Monday, 30 July 2012

ဆောင်းလုလင်၏၀တ္ထုတို- အချော်ကောက် တစော်ကေ (သရဲဟာသ၀တ္ထု)



ဆောင်းလုလင်
အချော်ကောက် တစော်ကေ

သရဲဟာသ၀တ္ထု

ဝါခေါင်လတုန်းက တောင်ပြုန်းပွဲမှပြန်လာသည့်ကားတစ်စီး အ ဆောင်ရှေ့မှာ တိမ်း မှောက်မှု ဖြစ်သည်။ လူအသေအပျောက်ရှိသည်။
ကားမှောက်မှုက စစ်ပြန်ကြီးအဆောင် နှင့် မလှမ်းမကမ်းမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကျောင်းသားများ ကျောင်းတက်နေသည့် နေ့လည်ပိုင်းဖြစ်၍ ဘယ်နှယောက်သေပြီး၊ ဘယ်နှယောက် ဒဏ်ရာရမှန်း မသိလိုက်ကြ။ ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ မတွေ့လိုက်ရ၍လည်း ထိုအဖြစ်ကို ဘယ်သူမျှ အမှတ်မရကြတော့ပေ။
သီတင်းကျွတ်လလောက်မှစကာ စစ်ပြန်ကြီးအဆောင်တွင် ထူးခြားသောအဖြစ်များဖြစ် ပွားလာခဲ့သည်။
ပထမဆုံးတွေ့ကြုံရသူမှာ အောင်အောင်ဦးဆိုသော မိတ္ထီလာ မှကျောင်းသားဖြစ်သည်။ သူအိပ်နေစဉ် သူ့တစ်ကိုယ်လုံးကိုလာရောက် ပွတ်သပ်သလိုခံစားရ၍ မျက်စိဖွင့်ကြည့်လိုက်ရာ ခုတင်ဘေးတွင် တင်ပလွဲထိုင်၍ သူ့ကိုကိုင်တွယ်ပွတ်သပ်နေသော အမျိုးသမီးတစ် ယောက်၏ သဏ္ဍာန်ကို ခပ်ရေးရေးတွေ့ရသည်ဟုဆိုသည်။ သူလည်း လန့်အော်လိုက်သည်။ အမျိုးသမီးလည်း အဆောင်ထဲမှ ထွက်ပြေး ပျောက်ကွယ်သွားသည်ဟု ဆိုသည်။
သူ့အော်သံကြောင့် တစ်ဆောင်လုံး လန့်နိုးအလာတွင်  အောင်အောင်ဦးက ထိုအတွေ့အကြုံကိုပြောပြခြင်းဖြစ်သည်။ အောင် အောင်ဦးအပြောကို ဘယ်သူကမျှ မယုံ။
ဒုတိယကြုံရသူမှာ ရွှေဘိုမှကျောင်းသားမောင်မြတ်စံဖြစ်၏။ မြတ်စံကတော့ အမျိုးသမီးကို အဆောင်ထဲဝင်လာကတည်းက မြင် လိုက်ခြင်းဖြစ်သည်။ အမျိုးသမီးတစ်ယောက်သည် အဆောင်အ နောက်ဖက်မှ အဆောင်ထဲဝင်လာကာ တန်းစီချထားသော ခုတင်များ ကို တစ်ခုတင်ပြီးတစ်ခုတင် လိုက်ငုံ့ကြည့်နေတာကို သူမြင်နေရသည်။
`ဟေ့- ဘယ်သူလဲ´
မြတ်စံက လှမ်းအော်လိုက်ရာ အမျိုးသမီးသဏ္ဍာန်သည် ဖြတ်ကနဲပျောက်ကွယ်သွား လေသည်။
မြတ်စံက တစ်ဆောင်လုံးကို နှိုးပြောသည်။
`အပြင်ကိုထွက်ပြေးသွားတာမဟုတ်ဘူးကွ၊ ငါအော်လိုက်မှ အဲဒီနေရာတွင် ပျောက်သွားတာ၊ သူက ကျော်ကျော်မောင့်ခုတင်ဘေး ကနေ ကျော်ကျော်မောင့်ကို ငုံ့ကြည့်နေတုန်း ငါ အော်လိုက်လို့ ပျောက်သွားတာ´
ထွက်ပြေးသွားတာမဟုတ်၊ ပျောက်သွားတာဆိုတော့-မြတ်စံ အပြောအရ အမျိုးသမီးမှာ နာနာဘာဝလိုဖြစ်နေသည်။ လူငယ် ကျောင်းသားများမို့ သရဲတစ္ဆေကို အယုံအကြည်မရှိကြ။ သရဲဖြစ် မည်ဟုမထင်၊ တကယ်ပင် အမျိုးသမီးတစ်ယောက်ဖြစ်ချင်ဖြစ်မည်။ ဒါမှမဟုတ်- မြတ်စံအမြင်မှားတာ ဖြစ်ချင်ဖြစ်မည်။

