Wednesday, 24 October 2012

ဆောင်းလုလင် - မ (၀တ္ထုတို)



ဆောင်းလုလင်


"သား  ...ပြန်တော့လေ၊ ရုံးကထွက်လာတာ ကြာပြီမဟုတ်လား၊ ရထားလည်းထွက်တော့မှာပဲ၊ အမေတို့ နေလို့ဖြစ်ပါပြီ၊ ရုံးမှာပြောစရာဖြစ်နေ မယ်၊ ပြန်တော့သား"
အမေက ကျွန်တော့်ကို ပြောလိုက်သည်။
အမေတို့ပြန်မယ့်ရထားထွက်ချိန်အထိ ကျွန်တော်စောင့်ချင်ပါသည်။ ရထားပေါ်မှာ အမေပါသွားတာကိုကြည့်ပြီး လက်ပြနှုတ်ဆက်ချင်ပါသေး သည်။
သို့သော်  ...အခြေအနေက အမေပြောသလိုဖြစ်နေသည်။ အမေ တို့ကို ဘူတာလိုက်ပို့ဖို့ ရုံးမှထွက်လာခဲ့ရာ ကြည့်မြင်တိုင်မှ အမေတည်းခိုသည့် ကျွန်တော့်အစ်မကြီးအိမ်မှာသွားခေါ်ရသည်။ အမေနှင့်တူမလေးကို ဘူတာ အထိလိုက်ပို့ပေးတာနှင့်ပင် အချိန်က တစ်နာရီကျော်ကြာသွားပါပြီ။ ကျွန်တော် ရုံးကိုပြန်ဖို့သင့်ပြီ။ အချိန်အကြာကြီးပျောက်နေလို့ မသင့်တော်ပါ။
"ဟုတ်ကဲ့အမေ၊ ဒါဆို သားသွားတော့မယ်နော်၊ အမေတို့လည်း ရထားပေါ်တက်တော့လေ"
ကျွန်တော်က အင်္ကျီအိတ်ကပ်ထဲမှ ငါးရာတန်တစ်ရွက်ကိုထုတ် ယူလိုက်သည်။ ကျွန်တော့်တူမလေးကို ပွေ့ချီကာနမ်းလိုက်ရင်း ငါးရာတန် ကို သူ့အတွက် မုန်းဖို့အဖြစ်ပေးလိုက်သည်။ တူမလေးအတွက် ကျွန်တော် တတ်နိုင်သည်မှာ ဤမျှသာဖြစ်ပါသည်။ 
"ဦးဦး မြို့ကိုလာခဲ့ဦးနော်၊ ညီမလေးကိုပါ ခေါ်ခဲ့"
တူမလေးက ပြောသည်။
"ကဲ  ...ငါ့သားပြန်တော့၊ အမေတို့လည်း ရထားပေါ်တက်တော့မယ်"

ဆောင်းလုလင်- လိပ်ပြာပွေလီ (မဂ္ဂဇင်းဝတ္ထုရှည်)



