Showing posts with label မဂ္ဂဇင်းဝတ္ထုရှည် - ဆောင်းလုလင်. Show all posts
Showing posts with label မဂ္ဂဇင်းဝတ္ထုရှည် - ဆောင်းလုလင်. Show all posts

Saturday, 17 November 2012

ဆောင်းလုလင်- ရောင်ပြန်ဟပ်တဲ့အရာ (မဂ္ဂဇင်းဝတ္ထုရှည်)

ဆောင်းလုလင်

ရောင်ပြန်ဟပ်တဲ့အရာ 

..............

"ပိုက်ဆံတစ်ကျပ်လောက်၊ ထီထိုးချင်လို့"
ကျွန်တော်၏ပခုံးကိုအတို့ခံလိုက်ရ၍ လှည့်ကြည့်လိုက်ရာ အသက် အတန်ကြီးလှပြီဖြစ်သော လူကြီးတစ်ယောက်က လက်ညှိုးတစ်ချောင်းထောင် ပြကာ တောင်းခံနေသည်ကိုတွေ့ရ၏။
]ထီထိုးချင်လို့ပါဗျာ၊ ငွေတစ်ကျပ်လောက်ပေးစမ်းပါ}
ကာလ၊ဒေသနှင့်လူကြီး၏အခြေအနေကိုကြည့်ကာ လူကြီးမှာ စိတ်မမှန်သူတစ်ယောက် ဖြစ်ကြောင်း သိလိုက်သည်။ အသက်၆၀ကျော်အရွယ်ထိ ရောက်နေပြီဖြစ်သည့်လူကြီးသည် တုန်ယင် ချိနဲ့၍ပင်နေပါပြီ။ သူ၏ မျက်လုံး များက စိတ်မူမမှန်သူ ဖြစ်ကြောင်း ရှင်းရှင်းကြီးဖော်ပြနေသည်။
ကျွန်တော်သည် အဘိုးကြီးကိုသနားသွားမိ၏။ ဒီခေတ်ဒီကာလမှာ သူတောင်းတဲ့ငွေက တစ်ကျပ်တဲ့။ ခေတ်နှင့် မျက်ခြည် ပြတ်လောက်အောင်ပင် စိတ်အခြေအနေယိမ်းယိုင်နေသူပါတကား။
ကျွန်တော်က မော့်သောက်ရန်ပြင်ထားသော ဘီယာခွက်ကို စားပွဲ ပေါ်သို့ပြန်ချလိုက်ကာ ပိုက်ဆံအိတ်ကိုဖွင့်၍ ငွေစက္ကူ တစ်ရွက်ကို နှိုက်လိုက်သည်။ နှစ်ရာတန်တစ်ရွက်ပါလာ၏။ သူတောင်းခံ တဲ့ငွေအချိုးအစားထက် များစွာတန်ဖိုးရှိသောငွေစက္ကူ။
ကျွန်တော် အဘိုးကြီးအား နှစ်ရာတန်စက္ကူကို ကမ်းပေးလိုက်၏။
အဘိုးအိုကငွေစက္ကူကိုလှမ်းယူရင်း ကျွန်တော့်ကိုကျေးဇူးတင်သည့် မျက်လုံးများဖြင့်ကြည့် သည်။
]ကျေးဇူးတင်ပါတယ်ဗျာ၊ကျုပ် ဒီပိုက်ဆံကို ထမင်းဝယ်မစားပါဘူး၊ ထီထိုးမှာပါ၊ ကျေးဇူးပဲနော်၊ ထီပေါက်ရင် မင်းကို တစ်ဝက်ပေးမယ်၊ သိလား၊ ဒီတစ်ခါတော့ ကျုပ်ကတိတည်ပါ့မယ်၊ ထီပေါက်ရင် မင်းကို မညာပါဘူး၊ ငွေ တစ်ဝက်လာပေးပါ့မယ်၊ နော်}

Wednesday, 24 October 2012

ဆောင်းလုလင်- လိပ်ပြာပွေလီ (မဂ္ဂဇင်းဝတ္ထုရှည်)



ဆောင်းလုလင်

လိပ်ပြာပွေလီ
-------------------

မေမေခင်၏အိပ်မက်

မေမေခင် ထိုအိပ်မက်ကို မက်ခဲ့သည့်နေ့မှာ သီတင်းကျွတ်လပြည့် နေ့ဖြစ်သည်။
သီတင်းကျွတ်လပြည့်နေညမှာ ကို့မိဘများနှင့် မေမေခင့်မိဘများ ဆီ သွားကန်တော့ကြသည်။ အိပ်မက်ကို ထိုနေ့ညက မက်ခဲ့ခြင်းဖြစ်သော ကြောင့် သီတင်းကျွတ်လပြည့်နေ့ဆိုတာကို မှတ်မှတ်ရရဖြစ်နေရခြင်းဖြစ်ပါ သည်။ 
အိပ်မက်က ချောက်ခြားဘို့ကောင်းသလို ထူးလည်းထူးဆန်းလှပါ သည်။
အိပ်မက်ထဲ၌ မေမေခင်သည် ကတ္တရာလမ်းမကြီးတစ်ခုပေါ်တွင် လျှောက်သွားလျှက်ရှိသည်။ ညအချိန်ဖြစ်ကာ ကတ္တရာလမ်းမကြီးသည် ရောင်အောက်တွင် ပြောင်ချောနေပေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးကတော့ တိတ်ဆိတ်ငြိမ်သက်နေသည်မှာ ချောက်ချားဖွယ်ကောင်းလှပေသည်။
မေမေခင်သည် ရှည်လျားဖြောင့်ဖြူးသော ကတ္တရာလမ်းမကြီးတ လျှောက် ထိတ်လန့်စွာလျှောက်လှမ်းနေလျှက်ရှိ၏။ ဘာ့ကြောင့် ဘာကိုထိတ် လန့်ကြောက်ရွံ့နေမှန်းလည်း အိပ်မက်ထဲ၌ မသဲကွဲပေ။
တစ်နေရာအရောက်တွင် လူအများ၏ အော်ဟစ်ငိုယိုသံကို မေမေခင်ကြားလိုက်ရလေသည်။ ငိုသံများနှင့် ကယ်ပါယူပါ တစာစာအော်သံများ မှာ ငရဲပွက်သည့်နှယ်ထွက်ပေါ်နေလေသည်။
မေမေခင်က အသံကြားရာသို့ ပြေးသွားလိုက်ရာ လမ်းမ၏ဘေး တွင် တစောင်းလဲကာ တိမ်းမှောက်လျှက်ရှိသော ကားကြီးတစ်စီးကိုတွေ့ လိုက်ရလေ၏။ ကားကြီးသည် လမ်း၏တစ်ဖက် ချောက်ထဲသို့စောင်းကျနေ ကာ တစောင်းအနေအထားဖြင့် လဲနေခြင်းဖြစ်၏။ ကား၏ပတ်ပတ်လည်တွင် တော့ သွေးသံရဲရဲဖြင့်အလောင်းများကိုတွေ့ရလေသည်။ တချို့အလောင်း များမှာ ကားအောက်တွင် ပိလျှက်ရှိ၏။ ကားအောက်မှအလောင်းများမှာ တစ်ကိုယ်လုံးမမြင်ရ။ ခေါင်းပိုင်းချည်း ကားအောက်မှထွက်လျှက်လျှာထွက် သေနေသောအလောင်း၊ တကိုယ်လုံးကားအောက်ရောက်လျှက် ခြေထောက် ကလေးသာ ပေါ်နေသောအလောင်း..စသဖြင့် ထိတ်လန့်ရွံရှာဖွယ်လူသေ အမြောက်အများကိုတွေ့ရလေသည်။
မေမေခင်က ကြောက်လန့်တကြားဖြင့် ထိုနေရာမှထွက်ပြေးရန်ပြင် ဆင်ဆဲတွင်..

