Friday, 31 August 2012

ခင်နှင်းယု၏အသံထွက်ဝတ္ထု- ကဗ္ဗည်းမထိုးသောကွက်လပ်

အသံထွက်ဝတ္ထု
ခင်နှင်းယု
ကဗ္ဗည်းမထိုးသောကွက်လပ်
စာရေးဆရာမကြီး ခင်နှင်းယု



စာရေးဆရာမကြီး ခင်နှင်းယုရဲ့
ကဗ္ဗည်းမထိုးသောကွက်လပ် အမည်ရှိ
သရော်စာဆန်ဆန် ၀တ္ထုတိုလေးကို
အသံထွက်ဝတ္ထုအဖြစ် ဖန်တီးထားခြင်းအား
တင်ဆက်လိုက်ပါသည်။
စီစဉ်တင်ဆက်သူ- နွေတမာန်
နောက်ခံအသံ- နွေတမာန်

နွေတမာန်၏ အသံထွက်ဝတ္ထု- အပြန်လမ်း

အသံထွက်ဝတ္ထု
နွေတမာန်
အပြန်လမ်း


နွေတမာန်၏ ဖခင်နှင့်သားအကြား ထားရှိသောမေတ္တာကို ဖွဲ့ဆိုထားသည့်
ဝတ္ထုတိုလေးအား အသံထွက်ဝတ္ထုအဖြစ် ဖန်တီးထားခြင်းဖြစ်ပါသည်။
စီစဉ်တင်ဆက်သူ- နွေတမာန်
နောက်ခံအသံ- နွေတမာန်

နွေတမာန်- လူမိတ္တူ (၀တ္ထုတို)



နွေတမာန်
လူမိတ္တူ

အမျိုးသမီးတစ်ယောက်က စိတ်ကုဆရာဝန်တစ်ဦး၏ ဆေးခန်းရှေ့တွင်ရပ်ကာ ဆရာဝန်ဆိုင်းဘုတ်ကို ငေးကြည့်နေသည်။ သူမစိတ်ထဲတွင် စိတ်ကုဆရာဝန်၏ဆေးခန်းထဲကို ဝင်ရကောင်းနိုး၊ မဝင်ရကောင်းနိုး ဝေခွဲမရဖြစ်နေပုံရသည်။ တကယ်တော့ မစ္စလီလီယန်သည် အိမ်မှထွက်လာကတည်းက စိတ်ကုဆရာဝန် ‘ဒေါက်တာစမစ်’နှင့် ဆွေးနွေးတိုင်ပင်ရန် ဆုံးဖြတ်ပြီးမှ ထွက်လာခဲ့ခြင်းဖြစ်သည်။
လီလီယန်သည် လွန်ခဲ့သောတစ်လကပင် သူမ၏ပြသနာကို စိတ်ကုဆရာဝန် ဒေါက်တာစမစ်နှင့်တိုင်ပင်ရန် ဆုံးဖြတ်ချက် ချခဲ့ပြီးဖြစ်သည်။ ဆေးခန်းရှေ့သို့လက်တွေ့ရောက်ပါမှပင် စိတ်၌ ချီတုံချတုံဖြစ်နေရခြင်းဖြစ်ပါ၏။
ကံအားလျှော်စွာပင်… နေ့လည်ခင်းဖြစ်၍ လူနာတစ်ယောက်မျှမရှိပဲ ဒေါက်တာစမစ်သည် အားလပ်နေခဲ့သည်။ သူသည် သူ၏ဆိုင်းဘုတ်ရှေ့တွင် ငိုင်၍ရပ်နေသောအမျိုးသမီးကို မှန်တံခါးများအားဖောက်ထွင်း၍ မြင်နေရလေ၏။ သူ၏များစွာသောအတွေ့ အကြုံများအရ ထိုအမျိုးသမီး သူ့ဆေးခန်းထဲဝင်ဖို့ မဝံ့မရဲဖြစ်နေသည်ကို ရိပ်မိလိုက်သည်။
တကယ်တော့လည်း စိတ္တဇဆရာဝန်တစ်ယောက်ဆီသို့ လာရောက်ခြင်းသည်ပင် မိမိကိုယ်မိမိ စိတ္တဇဝေဒနာသည်ဟု ဖော်ထုတ်ရာကျနေပြီဖြစ်သောကြောင့် လူနာများအနေဖြင့် မဝံ့မရဲဖြစ်တတ်ခြင်းမှာ မဆန်းပါပေ။
ဒေါက်တာစမစ်က မှန်တံခါးကိုဖွင့်ကာ အပြင်သို့ထွက်လိုက်သည်။
]]ဟယ်လို… …  ကောင်းသောနေ့လည်ခင်းပါမိန်းကလေး}}

ဆောင်းလုလင်- အသံထွက်ဇာတ်လမ်း (မဂ္ဂဇင်းဝတ္ထုရှည်)



