Showing posts with label အထွေထွေ. Show all posts
Showing posts with label အထွေထွေ. Show all posts

Wednesday, 2 April 2014

နွေမိုးဆောင်းဗီဒီယိုမဂ္ဂဇင်း အမှတ်(၃) ထုတ်ဝေခြင်း

နွေမိုးဆောင်းဗီဒီယိုမဂ္ဂဇင်း အမှတ်() ထုတ်ဝေခြင်း

နွေမိုးဆောင်း ဗီဒီယိုမဂ္ဂဇင်း အမှတ်(၃)ကို
၂၀၁၄ခုနှစ်၊ မတ်လ (၈)ရက်နေ့တွင် ဖြန့်ချီခဲ့ပါသည်။
အမှတ်(၃)မဂ္ဂဇင်းတွင် ဂျိုဇော်၊ မောင်လှမျိုး(ချင်းချောင်းခြံ)၊ မောင်သာချို နှင့် ဆောင်းလုလင် တို့၏
ဝတ္ထုတို (၄)ပုဒ်
မြေလတ်မောင်မြင့်သူ၊ ဖျာပုံနီလုံဦး၊ မောင်စိန်ဝင်း(ပုတီးကုန်း)
မောင်ညိုအေး(ပန်းတော)၊ ဉာဏ်မျိုးထက်၊ ရတုသွေး၊
လူထက်လူ၊ D;9 တို့၏ ကဗျာ (၈)ပုဒ်
ရယ်စရာ ဟာသ (၁၂)ပုဒ် ပါဝင်ပါသည်။
 
နွေမိုးဆောင်းဗီဒီယိုမဂ္ဂဇင်း အမှတ်() မျက်နှာဖုံး

 နွေမိုးဆောင်းဗီဒီယိုမဂ္ဂဇင်း အမှတ်() နောက်ကျောဖုံး

Monday, 24 February 2014

နွေမိုးဆောင်းဗီဒီယိုမဂ္ဂဇင်း အမှတ်(၂) ထုတ်ဝေခြင်း

နွေမိုးဆောင်းဗီဒီယိုမဂ္ဂဇင်း အမှတ်(၂) ထုတ်ဝေခြင်း

နွေမိုးဆောင်း ဗီဒီယိုမဂ္ဂဇင်း အမှတ်(၂)ကို
၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ဖြန့်ချီခဲ့ပါသည်။
အမှတ်(၂)မဂ္ဂဇင်းတွင် ကဗျာကဏ္ဍကို ထည့်သွင်းဖော်ပြထားပါသည်။

နွေမိုးဆောင်း ဗီဒီယိုမဂ္ဂဇင်း အမှတ်(၂)မျက်နှာဖုံး

နွေမိုးဆောင်း ဗီဒီယိုမဂ္ဂဇင်း အမှတ်(၂) နောက်ကျောဖုံး

နွေမိုးဆောင်းဗီဒီယိုမဂ္ဂဇင်း အမှတ်(၁)ထုတ်ဝေခြင်း

နွေမိုးဆောင်းဗီဒီယိုမဂ္ဂဇင်း အမှတ်(၁)ထုတ်ဝေခြင်း

နွေမိုးဆောင်းဝက်ဆိုက်တွင် တင်ပြထားသည့် 
အသံထွက်ဝတ္ထုများ၊ အသံထွက်ဟာသများထဲမှ အချို့ကို ထုတ်နှုတ်ကာ
နွေမိုးဆောင်း ဗီဒီယိုမဂ္ဂဇင်း အမှတ်(၁)အဖြစ်
၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ (၅)ရက်နေ့တွင် ဖြန့်ချီခဲ့ပါသည်။
အောက်ဖော်ပြပါပုံများမှာ 
နွေမိုးဆောင်းဗီဒီယိုမဂ္ဂဇင်း အမှတ်(၁)၏
မျက်နှာဖုံးနှင့် နောက်ကျောဖုံးပုံများဖြစ်ပါသည်။
နွေမိုးဆောင်း ဗီဒီယိုမဂ္ဂဇင်း အမှတ်(၁) မျက်နှာဖုံး