Tuesday, 23 October 2012

ဆောင်းလုလင်- ဘ၀ဟောင်းရဲ့ပဲ့တင်သံ (မဂ္ဂဇင်းဝတ္ထုရှည်)

ဆောင်းလုလင်

ဘ၀ဟောင်းရဲ့ပဲ့တင်သံ

မဂ္ဂဇင်းဝတ္ထုရှည်


ဂမ္ဘီရဆန်းကြယ်ဝတ္ထုများကို ရေးသားနေသည့်ကျွန်တော့် အတွက် ထူးခြားဆန်းကြယ်သောဇာတ်လမ်းဇာတ်ကွက်များကိုနေ ရာအနှံ့ လူအမျိုးမျိုးထံမှ ရလေ့ရှိပါသည်။
တချို့က ကျွန်တော်ဝတ္ထုရေးနိုင်ရန်အလို့ငှာ သူတို့ကြား ဖူးကြုံဖူးသော ထူးဆန်းသည့်အဖြစ်အချို့ကို တကူးတကလာ၍ ပြောကြားတတ်သည်။ စာဖြင့်ရေးသား၍ပေးပို့သည်များလည်းရှိပါသည်။
အများအားဖြင့် လူဝင်စားဖြစ်ရပ်များဖြစ်နေတတ်ပါသည်။ သရဲတစ္ဆေချောက်လှန့်ခြင်းနှင့် ပတ်သက်သည့်အဖြစ်များလည်း ပါ ဝင်လာတတ်ပါ၏။
ယခု ကျွန်တော်တင်ပြမည့်အဖြစ်မှာမူ အခြားသူပြောပြ ခြင်းမဟုတ်။ ဇာတ်လမ်းထဲမှအ”dကဇာတ်ကောင် ]မောင်ဉာဏ်မျိုး အောင်}ခေါ်]အောင်အောင်}ကို မွေးစကပင် ကျွန်တော်သိခဲ့သည်။ ထိုကလေးကို ကျွန်တော်ကိုယ်တိုင်ပင် ချီပိုးထိန်းကျောင်းခဲ့ဖူးပါ ၏။
ဇာတ်လမ်း၏ အဓိကအပိုင်းနှင့် ဇာတ်သိမ်းပိုင်းများတွင် လည်း ကျွန်တော်ကိုယ်တိုင် မျက်မြင်တွေ့ထိပါဝင်ခဲ့ရပါသည်။
ဘ၀တစ်ခုမှ နောက်ဘ၀တစ်ခုအထိ ဆက်၍ချစ်နေကြ သောချစ်သူနှစ်ဦး၏ ထူးခြားသောအဖြစ်ဆန်းပင်ဖြစ်ပါသည်။
ဉာဏ်မျိုးအောင်နှင့်ရိုးရိုးယဉ်တို့၏ ဖြစ်ရပ်အမှန်ကို ဘ၀ နှစ်ခုလုံးဆက်၍ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရခြင်းဖြစ်ပါသည်။
+ + + + + + + + +
 ကျွန်တော် လေးတန်းနှစ်တွင် ကျွန်တော်၏ဖခင်သည် အစိုးရတာဝန်ဖြင့် ဧရာဝတီမြစ်အနောက်ဖက်ကမ်းရှိမြို့ကလေးသို့ ပြောင်းရွှေ့ခဲ့ရပါသည်။ ထိုမြို့မှာ သရက်မြို့ဖြစ်ပြီး ထိုခေတ်က မြန်မာနိုင်ငံ၏တစ်ခုတည်းသောဘိလပ်မြေစက်ရုံရှိရာမြို့အဖြစ် လူ သိများပါသည်။

Tuesday, 18 September 2012

ဆောင်းလုလင်- ကိုရေချမ်းနဲ့ မပန်းရုံ (မဂ္ဂဇင်းဝတ္ထုရှည်)



ဆောင်းလုလင်
ကိုရေချမ်း နဲ့ မပန်းရုံ

ကိုရေအေးကို ဦးနှောက်မူမမှန်သူဟု တစ်ရွာလုံးက သတ်မှတ်ကြသည်။
ကိုရေအေးသည် ညနေစောင်းသည်နှင့် ရွာအနောက်ဖက် ထိပ်ရှိ ကုန်းမြင့်နဘေးမှ ထနောင်းပင်ကြီးအောက်သို့ ရောက်လာ တတ်ကာ ထနောင်းပင်အောက်ရှိ ရေချမ်းစင်ဘေးက သစ်သားခုံ တန်းလျားလေးပေါ်တွင် လာထိုင်နေတတ်သည်။
ထိုနေရာတွင် တောင်ကုန်းလေးတစ်ခုရှိကာ တောင်ကုန်း ပေါ်၌ လွမ်းစေတီဆိုသော ထုံးစေတီလေးတစ်ဆူလည်းရှိလေ၏။ ထနောင်းကုန်းရွာ၏ လူသူအရောက်အပေါက်နည်းသော အပိုင်း လည်းဖြစ်လေသည်။ ထနောင်းကုန်းသည် အရှေ့၊တောင်၊မြောက် ဖက်တို့မှဝင်လာနိုင်သော ရိုးမတောင်ခြေရှိ စည်ကားသောရွာကြီး တစ်ရွာဖြစ်ပါသည်။
ရွာ၏အနောက်ဖက်မှာမူ ထူထပ်သောသစ်တောအုပ်သာ ရှိသဖြင့် လူနေမြို့ရွာတို့မရှိပေ။ ထို့ကြောင့် အနောက်ဖက်တော တန်းသည် လူသူအရောက်အပေါက်နည်းသည့်a’သဖြစ်နေရခြင်း ဖြစ်ပါသည်။
မည်သို့ဆိုစေ တောင်ကုန်းလေးပေါ်မှ လွမ်းစေတီလေး နှင့် တောင်ခြေမှ ထနောင်းပင်ကြီးတို့ရှုခင်းမှာမူ လွမ်းမောဖွယ် ကောင်းလှပါပေသည်။

ဆောင်းလုလင်- ဂယောင်ချောက်ချား ည (မဂ္ဂဇင်းဝတ္ထုရှည်)



