ဆောင်းလုလင်
ကယောင်ချောက်ချား
ည
မြို့ကလေးသို့
လာရောက်စဉ်က ကျွန်မဘ၀အတွက် ထိတ်လန့်ချောက်ချားဖွယ် အကောင်းဆုံးဖြစ်ရပ်တစ်ခုနှင့်ကြုံဆုံရမည်ဟု
မထင်မှတ်ခဲ့မိပါပေ။
ကျွန်မသည်
ကျွန်မတို့ကုမ္ပဏီမှဆောက်လုပ်ရန် ကန်ထရိုက်ရထားသည့် အဆောက်အဦးအတွက် သစ်များရရှိရန်ကိစ္စဖြင့်
သည်မြို့ကလေးသို့ရောက်ရှိခဲ့ရခြင်းဖြစ်ပါသည်။
မြို့ကလေးမှာ
နယ်ခြားမြို့ကလေးပီသစွာပင် တောမက မြို့မကျဟု ဆိုရပေမည်။ မဝေး လှသောနယ်ခြားမျဉ်းကိုကျော်လျှင်
တစ်ဖက်နိုင်ငံ၏သာယာလှပသောမြို့ကိုရောက်နိုင်သော်လည်း ဤမှာဖက်ခြမ်းရှိမြို့ကလေးမှာမူ..
အေးချမ်း၍ တိတ်ဆိတ်ငြိမ်သက်လှပေသည်။
ကျွန်မက
ကားပေါ်မှဆင်းဆင်းချင်း တက္ကစီတစ်စီးကိုငှားလိုက်ကာ တည်းခိုခန်းသန့်သန့် တစ်ခုသို့ပို့ပေးရန်ပြောလိုက်သည်။
]ဒီမြို့မှာ
တည်းခိုခန်းနှစ်ခုပဲရှိတယ်၊ ဆရာမကို ပိုသန့်တဲ့တည်းခိုခန်းကို ပို့ပေးပါ့မယ်}
တက္ကစီသမားက
ခြေငံစွာပင်ပြန်ပြောကာ ဤတည်းခိုခန်းသို့ ကျွန်မကိုပို့ပေးခဲ့ခြင်းဖြစ်ပါသည်။
]လမင်းသာတည်းခိုခန်း}
တည်းခိုခန်းအမည်လေးကတော့
နှစ်လိုဖွယ်ကောင်းလှပေသည်။ တည်းခိုခန်းလေးမှာ ခြံဝင်း ထဲ၌ဆောက်လုပ်ထားပြီး နှစ်ထပ်ဖြစ်ပေသည်။
ရှေ့နှင့်နောက်ကို ရှည်လျားစွာဆောက်လုပ်ထားပေ၏။ ခြံဝင်းထဲ၌ လူနေတစ်ထပ်အိမ်တစ်လုံးကို
ခြံနောက်ဖက်ခပ်ကျကျတွင်မြင်ရခြင်းအားဖြင့် ပိုင်ရှင်များ ကတော့ ထိုအိမ်လေးတွင် နေပုံရပေသည်။
ကျွန်မကို
အသက်နှစ်ဆယ်ပတ်ဝန်းကျင် လူရွယ်နှစ်ဦးက ကြိုဆိုခဲ့ပေ၏။ နောင်မှသိရသည်မှာ သူတို့သည် တည်းခိုခန်းပိုင်ရှင်၏သားများဖြစ်ပြီး
ညီအစ်ကိုဟုသိရပေသည်။
]အစ်မဒီမြို့မှာ
နှစ်ရက်လောက်ကြာမယ်ကွယ်၊ အခန်းလိုချင်လို့ပါ}
]ရပါတယ်မမ၊
မမအတွက် အပေါ်ထပ်အခန်းကို စီစဉ်လိုက်ပါမယ်}
ပိုသွက်ဟန်တူသော
အငယ်ကောင်လေးက ခြေငံစွာပြန်ပြောရင်း.. ကျွန်မထံမှ မှတ်ပုံတင်ကတ်ပြားကိုတောင်းယူသည်။
ကျွန်မက
တည်းခိုခန်းကိုအကဲခတ်လိုက်လေသည်။
ဘေးနှစ်ဖက်၌
အခန်းသုံးခန်းစီတန်းစီလျှက် မျက်နှာချင်းဆိုင်ရှိနေပြီး.. လူသွားစင်္ကြလမ်းမှာ အလည်တည့်တည့်၌
ရှိပေသည်။ ထိုအနေအထားမှာ အောက်ထပ်၏ အနေအထားဖြစ်ပြီး ကျွန်မတည်းခိုရမည့်အပေါ်ထပ်မှာမူ
မည်သို့ရှိမည်မသိသေးပေ။
လူငယ်ကလယ်ဂျာစာရင်းစာအုပ်တွင်
ကျွန်မနှင့်သက်ဆိုင်သည့်အချက်များကို မှတ်ပုံတင် ကတ်ပြားပေါ်မှ ကူးယူပြီး တစ်၇က်စာတည်းခိုခန်းခကို
ကျွန်မထံမှ တောင်းယူလေသည်။ တစ်ည အတွက် တစ်ထောင်ဆိုသောတည်းခိုခမှာ သက်သာလှပေ၏။
]အစ်မကြီးကို
အခန်းငါးကိုလိုက်ပို့ပေးလိုက်ကိုကို}
အကြီးကောင်လေးက
အခန်းသော့ကိုလှမ်းဖြုတ်လိုက်ပြီး ကျွန်မ၏သားရေအိတ်ကိုဆွဲကာ- ]လာ-အစ်မ၊ ကျွန်တော့်နောက်ကလိုက်ခဲ့}-ဆိုပြီး
လှေကားပေါ်တက်သွားနှင့်သည်။
တည်းခိုခန်းသည်
အဆင့်မြင့်တည်းခိုခန်းတစ်ခုတော့ မဟုတ်ပါ။ နံကပ်အုတ်ဘောင်ဖြင့် ဆောက်လုပ်ထားပြီး အတွင်းရှိ
အခန်းနံရံများမှာ သစ်သားများသာဖြစ်သည်။ အပေါ်ထပ်ကြမ်းခင်း သည်လည်း သစ်သားပင်ဖြစ်သည်။
သစ်ဝါးပေါသောအရပ်မို့ထင်ပါ၏။ ကျွန်မသည်ပင် ဤမြို့သို့ သစ်ရရှိရေးအတွက်ရောက်လာရသည်မဟုတ်ပါလား။
အပေါ်ထပ်သည်လည်း
အောက်ထပ်ကဲ့သို့ပင် မျက်နှာချင်းဆိုင် အခန်းသုံးခန်းစီရှိကာ လူသွားလမ်းမှာ အခန်းများ၏အလည်တည့်တည့်၌ဖြစ်ပေသည်။
ဘယ်ဖက်အခန်းသုံးခန်းကို
၁ယ၂ယ၃ဟု အင်္ဂလိပ်လို အခန်းနံပါတ်များအစဉ်အတိုင်း ရေးထိုးထားပေ၏။ ညာဖက်အခန်းသုံးခန်းကိုတော့
၎ယ၅ယ၆ ဟုရေးထိုးထားပေသည်။
ကျွန်မအားနေရာချထားပေးသော
အခန်းနံပါတ်၅မှာ ညာဖက်ခြမ်းအလည်ခန်းဖြစ်ပေ သည်။
]အိမ်သာနဲ့ရေချိုးခန်းက
တည့်တည့်ဆက်လျှောက်သွားရင် နောက်ဖက်မှာပါအစ်မ၊ ညာဖက်ကရေချိုးခန်း၊ ဘယ်ဖက်က အိမ်သာပါ၊
ရေချိုးခန်း၂ခန်းနဲ့ အိမ်သာသုံးလုံးရှိပါတယ်၊ လွတ်လွတ်လပ်လပ်သုံးနိုင်ပါတယ်အစ်မ}
ကောင်လေးက
အခန်းတခါးမဖွင့်မီ တည်းခိုခန်းအနေအထားကို ကျွန်မအားရှင်းပြနေသည်။
]ကောင်းပါပြီကွယ်}
သူက
အခန်းနံပါတ် ၅ ၏တံခါးကိုဖွင့်လိုက်လေသည်။
တံခါးမှာ
လက်ကိုင်ဖုဖြင့်ဖွင့်ရသော တံခါးဖြစ်ပြီး ကြေးလက်ကိုင်ဖု၏ အလည်တည့် တည့်မှသော့ပေါက်ကို
သော့ချောင်းထိုးသွင်း၍ဖွင့်ရသောတံခါးမျိုးဖြစ်ပေသည်။
သူက
တခါးကိုဆွဲဖွင့်လိုက်ပြီး အခန်းထဲသို့ ဦးစွာဝင်နှင့်သည်။ မီးခလုတ်ကို ဖွင့်လိုက် သည်။
နှစ်ပေမီးချောင်းရောင်ထိန်လင်းသွားလေ၏။
သူက
ကျွန်မ၏သားရေအိတ်ကို ကုတင်ပေါ်သို့တင်ပေးကာ သော့ကိုကျွန်မလက်ထဲသို့ အပ်လိုက်သည်။
]ဘာအလိုရှိပါသေးလဲအစ်မ၊
ညစာအတွက်..}
]မမ
လမ်းမှာစားခဲ့ပါပြီကွယ်၊ ခရီးပန်းလာလို့ရေမိုးချိုးပြီး အိပ်တော့မယ်၊ ဪ.. မနက်ကျရင်သာ
မမကိုကူညီပါဦး၊ မမ သစ်တောရုံးကို သွားချင်တယ်၊ ‘ဒီမြို့ကို မမက တစ်ခါမှရောက်ဖူးတာမဟုတ်ဖူး}
]တက်စီငှားပေးလိုက်ပါမယ်မမ၊
စိတ်ချပါ၊ လိုတာရှိရင် ခေါ်လိုက်ပါ၊ ကျွန်တော်နာမည် ကိုကိုကြီး၊ ကောင်တာမှာထိုင်တာ ကျွန်တော့်ညီပါ၊
ကိုကိုလေးတဲ့}
]ကောင်းပါပြီကွယ်၊
ကျေးဇူးပါပဲ}
ကောင်လေးပြန်ထွက်သွားသည့်အခါ..
