Friday 30 November 2012

ခေးကို(မန်း)- တောက်ခေါက်သံ (အတိုဆုံးအသံထွက်ဝတ္ထု)


ခေးကို(မန်း)

တောက်ခေါက်သံ

တစ်မျက်နှာဝတ္ထုတို၊ အတိုဆုံးဝတ္ထုတို... စသဖြင့်
မဂ္ဂဇင်းများမှာ ဖော်ပြနေတဲ့ ၀တ္ထုတိုလေးများဟာ
တိုတိုလေးနဲ့ ထိထိမိမိရှိလှပါတယ်။
အတိုဆုံးဝတ္ထုများကို သီးခြားကဏ္ဍတစ်ခုအဖြစ်
စီစဉ်တင်ဆက်လိုက်ပါတယ်။


Audio Joke ထင်မိယောင်မှား

Audio Joke 1

ထင်မိယောင်မှား

ဟာသအတိုအထွာပေါင်းများစွာထဲက အသံနဲ့ ဖျော်ဖြေတင်ဆက်လို့ သင့်လျော်တဲ့
ဟာသလေးများကို Audio Joke ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကဏ္ဍတစ်ခုအနေနဲ့
ဖျော်ဖြေတင်ဆက်သွားဖို့ အစီအစဉ်ရှိပါတယ်။
အခု တင်ပြလိုက်တာလေးကတော့… ပထမဆုံး Audio Joke ကလေးပါပဲ။
ထင်မိယောင်မှား…. တဲ့။
အချိန်အတိုင်းအတာ ၄မိနစ်ပဲရှိတာမို့… ခံစားနားဆင်ကြည့်လိုက်ပါဦး။


Tuesday 27 November 2012

မင်းလူ၏အသံထွက်ဝတ္ထု- တစ်ဖက်သားရူးအောင် ပြုရက်လေတယ်

မင်းလူ

တစ်ဖက်သားရူးအောင်ပြုရက်လေတယ်

 စာရေးဆရာ မင်းလူ
 

စာရေးဆရာမင်းလူ၏ တစ်ဖက်သားရူးအောင်ပြုရက်လေတယ်...၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်ထားခြင်းဖြစ်ပါသည်။
 စီစဉ်တင်ဆက်သူ- နွေတမာန်
နောက်ခံအသံ- နွေတမာန်

Monday 26 November 2012

မှော်ဝင်သီချင်း (သို့မဟုတ်) သံသရာတစ်ကွေ့ဝယ်

မှော်ဝင်သီချင်း (သို့မဟုတ်) သံသရာတစ်ကွေ့ဝယ်


စာရေးဆရာ ဆောင်းလုလင် ၏ မှော်ဝင်သီချင်း လုံးချင်းဝတ္ထုတွင်
အဓိကဇာတ်ဝင်သီချင်းအဖြစ် အသုံးပြုထားသော
စန္ဒရားလှထွဋ်-ရေးသား၍
ကိုတင်ထွဋ်-သီဆိုခဲ့သည့်
သံသရာတစ်ကွေ့ဝယ်... သီချင်းဖြစ်ပါသည်။
  

မှော်ဝင်သီချင်းလုံးချင်းဝတ္ထုကို ဖတ်ရှုလိုပါက ဤနေရာကို နှိပ်ပါ။

ဆောင်းလုလင်- မှော်ဝင်သီချင်း

ဆောင်းလုလင်

မှော်ဝင်သီချင်း

ဆုပြည့်စုံထွန်းစာပေမှ ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ဝေခဲ့သည့်
ဆောင်းလုလင် ၏ လုံးချင်းဝတ္ထုဖြစ်ပါသည်။
မျက်နှာဖုံးပန်းချီ- ချမ်းမှိုင်းအောင်

လုံးချင်းဝတ္ထုကို ဖတ်ရှုလိုပါက ဤနေရာကို နှိပ်ပါ

Friday 23 November 2012

ဆောင်းလုလင်၏အသံထွက်ဝတ္ထု- မိုက်တယ်ဆိုတာ ဒီလိုလား

ဆောင်းလုလင်

မိုက်တယ်ဆိုတာ ဒီလိုလား


ဝ ဿ      န် စာမူပြိုင်ပွဲတွင် ဆုရရှိခဲ့သည့်
ဆောင်းလုလင် ၏ မိုက်တယ်ဆိုတာဒီလိုလား... ၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်ထားခြင်းဖြစ်ပါသည်။

မူရင်းဝတ္ထုတိုကို မြန်မာဘာသာဖြင့် ဖတ်ရှုလိုပါက ဤနေရာကို နှိပ်ပါ။

မူရင်းဝတ္ထုတို အင်္ဂလိပ်ဘာသာပြန်ကို ဖတ်ရှုလိုပါက ဤနေရာကို နှိပ်ပါ။

Sunday 18 November 2012

မင်းလူ၏အသံထွက်ဝတ္ထု- ဓားနှင့်နှင်းဆီ

မင်းလူ

ဓား နှင့် နှင်းဆီ

 စာရေးဆရာ မင်းလူ


စာရေးဆရာမင်းလူ၏ ဓားနှင့်နှင်းဆီ.. ၀တ္ထုတိုအား
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။
စီစဉ်တင်ဆက်သူ- နွေတမာန်
နောက်ခံအသံ- နွေတမာန်

