Wednesday 27 February 2013

ဆောင်းလုလင်- အိပ်မက်အတူမက်သူများ (လုံးချင်းဝတ္ထု)

ဆောင်းလုလင်

အိပ်မက်အတူမက်သူများ

 

 ဆောင်းလုလင်

 

အိပ်မက်အတူမက်သူများ... လုံးချင်းဝတ္ထုကို

 

၈အုပ်မြောက်လုံးချင်းဝတ္ထုအဖြစ် 

 

၂၀၀၆ခုနှစ်၊ စက်တင်ဘာလတွင်

 

လောကနတ်စာပေမှ ထုတ်ဝေခဲ့ပါသည်။ 

 

မျက်နှာဖုံးပန်းချီ- ကျော်ပိုင်

 

 

Monday 25 February 2013

နေ၀င်းမြင့်၏အသံထွက်ဝတ္ထု- မြစ်ဆိပ်ရဲ့သီချင်း

အသံထွက်ဝတ္ထု

နေ၀င်းမြင့်

မြစ်ဆိပ်ရဲ့သီချင်း

 စာရေးဆရာ နေ၀င်းမြင့်


ဆရာနေ၀င်းမြင့်ရဲ့ မြစ်ဆိပ်ရဲ့သီချင်းအမည်ရှိ ၀တ္ထုတိုကို 
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါတယ်။

၁၉၉၀ပြည့်နှစ်၊ ဧပြီလထုတ်၊ 
ရင်ခုန်ပွင့်မဂ္ဂဇင်းထဲက ၀တ္ထုတိုလေးတစ်ပုဒ်ဖြစ်ပါတယ်။

စီစဉ်တင်ဆက်သူ - နွေတမာန်
နောက်ခံအသံ - နွေတမာန်

Friday 22 February 2013

ဆောင်းလုလင်- ခေတ်သစ်စုန်းမ (သိပ္ပံဝတ္ထုတို)