ကျွန်မက အခန်းတခါးကိုပိတ်လိုက်သည်။ သော့ကို အတွင်းမှ ခလုတ်နှိပ်၍ ပိတ်လိုက်သည်။
အခန်းအနေအထားကို
အကဲခတ်ကြည့်လိုက်၏။ အခန်းမှာ ရှည်မျောမျော ကျဉ်း မြောင်းမြောင်းဖြစ်ပေ၏။
စားပွဲတစ်လုံး၊
ကုလားထိုင်တစ်လုံးနှင့် ကုတင်တစ်လုံးကို တန်းလျှက် နေရာချထားသည်။ ထိုအရာများကို အခန်းနံရံဘယ်ဖက်တွင်ကပ်ထားပေ၏။
ညာဖက်၌ လူတစ်ကိုယ်လျှောက်သာရုံ သာကျယ်ပြောသည့် ၁ပေခွဲခန့်နေရာလွတ်ရှိပေသည်။
အခန်းထဲသို့ဝင်ဝင်ချင်း
စားပွဲကိုတွေ့ရပြီး၊ ထို့နောက် ကုလားထိုင်၊ ထို့နောက် တစ် ယောက်အိပ်ကုတင်ဖြစ်ပေသည်။
စားပွဲပေါ်၌ ခပ်ကြီးကြီးမှန်တစ်ချပ်ကို ထောင်ရုံထောင်ထားသည်။ နံရံ၌ချိတ်မထားပေ။ အခြားအပိုပစ္စည်း
တစ်စုံတစ်ခုမှမရှိပါ။ ကုတင်ပေါ်၌လည်း အုန်းဆံမွေ့ယာ ဟုထင်ရသည့် မွေ့ယာတစ်ခုပေါ်မှာ စောင်ပါးပါးတစ်ထည်ဖြန့်ခင်းထားပြီး၊
ခြေရင်း၌ခြုံစောင်တစ် ထည်ကို ခေါက်ထားပေးသည်။ ခြင်လုံယင်လုံ အဆောက်အဦး မဟုတ်ပါ၍ ခြင်ထောင်ကိုလည်း
ထောင်ထားပေးပါသည်။
ကုတင်မှာ
ဝင်ပေါက်ကိုခြေရင်းလုပ်ထားသည်မို့ ပြတင်းပေါက်က ခေါင်းရင်းဖက်၌ ရှိနေလေသည်။
နယ်မြို့ကလေးမို့
တည်းခိုခန်းအဆင့်မှာ ဤမျှလောက်ပဲရှိပေမည်။
အခန်းနံရံများမှာ
သစ်သားများမို့ ကျွန်မက စိတ်မလုံစွာ ချောင်းကြည့်ပေါက်များရှိမရှိ စေ့ငုကြည့်ရသေးသည်။
မြို့ကြီးများရှိအပေါစားတည်းခိုခန်းများ၌ ချောင်းကြည့်ပေါက်များ ဖောက်ထားတတ်သည်ဟုကြားဖူးထားသောကြောင့်ပင်။
နံရံနှစ်ဖက်လုံးကို
နံရံကပ်စက္ကူများ သေသပ်စွာကပ်ထားသည်ကိုမြင်ရမှပင် ကျွန်မလည်း အဝတ်အစားကို စိတ်လုံစွာ
လဲလှယ်မိတော့သည်။
ချမ်းအေးသည့်ရာသီဖြစ်သော်လည်း
လမ်းမှာ ဖုန်သဲများ ကပ်ငြိပြီး ငြီးစီစီဖြစ်လာသည်မို့ ရေချိုးမှဖြစ်ပေမည်။
သွားတိုက်ဆေးနှင့်သွားပွတ်တံကို
ခရီးသွားလျှင်ဆောင်မြဲဖြစ်သော်လည်း.. ဆပ်ပြာခဲကိုမူ ယူလေ့ယူထမရှိပါ။ ဟိုတယ်များ၌ ရေချိုးခန်းထဲတွင်
ဆပ်ပြာ၊ခေါင်းလျှော်ရည်ထုတ်များထား ပေးတတ်၍ဖြစ်သည်။ သည်မြို့ကလေးကိုလာရာမှာတော့ ကျွန်မက
အဆင့်မြင့်ဟိုတယ်များမရှိ ကြောင်းသိထားသည်မို့ ကိုယ်တိုက်ဆပ်ပြာကိုလိုလိုမယ်မယ်ဆောင်ခဲ့ပေသည်။
ဆပ်ပြာ ယူလာမိသည်မှာ အတော်ပင်ဖြစ်သွားပေ၏။
ကျွန်မက
သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဆပ်ပြာများ ထည့်ထားသော ကျွတ်ကျွတ်အိတ်ကလေးကို သားရေအိတ်ထဲမှ
ထုတ်ယူလိုက်သည်။ ထမီကိုရင်မလျားတော့ပဲ၊ မျက်နှာသုတ်ပုဝါကို ကိုယ်တွင်ပတ်ကာ ရေချိုးခန်းရှိရာသို့ထွက်ခဲ့လေ၏။
စင်္ကြလမ်းတွင်
အခြားအခန်းများကိုအကဲခတ်ကြည့်လိုက်ရာ.. ကျွန်မအခန်းနှင့် မျက်နှာချင်းဆိုင် အခန်းနံပါတ်
၁ယ၂ယ၃-များ၌ တည်းခိုသူများရှိသည်ကိုသိလိုက်ရသည်။ အခန်းမီးများကိုထွန်း ထား၍ တခါးအပေါ်ဖက်တရုပ်ကပ်များကြားမှ
မီးရောင်များလျှံကျ နေပေသည်။ အခန်းနံပါတ်-၂ထဲမှ ကလေးငယ်တစ်ယောက်အသံ ကိုလည်းကြားလိုက်ရသည်။
လူတစ်ယောက်လှေကားမှတက်လာ၍
ကျွန်မ၏ဘယ်ဖက် ခန်းဖြစ်သော အခန်းနံပါတ်-၄ထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရပြန်သည်။
အပေါ်ထပ်အခန်းငါးခန်း၌
တည်းခိုသူများ အပြည့်ရှိနေသည်ပဲ။
ကျွန်မက
ကျွန်မအခန်း၏ညာဖက်ကပ်ရက် အခန်းနံပါတ် ၆ရှေ့မှဖြတ်လျှောက်လာခဲ့ လေသည်။ အခန်းနံပါတ်၆တွင်မူ
တည်းခိုသူရှိပုံမရ။ မီးထွန်းထားသည်ကိုလည်း မမြင်မိချေ။
+
+ + + + + + + +
နောက်တစ်နေ့မနက်တွင်
ကျွန်မတာဝန်ရှိသည့်အတိုင်း သစ်တောရုံးသို့ သွားရောက် ခဲ့လေသည်။
ကိုကိုကြီးတို့ညီအစ်ကိုငှားပေးထားသောတက်စီဖြင့်
သွားရောက်ခဲ့ရာ အဆင်ပြေခဲ့ပါသည်။
သစ်တောရုံး၌
လုပ်ဆောင်စရာကိစ္စများကို ဆက်တိုက်ဆောင်ရွက်လိုက်ရာ ရုံးဆင်းချိန် တိုင်သည်ထိပင် အချိန်ကုန်လွန်
သွားလေ၏။ လူလည်း အတော်ပင်ပန်းသွားလေပြီ၊ ကိစ္စများအား လုံး တစ်နေ့ထဲနှင့်ပြီးစီးသွားသည်ကိုပင်
ဝမ်းသာရတော့သည်။
အဆင်ပြေအောင်
ကူညီပေးသော ဝန်ထမ်းများနှင့် အရာရှိကို ပြန်လည်ကျေးဇူးပြုဖို့ တာဝန်ရှိသည်မို့ ကျွန်မက
ညစာကျွေးရန်ချိန်းဆိုထားခဲ့ပေသည်။
ရုံးဆင်းချိန်ထိစောင့်ကာ
ကျွန်မငှားထားသည့်ကားနှင့်ပင် စားသောက်ဆိုင်သို့သွားရောက် ခဲ့ရလေ၏။ ကျွန်မမှာ သည်မြို့ကို
တစ်ခါမှမရောက်ဖူးသူမို့ သန့်ပြန့်ကောင်းမွန်သောဆိုင်ကို ကားဆရာကိုပင် ရွေးချယ်ခိုင်းရလေသည်။
သစ်တောရုံးဝန်ထမ်းများကို
ညစာကျွေးမွေးအပြီးတွင် အမျိုးသမီးဝန်ထမ်းလေးကို ကျွန်မ၏တက်စီနှင့်ပင် အိမ်အရောက် လိုက်ပို့ပေးလိုက်ပါသည်။
ထို့ကြောင့်
လမင်းသာတည်းခိုခန်းသို့ ကျွန်မပြန်ရောက်ချိန်မှာ ည၈နာရီဖြစ်သွားလေ၏။
ကျွန်မ၏နမော်နမဲ့နိုင်ပုံ၊
အလျှင်စလိုရှိတတ်ပုံများကြောင့် ထိတ်လန့်ချောက်ချားဖွယ် ထောင်ချောက်အတွင်းသို့ သက်ဆင်းရောက်ရှိရသည်မှာ
လမင်းသာတည်းခိုခန်းတွင်တည်းခိုသော ဒုတိယည- ယခုညပင်ဖြစ်ပါတော့သည်။
+
+ + + + + + + +
တစ်နေ့လုံး
ပင်ပန်းထားသည်မို့ ကျွန်မရေချိုးဖို့လိုအပ်ပါသည်။
ကျွန်မက
အပြင်သွားသောအဝတ်အစားကိုလဲကာ ထမီအနွမ်းကိုပြောင်းဝတ်ပြီး ရင်လျှား လိုက်သည်။ မျက်နှာသုတ်ပုဝါကို
ပခုံးလုံသည်အထိ ခြုံလိုက်သည်။ ပြီး.. စားပွဲပေါ်တွင် သည်အ တိုင်းတင်ထားခဲ့သည့် သွားတိုက်ဆေးနှင့်ဆပ်ပြာပါသော
ကျွတ်ကျွတ်အိတ်ကလေးကိုဆွဲယူ လိုက်၏။ စားပွဲပေါ်တွင် နံရံ၌မှီထောင်ထားသောမှန်ရှေ့၌ ကျွန်မ၏မိတ်ကပ်ဗူးများ၊
ဘီးနှင့် အိုင်းလိုင်နာဗူးများ ပြန့်ကျဲနေလေသည်။
ကျွန်မက
ဆပ်ပြာပါသောကျွတ်ကျွတ်အိတ်ကို တစ်ဖက်မှဆွဲကာ၊ တစ်ဖက်က အခန်း သော့တွဲကိုကိုင်ရင်း အခန်းထဲမှထွက်ခဲ့လေသည်။
ကျွန်မ၏အခန်းနံပါတ်၅ကို
သော့ပိတ်ထားခဲ့ရန်လည်း မမေ့ပါပေ။
ထို့နောက်
ရေချိုးခန်းရှိရာသို့ထွက်လာခဲ့ပါ၏။
ရေမိုးချိုးပြီး၍
ရေချိုးခန်းထဲမှ ကျွန်မပြန်ထွက်လာချိန်တွင် တည်းခိုခန်းအပေါ်ထပ်တစ်ခုလုံး တိတ်ဆိတ်နေလေသည်။
အချိန်မှာလည်း ညကိုးနာရီလောက်ရှိပြီထင်ပါသည်။ အခန်းမီးများ ပိတ်ထားသည့်အတွက် စင်္ကြလမ်းတစ်ခုလုံး
မှောင်၍နေပါသည်။
ကျွန်မ၏အခန်းတစ်ခုထဲမှအလင်းရောင်ကသာ
စင်္ကြလမ်းတလျှောက် ခပ်မှိန်မှိန်ကျနေ လေ၏။ ထိုကဲ့သို့ အခန်းထဲမှဖိတ်လျှံကျနေသောမီးချောင်းအရောင်ကို
ကျွန်မအခန်းထဲမှအရောင် ဟု ထင်မှတ်ခဲ့မိသည်ကပင် ကျွန်မအမှားဖြစ်တော့သည်။
ကျွန်မသည်
မီးလင်းနေသောအခန်းရှေ့ရောက်သည်နှင့် လက်ထဲမှ အခန်းသော့ဖြင့် ကြေးဝါလက်ကိုင်ဖုလုံးလေးအတွင်းသို့
ထိုးထည့်လိုက်လေသည်။ သော့တံအလွယ်တကူ ဝင်သွားသည်နှင့်အတူ ဘုလုံးကို ညာဖက်သို့လှည့်လိုက်သည်နှင့်
အခန်းတခါးမှာ အလွယ်တကူ ပွင့်ဟသွားလေ၏။
ကျွန်မက
တခါးသော့ကိုဖြုတ်ပြီး အခန်းထဲသို့ ဝင်လိုက်ကာ တခါးကိုနောက်ပြန် ဆောင့်ပိတ်လိုက်သည်။
ထို့နောက်
လက်ထဲမှ ဆပ်ပြာနှင့်သွားတိုက်ဆေးပါသော ကျွတ်ကျွတ်အိတ်ကလေးကို အခန်းဘယ်ဖက်ရှိ စားပွဲပေါ်ပစ်တင်လိုက်၏။
ထိုခဏမှာပဲ..
ကျွန်မသည် ကျွန်မတည်းခိုသောအခန်းမဟုတ်သည့် အခြားအခန်းတစ်ခု သို့ မှားယွင်းဝင်ရောက်မိပြီဖြစ်မှန်း
သိလိုက်ရတော့သည်။
ဘုရား
.. ဘုရား ..
ကျွန်မရင်တွေတုန်သွားသည်။
စားပွဲပေါ်၌
မှန်တစ်ချပ်ကို နံရံ၌ ခပ်စောင်းစောင်းမှီပြီး ထောင်ထားသည်ကိုသာ တွေ့ရသည်။ မှန်ရှေ့တွင်
ကျွန်မထားခဲ့သော မိတ်ကပ်ဗူး၊ အိုင်းလိုင်းနာ၊ ဘီး စသည်များ ရှိမနေပါ။ ပျောက်ဆုံးသွားခြင်းမျိုးမဟုတ်။
ကျွန်မ နမော်နမဲ့ဖြင့် အခန်းမှားဝင်ခဲ့ခြင်း သာဖြစ်ပါသည်။
အခန်းမှားဝင်ကြောင်းကို
မှန်ထဲတွင် ပေါ်နေသောပုံရိပ်တစ်ခုက သက်သေခံလျှက် ရှိလေသည်။ မှန်ကို စားပွဲပေါ်တွင် ခုနစ်ဆယ်ဒီဂရီခန့်စောင်း၍
နံရံကိုမှီလျှက် ထောင်ထားခြင်းဖြစ် ပါ၏။ မှန်ထဲတွင် မှန်နှင့်တည့်တည့်ဖြစ်သောနေရာမှ
ပုံရိပ်သည် ထင်းထင်းကြီးပေါ်လျှက်ရှိ လေသည်။
ကုတင်ပေါ်တွင်..