Saturday 17 November 2012

ဆောင်းလုလင်- ဖုတ်လှိုက် ဖုတ်လှိုက် ဆည်းဆာ (၀တ္ထုတို)



ဆောင်းလုလင်

ဖုတ်လှိုက် ဖုတ်လှိုက် ဆည်းဆာ

..............
ရန်ကုန်မြို့လည်ရှိ မြို့နယ်ရဲစခန်းတစ်ခုသို့ တယ်လီဖုန်းသတင်း တစ်ခုဝင်လာသည်။
တာဝန်ကျဝန်ထမ်းက ဖုန်းကိုလက်ခံနားထောင်သည့်အခါ လူသတ် မှုသတင်းပေးပို့ချက်တစ်ခုကို လက်ခံရရှိလေသည်။
]ကျွန်မ ကေဇာခိုင်သွယ်ပါ၊ သတင်းတစ်ခုပေးချင်လို့}
]ကေဇာခိုင်သွယ်၊ ဟုတ်လား}
]ဟုတ်ပါတယ်၊ ......လမ်း၊ တိုက်နံပါတ်၈က ကေဇာခိုင်သွယ် ပါ၊ လူကြီးမင်းတို့ရဲစခန်းအပိုင်ထဲကပါပဲ}
]ရုပ်ရှင်မင်းသမီးကေဇာခိုင်သွယ်ပေါ့}
]ဟုတ်ပါတယ်ရှင်၊ မှန်ပါတယ်၊ လူသတ်မှုသတင်းတစ်ခု ကျွန်မ ပေးချင်လို့ပါ}
]ဘယ်မှာဖြစ်တာလဲ၊ ဘယ်တုန်းကဖြစ်တာလဲ}
]အခုပဲဖြစ်တာပါ၊ ကျွန်မအိမ်မှာပါ၊ လူတစ်ယောက်ကိုကျွန်မကိုယ် တိုင်သတ်လိုက်တာပါ၊ ကျွန်မကိုဗလက္ကာရပြုဖို့ ကြိုးစားတဲ့လူတစ်ယောက်ကို ပေါ့၊ အလောင်းလည်း အိမ်မှာရှိနေတယ်၊ လူကြီးမင်းတို့ကိုယ်တိုင် ကျွန်မ ကိုလာဖမ်းလှည့်ပါတော့}
+ + + + + + + + +
ကေဇာခိုင်သွယ်က မှန်ထဲတွင်ပေါ်နေသော သူမမျက်နှာကိုတစိမ့် စိမ့်စိုက်ကြည့်လျှက်ရှိသည်။ မျက်နှာအသားပြင်တစ်ခုလုံး တင်းရင်းစွာဖြင့် ရေးအကြောင်းမဲ့စွာ ဖြူစင်ဝင်းမွတ်စွာရှိနေသည်။ နဂိုကပင် မှဲ့တစ်ပေါက်မှမ ရှိခဲ့ပါ၍ ကေဇာခိုင်သွယ်၏မျက်နှာပြင်၌ ရှင်းလင်းနေသည်။ ဒါတောင် ဒါဟာ မိတ်ကပ်လိမ်းမထားတဲ့မျက်နှာလေ။ ဒီမျက်နှာကို ဘယ်သူကမလှဘူးလို့ပြော မှာလဲ။ ကြည့်မကောင်းပါဘူးလို့ ပြောရဲမှာလဲ။ ပြောရက်မှာလဲ။

ဆောင်းလုလင်- ရောင်ပြန်ဟပ်တဲ့အရာ (မဂ္ဂဇင်းဝတ္ထုရှည်)

ဆောင်းလုလင်

ရောင်ပြန်ဟပ်တဲ့အရာ 

..............