ဆောင်းလုလင်

ကယောင်ချောက်ချား ည

မြို့ကလေးသို့ လာရောက်စဉ်က ကျွန်မဘ၀အတွက် ထိတ်လန့်ချောက်ချားဖွယ် အကောင်းဆုံးဖြစ်ရပ်တစ်ခုနှင့်ကြုံဆုံရမည်ဟု မထင်မှတ်ခဲ့မိပါပေ။
ကျွန်မသည် ကျွန်မတို့ကုမ္ပဏီမှဆောက်လုပ်ရန် ကန်ထရိုက်ရထားသည့် အဆောက်အဦးအတွက် သစ်များရရှိရန်ကိစ္စဖြင့် သည်မြို့ကလေးသို့ရောက်ရှိခဲ့ရခြင်းဖြစ်ပါသည်။
မြို့ကလေးမှာ နယ်ခြားမြို့ကလေးပီသစွာပင် တောမက မြို့မကျဟု ဆိုရပေမည်။ မဝေး လှသောနယ်ခြားမျဉ်းကိုကျော်လျှင် တစ်ဖက်နိုင်ငံ၏သာယာလှပသောမြို့ကိုရောက်နိုင်သော်လည်း ဤမှာဖက်ခြမ်းရှိမြို့ကလေးမှာမူ.. အေးချမ်း၍ တိတ်ဆိတ်ငြိမ်သက်လှပေသည်။
ကျွန်မက ကားပေါ်မှဆင်းဆင်းချင်း တက္ကစီတစ်စီးကိုငှားလိုက်ကာ တည်းခိုခန်းသန့်သန့် တစ်ခုသို့ပို့ပေးရန်ပြောလိုက်သည်။
]ဒီမြို့မှာ တည်းခိုခန်းနှစ်ခုပဲရှိတယ်၊ ဆရာမကို ပိုသန့်တဲ့တည်းခိုခန်းကို ပို့ပေးပါ့မယ်}
တက္ကစီသမားက ခြေငံစွာပင်ပြန်ပြောကာ ဤတည်းခိုခန်းသို့ ကျွန်မကိုပို့ပေးခဲ့ခြင်းဖြစ်ပါသည်။
]လမင်းသာတည်းခိုခန်း}
တည်းခိုခန်းအမည်လေးကတော့ နှစ်လိုဖွယ်ကောင်းလှပေသည်။ တည်းခိုခန်းလေးမှာ ခြံဝင်း ထဲ၌ဆောက်လုပ်ထားပြီး နှစ်ထပ်ဖြစ်ပေသည်။ ရှေ့နှင့်နောက်ကို ရှည်လျားစွာဆောက်လုပ်ထားပေ၏။ ခြံဝင်းထဲ၌ လူနေတစ်ထပ်အိမ်တစ်လုံးကို ခြံနောက်ဖက်ခပ်ကျကျတွင်မြင်ရခြင်းအားဖြင့် ပိုင်ရှင်များ ကတော့ ထိုအိမ်လေးတွင် နေပုံရပေသည်။

ဆောင်းလုလင်- မာယာရှင်ဝိညာဉ်မ (မဂ္ဂဇင်းဝတ္ထုရှည်)



ဆောင်းလုလင်
မာယာရှင်ဝိညာဉ်မ

ဖိုးသာအောင်တို့ယာတောမှ စိုင်းဇော်ဇော် ကားမောင်း၍ပြန်လာချိန်မှာ နေဝင်ရီတရောအချိန်ဖြစ်သည်။ ထိုအချိန်တွင် စိုင်းဇော်ဇော်၏ထုံးစံအတိုင်း ယမကာတန်ခိုးဖြင့် မူးယစ်နေပြီဖြစ်သည်။
ဖိုးသာအောင်က ယာတောထိပ်ကလမ်းမပေါ်အထိ လိုက်ပို့ရင်းမှ နှုတ်ဆက်စကားပြောလိုက်သည်။
]]သူငယ်ချင်း ဖိုးဇော်၊ ဖြောင့်ဖြောင့်တန်းတန်း မောင်းပြန်နော်။ လမ်းမှာ ဟိုဝင်ဒီထွက် လုပ်မနေနဲ့}}
]]အေးပါကွာ၊ လမ်းမကြီးကလည်း ဖြောင့်ဖြူးနေတာပါ။ ငါအရက်မူး ပေမဲ့ ဘယ်တုန်းကများ မှားဖူးလို့လဲ၊ စိတ်ချပါ၊ သွားမယ်သူငယ်ချင်း}}
စိုင်းဇော်ဇော်က ဖိုးသာအောင်ကို နှုတ်ဆက်ကာ ကားကို မောင်းထွက်ခဲ့လေသည်။ စိုင်းဇော်ဇော်ပြောသလိုပင် ကားလမ်းမကြီးက ဖြူးဖြောင့်နေ ပါသည်။ ဖိုးသာအောင်တို့ရွာမှာ ရွာဆိုသော်လည်း မြို့နှင့်ဆယ်မိုင်မျှသာ လှမ်းသည်။ အလှမ်းမဝေးသလို လမ်းခရီးကလည်း သာယာပါသည်။ ဆည် မြောင်းဌာနမှ ဖောက်လုပ်ထားသော တူးမြောင်းရှည်ကြီးက ဖိုးသာအောင်တို့ ရွာကို ဖြတ်သွားသောကြောင့် တူးမြောင်းဘေးမှကပ်လျက် ဖောက်လုပ်ထား သော ကျောက်ကြမ်းလမ်းမှာ ညီညာရုံမက ဖြောင့်ဖြူးလှပေသည်။ တူးမြောင်း ကြီးမှာ ဆည်ကြီးဆီမှ ဆွယ်ထားသော ရေမြောင်းကြီးဖြစ်ပြီး ပတ်ဝန်းကျင်ရွာ အားလုံးရှိ လယ်ကွင်းများ ယာတောများဆီသို့ ရေများ ပို့လွှတ်ပေးလေ သည်။

Friday, 31 August 2012

ဆောင်းလုလင်- အသံထွက်ဇာတ်လမ်း (မဂ္ဂဇင်းဝတ္ထုရှည်)



ဆောင်းလုလင်
အသံထွက်ဇာတ်လမ်း

ကိုအုံးမောင်က ခရီးဆောင်လက်ဆွဲအိတ်ထဲသို့ အဝတ်အစားများထည့်နေသော မသိန်းနွဲ့ကို စက်ဆုပ်စွာကြည့်ရင်း ပြောလိုက်သည်။
]မင်း ဘယ်တော့မှ ငါ့အိမ်ပြန်မလာနဲ့}
မသိန်းနွဲ့က မှေးစင်းသောမျက်လုံးအစုံဖြင့် ကိုအုံးမောင်ကို မုန်းတီးစွာ ပြန်ကြည့်လိုက်သည်။ မသိန်းနွဲ့၏ခေါသောသွားများမှာ မီးရောင်အောက်တွင် မဖုံးနိုင်မဖိနိုင် ပေါ်နေလေသည်။ ကွမ်းစားဖန်များ၍ ကွမ်းချေးတက်နေသော သွားများမှာ နီရဲနေလေသည်။
လင်မယားနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် မုန်းတီးရွံရှာစွာ စိုက်ကြည့်နေကြ၏။
ကိုအုံးမောင်က ဦးစွာ မျက်နှာလွှဲလိုက်သည်။ ‘ဒီသောက်ရုပ်ဆိုးမကို ငါ ဘာလို့ယူမိပါလိမ့်ဟုလည်း ဘယ်နှကြိမ်မြောက်မှန်းမသိ..တွေးမိပြန်သည်။
]တော် ပြန်မလာနဲ့ဆိုတိုင်း ကျုပ်ကနေရမှာလား၊ ‘ဒီအိမ်ဟာ တော်တစ်ယောက်ထဲပိုင်တဲ့အိမ်မဟုတ်ဖူး၊ ကျုပ်နဲ့လည်း ဆိုင်တယ်}
]ထွီ-}
]ကျုပ်မရှိရင် တော့်ကောင်မကို အိမ်ပေါ်ခေါ်တင်မလို့ မဟုတ်လား၊ ‘ဒီခြံ နဲ့ဝိုင်းဟာ သိန်းငါးဆယ်လောက်တန်နေပြီဆိုတာကျုပ်သိတယ်တော့၊ ‘ဒါလက်ထက်ပွားပစ္စည်း၊ တော် ကျုပ်ကိုကွာချင်ရင် ခြံဝိုင်းဖိုးတစ်ဝက်ခွဲပေးမှရမယ်ကိုအုံးမောင်၊ ဟင်း-ဟင်း}
မသိန်းနွဲ့က မထီသလိုလေသံမျိုးဖြင့်ပြောသည်။

