နွေတမာန်
စိတ်၏စေရာ
အမေရန်ကုန်သို့လာသည့်အခါတိုင်း
… ကျွန်တော်တို့မြို့မှ သတင်းများ၊ နောက်ဆုံးအဖြစ်အပျက်များကို ပြောပြတတ်ပါသည်။
အများအားဖြင့် ကျွန်တော်တို့နေထိုင်ရာရပ်ကွက်ထဲက လူများအကြောင်းဖြစ်ပါသည်။
ဘယ်သူဘယ်ဝါဖြင့် ကွယ်လွန်သွားပြီ၊ ဘယ်သူနဲ့ဘယ်သူအိမ်ထောင်ကျတယ်၊
ဘယ်လင်မယားဖြင့်ကွဲသွားကြပြီဆိုသည့်အကြောင်းများပင်။
သူငယ်ချင်းများအကြောင်း၊
ငယ်ပေါင်းကြီးဖော်များအကြောင်း၊ တစ်ရပ်တည်းနေသူများအကြောင်းတွေကို
သိခွင့်ရသည့်အတွက် အဘိုးတန် လှပါသည်။ တကယ်တော့ နယ်မြို့ကလေး၏ရပ်ကွက်တစ်ခုမှ
သာမန်လူတန်း စားများအကြောင်းကို ယခုလို နေရင်းဒေသက လူကြုံကပြောပြမှသာ
သိခွင့်ရတတ်မြဲဖြစ်သည်။
သည်တစ်ခေါက်
အမေရန်ကုန်ကိုရောက်လာတော့ ရောက်သည့်ညမှာပင် နာရေးသတင်းတစ်ခုကိုပြောပြသည်။
]]မသိန်းမြိုင်တစ်ယောက်တော့
ဆုံးသွားရှာပြီသားရေ}}
]]ဗျာ-
မသိန်းမြိုင်၊ ကျော်ဟိန်းမယားမသိန်းမြိုင်လား အမေ}}
]]အေးပေါ့ကွယ်၊
ဘယ်သူရှိရဦးမှာလဲ၊ ကျော်ဟိန်းမယားမသိန်းမြိုင်ပေါ့ကွဲ့}}