ဆောင်းလုလင်

လိပ်ပြာပွေလီ
-------------------

မေမေခင်၏အိပ်မက်

မေမေခင် ထိုအိပ်မက်ကို မက်ခဲ့သည့်နေ့မှာ သီတင်းကျွတ်လပြည့် နေ့ဖြစ်သည်။
သီတင်းကျွတ်လပြည့်နေညမှာ ကို့မိဘများနှင့် မေမေခင့်မိဘများ ဆီ သွားကန်တော့ကြသည်။ အိပ်မက်ကို ထိုနေ့ညက မက်ခဲ့ခြင်းဖြစ်သော ကြောင့် သီတင်းကျွတ်လပြည့်နေ့ဆိုတာကို မှတ်မှတ်ရရဖြစ်နေရခြင်းဖြစ်ပါ သည်။ 
အိပ်မက်က ချောက်ခြားဘို့ကောင်းသလို ထူးလည်းထူးဆန်းလှပါ သည်။
အိပ်မက်ထဲ၌ မေမေခင်သည် ကတ္တရာလမ်းမကြီးတစ်ခုပေါ်တွင် လျှောက်သွားလျှက်ရှိသည်။ ညအချိန်ဖြစ်ကာ ကတ္တရာလမ်းမကြီးသည် ရောင်အောက်တွင် ပြောင်ချောနေပေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးကတော့ တိတ်ဆိတ်ငြိမ်သက်နေသည်မှာ ချောက်ချားဖွယ်ကောင်းလှပေသည်။
မေမေခင်သည် ရှည်လျားဖြောင့်ဖြူးသော ကတ္တရာလမ်းမကြီးတ လျှောက် ထိတ်လန့်စွာလျှောက်လှမ်းနေလျှက်ရှိ၏။ ဘာ့ကြောင့် ဘာကိုထိတ် လန့်ကြောက်ရွံ့နေမှန်းလည်း အိပ်မက်ထဲ၌ မသဲကွဲပေ။
တစ်နေရာအရောက်တွင် လူအများ၏ အော်ဟစ်ငိုယိုသံကို မေမေခင်ကြားလိုက်ရလေသည်။ ငိုသံများနှင့် ကယ်ပါယူပါ တစာစာအော်သံများ မှာ ငရဲပွက်သည့်နှယ်ထွက်ပေါ်နေလေသည်။
မေမေခင်က အသံကြားရာသို့ ပြေးသွားလိုက်ရာ လမ်းမ၏ဘေး တွင် တစောင်းလဲကာ တိမ်းမှောက်လျှက်ရှိသော ကားကြီးတစ်စီးကိုတွေ့ လိုက်ရလေ၏။ ကားကြီးသည် လမ်း၏တစ်ဖက် ချောက်ထဲသို့စောင်းကျနေ ကာ တစောင်းအနေအထားဖြင့် လဲနေခြင်းဖြစ်၏။ ကား၏ပတ်ပတ်လည်တွင် တော့ သွေးသံရဲရဲဖြင့်အလောင်းများကိုတွေ့ရလေသည်။ တချို့အလောင်း များမှာ ကားအောက်တွင် ပိလျှက်ရှိ၏။ ကားအောက်မှအလောင်းများမှာ တစ်ကိုယ်လုံးမမြင်ရ။ ခေါင်းပိုင်းချည်း ကားအောက်မှထွက်လျှက်လျှာထွက် သေနေသောအလောင်း၊ တကိုယ်လုံးကားအောက်ရောက်လျှက် ခြေထောက် ကလေးသာ ပေါ်နေသောအလောင်း..စသဖြင့် ထိတ်လန့်ရွံရှာဖွယ်လူသေ အမြောက်အများကိုတွေ့ရလေသည်။
မေမေခင်က ကြောက်လန့်တကြားဖြင့် ထိုနေရာမှထွက်ပြေးရန်ပြင် ဆင်ဆဲတွင်..

Tuesday, 23 October 2012

ဆောင်းလုလင်- ဘ၀ဟောင်းရဲ့ပဲ့တင်သံ (မဂ္ဂဇင်းဝတ္ထုရှည်)

