ သမီးဆိုင် ကယ်လည်း ဖာပြီးလောက်ရောပေါ့}
]ဟုတ်ကဲ့ဆရာ}
]ဟုတ်ကဲ့လေးလေး}
]မင်းတို့နှစ်ယောက်ကို နောင်မတွေ့စေချင်တော့ဘူး၊ ဘ ၀တွေကို ပြုပြင်လို့မရတော့တဲ့အတူတူ အပြစ်ထပ်ဖြစ်မှာကို ဆ ရာစိုးမိတယ်၊ အထူးသဖြင့် ရိုးရိုးအတွက်ပဲ၊ ရိုးရိုးက မိန်းမသားဆို တော့ လင်ယောက်ျားကွယ်ရာမှာ
တခြားယောက်ျားတစ်ယောက် နဲ့တွေ့ဆုံတာမျိုးဟာ
အပြစ်မကင်းဘူးကွဲ့}
]သမီးတို့
နောင်မတွေ့တော့ဖို့ ကိုကိုဇော်နဲ့သဘောတူပြီး ပါပြီဆရာ၊ အခုတွေ့လိုက်တဲ့ မိနစ်နှစ်ဆယ်အချိန်ဟာ ‘Dဘ၀အ တွက် တစ်ဘ၀စာပါပဲဆရာရယ်}
]ဆရာ့ကိုတော့ တစ်မျိုးမထင်စေချင်ဘူးကွယ်}
]ဆရာ့သဘောကိုနားလည်ပါတယ်၊ သမီးတို့ချင်းလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီးပါပြီ}
]ဟုတ်ပါတယ်လေးလေးရယ်၊ ဘာမှအပြစ်မရှိ၊ ဘာမှလဲ မသိတဲ့အိမ်ထောင်ဖက်တွေအပေါ်မှာ သစ္စာမဖောက်ဖို့ ကျွန်တော် တို့မှာတာဝန်ရှိပါတယ်၊
ကျွန်တော်တို့စိတ်ကိုထိမ်းချုပ်လိုက်ပါမယ် လေးလေး၊ ‘Dဘ၀မှာ သက်တူရွယ်တူနဲ့ လူပြန်ဖြစ်ကြပါရဲ့နဲ့ အ ချိန်မီမဆုံဆည်းခဲ့ရတဲ့ကံကြမ္မာကိုပဲ စိတ်နာမိပါတယ်ဗျာ}
]ဘာပဲဖြစ်ဖြစ်.. ကိုကိုဇော်နဲ့သမီးနဲ့ကတော့ စိတ်ချင်း ဆက်သွယ်မှုရှိနေမှာပါဆရာ၊ လူချင်းတွေ့ဖို့မသင့်တော်လို့ တွေ့ ဖို့မကြိုးစားတော့ပေမယ့် စိတ်ချင်းတော့ဆက်သွယ်မိနေမှာပါလေ၊ ဆရာ.. သမီးအိမ်ထောင်ပြုခါနီးတုန်းက ကိုကိုဇော့်ကိုခွင့်ပြုဖို့ခွင့် တောင်းခဲ့တယ်လို့ ဆရာ့ကိုပြောဖူးပါရော၊ အ္လဲါကို ကိုကိုဇော်က သိတယ်တဲ့ဆရာ}
]ဟုတ်ပါတယ်နှင်း၊ နောင်လည်း ဘာအခက်အခဲပဲကြုံ ကြုံ ကိုကိုဇော့်ကိုသာတçလိုက်ပါနှင်းရယ်}
+ + + + + + + + +
ဘ၀ရေစက်ရှိခဲ့ပေမယ့် ဖူးစာမပါလို့ မဆုံးဆည်းခဲ့ရတဲ့ ချစ်သူများဘ၀ပါတကား။
ကျွန်တော်ကတော့ သူတို့နှစ်ဦးစလုံး၏ ပုဏ္ဏားတိုင်အဖြစ် သူတို့ဘ၀ဖြစ်စဉ်များကို
ဆက်လက်သိမြင်နေခဲ့ရပါသေးသည်။
အောင်အောင်နှင့်ရိုးရိုးသည် သူတို့ကတိအတိုင်း လူချင်း ဆုံတွေ့ရန်မကြိုးစားတော့ပါ။
နေ့စဉ်မက်ခဲ့သော ရိုးရိုး၏အိပ်မက်သည်လည်း အောင် အောင်နှင့်ဆုံတွေ့သည့်နေ့မှစ၍ မမက်တော့ကြောင်းသိရသည်။
