Saturday, 26 October 2013

မင်းရှင်...၏ အသံထွက်ဝတ္ထု- ရောင်းခါစ

မင်းရှင်

ရောင်းခါစ

စာရေးဆရာ မင်းရှင်

 

စာရေးဆရာ မင်းရှင်..၏ 
၁၉၆၂ခုနှစ်၊ အနုပညာစာပေဆိုင်ရာ ၀တ္ထုတိုပေါင်းချုပ်ဆုရ
လမ်းပေါ်မှာ... ၀တ္ထုတိုများစာအုပ်မှ
ရောင်းခါစ... ၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။

စီစဉ်တင်ဆက်သူ- နွေတမာန်

Tuesday, 22 October 2013

သန်းမြင့်အောင် ၏ အသံထွက်ဝတ္ထု- သဏ္ဍာန်မဲ့ထုထည်

သန်းမြင့်အောင်

သဏ္ဍာန်မဲ့ထုထည်

စာရေးဆရာမ သန်းမြင့်အောင်...
သဏ္ဍာန်မဲ့ထုထည်... ၀တ္ထုတိုအား
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။

 စာရေးဆရာမ သန်းမြင့်အောင်


စီစဉ်တင်ဆက်သူ- နွေတမာန်

Wednesday, 4 September 2013

နေနော် ၏ အသံထွက်ဝတ္ထု- အသံတွေရဲ့ပဉ္စလက်

နေနော် ၏ အသံထွက်ဝတ္ထု

အသံတွေရဲ့ပဉ္စလက်


စာရေးဆရာ နေနော်
စာရေးဆရာနေနော်-၏ အသံတွေရဲ့ပဉ္စလက်-၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် စီစဉ်တင်ဆက်လိုက်ပါသည်။

Tuesday, 3 September 2013

အသံထွက်ဇာတ်လမ်း (ဗီဒီယို)

အသံထွက်ဇာတ်လမ်း (ဗီဒီယို)

ဆောင်းလုလင်...၏ အသံထွက်ဇာတ်လမ်း... ၀တ္ထုတိုကို ရိုက်ကူးပြီး
မြ၀တီရုပ်မြင်သံကြား၊ ဘ၀ကြေးမုံဇာတ်လမ်းစုံအစီအစဉ်တွင် ထုတ်လွှင့်ခဲ့သည့် 
ဗီဒီယိုဇာတ်ကား
ထွန်းလွင်အောင် နှင့် ကေကေမိုးမြင့်... ခေါင်းဆောင်ပါဝင်သည်။

ပထမပိုင်း
 
 ဒုတိယပိုင်း
တတိယပိုင်း
 

Saturday, 10 August 2013

၈၈၈၈ ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ် ၀တ္ထုတို (မိုးခါးရေ)

၈၈၈၈ ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ် ၀တ္ထုတို 

မိုးခါးရေ

  ဤ၀တ္ထုကို ၁၉၈၈ခုနှစ် အောက်တိုဘာလတွင် ရေးသားခဲ့ပါသည်။
ပုံနှိပ်စာမူဖြစ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း
ထိုစဉ်က အခြေအနေများ(စာပေစီစစ်ရေး)ကြောင့် 
ပရိဿတ်သို့ တင်ပြခွင့်မရခဲ့ပါ။
စာမူကိုပြန်လည်ရှာဖွေတွေ့ရှိပါသဖြင့် 
ရှစ်လေးလုံး ၈၈၈၈ ငွေရတုအထိမ်းအမှတ်အဖြစ်
၁၀-၈-၂၀၁၃နေ့ထုတ် ဓာတ်ပေါင်းစုဂျာနယ် အမှတ်(၁၂)တွင်
အမှတ်တရတင်ဆက်လိုက်ပါသည်။

ဆောင်းလုလင်..၏ မိုးခါးရေ ၀တ္ထုတိုအား အောက်တွင် အစအဆုံးဖတ်ရှုနိုင်ပါသည်။


ဆောင်းလုလင်
မိုးခါးရေ

အဖြစ်အပျက်မှာ ကျွန်ုပ်တို့ကမ္ဘာမြေပေါ်မှ အဖြစ်အပျက်မဟုတ်ပါ။ အခြားဂြိုဟ်တစ်ခုမှ ဖြစ်ရပ်သာဖြစ်ပါသည်။

+++++++++…

သူသည် ထိုဂြိုလ်ပေါ်မှလူသားတစ်ဦးဖြစ်သည်။
သူသည် သိပ္ပံပညာရှင်တစ်ယောက်လည်း ဖြစ်ပါသည်။ သူတို့ ဂြိုဟ်ပေါ်တွင် သူသည် အတော်ဆုံးသိပ္ပံပညာရှင်တစ်ယောက် ဖြစ်လေသည်။
သူသည် မိုးလေ၀သအခြေအနေများကိုလည်း ခန့်မှန်းတတ်လေသည်။ ထိုသို့ မိုးလေ၀သကိုခန့်မှန်းတတ်ခဲ့၍လည်း ထိုဂြိုဟ်ကြီးတစ်ခုလုံးကို အုပ်ချုပ်ရသည့် ဘုရင်ဘ၀သို့ ရောက်ခဲ့ရခြင်းဖြစ်ပါသည်။
တစ်ခါတွင် သူ၏ကြိုတင်တွက်ချက်မှုအရ ဂြိုဟ်ပေါ်၌ မိုးခါးရေရွာ သွန်းမည့်အဖြစ်ကို သူ ကြို၍ခန့်မှန်းနိုင်ခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသည် မှာ ရွာသွန်းမည့်မိုးခါးရေသည် ခါးသက်သောအရသာ ရှိရုံသာမက ထိုမိုးခါးရေကို သောက်သုံးမိပါက ရူးသွပ်သွားစေနိုင်ခြင်း ဖြစ်လေသည်။
သူသည် သူ၏ကြိုတင်မှန်းဆတွက်ချက်မှုကို ထိုစဉ်က အုပ်ချုပ်နေ သော သူတို့ဂြိုဟ်၏အစိုးရအဖွဲ့အား တင်ပြလိုက်လေသည်။ နောက်တစ်ရက် ခြားတွင် ရွာသွန်းမည့်မိုးရေထဲသို့ မည်သူမျှမထွက်ကြရန်၊ မိုးရေကို မသောက် သုံးကြရန် နှိုးဆော်ပေးဖို့ကိုလည်း သူက အစိုးရအဖွဲ့ကို တိုက်တွန်းခဲ့ပါ၏။
အစိုးရကလည်း ဂြိုဟ်ပေါ်တွင်ထုတ်ဝေသည့် သတင်းစာ၊ စာစောင် များ၊ တီဗီများမှ ကြိုတင်ကြေညာပေးထားခဲ့ပါသည်။
သို့သော် လူထုသည် သိပ်အရေးမစိုက်ခဲ့ချေ။ မိုးပြိုမှာကို တွေး ကြောက်မနေသည့် ဂြိုဟ်သားတို့၏ ထုံးစံအတိုင်းပင် ဖြစ်ပါသည်။ ကြိုတင် ခန့်မှန်းမှုဆိုတော့လည်း ဖြစ်ချင်မှဖြစ်လာမှာဟု တွေးကြသည်။ သည်လို အဖြစ်မျိုးလည်း တစ်ခါမှမကြုံဖူး၍ သိပ်ဂရုမထားခဲ့ကြချေ။ အချို့ကဆိုလျှင် ယုံတောင်မယုံ၊ ပြက်ရယ်ပြုသူများပင်ရှိခဲ့ကြ၏။

+++++++++…