ဆောင်းလုလင်

ဘ၀ဟောင်းရဲ့ပဲ့တင်သံ

မဂ္ဂဇင်းဝတ္ထုရှည်


ဂမ္ဘီရဆန်းကြယ်ဝတ္ထုများကို ရေးသားနေသည့်ကျွန်တော့် အတွက် ထူးခြားဆန်းကြယ်သောဇာတ်လမ်းဇာတ်ကွက်များကိုနေ ရာအနှံ့ လူအမျိုးမျိုးထံမှ ရလေ့ရှိပါသည်။
တချို့က ကျွန်တော်ဝတ္ထုရေးနိုင်ရန်အလို့ငှာ သူတို့ကြား ဖူးကြုံဖူးသော ထူးဆန်းသည့်အဖြစ်အချို့ကို တကူးတကလာ၍ ပြောကြားတတ်သည်။ စာဖြင့်ရေးသား၍ပေးပို့သည်များလည်းရှိပါသည်။
အများအားဖြင့် လူဝင်စားဖြစ်ရပ်များဖြစ်နေတတ်ပါသည်။ သရဲတစ္ဆေချောက်လှန့်ခြင်းနှင့် ပတ်သက်သည့်အဖြစ်များလည်း ပါ ဝင်လာတတ်ပါ၏။
ယခု ကျွန်တော်တင်ပြမည့်အဖြစ်မှာမူ အခြားသူပြောပြ ခြင်းမဟုတ်။ ဇာတ်လမ်းထဲမှအ”dကဇာတ်ကောင် ]မောင်ဉာဏ်မျိုး အောင်}ခေါ်]အောင်အောင်}ကို မွေးစကပင် ကျွန်တော်သိခဲ့သည်။ ထိုကလေးကို ကျွန်တော်ကိုယ်တိုင်ပင် ချီပိုးထိန်းကျောင်းခဲ့ဖူးပါ ၏။
ဇာတ်လမ်း၏ အဓိကအပိုင်းနှင့် ဇာတ်သိမ်းပိုင်းများတွင် လည်း ကျွန်တော်ကိုယ်တိုင် မျက်မြင်တွေ့ထိပါဝင်ခဲ့ရပါသည်။
ဘ၀တစ်ခုမှ နောက်ဘ၀တစ်ခုအထိ ဆက်၍ချစ်နေကြ သောချစ်သူနှစ်ဦး၏ ထူးခြားသောအဖြစ်ဆန်းပင်ဖြစ်ပါသည်။
ဉာဏ်မျိုးအောင်နှင့်ရိုးရိုးယဉ်တို့၏ ဖြစ်ရပ်အမှန်ကို ဘ၀ နှစ်ခုလုံးဆက်၍ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရခြင်းဖြစ်ပါသည်။
+ + + + + + + + +
 ကျွန်တော် လေးတန်းနှစ်တွင် ကျွန်တော်၏ဖခင်သည် အစိုးရတာဝန်ဖြင့် ဧရာဝတီမြစ်အနောက်ဖက်ကမ်းရှိမြို့ကလေးသို့ ပြောင်းရွှေ့ခဲ့ရပါသည်။ ထိုမြို့မှာ သရက်မြို့ဖြစ်ပြီး ထိုခေတ်က မြန်မာနိုင်ငံ၏တစ်ခုတည်းသောဘိလပ်မြေစက်ရုံရှိရာမြို့အဖြစ် လူ သိများပါသည်။

Sunday, 21 October 2012

နွေတမာန် နှင့် MRTV4 စာပေအင်တာဗျူး

နွေတမာန် နှင့် MRTV4 စာပေအင်တာဗျူး

၂၀၀၈ခုနှစ်၊ ဇူလိုင်လတွင် MRTV4 ရုပ်မြင်သံကြား "စာအုပ်စင်ကဏ္ဍ"၌
ထုတ်လွှင့်ခဲ့သော
နွေတမာန်နှင့် MRTV4 စာပေအင်တာဗျူး -ထုတ်လွှင့်ချက်ကို တင်ဆက်လိုက်ပါသည်။

ပထမပိုင်း

ဒုတိယပိုင်း

တတိယပိုင်း

စတုတ္ထပိုင်း

 

Friday, 19 October 2012

ငြိမ်းကျော် ၏ အသံထွက်ဝတ္ထု

ငြိမ်းကျော်

သု ဿ       န်  ၌ သ နပ် ခါး လူး ခြင်း

စာရေးဆရာငြိမ်းကျော်၏ သုဿန်၌သနပ်ခါးလူးခြင်း-၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် အပိုင်း(၂)ပိုင်းခွဲ၍တင်ဆက်လိုက်ပါသည်။
စီစဉ်တင်ဆက်သူ- နွေတမာန်
စာရေးဆရာ ငြိမ်းကျော်

Monday, 15 October 2012

ခင်ပန်နှင်း ၏ အသံထွက်ဝတ္ထု

ခင်ပန်နှင်း

ပန်းသင်္ကေတ

 စာရေးဆရာမ ခင်ပန်နှင်း

 စာရေးဆရာမ ခင်ပန်နှင်း-၏
ပန်းသင်္ကေတ ၀တ္ထုတိုအား
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။

Saturday, 6 October 2012

သုမောင် ၏ အသံထွက်ဝတ္ထု

သုမောင်
ငယ်အိပ်မက်

စာရေးဆရာ သုမောင်



စာရေးဆရာ သုမောင် ၏
ငယ်မူလက်ရာ ၀တ္ထုတိုတစ်ပုဒ်ဖြစ်သော
ငယ်အိပ်မက် ကို
အသံထွက်ဝတ္ထုအဖြစ်တင်ဆက်လိုက်ပါသည်။
စီစဉ်တင်ဆက်သူ- နွေတမာန်
နောက်ခံအသံ- နွေတမာန်