နောက်တစ်နှစ်ခန့်အကြာတွင် အောင်အောင်က ကျွန် တော့်ထံဖုန်းဆက်၍ အကြောင်းကြားလေသည်။
]လေးလေး၊
နှင်း-ဆီကိုသွားကြည့်ပေးပါ၊
နှင်းကလေးမီး ဖွားတာအခက်အခဲဖြစ်တယ်လေးလေး၊ ကောင်းကောင်းမွန်မွန်မှ မွေးဖွားလို့ရရဲ့လားလို့ သွားကြည့်လိုက်ပါဦးလေးလေး}
]ဟင်.. ရိုးရိုးကလေးမွေးတယ်၊ မင်းဘယ်လိုသိသလဲ အောင်အောင်၊ လေးလေးတောင် ရိုးရိုးနဲ့မတွေ့တာကြာပြီ}
]သူ ကလေးမွေးရခက်လို့ ကျွန်တော့်ကို တçတယ်လေး လေး၊ ကျွန်တော်အင်္ဂုလိမာလသုတ်ရွတ်ပြီး မွေးဖွားရလွယ်အောင် ဆုတောင်းလိုက်တယ်၊ တကယ်ဟုတ်မဟုတ် လေးလေးသွားစုံစမ်း ကြည့်ပါလား}
ကျွန်တော် ရိုးရိုးတို့အိမ်ကိုသွားခဲ့သည်။
တကယ်ပင် ရိုးရိုးသည် မနေ့ကညက ကလေးမီးဖွားခဲ့ ပေ၏။ မတွေ့ဖြစ်တာကြာ၍ ရိုးရိုးကိုယ်ဝန်လွယ်ထားရမှန်းပင် ကျွန်တော်မသိခဲ့ပါ။
ကျွန်တော်ရောက်သွားချိန်၌ ကလေးရောမိခင်ပါ ကောင်း စွာကျန်းမာလျှက်ရှိပါသည်။ ကလေးမှာ ယောက်ျားလေးဖြစ်သည်။
ကလေးကိုဗိုက်ခွဲမွေးခဲ့ရသည်ဟုဆိုသည်။
]ညှပ်ရိုးကျဉ်းလို့ ဗိုက်ခွဲမွေးရတယ်ဆရာ၊
ရိုးရိုးလေ.. ဗိုက်မခွဲခင်က နာလွန်းလို့ ကိုကိုဇော်ကိုတမ်းတလိုက်မိသေးတယ်}
ကျွန်တော်သည် ကြက်သီးထအောင် အံHUဩသွားမိလေ ၏။
ချစ်သူနှစ်ဦး၏စိတ်ချင်းဆက်သွယ်မှုက အံ့မခန်းစရာပါတ ကား။
ယခင်ဘ၀က ချစ်ဇောအဟုန်၏ ဂယက်ရိုက်မှုများပင်ဖြစ် ပေလိမ့်မည်။
+ + + + + + + + +
ရှေ့ဆက်၍ကြုံခဲ့ရသောအဖြစ်များကား ပို၍ပင် ဂမ္ဘီရဆန် ၍ ဆန်းကြယ်လှပါသေးသည်။
မမတင်က သူ့မြေးရှင်ပြုပွဲကို
အရောက်လာရန် ကျွန် တော့်ကိုလှမ်းဖိတ်သည်။
]မင်းလည်း
သရက်ကိုပြန်မရောက်တာ အတော်ကြာပြီမ ဟုတ်လား၊ အောင်အောင့်သားလေးကို
နွေကျောင်းပိတ်မှာသရက် မြို့ပြန်ပြီး ရှင်ပြုကြမယ်၊ မင်းလိုက်ဖြစ်အောင်လိုက်ခဲ့ပါ}
ကျွန်တော်က မန္တလေးမှပင် သရက်မြို့သို့ အလှူရက်အ မီ ရောက်အောင်သွားလိုက်သည်။