နွေတမာန် - အပူးနဲ့အခွ (မဂ္ဂဇင်းဝတ္ထုရှည်)

နွေတမာန်
အပူးနဲ့အခွ

မယဉ်ကြည်၏အသုဘ ရက်လည်နေ့တွင် အိမ်နီးချင်းအပျိုကြီး မတင်မွှေးကို မယဉ်ကြည်၏ဝိညာဉ်က ဝင်ပူးသည်။
ဘုန်းကြီးများဆွမ်းစားအပြီး ပြန်ကြွသွားမှ သေသူမယဉ်ကြည်က ဝင်ပူးခြင်းဖြစ်သည်။ အသုဘ ရက်လည်မှာကျွေးသောမုန့်ဟင်းခါးကိုစားနေ ရင်းမှ မတင်မွှေးကိုယ်က တဆတ်ဆတ်တုန်လာသည်။
]]ဟဲ့  ...ဟဲ့  ...ဘာဖြစ်တာလဲ၊ တင်မွှေး  ...တင်မွှေး}}
တစ်ဝိုင်းထဲစားနေသည့်မိန်းမကြီးက မတင်မွှေးကိုယ်ကိုထိန်းရင်း မေးလိုက်သည်။
မတင်မွှေးက တဆတ်ဆတ်တုန်ရင်း မျက်ဖြူကြီးလန်ကာ  ...
]]ကိုငြိမ်းမောင်ကိုခေါ်ပေး  ...ကိုငြိမ်းမောင်ကိုခေါ်ပေး}}
-ဟုပြောလေသည်။
ကိုငြိမ်းမောင်ဆိုသည်မှာ သေသူမယဉ်ကြည်၏ခင်ပွန်းဖြစ်သည်။
မတင်မွှေး၏ထူးခြားသောအမူအရာကြောင့် လူတွေ သူတို့စားပွဲနားရောက်လာသည်။
]]ကိုငြိမ်းမောင်ကိုခေါ်ပေး  ...ကိုငြိမ်းမောင်ကိုခေါ်ပေး}}
မတင်မွေးက တုန်နေရင်းမှ ထိုစကားကိုထပ်ပြောသည်။
ဘယ်သူမှခေါ်ပေးစရာပင်မလို။ အိမ်ကျဉ်းကျဉ်းလေးအတွင်းမှာ အဖြစ်အပျက်ကိုမြင်နေရသည့်အတွက် ကိုငြိမ်းမောင်ရောက်လာသည်။
ကိုငြိမ်းမောင်အနားရောက်လာသည်နှင့်မတင်မွှေးက ကိုငြိမ်းမောင်ကိုကြည့်ကာ  ...
]]ကိုငြိမ်းမောင်  ...ကိုငြိမ်းမောင်  ...ကျွန်မရှင့်ကိုတောင်းပန်ပါတယ် ကိုငြိမ်းမောင်ရယ်}}
]]ဟင်  ...မယဉ်ကြည်၊ မယဉ်ကြည်လား၊ ဟုတ်လား}}
ကိုငြိမ်းမောင်က မေးလိုက်သည်။
]]ဟဲ့  ...နင်ဘယ်သူတုံး၊ နင့်ကို မယဉ်ကြည်လားတဲ့မေးနေ တယ်၊ ဟုတ်ရင်ဟုတ်တယ်ပြော}}
အတွေ့အကြုံရှိဟန်တူသောမိန်းမကြီးတစ်ယောက်က မတင်မွှေး ကိုပြောလိုက်သည်။
]]ဟုတ်  ...ဟုတ်ပါတယ်၊ ကျွန်မ မယဉ်ကြည်ပါ၊ ကိုငြိမ်းမောင် ကို တောင်းပန်ချင်လို့}}
]]အို  ...မင်းကိုတောင်းပန်ချင်လို့တဲ့မောင်ငြိမ်းမောင်}}
]]မယဉ်ကြည်၊ မင်းဘာပြောချင်လို့လဲ၊ ပြောပါ}}
]]ကို  ...ကိုငြိမ်းမောင်ရယ်၊ ကျွန်မ  ...ကျွန်မ ရှင့်ကိုအနိုင်ကျင့် ခဲ့တာ၊ ရှင့်အပေါ် မောက်မာမိုက်ရိုင်းခဲ့ တာတွေအတွက် အခု  ...ခံနေရပါ ပြီရှင့်၊ အဟီး  ...ဟီး  ...ဟီး}}