ပက်လက်ကြီး အိပ်စက်လျှက်ရှိသော ယောက်ျားကြီးတစ်ယောက်၏ ပုံရိပ်ပင်ဖြစ်ပါသတည်း။ မှန်မှာ
အထက်ဖက်သို့ ခပ်စောင်းစောင်းရှိနေရာ အိပ်စက်နေသော လူကြီး၏ ပုံရိပ်ကို ပခုံးမှခေါင်းအထိသာ
ပေါ်ထင်နေစေပါ၏။ လူကြီးသည် နှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေလိုက်သည်မှာ မေးရိုးကြီးကအပေါ်သို့ထောင်လျှက်၊
ပါးစပ်ကြီးဟလျှက်ရှိလေသည်။ ဟနေသောပါးစပ်ထဲမှ သူ၏ခေါသောသွားကြီးသည် မိုးပေါ်သို့မျှော်လျှက်ရှိလေ၏။
သူ၏ပါးစုန့်ကြီးများကဖောင်းမို့ကာ ဘေးသို့ကားထွက်လျှက်ရှိပေ၏။ အသက်ငါးဆယ်ကျော် အရွယ်
လူကြီးတစ်ယောက်ပင်ဖြစ်ပါသတည်း။
ကျွန်မ၏ရင်သည်လည်း
တဒိန်းဒိန်းခုန်လျှက်ရှိလေပြီ။
ယောက်ျားကြီးတစ်ယောက်
အိပ်စက်နေသောအခန်းကို ကျွန်မမှားယွင်း၍ ဝင်ခဲ့မိပြီ။ သူ နိုးမနေ၍တော်ပါသေးသည်။
ကျွန်မသည်
အသံမထွက်အောင် သတိကြီးစွာထားကာ နောက်ဖက်သို့ပြန်၍ လှည့်လိုက်သည်။
တခါးလက်ကိုင်ဖုကို
အသံမမြည်အောင် အသာလှည့်၍ ဖွင့်လိုက်သည်။ အခန်းထဲ ကိုဝင်လာစဉ်က တခါးကို နောက်ပြန် တွန်းပိတ်လိုက်ရာ
အသံအတော်မြည်သွားသော်လည်း သူနိုးမလာသည်ကိုထောက်၍ သည်လူကြီး အတော်အအိပ်ကြီးပုံရပါသည်။
ကျွန်မက
တစ်ကိုယ်စာပွင့်သွားသော တခါးပေါက်မှတစ်ဆင့် အပြင်သို့ အသာလှမ်းထွက် လိုက်လေသည်။
အခန်းအပြင်သို့
ရောက်ခါမှပင် လွတ်လပ်သွားသလိုဖြစ်ကာ ]ဟင်း..}ကနဲ သက်ပြင်း ကိုချလိုက်မိတော့သည်။
စင်္ကြလမ်းမမှာမူ
တိတ်ဆိတ်နေဆဲ- -
ကျွန်မအခန်းမှားဝင်သည်ကို
မည်သူမှမသိလိုက်၍ တော်ပါသေးသည်။
အခန်းအပြင်ရောက်မှပင်
ကျွန်မ မှားဝင်သောအခန်းမှာ ညာဖက်အစွန်မှ အခန်းနံပါတ်၆ ဖြစ်သည်ကို၎င်း၊ လျှပ်စစ်မီးအရောင်သည်
ကျွန်မ၏အခန်းနံပါတ်၅ နှင့် ထိုအခန်းနံပါတ်၆ တို့မှ ဖိတ်ကျနေသည်ကို၎င်း သတိထားမိတော့သည်။
နမော်နမဲ့နိုင်လှသောကျွန်မက အရင်ဆုံးတွေ့သည့်အခန်းကို ကိုယ့်အခန်းဟုမှတ်ယူကာ မှားဝင်ခဲ့ခြင်းပင်ဖြစ်ပါတော့သည်။
ကျွန်မက
အလျင်အမြန်ပင် မိမိအခန်းနံပါတ်၅ကို သော့ဖွင့်၍ ဝင်ရောက်လိုက်သည်။ ထိုအခါမှ ကျွန်မ၏
အတွေးထဲ၌ သော့နှင့်ပတ်သက်၍ မှားယွင်းချွတ်ချော်မှုတစ်ခုကိုသတိပြုမိလိုက် လေသည်။
ကျွန်မအခန်းနံပါတ်၅နှင့်
ဟိုလူကြီး၏အခန်းနံပါတ်၆တို့၏သော့တံများ ဘာကြောင့်တူညီနေရသနည်း။ အမှန်မှာ အခန်းတစ်ခုနှင့်တစ်ခု
သော့တံများ တူညီစရာမလိုချေ။ မတူညီအောင်လည်း ဂရုစိုက်ထားရမည်။ သို့မဟုတ်ပါက တည်းခိုသူအချင်းချင်း
မသမာစိတ်ဖြင့် အခန်းတွင်း ခိုး၍ဝင်ရောက်မှုမျိုးဖြစ်လာနိုင်သည် မဟုတ်ပါလား။
တကယ်တော့
သော့ထုတ်လုပ်သည့်ကုမ္ပဏီများသည်လဲ အမျိုးအစားကွဲပြားသည့်သော့တံ များကိုသာ ထုတ်လုပ်တတ်ကြပါသည်။
ယခုဖြစ်ပုံက တည်းခိုခန်းတစ်ခုတည်းမှာ ကပ်ရက်အခန်း နှစ်ခု၏သော့ပေါက်ချင်း ဆင်တူဖြစ်နေသည်။
တည်းခိုခန်းပိုင်ရှင်များပင် သတိထားမိပါစ။
ကျွန်မက
အခန်းထဲပြန်ရောက်ရောက်ချင်း သော့ချင်းတူ နေသည့်အကြောင်းကိုစဉ်းစား ကာ မှန်တင်ထားသောစားပွဲရှေ့မှကုလားထိုင်တွင်
စိတ်မောမောဖြင့်ဝင်ထိုင်လိုက်သည်။ ကျွန်မ မှားဝင်ခဲ့သောအခန်းနှင့် ကျွန်မအခန်းမှာ အားလုံးဆင်တူဖြစ်နေသည်ကို
သတိပြုမိ၏။ အခန်း အားလုံးကို ဆင်တူတည်ဆောက်ထားခြင်း ဖြစ်ပုံရပါသည်။
ကျွန်မသည်
ကိုယ့်ကိုကိုယ်မှန်ထဲပြန်ကြည့်ရင်းမှ ထမီရင်လျှားနှင့်အနေအထားကို သတိပြု မိလိုက်သည်။
အဝတ်အစားလဲရန် ထိုင်နေရာမှထလိုက်သည်။
ထိုစဉ်မှာပဲ
ကျွန်မ၏ နမော်နမဲ့နိုင်မှုတစ်ခုကို သတိရလိုက်ကာ ကိုယ့်ကိုကိုယ်ပင် ကျိန်ဆဲလိုက်မိလေတော့သည်။
တစ်ဖက်ခန်းထဲတွင်
ကျွန်မ၏ သွားတိုက်ဆေးနှင့်ဆပ်ပြာထည့်ထားသောကျွတ်ကျွတ်အိတ် ကလေးကျန်ခဲ့ပါပြီကော။ အခန်းမှားပြီဟုသိသိချင်း
စိတ်များပြာဝေသွားကာ စိတ်မြန်လက်မြန်ဖြင့် ထွက်ပြေးလာခဲ့ရာ စားပွဲပေါ်တင်လိုက်မိသည့်
ကျွတ်ကျွတ်အိတ်ကို ပြန်ယူရန်မေ့ကျန်ခဲ့ခြင်း ပင်ဖြစ်တော့သည်။
ကျွန်မ
ကျွတ်ကျွတ်အိတ်ကိုပြန်ယူသင့်သလား။ ‘ဒီအတိုင်းပဲထားလိုက်သင့်သလား။
မဖြစ်ပါ။
ထား၍မဖြစ်ပါ။ ထိုအခန်းထဲသို့ ကျွန်မရောက်ရှိခဲ့ကြောင်း သက်သေကျန်နေပါ လိမ့်မည်။ ထိုအခန်းထဲသို့
ကျွန်မ ဘာကြောင့်ရောက်ရသနည်း။ ဘေးလူများက ကျွန်မကို သံသယဝင်ကြတော့မည်။ အခန်းရှင်ကလည်း
သူ့အခန်းကို ခိုးဝှက်ရန်ဝင်ရောက်သည်ဟု ထင်သွားလျှင်မခက်ပါလား။ ကျွတ်ကျွတ်အိတ်ကို အခြားဧည်သည်များက
သူ့တို့ပစ္စည်းမဟုတ် ကြောင်း ငြင်းလိုက်ရုံနှင့် အခန်းနံပါတ်၆ထဲသို့ရောက်ခဲ့သူမှာ ကျွန်မဖြစ်ကြောင်း
ဘွင်း ဘွင်းကြီးပေါ်သွားနိုင်ပါသည်။
ကျွန်မသိက္ခာကို
အထိပါးမခံနိုင်ပါ။ ဟိုလိုသည်လိုအထင်မခံနိုင်ပါ။
သို့သော်..
ကျွန်မပစ္စည်းကို
ကျွန်မမည်သို့သွားယူမည်နည်း။ နောက်တစ်ခေါက် ထိုအခန်းထဲသို့ ကျွန်မမသွားရဲတော့ပါ။ ဟိုလူကြီး
နိုးနေလျှင် ဘယ်လိုလုပ်မလဲ။ ကျွန်မကိုများ ..၊ ကျွန်မဆက်မတွေး ရဲတော့။
ကျွတ်ကျွတ်အိတ်ကို
သည်အတိုင်းထားလိုက်ဖို့ကိုလည်း ကျွန်မမလုပ်နိုင်ပါ။ မည်သို့ပင် ဖြစ်စေ ကျွန်မပစ္စည်းများပါသောအိတ်ကို
ရအောင်ပြန်ယူရပေမည်။
ဟိုလူကြီးနိုးလာသည်အထိစောင့်ပြီးမှ
အကျိုးအကြောင်း ပြောပြပြီး ပြန်တောင်းရင် ကော..၊ အမလေး.. မဖြစ်၊ မဖြစ်၊ ကျွန်မအခန်းမှားရောက်မိပါတယ်ဆိုတာကို
သူကယုံပါ့မလား။ တခြားလူတွေကိုပြန်ပြောပြရင်ကော။
အသက်သုံးဆယ်ကျော်၊
လေးဆယ်နီးပါးအရွယ်ထိ အပျိုကြီးဘ၀ဖြင့် သန့်ရှင်းစွာနေခဲ့သော ကျွန်မသိက္ခာများ ကျရချည်ရဲ့။
သည်တော့
ကျွန်မပစ္စည်းကို သူမနိုးခင်၊ သူမသိအောင် ပြန်ယူဖို့သာရှိပါတော့သည်။ သူအအိပ်ကြီးပုံနဲ့
မနိုးလောက်သေးပါဘူးလေ။ ကျွန်မက ဘေးအခန်းထဲကို နောက်တစ်ခေါက်ပြန် သွားဖို့ဆုံးဖြတ်လိုက်သည်။
ဟိုလူကြီးနိုး-မနိုးသေချာစေ၇န်
သူအိပ်နေသောနေရာနှင့် တည့်တည့်ရှိ ကျွန်မ အခန်းထဲမှနေ၍ နံရံနားကပ်ကာ နားထောင်ကြည့်လိုက်သည်။
ဘာအသံမှမကြားရပါ။ ဟောက်သံပင်မကြားရပါ။ ဘုရားသိကြားမလို့၊ သူနိုးမနေပါစေနဲ့။
ကျွန်မသည်
ဆုံးဖြတ်ပြီးသည်နှင့် အဝတ်အစားကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် ဆွဲဆန့် လိုက်သည်။ မျက်နှာပေါ်၌မူ
သနပ်ခါးတစ်စ၊ မိတ်ကပ်တစ်မှုန်ပင် မတင်ဖြစ်သေး။ အဝတ်အစားလုံ ခြုံမှုကိုသာဂရုစိုက်ကာ ရေချိုးပြီးစမျက်နှာအပြောင်သားနှင့်ပင်
ကျွန်မအခန်းအပြင်ထွက်လိုက် သည်။
စင်္ကြလမ်းမှာမူ
တိတ်ဆိတ်မဲမှောင်နေဆဲ။ အလင်းရောင်ဆို၍ ကျွန်မတို့အခန်းနှစ်ခန်းမှ ဖိတ်လျှံကျလာသောမီးချောင်းအရောင်သာရှိလေသည်။
ကျွန်မသည်
မာန်ကိုတင်း၍ အခန်း၆ရှေ့တွင် ရပ်လိုက်လေသည်။ ကျွန်မရင်များက ကြောက်စိတ်၊ စိုးရိမ်စိတ်၊
မလုံလဲသောစိတ်များဖြင့် တ္လိန်း’dန်းခုန်လှုပ်လျှက်ရှိလေသည်။ ဒီတစ်ခါ ဝင်ရမှာက တကယ်ကိုခိုးဝင်ရမှာ၊
သော့တံကိုကိုင်ထားသောကျွန်မလက်များသည်
တဆတ်ဆတ်တုန်လျှက်ရှိလေ၏။
အခန်းတခါးရွက်တွင်ကပ်ထားသော
အခန်းနံပါတ်ဖော်ပြသည့်သံပြားလေးကိုကြည့်လိုက် မိရာ.. ကျွန်မ အခန်းမှားဝင်ခဲ့ရပုံကို
မိမိဖာသာသဘောပေါက်လိုက်ရလေ၏။ အခန်းတိုင်း၏တခါး ရွက်၌ အခန်းနံပါတ်ကို လက်တစ်ဝါးခန့်သံပြားပေါ်တွင်
သင်္ဘောဆေးဖြင့်ရေး၍ သံဖြင့်ရိုက်ကပ် ထားပေသည်။ ဆေးအဖြူခံကာ နံပါတ်ကို အနက်ရောင်ဖြင့်
အင်္ဂလိပ်လို ရေးထားခြင်းဖြစ်ပါ၏။
ကျွန်မက
အခန်းနံပါတ်၆၏ နံပါတ်ပြားကိုကြည့်လိုက်ရာ ခြောက်ဂဏန်း၏ဘယ်ဖက် အောက်နားနှင့် အပေါ်ပိုင်းနေရာတွင်
သင်္ဘောဆေးများကွက်၍ကွာနေသည်ကိုတွေ့ရလေ၏။ ထို့ကြောင့် ခြောက်ဂဏန်းသည် ရုတ်တရက်ကြည့်သော်
ငါးဂဏန်းနှင့်တူနေပေသည်။ ကျွန်မ သည် နမော်နမဲ့နိုင်လှသည့် ဗီဇအတိုင်း ၅ဂဏန်းထင်ကာ အခန်းမှားဝင်ခဲ့ခြင်းပဲ
ဖြစ်လိမ့်မည်။
ကျွန်မက
တုန်ယင်သောလက်များဖြင့်ပင် သော့တံကိုထိုးသွင်းကာ အခန်းတခါးကို ဖွင့်လိုက်လေသည်။
အခန်းတခါးပွင့်သွားပါပြီ။
ကျွန်မသည်
တခါးချပ်ကိုအနည်းငယ်ဟရင်း အခန်းတွင်းသို့ချောင်းကြည့်လိုက်သည်။ ဟိုလူကြီးက ကျွန်မမြင်ခဲ့ရသည့်ပုံစံအတိုင်း
အိပ်မောကျနေဆဲပင်ဖြစ်ပါ၏။
ကျွန်မအနည်းငယ်ရဲတင်းသွားသည်။
တခါးကို
ပို၍ဟကာ အခန်းထဲသို့ ခြေတစ်လှမ်းချလိုက်သည်။ နောက်ထပ်တစ်လှမ်း..