Saturday, 18 August 2012

ဆောင်းလုလင် - လူဝင်စားလား တစ္ဆေလား (မဂ္ဂဇင်းဝတ္ထုရှည်)


ဆောင်းလုလင်
လူဝင်စားလား တစ္ဆေလား

အညာရွာတို့၏ထုံးစံအတိုင်း ရွာအပြင်တွင်ကွယ်လွန်သည့် အလောင်းကို ရွာထဲသို့သွင်းခွင့်မရှိပါ။
ထို့ကြောင့်.. မောင်သန်းကြီး၏အလောင်းကို ရွာအပြင်မှာပဲထားရသည်။ ရွာအပြင်မှာ လေးတိုင်စင်လေးထိုး၍ အလောင်းကိုတင်ထားသည်။
သာမန်အချိန်မျိုးဆိုလျှင် နာရေးအတွက် ပူပင်စရာ မလိုပါ။ ဂုံညှင်းတန်း တစ်ရွာလုံးက လူမှုရေးနားလည်ပြီးသား၊ တစ်ဦးနှင့်တစ်ဦးကူညီရကောင်းမှန်းလည်းသိ၊ ရွာဦးဘုန်းတော်ကြီးရဲ့ ဆိုဆုံးမမှုများကလည်း တစ်ရွာလုံးအပေါ်ပေါက်ရောက်သောကြောင့် သာရေးနာရေးမှန်သမျှ တစ်အိမ် တစ်ယောက် ကူညီသူတွေထွက်ပေါ်လာတတ်မြဲပင်။ ရွာထဲမှာဖြစ်တဲ့ နာရေးဖြစ်ဖြစ်၊ ရွာပြင်မှာဖြစ်တဲ့ နာရေးဖြစ်ဖြစ်.. သေသူချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ စည်စည်ကားကား သိုက်သိုက် မြိုက်မြိုက်နှင့် အလောင်းမြေကျသွားစမြဲဖြစ်သည်။
မောင်သန်းကြီးနာရေးကိစ္စကျမှ ခုလိုကြုံရတော့ မောင်သန်းကြီး ကံဆိုးရှာသည်ဟု ပြောကြ သည်။
မောင်သန်းကြီးကံဆိုးပုံကလည်း စာဖွဲ့လောက်ပေသည်။
မောင်သန်းကြီးအသုဘ မစည်ကားရခြင်းအကြောင်းမှာ သူကြီး၏မြေးများရှင်ပြုအလှူပွဲ နှင့် တိုက်ဆိုင်နေသောကြောင့်ပင်။ လူတို့ထုံးစံအတိုင်း မျက်နှာကြီးရာ ဟင်းဖတ်ပါကြသည်။ ဟင်းဖတ် ကလည်း သူကြီးလို မျက်နှာကြီး ကျေးရွာခေါင်းဆောင်ဖက်ကပါနေတာ မဆန်းရုံမကသေး၊ သူကြီး နှင့်ယှဉ်လျှင် မောင်သန်းကြီးသည် ဘာမှမဟုတ်။ မောင်သန်းကြီးကား သူကြီးအိမ်က သူရင်းငှားတစ် ယောက်သာဖြစ်သည်လေ။
အဲဒီလို ဂုဏ်ဒြပ်ခြင်း ကွာခြားရုံသာမက မောင်သန်းကြီးမှာ ဆွေမျိုးသားချင်းရယ်လို့ ထောက် ထားစရာ တစ်ယောက်မှမရှိလေရာ မောင်သန်းကြီးရဲ့ လေးတိုင်စင် အသုဘမဏ္ဍပ်မှာ လူမရှိတာ မဆန်းပြန်ပေ။
မောင်သန်းကြီးကား ငယ်စဉ်ကပင် မိဘမဲ့အဖြစ်ဖြင့် ရွာဦးဘုန်းကြီးနှင့်အတူပါလာပြီး ဘုန်းကြီးက သူကြီးအိမ်မှာ အပ်နှံပေးထားခြင်းဖြစ်သည်။ ယခုတော့ မောင်သန်းကြီးကိုခေါ်လာခဲ့သော ဘုန်းကြီးသည် လည်းပျံလွန်တော်မူပြီ။ မောင်သန်းကြီးနှင့်ပတ်သက်ပြီး ငဲ့ညှာစရာ၊ ထောက်ထားစရာ၊ မျက်နှာပူစရာ ဘယ်သူမှမရှိပါပေ။
ဒါ့ထက်ပိုပြီး တွေးကြည့်လျှင်.. မောင်သန်းကြီးအဖြစ်က ‘ဒါ့ထက်ပိုပြီး ရင်နာစရာကောင်းသေးသည်။
မောင်သန်းကြီးသေရပုံမှာ သူကြီးမြေးများရှင်ပြုပွဲအတွက် ပရိက္ခရာရှစ်ပါးနှင့် အလှူ အတွက်လိုအပ်သောပစ္စည်းများကို မြို့သို့သွားဝယ်ပြီး အပြန်လမ်းမှာ ပိုးထိ၍ ကွယ်လွန်ရခြင်း ဖြစ်သည်။
ထိုနေ့က မိုးတွေက အခါမဟုတ်ရွာနေသည်။ မိုးဦးစောသည်ဟုပြောရပေမည်။
မြို့ကိုပစ္စည်းအဝယ်ထွက်မည့်အဖွဲ့ထဲမှာ မောင်သန်းကြီးကို သူကြီးက ထည့်လွှတ်လိုက်သည်။

Monday, 13 August 2012

ဆောင်းလုလင်- အလောင်းကိုဗဟိုပြု၍ (မဂ္ဂဇင်းဝတ္ထုရှည်)