မယဉ်ကြည်ဝိညာဉ်ဝင်ပူးနေသောမတင်မွှေးက ပြောရင်းငိုလိုက် လေသည်။
]]မယဉ်ကြည်ရယ်}}
]]ကျွန်မလေ  ..ကျွန်မ၊ ဘ၀ကူးမကောင်းဘူးရှင့်၊ ကျွန်မ  ...   ပြိတ္တာဘ၀ရောက်နေတယ်}}
]]ဟင်  ...}}
]]ဟယ်  ...}}
]]ကိုငြိမ်းမောင်၊ ကျွန်မလေ ရှင့်ကို နိုင်စားခဲ့၊ မောက်မာခဲ့တာတွေ အတွက် အခု ခံနေရပြီရှင့်၊ သရဲတစ္ဆေဘ၀မှာ ကျွန်မအတွက်နေစရာမရှိဘူး၊ ဘ၀တူ ပြိတ္တာတွေက ကျွန်မကို လင်ကိုအနိုင်ကျင့်ခဲ့တဲ့မိန်းမ မို့လို့တဲ့၊ နေစရာမပေးကြဘူး၊ အဖက်မလုပ်ကြဘူးရှင့်၊ အဟင့်ဟင့်  ...ဟီး  ...}}
မယဉ်ကြည်ဝင်ပူးနေသူမတင်မွှေးက ပြောရင်းငိုချလိုက်သည်။
]]မယဉ်ကြည်  ...မယဉ်ကြည်၊ ဖြစ်ရလေမယဉ်ကြည်ရယ်}}
ကိုငြိမ်းမောင်က မတင်မွှေးတစ်ဆင့်ပြောပြသော မယဉ်ကြည်အဖြစ်ကိုသိရပြီး စိတ်မကောင်းဖြစ် နေသည်။
မယဉ်ကြည်၏သမီးလည်း အပြေးရောက်လာကာ မတင်မွှေး ပြောတာတွေကိုနားထောင်နေကြ၏။ သမီးဖြစ်သူ စမ်းစမ်းဆင့်က အမေ့ အဖြစ်ကိုသိရပြီး ငိုနေရှာပေသည်။
]]ကိုငြိမ်းမောင်၊ သူဘာဖြစ်ချင်သလဲမေးလေ၊ သူ့ကို ကျွတ်အောင် လွတ်အောင် ဘာလုပ်ပေးရမလဲ မေး}}
ဘေးမှမိန်းမကြီးတစ်ယောက်က သတိပေးလိုက်သည်။
]]ကိုငြိမ်းမောင်ရယ်၊ ကျွန်မကိုခွင့်လွှတ်ပါ၊ ကျွန်မ ရှင့်အပေါ် နိုင်စားခဲ့တာတွေကိုဗွေမယူပါနဲ့ရှင်၊ ကျွန်မ နောင်တရပါပြီ၊ ကျွန်မတောင်းပန် ပါတယ်၊ ပြိတ္တာဘ၀မှာ ကျွန်မမှာ နေစရာလည်းမရှိ၊ စားစရာလည်းမရှိ၊ အဲဒါ လင်ကိုစော်ကားခဲ့မိလို့ ကျွန်မခံနေရတာရှင့်၊ အဟင့်ဟင့်  ...ဟီး}}
]]မယဉ်ကြည်၊ မယဉ်ကြည် ငါ မင်းအတွက်ဘာလုပ်ပေးရမလဲ}}
ကိုငြိမ်းမောင်မေးသည်ကို မယဉ်ကြည်ဝင်ပူးနေသောမတင်မွှေးက မဖြေ။ ငိုမြဲဆက်ငိုနေသည်။
]]အဟင့်  ...အဟင့်  ...ဟီး  ...ဟီး  ...}}
]]မယဉ်ကြည်  ...မယဉ်ကြည်}}
]]အမေ  ...အမေ၊ ကျွန်မစမ်းစမ်းဆင့်လေ၊ အမေဘာဖြစ်ချင် သလဲ၊ ပြောပါ}}
မတင်မွှေးက မေးနေသည်များကိုမဖြေပဲ အားရအောင်ငိုပြီးနောက် ဝါးကနဲသမ်းလိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်ပစ်လဲသွားလေသည်။
မတင်မွှေးကို ဝိုင်းပြီးနှာနှပ်ကြ၊ သတိပြန်လည်အောင်ပြုစုကြသည်။