စားပွဲပေါ်မှ
ကျွန်မ၏ကျွတ်ကျွတ်အိတ်ကိုလှမ်းကြည့်လိုက်ရာ ကျွန်မတင်ထားသည့်အတိုင်း တွေ့လိုက်ရ၏။
ကျွန်မက
ဆတ်ကနဲရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် လှမ်းလိုက်သည်တွင် စားပွဲအနီးသို့ ရောက်သွားလေ၏။
ကျွန်မသည်
လျှင်မြန်စွာပင် ကျွတ်ကျွတ်အိတ်ကလေးကို လှမ်းဆွဲယူလိုက်၏။ စားပွဲ ပေါ်တွင်မူ ကျွတ်ကျွတ်အိတ်ပေါ်တွင်
စိုနေသောရေစက်ရေပေါက်များ ထင်ကျန်ခဲ့လေပြီ။
ကျွန်မသက်ပြင်းချလိုက်သည်။
ကျွန်မပစ္စည်းကျွန်မလက်ထဲပြန်ရောက်ပေပြီ။ အခန်း ထဲမှထွက်ဖို့သာရှိတော့၏။
သည်အခန်းထဲမှ
အောင်မြင်စွာထွက်လိုက်သည်နှင့် ဒီအခန်းထဲသို့ ကျွန်မရောက် ရှိခဲ့ကြောင်း မည်သူမှသိတော့မည်မဟုတ်။
တော်ပါသေးရဲ့
..
ကျွန်မသည်
အခန်းတွင်းမှ အောင်မြင်စွာဆုတ်ခွာရန်ဟန်ပြင်လိုက်လေသည်။
ထိုစဉ်မှာပဲ
ကျွန်မစိတ်ထဲ၌ ကုတင်ပေါ်တွင်အိပ်နေသော လူကြီးကိုကြည့်ချင်စိတ်ပေါက် လာသည်။ လူ့စိတ်များ
ဆန်းကြယ်ပါပေ့။ အကျပ်အတည်းမှလွန်မြောက်သည်နှင့် ကြုံခဲ့ရသည့် အကျပ်အတည်းကို မေ့သွားပြန်သည်။
သူ့အခန်းထဲ လူစိမ်းတစ်ယောက် နှစ်ခေါက်ဝင်လာသည် ကို မသိအောင်ပင် အအိပ်ကြီးလှသောလူကြီးကို
လှောင်ပြောင်ရယ်မောလိုစိတ်ပေါက်လာသည်။
ကျွန်မသည်
ချက်ချင်းနိုးမလာနိုင်သေးတာ သေချာလှသည့်လူကြီးကို တ၀ကြီးကြည့်ရန် သူ့ကုတင်ဆီသို့ အကြည့်ကို
ရွှေ့လိုက်လေ၏။
ကျွန်မမှားသွားပါပြီ။
ကျွန်မ
အခန်းထဲမှလွတ်မြောက်နိုင်ပါရက် အလွယ်တကူ ဘာလို့မထွက်ခွာမိပါလိမ့်။
ကုတင်ပေါ်မှလူကြီးကို
ကြည့်လိုက်မိခြင်းကပင် ကျွန်မအမှားဖြစ်ခဲ့လေပြီ။
ကုတင်ပေါ်မှလူကြီး၏
ပကတိမြင်ကွင်းကို ထင်ရှားစွာမြင် လိုက်ရသည်နှင့် ကျွန်မမျက်လုံး များ ပြာဝေသွားလေသည်။
ထိတ်လန့်စိတ်ဖြင့် နားထင်ဆီသို့ သွေးများဆောင့်၍တိုးလိုက်ရာ မိုက်ကနဲပင်ဖြစ်သွားရတော့၏။
ရင်များကလည်း တဒိန်းဒိန်းဆောင့်တိုး ခုန်လှုပ်လာလေပြီ။
ကုတင်ပေါ်မှမြင်ကွင်းကား
..
သွေးပျက်ချောက်ချားဖွယ်
ကောင်းလွန်းလှပေ၏။
လူကြီးသည်
အိပ်နေခြင်းမဟုတ်။
သေနေခြင်းဖြစ်ပါသည်။
သူသည်
သူတစ်ပါး၏သတ်ဖြတ်မှုကြောင့် မရှုမလှ အသက်ထွက်ကာ သေပွဲဝင်နေခြင်းပင် ဖြစ်တော့သည်။
သူ၏ရင်ဝတွင်
တဆုံးစိုက်ဝင်နေသည့် “ဓားမြှောင်က လူသတ်ခံရခြင်းကို ရှင်းလင်းစွာ ဖော်ပြလျှက်ရှိပေသည်။
ပထမတစ်ခေါက်က
ကျွန်မသည် ကုတင်ပေါ်မှထိုလူ၏ မြင်ကွင်းကို သေချာစွာ မမြင်တွေ့ခဲ့ရပါ။ အခန်းမှားပြီဆိုတာ
သိသည်နှင့် သူရှိရာသို့လှည့်မကြည့်တော့ပဲ အလျှင် အမြန်ပြေးထွက်ခဲ့မိခြင်းဖြစ်ပါသည်။
ထိုစဉ်က သူ့အသွင်ကို ကျွန်မသည် မှန်ထဲမှတစ်ဆင့်သာ မြင်ခဲ့ရခြင်းဖြစ်ပါသည်။ မှန်သည်လည်း
စားပွဲပေါ်၌ အပေါ်ဖက်သို့ အနည်းငယ်မော့်၍ ထောင် ထားခြင်းဖြစ်လေရာ စားပွဲထက်နိမ့်သော ကုတင်ပေါ်မှထိုလူ၏အပေါ်ပိုင်းကိုသာ
မြင်ခဲ့ရခြင်း ဖြစ်လေသည်။ မှန်ထဲ၌ သူ၏သွင်ပြင်ကို ပခုံးမှဦးခေါင်းအထိသာမြင်တွေ့နိုင်ပါသည်။
ရင်ပတ်၌စိုက်နေသော”m;သည်
မှန်မြင်ကွင်းထဲ၌ လာ၍ ထင်ဟပ်ခြင်းမရှိပါ၍ ကျွန်မက သူ့ကို သာမန်အိပ်ပျော်နေသည်ဟုသာ ထင်မှတ်ခဲ့ခြင်းဖြစ်ပါသည်။
အိပ်နေသည်အထင်ဖြင့်ပင်
အခန်းထဲမှ ထွက်ခွာခဲ့ရလျှင် အကောင်းသား။ အခုတော့ စပ်စုလိုသောကျွန်မစိတ်ကြောင့် အနိဌာရုံမြင်ကွင်းကို
ကျွန်မမြင်လိုက်ရလေပြီ။
လူကြီးသည်
မကြာခင်ကမှ အသတ်ခံထားရခြင်းဖြစ်ပေမည်။ ကျွန်မ ‘ဒီအခန်းထဲကို ပထမအခေါက်မရောက်ခင်ကလေးကမှပေါ့။
သွေးများက
သူ့ရင်ပတ်မှ လတ်လတ်ဆတ်ဆတ် စီးကျ နေဆဲဖြစ်၏။ သွေးများသည် ကုတင်ပေါ်မှတစ်ဆင့် ကြမ်းပြင်ပေါ်သို့စီးကျကာ
ကျွန်မရပ်နေသော အခန်းတခါးနားအထိပင် သွေးစီးကြောင်းကြီးက စီးဆင်းလျှက်ရှိပေသည်။
ကျွန်မက
ခြေထောက်နှင့်ထိလုနီးပါးဖြစ်နေသော သွေးစီးကြောင်းကြီးကို ကြောက်ရွံ့စွာ ငုံ့ကြည့်လိုက်သည်။
ကြောက်စိတ် ဖြင့် ကျွန်မခြေများရွှေ့မရတော့ပါ။ ကျွန်မ္လူးများသည် ညွှတ်ခွေ ကာ ယိုင်ကျတော့မတတ်ရှိချေပြီ။
ကျွန်မ
ဘာလုပ်ရမလဲ၊ ကျွန်မ ဘာလုပ်ရမလဲ..
ကျွန်မသည်
လောလောလတ်လတ်လူသတ်ခံထားရသော အလောင်းတစ်လောင်းနှင့်အတူ အခန်းတစ်ခန်းထဲမှာရှိနေခဲ့ပြီ။
ကျွန်မကိုလူသတ်တရားခံအဖြစ်
စွတ်စွဲကြတော့မည်လား။
ကျွန်မအားကိုတင်းလိုက်သည်။
ရပ်နေရာမှ
အားတင်းကာ နောက်ဖက်သို့လှည့်လိုက်၏။
ကျွန်မလက်ထဲတွင်
ကျွန်မကျန်ရစ်ခဲ့သောပစ္စည်းရှိနေပြီ၊ လောလောဆယ်တွင် ကျွန်မ ကိုယ်လွတ်ရုန်း၍ သည်အခန်းထဲမှ
ခွာရပါမည်။
လက်တွေ့ဆန်သောအတွေးကို
တွေးမိသည်နှင့် ကျွန်မ ဘာကိုမှစဉ်းစားမနေတော့ပဲ အခန်းတခါးကိုဖွင့်ကာ ထွက်လိုက်လေတော့သည်။
ထို့နောက် တခါးကို ပုံမပျက်ပြန်စေ့ပိတ်လိုက် ပြီး ထိုအခန်းရှေ့မှ ခွာခဲ့လေ၏။
+
+ + + + + + + +
ကျွန်မအခန်းထဲကို
ပြန်ရောက်သည်နှင့် ကုတင်ပေါ်သို့ အရုပ်ကြိုးပြတ်ထိုင်ချလိုက်သည်။
ကျွန်မဘာဆက်လုပ်ရမလဲ။
ဒီကိစ္စကို
ဘာမှမသိသယောင် သည်အတိုင်းထားလိုက်ရမလား။ မဖြစ်သေးပါ၊ ကျွန်မ ကကော တစ်ဖက်ခန်းမှာ လူသတ်ခံထားရသည့်
အစိမ်းသေသေနေသောအလောင်းကြီး ရှိမှန်းသိပါရက် သည်ဖက်ခန်းမှာ အိပ်ပျော်ပါတော့မည်လား။
ဟိုဖက်ခန်းမှာ
လူတစ်ယောက် အသတ်ခံထားရတာကို သတင်းပေးလိုက်ရင်ကော.. သူအသတ်ခံရတာ ကျွန်မဘယ်လိုသိသလဲလို့
မေးမြန်းလာလျှင်မခက်ပါလား။ ကျွန်မအခန်းမှားဝင် တာကိုပြောပြရင် လူတွေကယုံကြပါ့မလား။
အထူးသဖြင့် ရဲတွေကယုံကြပါ့မလား။ လောလောဆယ်တွင် ကျွန်မကိုသာ မသင်္ကာမှုဖြင့် ဖမ်းချုပ်ထားလိမ့်မည်ထင်သည်။
ဘုရား-
ဘုရား- ကျွန်မဘာဆက်လုပ်ရမလဲ။
တစ်ဖက်မှာ
အလောင်းကြီးရှိနေမှန်းသိရက်နဲ့ ကျွန်မစိတ်ချလက်ချ မအိပ်ရဲပါ။ အကြောင်းပြချက်မရှိပဲ
အခန်းပြောင်းပေးဖို့ ပြောလို့လည်း မဖြစ်။ အခန်းလွတ်လည်း ရှိချင်မှရှိမည်။
ကျွန်မသည်
စိတ်အေးလက်အေးထားကာ ထပ်၍စဉ်းစားသည်။
လူသတ်သမားသည်
ဤတည်းခိုခန်းထဲ၌ပင် ရှိနိုင်ပါသေးသည်။ တည်းခိုနေထိုင်သူ တစ်ယောက်ယောက်ကိုယ်တိုင်လည်း
ဖြစ်နိုင်ပါသေးသည်။ လူသတ်သမားသည် တစ်နေရာရာမှ စောင့်ကြည့်နေသည်ဆိုပါစို့၊ ထိုအခန်းထဲသို့
ကျွန်မဝင်သွားသည်ကို မမြင်နိုင်ဘူးလား၊ မြင်ခဲ့ပါက ကျွန်မကိုရော ရန်ပြုမလာဘူးလို့ပြောနိုင်ပါမည်လား။
တွေးရင်း ကျွန်မ၏လုံခြုံမှုအတွက်ပင် ကျွန်မလန့်လာပါသည်။
ပြီးတော့
မကြာမတင်အချိန်တွင် အခန်းထဲ၌ လူတစ်ဦးသေဆုံးနေခြင်းကို သိကို သိကြပေလိမ့်မည်။ ကိုကိုကြီးနှင့်ကိုကိုလေးတို့ညီအစ်ကိုသည်
တည်းခိုဧည့်သည် ထွက်မလာပါက မသင်္ကာ၍ အခန်းကိုဖွင့်ကြည့်ကြလိမ့်မည်။ လူသတ်ခံရသူကိုတွေ့ပါက
ရဲကိုအကြောင်းကြားမည် မလွဲဧကန်ပင်။ ရဲက စစ်ဆေးကြည့်လျှင် တခါးဘောင်နှင့်တခါးရွက်များ၊
လက်ကိုင်ဖုများ၌ ကျွန်မ၏လက်ဗွေရာများကို တွေ့မည်ပင်။
အလိုလေး..