သရက်မြို့ကား များစွာပြောင်းလဲနေပေပြီ။ ငယ်စဉ်ကခင် မင်ခဲ့ဖူးသူအနည်းငယ်ကိုသာ တွေ့ရသည်။ မမှတ်မိတော့သည်က များလေ၏။ တကယ်တော့ နှစ်ပေါင်းသုံးဆယ်ဆိုသည့် အချိန်ကာ လမှာ မနည်းလှတော့ပေ။ ရေမြေa’သတစ်ခုကို ပြောင်းလဲစေနိုင် သလို လူပုဂ္ဂိုလ်များသည်လည်း အိုမင်းရင့်ရော်ခဲ့လေပြီ၊ အချို့သူ ငယ်ချင်းများမှာ ရှိပင်မရှိတော့ချေ။
ရှင်ပြုပွဲအပြီးတွင် မမတင်တို့က သရက်မြို့၌ ကျန်နေခဲ့ ကြမည်ဖြစ်သည်။ အောင်အောင်တစ်ယောက်သာ
ရန်ကုန်မှာအ လုပ်များရှိသေး၍ ပြန်နှင့်မည်ဖြစ်၏။ ကျွန်တော်လည်း အောင် အောင့်ကားနှင့်ကြုံသည့်အတွက် မန္တလေးမပြန်တော့ပဲ ရန်ကုန်သို့ အောင်အောင်နှင့်အတူလိုက်ခဲ့လေသည်။
ထိုခရီးစဉ်ကား အောင်အောင်၏နောက်ဆုံးခရီးပင်ဖြစ်ပေ တော့သည်။
သရက်မှရန်ကုန်သို့အပြန်ခရီးစဉ်ကား ဤသို့ဖြစ်ပါသည်။
ရန်ကုန်သို့သွားသောလမ်းသည် ဧရာဝတီမြစ်အရှေ့ဖက် ကမ်းမှာရှိ၍ အရှေ့ဖက်ကမ်းရှိအောင်လံမြို့သို့ ကားကိုဇက်ဖြင့် တင်ကာ ကူးရသည်။ အောင်လံမှရန်ကုန်သို့သွားရာတွင် ပြည်အ ထိသွားပြီးမှ ပြည်ရန်ကုန်လမ်းအတိုင်းမောင်းရမည်ဖြစ်ပါသည်။
ကားကို အောင်အောင်က မောင်းလာခဲ့သည်။ အောင် အောင် ကားမောင်းကျွမ်းကျင်သည့်အတွက် ဘာမှအခက်အခဲမရှိ ပေ။ ကျွန်တော်လည်း ယုံကြည်စိတ်ချသည်။
အောင်လံမြို့နှင့်ပြည်မြို့ကြားတွင် အကွေ့အကောက်များ သောနာမည်ကျော်]ကွေ့}တစ်ခုရှိပါသည်။ ]စကားတောင်ကိုးကွေ့} ဟုခေါ်သည်။ တောင်ကို အကွေ့ပေါင်း ၉ကွေ့ဖြင့်ပတ်ကာတက် ရသည့်အကွေ့တစ်ခုဖြစ်ပါသည်။
စကားတောင်ကိုးကွေ့၏ တတိယမြောက်ကွေ့အရောက်
တွင် အောင်အောင်သည်ကားမောင်းနေရာမှ လွှတ်ကနဲလှမ်းပြော လိုက်သည်။
]နှင်း’kက္ခရောက်နေတယ်လေးလေး၊ ကျွန်တော့်ကို တç နေတယ်}
]ဟင်..}
]နှင်း၊ နှင်း၊ ဂီယာချိန်း၊ ညာဖက်ကိုကွေ့၊ ညာဖက်ကို ကွေ့လိုက်လေနှင်း၊ ‘Dလို.. ‘Dလို..}
အဖြစ်အပျက်မှာ မြန်ဆန်လှသည်။
အောင်အောင်သည် နှုတ်မှလည်းပြောကာ.. သူမောင်း နေသောကား၏ စတီယာရင်ကိုလှည့်၍ ညာဖက်သို့ကွေ့ချိုးလိုက် လေသည်။
ကားသည် ညာဖက်ဘေးရှိချောက်ထဲသို့ဦးတည်ပြေးသွား လေ၏။ လျှင်မြန်သောအရှိန်ဖြင့် ဧရာဝတီမြစ်ထဲသို့ထိုးကျသွား လေသည်။
ကျွန်တော်က သတိကြီးစွာ ကားချောက်ထဲမကျမီ တခါး ကိုဖွင့်၍ခုန်ဆင်းလိုက်လေသည်။