Saturday, 28 July 2012

ဆောင်းလုလင်၏၀တ္ထုတို- မသာရထား


ဆောင်းလုလင်
မသာရထား

ဒီတစ်ခါကြုံရတဲ့မုန်တိုင်းက တော်တော်ဆိုးတာပဲ။
ဖိုးနိုင်တို့တံငါတွေ တော်တော်ထိလိုက်တယ်။
ဖိုးနိုင်ကတော့ ပိုက်တွေဆုံး၊ လှေလည်းဆုံးနဲ့
လူမသေတာတောင် ကံကောင်း။

သူနဲ့မလှမ်းမကမ်းမှာ ပိုက်ချနေတဲ့ ဦးလူလှကြီးတော့
ဘယ်လိုနေတယ်မသိဘူး။
မုန်တိုင်းကျခါစမှာ တစ်ယောက်နဲ့တစ်ယောက်
ဖေးဖေးမမနဲ့ ကူညီညာလုပ်ကြမယ်စိတ်ကူးတာ
တဖြည်းဖြည်းနဲ့ ပိုဆိုးလာတဲ့မုန်တိုင်းဟာ ပင်လယ်တပြင်လုံး
အုံကြွပြီး.. ကောင်းကင်တစ်ခုလုံးလည်း မှုန်မှိုင်းသွားလို့
ဘာမှ မမြင်ရတော့ဘူး။

ဖိုးနိုင်လည်း ကိုယ့်အသက်ဘေးကိုယ် ကာကွယ်ရင်းနဲ့
မုန်တိုင်းထန်ထန်ကြားမှာ ပင်လယ်ထဲ လက်ပစ်ကူးခဲ့ရတယ်။
ရရာသစ်တုံးတစ်တုံးကို တွယ်ဖက်ပြီး ဘာမျှမမြင်ရတဲ့
ပင်လယ်ပြင်ထဲမှာ မျောပါခဲ့ရတယ်။

ကြာတော့… လှိုင်းအပုတ်ကြမ်းလိုက်တာမှာ
တွယ်ထားတဲ့သစ်တုံးနဲ့ကိုယ်နဲ့ ကွဲကွာသွားပါတော့တယ်။
ဒီတော့လည်း.. ကမ်းစပ်ဘယ်မှာရှိမှန်း မမှန်းဆနိုင်ပဲနဲ့
ဆက်ပြီး လက်ပစ်ကူးခဲ့ရပြန်တာပေါ့။
x x x x x
ဒုက္ခတွင်းထဲမှာ `အမေ… အမေ´နဲ့ အမေ့ကိုဟစ်အော်ခေါ်ရင်း
တမ်းတမိတယ်။ ဘုရားကိုသတိရပေမယ့် နဂိုကတည်းက
ဘုရားစာတစ်ပိုဒ်ဆုံးအောင် ကောင်းကောင်းမရခဲ့တာမို့
မရွတ်ဆိုနိုင်ခဲ့ဘူး။ အမေကိုပဲ တမ်းတမိတယ်။