နွေမိုးဆောင်း ဗီဒီယိုမဂ္ဂဇင်း အမှတ်(၁) နောက်ကျောဖုံး

Wednesday, 16 January 2013

တစ်သောင်းပြည့် နှုတ်ခွန်းဆက်စကား



နွေမိုးဆောင်းဝက်ဆိုက် 

တစ်သောင်းပြည့် နှုတ်ခွန်းဆက်စကား

ကျွန်တော်ဖန်တီးထားတဲ့ နွေမိုးဆောင်းဝက်ဆိုက်ကလေးကို ဒီနေ့(၁၇-၁-၂၀၁၃)မှာ ဖွင့်လှစ်ကြည့်ရှုတဲ့ အကြိမ်ပေါင်း တစ်သောင်း(၁၀၀၀၀)ပြည့်သွားပြီဖြစ်ပါတယ်။
နွေမိုးဆောင်းဝက်ဆိုက်ကို ၂၀၁၂ခုနှစ်၊ မတ်လမှာ စတင်ဖန်တီးခဲ့ပါတယ်။
စတင်ဖွင့်လှစ်စဉ်က ကျွန်တော့်ရဲ့ (ဆောင်းလုလင်) (နွေတမာန်).. ကလောင်အမည်များနဲ့ ရေးသားခဲ့တဲ့ စာတွေကိုသာ တင်ပြဖို့ စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ ဆောင်းလုလင်… နွေတမာန်… ကလောင်အမည်များနဲ့ ရေးသားခဲ့တဲ့ ၀တ္ထုတို/ရှည်၊ လုံးချင်းဝတ္ထုများကို တင်ပြခဲ့ပါတယ်။
စာပေနဲ့ဆက်နွှယ်နေတဲ့ ရုပ်ရှင်/ဗီဒီယိုကဏ္ဍအဖြစ်… ဆောင်းလုလင်/နွေတမာန်ရဲ့ ၀တ္ထုများကို ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဇာတ်ကားများကို တင်ပြခဲ့ပါတယ်။
ဆောင်းလုလင်/နွေတမာန်ရဲ့ အနုပညာရပ်များကိုသာ တင်ပြနေရာက နောက်ပိုင်းမှာ… ကျွန်တော် ၀ါသနာအလျောက် ပြုလုပ်ထားတဲ့ အသံထွက်ဝတ္ထုများကို တင်ပြခဲ့ပါတယ်။ အသံထွက်ဝတ္ထုကဏ္ဍဟာ အခြားအနုပညာရှင်များရဲ့ အနုပညာရပ်ကိုတင်ပြတဲ့ နွေမိုးဆောင်းဝက်ဆိုက်ရဲ့ကဏ္ဍတစ်ခုဖြစ်ခဲ့ပါတယ်။
Facebook ၊ ဒို့မြန်မာ… စတဲ့ ၀က်ဆိုက်များမှတစ်ဆင့်… နွေမိုးဆောင်းဝက်ဆိုက်မှ အနုပညာများကို ဖြန့်ဝေခဲ့တဲ့အတွက် လူသိပိုများပြီး ကြည့်ရှုခံစားသူအရေအတွက် တိုးမြင့်လာခဲ့ခြင်းဖြစ်ပါတယ်။ အသံထွက်ဝတ္ထုများကို ပရိဿတ်များနှစ်သက်တာတွေ့ရပါတယ်။ ဒါပေမယ့်… အသံထွက်ဝတ္ထုတွေကို ၀က်ဆိုက်ပေါ်တင်တဲ့နေရာမှာ အချိန်၁၀မိနစ်ကျော်လွန်ရင် တင်လို့ခက်ခဲတာကြောင့် ၂ပိုင်း/၃ပိုင်းခွဲပြီး တင်ပြတာမျိုး လုပ်ခဲ့ရပါတယ်။
နောက်ပိုင်းမှာ… ပေါ့ပါးတဲ့ကဏ္ဍတစ်ခုလည်းဖြစ်အောင်၊ ဖျော်ဖြေမှုလည်းပါအောင်၊ Uploadလုပ်ရာမှာလည်း လွယ်ကူအောင်ဆိုပြီး… ဟာသအတိုအထွာ(Jokes)များကို ဗီဒီယိုအဖြစ်ဖန်တီးပြီး Audio Joke အသံထွက်ဟာသလို့ နာမည်ပေးကာ တင်ပြခဲ့ရာမှာလည်း ကြိုက်နှစ်သက်ကြတာကိုတွေ့ရတဲ့အတွက် ၀မ်းမြောက်ရပါတယ်။
အခုလို Page Veiw ဖွင့်လှစ်ကြည့်ရှုတဲ့အကြိမ်ရေ ၁၀၀၀၀(တစ်သောင်း)ပြည့်ရတာဟာ Face book ၊ ဒို့မြန်မာ စတဲ့ဝက်ဆိုက်များမှတစ်ဆင့် ဖြန့်ဝေနိုင်လို့ဖြစ်တဲ့အတွက်… Face book နဲ့ ဒို့မြန်မာဝက်ဆိုက်များကို ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်လိုပါတယ်။
ဆက်လက်ပြီးတော့… ပရိဿတ်စိတ်ဝင်စားမယ့်အစီအစဉ်များကို တင်ပြသွားမှာဖြစ်တာကြောင့်… လိုအပ်သော ဝေဖန်အကြံပြုချက်များ ပေးနိုင်ပါကြောင်း ခင်မင်ရင်းနှီးစွာဖိတ်ခေါ်လိုက်ပါတယ်။