ဆောင်းလုလင်

အလောင်းကိုဗဟိုပြု၍

ပြင်ဦးလွင်မှအပြန်လမ်းတွင် ဤမျှ ထိတ်လန့်ချောက်ချားဖွယ်ကောင်းသောဖြစ်ရပ်နှင့် ကြုံဆုံရမည်ဟု မထင်မှတ်ခဲ့မိပါပေ။
မန္တလေးမြို့အဝင် ဘိုးဘိုးကြီးနတ်နန်းရှေ့သို့ရောက်ချိန်မှာ ည၇-နာရီရှိပေပြီ။ ကျွန်တော်က ညာဖက်သို့ ကားကိုချိုးကွေ့လိုက်သည်။
ကျွန်တော့်အိမ်မှာ နန်းရှေ့တွင်ရှိသည်မို့ ပုသိမ်ကြီးလမ်းနှင့် ပြင်ဦးလွင်လမ်းကို တောင်မြောက်ဆက်သွယ်ထားသည့် လမ်းမကြီးအတိုင်း မောင်းနှင်ရမည်ဖြစ်ပေသည်။ ဤလမ်းမှာ မကြာသေးသောနှစ်များအတွင်းကမှ အသစ်ဖောက်လုပ်ထားသောလမ်းမကြီးဖြစ်ပေ၏။ ကျွန်တော့် လို မန္တလေးမြို့၏အရှေ့ဖက်ပိုင်းတွင်နေထိုင်သူများအတွက် အဆင်ပြေလှသော လမ်းတစ်လမ်း ဖြစ်ပေသည်။ မန္တလေးမြို့ထဲဝင်ပြီးမှ နန်းရှေ့သို့ပြန်ပတ်သွားရန် မလိုတော့။ ဖြတ်လမ်းသဖွယ် အချိန်တိုတိုဖြင့်သွားနိုင်သောလမ်းဖြစ်ပါသည်။
လမ်းမကြီးမှာ သစ်လွင်ဖြူးဖြောင့်နေသော်လည်း ဘေးဝဲယာမှာမူ လူနေအိမ်ခြေမရှိ၍ တိတ်ဆိတ်နေပေသည်။ လမ်း၏ညာဖက်ခြမ်းသည် ယာတောများ၊လယ်ကွက်များဖြင့်အတိပြီး၏။ ဘယ်ဖက်ခြမ်းမှာ လမ်းမထက်နိမ့်သော မြေနိမ့်ပိုင်းဖြစ်၏။ လူနေကွက်များ နေရာချထားပေး ပြီးဖြစ်သော်လည်း နေသူမရှိသေး။ အကွက်ရိုက်ထားသော မြေကွက်များအတိုင်းပင်ရှိလေသည်။
ပတ်ဝန်းကျင်မှာ လမိုက်ရက်ဖြစ်၍ မှောင်မဲနေ၏။ လမ်းဘေးဝဲယာတွင် လမ်းကို အနားသတ်ထားသော သစ်ပင်ကြီးများသာရှိပေ၏။ လမ်းမကြီး မှာ မြေဖို့ပြုပြင်ထားသောလမ်းဖြစ်၍ လမ်းဘေးနှစ်ဖက်ထက် ပို၍မြင့်နေပေသည်။ ထို့ကြောင့် လေက အတားအဆီးမရှိ တိုက်ခတ် နေသည်။
ကျွန်တော်က ကားမီးရောင်ကိုသာအားကိုး၍ ဖြည်းညှင်းစွာမောင်းလာခဲ့လိုက်သည်။
၃၅လမ်းကိုကျော်လွန်လာသည်။
၃၅လမ်းနှင့် ၂၆လမ်းကြား အလည်လောက်အရောက်တွင် လမ်း၏ဘယ်ဖက်ကုန်းနိမ့်ပိုင်း ဆီမှ လမ်းမပေါ်တက်လာသော အရိပ်တစ်ခုကိုမြင် လိုက်ရလေ၏။ အမျိုးသမီးတစ်ယောက် ၏ပုံရိပ်ဖြစ်ပေသည်။
အမျိုးသမီးက လမ်းမအလည်အထိ လျှောက်လှမ်းလာပြီး လမ်းအလည်ခေါင်တည့်တည့်၌ ရပ်နေလေ၏။ သူမက လည်တွင်စည်းထားသောပုဝါ ကိုဖြုတ်ကာ ပုဝါကိုဝှေ့ရမ်းလိုက်သည်။ ပုဝါဖြူဖြူလေးသည် လေထဲတွင် တလွန့်လွန့်လွင့်နေ၏။ ကျွန်တော့်ကားကိုတားနေခြင်းပင်ဖြစ်ပါ သည်။ 
သူမက လမ်းအလည်တည့်တည့်တွင် ရပ်နေသည်မို့ ကားကိုရပ်မပေး၍မဖြစ်သည့်အနေ အထား ဖြစ်နေသည်။ ကျွန်တော်လည်း ကားကိုဘရိတ် နင်း၍ ရပ်လိုက်ရလေသည်။
ကားလေးက သူမနှင့်မဝေးကွာလှစွာ တုံ့ကနဲရပ်သွားလေ၏။
အဝါရောင်ပေါ်တွင် အနက်ရောင်အစက်အပြောက်များပါသောဝတ်စုံကိုအထက်အောင်ဆင်တူဝတ်ဆင်ထားသော သူမ သွင်ပြင်က ကားမီးရောင် တွင် ထင်းထင်းပေါ်လာလေသည်။
သူမ၏ဟန်က ထိတ်လန့်ချောက်ချားနေပုံ အထင်းသားပေါ်နေပေ၏။ သူမက ကားမီးရောင်၏စူးရှမှုကိုမခံနိုင်ဟန်ဖြင့် မျက်နှာရှေ့ကို လက်နှင့် ကွယ်လိုက်သည်။
ချက်ချင်းပင် သူမသည် ကားကိုကွေ့ပတ်ကာ ကျွန်တော်ထိုင်နေသည့်ဖက်သို့လျှောက် လာလေသည်။
ကျွန်တော်က သူမကို မေးရန်ပြင်ဆဲမှာပင် သူမက ဦးအောင်ပြောလိုက်လေသည်။
]ကျွန်မကိုကယ်ပါရှင်၊ ကျွန်မကိုကယ်ပါ၊ ကျွန်မအလောင်း ဟောဟိုသစ်ပင်အောက်မှာရှိပါ တယ်၊ ကျွန်မကိုကယ်ပါ}
သူမက ထိုမျှသာပြောပြီး သူမထွက်လာရာ သစ်ပင်အောက်သို့ အပြေးတပိုင်းဖြင့် ပြန်လျှောက်သွားလေသည်။
]ဟင်..}
ကျွန်တော်သည် သူမပြောစကားကို ရုတ်တရက်နားမလည်နိုင်ပဲ ကြောင်တောင်ငေးနေမိသည်။ သူမပြောခဲ့သော စကားအဓိပ္ပါယ်ကိုလည်း ပြန်စဉ်းစားနေမိသည်။
]ကျွန်မအလောင်း ဟောဟိုသစ်ပင်အောက်မှာရှိတယ်}တဲ့။
]ကျွန်မအလောင်း၊ ကျွန်မအလောင်း}
ကျွန်တော်သည် သူမပြောခဲ့သောစကားကို ဘယ်လိုမှနားမလည်နိုင်အောင်ရှိနေရ၏။
သစ်ပင်အောက်အရောက်တွင် သူမက ကားရှိရာသို့နောက်တစ်ဖန် လှည့်ကြည့်လိုက်သည်။ ကျွန်တော့်ကို လက်ယပ်၍ခေါ် သည်။ သစ်ပင်အောက် ကိုလက်ညှိုးထိုးပြသည်။
ထို့နောက် သူမသည် သစ်ပင်၏မှောင်ရိပ်အကွယ်သို့ ဝင်ရောက်ကာ ပျောက်ကွယ် သွားလေ၏။
ကျွန်တော်သည် သိလိုဇောဖြင့်ဘာမှဆက်စဉ်းစားမနေတော့၊ ကားကိုစက်သတ်ကာ ကားပေါ်မှဆင်းလိုက်သည်။ ကားမီးများကိုမူဖွင့်ထားခဲ့လိုက် ၏။
ကျွန်တော်က သူမခေါ်ငင်သွားသောသစ်ပင်အောက်သို့ အလျင်အမြန်ရောက်အောင် သွားလိုက်လေသည်။
ထိုအခါ..
လမ်း၏ဘယ်ဖက်ခြမ်းမှာ မြေနိမ့်ပိုင်းမို့ သစ်ပင်အရင်းသည်မြေနိမ့်ပိုင်း၌ရှိနေပေသည်။ သစ်ပင်အရင်းကိုရောက်ရန် ဆင်ခြေလျှောအတိုင်း ဆင်းသွားရမည်ဖြစ်ပါ၏။
ကျွန်တော်ကကားမီးရောင်ဖြင့်မြင်ရသမျှ သစ်ပင်အောက်မှမြင်ကွင်းကိုကြည့်လိုက်သည့် အခါ..
သစ်ပင်အောက်တွင်လဲကျနေသော မိန်းမတစ်ယောက်ကိုမြင်လိုက်ရလေ၏။ လဲနေသော မိန်းမမှာ စောစောက ကျွန်တော့်ကားကိုတားခဲ့သော အမျိုးသမီးပင်ဖြစ်ပေသည်။ သူမ၏ကိုယ်တွင် ကျွန်တော်မြင်လိုက်ရသော အဝါတွင် အနက်ပွင့်များဖောက်ထားသည့်အဝတ်အစားများ ဝတ်ဆင် ထားပေ၏။
လဲနေသောထိုမိန်းမ၏ဘေးတွင်.. လူတစ်ယောက်က ‘ဒူးထောက်ထိုင်ကာ သူမကို ငုံ့လျှက်ကြည့်နေပေသည်။
ကျွန်တော် သစ်ပင်ရင်းရောက်သည်အထိ ဆင်းသွားလိုက်သည်။
ဒူးထောက်ငုံ့ကြည့်နေသောလူသည် ကျွန်တော်အနီးရောက်လာမှ သတိဝင်လာသည့် သဖွယ် ကျွန်တော့်ကိုခေါင်းမော့ကြည့်လိုက်လေသည်။