ဆောင်းလုလင်၏၀တ္ထုတို- ဂီတညချမ်းသဘင်


ဆောင်းလုလင်
ဂီတညချမ်းသဘင်

မြို့သစ်အဖြစ် မြေကွက်များဖော်ထုတ်ပြီး လူနေအိမ်များ တည် ဆောက်ဆဲကာလဖြစ်၍ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ခြောက် ကပ်လျှက်ရှိပါသည်။ ယခင်က လယ်တောနှင့် ယာမြေ များဖြစ်ပြီး အချို့ နေရာတို့မှာ ရေ၀ပ်သောဧရိယာများဖြစ်ပါ၏။ မြို့သစ်အဖြစ်ဖော်ထုတ် လိုက်သည့် အခါ ရေ၀ပ်သည့်အပိုင်းများကို မြေဖို့ပစ်ရသည်။ လယ်မြေ နှင့်ဖုန်းဆိုးမြေများကို ညှိပစ်ရသည်။ လမ်းနေရာများ အကွက်ချပြီးဖြစ် သော်လည်း ကတ္တရာမခင်းရသေးသည့် မြေကြီးသက်သက်သာဖြစ်၏။
ပတ်ဝန်းကျင်တစ်ခုလုံးသည် မြို့နံ့မသင်းသေးပါ။ မြို့အင်္ဂါရပ်နှင့် မညီညွတ်သေးသည့်အားလျော်စွာ လူနေလည်း နည်းပါးလှသေး၏။ ယခုလို ညအချိန်တွင်လည်း မှောင်နှင့်မည်းမည်းသာ ရှိနေတတ်လေ သည်။ လျှပ်စစ်မီးများ မသွယ်တန်းရသေးသည့်အတွက် ဖြစ်ပါသည်။
ထိုကဲ့သို့သောကာလတွင် ကျွန်တော်သည် ဆောက်လက်စ တိုက်အိမ်တစ်လုံးတွင် ညစောင့်အလုပ်သမားအဖြစ် နေထိုင်ခဲ့ရဖူးပါ သည်။
ကျွန်တော်နေထိုင်စဉ်က ပြိုင်လျှက်ရှိသောလမ်းမကြီးနှစ်လမ်းကြားတွင်အိမ်၆လုံးသာ ဆောက်လုပ် ဆဲရှိပါသေးသည်။ လမ်းနှစ်လမ်းကြားတွင် မြေကွက်၈၀တိတိ နေရာချထားပေး ပြီးဖြစ်သော်လည်း အကွက် ရိုက် ခြံစည်းရိုးခတ်ရုံသာပြုလုပ်ထားပြီး အိမ်များမဆောက် လုပ်ကြသေးပါ။
ထိုစဉ်က ဆောက်လက်စ တိုက်၆လုံးတွင် ကျွန်တော်စောင့်ရ သောတိုက်အပါအ၀င် တိုက်၅လုံးမှာ အရှိန်မပျက် ဆက်ဆောက်နေဆဲ ဖြစ်ပါ၏။ လမ်းမကြီးဘေးကပ်ရက်မှ လေးထပ်အထိဆောက် လုပ် ပြီး ဖြစ်သော တိုက်ကြီးမှာမူ ဆက်လက်ဆောက်လုပ်သည်ကို မတွေ့ရပဲ လုပ်ငန်းရပ်ဆိုင်းထား ဟန်တူပေသည်။ အတော်အတန်ရုပ်လုံးပေါ်ပြီး ပြီးစီးလုအခြေအနေရောက်နေကာမှ ဘာကြောင့်ဆက် မဆောက်သည် မသိပေ။
ကျွန်တော်သည် ည(၆)နာရီဆိုလျှင် အလုပ်မှဆင်းကာ စောင့်ရ မည့်တိုက်ဆီသို့ လာမြဲဖြစ်ပါသည်။ စင်စစ် ကျွန်တော်စောင့်ပေးနေ သောတိုက်မှာ ကျွန်တော့်အလုပ်ရှင်သူဌေး၏တိုက်ဖြစ်ပါသည်။ နေ့ပိုင်း တွင် ဈေးချိုရှိ သူဌေး၏ကုန်မာဆိုင်တွင် အလုပ်ဆင်းကာ ညအလုပ် ပြန်ချိန်ကျမှ မြို့သစ်ရှိ ဆောက်လက်စ တိုက်ကို သွားစောင့်ပေးခြင်းဖြစ်ပါသည်။
ထိုစဉ်က လူနေနည်းသေးသောမြို့သစ်မှာ လမ်းမီးများသွယ် တန်းခြင်းမပြုရသေး၍ ညဆိုလျှင် မှောင်နှင့်မည်းမည်းဖြစ်နေတတ်ပါ သည်။ ထို့ကြောင့် ကျွန်တော်စောင့်အိပ်ရသောတိုက်သို့ရောက်ပြီးလျှင် အပြင်ပြန်မထွက်ဖြစ်သည်က များပါသည်။ မအိပ်ချင်သေးလျှင် ခြံထဲ မှာပင် တစ်ယောက်တည်း ဂစ်တာတီးကာ အပြင်းဖြေနေတတ်၏။
ထိုကဲ့သို့ ပျင်းရီငြီးငွေ့ဖွယ်အခြေအနေမှာ လွန်ခဲ့သည့်လအထိ ပင်ဖြစ်လေ၏။
x x x x x
ယခုတော့ မြို့သစ်ကလေးသည် ယခင်ကနှင့်မတူစွာ ပြောင်းလဲ ၍ လာခဲ့လေပြီ။
ချထားပေးသောမြေကွက်များကို အိမ်မဆောက်လုပ်ပါက ပြန် လည်သိမ်းယူမည်ဟု သက်ဆိုင်ရာ က ကြေငြာလိုက်သည့်အတွက်ဖြစ် လေ၏။ ယခုဆိုလျှင် အိမ်များအပြိုင်အဆိုင်ဆောက်လုပ်နေပုံမှာ နေ့ လည်ခင်းတွင် ထုသံ၊ရိုက်သံများဖြင့် ပွက်လောညံနေသည်။ ပန်းရံသ မား၊ လက်သမားများ နေပူပူထဲတွင် အလုပ်လုပ်နေသည့်မြင်ကွင်းကို လည်း မြင်တွေ့နိုင်လေသည်။ မိုးမကျမီ အိမ်များပြီးစီးရန် လုံးပန်းနေ ခြင်း ပင် ဖြစ်တော့သည်။