ကျွန်တော်သည် ကားနှင့်အတူ ပါမသွားသော်လည်း.. ချောက်ထဲသို့ပြင်းထန်စွာကျဆင်းသွားလေ၏။ ချောက်ကမ်းပါးများ နှင့် ရိုက်မိသည့်အရှိန်ဖြင့်
ကျွန်တော်သတိလစ်မေ့မျောသွားခဲ့လေ သည်။
+ + + + + + + + +
ကားသည် ချောက်ထဲသို့ကျကာ မီးလောင်ပြီးနောက်မှ မြစ်ထဲသို့လိမ့်ကျသွားခဲ့လေသည်။ ကားနှင့်အတူ အောင်အောင် ပါသွားကာ ပွဲချင်းပြီးအသက်ဆုံးရှုံးခဲ့ရလေ၏။
ထိုအကြောင်းများကို သတိပြန်လည်လာမှ ကျွန်တော်သိ ရခြင်းဖြစ်ပါသည်။
ကျွန်တော်လည်း ပြည်ဆေးရုံမှာ တစ်ပတ်ကြာတက်ခဲ့ရ သည်။ ထို့နောက် ရန်ကုန်ဆေးရုံသို့ပြောင်းကာ တစ်လခွဲကြာ သည်အထိ ဆေးရုံတက်ခဲ့ရပြန်သည်။ ချောက်ထဲသို့ကျသွားသော
အရှိန်ဖြင့် နံရိုးသုံးချောင်းကျိုးသွားသည္လ့်ဏ်ရာအား ရက်လကြာ ရှည်အောင် ဆေးကုသမှုခံခဲ့ရသည်။ ရုံးမှ ခွင့်ရက်ရှည်ယူလိုက်ရ
သည်။
မန္တလေးမှထွက်လာပြီး ၂လကျော်ကြာမှပင် ကျွန်တော် မန္တလေးသို့ပြန်ရောက်တော့သည်။
+ + + + + + + + +
မန္တလေးပြန်ရောက်သည်နှင့် အောင်အောင့်အကြောင်းကို
ပြောပြရန် ရိုးရိုးယဉ်တို့အိမ်သို့သွားခဲ့လေသည်။
အောင်အောင်မသေမီလေးတွင် ရိုးရိုးယဉ်က သူ့ကို တç သည်ဟုပြောသွားခြင်းအား ကျွန်တော့်နားထဲမှမထွက်ပေ။
နှင်း’kက္ခရောက်နေပြီ၊ ကျွန်တော့်ကိုတçနေပြီဆိုကာ ကား ကို ညာဖက်သို့ အမြန်ချိုးကွေ့လိုက်သည့်အပြုအမူကို ကျွန်တော် မအံ့ဩပဲ မနေနိုင်။ ရိုးရိုးယဉ်သည် တကယ်ပင် ထိုအချိန်က အောင်အောင့်ကို တမ်းတခဲ့လေသလား။ ရိုးရိုးနှင့်တွေ့လျှင်
မေး ကြည့်ရမည်။ အောင်အောင့်သတင်းကိုလည်း ရိုးရိုးယဉ် သိချင် မှသိပေဦးမည်။
ရိုးရိုးတို့အိမ်ကိုအရောက်တွင် မောင်ဝင်းထိုက်ကိုသာ
က လေးထိန်းလျှက်တွေ့ရပြီး
ရိုးရိုးယဉ်ကို မမြင်မိချေ။ ကလေးမှာ တစ်နှစ်ကျော်ကျော်အရွယ်ရှိပေပြီ။
]ဟော..ဆရာပါလား၊ ဆရာကားအက်ဆီး’င့်ဖြစ်လို့ ရန် ကုန်မှာဆေးကုနေရတယ်ကြားတယ်၊ သက်သာသွားပြီလားဆရာ}
မောင်ဝင်းထိုက်က ကျွန်တော့်ကိုခရီးဦးကြိုပြုကာသတင်း မေးလေသည်။
]သက်သာသွားပါပြီမောင်ဝင်းထိုက်၊ ရိုးရိုးကောကွဲ့}
မောင်ဝင်းထိုက်က မျက်နှာပျက်သွားကာ..