Thursday, 9 August 2012

ဆောင်းလုလင် - ထူးဆန်းသောလက်တစ်ဖက် (မဂ္ဂဇင်းဝတ္ထုရှည်)

ဆောင်းလုလင်

ဒေါက်တာစိုးထိုက် နှင့်
ထူးဆန်းသောလက်တစ်ဖက်
..............

မနောဝိညာဉ်သုတေသီတစ်ဦးဖြစ်သူ ကျွန်ုပ်ဒေါက်တာစိုးထိုက်သည် မြန်မာနိုင်ငံအတွင်းရှိ သဘာဝလွန်ဖြစ်ရပ် ဆန်းကြယ်များကို လေ့လာသုတေသနပြုလျှက်ရှိပေသည်။ အနယ်နယ်အရပ်ရပ်မှ ကျွန်ုပ်အားဖိတ်ကြား၍၎င်း၊ တစ်ဆင့် သတင်းကြားဖြင့်၎င်း ကျွန်ုပ်သည် သဘာဝလွန်ဖြစ်ရပ် များကို လေ့လာရန် မြန်မာနိုင်ငံအနှံ့သို့ရောက်ရှိခဲ့ပေ၏။
ယခုဖော်ပြမည့်ဇာတ်လမ်းမှာ မြန်မာနိုင်ငံ၏ အထက်ပိုင်းအရပ်မှ မြို့ကြီးတစ်မြို့တွင်တွေ့ ရှိခဲ့ရသည့်ဖြစ်ရပ် ဆန်းကြယ်ပင်ဖြစ်ပါသည်။ ဇာတ်လမ်းတွင်ပါဝင်သော အထောက် အထားပစ္စည်း မှာ ယခုတိုင်မျက်မြင်ထင်ရှားရှိနေသေးခြင်း၊ ထိုပစ္စည်း မည်သည့်နေရာတွင်ရှိ ကြောင်း ဤစာမူကို ဖတ်၍သိရှိသွားပါက ပစ္စည်းအတွက် မသမာသူများအန္တရာယ်ကို စိုးရိမ်ရခြင်းတို့ကြောင့် မည်သည့် မြို့ ဖြစ်သည်ကို မဖော်ပြတော့ပါ။
နောက်တစ်ကြောင်းမှာလည်း ကျွန်ုပ်သည် ဤပစ္စည်းလေးနှင့်ပတ်သက်၍ ဗဟုသုတ သဖွယ် မှတ်သားရုံမျှသာ မှတ်သားခဲ့ခြင်းဖြစ်သည်။ လမ်းကြုံ၍ ကြားသိခဲ့ရခြင်းဖြစ်ပြီး ထို အကြောင်းအရာနှင့်ပတ်သက်၍ လေ့လာသုတေသနပြုခြင်း မပြုလုပ်ခဲ့ရပါ။ သုတေသန ပြုလုပ် ရန်လည်း မလိုအပ်တော့ပါ၍ ဆန်းကြယ်သောဇာတ်လမ်းဇာတ်ကွက်တစ်ခုကို သိစေလိုသော သဘောဖြင့် တင်ပြခြင်းသာဖြစ်ပေသည်။
+ + + + + + + + +

ထိုမြို့သို့ ကျွန်ုပ်အားဖိတ်ကြားသူမှာ မြို့မိမြို့ဖတစ်ဦးဖြစ်သည့် ဦးရာမောင်ဆိုသူ ဖြစ် သည်။ ဦးရာမောင်က သူ၏ဆွေမျိုးသားချင်းထဲမှ မိန်းမပျိုတစ်ဦး၏ ဝိညာဉ်ဆိုင်ရာဆန်းကြယ် သည့်ကိစ္စတစ်ခုကို ကျွန်ုပ်အားဖိတ်ခေါ်ပြသခဲ့ခြင်းဖြစ်ပါသည်။
ကျွန်ုပ်သည် ဦးရာမောင်ဖိတ်ခေါ်ပြသသည့်ကိစ္စအား လေးရက်တိုင်တိုင်လေ့လာ သုတေ သနပြုခဲ့ရာ ပြီးဆုံးခဲ့ပေပြီ။
]ဆရာကြီး ကျွန်တော်တို့မြို့ကို ရောက်တုန်းရောက်ခိုက် ထူးခြားဆန်းကြယ်တဲ့ ပစ္စည်း တစ်ခုကို ပြရဦးမယ်၊ မပြန်ခင် လေ့လာသွားပါဦးဆရာကြီး}
]ဘာများလဲဦးရာမောင်}
]ဖုတ်သွင်းမင်းသမီးလက်တော်ပါ}
]ဗျာ}
]ဖုတ်သွင်းမင်းသမီးလက်တော်က ရာဇဝင်နဲ့ဗျ၊ သူယောင်မယ်ဆိုတာ ဆရာကြီး သိမှာပေါ့}
]သူယောင်မယ်၊ သူယောင်မယ်ဆိုတာ သူယောင်သီးကနေ လူဖြစ်လာတဲ့မိန်းမပဲ၊ ဇော်ဂျီ တွေက ဆေးတောင်ဝှေးနဲ့တို့မှ အသက်ဝင်လာပြီး ဇော်ဂျီနဲ့ပေါင်းသင်းတယ်ဆို တာမျိုး ပုံပြင်ထဲမှာပါ တာတော့ သိပါတယ်ဦးရာမောင်၊ ဦးရာမောင်က ကျွန်တော့်ကို     တကယ့်သူယောင်မယ် ကိုပြမလို့လား}
]တကယ့်သူယောင်မယ်ကတော့ မရှိတော့ဘူးဆရာကြီး၊ ကျွန်တော်ပြမှာက သူယောင် မယ်လို့ဆိုရမယ့်မိန်းမရဲ့ ညာဖက်လက်ပါ}
]ဗျာ}
]အသေကောင်ရဲ့ အကြွင်းအကျန်လက်တစ်ဖက်ဆိုပါတော့}
]စိတ်ဝင်စားစရာကောင်းလှချေလားဗျာ၊ ဘယ်မှာရှိတာလဲ၊ သူယောင်မယ်လက် ဖြစ်တယ် ဆိုတာကော အထောက်အထားရှိသလား}