နွေတမာန်၏၀တ္ထုတို- အတူတူကစားရအောင်

နွေတမာန်

အတူတူကစားရအောင်

ငါနေတဲ့တောင်ကုန်းလေးပေါ်ကို ငါနဲ့ရွယ်တူ ကလေး ၄ ယောက်တက်လာတာ ကိုမြင်လိုက်တော့ ငါအရမ်းပျော်သွားတာပဲ။
ငါနဲ့တူတူကစားဖို့အဖော်တွေကိုမျှော်နေတာ ကြာလှပါပြီ
ဘယ်လောက်ကြာပြီလဲဆိုတော့ မမှတ်မိအောင်ကို ကြာလှပါပြီ။
သူတို့လေးယောက် လာနေကြတာကိုကြည့်ပြီး ငါ့စိတ်တွေ အရမ်းတက်ကြွသွားတယ်။လေးယောက်စလုံးက ငါနဲ့အရွယ်မတိမ်းမယိမ်းတွေ၊ ငါလိုပဲအသက်ရှစ်နှစ်ပတ်ဝန်းကျင်အရွယ်တွေပဲပေါ့။
တောင်ကုန်းလေးအောက်ခြေက ကားလမ်းမပေါ်မှာ ကားတစ်စီးပျက်နေတာကိုငါမြင်နေရတယ်။ ကားအောက်မှာ အဘွားအိုကြီးတစ်ယောက်ရယ်၊ ယောကျာ်းကြီး၊ မိန်းမကြီးတွေရယ်ကို ငါမြင်နေရတယ်
 ကြည့်ရတာ လမ်းမှာကားပျက်သွားတာထင်ပါရဲ့။
ငါကြည့်နေတုန်းမှာပဲ ယောကျာ်းကြီးတစ်ယောက်က ကားပေါ်က ဘီးပိုတစ်ဘီးကိုဖြုတ်ပြီးအောက်ချလိုက်တာမြင်လိုက်ရတယ်။
ကားဘီးပေါက်လို့ ဘီးလဲမလို့ကိုး။
သူတို့လေးယောက်က ကားဘီးလဲတုန်းမှာ ကစားကြမယ်ဆိုပြီးငါရှိတဲ့တောင်ကုန်းလေးပေါ် တက်လာကြတာဖြစ်မှာပေါ့။သူတို့လေးယောက်စလုံးဟာ အသက်ရှစ်နှစ်၊ ကိုးနှစ်၊ ဆယ်နှစ် အရွယ်တွေချည်းပဲ။
ယောကျာ်းလေးကနှစ်ယောက်၊ မိန်းကလေးက နှစ်ယောက်။ သူတို့ဟာမောင်နှမတွေတော့မဖြစ်နိုင်ပါဘူး။ အို...ဒါတွေက အရေးမကြီးပါဘူး။ သူတို့ငါနေတဲ့နေရာမှာကစားဖို့လာကြတာဆိုရင် ငါလည်းသူတို့နဲ့အတူတူ ၀င်ကစားမှပဲ။ငါလေ ရွယ်တူကလေးတွေနဲ့မတွေ့ရတာကြာပြီ။ မကစားရတာလည်းကြာပြီ။ ငါ့ဟာငါ တစ်ယောက်တည်းကစားရတာ သိပ်ပျင်းဖို့ကောင်းတာပဲ။

နွေတမာန်၏၀တ္ထုတို- အပြန်လမ်း


နွေတမာန်
အပြန်လမ်း

ဒီတစ်ခေါက် အိမ်ပြန်လာတော့
ကျွန်တော် အဖေ့ကို အရမ်းသတိရမိတယ်။
ကျွန်တော်အိမ်ပြန်ရောက်ရင် အဖေ့ကို  တွေ့ရတော့မှာ မဟုတ်ပါဘူး။
ကျွန်တော် ဒီနိုင်ငံကထွက်ခွာသွားတဲ့ လေးနှစ်အတွင်းမှာ
အဖေ သေဆုံးခဲ့ပါပြီ။

အိမ်မှာ အဖေမရှိတော့ဘူးဆိုတာ သိနေပေမယ့်
ကျွန်တော့်ရင်တွေဟာ ခုန်နေပါတယ်။
အဲဒီရင်ခုန်သံဟာ အဖေနဲ့ပြန်တွေ့ရတော့မယ့်အခါတိုင်း
ခံစားရတဲ့ ရင်ခုန်သံမျိုးပါ။

အဖေမရှိတော့ဘူးဆိုတာ သိနေပေမယ့်
ကျွန်တော်ဟာ အဖေနဲ့ ပြန်တွေ့လိုတွေ့ငြား  မျှော်လင့်နေမိတယ်။
အဖေ့ကိုတွေ့ချင်စိတ်တွေ တဖွားဖွားပေါ်နေမိတယ်။
ကျွန်တော့်ရင်တွေဟာ ခုန်နေပါတယ်။
x x x x x