]ဆရာမသိသေးဘူးထင်တယ်၊ ဆရာ့အဖြစ်နဲ့သိပ်မကွာ
ဘူးဆရာ၊ ရိုးရိုးဆုံးသွားပါပြီ}
]ဘာကွဲ့}
]ဟုတ်တယ်ဆရာ၊ ရိုးရိုးပြင်ဦးလွင်ကအပြန် ကားမှောက် ပြီးဆုံးရှာတယ်}
]ဖြစ်ရလေ၊
ဘယ်လောက်ကြာပြီလဲမောင်ဝင်းထိုက်}
]ဧပြီလ ၂၃ရက်နေ့ကပါဆရာ}
]ဟင်..}
ကျွန်တော်နှင့်အောင်အောင် ကားတိုက်မှုဖြစ်သည့်နေ့မှာ လည်း ဧပြီ၂၃ရက်ပင်ဖြစ်လေသည်။
]ဘယ်လိုဖြစ်ရတာလဲကွယ်}
]လားရှိုးကကျွန်တော့်မိဘတွေဆီသွားလည်ရာက အပြန် မှာဖြစ်သွားတာပါဆရာ၊ ပြင်ဦးလွင်အထွက်အထိကားကိုကျွန်တော် ပဲမောင်းလာတာပါ၊ ၂၁မိုင်ရောက်မှ ရိုးရိုးတစ်လှည့်မောင်းမယ်ဆို ပြီး မောင်းခဲ့တာဆရာ}
]ဪ..}
]ကလေးကလည်း
သိပ်နေမကောင်းဖြစ်နေလို့ သူမောင်း တဲ့အချိန်မှာ ကျွန်တော်က ကားနောက်ခန်းမှာ သားကိုသိပ်ရင်း လိုက်လာခဲ့တယ်ဆရာ}
]ဟင်.. ကားပေါ်မှာ မောင်ဝင်းထိုက်တို့သားအဖပါတယ် ပေါ့}
]ဟုတ်ပါတယ်ဆရာ}
]ပြောပါဦး}
]အဆင်းလမ်းနဲ့အတက်လမ်းခွဲထားတဲ့နေရာမှာ ဖြစ်သွား တာဆရာ၊ မန္တလေးနဲ့တောင်နီးနေပါပြီ၊ အက်ဆီး’င့်ဖြစ်တဲ့နေရာ ရောက်တော့ မမျှော်လင့်ပဲ နွားတစ်ကောင်က ကားလမ်းမပေါ် တက်လာတာကိုတွေ့လိုက်တယ်ဆရာ၊ နွားက လမ်းရဲ့ဘယ်ဖက် ခြမ်းကနေပြီး လမ်းမပေါ်ကိုပြေးတက်လာတာ}
]အို..}
]ရိုးရိုးလည်း နွားပြေးလာတာမြင်ပြီး ကြောက်ကြောက်နဲ့ ကားကို နွားနဲ့လွတ်အောင် ညာဖက်ဆွဲချလိုက်တယ်ဆရာ၊ အ္လီဲ မှာ ကားက ညာဖက်ချောက်ထဲကျသွားတာပဲ}
]မောင်ဝင်းထိုက်တို့သားအဖကရော}
]ချောက်နှုတ်ခမ်းကသစ်ပင်နဲ့တိုက်မိပြီး နောက်တခါးပွင့် သွားတယ်ဆရာ၊ သားနဲ့ကျွန်တော်နဲ့ ကားပေါ်ကလွင့်ကျကျန်ခဲ့ တယ်၊ ရိုးရိုးကတော့ ကားနဲ့အတူ ချောက်ထဲကျသွားတယ်ဆရာ ရယ်}
]ဖြစ်ရလေကွယ်၊ အ္လီဲလိုဖြစ်တော့ ဘယ်အချိန်လောက် လဲမောင်ဝင်းထိုက်}