ဆောင်းလုလင်
အသံထွက်ဇာတ်လမ်း

ကိုအုံးမောင်က ခရီးဆောင်လက်ဆွဲအိတ်ထဲသို့ အဝတ်အစားများထည့်နေသော မသိန်းနွဲ့ကို စက်ဆုပ်စွာကြည့်ရင်း ပြောလိုက်သည်။
]မင်း ဘယ်တော့မှ ငါ့အိမ်ပြန်မလာနဲ့}
မသိန်းနွဲ့က မှေးစင်းသောမျက်လုံးအစုံဖြင့် ကိုအုံးမောင်ကို မုန်းတီးစွာ ပြန်ကြည့်လိုက်သည်။ မသိန်းနွဲ့၏ခေါသောသွားများမှာ မီးရောင်အောက်တွင် မဖုံးနိုင်မဖိနိုင် ပေါ်နေလေသည်။ ကွမ်းစားဖန်များ၍ ကွမ်းချေးတက်နေသော သွားများမှာ နီရဲနေလေသည်။
လင်မယားနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် မုန်းတီးရွံရှာစွာ စိုက်ကြည့်နေကြ၏။
ကိုအုံးမောင်က ဦးစွာ မျက်နှာလွှဲလိုက်သည်။ ‘ဒီသောက်ရုပ်ဆိုးမကို ငါ ဘာလို့ယူမိပါလိမ့်ဟုလည်း ဘယ်နှကြိမ်မြောက်မှန်းမသိ..တွေးမိပြန်သည်။
]တော် ပြန်မလာနဲ့ဆိုတိုင်း ကျုပ်ကနေရမှာလား၊ ‘ဒီအိမ်ဟာ တော်တစ်ယောက်ထဲပိုင်တဲ့အိမ်မဟုတ်ဖူး၊ ကျုပ်နဲ့လည်း ဆိုင်တယ်}
]ထွီ-}
]ကျုပ်မရှိရင် တော့်ကောင်မကို အိမ်ပေါ်ခေါ်တင်မလို့ မဟုတ်လား၊ ‘ဒီခြံ နဲ့ဝိုင်းဟာ သိန်းငါးဆယ်လောက်တန်နေပြီဆိုတာကျုပ်သိတယ်တော့၊ ‘ဒါလက်ထက်ပွားပစ္စည်း၊ တော် ကျုပ်ကိုကွာချင်ရင် ခြံဝိုင်းဖိုးတစ်ဝက်ခွဲပေးမှရမယ်ကိုအုံးမောင်၊ ဟင်း-ဟင်း}
မသိန်းနွဲ့က မထီသလိုလေသံမျိုးဖြင့်ပြောသည်။

Thursday, 30 August 2012

ကြူကြူသင်း ၏ အသံထွက်ဝတ္ထု- မုဒိတာစိမ်း

ကြူကြူသင်း

မုဒိတာစိမ်း
စာရေးဆရာမကြီး ကြူကြူသင်း


စာရေးဆရာမ ကြူကြူသင်းရဲ့ လူ့သဘာဝအဖွဲ့အနွဲ့ ပီပြင်လွန်းလှတဲ့
မုဒိတာစိမ်း ဆိုတဲ့ ၀တ္ထုတိုလေးကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါတယ်။
စီစဉ်တင်ဆက်သူ- နွေတမာန်
နောက်ခံအသံ- နွေတမာန်

Thursday, 23 August 2012

မိုးမိုး(အင်းလျား) ၏ အသံထွက်ဝတ္ထု- စိတ်ထားတတ်လျှင်

မိုးမိုး (အင်းလျား)
စိတ်ထားတတ်လျှင်
စာရေးဆရာမ မိုးမိုး(အင်းလျား)



ကွယ်လွန်သူ စာရေးဆရာမကြီး မိုးမိုး(အင်းလျား)ရဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ဖြစ်ပါတယ်။
၁၉၈၅ခုနှစ်ထုတ်၊ တက္ကသိုလ်ဓမ္မာရုံမဂ္ဂဇင်းမှာ ပါခဲ့တဲ့ ၀တ္ထုကလေးပါ။
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်ထားပါတယ်။
စီစဉ်တင်ဆက်သူ- နွေတမာန်
နောက်ခံအသံ- နွေတမာန်

Monday, 20 August 2012

ဆောင်းလုလင် - ဆင်ဝင်စား (လုံးချင်းဝတ္ထု)

ဆောင်းလုလင်
ဆင်ဝင်စား


ဆောင်းလုလင် ၏ ဆင်ဝင်စား လုံးချင်းဝတ္ထုကို
၂၀၀၉ခုနှစ်၊ အောက်တိုဘာလတွင်
ဆုပြည့်စုံထွန်းစာပေမှ ထုတ်ဝေခဲ့ပါသည်။
မျက်နှာဖုံးပန်းချီ- ရန်နိုင်ဦး
ရောင်းဈေး - ၁၅၀၀ကျပ်