ဆောင်းလုလင် - သရဲမလေး မခင်မွှေ


ဆောင်းလုလင်
သရဲမလေးမခင်မွှေ
သရဲဟာသဝတ္ထု

တကယ်တော့ သူ့နာမည်အရင်းက မခင်မွှေးပါ။ မခင်မွှေဆိုတာက သူ့အကျင့်ကိုသိတဲ့ အရပ်ထဲကလူတွေက နာမည်ပြောင် လုပ်ပြီးခေါ်ကြတာ။
ခင်မွှေးကို ခင်မွှေလို့ပြောင်းခေါ်ရလောက်အောင်လည်း သူဟာ တော်တော်ကို ဂြိုဟ်မွှေခဲ့တဲ့ အမွှေမလေးတစ်ယောက်ပါ။
တစ်နေ့မှာ တစ်ခုခုမွှေလိုက်ရမှအားရတဲ့မခင်မွှေလေ။
သူ့ရဲ့မွှေချင်တဲ့စရိုက်က ငယ်ငယ်လေးကတည်းကကို စပြီးပေါ်လွင်နေတာပါ။
မခင်မွှေငယ်ငယ်ကကျောင်းတက်တုန်းက အဖြစ်တစ်ခုကိုကြည့်။
ငါးတန်းနှစ်မှာပေါ့။ သူက သချာFမှာညံ့တော့ သချာFဆရာက မခင်မွှေကို အမြဲတန်းဆူတယ်။ တစ်နေ့တော့  ...မခင်မွှေက သချာFဆရာအချိန်မှာ အိမ်သာသွားပါရစေလို့ခွင့်တိုင်ပြီး အခန်းအပြင်ကို ထွက်သွားတယ်။ အိမ်သာကိုတကယ်သွားတာမဟုတ်ပါ ဘူး။ ကျောင်းအုပ်ကြီးရုံးခန်းဘေးက အတန်း ပြောင်းခေါင်းလောင်းထိုးတဲ့ ကားဘီးသံခွေကြီးချိတ်ထားတဲ့နေရာကိုသွားတာပါ။ အဲဒီ ကိုရောက်တော့ သံခွေအပေါက်မှာထိုးထားတဲ့သံချောင်းကိုယူ အတန်းပြောင်းခေါင်းလောင်းထိုးတဲ့နည်းအတိုင်း နှစ်ချက်စီ နှစ်ချက်စီ ဆင့်ပြီးခေါက်တော့တာပါပဲ။ ဘာသာရပ်တစ်ခုစီအတွက် ဆရာတွေစာသင်ဖို့ အချိန် သတ်မှတ်ထားတာက နာရီဝက်ပါ။ ဆယ့်ငါးမိနစ်လောက်နဲ့ အတန်းပြောင်းခေါင်းလောင်းသံ ထွက်လာ တော့ အားလုံးကြောင်ကုန်ကြတယ်။ တစ်ချို့ဆရာတွေကလည်း သတိမထားမိဘူး။ တကယ်အချိန်စေ့ပြီ ထင်ပြီး တခြားအခန်းကို ကူးကုန်ကြတယ်။ နာရီကိုကြည့်မိတဲ့ဆရာဆရာမတွေကတော့ ခေါင်းလောင်း ထိုးချိန်စော တာကိုသတိထားမိတာပေါ့။ ဒါပေမယ့် တခြားဆရာတွေအခန်း ကူးကြတော့ သူတို့လည်း သင်လက်စစာကိုဖြတ်ပြီး နောက်သင် ရမယ့်အခန်းကိုကူးကြတယ်။
မခင်မွှေကတော့ အိမ်သာကပြန်လာသလိုလိုနဲ့ အခန်းထဲခပ်တည်တည်ဝင်ပြီး ပြန်ထိုင် နေပါပြီ။
ဒါပေမယ့်  ...မခင်မွှေ အတန်းပြောင်းခေါင်းလောင်းလာထိုးတာကို ဆရာတွေနားနေခန်းမှာ အချိန်အားလို့နားနေတဲ့ ဆရာမ တစ်ယောက်က မြင်လိုက်တယ်။ မခင်မွှေရဲ့အတန်းပိုင်ဆရာမကို သွား ပြောတယ်။
ဒါနဲ့ပဲ မခင်မွှေတစ်ယောက် တစ်ကျောင်းလုံးရှေ့မှာ ကြိမ်နဲ့အဆော်ခံခဲ့ရပါရောလား။
မခင်မွှေတို့မွှေတယ်ဆိုတာက သေးသေးမွှားမွှားမွှေတာမျိုးမဟုတ်ပါဘူး။ အဲဒီလို  ...ဆရာတွေ ရော ကျောင်းသားတွေရော တစ်ကျောင်းလုံး တုန်လှုပ်သွားအောင်မွှေတာမျိုးပါ။