Saturday, 28 July 2012

ဆောင်းလုလင် - သရဲမလေး မခင်မွှေ


ဆောင်းလုလင်
သရဲမလေးမခင်မွှေ
သရဲဟာသဝတ္ထု

တကယ်တော့ သူ့နာမည်အရင်းက မခင်မွှေးပါ။ မခင်မွှေဆိုတာက သူ့အကျင့်ကိုသိတဲ့ အရပ်ထဲကလူတွေက နာမည်ပြောင် လုပ်ပြီးခေါ်ကြတာ။
ခင်မွှေးကို ခင်မွှေလို့ပြောင်းခေါ်ရလောက်အောင်လည်း သူဟာ တော်တော်ကို ဂြိုဟ်မွှေခဲ့တဲ့ အမွှေမလေးတစ်ယောက်ပါ။
တစ်နေ့မှာ တစ်ခုခုမွှေလိုက်ရမှအားရတဲ့မခင်မွှေလေ။
သူ့ရဲ့မွှေချင်တဲ့စရိုက်က ငယ်ငယ်လေးကတည်းကကို စပြီးပေါ်လွင်နေတာပါ။
မခင်မွှေငယ်ငယ်ကကျောင်းတက်တုန်းက အဖြစ်တစ်ခုကိုကြည့်။
ငါးတန်းနှစ်မှာပေါ့။ သူက သချာFမှာညံ့တော့ သချာFဆရာက မခင်မွှေကို အမြဲတန်းဆူတယ်။ တစ်နေ့တော့  ...မခင်မွှေက သချာFဆရာအချိန်မှာ အိမ်သာသွားပါရစေလို့ခွင့်တိုင်ပြီး အခန်းအပြင်ကို ထွက်သွားတယ်။ အိမ်သာကိုတကယ်သွားတာမဟုတ်ပါ ဘူး။ ကျောင်းအုပ်ကြီးရုံးခန်းဘေးက အတန်း ပြောင်းခေါင်းလောင်းထိုးတဲ့ ကားဘီးသံခွေကြီးချိတ်ထားတဲ့နေရာကိုသွားတာပါ။ အဲဒီ ကိုရောက်တော့ သံခွေအပေါက်မှာထိုးထားတဲ့သံချောင်းကိုယူ အတန်းပြောင်းခေါင်းလောင်းထိုးတဲ့နည်းအတိုင်း နှစ်ချက်စီ နှစ်ချက်စီ ဆင့်ပြီးခေါက်တော့တာပါပဲ။ ဘာသာရပ်တစ်ခုစီအတွက် ဆရာတွေစာသင်ဖို့ အချိန် သတ်မှတ်ထားတာက နာရီဝက်ပါ။ ဆယ့်ငါးမိနစ်လောက်နဲ့ အတန်းပြောင်းခေါင်းလောင်းသံ ထွက်လာ တော့ အားလုံးကြောင်ကုန်ကြတယ်။ တစ်ချို့ဆရာတွေကလည်း သတိမထားမိဘူး။ တကယ်အချိန်စေ့ပြီ ထင်ပြီး တခြားအခန်းကို ကူးကုန်ကြတယ်။ နာရီကိုကြည့်မိတဲ့ဆရာဆရာမတွေကတော့ ခေါင်းလောင်း ထိုးချိန်စော တာကိုသတိထားမိတာပေါ့။ ဒါပေမယ့် တခြားဆရာတွေအခန်း ကူးကြတော့ သူတို့လည်း သင်လက်စစာကိုဖြတ်ပြီး နောက်သင် ရမယ့်အခန်းကိုကူးကြတယ်။
မခင်မွှေကတော့ အိမ်သာကပြန်လာသလိုလိုနဲ့ အခန်းထဲခပ်တည်တည်ဝင်ပြီး ပြန်ထိုင် နေပါပြီ။
ဒါပေမယ့်  ...မခင်မွှေ အတန်းပြောင်းခေါင်းလောင်းလာထိုးတာကို ဆရာတွေနားနေခန်းမှာ အချိန်အားလို့နားနေတဲ့ ဆရာမ တစ်ယောက်က မြင်လိုက်တယ်။ မခင်မွှေရဲ့အတန်းပိုင်ဆရာမကို သွား ပြောတယ်။
ဒါနဲ့ပဲ မခင်မွှေတစ်ယောက် တစ်ကျောင်းလုံးရှေ့မှာ ကြိမ်နဲ့အဆော်ခံခဲ့ရပါရောလား။
မခင်မွှေတို့မွှေတယ်ဆိုတာက သေးသေးမွှားမွှားမွှေတာမျိုးမဟုတ်ပါဘူး။ အဲဒီလို  ...ဆရာတွေ ရော ကျောင်းသားတွေရော တစ်ကျောင်းလုံး တုန်လှုပ်သွားအောင်မွှေတာမျိုးပါ။
တစ်ခါကလည်း ကျောင်းမှာ (၇)တန်းအေက အတန်းပိုင်ဆရာ ဦးကျော်စွာနဲ့ ခြောက်တန်းစီက အတန်းပိုင်ဆရာမဒေါ်အေးအေးမြင့်နဲ့ ကြိုက်နေကြတယ်။ ကျောင်းအဆင်းမှာ ဘုရားဝင်းထဲက ညောင်ပင်ကြီးအောက်မှာ ချိန်းတွေ့ကြတယ်ဆိုတဲ့သတင်းထွက်လာတယ်။ ဆရာမဒေါ်အေးအေးမြင့်က အိမ်ပြန်ရင် ဘုရားဘေးကနေဖြတ်ပြန်ရတာမို့ ထွက်လာတဲ့သတင်းက ယုံလောက်စရာဖြစ်နေတယ်။ ခက်တာက ဆရာဦးကျော်စွာက လူပျိုမဟုတ်ဘူး၊ အိမ်ထောင်သည်။ ဦးကျော်စွာမိန်းမက ဒီသတင်း ကြားတော့ သူ့ယောက်ျားကိုရန်လုပ်တယ်။ ဆရာကျော်စွာကငြင်းပေမယ့် သတင်းက လူတကာပြောပြီး ခိုင်လုံသလောက်ဖြစ်နေတော့ ရှင်းမရဘူး။
ဦးကျော်စွာကတော်က ကျောင်းကိုလိုက်လာပြီး ကျောင်းအုပ်ကြီးကို တိုင်တာတောတာ၊ ဆရာဆရာမတွေဆီမှာ စုံစမ်းတာတွေဖြစ် လာရော။ ဒါနဲ့ ကျောင်းအုပ်ကြီးလည်း မနေနိုင်တော့ပဲ ဒီသတင်းထွက်လာတဲ့အရင်းအမြစ်ကို ကျောင်းသားကျောင်းသူတစ်ယောက်ချင်းဆီမှာ စုံစမ်းရတော့ တယ်။
ဒီသတင်းဘယ်ကထွက်လာတယ်ဆိုတာ တစ်ဆင့်ချင်းလိုက်လိုက်တော့မှ သတင်း ကိုစတင် ဖြန့်ချီသူက မခင်မွှေဖြစ်နေတာ တွေ့ ရတော့တယ်။
မခင်မွှေက ဆရာကိုကျော်စွာနဲ့ဆရာမအေးအေးမြင့် ညောင်ပင်ကြီး အောက်မှာဖက် နေတာ သူ့မျက်စိနဲ့ဒိဌမြင်ရပါတယ်ဆိုပြီး မိန်းကလေးသူငယ်ချင်းတွေကို အတည်ပေါက်လုပ် ပြောပြရာက ဒီသတင်းပျံ့နှံ့သွားတာပါ။
ဒီတစ်ခါမွှေပုံက တော်တော်ကိုဆိုးလို့ ကျောင်းအုပ်ကြီးက မခင်မွှေ မိဘတွေခေါ်ပြီး သတိပေးလက်မှတ်ထိုးခိုင်းရတဲ့အထိပါပဲ။ ငါးတန်းကျောင်းသူလေးမွှေပုံက ကြီးကျယ်လွန်းလို့ ဆရာမတွေလည်း ရင်ဘတ်တဖိဖိဖြစ်ကုန်ခဲ့ရတာပေါ့။
မခင်မွှေကိုတော့ သူ့အမေက ဆရာကြီးရုံးခန်းရှေ့မှာတွင် ဆရာကြီးဆီကကြိမ်လုံးငှားပြီး ကျောကော့အောင်ရိုက်ပစ်လိုက်တယ်လေ။
+ + + + +
ကျောင်းနေစဉ်အရွယ်တုံးက မွှေပုံက ဒါလောက်တွင် မဟုတ်သေးပါဘူး။ အရပ်ထဲမှာလည်း မွှေနေတာပါပဲ။
အပျိုကြီးတစ်ယောက်ကိုကြိုက်နေတဲ့လူပျိုကြီးကို သူစာပေးပေးပါမယ်ဆိုပြီး ရည်းစားစာ ရေးခိုင်းတယ်။ ရည်းစားစာကို အပျိုကြီးဆီ သွားမပေးပဲ အပျိုကြီးက စာပြန်သယောင်နဲ့ ပြန်စာကို သူကိုယ်တိုင်ရေးတယ်။ သုံးစောင်မြောက်စာမှာ အပျိုကြီးက သူ့အတွက် မိတ်ကပ်ဗူး နဲ့ရေမွှေးပုလင်း ဝယ်ပြီးလက်ဆောင်ပေးပါလို့ရေးလိုက်ပါလေရော။ လူပျိုကြီးကလည်း ရူးပေါပေါဆိုတော့ ဖြစ်နိုင်မဖြစ်နိုင် မဆင်ခြင်ဘူး။ ပိုက်ဆံစုပြီး မရရအောင်ဝယ် ပေးလိုက်တယ်။ မခင်မွှေကတော့ အရွယ်နဲ့မလိုက်အောင် မိတ်ကပ်အကောင်းစားတွေ ရေမွှေးတွေသုံးပြီး ဟုတ်လို့ပေါ့။

