Showing posts with label ဓာတ်ပုံမှတ်တမ်းများ. Show all posts
Showing posts with label ဓာတ်ပုံမှတ်တမ်းများ. Show all posts

Monday, 20 August 2012

ဘားကမ့် မန္တလေး နှင့် အသံထွက်ဝတ္ထု

ဘားကမ့် မန္တလေး နှင့် အသံထွက်ဝတ္ထု


၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက်နှင့် ၁၃ရက်နေ့များတွင် 
မန္တလေးမြို့၊ ပုပ္ပါးဟိုတယ်၌ပြုလုပ်သော
ဘားကမ့်မန္တလေးတွင် 
စာရေးဆရာ နွေတမာန်- က
အသံထွက်ဝတ္ထု- ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။
အောက်ပါဓာတ်ပုံများမှာ ဘားကမ့်တွင် ဟောပြောခဲ့သော
မှတ်တမ်းဓာတ်ပုံများဖြစ်ပါသည်။


အလည်မှ တီရှပ်နှင့်ပုဂ္ဂိုလ်မှာ
ကွန်ပြူတာနည်းပညာစာအုပ်များနှင့် အင်တာနက်နည်းပညာစာအုပ်များ
ရေးသားပြုစုသူ စာရေးဆရာ မျိုးသူရ ဖြစ်ပါသည်။
စာရေးဆရာနွေတမာန် သရုပ်ပြဆွေးနွေးနေပုံ

စာရေးဆရာ မျိုးသူရ နှင့် စာရေးဆရာ ရွှေနောင်ရိုး


ဆွေးနွေးပွဲအပြီးတွင် MRTV4 ရုပ်သံမှ တွေ့ဆုံမေးမြန်းစဉ်

အထက်ပါ ဘားကမ့်ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးခဲ့သော
အသံထွက်ဝတ္ထုအချို့ကို
ဤ၀က်ဆိုက်၏ အသံထွက်ဝတ္ထုကဏ္ဍတွင် တင်ပြထားပါသည်။

Thursday, 9 August 2012

စာပေဟောပြောပွဲ

စာပေဟောပြောပွဲ
မန္တလေးမြို့၊ ၂၆လမ်း၊ ၇၇လမ်းနှင့်၇၈လမ်းကြားရှိ 
ရှင်မာရိ(စိန့်မေရီ)ဘုရားကျောင်းတွင် စာပေဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ... 
စာရေးဆရာ ဆောင်းလုလင် မှ... 
အပျော်ဖတ်ဝတ္ထုဖန်တီးသူ.. ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။
အောက်ဖော်ပြပါဓာတ်ပုံများမှာ... စာပေဟောပြောပွဲမှတ်တမ်းဓာတ်ပုံများဖြစ်ပါသည်။
 




 

Wednesday, 8 August 2012

ဝိမုတ္တိ Short Film ရိုက်ကူးခြင်း မှတ်တမ်းဓာတ်ပုံများ

ဝိမုတ္တိ Short Film ရိုက်ကူးခြင်း မှတ်တမ်းဓာတ်ပုံများ

ဇာဂနာနှင့် မင်းထင်ကိုကိုကြီးတို့ ဦးစီးကျင်းပသည့်   လွတ်လပ်ခြင်းအနုပညာ- ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲ အတွက် ဒါရိုက်တာ- နိုင်မျိုးထွန်း(ရန်ကုန်တက္ကသိုလ်)က ၀ိမုတ္ထိ-အမည်ရှိ ဇာတ်ကားတိုတစ်ကား တင်သွင်း ခဲ့ရာ... ထိုဇာတ်ကားတွင် သူငယ်ချင်းများဖြစ်သော စာရေးဆရာ မောင်လှမျိုး(ချင်းချောင်းခြံ)နှင့် စာရေး ဆရာ နွေတမာန်တို့အား ပါဝင်သရုပ်ဆောင်စေခဲ့ပါသည်။
အဆိုပါ ရိုက်ကူးခဲ့သည့် မှတ်တမ်းဓာတ်ပုံအချို့အား တင်ပြလိုက်ပါသည်။

ငှက်လွှတ်ခန်း
 
 လူအုပ်စုထဲမှာ ပုဆိုးအပြာနဲ့မျက်မှန်နဲ့ ကင်မရာကိုင်ပြီးရပ်နေသူဟာ ဒါရိုက်တာ နိုင်မျိုးထွန်း(ရန်ကုန်တက္ကသိုလ်)ဖြစ်ပါတယ်။


ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ လွတ်ငြိမ်းစံဘုရားဝင်းအတွင်းမှာ ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။

ဘုန်းကြီးဝတ်နဲ့သရုပ်ဆောင်မယ့် မောင်လှမျိုး(ချင်းချောင်းခြံ)

အလယ်လူက ဒါရိုက်တာ နိုင်မျိုးထွန်း(ရန်ကုန်တက္ကသိုလ်)၊ 
ညာအစွန်လူက ကဗျာဆရာ၊ ဇာတ်ညွှန်းရေးဆရာ အကယ်ဒမီ မြင့်ဦးဦးမြင့် ဖြစ်ပါတယ်။ ၀ိမုတ္တိဇာတ်ကားအတွက် ဇာတ်ညွှန်းကို မြင့်ဦးဦးမြင့်က ရေးပေးပါတယ်။

 
ငှက်လွှတ်ခန်းရိုက်ဖို့ ရီဟာဇယ်လုပ်နေတဲ့ နွေတမာန်
 
အဆိုပါ ၀ိမုတ္တိဇာတ်ကားအား ဤ၀က်ဆိုက်တွင် တင်ပြထားပါသည်။