"ပိုက်ဆံတစ်ကျပ်လောက်၊ ထီထိုးချင်လို့"
ကျွန်တော်၏ပခုံးကိုအတို့ခံလိုက်ရ၍ လှည့်ကြည့်လိုက်ရာ အသက် အတန်ကြီးလှပြီဖြစ်သော လူကြီးတစ်ယောက်က လက်ညှိုးတစ်ချောင်းထောင် ပြကာ တောင်းခံနေသည်ကိုတွေ့ရ၏။
]ထီထိုးချင်လို့ပါဗျာ၊ ငွေတစ်ကျပ်လောက်ပေးစမ်းပါ}
ကာလ၊ဒေသနှင့်လူကြီး၏အခြေအနေကိုကြည့်ကာ လူကြီးမှာ စိတ်မမှန်သူတစ်ယောက် ဖြစ်ကြောင်း သိလိုက်သည်။ အသက်၆၀ကျော်အရွယ်ထိ ရောက်နေပြီဖြစ်သည့်လူကြီးသည် တုန်ယင် ချိနဲ့၍ပင်နေပါပြီ။ သူ၏ မျက်လုံး များက စိတ်မူမမှန်သူ ဖြစ်ကြောင်း ရှင်းရှင်းကြီးဖော်ပြနေသည်။
ကျွန်တော်သည် အဘိုးကြီးကိုသနားသွားမိ၏။ ဒီခေတ်ဒီကာလမှာ သူတောင်းတဲ့ငွေက တစ်ကျပ်တဲ့။ ခေတ်နှင့် မျက်ခြည် ပြတ်လောက်အောင်ပင် စိတ်အခြေအနေယိမ်းယိုင်နေသူပါတကား။
ကျွန်တော်က မော့်သောက်ရန်ပြင်ထားသော ဘီယာခွက်ကို စားပွဲ ပေါ်သို့ပြန်ချလိုက်ကာ ပိုက်ဆံအိတ်ကိုဖွင့်၍ ငွေစက္ကူ တစ်ရွက်ကို နှိုက်လိုက်သည်။ နှစ်ရာတန်တစ်ရွက်ပါလာ၏။ သူတောင်းခံ တဲ့ငွေအချိုးအစားထက် များစွာတန်ဖိုးရှိသောငွေစက္ကူ။
ကျွန်တော် အဘိုးကြီးအား နှစ်ရာတန်စက္ကူကို ကမ်းပေးလိုက်၏။
အဘိုးအိုကငွေစက္ကူကိုလှမ်းယူရင်း ကျွန်တော့်ကိုကျေးဇူးတင်သည့် မျက်လုံးများဖြင့်ကြည့် သည်။
]ကျေးဇူးတင်ပါတယ်ဗျာ၊ကျုပ် ဒီပိုက်ဆံကို ထမင်းဝယ်မစားပါဘူး၊ ထီထိုးမှာပါ၊ ကျေးဇူးပဲနော်၊ ထီပေါက်ရင် မင်းကို တစ်ဝက်ပေးမယ်၊ သိလား၊ ဒီတစ်ခါတော့ ကျုပ်ကတိတည်ပါ့မယ်၊ ထီပေါက်ရင် မင်းကို မညာပါဘူး၊ ငွေ တစ်ဝက်လာပေးပါ့မယ်၊ နော်}

Thursday 15 November 2012

ယဉ်ယဉ်နု(မန္တလေး)၏အသံထွက်ဝတ္ထု- မြို့ကလေးက မြို့ကလေးကို ကုပ်တွယ်ပွေ့ဖက်လို့

ယဉ်ယဉ်နု(မန္တလေး)

မြို့ကလေးက မြို့ကလေးကို ကုပ်တွယ်ပွေ့ဖက်လို့

စာရေးဆရာမ ယဉ်ယဉ်နု(မန္တလေး)



ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း..မှာ ဖော်ပြခဲ့တဲ့
ယဉ်ယဉ်နု(မန္တလေး)...ရဲ့
မို့ကလေးက မြို့ကလေးကို ကုပ်တွယ်ပွေ့ဖက်လို့
အမည်ရှိတဲ့ ၀တ္ထုတိုလေးကို
အသံထွက်ဝတ္ထုအဖြစ် ဖန်တီးထားတာပါ။
ဇာတ်လမ်းနဲ့ကိုက်ညီလို့
တေးသံရှင်... ထား... သီဆိုထားတဲ့
မွန်တို့ဌာနီ...မူရင်းသီချင်းကို ထည့်သွင်းအသုံးပြုထားပါတယ်။

နွေတမာန် ၏ အသံထွက်ဝတ္ထု- မုဆိုးလား... သားကောင်လား...

နွေတမာန်
မုဆိုးလား ... သားကောင်လား ...



စာရေးဆရာ နွေတမာန်...၏
မုဆိုးလား.. သားကောင်လား... ၀တ္ထုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။

Wednesday 14 November 2012

ဖေမြင့် ၏ အသံထွက်ဝတ္ထု- အချို့သောသူများအကြောင်း

ဖေမြင့်

အချို့သောသူများအကြောင်း

  စာရေးဆရာ ဖေမြင့်


စာရေးဆရာ ဖေမြင့်...၏
အချို့သောသူများအကြောင်း.... ၀တ္ထုတိုကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။
စီစဉ်တင်ဆက်သူ- နွေတမာန်
နောက်ခံအသံ- နွေတမာန်

Saturday 10 November 2012

လေဘာတီမမြရင် နှစ်တစ်ရာပြည့် ဂုဏ်ပြုအစီအစဉ်

 ဆောင်းလုလင်
မြနဲ့မောင်နဲ့ ခုမှတွေ့တာ
 
လေဘာတီမမြရင် နှစ်တစ်ရာပြည့်ကို ဂုဏ်ပြုရေးသားသော
ဆောင်းလုလင်....၏ မြနဲ့မောင်နဲ့ခုမှတွေ့တာ... လုံးချင်းဝတ္ထုတွင် ပါဝင်သည့် 
ရွှေပြည်စိုး... ဇာတ်ဝင်သီချင်းအား တင်ဆက်လိုက်ပါသည်။