ကျွန်မသည် အခန်းထဲမှအရာအတော်များများကို လက်နှင့်ထိတွေ့ ကိုင်တွယ်ခဲ့ပါကလား။ တခါးနှင့်စားပွဲကို
ကျွန်မကိုင်ခဲ့မိသည်။ လက်ဗွေရာတွေ ထင်ရှားစွာကျန် နေမည်မှာ မလွဲ။
မဖြစ်တော့။
ကျွန်မကြုံတွေ့ရသည့်ဖြစ်စဉ်အားလုံးကို ဦးအောင်ပြောဆိုတိုင်ကြားထား မှဖြစ်တော့မည်။ ကိုယ့်အပေါ်သံသယ
ဝင်ကာမှဝင်ရော။ ပြီးတော့ လူသတ်မှုတစ်ခုကို မျက်မြင်ကြုံတွေ့ သိရှိနေပါလျှက် မျက်ကွယ်မပြုသင့်ပါ။
နိုင်ငံကြီးသူပီသစွာ သက်ဆိုင်ရာကို ဖွင့်ဟတိုင်ကြားခြင်းသာလျှင် အကောင်းဆုံးမဟုတ်ပါလား။
ပြီးတော့ ကျွန်မသည် ကုမ္ပဏီကြီး တစ်ခုမှအဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်ပါသည်။ လူသတ်မှုတစ်ခုကိုမျက်ကွယ်မပြုသင့်ပါ။
ကျွန်မ၏ဂုဏ်သိက္ခာကိုထောက်ထားရမည်။ လူကြီးလူကောင်း ပီသရမည်။ မျက်မြင်ကြုံတွေ့ရသော ‘ဒုစရိုက်မှုတစ်ခုကို
သက်ဆိုင်ရာသို့တိုင်ကြားသင့်ပါသည်။
မှန်ကန်သောအတွေးအခေါ်များကို
စဉ်းစားလိုက်မိသည်နှင့် ကျွန်မသည် ထိုင်နေရာမှထလိုက်သည်။ ကျွန်မ၏ဖွင့်ဟပြောဆိုမှုသည်
နောက်တောင်ကျနေလေမည်လားမသိ။
ကျွန်မက
အလျှင်အမြန်ပင် အခန်းထဲမှထွက်လိုက်လေ၏။
+
+ + + + + + + +
အခန်းအပြင်သို့ရောက်သည်နှင့်
ကျွန်မက တစ်ဖက်ခန်းသို့လှည့်ကြည့်ဖြစ်အောင် ကြည့်လိုက်မိပြန်သည်။
ထိုအခါ
ကျွန်မသည် ကြက်သီးမွေးညှင်းများထလာသည်အထိပင် ကြောက်လန့် သွားမိပြန်လေသည်။
တစ်ဖက်ခန်းတွင်
ဖွင့်ထားသောမီးသည် ပိတ်လျှက်ရှိလေပြီ။
အပေါ်ထပ်တစ်ထပ်လုံး၌
မကြာမီကပင် ကျွန်မ၏အခန်း နံပါတ်၅နှင့် လူသတ်မှုဖြစ် သောအခန်းနံပါတ်၆်တွင်သာ အခန်းမီးကိုဖွင့်ထားပါသည်။
အခန်း၆သို့ ကျွန်မ နှစ်ကြိမ် ဝင်ရောက်ခဲ့ရာတွင် နှစ်ကြိမ်စလုံး မီးချောင်းကိုဖွင့်ထားသည်။
မီးဖွင့်ထား၍ပင် အခန်းထဲက မြင်ကွင်းများကို ကျွန်မမြင်တွေ့ခဲ့ရခြင်းမဟုတ်ပါလား။
ယခုတော့မူ
အခန်း၆၌ မီးငြိမ်းလျှက်ရှိနေပြီ။
အခန်းထဲတွင်
သေသူတစ်ဦးတည်းမဟုတ်တာ သေချာလေပြီ။ လူသတ်သမားသည် အခန်းထဲ၌ပင် ရှိနေပေဦးမည်။ ထို့ကြောင့်သာ
လူသတ်သမားက အခန်းမီးကို ထပိတ်လိုက်ခြင်းဖြစ် မည်။ အလောင်းကြီးကတော့ မီးခလုတ်ကို ထပိတ်နိုင်မည်မဟုတ်။
ကြည့်ရတာ..
ကျွန်မဝင်ရောက်သည့် နှစ်ကြိမ်စလုံးတွင် လူသတ်သမားသည် အခန်း ထဲ၌ရှိနေဆဲဖြစ်လိမ့်မည်။
လူသတ်သမားသည် ကျွန်မဝင်လာချိန်၌ ပုန်းအောင်းနေခြင်းဖြစ်လိမ့်မည်။
သူ
ဘယ်မှာပုန်းမလဲ။ ပုန်းစရာဆိုလို့ ကုတင်အောက် တစ်နေရာသာရှိပါသည်။ ဘုရား..ဘုရား.. လူသတ်သမားသည်
ကျွန်မအခန်းထဲမှားဝင်လာတာ၊ ကျန်ခဲ့တဲ့ပစ္စည်းကို နောက်တစ်ခေါက်ပြန်လာယူတာတွေကို မြင်နေရမည်မလွဲ။
ယခု
လူသတ်သမား ဘယ်ရောက်သွားပြီလဲ။
အခန်းထဲမှာပဲရှိနေသေးသလား။
မီးပိတ်ပြီး
အခန်းထဲမှထွက်သွားပြီလား။
တည်းခိုခန်း၏တစ်နေရာရာတွင်
ပုန်းခိုနေဆဲလား။
မျက်မြင်သက်သေ
ကျွန်မကိုပါ ဖျောက်ဖျက်ရန်အတွက် တစ်နေရာရာမှ ချောင်းမြောင်းနေ လေသလား။
အမလေး
. . .
တွေးမိရုံဖြင့်
လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကာ ကျွန်မသည် အပြေးတစ်ပိုင်း ဖြင့် လှေကားဆီသို့ တဟုန်ထိုးပြေးသွားမိလေတော့၏။
+
+ + + + + + + +
လှေကားမှ
ဒရောသောပါး ပြေးဆင်းလိုက်သော ကျွန်မခြေသံမှာ အတော်ကိုကျယ် ပါသည်။
အောက်ထပ်ဧည့်ခန်းတွင်
တီဗွီထိုင်ကြည့်နေသော လူအတော်များများကို ကျွန်မ တွေ့လိုက်ရသည်။
လက်စသတ်တော့
တီဗွီမှ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ ဘောလုံးပွဲကိုကြည့်နေကြ ခြင်းပေပဲ။ အပေါ်ထပ်မှ
ဧည့်သည်များလည်း တီဗွီရှေ့ရောက်နေပုံရသည်။ ‘ဒါ့ကြောင့် အပေါ်ထပ်တစ်ထပ်လုံးတိတ်ဆိတ်နေတာ။
‘ဒါဟာ လူသတ်သမားအတွက် အခွင့်ကောင်း တစ်ခုပဲပေါ့။ မနေ့ကညက လှေကားမှတက်လာသော ကျွန်မအခန်း၏ညာဖက်
အခန်းနံပါတ်၎မှ ဧည့်သည်အမျိုးသားကိုလည်း တီဗွီရှေ့မှာတွေ့လိုက်သည်။
လှေကားပေါ်မှ
အူယားဖားရားပြေးဆင်းလာသောကျွန်မကို တီဗွီကြည့်နေသူအားလုံးက လှည့်ကြည့်လိုက်ကြသည်။
]ကိုကိုကြီး၊
ကိုကိုလေး၊ မောင်လေးတို့၊ အပေါ်ထပ်မှာ၊ အပေါ်ထပ်မှာ..}
ကျွန်မက
ပိုင်ရှင်ညီအစ်ကိုကို အော်ပြောလိုက်သည်။
ကိုကိုကြီးသည်
ထိုင်ရာမှထလာပြီး ..
]ဘာဖြစ်လို့လဲအစ်မ}
]အပေါ်ထပ်မှာ၊
မမအခန်းဘေးကအခန်း..}
ကျွန်မထံမှစကားသံဆက်ထွက်မလာ၍
အားလုံးက ငေးကြည့်နေကြသည်။ ကျွန်မ၏ထူးခြားစွာပျက်ယွင်းနေသော အမူအရာကြောင့် လူအားလုံးက
အံ့လည်းအံ့ဩကာ စိတ်လည်းဝင်စားသွားကြပုံရသည်။
]အစ်မ
ဘာဖြစ်လို့လဲဗျာ၊ ကျွန်တော်တို့ ဘာကူညီရမလဲ}
]အခန်းနံပါတ်ခြောက်မှာ၊
လူ- လူသတ်မှုဖြစ်နေတယ်}
]ဗျာ-}
]ဟင်-}
လူအားလုံး
ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
အခန်းနံပါတ်၎မှလူသည်
ထိုင်ရာမှရုတ်တရက်ထလိုက်၏၊
]အစ်မ၊
ဘာပြောလိုက်တယ်}
ကိုကိုလေးက
ကောင်တာထဲမှထွက်လာကာ ကျွန်မကို ထပ်မေးလိုက်၏။
]အခန်းနံပါတ်ခြောက်မှာ
တည်းနေတဲ့အဘိုးကြီးလေ၊ အသတ်ခံထားရတယ်၊ မမ အခုပဲ တွေ့ခဲ့တယ်၊ တွေ့ခဲ့တာလည်း တခြားကြောင့်မဟုတ်ဖူး၊
မမ အဲဒီခန်းထဲ မှားဝင်သွားမိတယ်}
]ဟာဗျာ}
ကိုကိုကြီးနှင့်ကိုကိုလေးတို့
ညီအစ်ကိုက တစ်ယောက်မျက်နှာတစ်ယောက်ကြည့် လိုက်ကြသည်။
]အခန်းခြောက်မှာဧည့်သည်မထားဘူးမဟုတ်လား၊
ကိုယ်လာတိုင်း အဲဒီအခန်း ပိတ်ထားတာကိုချည်းတွေ့မိတယ်}
အခန်းလေးမှလူက
ဝင်ပြောလိုက်ခြင်းဖြစ်ပါသည်။ သူက ဤတည်းခိုခန်း၌ လာတည်း နေကျလူဖြစ်ပုံရသည်။
]ဟုတ်တယ်အစ်မ၊
ကျွန်တော်တို့ အခန်းခြောက်မှာ လူမထားပါဘူး၊ အခန်းခြောက်ကို ပိတ်ထားတာကြာပါပြီ}
ကိုကိုလေးကပြောသည်။
]အေး..
မမကတော့ လူတစ်ယောက်သေနေတာကို တကယ်တွေ့ခဲ့တာကွဲ့၊ လူသတ်သမားလည်း အခန်းထဲမှာရှိနေနိုင်သေးတယ်၊
မင်းတို့လိုက်ကြည့်ပါ}
ကျွန်မကအရေးတကြီးပြောနေသော်လည်း
ကိုကိုလေးတို့ညီအစ်ကိုက ကျွန်မ စကားကိုယုံကြည်ပုံမရပါ။
ဧည့်သည်တစ်ယောက်က
တီဗွီကို ရမုတ်ကွန်ထရိုးဖြင့် လှမ်းပိတ်လိုက်သည်။ ဆယ်ယောက်မကရှိမည့် ဧည့်သည်များ၏ အကြည့်က
ကျွန်မအပေါ်စုပြုံကျရောက်နေချေပြီ။
]တကယ်ပါ၊
အခန်းခြောက်ထဲမှာ ဘယ်ဧည့်သည်မှမရှိပါဘူး၊ လူလည်းမနေပါဘူးအစ်မ၊ ကျွန်တော်တို့ ပိတ်ထားခဲ့တာ
ဆယ်နှစ်..}
]ညီလေး..}
ကိုကိုလေးစကားမဆုံးမီ
ကိုကိုကြီးက လှမ်းဟန့်လိုက်၏၊
]အစ်မက
အခန်းခြောက်ထဲ ဘယ်လိုရောက်သွားတာလဲ}
]အခန်းမှားဝင်တာကွ၊
အခန်းမှားဝင်တာကတော့ မမအပြစ်ပဲထားပါတော့၊ ‘ဒါပေမယ့် မှားဝင်လို့ရအောင် အခန်းနှစ်ခန်းရဲ့သော့တွေတူနေတာကတော့
မကောင်းဘူးပေါ့ကွယ်၊ အခန်း လဲသိပ်မများပဲနဲ့ မင်းတို့သော့တွေကို စီစစ်ထားဖို့ကောင်းတယ်}
]မဖြစ်နိုင်တာ}
ကိုကိုကြီးက
ငြင်းပြန်သည်။
]ကဲပါလေ၊
သူကလည်း မဟုတ်ပဲဘယ်ပြောပါ့မလဲ ကိုကိုကြီး၊ ဘာပဲဖြစ်ဖြစ် တက်ကြည့်လိုက်တာကောင်းပါတယ်}
အခန်းလေးမှလူက
ဝင်ပြောလိုက်ခြင်းဖြစ်ပါသည်။ ကျွန်မက သူ့ကိုကျေးဇူး တင်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
]ဟုတ်တယ်၊
သွားကြည့်ရအောင်၊ ကျုပ်တို့လည်းလိုက်ခဲ့မယ်}
ဧည့်ခန်းရှိအမျိုးသားအားလုံး
ထိုင်ရာမှထလိုက်ကြသည်။ အမျိုးသမီးများသာ ကြောက်ရွံ့ထိတ်လန့်ဟန်ဖြင့် ထိုင်ကျန်နေကြ၏။
]ညီလေး၊
အဖေတို့ကိုသွားခေါ်ကွာ၊ အစ်မကြီးစိတ်ကြေနပ်အောင်တော့ အခန်းခြောက်ကို ဖွင့်ပြရမှာပေါ့}
ကိုကိုကြီးက
ပြောပြောဆိုဆို နံရံတွင်ကပ်ထားသော သော့ဘီရိုထဲမှ အပေါ်ထပ် အခန်းခြောက်၏ သော့တွဲကို
ဖြုတ်ယူလိုက်သည်။
]ကဲ-
သွားကြစို့}
ကိုကိုကြီးနှင့်ထိုသူက
ဦးဆောင်ကာ အပေါ်ထပ်သို့တက်သွားကြလေသည်။
အခန်းခြောက်ရှေ့ရောက်လာကြသည်။
ကျွန်မက
အခန်းခြောက်၏ အောက်ဖက်မှဆေးများပျက်နေသည်ကိုညွှန်ပြကာ..