ဆောင်းလုလင်

ခေတ်သစ်စုန်းမ

သိပ္ပံဝတ္ထုတို


အပြည်ပြည်ဆိုင်ရာတရားရုံးအထိ တက်လာသော ထူးခြားဆန်းကြယ်လှသည့် အမှုတွဲအတွက် အပြည်ပြည်ဆိုင်ရာ တရားသူကြီးအဖွဲ့ဥက္ကဌ မစ္စတာဝေါလေ့စ်တစ်ယောက် အကြီးအကျယ် ဦးနှောက် ချောက်နေရလေသည်။ မစ္စတာဝေါလေ့စ် တစ်ဦးတည်းသာမဟုတ်၊ တရားသူကြီးအဖွဲ့ဝင်အားလုံးနှင့် တရားရုံးဝန်ထမ်းများအားလုံးပင် မကြုံစဖူးထူးကဲလှသော ဆန်းကြယ်သည့် အမှုတွဲအတွက် ရင်ခုန် ထိတ်လန့်လျက်ရှိပေသည်။ 
အမှုတွဲကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးနှင့်တကွ ကမ္ဘာ့အဆင့် ရှိအဖွဲ့အစည်းများ၊ သမ္မတ၊ ဝန်ကြီးချုပ်ကဲ့သို့သော နိုင်ငံအသီးသီးမှ ခေါင်းဆောင်များအားလုံးကလည်း စိတ်ဝင်စားလျက်ရှိပေသည်။ အပြည်ပြည်ဆိုင်ရာ တရားသူကြီးအဖွဲ့အနေဖြင့် ယင်းအမှုတွဲကို မည်သို့အမိန့်ချမှတ်မည်ကိုလည်း ကမ္ဘာ့ လူထုတစ်ရပ်လုံးက မျက်လုံးဒေါက်ထောက် ကြည့်နေကြ၏။ 
အမှုတွဲမှာ အပြည်ပြည်ဆိုင်ရာတရားရုံးသို့ရောက်လာရာတွင် လာရိုးလာစဉ်အတိုင်းမဟုတ်ဘဲ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အဆင့်မြင့် ပညာသည်များအဖွဲ့မှ တရားခံကို အမျိုးမျိုးစမ်းသပ်စစ်ဆေး ပြီးမှ တရားရုံးသို့ လွှဲအပ်လိုက်ခြင်း ဖြစ်လေသည်။ သို့ဖြစ်၍ မစ္စတာဝေါလေ့စ်အနေဖြင့် တရားခံအား အပြစ်ပေးရာတွင် လက်လွတ်စပယ်ပြုလုပ်၍ရမည်မဟုတ်ပေ။ မိမိ၏အဖွဲ့ဝင်များနှင့် အပြန်အလှန်ညှိနှိုင်း ဆွေးနွေးကာ တရားမျှတ၍ ကမ္ဘာ့လူထုတစ်ခုလုံး လက်ခံနိုင်သော ပြစ်ဒဏ်မျိုးကိုချမှတ်မှသာ သင့်လျော် ပေလိမ့်မည်။ 
ဥက္ကဌမစ္စတာဝေါလေ့စ်ခေါင်းဆောင်သော အပြည်ပြည်ဆိုင်ရာတရားသူကြီးအဖွဲ့သည် အကိုးအ ကားအဖြစ် စီရင်ထုံးများ၊ ကျမ်းကိုးများကို မရရအောင် ရှာဖွေခဲ့ရသည်။ ယခုကြုံတွေ့နေရသော အမှုတွဲမျိုးမှာ နှစ်ပေါင်းငါးရာအတွင်း၌ ပေါ်ပေါက်ဖူးခြင်း မရှိပါ၍ ကျမ်းကိုးပြုစရာ အချက်အလက်များကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပါပေ။ 
ယင်းသို့ဖြင့် အမှုတွဲမှာ မပြတ်ဘဲ သုံးနှစ်ခန့်ကြာသွားရလေသည်။ 
နိုင်ငံပေါင်းစုံ၏ တရားစီရင်မှုသမိုင်းကြောင်းကို နှစ်ပေါင်းတစ်ထောင်အထိ နောက်ကြောင်းပြန် လေ့လာသည့်အခါမှပင် ၁၈ ရာစုမှ ၂၀ ရာစုအတွင်း ပေါ်ပေါက်ခဲ့သော အမှုတွဲအချို့တွင် အလားတူ အမှုမျိုးကို တွေ့ရှိရလေတော့သည်။ 
ထိုခေတ်ဟောင်းကာလများတုံးက ယခုကဲ့သို့သောတရားခံမျိုးအား အများလူထုရှေ့မှောက်တွင် မီးရှို့သတ်ဖြတ်ခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံးကို မြေတွင်မြှုပ်ကာ ဦးခေါင်းတစ်ခုသာဖော်ထားလျက် လူ အများက သေသည်အထိ ဦးခေါင်းအား ခဲများဖြင့် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခြင်း စသည်ဖြင့် အပြစ်ပေးခဲ့ ကြောင်းကို တွေ့ရလေသည်။ 
ထိုအပြစ်ပေးနည်းများမှာ အနောက်နိုင်ငံများမှ အပြစ်ပေးနည်းများဖြစ်ပြီး အရှေ့တိုင်းနိုင်ငံတစ်ခု ဖြစ်သော မြန်မာနိုင်ငံ၌မူ ညင်သာပျော့ပျောင်းသောနည်းဖြင့်သာ အပြစ်ပေးခဲ့ကြောင်း တွေ့ရလေသည်။ 
မြန်မာနိုင်ငံတွင် ယခုကဲ့သို့ပြစ်မှုမျိုးကို ကျူးလွန်သည်ဟု ယူဆရသူများအား လူနေရပ်ရွာ၏ ပြင်ပသို့နှင်ထုတ်ခြင်းဖြင့် ပြစ်ဒဏ်ခတ်ခဲ့ကြလေသည်။ (ကျေးလက်တောရွာများ၌ ရွာထဲတွင် မနေထိုင် စေဘဲ ရွာပြင်နှင်ထုတ်ကာ အပြစ်ပေးခြင်းမျိုး၊ တရားခံအား မခေါ်မပြော မဆက်ဆံဘဲ ပ-ထားခြင်းမျိုး ဖြစ်ပေသည်။) 

Monday 4 February 2013

ဆောင်းလုလင်- မိုးခါးရေ (၀တ္ထုတို)


ဆောင်းလုလင်

မိုးခါးရေ

အဖြစ်အပျက်မှာ ကျွန်ုပ်တို့ကမ္ဘာမြေပေါ်မှ အဖြစ်အပျက်မဟုတ်ပါ။ အခြားဂြိုဟ်တစ်ခုမှ ဖြစ်ရပ်သာဖြစ်ပါသည်။