]နေ့လည် ၁၁နာရီကျော်ကျော်လောက်ပါဆရာ}
]ဟင်..}
စကားတောင်ကိုးကွေ့တွင် ကျွန်တော်တို့ ကားမှောက် သည့်အချိန်ပင်ဖြစ်ပါသည်။ ရက်ကလည်း တစ်ရက်တည်း၊ အချိန် ကလည်း တစ်ချိန်တည်းပါလား။
]ရိုးရိုးကားမောင်ကျွမ်းတာ ဆရာသိပါတယ်၊ နွားကြောင့် သာ ရိုးရိုး ဂယောင်ချောက်ချားဖြစ်ပြီး ‘Dလိုတွေဖြစ်ရတာဆရာ}
]ကံပဲပေါ့ကွယ်၊ ဖြစ်ရလေ..}
]အ္လဲါဆရာ၊
ကားချောက်ထဲမကျခင်လေး ရိုးရိုးပါးစပ်က အော်သွားတဲ့စကားတစ်ခွန်းရှိတယ်၊ ကျွန်တော်ဖြင့် ရိုးရိုးဘာလို့ ‘Dလိုအော်လိုက်တယ်ဆိုတာ
ခုထိစဉ်းစားလို့မရဘူး}
]ဘယ်လိုအော်တာလဲမောင်ဝင်းထိုက်}
]ကိုကိုဇော်ရေ.. နှင်းကိုကယ်ပါဦး-တဲ့}
]ဟင်..}
]ကျွန်တော်တို့အသိထဲမှာလည်း ကိုကိုဇော်တို့ နှင်းတို့ မရှိပါဘူး}
]သတိလက်လွတ်ဖြစ်ပြီး အော်မိအော်ရာ ယောင်အော်မိ တာမျိုးဖြစ်ပါလိမ့်မယ်ကွယ်}
+ + + + + + + + +
ကိုကိုဇော်နှင့်နှင်းနှင်းဝေတစ်ဖြစ်လဲ အောင်အောင်နှင့်ရိုး
ရိုးတို့၏ ဘ၀ဆက်ချစ်သူတို့အဖြစ်ကား အထက်ပါအတိုင်းဖြစ်ပေ တော့သည်။
ဘ၀ခြားသည့်တိုင် စိတ်ချင်းဆက်သွယ်နေသည့်ချစ်သူနှစ် ဦးပင်တည်း။
ချစ်ဇောအဟုန်ကြီးမားလှပါသော်လည်း ရေစက်မပါသည့် အတွက် နှစ်ဘ၀လုံးမှာ ပေါင်းဖော်ခွင့်မကြုံခဲ့ရပေ။ ဘ၀နှစ်ခုလုံး တွင် စက်တပ်ယာဉ်ကြောင့် နှစ်ယောက်လုံးဘ၀ဆုံးခဲ့ရသည်။ ပ ထမဘ၀၌နှစ်ဦးအတူသေပွဲဝင်ခဲ့ရခြင်းဖြစ်ပြီး ဒုတိယဘ၀မှာတော့ တစ်ချိန်တည်း တစ်ပြိုင်တည်း အသက်စွန့်ခဲ့ရပြန်ပေသည်။
နောင်နောင်သော ဘ၀အဆက်ဆက်မှာတော့ သက်တူ ရွယ်မျှဖြင့် တစ်နေရာတည်းမှာဆုံဆည်းကြပါစေလို့ ဆုတောင်းပေးရုံမှတပါး...
+ + + + + + + + +
ဆောင်းလုလင်
No comments:
Post a Comment