]တွေ့လား၊
ဆေးပျက်နေတော့ ၆က ၅နဲ့ တူနေတယ်၊ အဲဒါကြောင့် မမမှားဝင်မိတာ၊ မမနမော်နမဲ့နိုင်တာလည်း
ပါပါတယ်လေ}
]ဒါဆို
အစ်မသော့နဲ့ဖွင့်ရတယ်ဆို ဖွင့်ကြည့်ပါဦးအစ်မ}
ကိုကိုကြီးအပြောကို
ကျွန်မက မခံချင်စွာဖြင့် လက်ထဲတွင်ပါလာသော အခန်းငါးသော့ဖြင့် အခန်းခြောက်သော့ပေါက်ထဲထိုးကာ
ဖွင့်ပြလိုက်သည်။
သို့သော်-
တခါးသည်
တုပ်တုပ်မှမလှုပ်။
သော့တံကိုဘယ်လိုမှလှည့်လို့မရ။
]အခုနလေးကပဲ
ဒီသော့နဲ့ ဒီအခန်းထဲဝင်ခဲ့တာပါ၊ နှစ်ခေါက်တောင်ဝင်ခဲ့တာပါ}
ကျွန်မသည်
သော့ချောင်းကိုကြိုးစားလှည့်ရင်း မရသည့်အခါ ဇောချွေးများပင်ပြန် လာမိလေသည်။ ဘာကြောင့်
ဖွင့်လို့မရတော့တာလဲ။
]ကျွန်တော့်ကိုပေးပါဦး၊
ကျွန်တော်ဖွင့်ကြည့်မယ်}
အခန်းလေးမှလူက
တောင်းဆိုလိုက်သည်။ ကျွန်မက သော့ကို သော့ပေါက်ထဲထိုးရက် တန်းလန်းထားခဲ့ကာ တခါးရှေ့မှ
ဖယ်ပေးလိုက်သည်။
ထိုသူက
တခါးသော့တံကို ကြိုးစား၍လှည့်ဖွင့်နေလေ၏။
ထိုစဉ်-
ကိုကိုလေးနှင့်အတူ အဘိုးကြီး၊အဘွားကြီးနှစ်ယောက် အပေါ်ထပ်သို့တက်လာ လေသည်။
]ဒီအစ်မပဲဖေဖေ၊
အစ်မ၊ ‘ဒါ ကျွန်တော်တို့အဖေနဲ့အမေပါ}
ကိုကိုလေးက
မိဘများနှင့်ကျွန်မကို မိတ်ဆက်ပေးလိုက်သည်။
]ဖြစ်ပုံကိုပြောပါဦး
တူမကြီး}
ကျွန်မက
ရေချိုးခန်းအထွက်မှစ၍ ကျွန်မ၏ဖြစ်ပုံအလုံးစုံကိုတစ်ခုမကျန် ရိုးသားစွာ ဖွင့်ဟပြောကြားလိုက်ပါသည်။
အားလုံးက နားစိုက်ထောင်နေကြ၏။
]ခက်တာပဲ၊
အန်ကယ်တို့ ‘ဒီအခန်းထဲမှာဧည့်သည်မထားတာ ဆယ်နှစ်ရှိပြီကွဲ့}
]အို-}
]ဒါပေမယ့်
တူမကြီးသံသယရှင်းအောင် ဖွင့်ပြလိုက်ပါလေ}
အဘွားကြီးက
ဝင်ပြောလိုက်လေသည်။
]တခါးကို
သူ့သော့နဲ့တော့ဖွင့်မရဘူးဗျ}
အခန်းလေးမှလူက
ပြောလိုက်သည်။
]အတွင်းထဲမှာ
တစ်ယောက်ယောက်ကများ တခါးကိုဆွဲထားလို့များလားရှင်}
]အဲဒီလိုဆိုရင်လည်း
သော့တံကိုလှည့်လို့တော့ ရရမယ်လေ၊ သော့တံကိုလှည့်လို့ကို မရတာ၊ သော့ပေါက်နဲ့သော့တံနဲ့က
တခြားစီပဲ}
ကျွန်မကိုယ်တိုင်ကြိုးစားကြည့်ပြီးပြီမို့
ငြင်းလို့မရတော့ပါ၊ သော့ဖွင့်မရရုံနှင့် ကျွန်မ ကြုံတွေ့ခဲ့ရတာတွေကို တကယ်မဟုတ်ဖူးလို့မှတ်ယူကြတော့မှာလား။
ကျွန်မရင်ထဲ၌ မခံချင်စိတ် ဖြင့် တင်းနေသည်။
]အောက်ထပ်ကယူလာတဲ့
တကယ့်သော့အမှန်နဲ့ပဲ ဖွင့်လိုက်တော့မယ်နော်အစ်မ}
ကျွန်မက
ခေါင်းညိတ်ပြလိုက်သည်။
ကိုကိုကြီးက
တခါးသော့ကိုဖွင့်လိုက်၏။
သော့က
အလွယ်တကူပင် လှည့်လို့ရကာ အလိုက်သင့် ပွင့်သွားလေသည်။
ကိုကိုကြီးက
တခါးကိုဆွဲဖွင့်လိုက်သည့်အခါ လူအားလုံး၏အာရုံက အခန်းတွင်းသို့ ရောက်သွားကြလေသည်။
ကျွန်မလည်း
ရင်ခုန်ထိတ်လန့်စွာပင် အခန်းထဲသို့ကြည့်လိုက်သည်။ အခန်းထဲမှာကား မှောင်နှင့်မဲမဲ။
မှောင်နေ၍ အလောင်းကြီးကို မမြင်ရသေးပါ။
ကိုကိုကြီးက
အခန်းထဲလှမ်းဝင်သွားသည်။
]မဖွင့်တာကြာတော့
မီးချောင်းက ပွင့်ပါတော့မလားမသိဘူး၊ ကျွမ်းနေပြီထင်ပါရဲ့}
အဘွားကြီးက
ပြောလိုက်ခြင်းဖြစ်သည်။ ကြည့်ကြသေးတာပေါ့၊ အလောင်းကြီးကိုမြင် လိုက်မှ လန့်အော်မပြေးကြပါနဲ့နော်။
ကိုကိုကြီး
မီးခလုတ်ကို ချောက်ကနဲဖွင့်လိုက်သံ ထွက်ပေါ်လာသည်။
မီးက
ရုတ်တရက်မလင်းသေး။ လေးငါးချက်မက မျက်တောင်ခတ်နေသေးသည်။ အတန်ကြာမှ ငြိမ်သွား၏။
တစ်ခန်းလုံးလင်းထိန်သွားပေပြီ။
မီးချောင်းအိမ်တွင်
ပင့်ကူအိမ်များနှင့်ဖုံများ ရှုပ်ထွေးပေကျံနေသည်။
ကျွန်မက
အခန်းထဲသို့ အလျင်စလိုကြည့်လိုက်သည်။
]ဟိုက်-}
ကျွန်မနှုတ်မှ
ထွက်ပေါ်လာသော အာမေဋိတ်သံ။
အခန်းထဲ၌
ဘာဆိုဘာမှ ရှိမနေပါ။ ဟာလာဟင်းလင်း။
စားပွဲ၊
ကုလားထိုင်၊ ကုတင်တို့မှာမူ ကျွန်မအခန်းထဲကအတိုင်း တန်းစီလျှက်ရှိနေသည်။ သို့သော် ကုတင်ပေါ်၌
ဘာမှ မရှိ။ ယခုမှ သိမ်းဆည်းလိုက်သည့်ပုံမျိုးလည်း မဟုတ်ပါ။ ကုတင်အနှံ့တွင် ဖုန်အလိမ်းလိမ်းတက်လျှက်ရှိသည်။
ထို့ပြင် ခြင်ထောင်တိုင်တလျှောက် ပင့်ကူများအိမ်ဖွဲ့ထားသည်မှာ ပင့်ကူအိမ်ပေါ် ဖုန်များတင်ပြီး
အချို့ပြတ်ကျနေသည်။ ကုတင်မှာသာမက ကုလားထိုင်နှင့်စားပွဲပေါ်မှာပါ ဖုန်များထုတက်လျှက်ရှိပါသည်။
စားပွဲပေါ်တွင်
မှန်တစ်ချပ် ထောင်ရက်ရှိနေသော်လည်း ဖုန်များကပ်ငြိကာ ပုံရိပ်ကိုပင် မမြင်ရနိုင်တော့ပေ။
ဘယ်လိုဖြစ်တာလဲ။
ကျွန်မမြင်ခဲ့သောအရာများ တစ်ခုမှ မရှိတော့။ ကြမ်းပြင်ပေါ်၌လည်း ချောက်ချားဖွယ်သွေးစီးကြောင်းကြီးမရှိတော့ပါ။
ဖုန်အလိမ်းလိမ်း သဲတရှပ်ရှပ်ဖြင့် လူမနေသော အခန်းတစ်ခုဖြစ်ကြောင်းဖော်ပြနေပေသည်။
ကျွန်မသည်
အော်ငိုချင်စိတ်ပေါက်လာ၏။
ကိုကိုကြီးက
ကျွန်မကို ဘဲ့နဲ့ရှိစ-ဆိုသည့် အကြည့်မျိုး ဖြင့်ကြည့်လာသည်။ ကျွန်မရင်ထဲ၌ မခံချင်စိတ်
ရှက်စိတ်များဖြင့် ဆူဝေနေသည်။
]ကျွန်မ၊
ကျွန်မ၊ တကယ်မြင်ခဲ့တာပါရှင်၊ မဟုတ်ပဲ ကျွန်မက ဘာလို့လီဆည်ပြောရမှာလဲ၊ ကျွန်မ..}
]ဟုတ်တယ်၊
သူပြောတာတွေ တချို့လည်း မှန်တယ်}
အခန်းလေးမှ
လူကပြောလိုက်သည်။
]စားပွဲပေါ်မှာကြည့်စမ်း၊
ရေစက်တွေ}
သူပြမှပင်
အားလုံးအကြည့်က စားပွဲပေါ်ရောက်သွားလေ၏။
စားပွဲပေါ်၌
ဖုန်များ ‘kတက်နေသော်လည်း ရေစက်ရေပေါက်အချို့ စွန်းထင်းနေသည် ကိုတွေ့ရလေ၏။
]ဟုတ်တယ်၊
ဟုတ်တယ်၊ အဲဒါ ဆပ်ပြာခဲထည့်တဲ့ ကျွန်မကျွတ်ကျွတ်အိတ်က ကျတဲ့ရေတွေ}
ကျွန်မက
အားတက်သရောပြောလိုက်သည်။
]မိုးလည်းမရွာဘူး၊
အပေါ်ကနေ ရေယိုစရာအကြောင်းလဲ မရှိဘူး၊ စားပွဲပေါ်က ရေစက်တွေဟာ မကြာခင်ကမှကျထားတာတော့သေချာတယ်}
]ဟုတ်တယ်ဗျို့၊
‘ဒီညီမ ‘ဒီအခန်းထဲကိုရောက်ခဲ့တာတော့ အမှန်ပဲ၊ ကြမ်းပြင်မှာကြည့်လေ၊ ရေစိုနေတဲ့ဖိနပ်ရာတွေ}
အသက်ကြီးကြီးလူတစ်ယောက်က
ပြောလိုက်ပြန်သည်။
အားလုံး၏အကြည့်များက
ကြမ်းပြင်ဆီသို့ရောက်သွားကြပြန်၏။
]ကျုပ်တို့အားလုံးစီးလာတဲ့ဖိနပ်တွေက
ချောက်နေတယ်၊ အခု အခန်းထဲကိုလူတွေ ဝင်လိုက်လို့ ဖိနပ်ရာတွေကတော့အများကြီးဖြစ်ကုန်ပြီ၊
‘ဒါပေမယ့် ‘ဒီမှာတွေ့လား၊ ရေစိုနေတဲ့ ဖိနပ်ရာတွေ၊ ‘ဒီဖိနပ်ရာက ‘ဒီကညီမစီးတဲ့ဖိနပ်ရာပဲမဟုတ်လား}
မှန်ပေသည်။
လက်ရှိအချိန်တွင် ကျွန်မစီးထားသောဖိနပ်မှာ ရေစိုမနေတော့ပါ။ ရေစို နေသောဖိနပ်ရာများက
ဖုန်ထုထဲဝယ် ထင်ရှားစွာရှိနေပါ၏။ ထိုဖိနပ်ရာကား ကျွန်မလက်ရှိ စီးထားသော ဖိနပ်ရာအတိုင်းပါပင်။
]သူ
ဒီအခန်းထဲရောက်ခဲ့တာတော့ သေချာတယ်၊ ဘယ်ပုံဘယ်နည်းရောက်ခဲ့တယ် သာမသိတာ}
ကျွန်မက
အခန်းလေးမှလူနှင့် ဖိနပ်ရာသဲလွန်စရှာပေးသူတို့အား ကျေးဇူးတင်သွားမိ သည်။ နို့မို့ဖြင့်
ကျွန်မ အရူးကြီးလုံးလုံးဖြစ်တော့မည်မဟုတ်ပါလား။
လူအားလုံး၏မျက်နှာ၌
စဉ်းစားတွေးတောသည့်အမူအရာများပေါ်လွင်လျှက်ရှိလေသည်။
]ဘာပဲဖြစ်ဖြစ်
‘ဒါဟာ အမြင်မှားတာပါ}
ကိုကိုလေးတို့ဖခင်
အဘိုးကြီးက ဝင်ပြောလိုက်လေ၏။
]တူမကြီး}
မိခင်အဘွားကြီးကရှေ့သို့တိုးလာကာ