သူသည် ထိုဂြိုလ်ပေါ်မှလူသားတစ်ဦးဖြစ်သည်။
သူသည် သိပ္ပံပညာရှင်တစ်ယောက်လည်း ဖြစ်ပါသည်။ သူတို့ ဂြိုဟ်ပေါ်တွင် သူသည် အတော်ဆုံးသိပ္ပံပညာရှင်တစ်ယောက် ဖြစ်လေသည်။
သူသည် မိုးလေ၀သအခြေအနေများကိုလည်း ခန့်မှန်းတတ်လေသည်။ ထိုသို့ မိုးလေ၀သကိုခန့်မှန်းတတ်ခဲ့၍လည်း ထိုဂြိုဟ်ကြီးတစ်ခုလုံးကို အုပ်ချုပ်ရသည့် ဘုရင်ဘ၀သို့ ရောက်ခဲ့ရခြင်းဖြစ်ပါသည်။
တစ်ခါတွင် သူ၏ကြိုတင်တွက်ချက်မှုအရ ဂြိုဟ်ပေါ်၌ မိုးခါးရေရွာ သွန်းမည့်အဖြစ်ကို သူ ကြို၍ခန့်မှန်းနိုင်ခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသည် မှာ ရွာသွန်းမည့်မိုးခါးရေသည် ခါးသက်သောအရသာ ရှိရုံသာမက ထိုမိုးခါးရေကို သောက်သုံးမိပါက ရူးသွပ်သွားစေနိုင်ခြင်း ဖြစ်လေသည်။
သူသည် သူ၏ကြိုတင်မှန်းဆတွက်ချက်မှုကို ထိုစဉ်က အုပ်ချုပ်နေ သော သူတို့ဂြိုဟ်၏အစိုးရအဖွဲ့အား တင်ပြလိုက်လေသည်။ နောက်တစ်ရက် ခြားတွင် ရွာသွန်းမည့်မိုးရေထဲသို့ မည်သူမျှမထွက်ကြရန်၊ မိုးရေကို မသောက် သုံးကြရန် နှိုးဆော်ပေးဖို့ကိုလည်း သူက အစိုးရအဖွဲ့ကို တိုက်တွန်းခဲ့ပါ၏။
အစိုးရကလည်း ဂြိုဟ်ပေါ်တွင်ထုတ်ဝေသည့် သတင်းစာ၊ စာစောင် များ၊ တီဗီများမှ ကြိုတင်ကြေညာပေးထားခဲ့ပါသည်။
သို့သော် လူထုသည် သိပ်အရေးမစိုက်ခဲ့ချေ။ မိုးပြိုမှာကို တွေး ကြောက်မနေသည့် ဂြိုဟ်သားတို့၏ ထုံးစံအတိုင်းပင် ဖြစ်ပါသည်။ ကြိုတင် ခန့်မှန်းမှုဆိုတော့လည်း ဖြစ်ချင်မှဖြစ်လာမှာဟု တွေးကြသည်။ သည်လို အဖြစ်မျိုးလည်း တစ်ခါမှမကြုံဖူး၍ သိပ်ဂရုမထားခဲ့ကြချေ။ အချို့ကဆိုလျှင် ယုံတောင်မယုံ၊ ပြက်ရယ်ပြုသူများပင်ရှိခဲ့ကြ၏။

မည်သို့ဆိုစေ သူ ခန့်မှန်းသည့်အတိုင်း ထိုနေ့ထိုရက်တွင် မိုးခါးရေ မိုးကြီး ရွာသွန်းခဲ့လေသည်။ သူက သူ့တပည့်များကိုတော့ တင်းကျပ်စွာ တားမြစ်၍ အိမ်ထဲတွင် သော့ခတ်ပိတ်လှောင်ထားသောကြောင့် သူနှင့် သူ၏ တပည့်တပန်းများကတော့ မိုးခါးရေထဲသို့ မထွက်ဖြစ်ကြချေ။