Monday, 5 March 2012

ဆောင်းလုလင် - ၀ိညာဉ်ခေါ်တဲ့ပွဲ

ဆောင်းလုလင်

ဝိညာဉ်ခေါ်တဲ့ပွဲ

ဟော.. သူတို့ ကျွန်တော့်ကို ခေါ်နေကြပြီ။
သူတို့ဟာ ကျွန်တော့်သူငယ်ချင်းတွေပါ။
ကျွန်တော့်သူငယ်ချင်းတွေဟာ သူတို့ခေါ်မယ့် သရဲတစ္ဆေဟာ ကျွန်တော်ဖြစ်နေမှန်းမသိကြပဲနဲ့ ခေါ်ကြတော့ မယ်။
သူတို့ပြင်ဆင်နေပုံကိုကြည့်ပြီး.. သူတို့ တစ္ဆေခေါ်ပွဲ လုပ်တော့မယ်ဆိုတာကို ကျွန်တော်သိနေပါတယ်။
လူ့ဘ၀တုန်းက ကျွန်တော်ကိုယ်တိုင် သူတို့လုပ်တဲ့တစ္ဆေခေါ်ပွဲမှာ ပါနေကျမို့ သူတို့ပြင်ဆင်နေတာ တစ္ဆေခေါ်ပွဲအတွက် ဆိုတာကို ကျွန်တော် သိနေပါတယ်လေ။
သည်တစ်ခါတော့ သူတို့ခေါ်လို့ ရောက်လာမယ့်တစ္ဆေဟာ သူတို့သူငယ်ချင်း ကျွန်တော်ဆိုတာကို သူတို့သိပုံမရဘူး၊
ကျွန်တော်ဟာ ကျွန်တော်နေထိုင်တဲ့သစ်ပင်ပေါ်ကနေပြီး သူတို့ လုပ်နေကိုင်နေပုံတွေကို အစအဆုံး မြင်တွေ့နေရ ပါတယ်။ ကျွန်တော်နေတဲ့သစ်ပင်ဟာ သူတို့နေတဲ့အဆောင်ရှေ့ တည့်တည့်မှာမို့ အကုန်လုံးကို မြင်နေရတာပါ။
ဒီအဆောင်ဟာ ကျွန်တော်လူ့ဘ၀က ကျွန်တော့်သူငယ်ချင်းလေးယောက်နဲ့အတူတူနေခဲ့တဲ့ အဆောင် ပဲလေ။
ကျွန်တော်သေပြီးကတည်းက ပြိတ္တာဘ၀ရောက်ပြီး  အဆောင်ရှေ့သစ်ပင်ပေါ်မှာ နေနေရတာကို ကျွန်တော့်သူငယ် ချင်း တွေ မသိကြသေးဘူး။
x x x x x x x x x

မင်းမင်းထိုက်က သူ့အခန်းထဲက မှန်ချပ်ကိုယူလာတယ်၊
မင်းမင်းထိုက်မှန်ချပ်က ၁ပေx၁ပေခွဲအရွယ်ဆိုတော့ ဝိညာဉ်ခေါ်ပွဲလုပ်တဲ့နေရာမှာ သုံးလို့ကောင်းတယ်။ ဝိညာဉ်ခေါ်ပွဲ လုပ်တဲ့အခါတိုင်းလည်း သူ့မှန်ချပ်ကိုပဲသုံးနေကျပါ။
ဝိညာဉ်ခေါ်ပွဲလုပ်တယ်ဆိုတာ ဒီလိုပါ။
ဝိညာဉ်ခေါ်ပွဲကို လူတစ်ယောက်တည်းလုပ်လို့မရပါဘူး၊ အနည်းဆုံး လူနှစ်ယောက်နဲ့လုပ်မှရပါတယ်။
ဝိညာဉ်ခေါ်ပွဲလုပ်ဖို့အတွက် အနေတော် မှန်တစ်ချပ်ရယ်၊ မှန်ပေါ်မှာ စာရေးရင်ထင်နိုင်တဲ့ ဆော့ပင် တစ်ချောင်းရယ် ပဲလိုပါတယ်။
ဝိညာဉ်ခေါ်တော့မယ်ဆိုရင်.. မှန်ကို စားပွဲအလည်တည့်တည့်မှာတင်၊ ဝိညာဉ်ခေါ်မယ့်လူတွေက စားပွဲ ကိုဝိုင်းပြီး မတ်တပ်ရပ်နေရပါတယ်။ ပြီးတော့ လူအားလုံးက ဆော့ပင်ကို မှန်ပေါ်မှာထောင်ရက်တင်ပြီး ကိုင် ထားရပါတယ်။ ဆော့ပင်ကို လူအားလုံးလက်နဲ့ထိအောင် ကိုင်ထားရတာပေါ့။