ကျွန်မလက်မောင်းကိုကိုင်လိုက်သည်။
]ဒါတွေမေ့လိုက်ပါကွယ်၊
တူမကြီးလည်း စိတ်ရှုပ်ထွေးပြီး အခန်းထဲမှာ နေချင်တော့ မယ်မဟုတ်ဖူး၊ အဲဒီတာ့ ‘ဒီည အန်တီတို့အိမ်ကိုသာ
လိုက်အိပ်ပေတော့၊ အိမ်က ‘ဒီခြံဝင်းထဲက အိမ်ပဲလေ၊ မဝေးပါဘူး}
ကျွန်မသည်
ယောင်တိယောင်ကမ်းဖြင့်ရပ်နေမိလေ၏။
]ကဲ-
ကဲ- အားလုံးလဲ ဒီအဖြစ်ကိုမေ့လိုက်ကြပါ၊ ‘ဒါ ဘာမှမဟုတ်ပါဘူး၊ အလုပ်များလို့ စိတ်ရှုပ်ထွေးရင်
‘ဒါမျိုးဖြစ်တတ်ကြပါတယ်}
အဘိုးကြီးက
ပြေရာပြေကြောင်း ဝင်ပြောလိုက်ပြန်သည်။
အားလုံး
မိမိအခန်းထဲမိမိအလျှိုအလျှိုပြန်သွားကြလေပြီ။
]လာ-
တူမကြီး၊ အိမ်ကိုသာလိုက်ခဲ့ပေတော့၊ သားတို့ရေ၊ မင်းတို့မမပစ္စည်းတွေ အကုန်သိမ်းပြီး
အိမ်ကိုလာပို့လှည့်ပါကွယ်}
+
+ + + + + + + +
ခြံနောက်ဖက်ရှိအိမ်ကလေးသို့ရောက်သည့်အခါ
အဘွားကြီးက ကျွန်မကို ဧည့်ခန်း ဆက်တီ၌ ထိုင်စေလိုက်၏။
]အားနာစရာသိပ်ကောင်းနေပြီ၊
အိမ်မှာက အန်တီတို့ လင်မယားပဲရှိတာ၊ ကိုကိုကြီး တို့ညီအစ်ကို တည်းခိုခန်းထဲမှာပဲ အိပ်ကြတယ်၊
တူမကြီး ‘ဒီမှာပဲအနားယူရင်း စိတ်ချလက်ချအိပ် နော်}
]ဟုတ်ကဲ့}
ကျွန်မအသံများက
ခြောက်ကပ်နေဆဲပင်။
]အန်တီ့နာမည်က
ဒေါ်ထားရင်၊ အန်ကယ့်နာမည်က ဦးထွန်းကြည်တဲ့၊ ကိုကိုကြီးနဲ့ ကိုကိုလေးတို့မိဘတွေပါ}
]ဟုတ်ကဲ့အန်တီ၊
ကျွန်မ-ကျွန်မကို တစ်မျိုးမထင်ပါနဲ့၊ ကျွန်မ ပြောခဲ့တာတွေဟာ ကျွန်မတကယ်မြင်ခဲ့ရတာပါအန်တီ၊
သက်သောမပြနိုင်တာတော့ ကျွန်မ-}
ဒေါ်ထားရင်က
လက်ဖြင့်ကာရင်း ကျွန်မပြောလက်စ စကားကိုဟန့်တားလိုက်သည်။
ထို့နောက်
ကျွန်မဖက်သို့ကိုယ်ကိုကိုင်းရင်း အသံကိုနှိမ့်၍ပြောလိုက်သည်။
]တူမကြီးမြင်ခဲ့ရတာတွေကို
ယုံပါတယ်ကွယ်၊ ‘ဒါတွေဟာ တကယ်ဖြစ်ခဲ့တဲ့အဖြစ်ရဲ့ ပုံရိပ်ထင်မှုတွေပါ}
]ရှင်-}
ဦးထွန်းကြည်က
ကျွန်မနှင့်မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။
]ဟုတ်တယ်မိန်းကလေး၊
မိန်းကလေးပြောတာတွေအမှန်ဆိုတာ အန်ကယ်တို့သိတယ်၊ တည်းခိုနေတဲ့လူတွေ ထိတ်လန့်ကုန်မှာစိုးလို့
အန်ကယ်တို့မြိုသိပ်လိုက်တာ၊ ဒါပေမယ့်- ဒါပေ မယ့် ဆန်းတာတော့ သိပ်ဆန်းတယ်ကွယ်၊ အဖြစ်တွေက
ဆယ်နှစ်တောင်ကြာပြီကွဲ့၊ ဘာကြောင့်များ မိန်းကလေးကိုမှ-}
]ကျွန်မ..ကျွန်မ
ဂဃနဏသိပါရစေအန်ကယ်၊ ဘာတွေလဲဟင်၊ ကျွန်မကိုတော့ ထိန်ဝှက် မထားပါနဲ့တော့၊ ကျွန်မသိပါရစေ}
အဘိုးကြီးနှင့်အဘွားကြီးတစ်ယောက်မျက်နှာတစ်ယောက်
ကြည့်လိုက်ကြသည်။
]ပြောပြလိုက်ပါတော့မယ်လေ၊
ကလေးမ သံသယရှင်းအောင်}
ဦးထွန်းကြည်က
ဇနီးဖြစ်သူကို ခွင့်တောင်းသလိုပြောကာ ကျွန်မဖက်သို့ မျက်နှာပြန်လှည့် လိုက်သည်။
]ဒီလိုကွဲ့
မိန်းကလေးရဲ့၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကပေါ့၊ ဟုတ်တယ်၊ ၁၉၉၅ခုနှစ်က အဖြစ်ဆိုတော့ အခုဆို
ဆယ်နှစ်ကြာသွားပြီ၊ အဲဒီတုန်းက တို့တည်းခိုခန်းကို ဦးတိတ်စိန်ဆိုတဲ့ လူတစ်ယောက်လာတည်းတယ်}
]ဦးတိတ်စိန်}
]အဲဒီတုန်းက
ကိုကိုကြီးနဲ့ကိုကိုလေးက ငယ်ငယ်ပဲရှိသေးတယ်၊ ကျောင်းနေတုန်းပေါ့၊ တည်းခိုခန်းမှာ တို့လင်မယားပဲထိုင်တယ်၊
ဦးတိတ်စိန်ဟာ တို့တည်းခိုခန်းမှာ နှစ်ပတ်လောက်တည်း ခိုခဲ့တယ်၊ သူဟာ ဘယ်လောက်ကြာကြာ
တည်းခိုမယ်ဆိုတာကို သူကိုယ်တိုင်ပြင်ဆင် ထားပုံမရဘူး၊ နေ့လည်ခင်းဆို မြို့ထဲထွက်သွားတတ်တယ်၊
ပြန်လာရင်နောက်တစ်ရက် သူဆက်နေဦးမယ်ဆိုပြီး တစ်ရက်စာ တည်းခိုခန်းခကို ကြို-ကြိုရှင်းပေးတယ်၊
‘ဒီလိုနဲ့ နှစ်ပတ်လောက်ကြာသွားတယ်ဆိုပါတော့}
]၁၃ရက်တိတိပါပဲ}
ဒေါ်ထားရင်က
ဝင်ထောက်ပေးလိုက်သည်။
]အဲ..ဟုတ်တယ်၊
၁၃ရက်မြောက်နေ့မှာပဲ သူအသတ်ခံရတာ}
]ရှင်-
အသတ်ခံရတာ}
]ဟုတ်တယ်၊
အသတ်ခံရပုံကတော့ အခု မိန်းကလေး မြင်ခဲ့ရတဲ့ပုံစံမျိုးအတိုင်း တစ်ထေရာထဲပါပဲ၊ တစ်ရက်မှာ
နေ့လည်ခင်းအထိ သူထမလာတော့ သူ့အခန်းကို တခါးခေါက် ကြည့်တယ်၊ မထူးဘူး၊ ‘ဒါနဲ့ သက်သေအဖြစ်
တည်းခိုနေသူ သုံးလေးယောက်ကိုခေါ်ပြီး အခန်းကို သော့တူနဲ့ဖွင့်ရတယ်၊ အခန်းထဲမှာ မိန်းကလေးပြောပြတဲ့
ပုံစံမျိုးအတိုင်း သူသေဆုံးနေတာ တွေ့ရတာပဲ၊ ရင်ဝမှာ “ဓားမြှောင်စိုက်နေတာ၊ ပါးစပ်ဟပြီးအသက်
ပျောက်နေတာ၊ သွေးတွေကြမ်းပြင်ပေါ်စီးကျနေတာတွေဟာ မင်း ပြောပြတာနဲ့ တစ်ထေရာထဲပါပဲမိန်းကလေး}
]ဒါ-
ဒါဖြင့် ကျွန်မ သရဲအချောက်ခံရတာပေါ့နော်}
]ဟုတ်တယ်၊
‘ဒါပေမယ့် အဲဒီလို တစ်ခါမှမချောက်ဖူးဘူး၊ ကြာပြီပဲ၊ သူ ကျွတ်လွတ် သွားလောက်ပြီလို့
အန်ကယ်တို့ထင်ခဲ့တယ်၊ သူ့အတွက် ဆွမ်းသွတ်အမျှအတန်းဝေတာတွေ လည်းလုပ်ပေးခဲ့တယ်လေ}
]သူ့အိမ်ကရော၊
လိုက်မလာကြဘူးလား}
]သူ
ဘယ်ကလာလို့ ဘယ်သွားမယ်ဆိုတာ ဘယ်သူမှမသိဘူး၊ ခုအချိန်ထိလည်း ဘယ်သူမှလာမစုံစမ်းဘူး}
]ကြည့်ရတာတော့ကွယ်၊
ဦးတိတ်စိန်ဟာ ‘ဒုစရိုက်သမားတစ်ယောက်လည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့၊ သူနဲ့အတူပါလာတဲ့အိတ်ကြီးထဲမှာ
ဘာတွေပါတယ်ဆိုတာ အန်တီတို့မသိနိုင်ဘူးလေ၊ သူအသတ်ခံရတော့ အိတ်ကြီးပျောက်နေတယ်၊ အန်တီ့အထင်တော့
သူဟာ ပြည်မကနေ အဖိုးတန်ပစ္စည်းတချို့ကို ခိုးဝှက်လာမယ်၊ ‘ဒါမှမဟုတ် လိမ်ညာ လာမယ်ထင်ပါရဲ့၊
တစ်ဖက်နိုင်ငံကို အပြီးထွက်ပြေးဖို့ ‘ဒီမြို့ကိုရောက်လာတယ်ထင်တာပဲ၊ အဲဒီတုန်းမှာ အသတ်ခံရတာ}
]သတ်တဲ့လူတွေက
သူ ကလိန်ကျခဲ့တဲ့လူတွေ ဖြစ်မှာပေါ့နော်}
]ဒါပဲပေါ့}
]လူသတ်သမားကို
မိသလား}
]မမိဘူး၊
ရဲက အဲဒီအချိန်မှာတည်းခိုနေတဲ့သူတွေအကုန်လုံးကို ခေါ်စစ်တယ်၊ အားလုံးအလီဘိုင်ပြနိုင်တယ်၊
တည်းခိုသူအချင်းချင်းသတ်တာတော့မဟုတ်ဘူး၊ ‘ဒါနဲ့ပဲ အမှုပိတ်လိုက်ရတယ်}
]ချောက်တာလှန့်တာရော၊
လုပ်ဖူးလားဟင်}
]လုပ်တယ်၊
‘ဒါပေမယ့် တူမကြီး အခုအချောက်ခံရတဲ့ပုံမျိုး မဟုတ်ဖူး၊ သူ့ပုံရိပ်ကို ရေချိုးခန်းထဲမှာတွေ့ရတယ်၊
အခန်းခြောက်ရှေ့မှာ ရပ်နေတာတွေ့ရတယ်၊ လူမရှိပဲ အခန်းခြောက်ထဲက မီးလင်းနေတာမြင်ရတယ်၊
ဝင်ပြီးပိတ်လည်း ပြန်လင်းတာပဲ၊ အဲဒီလောက်ပဲချောက်တာပါ}
]ဒါနဲ့ပဲ
အခန်းခြောက်ကို လူမထားတော့ပဲ ပိတ်ထားလိုက်တယ်၊ လူမတင်တာကို ဆယ်နှစ်ရှိပါပြီကွယ်}
]ကျွန်မတွေ့ရပုံကတော့
ထူးဆန်းလိုက်တာနော်၊ ဆယ်နှစ်ကြာမှ ကျွန်မကို ဘာလို့ရွေးချောက်ရတာပါလိမ့်}
]တိုက်ဆိုင်တာပါမိန်းကလေးရယ်၊
စိတ်ထဲမှာ မထားပါနဲ့တော့}
]ဒီအကြောင်းတွေကို
မြို့ခံလူတွေတောင် မေ့သလောက် ရှိနေပါပြီ၊ တည်းခိုခန်းနာမည် ပျက်မှာ စိုးမိတယ်ကွယ်၊
တူမကြီး ဘယ်သူ့မှပြန်မပြောစေချင်ဘူး}
]စိတ်ချပါအန်တီ၊
ကျွန်မလည်း မနက်စောစောကားနဲ့ ရန်ကုန်ပြန်တော့မှာပါ}
]ကျေးဇူးတင်ပါတယ်ကွယ်၊
ဖြစ်ခဲ့ပြီးတာ ကြာပြီဖြစ်တဲ့အဖြစ်တစ်ခုအတွက်နဲ့ အန်တီ တို့ရဲ့ ]လမင်းသား} တည်းခိုခန်း
နာမည်ပျက်သွားမှာစိုးလို့ပါ}
]ရှင်..