Sunday 3 February 2013

Audio Joke 41 မိန်းမနှင့်အသက်

Audio Joke 41 

မိန်းမနှင့်အသက်


တကယ်တော့... အသက်ကြီးရင့်ခြင်းဟာ ကြောက်စရာမဟုတ်ပါဘူး။ ဂုဏ်ယူစရာပါ။ 
အသက်ကြီးရင့်ခြင်းထဲမှာ အတွေ့အကြုံရင့်ကျက်ခြင်းဆိုတဲ့ဂုဏ်ပုဒ်တစ်ရပ်က တွဲရက်ပါနေပါတယ်။ 
အသက်ငယ်ရွယ်ခြင်းဟာလည်း ကြွားဝါစရာအချက်တစ်ခုမဟုတ်ပါ။ 
အရင်မွေးဖွားသူဟာ ...အသက်ပိုကြီးနေပြီး
နောက်မှမွေးသူက.. ပိုပြီးငယ်ရွယ်နေမှာဟာ
လောကဓမ္မတာပါ......
အသက်ကြီးခြင်း...ငယ်ခြင်းထက်... 
ကိုယ်ဟာ လောကအကျိုးကို ဘယ်လောက်သယ်ပိုးခဲ့ပြီးပြီ
ဘ၀မှာ ဘယ်လောက်တာဝန်ကျေခဲ့ပြီ
ဘယ်လိုမှတ်တိုင်တွေစိုက်ထူခဲ့ပြီ...ဆိုတာတွေကသာ
အဓိကကျပါတယ်။

Audio Joke 40 မြန်မာဟေ့.. မြန်မာ

Audio Joke 40

 မြန်မာဟေ့.. မြန်မာ


ကမ္ဘာ့အလည်မှာ မြန်မာအမျိုးသမီးတွေရဲ့ကဏ္ဍဟာ မသေးငယ်ပါဘူး။
ဒီအဖြစ်အပျက်လေးကိုကြည့်ရင် မြန်မာအမျိုးသမီးတွေဟာ အင်္ဂလိပ်မတွေ၊ ဂျပန်မတွေထက် သာလွန်တယ်ဆိုတာ သိသာနိုင်ပါတယ်။

Audio Joke 39 နားလေးရခြင်းအကြောင်းရင်း

Audio Joke 39 

နားလေးရခြင်းအကြောင်းရင်း


ခင်ဗျားမိန်းမနားလေးတဲ့အနေအထားက­ို သိချင်ရင် ဒီလိုလုပ်ပါ။
ဆရာဝန်က အဲဒီလို ညွှန်ကြားလိုက်တဲ့အတိုင်း လုပ်ကြည့်တဲ့အခါ.....

Audio 38 အပေးအယူ သူနဲ့ကျွန်မ

Audio 38

အပေးအယူ သူနဲ့ကျွန်မ


မမခေါ်လာတဲ့လူကြီးက သိပ်တောင့်တာပဲနော်။ သန်လည်း သိပ်သန်မှာပဲ။
သီတာ ခံချင်လိုက်တာ မမရယ်။ သီတာ့ကို ပြောပေးပါလားဟင်။
သီတာ ပိုက်ဆံပိုပေးပါ့မယ်......
မိန်းမနှစ်ယောက် လူတစ်ယောက်ကို သူခံမယ်... ကိုယ်ခံမယ်...နဲ့
အပြိုင်အဆိုင် အလုအယက်ဖြစ်နေကြပုံ

Audio Joke 37 မှားယွင်းမှုရဲ့ရလာဒ်

Audio Joke 37 

မှားယွင်းမှုရဲ့ရလာဒ်


အဘိုးကြီးတစ်ယောက်ကပြောတယ်။
တက်စီကို လေချွန်ပြီးခေါ်မိတာဟာ 
သူ့ဘ၀အတွက် မှားယွင်းမှုကြီးတစ်ခုကို လုပ်ခဲ့မိတာပါ တဲ့....
ဒါပေမယ့်... အဲဒီလို သူပြောတဲ့အချိန်ဟာ သိပ်ကိုနောက်ကျသွားပြီ။

Audio Joke 36 ပလုံ

Audio Joke 36 

ပလုံ


စည်းကမ်းသိပ်ကြီးတဲ့အမေက ထမင်းစားနေတုန်း စကားပြောခွင့်မပြုဘူး။
ပြောစရာရှိရင် စားပြီးမှပြောတဲ့။
အဲဒီတော့.......

Audio Joke 35 နို့

Audio Joke 35

 နို့

 ဘတ်စ်ကားပေါ်မှာ ကလေးအမေတစ်ယောက်က
ကလေးကို နို့တိုက်နေတယ်။
ကလေးက မစို့ချင်လို့ ငြင်းနေတယ်။
အဲဒီတော့... အမေက ကလေးကို ချိန်းချောက်လိုက်တယ်။
နင်မစို့ရင်... ကုလားကြီးကို တိုက်လိုက်မှာနော်တဲ့...။