တစ်ခါကလည်း ကျောင်းမှာ (၇)တန်းအေက အတန်းပိုင်ဆရာ ဦးကျော်စွာနဲ့ ခြောက်တန်းစီက အတန်းပိုင်ဆရာမဒေါ်အေးအေးမြင့်နဲ့ ကြိုက်နေကြတယ်။ ကျောင်းအဆင်းမှာ ဘုရားဝင်းထဲက ညောင်ပင်ကြီးအောက်မှာ ချိန်းတွေ့ကြတယ်ဆိုတဲ့သတင်းထွက်လာတယ်။ ဆရာမဒေါ်အေးအေးမြင့်က အိမ်ပြန်ရင် ဘုရားဘေးကနေဖြတ်ပြန်ရတာမို့ ထွက်လာတဲ့သတင်းက ယုံလောက်စရာဖြစ်နေတယ်။ ခက်တာက ဆရာဦးကျော်စွာက လူပျိုမဟုတ်ဘူး၊ အိမ်ထောင်သည်။ ဦးကျော်စွာမိန်းမက ဒီသတင်း ကြားတော့ သူ့ယောက်ျားကိုရန်လုပ်တယ်။ ဆရာကျော်စွာကငြင်းပေမယ့် သတင်းက လူတကာပြောပြီး ခိုင်လုံသလောက်ဖြစ်နေတော့ ရှင်းမရဘူး။
ဦးကျော်စွာကတော်က ကျောင်းကိုလိုက်လာပြီး ကျောင်းအုပ်ကြီးကို တိုင်တာတောတာ၊ ဆရာဆရာမတွေဆီမှာ စုံစမ်းတာတွေဖြစ် လာရော။ ဒါနဲ့ ကျောင်းအုပ်ကြီးလည်း မနေနိုင်တော့ပဲ ဒီသတင်းထွက်လာတဲ့အရင်းအမြစ်ကို ကျောင်းသားကျောင်းသူတစ်ယောက်ချင်းဆီမှာ စုံစမ်းရတော့ တယ်။
ဒီသတင်းဘယ်ကထွက်လာတယ်ဆိုတာ တစ်ဆင့်ချင်းလိုက်လိုက်တော့မှ သတင်း ကိုစတင် ဖြန့်ချီသူက မခင်မွှေဖြစ်နေတာ တွေ့ ရတော့တယ်။
မခင်မွှေက ဆရာကိုကျော်စွာနဲ့ဆရာမအေးအေးမြင့် ညောင်ပင်ကြီး အောက်မှာဖက် နေတာ သူ့မျက်စိနဲ့ဒိဌမြင်ရပါတယ်ဆိုပြီး မိန်းကလေးသူငယ်ချင်းတွေကို အတည်ပေါက်လုပ် ပြောပြရာက ဒီသတင်းပျံ့နှံ့သွားတာပါ။
ဒီတစ်ခါမွှေပုံက တော်တော်ကိုဆိုးလို့ ကျောင်းအုပ်ကြီးက မခင်မွှေ မိဘတွေခေါ်ပြီး သတိပေးလက်မှတ်ထိုးခိုင်းရတဲ့အထိပါပဲ။ ငါးတန်းကျောင်းသူလေးမွှေပုံက ကြီးကျယ်လွန်းလို့ ဆရာမတွေလည်း ရင်ဘတ်တဖိဖိဖြစ်ကုန်ခဲ့ရတာပေါ့။
မခင်မွှေကိုတော့ သူ့အမေက ဆရာကြီးရုံးခန်းရှေ့မှာတွင် ဆရာကြီးဆီကကြိမ်လုံးငှားပြီး ကျောကော့အောင်ရိုက်ပစ်လိုက်တယ်လေ။
+ + + + +
ကျောင်းနေစဉ်အရွယ်တုံးက မွှေပုံက ဒါလောက်တွင် မဟုတ်သေးပါဘူး။ အရပ်ထဲမှာလည်း မွှေနေတာပါပဲ။
အပျိုကြီးတစ်ယောက်ကိုကြိုက်နေတဲ့လူပျိုကြီးကို သူစာပေးပေးပါမယ်ဆိုပြီး ရည်းစားစာ ရေးခိုင်းတယ်။ ရည်းစားစာကို အပျိုကြီးဆီ သွားမပေးပဲ အပျိုကြီးက စာပြန်သယောင်နဲ့ ပြန်စာကို သူကိုယ်တိုင်ရေးတယ်။ သုံးစောင်မြောက်စာမှာ အပျိုကြီးက သူ့အတွက် မိတ်ကပ်ဗူး နဲ့ရေမွှေးပုလင်း ဝယ်ပြီးလက်ဆောင်ပေးပါလို့ရေးလိုက်ပါလေရော။ လူပျိုကြီးကလည်း ရူးပေါပေါဆိုတော့ ဖြစ်နိုင်မဖြစ်နိုင် မဆင်ခြင်ဘူး။ ပိုက်ဆံစုပြီး မရရအောင်ဝယ် ပေးလိုက်တယ်။ မခင်မွှေကတော့ အရွယ်နဲ့မလိုက်အောင် မိတ်ကပ်အကောင်းစားတွေ ရေမွှေးတွေသုံးပြီး ဟုတ်လို့ပေါ့။