တည်းခိုခန်းနာမည်က ဘာ-}
]အို-
လမင်းသား-လေကွယ်}
ကြည့်စမ်း၊
ကျွန်မသည် ဘယ်လောက်နမော်နမဲ့နိုင်ပါသနည်း။ နှစ်ညတာအိပ်စက် တည်းခိုနေသည့် တည်းခိုခန်းနာမည်ကို
အမှတ်မှားခဲ့သည်။ ကျွန်မက တည်းခိုခန်းအမည်ကို လမင်းသာ-ဟုသာ တောက်လျှောက်မှတ်ယူနေခဲ့ပါ၏။
ကျွန်မသည်
ဆိုင်းဘုတ်တွင်ရေးထားသည့်စာသားများကို ဝစ္စနှစ်လုံးပေါက်ချန်၍ ဖတ်နေခဲ့ခြင်းဖြစ်ပါသည်။
ဒေါ်ထားရင်က
နှုတ်မှရွတ်ပြလိုက်မှသာ နာမည်အမှန်အတိုင်း သိရှိပေတော့သည်။ ကျွန်မသည် နမော်နမဲ့နိုင်လှသော၊
စိတ်လောကြီးသူ၊ ဆုံးဖြတ်ချက်မြန်သူတစ်ယောက် ဖြစ်ပေတော့၏၊။
+
+ + + + + + + +
နောက်တစ်နေ့နံနက်တွင်
နယ်ခြားမြို့ကလေးမှ ကျွန်မ ပြန်လာခဲ့ပါ၏။
အပြန်ကားပေါ်တွင်
ညကကြုံခဲ့ရသော ကယောင်ချောက်ချားအဖြစ်များကို စားမြုံ့ပြန်နေမိသည်။
ထိုအခါ
ကျွန်မ၏ နမော်နမဲ့နိုင်လှသောဗီဇဆိုးကို တစ်ဖန်ပြန်၍တွေ့လိုက်ရပြန် တော့သည်။
ကျွန်မသည်
အချောက်အလှန့်ခံရကာစတွင် စိတ်လှုပ်ရှားကာ ဘာကိုမှ မစဉ်းစားမိခဲ့။
ဦးတိတ်စိန်၏
လွန်ခဲ့သောဆယ်နှစ်က လမင်းသားတည်းခိုခန်းပေါ်တွင်ကြုံခဲ့သော အဖြစ်ဆိုးများကို ပြန်နားထောင်ရင်းဖြင့်သာ
စိတ်လှုပ်ရှားနေခဲ့ရသည်။
ယခုလို
သွေးအေးသွားချိန်တွင် .. ဦးတိတ်စိန်ဆိုသည့်အမည်ကို၎င်း၊ ကျွန်မမြင်ခဲ့ရသော ဦးတိတ်စိန်အလောင်းကြီး၏မျက်နှာကို၎င်း
ပြန်လည်တွေးတောမိကာ ကျွန်မဦးနှောက်ထဲ၌ မှတ်ဉာဏ်တစ်ခု ပြန်လည်ဖြစ်တည်လာရလေသည်။
ကျွန်မကိုချောက်လှန့်ခဲ့သော
သေသူ၏မျက်နှာ။ မေးရိုးကားကား၊ သွားခေါခေါ၊ ပါးစုံ့ဖောင်းဖောင်း။ သူ့နာမည်က ဦးတိတ်စိန်။
ကျွန်မ၏မှတ်ဉာဏ်များ
ရုန်းကန်ထကြွလာချေပြီ။
ဦးတိတ်စိန်၊
ဦးတိတ်စိန်။ ဦးလေး ဦးတိတ်စိန်။
ကျွန်မသူငယ်ချင်း
တရုတ်မလေး ယုယုစိန်၏ဖခင်။
ယုယုစိန်နှင့်ကျွန်မတို့
တက္ကသိုလ်ရောက်မှရင်းနှီးကြသည့် သူငယ်ချင်းများဖြစ်ပါသည်။ ယုယုစိန်တို့က လှည်းတန်းတွင်
စားသောက်ဆိုင်ဖွင့်ထားသည်။ ရန်ကုန် ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ် တွင် တက်ရောက်နေစဉ်က ယုယုစိန်သည်
လှည်းတန်းရှိ သူတို့အိမ်သို့ ကျွန်မတို့အား အလည် ခေါ်သွားလေ့ရှိပါသည်။ အိမ်ရောက်တိုင်း
အောက်ထပ်တွင်ဖွင့်ထားသည့်စားသောက်ဆိုင်မှ အစားအသေက်များကို တ၀ကြီးချကျွေးလေ့ရှိသည်။
ယုယုစိန်ဖခင်
ဦးတိတ်စိန်ကလည်း တစ်ဦးတည်းသောသမီး၏သူငယ်ချင်းများဖြစ်သော ကျွန်မတို့တစ်သိုက်ကို ခင်မင်ရှာပေသည်။
တရုတ်စာများကို သူကိုယ်တိုင် ချက်ပြုတ်ကြော်လှော် ကာ အိမ်ပေါ်ထပ်ထိ ယူလာကျွေးရှာသည်။
ဦးတိတ်စိန်သည်
ပြည်ကြီးမှရောက်လာသော တရုတ်စစ်စစ်ကြီးဖြစ်ပါ၏။ ယုယုစိန်မိခင် မြန်မာအမျိုးသမီးနှင့်
မြန်မာပြည်ရောက်မှအိမ်ထောင်ကျခြင်းဖြစ်သည်။ စားသောက်ဆိုင်တွင် သူကိုယ်တိုင်ချက်ပြုတ်ကြော်လှော်သည်။
ပါးစုန့်ဖောင်းဖောင်းကြီးများနှင့်
အမြဲတမ်း ပြုံးရယ်နေတတ်သောဦးတိတ်စိန်၊ သွားခေါခေါဖြင့်ဦးတိတ်စိန်၊ မေးရိုးကားသောဦးတိတ်စိန်။
ဦးခေါင်းအပေါ်သို့လန်၍
သေဆုံးနေပုံဖြင့် ကျွန်မကို ပြသချောက်လှန့်နေပုံမှာ ကျွန်မတို့ကိုခင်မင်သော ဦးတိတ်စိန်ပါတကား။
လွန်ခဲ့သောလေးငါးနှစ်က
ယုယုစိန်နှင့်ပြန်တွေ့ရာ သူတို့ လှည်းတန်းတွင် မနေ တော့ကြောင်း၊ စားသောက်ဆိုင်လည်းပိတ်လိုက်ကြောင်း၊
သူ့ဖခင်ဦးတိတ်စိန် ရုတ်တရက် ပျောက်ဆုံးသွား၍ မိခင်ကြီး စိတ်မချမ်းမသာဖြစ်နေကြောင်း၊
ဖခင်ကြီးသည် ရုတ်တရက် အိမ်မှပျောက်ဆုံးသွားရာ မည်သို့မှ စုံစမ်းမရတော့ကြောင်း၊ သေသည်ရှင်သည်ပင်
မသိရကြောင်းများကို ပြောကြားခဲ့ဖူးလေသည်။
ကြည့်စမ်း၊
ယုယုစိန်ပြောပြတဲ့ သူ့ဖခင်ပျောက်ဆုံးသော ခုနှစ်ဟာ ၁၉၉၅ခုနှစ်ပါပဲ။ ‘ဒါဖြင့် ကျွန်မကို
တည်းခိုခန်းတွင် ချောက်လှန့်ခဲ့သော ဝိညာဉ်ကောင်မှာ ဦးတိတ်စိန် ကိုယ်တိုင်ပဲပေါ့။
သေဆုံးတာဆယ်နှစ်ကြာမှ
ထူးထူးခြားခြား ချောက်လှန့်သည့်တစ္ဆေ။
ဦးလေးဦးတိတ်စိန်သည်
နယ်ခြားမှ တည်းခိုခန်းလေးကို ရောက်ရှိခဲ့သည်။ သူနှင့်အတူ အဖိုးတန်ပစ္စည်းများ အိတ်တစ်လုံးဖြင့်ပါလာခဲ့သည်။
ထိုပစ္စည်းများမှာ ဦးတိတ်စိန်၏ချွေးနည်းစာ ဖြင့် ရှာဖွေထားသောပစ္စည်းများလည်း ဖြစ်ကောင်းဖြစ်မည်။
သူတစ်ပါးထံမှ လိမ်လည် အမြတ်ထုတ်ထားသောပစ္စည်းများလည်း ဖြစ်နိုင်ပါသည်။
‘ဒါတွေက
အရေးမကြီး။
သေချာတာကတော့
ဦးတိတ်စိန်သည် ထိုပစ္စည်းများကြောင့် အသတ်ခံရခြင်းဖြစ်သည်။
ဦးတိတ်စိန်အသတ်ခံရတာကို
မိသားစုက မသိ။
မကျွတ်လွတ်သေးသောဦးတိတ်စိန်သည်
မိသားစုကို သူ၏အဖြစ်မှန်အား အသိပေး ချင်ပုံရပါသည်။
ကျွန်မ
လမင်းသားတည်းခိုခန်းတွင် လာရောက်တည်းခိုသည့်အခါ ကျွန်မကို သူ့သမီး ယုယုစိန်၏သူငယ်ချင်းဖြစ်ကြောင်း
မှတ်မိပုံရသည်။ ဦးတိတ်စိန်၏ မကျွတ်လွတ်သေးသော သရဲတစ္ဆေဘ၀ရောက်နေသည့်ဝိညာဉ်သည် သူ့အကြောင်းကို
သိစေချင်၍ သူ့အဖြစ်မှန်ကို သရုပ်ပြကာ ကျွန်မကတစ်ဆင့် အသိပေးခဲ့ခြင်း ဖြစ်ပါလေမည်။
ဖြစ်ရလေ
ဦးလေးဦးတိတ်စိန်ရယ်-
ကျွန်မသည်
စေ့စေ့တွေးမှရေးရေးပေါ်ဆိုသလို သွေးအေးသွားသည့်အခါမှ စဉ်းစားရင်း- စဉ်းစားရင်း အဖြစ်မှန်များကို တွေးတောဆင်ခြင်မိလေတော့သည်။
ကျွန်မအား
ချောက်လှန့်သောသရဲမှာ ရည်ရွယ်ချက်ရှိရှိ ချောက်လှန့်ခဲ့ခြင်းပါတကား။
ကျွန်မသည်
ဤအကြောင်းအား သူငယ်ချင်းယုယုစိန်ကို အသိပေးဖို့ တာဝန်ရှိပေသည်။
ယုယုစိန်ဘယ်ရောက်နေသလဲ။
ရန်ကုန်ရောက်လျှင်
ယုယုစိန်ကို စုံစမ်းရှာဖွေရမည်။
ပြီးတော့-
အဖြစ်မှန်များကိုစုံစမ်းရန် ယုယုစိန်နှင့်အတူ ဤနယ်ခြားမြို့ကလေးသို့
ကျွန်မ
နောက်တစ်ခေါက်ပြန်လာရပါဦးမည်။
+
+ + + + + + + +
ဆောင်းလုလင်
No comments:
Post a Comment